Wednesday, February 03, 2010

Owe Money, Pay Money ( O$ P$ )


စကာင်္ပူမှာ သင့်အိမ်ရဲ့ အနီးတဝိုက်နံရံမှာ O$P$ ဆိုတဲ့ သင်္ကေတလေးရယ် ဖုန်းနံပါတ်လို နံပါတ်တွေရယ် ပုံမှာပါတဲ့အတိုင်း ရေးသွားခံရပြီဆိုရင်တော့ သင့်လုံခြုံရေးအတွက် ရဲစခန်းကို အကြောင်းကြားထားသင့်ပြီလို့ အကြံပေးလိုပါတယ်... ဒါဟာ Loan Sharks တွေက သူတို့ဆီက ပိုက်ဆံချေးထားတာကို ပြန်တောင်းတာဖြစ်ပါတယ်... ကိုယ်က ချေးခဲ့တာဖြစ်ချင်မှ ဖြစ်မယ်... ဒါပေမဲ့ သေချာတာတော့ ကိုယ်လက်ရှိနေနေတဲ့ အိမ်နဲ့ ပတ်သတ်ခဲ့တဲ့သူ တစ်ယောက်ယောက်က ချေးခဲ့တာ ဖြစ်နိုင်တယ်...
Photobucket

အဲလိုမျိုး အိမ်တွေကို မသိလိုက်ပဲ ငှားလိုက်မိတဲ့သူပဲဖြစ်ဖြစ်... ဝယ်လိုက်မိတဲ့သူအတွက်ပဲဖြစ်ဖြစ်... သတိထားမိစေရန်ရည်ရွယ်လို့ ဒီပိုစ့်လေးကို ဗဟုသုတအနေနဲ့ ရေးလိုက်ရခြင်းဖြစ်ပါတယ်... Loan Sharks ဆိုတာကတော့ တရားမဝင်ငွေချေးလုပ်ငန်းတွေပါ... ကိုယ်ပိုက်ဆံလိုတဲ့အချိန်မှာ လိုသလောက်ထုတ်ပေးတတ်ပြီး... အတိုးနှုန်းအဆမတန်နဲ့ ချေးတတ်ကြပါတယ်...သာမာန်အားဖြင့် အဲလို Loan Sharks တွေဆီမှာ ပိုက်ဆံချေးတဲ့သူတွေဟာလဲ အရင်းပြန်ဆပ်နိုင်ဖို့နေနေသာသာ... အတိုးပင် ဆပ်နိုင်ခဲလှပါတယ်... ဒီအခါမှာတော့ သူတို့ ပိုက်ဆံပြန်မဆပ်လျှင် အိမ်ထိလိုက်လံကာ အန္တရာယ်ပြုတတ်ကြပါတယ်... ပထမသူတို့ Warning ၂ခါလောက်ပေးပါတယ်... သူတို့ Warning ပေးတဲ့ သင်္ကေတလေးတွေကို အောက်တွင် ဆက်ဖော်ပြပါမယ်...

Warning ပေးလို့မှ ပိုက်ဆံပြန်မဆပ်ရင် အိမ်ထဲမှာရှိတဲ့သူတွေကို အန္တရာယ်ပြုနိုင်တဲ့အတွက် အထူးသတိထားဖို့လိုပါတယ်... စကာင်္ပူဟာ Crime rate နည်းတဲ့ နိုင်ငံဖြစ်တာပဲ တကယ်လုပ်မှာမဟုတ်ပါဘူးလို့ မပေါ့ပါနဲ့... ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတဲ့ စကားရှိပါတယ်... Loan Sharks တွေဟာ ဒီလိုမျိုးတွေကို သူတို့ကိုယ်တိုင်မလုပ်ပါဘူး... သူတို့ကို အကြွေးတင်နေတဲ့သူတွေပိုက်ဆံပြန်မပေးနိုင်ရင် နောက်လူဆီက ရအောင်တောင်းဖို့ တဆင့်ခိုင်းတယ်လို့ သိရပါတယ်... ကိုယ့်အပူငြိမ်းဖို့အတွက် သူများကို အပူကပ်ခိုင်းတဲ့ သဘောပါပဲ...

တခါတစ်လေ ကိုယ်ချေးတာမဟုတ်ပင်မဲ့... အိမ်ရှင်က ချေးထားတာဖြစ်တတ်ပါတယ်... အိမ်ရှင်က ချေးပြီး အိမ်လိပ်စာကတော့ ကိုယ်ယခုနေတဲ့လိပ်စာဆိုတော့ အရေးအကြောင်းဆိုရင် ကိုယ့်ပဲ အန္တရာယ်လာရှာခံရမှာပါ...
ဒါမှမဟုတ် ကိုယ်မငှားခင် အရင်နေသွားတဲ့သူက ချေးခဲ့ပြီး သူကျတော့ ပြောင်းပြေး... ကိုယ်က ဘုမသိဘမသိ ခံရတာတွေလဲရှိပါတယ်... အဲလိုအဖြစ်တွေကို ယခင်က ကြားရုံသာ ကြားဖူးပြီး ယုံရခက် မယုံရခက်တွေ ဖြစ်ခဲ့ပါတယ်... စကာင်္ပူလို ဥပဒေ စိုးမိုးတဲ့ နိုင်ငံမှာ ဒီလိုမျိုးတွေရှိတာ ဟုတ်ပါ့မလားပေါ့... ဒါပေမဲ့ ဟုတ်ပါတယ်... ကြားဖူးထားတဲ့ ပုံပြင်တွေက ၂ခါ ၃ခါလောက်ရှိပါပြီ...


Photobucket

ဘာလို့ယခုမှပြောရလဲဆိုတော့... ပြီးခဲ့တဲ့ ရက်သတပတ် အနည်းငယ်အကြာလောက်က ကျမ သူငယ်ချင်းတစ်ယောက်ကိုယ်တိုင် ယခုလိုခံခဲ့ရပါတယ်... ယခု ဓာတ်ပုံတွေကလဲ သူ့ဆီကနေ original တောင်းယူပြီး ဝေငှလိုက်တာပါ... သူဟာ အဲဒိအိမ်ကို ပြောင်းလာပြီး ၁ပတ်အကြာမှာပဲ သူတို့အိမ်ရဲ့ အိမ်တံခါးကို သဘောင်္ဆေး အပြာရောင်တွေနဲ့ လာပက်သွားတာခံရတဲ့အပြင် ပုံမှာပါတဲ့အတိုင်း O$P$ ဆိုပြီးအိမ်ပြင်နံရံမှာ ရေးသွားခြင်းခံရပါတယ်...

Photobucket
O$P$ ရဲ့ အဓိပ္ပါယ်ကတော့ Owe Money, Pay Money လို့ဆိုပါတယ်... ဒီလိုနဲ့ သူတို့လဲ အိမ်ရှင်ကို အကြောင်းကြား... ရဲစခန်းအကြောင်းကြား... အိမ်ရှေ့က ပက်ခံသွားရတဲ့ဆေးတွေပြန်သုတ်... ပတ်ဝန်းကျင်အိမ်တွေကလဲ လာရောက်ကြည့်ပြီးမေးမြန်းခံရလို့ အတော်လေး အလုပ်လဲရှုပ် အရှက်လဲ ကွဲခဲ့ပါတယ်... အမှန်တော့ သူတို့ချေးတာလဲမဟုတ်... အိမ်ရှင်ချေးခဲ့တာလဲမဟုတ်ပါဘူး... အရင်နေသွားတဲ့ လူကချေးသွားတာပါ... ယခုတော့ ရဲကိုအကြောင်းကြားထားလို့ ဘာမှထပ်မဖြစ်တော့ပင်မဲ့... ကျမသာဆိုရင်တော့ နေရတာ အတော် စိတ်မလုံပါဘူး... ဒါကတော့ လတ်လတ်ဆတ်ဆတ် မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့တာပါ...

နောက်တစ်ခါကတော့ အတော်လေးကြာပါပြီ... ကျမ အစ်မရဲ့ သူငယ်ချင်းကောင်မလေးတွေ ငှားလိုက်တဲ့ အိမ်ပါ... သူတို့လဲ အဲလိုပါပဲ... အိမ်ရှေ့တံခါးကို သဘောင်္ဆေး အနီရောင်တွေနဲ့ လာပက်သွားတာပါ... မိန်းကလေးတွေနေတဲ့ အိမ်ဆိုတော့ အတော်လေးကို ထိတ်လန့်သွားခဲ့ရပါတယ်... နောက်တော့ သူတို့လဲ ပြောင်းပြေးပြီး မနေတော့ပါဘူး... ဆေးနီဆိုတော့ ဆေးအပြာရောင်ထက် ပိုကြောက်ဖို့ကောင်းမှာပေါ့နော်...

နောက်တစ်ခု ကြားဖူးတာကတော့ အတော်လေးလဲ ရယ်စရာဖြစ်ခဲ့ပါတယ်... အဲဒိ Loan Sharks တွေရဲ့ နောက်ဆုံးအဆင့် သတိပေးတဲ့ အချိန်ကတော့ အိမ်ရှေ့မှာ ဝက်ခေါင်းလာချိတ်တာပါ... အဲဒိအဆင့်ပြီးရင်တော့ သူတို့ အိမ်ထဲက လူတွေကို အန္တရာယ်ပြုတော့မယ်လို့ ကြားဖူးပါတယ်... အဲဒိအိမ်မှာနေတဲ့ မြန်မာကောင်လေးတွေကလဲ ဒီလိုရှိတယ်ဆိုတာကို ဘယ်သိမလဲ... ယောကျာင်္းလေးတွေဆိုတော့လဲ ဘာမှတော့ သိပ်ခေါင်းထဲမထားဘူးပေါ့... ပထမရက်တွေ ဆေးနဲ့လာပတ်တုန်းကတော့ ဘေးအိမ်က အဖွားကြီးက မြင်မကောင်းလို့ ဆေးဆေးပေးထားတယ်ဆိုလား...
ဒီလိုနဲ့ ဝက်ခေါင်းလာချိတ်ခံရတဲ့ နေ့ကျတော့ အဖွားကြီးလဲ လန့်သွားလို့ မလာတော့ဘူး ရဲကို အကြောင်းကြားလိုက်ပါတော့တယ်...

အဲဒိအိမ်မှာနေတဲ့ မြန်မာကောင်လေးတွေ ပြန်လာတော့ ဝက်ခေါင်းကြီး အိမ်ရှေ့မှာ ချိတ်ထားတာတွေ့တော့...
"ဟာ... နတ် မတာပဲ... ပွပြီ" လို့များထင်သွားလားမသိပါဘူး... ဝက်ခေါင်းကြီးကို သူငယ်ချင်းတသိုက် အားရပါးရဖြုတ်ပြီး ဝက်ခေါင်းသုတ်လုပ်စားမယ်ဆိုပြီး ဝမ်းသာအားရ ဝက်ခေါင်းကြီးကို အိုးထဲ ထည့်ပြုတ်ထားတဲ့အချိန်ကျတော့မှ ရဲတွေရောက်လာပြီး... ဝက်ခေါင်းကို မေးတော့ အိုးထဲရောက်နေပါပြီ... ဒီလိုနဲ့ ဝက်ခေါင်းကြီးရော သူတို့ အိုးကြီးရော စခန်းကို သိမ်းသွားပါလေရော... တော်သေးတာပေါ... အဲဒိ ဝက်ခေါင်းသုတ်က သူတို့အတွက် နောက်ဆုံး တနှပ်ဖြစ်တော့မလို့... ရဲတွေကတော့ ဒီကောင်တွေ တတ်လဲတတ်နိုင်ကြတယ်လို့ ထင်မှာပါပဲ... ကြွေးတောင်းမဲ့သူကတော့ သူ့ဝက်ခေါင်းအဖြစ်ကိုကြည့်ပြီး သွေးလန့်သွားလောက်တယ်... လုပ်ပုံက...

ကိုယ်နေမဲ့အိမ်ဟာ ဒီလိုမျိုးတွေ ကင်းမကင်းဆိုတာလဲ သေချာတတ်အပ်ကြိုသိနိုင်တဲ့ နည်းလမ်းတော့ သိပ်မရှိပါဘူး... ဖြစ်နိုင်ချေအနည်းအကျဉ်းလောက်ပဲ မေးမြန်းလို့ရမှာပါ... အိမ်ငှားတည်းက အိမ်ရှင်ရဲ့ ငွေရေးကြေးရေး အခြေအနေဘယ်လောက်ရှိလောက်လဲဆိုတာ လေ့လာအကဲခပ်ပါ... နွမ်းနွမ်းပါးပါးလား... ရှိရဲ့နဲ့ အိမ်ပိုနေလို့ငှားတာလား... တချို့ရဲ့ အကြံပြုချက်အရကတော့ အိမ်ရဲ့ မီတာဗုံးကိုလဲ ကြည့်သင့်ပါတယ်တဲ့... အိမ်မှာ မီတာဗုံးရှိရဲ့လား... အလုပ်ရော လုပ်သလားဆိုတာကိုစစ်ပါတဲ့... တချို့ငွေမပြေလည်သူတွေအိမ်မှာ မီတာဗုံး အပိတ်ခံထားရတာတို့ ရပ်နေတာတို့တွေရှိတတ်ပါတယ်တဲ့... ဘာကြောင့် ဒီအိမ်ကို ငှားတာလဲ/ရောင်းတာလဲ ဆိုတာကိုလဲ အနည်းငယ် တီးခေါက်ကြည့်သင့်ပါတယ်တဲ့...

အိမ်ဝယ်မယ်ဆိုရင်လဲ အိမ်ရှင်ကို ဘာကြောင့်ရောင်းတာလဲဆိုတာကို မေးမြန်းသင့်ပါတယ်... ကြားဖူးသလောက်တော့ အိမ်ထောင်ကွဲလို့ရောင်းတာ ဆိုရင်တော့ သူတို့ Personal Reason ကြောင့်ဖြစ်ပြီး အိမ်မှာ အထူးတလည်ပြဿနာမရှိနိုင်တဲ့ အတွက် စိတ်အေးနိုင်ပါတယ်... (မြန်မာအယူအရတော့ အိမ်ကခိုက်လို့ပဲ အိမ်မှာနေတဲ့ လင်မယားကွဲသလား... ဘာညာ တွေးကြတဲ့သူတွေလဲ ရှိမှာပါ... ဒါကတော့ ကိုယ်ယုံကြည်ရာပါ... ကျမက သူများတွေ အကြံပေးတာ ကြားဖူးတာကို မျှဝေခြင်းသာဖြစ်ပါတယ်)... လင်မယားအိမ်ထောင်ကွဲလို့ ရောင်းတဲ့ အချက်ရဲ့ ကောင်းတဲ့ အချက်နောက်တစ်ခုကတော့ သူတို့ဟာ ကိစ္စအမြန်ပြီးချင်တဲ့အတွက် ကိုယ့်ကို အိမ်လွှဲမဲ့နေ့တွေဘာတွေကို အမြန်ဆုံးရနိုင်ပါတယ်... သူတို့ဘက်ကလဲ နှောင့်နှေးခြင်းသိပ်မရှိတတ်ပါဘူးတဲ့...

ဒီတော့ Loan Sharks ကိစ္စ ပြန်ဆက်ရရင်ဖြင့် ဒီလို အဖြစ်တွေကို အိမ်ငှားမဲ့ ညီအစ်ကို မောင်နှမများအနေနဲ့ ကြိုမသိနိုင်တဲ့အတွက် တကယ်လို့ ဖြစ်ခဲ့သည်ရှိသော်... သတိလက်လွတ်မနေပဲ... လုပ်ဆောင်သင့်တဲ့ အိမ်ရှင်ကို အကြောင်းကြားခြင်း... ရဲစခန်းကို အကြောင်းကြားခြင်းများကို ချက်ချင်းပြုလုပ်သင့်ကြောင်း အသိပေးရေးသားလိုက်ပါတယ်...

8 comments :

သူကြီးမင်း (တုံးဖလား) said...

ထူးဆန်းလှချည်လား စလုံးရယ်။
ခုမှဘဲ ကြားဖူးတော့တယ်။

ကလူသစ် said...

own money ဖြစ်ပါလိမ့်မယ်

ရွှေရတုမှတ်တမ်း said...

ခုမှပဲကြားဖူးတော့တယ်..အံ့ဖွယ်သုတပါတကား

Anonymous said...

thanks for sharing this news.
I will send to my friends who live in Spore.

It is important for them.

Anonymous said...

Owe money, Pay money..
I'm also facing that problem.
That word 'O$ P$ is beside my flat with my flat no.'
My rental agreement will be due on end of April.
:(:(

နွေးနေခြည် said...

ခုမှကြားဖူးတယ် မရယ်...
ကြောက်စရာကြီး...

mabaydar said...

အဟီ.. ဟုတ်မယ်.. owe money ဖြစ်မယ်... ခုပဲ ပြင်လိုက်မယ်. ကျေးဇူး...

Vista said...

ဝက်ခေါင်းသုပ်လုပ်စားမလို့ တဲ့ ...စိတ်လေတယ် ..ဟိဟိဟိ