Sunday, February 14, 2010
ယနေ့မှစ နှစ်တစ်ရာတိုင်...
ခု မြင်ရမဲ့ ဗွီဒီယိုလေးကတော့ မဗေဒါရဲ့ အမအလတ် မင်္ဂလာ ညစာဧည့်ခံပွဲဖြစ်ပါတယ်... ဂုဏ် ပကာသန တွေ သိပ်မမက်တတ်တဲ့ ကျမအစ်မနဲ့ သူမ ခင်ပွန်းကတော့ သူများနဲ့မတူ ညစာဧည့်ခံပွဲမှာ ဂျင်းပန်ရယ် အကျီင်္ရိုးရိုးရယ်နဲ့ပဲ ရင်းနှီးတဲ့ မိတ်ဆွေအနည်းငယ်နဲ့ ပေါ့ပေါ့ပါးပါး ပြုလုပ်ဖြစ်ခဲ့ပါတယ်... 
အမှန်တော့ မူရင်း ဗွီဒီယိုဟာ သီချင်းသုံးပုဒ်ရယ် ညစာအစီအစဉ် အစအဆုံးရယ်နဲ့ ပြုလုပ် ဖြစ်ခဲ့ပင်မဲ့ Youtube ရဲ့ သတ်မှတ်ချက်တွေကြောင့် လျှော့ရင်း လျှော့ရင်းနဲ့ ခုတော့ ယနေ့မှစ နှစ်တစ်ရာတိုင် သီချင်းတစ်ပုဒ်ပဲ ကျန်ပါတော့တယ်... နောက်သီချင်း ၂ပုဒ်က အင်္ဂလိပ်သီချင်း "From this Moment On" နဲ့ " A Moment Like This" ကို ကျမသုံးထားပါတယ်... ဒါပေမဲ့ Youtube က Copyright rule ကြောင့် အဲဒိသီချင်းတွေနဲ့ တင်ရင် ကျမ ဗွိဒီယိုကို audio disable လုပ်ပြစ်တာကြောင့် Copyright မရှိတဲ့ မြန်မာသီချင်းက ဒီနေရာမှာ အကောင်းဆုံးဖြစ်ခဲ့ပါတယ်....
ဒီ ဗွီဒီယိုထဲမှာတော့ သူတို့ ၂ယောက် အဲဒိနေ့ညက ပရိတ်သတ်တောင်းဆိုမှုကြောင့် အတူတူ ဆိုခဲ့တဲ့ ယနေ့မှစ နှစ်တစ်ရာတိုင် သီချင်းကို သူတို့ ၂ယောက်ရဲ့ အပြင်က Moment လေးတွေနဲ့ အတူ ရောယှက်တင်ပြထားပါတယ်... ဒီလိုမျိုး အကွက်လေးတွေရဖို့ ကျမ (ဒါရိုက်တာ)အတွက် မလွယ်ကူလှပါဘူး... ကျမစိတ်ထဲမှာ ကိုယ့်အစ်မအတွဲ အတွက် ကိုယ်ကိုတိုင် လုပ်တဲ့ ဗွီဒီယိုလေးကို အမှတ်တရ အနေနဲ့ လက်ဆောင်ပေးမယ်လို့ စိတ်ကူးခဲ့တာ သူတို့ မင်္ဂလာဆောင်မယ်လို့ စပြော ကတည်းကပါ... ကျမတစ်ယောက်ထဲ ဟိုလိုအကွက်လေး ရိုက်မယ်... ဒီလိုမျိုးလေး လုပ်ခိုင်းမယ်ဆိုပြီး တစ်ယောက်တည်း စိတ်ကူးတွေ ယဉ်ခဲ့တာပေါ့...
ဖြစ်နိုင်ရင်တော့ သူတို့ ၂ယောက်ကို အကျအန ၀တ်စား... အပြီအပြင် မိတ်ကပ်ပြင်... အစီအစဉ်ကျကျ ဇာတ်လမ်းဆင်ပြီးတော့ကို ရိုက်ပေးချင်တာ... ကိုယ့်နဲ့ အရင်းနှီးဆုံး အတွဲဆိုလို သူတို့ပဲရှိတာလေ... ကိုယ်အားမနားတမ်း ခိုင်းလို့ရမဲ့သူပေါ့... ဒါပေမဲ့လဲ မဗေဒါခမျာ နာမည်မရှိတဲ့ ဒါရိုက်တာရူးလေးဆိုတော့ စိတ်ကူးတွေက ဒီလောက်လက်တွေ့ အကောင်အထည်မဖော်ဖြစ်ခဲ့ပါဘူး... အားမနာတမ်း ခိုင်းဖို့နေနေသာသာ... သူတို့ စိတ်ကြည်နေတဲ့ အချိန်လေးတွေကို စောင့်စောင့်ပြီး အမြန်ရိုက်ရတဲ့ ဘ၀ပါ... ကင်မရာလေးတစ်လုံးနဲ့ အသင့်အနေအထားမှာ အမြဲပြင်ဆင်ထားရပြီး လစ်ရင်လစ်သလို တစ်ယောက်ထဲ ရိုက်ချက်လေးတွေ ကောင်းခဲ့ရတဲ့ ဘ၀ပါ... သူတို့ ၂ယောက်ပုံကို မိရင် မိသလို ခရီးသွားဟန်လွဲနဲ့ အများကြီး ရိုက်ပြီး စုခဲ့ရတာပေါ့... ပြီးမှ ကောင်းနိုး ရာရာလေးတွေကို ပြန်ထုတ်ပြီး သုံးမယ်ပေါ့... သူတို့ စိတ်ကြည်နေတဲ့ အချိန်များကြုံရင်တော့ အမြန် ကိုယ်ခိုင်းချင်တာလေး နဲနဲပါးပါးခိုင်းရင်တော့ လိုက်လုပ်ပေးပါတယ်... ကိုယ်က စိတ်ကြိုက်မရလို့ နောက်တစ်ခေါက် ပြန်သရုပ်ဆောင်ခိုင်းဖို့တော့ မစဉ်းစားနဲ့ ကိုယ်ပဲ အအော်ခံရမှာ... ၁ကြိမ်ပဲ ရတဲ့ အခွင့် အရေးကို အမိအရယူရင် ယူ မယူနိုင်ရင်တော့ နောက်ထပ်ရမဲ့ အခွင့်အရေးကို ကင်မရာလေးကိုင်ပြီး စောင့်ရုံပဲ... ဒါရိုက်တာမို့ သရုပ်ဆောင်ကို ဟိန်းဖို့ ဟောက်ဖို့ မစဉ်းစားနဲ့... သူတို့ ပင်ပန်းနေတဲ့ အချိန် ကင်မရာနဲ့ သွားချိန်မိရင် ကိုယ်တောင် ဟိန်းဟောက်ခံရသေးတယ်...
သတို့သားက အနေအေးအေး... ရှက်ကလဲ ရှက်တတ်တော့... ခိုင်းရ အတော်ခက်သကိုး... ကင်မရာနဲ့ ချိန်လိုက်ရင် မျက်နှာက တည်တည်သွားတယ်... ဒီတော့ သူ့ကို ရိုက်ရင် သူ သာမာန်နေနေတဲ့ အချိန်ကို ခိုးခိုးရိုက်ရတယ်... ဒါမှ ရီနေ မောနေတဲ့ ပုံလေးပါအောင်... ဓာတ်ပုံရိုက်ရင်လဲ ရီခိုင်းရတာ ခက်မှခက်... ဒါတောင် ကိုယ်ပြောသမျှတော့ အတတ်နိုင်ဆုံးလိုက်လို့ပေးလို့ ကျေးဇူးကြိတ်တင်နေရတယ်... ဘယ်တော့များ " တော်ပြီဟာ... လုပ်တော့ဘူး" လို့ ထပြောမလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ လန့်နေရတယ်... အဲလို ပြောခံရတဲ့ အခါတွေလဲ ရှိပါတယ်... တစ်ခါတည်း ဆက်ကြွား အဲလေ... ဆက်ပြောရရင်ဖြင့် ဒီထဲက သူတို့ ၂ယောက်ရဲ့ ပုံလေးတွေကလဲ မဗေဒါရဲ့ လက်ရာလေးတွေပါပဲရှင့်...
ဒီအတွဲ ၂ယောက်ကိုရိုက်ရင်း အားမရလို့ တခါတလေ "ငါ မင်္ဂလာဆောင်မှ ငါလုပ်ချင်တာတွေ အကုန်လုပ်မယ်... ဇာတ်လမ်းဆင်ပြီးကို ရိုက်ပစ်မယ်... " လို့ စိတ်ထဲကအပြတ်ကြုံးဝါးနေတာ.. ဟတ်ဟတ်... အဟိ... ကိုယ်နဲ့ ရတဲ့သူကလဲ အတော်အရှက်နဲပြီး ကိုယ့်လိုပဲ ပေါရဲတဲ့ သူဖြစ်အုံးမှ... အဲဒိနေ့ကလဲ ရောက်ပါမလား မသေချာလို့ တစ်ခါတစ်လေကျတော့လဲ အောင်ရဲလင်းလေးပဲ ငှားရိုက်ရင် ကောင်းမလားလို့... ဟတ် ဟတ်....
ကဲပါလေ အပြောင်အပျက်တွေ အသာထားပြီး ဗွီဒီယိုလေးကို ကြည့်ရင်း ကြင်စဦး ဇနီးမောင်နှံရဲ့ ပျော်ရွှင်မှုလေးတွေကို မျှဝေခံစားသွားကြပါအုံးလို့...
P.S ဗွီဒီယို အဆုံးမှာ Part 2 To be continues လို့ ရေးထားပါတယ်... အဲဒါ အစက အင်္ဂလိပ်သီချင်းနဲ့ တင်လို့ရလောက်မယ်ထင်လို့ ရေးခဲ့တာပါ... ခုတော့ Youtube က လက်မခံဘူးဆိုတော့ To Be ကွန်တေး မညု နိုင်တော့ပါဘူးလို့....
12 comments :
Unknown said...
စစချင်းအဖွင့်မှာ ညီအမ၃ယောက်ပြိုင်တူဟေး ကြတာ
အရမ်းမြိုင်ဆိုင်သွားတယ်၊ ကြည်နူးရပါတယ်၊ပျော်ရွင်မှုတွေထာဝရလွမ်းထုံပါစေကြောင်း
Anonymous said...
မင်္ဂလာမောင်နှံ ယနေ့ မှ စ နှစ် တရာ တိုင် ပါ စေလို့
ဆုမွန်ကောင်းတောင်း လိုက် ပါတယ် ...
mie nge
သူကြီးမင်း (တုံးဖလား) said...
သူများစုံတွဲတွေမြင်ရတော့ အားကျလိုက်တာ..
ဒါနဲ့..
မဗေဒါအလှည့်ကော ဘယ်တော့လဲ။
mabaydar said...
အဲဒိ မေးခွန်းက ကိုကိုမောင်ကို အရင်မေးရမယ်ထင်တယ်...
မဗေဒါကတော့ မင်္ဂလာဆောင် ဗွီဒီယိုစိတ်ကြိုက်ရိုက်လို့ရမဲ့ သူရှာမတွေ့သေးလို့... လာမယ် ကြာမယ်ကွယ်...
Anonymous said...
မဗေဒါ ရိုက်ချက်တွေ သိပ်ကောင်းတယ်။ သိပ်တော်တယ်..
အမကသူ့အသံနဲ့ဆိုထားတာလား..အသံလေးက ကောင်းတယ်။
ToMMyGiRL said...
မင်္ဂလာဆောင်မဟုတ်ပဲ တခြားဟာမျိုးတွေကို ဇာတ်လမ်းဆင်ပြီး ဗီဒီယိုတွေရိုက်ရအောင်..ဘယ်တော့အကောင်အထည်ဖော်မလဲ..ဟဲဟဲ..မင်းသားမင်းသမီးတော့မရှိဘူးနော်..
ဂျေဂျူဝိုင် said...
ကောင်းပါလေ့ကွယ်
ရှေးစာဆို said...
မဗေဒါရေ
ခုထပ်ပြီးကြည့်ဖြစ်တယ်။ ဗီဒီယိုရိုက်လို့ ရပါပြီ။ ကောင်းပါသည်။
ဆက်လက်စောင့်မျှော် အားပေးလျက်
ကျော်ညိုသွေး said...
မဗေဒါ ဒါရိုက်တာလုပ်ရင် ကျွန်တော့်ကို မမေ့နဲ့နော်
ကျွန်တော့်ဝါသနာလည်း သိသားနဲ့ ဟိ:P
Doughnut IO said...
ကျွန်တော် မင်္ဂလာဆောင်ခါနီး ၁ နှစ်လောက်အလိုမှာ အစ်မကို ပြောထားမယ်။ ရိုက်ပေး ဒါပဲ။
Anonymous said...
အင်္ဂလိပ်သီချင်းနဲ့မရရင်လည်း တခြားမြန်မာသီချင်း ထည့်ပြီး တင်ပါလား..ခုတင်ထားတဲ့ ဗီဒီယိုကတော့ တကယ်မိုက်တယ်.. ကြည်နူးစရာပဲ.. ဒါကြောင့်ဖြစ်နိုင်ရင် To Be ကွန်တေးညု ပေးပါ..
Anonymous said...
Door to Happiness
A wedding is a door to happiness,
When two decide to share their lives as one.
Your marriage is an adventure bright and new;
The pleasures and delights have just begun.
We wish for you a lifetime full of love;
May you always keep that magical attraction.
Let your bond and your commitment grow with time,
So that all your days are filled with satisfaction.
By Joanna Fuchs
~~~
Wedding Wish from Old friends (YTU)
Kyaik Htee Yoo Trip =)