Saturday, February 06, 2010

လွန်မြောက်တော့မယ့် ငွေရတု

လွန်ခဲ့တဲ့ ၂၅ နှစ်က ညသန်းခေါင်းအချိန်မှာ အပြင်လေထုကို စရှုခဲ့ရတဲ့ ကျမ.... တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးသွားတာ အသက် ၂၀ကျော်ပြီးတဲ့နောက်ပိုင်းမှာ ပိုမြန်လာတယ်လို့ ထင်မိတယ်... ကုန်လွန်ခဲ့တဲ့ နှစ်တွေတိုင်းမှာ ငါ့မွေးနေ့ဘာလုပ်ရင်ကောင်းမလဲ ဘယ်သူတွေကို ဖိတ်ရင်ကောင်းမလဲ... ဒါမျိုးတွေပဲ စဉ်းစားလာခဲ့မိတယ်... စိတ်ကူးတွေယဉ်ခဲ့မိတဲ့ အချိန်တွေလဲရှိတယ်... မွေးနေ့မှာ surprise သိပ်လိုချင်တဲ့ကျမ... မွေးနေ့ရောက်တိုင်း မသိစိတ်က ဘယ်သူများငါ့ကို surprise ပေးမလဲ စောင့်နေမိတယ်... ဒါပေမဲ့ နောက်ဆုံးတော့လဲ ဟန်ဆောင်အပြုံး မျက်နှာဖုံးတွေနဲ့ ညာညာစားသွားကြတဲ့ သူတွေကြောင့် စိတ်ပျက်မှု ဘ၀င်မကျမှုတွေနဲ့ပဲ ပြီးဆုံးခဲ့တာပါပဲ... မွေးနေ့လဲပြီး ဖက်ဖက်လဲမော ပိုက်ပိုက်လဲကုန် စိတ်လက်လဲမရွှင် ဒီလိုနဲ့ နောင်တကြီးတွေ ထွေးပိုက်ပြီးတော့ ၁နှစ်ကြီးသွားပြန်ရော... ဒါပေမဲ့ ငါတစ်နှစ်နဲ့ တစ်နှစ်ဘာကွာလာလဲ... စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ငါဘာတွေ ဘယ်လောက် ပြောင်းလဲသွားလဲ...ကြီးပြင်းလာလဲဆိုတာတွေကို သိပ်မစဉ်းစားဖြစ်ခဲ့ဘူး...

ခု ဒီနှစ်မှာတော့ fairy tale ထဲက မင်းသားလေးတွေ surprise တွေ မစဉ်းစားသင့်တော့ဘူး... ကျမစိတ်ထဲက ကျမနောက်တစ်ယောက်က "ဟေ့... ကောင်မလေး နင်ထဖို့ အချိန်တန်ပြီ" တဲ့ ခပ်စပ်စပ်ပြောတယ်... ကျမနိုးထလာတော့ ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တော့ မသိလိုက်တဲ့အချိန်တွေမှာပဲ ကျမဟာ ငွေရတုတစ်ခုကို ထွေးပိုက်ပြီးသားဖြစ်နေပြီ... ငွေရတုကြီးကို ဖြန့်ကြည့်လိုက်တော့ ဒီ၂၄နဲ့ ၂၅အတွင်းမှာ ပြောင်းလဲမှု ရာခိုင်နှုန်းအတော်များတာတွေ့ရတယ်...

လူမှုရေး...

လူကြားကောင်းအောင် ပြောရမယ်ဆိုရင်တော့ ရင့်ကျက်လာတယ်လား... လူမှုရေးနားလည်လာတယ်လား...

ကျမရဲ့ အရင်စိတ်နဲ့ ပြောရရင်တော့... ဟန်ဆောင်ပိုကောင်းလာတယ်... မရီပြချင်တဲ့သူတွေကိုလဲ အရင်ကထက်စာရင် ရီပြတတ်လာတယ်... မတရားမှုတစ်ခုတွေ့လဲ ကိုယ်နဲ့မဆိုင်ရင် ဖာသိဖာသာနေတတ်လာတယ်... ဘယ်သူတွေဘယ်လောက်ပဲ စာရိတ္တပျက်ပျက် ကိုယ့်ကိုလာမထိခိုက်ရင် မသိချင်ယောင်ဆောင်နေတတ်လာတယ်... တချို့ အပေါင်းအသင်းတွေ ကိုယ့်အပေါ်ဘယ်လိုသဘောထားတွေနဲ့ ပေါင်းနေလဲဆိုတာ သိပင်မဲ့ ဘော်ဒါအကန့်တွေ အများကြီးနဲ့ ဆက်ပြီး မသိချင်ယောင်ဆောင် ပေါင်းသင်းနေနိုင်တယ်... စိတ်ထဲမပါလဲ ရီပြ... စိတ်ထဲပါလဲ ရီပြ... တချို့စကားတွေ ကြားရက်နဲ့ မကြားချင်ယောင်ဆောင်ရ... မြင်ရက်နဲ့ မမြင်ချင်ယောင်ဆောင်ရမယ်ဆိုတာကို အတော်လေး နားလည်သဘောပေါက်လာပြီး တွင်တွင်ကျယ်ကျယ် ကျင့်သုံးနိုင်အောင် ကြိုးစားရမယ်ဆိုတာ သိလာတယ်...

အမြဲတမ်း အလုပ်မှာ ကိုယ်မှန်တာပဲဆိုပြီး ရပ်တည် နောက်ဆုံးတော့ ကိုယ့်ကို မှားနေတဲ့အများက ၀ိုင်းသမတာပဲ ခံရတတ်တဲ့ကျမကို ဖေဖေပြောလေ့ရှိတဲ့စကားလေးကို ဆုံးမနေတဲ့အချိန် နားမထောင်ချင်ပေမဲ့ သမီးကောင်းကောင်းကြီးနားလည်တယ်ဆိုတာကို သိစေချင်တယ်...
"သမီး... ရေထဲက ငါးလေးတစ်ကောင်ဟာ ဘယ်မှ မကွေ့ပဲ သူ့လမ်းနဲ့သူ တည့်တည့်ကူးနေတယ်... သူ့ရဲ့ ဆန့်ကျင်ဘက်က ငါးတွေနဲ့တွေ့တိုင်း ငါကတည့်တည့်သွားနေတာပဲ... ငါ့လမ်းငါသွားတာပဲ... ငါမှန်တာပဲဆိုပြီး အလျော့မပေးရင် တစ်ကောင်... နှစ်ကောင် ၀င်တိုက်လို့ ဘာမှမဖြစ်ပင်မဲ့... များလာရင် သူဟာ သမုဒ္ဒရာထဲမှာ ပဲ့ကြွေသေဆုံးသွားရမှာပဲ... သမုဒ္ဒရာကြီးထဲက ငါးလေးတစ်ကောင် လမ်းမရှောင်လို့ ပျောက်သွားတာ ဘယ်သူမှ သတိထားလိုက်မိမှာတောင် မဟုတ်ဘူး... ဒါ့ကြောင့် ရှေ့ဆက်ရမဲ့လမ်းမှာ ငါ့သမီး တချို့နေရာတွေမှာ ကိုယ်အပန်းမကြီး ကိုယ့်အကျိုးမထိခိုက်ရင် ရှောင်တန်ရှောင် ရှားတန်ရှား အလိုက်သင့်နေတတ်ရမယ်" တဲ့...

နောက်ပိုင်း ဆက်လက်ထိမ်းချုပ်ကြိုးစားဖို့ ငွေရတုမွေးနေ့ နာရီ ၁၂မထိုးခင်အထိတော့ ကိုယ့်စိတ်နဲ့ကိုယ် နေခွင့်ပေးပါ...

အချစ်ရေး...

သေချာတာတော့ တော်ရုံတန်ရုံ လမ်းသွားလမ်းလာ ယောကျာင်္းသားတွေ စရင်နောက်ရင် ရှက်ခြင်း ရွံ့ခြင်းမရှိတော့ဘူး... ကိုယ့်ကိုလောကမှာ မိန်းကလေးတစ်ယောက်အဖြစ် အသိအမှတ်ပြုတဲ့သူ ရှိသေးတယ်လို့ပဲမှတ်တယ်...

လက်ရဲဇက်ရဲ ကမျင်းကြောဆွဲသူများကိုတော့ ငယ်ငယ်ကလို ရှက်ကြောက် လိမ့်မယ်မထင်နဲ့ ဒီကလဲ လက်ရဲဇက်ရဲ ပါးစပ်ရဲ ဖော်ထုတ်ရဲပြီး ရဲစခန်းထိလိုက်တိုင်ရဲလာတယ်...

အဖိုးကြီးတွေကိုယ့်ကို ကြည့်ရင်အရင်က အရမ်းစိတ်ဆိုးတတ်ပင်မဲ့... ခုတော့နားလည်လာတယ်... လှလို့ ကြည့်တာပဲလေ အသားပဲ့ပါသွားတာမှတ်လို့... ကိုယ်လဲ မသိစိတ်ကသဘောကျမိတယ် ချောတယ်ထင်တဲ့ကောင်လေးတွေက ၁၈ ၁၉ လောက်လေးတွေ ဖြစ်နေတတ်တာ ထူးဆန်းစွာ ၀င်မခံချင်ပင်မဲ့ ၀င်ခံရတော့မယ်... သူတို့လေးတွေ အရင်က ကိုယ်အဖိုးကြီးတွေကြည့်တာ ခံရရင် မခံစားနိုင်သလိုဖြစ်မှာစိုးလို့ မျက်လုံးကို အတင်းလွှဲပြစ်ရတယ်...

လွန်ခဲ့တဲ့ ၁၀နှစ်က ကိုယ့်ရွယ်တူယောကျာင်္းလေးတွေကို စကားပြောရင် မျက်လုံးကို မကြည့်ရဲသလိုလို မျက်နှာပူသလိုလိုဖြစ်ခဲ့ပင်မဲ့ ခုတော့လဲ ကိုယ်နဲ့အီစီကလီကလွဲလို့ ကျန်တဲ့သူတွေဆိုရင် ယောကျာင်္းလို့တောင် မခံစားရတော့ပါဘူး...

လွန်ခဲ့တဲ့ ၆နှစ်လောက်က... ၁ဘ၀လုံးမှာ ဒီ၁ယောက်ထဲပဲချစ်မယ်... ဒီ၁ယောက်ထဲပဲလက်ထပ်မယ်ဆိုပြီး စိတ်ကူးတွေယဉ်ခဲ့သမျှ ခုတော့လဲ Relationship ဆိုတာ စတော့ရှယ်ရာဈေးကွက်ကစားသလိုပဲ တဘက်အခြေအနေကိုစောင့်ကြည့် ရောင်းတန်ရောင်း ၀ယ်တန်ဝယ်... အချစ်မှာလဲ ရှေ့တိုးတန်တိုး နောက်ဆုတ်တန်ဆုတ်နဲ့ ကိုင်တွယ်တတ်ရမယ်ဆိုတာ နားလည်လာတယ်...

ပထမဆုံး အသည်းကွဲတော့ ၁နှစ်ခံစားရတယ်... နောက်တစ်ခေါက်အသဲကွဲတော့ ၃လ... နောက်အခါတွေ ရှိလာခဲ့မယ်ဆိုရင်တောင် ဖြေဆေးကို သိထားနေပြီ...

အရင်က ကလူကျီဆယ်နေတဲ့ အတွဲတွေတွေ့ရင် အားငယ်သလိုလို အားကျသလိုလိုဖြစ်ပေမဲ့... ခုတော့ " တော်စမ်းပါ... ခုကျီဆယ်နေပင်မဲ့ နောက် ၁၀မိနစ်လောက်မှာ ပြတ်သွားတာ လူသိလိုက်မှာတောင် မဟုတ်ဘူး... "
တစ်ခါတစ်လေကျတော့လဲ... " ခု သိပ်ချစ်ပြနေပင်မဲ့ ဒီအတွဲရဲ့နောက်ကွယ်မှာ ဖောက်ပြန်မှုဆိုတာ လုံးဝမရှိတာ ဟုတ်ပါ့မလား" လို့ ဘုဆက်ဆက်အတွေးတွေ တွေးတတ်လာတယ်...

အရင်ကတစ်ယောက်ထဲ သွားရမှာ... လုပ်ရမှာကြောက်ပင်မဲ့... ခုတော့လဲ ၂ယောက်ညှိုစရာမလိုပဲ ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံး သွားချင်တဲ့နေရာသွားပြီးနေရတာ ပိုကောင်းမှန်းသိလာလို့... တစ်ယောက်ထဲတောင် ရုပ်ရှင်ကြည့်တတ်နေပါပြီ...

သေချာတာတစ်ခုကတော့ အချစ်စစ် ဖူးစာရှင်ရှိတယ်ဆိုတာကို ယုံကြည်ထားသေးပင်မဲ့... ချစ်တယ်လို့လာပြောနေကြတဲ့ သူတစ်ယောက်မှကို မယုံကြည်နိုင်သေးဘူးကွယ်....

အလုပ်အကိုင်နဲ့ ၀ါသနာ...

အရင်ကပြောခဲ့တဲ့အတိုင်း မဗေဒါတစ်ယောက် တဖက်ကကိုယ့်ရဲ့ဝါသနာ... တစ်ဖက်ကကိုယ့်ရဲ့ဝမ်းဆာ ဘယ်ဟာနောက်လိုက်ရမှန်းမသိလို့ လမ်းဆုံမှာ ငုတ်တုတ်ထိုင်နေတယ်လို့ ပြောခဲ့ပါတယ်...

ခုတော့ ဒီငွေရတုမွေးနေ့ပွဲမှာ အသက်ကလေးကလဲ ၂၀ကျော် အစိတ်ပိုင်း အရွယ်တော်တစ်စိတ်ဟိုင်းနေပြီမို့ ကြင်ယာစုံဖို့ မဖြစ်နိုင်သေးတဲ့ အချိန်မှာ ကိုယ်ဝါသနာပါတာကို ဆည်းပူးရင်း ပညာစုံရလေအောင် ၀ါသနာပါတဲ့ လိုင်းကိုပဲ ကျောင်းဆက်တက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီ...

သေချာတာက ခုလိုင်းမှာလုံးဝ လုံးဝ စိတ်မ၀င်စားတဲ့အပြင် မိန်းကလေးတွေအတွက် အသက်ကြီးလာတာနဲ့ အမျှ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာမှာဖြစ်တဲ့ ဒီ အင်ဂျင်နီယာလိုင်းကို မလိုက်တော့ပဲ... ဖြစ်မြောက်သည်ဖြစ်စေ... မဖြစ်မြောက်သည်ဖြစ်စေ အနည်းဆုံး ကိုယ်ဝါသနာပါတာကို လက်လှမ်းယူဖို့ ကြိုးစားမှုကိုသာ အရင်းခံ... မဖြစ်မြောက်ခဲ့သည်ရှိသော်လည်း ဤခန္ဓာဝင်သက်ထွက်သက်ရှိနေသမျှ ထမင်းနပ်မှန်အောင် ရှာစားနိုင်မည်ဟုတော့ ကိုယ့်ကိုကိုယ်ယုံကြည်သေးသည်... ထို့ကြောင့် အကျွန်နုပ်ဝါသနာပါရာ Art, Design and Media Major ကို full time တက်ရန် လျှောက်ထားလိုက်သည်... ဒုတိယနှစ်တွင် Film Production ကို ရွေးချယ်ရန် ဆုံးဖြတ်ပြီးဖြစ်သည်... ၀င်ခွင့်အတွက် Talent Assignment 3 ခု တင်ရမည်... ပန်းချီဆွဲ အလွန်တရာမှ ညံ့သော မဗေဒါကို ပန်းချီဆွဲခိုင်းတယ်... ဒီဇိုင်းအလွန်မှ ညံ့သော မဗေဒါကို ဒီဇိုင်းဆွဲခိုင်းတယ်... ၀တ္တုတိုသေးသေးလေးတစ်ပုဒ်ရေးခိုင်းတယ်... စုံလို့ပဲ... လုပ်ထားတဲ့ ဗွီဒီယိုတွေကို Portfolio ထဲထည့်ဖို့ ဘယ်ဗွီဒီယိုထည့်ရမှန်းမသိဖြစ်နေတယ်...

ဒီတော့ ငွေရတုမွေးနေ့အတွက် မဗေဒါရဲ့ wish list ကတော့...

  1. ကိုယ်လျှောက်တဲ့ တက္ကသိုလ်နဲ့ ကိုယ်လိုချင်တဲ့ မေဂျာဒီတစ်ခေါက်ဖွင့်မဲ့ Batch မှာ ရချင်တယ်...
  2. ကျောင်းတက်ဖို့ ငွေရေးကြေးရေးလဲ အဆင်ပြေချင်တယ်...
  3. ဖြစ်နိုင်ရင် film production ပိုထွန်းကားတဲ့ နိုင်ငံကကျောင်းကြီးတွေမှာ သွားတက်ချင်တယ်...
  4. ကျောင်းပြီးရင်လဲ အဲဒါနဲ့ ပတ်သတ်တဲ့ အလုပ်ကောင်းကောင်းရချင်တယ်...
  5. ဂျန်ဂန်ဆပ် စကာင်္ပူလာရင် သူ့ကို လက်ဆွဲနှုတ်ဆက်ခွင့်နဲ့ ဓာတ်ပုံတူတူတွဲရိုက်ခွင့်ရချင်တယ်...
  6. မွေးနေ့မှာ အကြံအဖန်မဟုတ်ပဲ အမှန်အကန်စိတ်ရင်းနဲ့ပေးတဲ့ birthday wish ကို မထင်မှတ်တဲ့သူတွေဆီကရချင်တယ်...
  7. အဆက်အသွယ်လုံးဝပြတ်နေတဲ့ US က သူငယ်ချင်းတစ်ယောက်နဲ့ အဆက်သွယ်ပြန်ရချင်တယ်...
  8. ကိုယ်သဘောကျတဲ့သူက ကိုယ့်ကိုလဲသဘောကျပြီး ကိုယ့်အတွက်လူမှန်လဲဖြစ်စေချင်တယ်...
  9. အို... ကြီးကြီးကျယ်ကျယ်(လူတွေချဉ်အောင်ပြောလိုက်အုံးမယ်... ဆုတောင်းတာပဲနော် ဘာတောင်းတောင်းပေါ့) မြန်မာ့ရုပ်ရှင်လောကကြီးကို ကမ္ဘာကသိအောင် မြှင့်တင်ပေးလိုက်တဲ့ သူရဲကောင်းမကြီးဘ၀ကို အခက်အခဲသိပ်မရှိပဲ အသက်မသေလိုက်ပဲ နောက် ၁၀နှစ်အတွင်း ရချင်တယ်... ဟတ် ဟတ်....

PS. I am gonna look at this post again after 10 years. I wonder how will I feel at that time?? Will i Satisfy myself or feeling ashame or would i just say "ah... i was childish even on 25th year birthday"? :)

မှတ်ချက်... တကယ်လို့ ဒီပိုစ့်အောက်မှာ မဗေဒါအတွက် မွေးနေ့ဆုတောင်း အခုပေါင်း ၅၀ပြည့်ရင် အပေါ်ကဆုတွေမပြည့်လဲ (အပေါ်ဆုံးက ၄ခုမပါ... ) အတိုင်းထက်အလွန် ၀မ်းသာပြီး ဒီနှစ်မွေးနေ့က တကယ်ကို အမှတ်ရစရာ အပျော်ဆုံးမွေးနေ့ဖြစ်မှာ အသေအချာပါပဲ...

60 comments :

Ko Min Htet said...

မဘေဒါရေ့ လိုရာဆုတွေ အားလုံးပြည့်ပါစေလို့ ဆုလာတောင်းပေးပါတယ်ဗျား။ လက်ရဲဇက်ရဲတော့ ကျနော်က ခန့်ကြောက်ကြောက်---။

suhay said...

Happy Birthday!!!
May your birthday be the beginning of another great journey!...
Luv,
^^

suhay said...

I'm so lucky to have a friend like you. Happy Birthday!!!!

suhay said...

I look forward to enjoying our friendship for many more of your birthdays.
Happy Birthday!!!!!!!!

9quist said...

Happy Birthday old friend.

nyquist said...

There is a gift that gold cannot buy
A blessing that's rare and true
That's the gift of a wonderful person coming into my life
Like I have in you!
Happy Birthday!!!!

^^ said...

I just want to say,
*Happy Birthday*
To you, my dear, dear friend
You have always been there for me
And our friendship will never end

:) said...

I just wanted to wish you a Happy Birthday and to let you know that you are not alone. Should you need someone to lean on, I will be here for you.
*HAPPY BIRTHDAY*

nyquist said...

I will stay with you through and through forever and ever;
We will be friends until the end.
.
.
~HAPPY BIRTHDAY~

suhay said...

In this world, where everything seems uncertain,
only one thing is definite.
You'll always be my friend,
beyond words,
beyond time and
beyond distance.....

*HAPPY BIRTHDAY*

.. said...

Looking forward to many more years of fun and friendship.

!!!!!~HAPPY BIRTHDAY~!!!!!!

Luv,
suhay

Moe Cho Thinn said...

ံHappy Birthday ပါ ညီမရေ..
ရည်မှန်းချက် ကြီးကြီး ထားတာ ကောင်းတာပေါ့။ အောင်မြင်ပြည့်စုံပါစေ၊ ဆုတောင်းတွေပြည့်ဝဖို့ အားထုတ်ကျင့်ကြံနိုင်တဲ့ စိတ်ဓာတ်ခွန်အားလဲ ပိုင်ဆိုင်နိုင်ပါစေလို့..

mabaydar said...

Thanks Ko Min Htet and SuHay... you guys are the best.

မမိုးချိုသင်းရေ... စိတ်ဓာတ်ခွန်အားတွေ လိုအပ်နေတာတော့ တကယ်ပဲ... ကျေးဇူးပါနော် ဆုတောင်းပေးလို့...

Anonymous said...

Have a healthy and happy life together with your loved ones.

CTM

မယ့်ကိုး said...

ညီမလေးရေ...

ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့ရက်မြတ်ကစ ထာဝစဉ်ပျော်ရွှင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်။
ညီမလေးရေးထားတာလေးတွေ ဖတ်ရတာ ရိုးသားဖြူစင်လွန်းလို့ ချစ်ဖို့လည်းကောင်း စိတ်မကောင်းလည်း ဖြစ်ရပါတယ်။

အမှန်တရားက ခါးတတ်လို့ လူတစ်ချို့က ရှောင်တတ်ပေမယ့် ဒီအခါးကိုပဲ နှစ်လိုသူတွေလည်း ရှိပါသေးတယ် ညီမလေးရယ်နော်။
ညီမလေး ဆုတောင်းတွေအားလုံးပြည့်တဲ့အပြင် မြန်မာပြည်ရဲ့ သူရဲကောင်းဒါရိုက်တာအဖြစ်ကို နှစ်တိုတိုလေး အတွင်း ဆယ်နှစ်မပြည့်ခင် ရောက်ပါစေလို့ ထပ်ဆုတောင်းပေးပါတယ်။

ညီမလေးရဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်အောင်ကြိုးစားတာ တကယ်ပဲ အားကျပါတယ်။ မမလည်း ငယ်ငယ်က စိတ်ကူးယဉ်ခဲ့ဖူးတာ ။ စဉ်းစားတာက အစ စာရေးဖို့ ရုပ်ရှင်ရိုက်ဖို့လို့ ခွဲစဉ်းစားပေမယ့် ခုတော့ ရယ်စရာအိပ်မက် ဖြစ်သွားပါပြီ။

ညီမလေးရဲ့ ကြိုးစားရူးသွပ်မှုကို တကယ်ပဲ အားကျဂုဏ်ယူမိပါတယ်။လူမှုရေး ၊ အချစ်ရေး နဲ့ အလုပ်အကိုင် ဝါသနာအားလုံးမှာ မွေးနေ့မှအစ အစစအရာရာ အဆင်ပြေအောင်မြင် ပျော်ရွှင်ပါစေ ညီမလေး။

ချစ်တဲ့
=)

Anonymous said...

Nice Post !
HAPPY BIRTHDAY TO MA BAYDAR !

Anonymous said...

စည်းပူး က ဆည်းပူး ဖြစ် ရ မှာ ပါ ...

ThuHninSee said...

ပျော်ရွှင်သောမွေးနေ့ပါ ညီမရေ..
ညီမရိုက်မယ့် မြန်မာကားကို ထိပ်ဆုံးကနေ
အားပေးဖို့စောင့်နေပါတယ်။ လိုရာတွေ အမြန်ပြည့်ပါစေ။
း)
ခင်တဲ့...

tz said...

Happy Birthday, sis!
လိုချင်တဲ့ ဆုတွေ အမြန်ဆုံး ပြည့်ပါစေ။

Vista said...

ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ မဗေဒါ ။
သူတစ်ပါးကို အားမကိုးတဲ့စိတ်ဓါတ်အင်အားတွေ များများရလာပါစေ။
တို့ အမြင်မှာဒါတွေ လိုနေသေးတယ်နော။
တို့ ဆိုကိုယ့်မွေးနေ့ ဘယ်သူမှသတိမရလည်း ဘာမှမဖြစ်ဘူး။ဟိ။ သတိရလို့ ဆုတောင်းလည်း အေးဆေး ၊လက်ဆောင်ပေးလည်းယူလိုက်တာပဲ။
ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ်တိုင်ဖန်တီးနိုင်သူဖြစ်ပါစေ။
စိတ်ချမ်းသာမှုအပေါင်းပြည့်ဝပါစေ။
မြန်မာပြည်ရဲ့ကိုယ်စားပြုထူးချွှန်တဲ့ ဒါရိုက်တာဖြစ်ပါစေ။

ကိုရင်နော်ခင်လေးငယ် said...

Happy Birthday ပါ ညီမလေးရေ..
မွေးနေ့မှာ ပျော်ရွှင်ပါစေ..
လိုရာဆန္ဒတွေ.. ရည်မှန်းချက်တွေ အားလုံး ပြည့်စုံပါစေနော်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်ခင်လေးငယ်

myatsu said...

Happy Birthday
"MaBayDar"

လိုအင်ဆန္ဒများ တောင့်တတိုင်းပြည့်စုံနိုင်ပါစေ။

လွတ်ငြိမ်းလေပြေ (breeze) said...

comment မရေးပေမဲ့ အမြဲ စာလာဖတ်ပါတယ်
ကိုယ်ဝါသနာပါတာကို ကိုယ့်ဘာသာသိပြီး ရွေးချယ်ရဲတာကိုလည်း ချီးကျူးတယ်
ယုံကြည်ရာလမ်းမှာ အောင်မြင်ပါစေ
မွေးနေ့မှစ ထာဝရ ပျော်ရွှင်ပါစေ

khin oo may said...

မွေးနေ့မှသည် ပျော်ရွင်ချမ်းမြေ့ပါစေ. မဗေဒါ

mabaydar said...

ဆုတောင်းပေးတဲ့ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်...

စာလုံးပေါင်းသတ်ပုံ စစ်ပေးသွားတဲ့ မိတ်ဆွေကိုလဲ ကျေးဖူးတင်ပါတယ်...

EEK said...

Happy Birthday!
Wish you the best!

Anonymous said...

Happy Birthday BayDar

မင်းသမီးလိုရင် ပြောနော်။
မမတို့က ရိုက်ပေးဦးမှာ

MIn said...

Happy Birthday!! Ma BayDar

ToMMyGiRL said...

omg..it is so great..i wish u all the best for school...u hav to be director.. :D if i dun hav to worry about money, i should study wit u...i wanna b film director also..but not that as passionate as u though..i wil tell u movie plot when u become director :D

Khaing said...

Happy Birthday, Ma Bay Dar!!!
Wishing your dream come true soon..

မင်းယွန်းသစ် said...

နိုင်ငံကျော် ကမ္ဘာကျော် ဒါရိုက်တာကြီး ဗေဒါ ဖြစ်ပါစေ...။ ဂျိမ်းစ်ကင်မရွန်လို ရိုက်သမျှ ကားတိုင်း ဘီလျှံနဲ့ချီရ အော်စကာတွေ၊ အကယ်ဒမီတွေ ရပါစေ။ တကယ် ဆုတောင်း ပေးတာနော်.. နောက်တာမဟုတ်ဘူး။ လိုအင်ဆန္ဒတွေ မှန်သမျှ အကုန် ပြည့်စုံပါစေ။

ချစ်သမီး said...

အဲ...
မင်္ဂလာရှိသော မွေးနေ့ ပါ မဗေဒါ..
ခုမှ သတိရလို့  လင့်ခ် ပြန်ရှာရတယ်..
co.cc က လင့်ခ် ပျောက်သွားလို့  အော်နေတာ..

ခုတော့ မဗေဒါကို ပြန်တွေ့ ပီ..

HAPPY BIRTHDAY!

with love
nn

Racheal said...

"HAPPY BIRTHDAY TO YOU" ... ALL THE BEST

November Soe said...

HAPPY BIRTHDAY!!! AND MAY ALL YOUR DREAM COME TRUE .... JIA YOU!!!!

KTZN said...

Chit friend!!!
Happy birthday and wish ur dream come true!!!

laminangel said...

old old and dear dear friend!
HAPPY BIRTHDAY TO U!!!!
ALL THE BEST IN THE FUTURE!!!

Claire Tan said...

nga paw ma!!!
wherever, whenever u are my best friend...
HAPPY BIRTHDAY!!!!

cLaIRe said...

LLT,
we have been friends together in sunshine and in shade...
A friend is a rare book of which but one copy is made...
HAPPY BIRTHDAY TO U!!!!

x) said...

We shared smiles....
We wiped the tears
and through the years...
Our friendship has grown along with us....

HAPPY BIRTHDAY TO YOU!!!

khinethazin said...

Remember, the greatest gift is not found in a store nor under a tree, but in the hearts of true friends.

HAPPY BIRTHDAY TO YOU!!!

C_T said...

Don't walk in front of me, I may not follow.
Don't walk behind me, I may not lead.
Just walk beside me and be my friend.

HAPPY BIRTHDAY TO LLT!!!!

thazin said...

Hold a true friend with both your hands.

"happy birthday"

lamin angel said...

"Friendship needs no words..."
=happy birthday=

:-* said...

Friends are the sunshine of life.
All the best and happy birthday!

ktzn said...

Friends are needed both for joy and for sorrow.
*Happy birthday*

laM!N aNg3L said...

"The rain may be falling hard outside,
But your smile makes it all alright.
I'm so glad that you're my friend.
I know our friendship will never end."

>>Happy Birthday and All the best...<<

Donald Duck said...

Friendship makes prosperity more brilliant, and lightens adversity by dividing and sharing it.

::HAPPY BIRTHDAY::

^_^ said...

I shot an arrow into the air,
It fell to earth, I knew not where;
For so swiftly it flew, the sight
Could not follow it in its flight.


I breathed a song into the air,
It fell to earth, I knew not where;
For, who has sight so keen and strong
That it can follow the flight of song?


Long, long afterward, in an oak
I found the arrow, still unbroke;
And the song, from beginning to end,
I found again in the heart of a friend.

~Happy Birthday~

~_^ said...

"Friends show their love in times of trouble..."

^Happy Birthday^

cLa!Re KTZN (= said...

Trying to finish ur 50 wishes....
Now is closing for ur 50th wish....

@Happy Birthday to YOU!!! All the Best and wish ur wish will come true@

သူကြီးမင်း (တုံးဖလား) said...

ကွန်မင့် ၅၀ တောင် ပြည့်သွားပြီဘဲ။
အပိုကွန်မင့်လေးပေါ့။

မဗေဒါရေ...
၂၅ နှစ်မွေးနေ့မှသည် နှစ်ပေါင်းများစွာ ပျော်ရွှင်ကြည်နူးစွာဖြင့် လက်ကျန်ဘ၀ကို ဖြတ်သန်းနိုင်ပါစေ။

ပုံ့မေ said...

Wish u hv got a happy, fabulous & magnificent birthday!!!!!!!

And....... =) I will always remember what four of us hv done & talked on ur 25th birthday =D

May ur wishes (especially that particular wish of urs) come true!!! ;)

Long Live Our Friendship! :-*

ပုံ့မေ said...

Something left to mention!!!



I LOVE U! =*

9-9 said...

happy birthday.....
ဆုတောင်းတွေအာလုံးပြည့်နိုင်ပါစေနော်

Aung Tha nge said...

Happy Birthday!!!

Unknown said...

ဟ.. ဗေဒါလေးရေ.... အသေအချာတွေးရင် ယူ့မွေးနေ့မှာ အိုင့် မားသားကြီး မြန်မာပြည်ပြန်တယ်ကွယ်.....:D
နောက်ကျသွားတယ် ခွေးလွှတ်နော်..... စောစောက ပြောရောပေါ့ လက်ဆောင် ထည့်ပေးလိုက်မှာ တကယ်... အခုတော့.... ဟီးးးးးးးး လေနဲ့ အဲ... လက်ကလေးနဲ့ပဲ ဆုတောင်း ပေးမယ်ကွယ်.... ၇ဲတော့ မတိုင်နဲ့နော်... ကွန်ပြူတာက လက်ရဲမှ ရိုက်လို့ရတာဟဲ့... :D :P

Unknown said...

ဟဲဟဲ..... အပေါ်က ဆုတောင်းလေးခုရယ်.... နင်ပြန်ရေးထားတဲ့ comment ရယ် စုစုပေါင်း ၆ခုကို နုတ်ရင် ငါ့ရဲ့ ဒီဆုတောင်းက ၅၀မြောက်ကွ...ဟီးးးးးး
ဗေဒါမလေး ပျော်ပေတော့...ဟေးးးးး ဟေးးးးးး ဒါရိုက်တာဗေဒါ တယောက် အောင်မြင် ကျော်ကြားသူ တယောက် ဖြစ်ပါစေ....

mabaydar said...

ကျေးဇူးတင်ပါတယ် ကိုဟတ်ရေ....

littlebrook said...

အမရေ နောက်ကျသွားတယ် ငါးဆယ့်ကိုးခုမြောက်ဆုတောင်းပေါ့ဗျာ .. စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေဗျာ ...

ကျော်ညိုသွေး said...

ကျွန်တော်က ခြောက်ဆယ်မြောက်
မဗေဒါ အသက်ခြောက်ဆယ် ထက်မက အသက်ရှည်ပြီး အနုပညာ အလုပ်တွေ ပြောင်မြောက်စွာ လုပ်နိုင်ပါစေ...သော်ဝ်