Friday, October 23, 2009

The Island - Movie

ကြည့်ပြီးတာတော့ ကြာပါပြီ... တော်တော်များများတောင် ကြည့်ပြီးလောက်ပြီ... 2005 လောက်ထဲက ထွက်တဲ့ ကားပါ... ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်သေးတဲ့ ဇာတ်ကားလေးပါ... ဒါပေမဲ့ ကြိုက်လို့ ရေးအုံးမယ်... သိပ္ပံဇာတ်လမ်း သည်းထိပ်ရင်ဖို Action ကားလေးပါ...Ewan McGregor နဲ့ Scarlett Johansson တို့ ပါဝင်သရုပ်ဆောင်ထားကြပါတဲ့ The Island ဆိုတဲ့ ဇာတ်ကားပါ... ဇာတ်လမ်းက ရှင်းပြရမယ်ဆိုရင်တော့ နည်းနည်းတော့ ရှည်မယ်... ဒါပေမဲ့ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်...

ဇာတ်လမ်းအကျဉ်း...

အချိန်ကား ၂၀၁၉ ခုနှစ်ပါ... လင်ကွန် ဆစ် အဲကို (Lincoln Six Echo) နဲ့ ဂျော်ဒန် တူး ဒယ်လ်တာ (Jordan Two Delta) တို့ဟာ ညစ်ညမ်းမှုကင်းတဲ့ လူသားအသိုင်းအ၀ိုင်းထဲက လူသား၂ဦးပါ... သူတို့ နေထိုင်တဲ့ အဖွဲ့အစည်းကို အုပ်ချုပ်သူကတော့ Dr. Merrick ဆိုတဲ့ သိပ္ပံပညာရှင် ဆရာဝန်ကြီးတစ်ဦးဖြစ်ပါတယ်... သူတို့ ဟာ စတင် မွေးလာတည်းက တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ နေရပြီး သူတို့ကို ထားတဲ့ အဆောက်အအုံကြီးရဲ့ အပြင်ကိုလဲ တစ်ခါမှ မထွက်ဖူးပါဘူး... အပြင်ထွက်ရင် ညစ်ညမ်းသွားမယ်လို့ သူတို့ရဲ့ အုပ်ချုပ်သူက ခြောက်ထားတဲ့ အတိုင်းပဲ သူတို့စိတ်ထဲမှာ စွဲနေခဲ့ပါတယ်... သူတို့ဟာ သတ်မှတ်ထားတဲ့ ဟင်းပမာဏပဲစားရတယ်... အားကစားတွေပုံမှန်လုပ်ရတယ်... အဖြူရောင် ၀တ်စုံဆင်တူကို ၀တ်ရတယ်... ဘာမှန်းမသိတဲ့ ပိုက်လိုင်းတွေကို ဆေးထိုးတဲ့ အလုပ်ကိုလုပ်ရတယ်... ပြီးတော့ သူတို့ရဲ့ ကျန်းမာရေးနဲ့ အပြုအမူကို အမြဲ စောင့်ကြည့်နေခြင်းခံရတယ်... သူတို့အတွက် ကြီးမားတဲ့ မျှော်လင့်ချက်ကတော့ ညစ်ညမ်းမှုတွေကင်းပြီးနေထိုင်ဖို့ အသင့်တော်ဆုံးဖြစ်တဲ့ ဘယ်နေရာမှန်းလဲ သေချာမသိတဲ့ The Island ဆိုတဲ့ နေရာကို သွားရဖို့ ပေါက်မဲကိုပဲ အမြဲမျှော်လင့်နေကြရတယ်... The Island ကို သွားရဖို့ မဲပေါက်တဲ့ သူက သူတို့ထဲမှာ ကံကောင်းတဲ့လူဆိုပြီး အမြဲအားကျခံရတယ်...

လင်ကွန်ဟာ တခြားသူတွေနဲ့ အတူအလုပ်လုပ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဆိုပေမဲ့ သူ့အတွေးအခေါ်တွေက တခြားသူတွေအလယ်မှာ တမျိုးဖြစ်နေတတ်တယ်... သူ့မှာ မေးခွန်းတွေအများကြီးရှိတယ်... သူ့မှာ သူတို့လို the Island ကိုသွားဖို့ စောင့်နေတဲ့သူမဟုတ်ပဲ ကွန်စရက်ရှင်ပိုင်းမှာ အလုပ်လုပ်တဲ့ အပြင်က သူငယ်ချင်းတစ်ယောက်ရှိတယ်... လင်ကွန်က တခြားသူတွေထက် အသိဥာဏ်ပိုရှိပြီး အမြဲစဉ်းစားနေတတ်တယ်... ဥပမာ.. ဘာကြောင့် ငါတို့က အဖြူချည်းပဲ ၀တ်ရတာလဲ... ငါတို့ တစ်နေ့တစ်နေ့ဆေးထိုနေတဲ့ ပိုက်လိုင်းတွေက ဘယ်ကိုသွားတာလဲ... ပြီးတော့ သူ့မှာ ထူးဆန်းတဲ့ အိပ်မက်တွေလဲ ခဏခဏမက်တယ်...

တစ်နေ့ သူခိုးသွားနေကျ ကွန်စရက်ရှင် ဧရိယာကနေ ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားရာကနေ... The Island ဆိုတာကို သဘောပေါက်သွားတယ်... The Island သွားဖို့ မဲပေါက်တဲ့ သူတို့ထဲက လူ၂ယောက်ကို ရက်စက်ကြမ်းကြုတ်စွာ သတ်ပြီး Organ Harvesting လုပ်တာကို သူတွေ့သွားတဲ့အခါမှာ... သူ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ The Island သွားဖို့ လတ်တလောမှာမှ မဲပေါက်ထားတဲ့ Jordan Two Delta ကို အရမ်း စိုးရိမ်သွားခဲ့ပြီးနောက် သူတို့ ၂ယောက် ဒီအဖွဲ့အစည်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတယ်...

သူတို့ အပြင်လောကကိုရောက်သွားချိန်ကျတော့မှ... အပြင်လောကဟာ သူတို့ကို ခြောက်ထားသလို ညစ်ညမ်းမှုမရှိပဲ အသက်ရှင်သန်နိုင်တယ်ဆိုတာကို သဘောပေါက်သွားခဲ့တယ်... ကွန်စရက်ရှင် အလုပ်သမား သူငယ်ချင်းရဲ့ ကူညီ ရှင်းပြချက်နဲ့ သူတို့ဟာ ငွေကြေးချမ်းသာတဲ့ အသိုင်းအ၀ိုင်းကလူတွေရဲ့ Clone တွေဆိုတာကို သိရှိခဲ့ရတယ်... Dr. Merrick ဟာ ငွေကြေးချမ်းသာတဲ့ သူဋ္ဌေးတွေကို Clone လုပ်တယ်လို့ မပြောပဲ Organ တွေကို အပင်စိုက်သလို တစ်ခုချင်းစိုက်တယ်... သူတို့မှာ ဘာခံစားချက်မှ မရှိဘူးလို့ ညာခဲ့တယ်... အဲဒိအတွက်ကြောင့် သူတို့ ဒီလိုဒုက္ခကလွတ်အောင် သူတို့ရဲ့ Clone ပိုင်ရှင် သူဋ္ဌေးတွေကို သွားရောက် အကြောင်းကြားဖို့ ဆုံးဖြတ်လိုက်တယ်...

သို့သော် သူတို့ Clone ပိုင်ရှင်တွေဟာ သူတို့ထင်ခဲ့သလို သူတို့ကို မကူညီခဲ့ပဲ ဖမ်းချုပ်ပြီး Dr. Merrick ထံ အကြောင်းကြားဖို့ ကြိုးစားတဲ့အခါ.........

သူတို့၂ယောက်လွတ်မြောက်အောင် ဘယ်လို ရုံးကန်ခဲ့ကြသလဲ... ကိုယ့်ပိုင်ရှင် Clone ပိုင်ရှင်ကလဲ သူတို့ဘက်မပါ... Dr.Merrick ကလဲ စစ်တပ်လို ရှာဖွေရေးတပ်ကြီးနဲ့ သူတို့ကို ပိုက်စိတ်တိုက်ရှာနေတဲ့ကြားမှာ သူတို့ဘယ်လို လွတ်မြောက်ခဲ့ကြသလဲ... လူတွေဟာ ကိုယ်အသက်ရှင်ဖို့အတွက် ဘယ်လိုရုံးကန်ခဲ့ကြသလဲ... ကျန်နေတဲ့ Clone ပေါင်းမြောက်များစွာကို သူတို့ဘယ်လို ကယ်တင်ခဲ့ကြသလဲ... ဆိုတာကို တစ်ကွက်မှ ပျင်းစရာမကောင်းအောင် ရိုက်ပြခဲ့ပါတယ်... ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှူစားပါ... (ရှုစားပြီးသော သူများလဲ ထပ်ရှုစားပါ... လင့်တော့မမေးပါနဲ့.. ကိုယ်တောင် သူများဒေါင်းလုပ်လုပ်လာတာကို အလကား ၀င်ကြည့်တာပါ... ဟတ်... ဟတ်)



သုံးသပ်ချက်...
(ခုချိန်ကစပြီး Spoiler တွေစပါတော့မယ်... Spoiler မကြိုက်သူများ ဆက်မဖတ်ကြပါရန်...)

ဒီကားကို ကြည့်ပြီး သဘာဝကို လွန်ဆန်ပြီး Clone လုပ်တာဟာ မကောင်းဘူး လို့ မြင်မိတယ်...
အသက်တစ်ချောင်းကို အသက်လို့ မသတ်မှတ်ပဲ Clone လုပ်လို့ ဖြစ်လာရတဲ့ သွေးသားနဲ့ လူတွေကို Product တွေလို့ သဘောထားပြီး သုံးနှုန်းထားတာကိုကြည့်ပြီး အတော်လေး ဂရုဏာသက်မိတယ်...
လူကနေ မွေးထားတဲ့ တကယ့်လူအစစ်ပဲဖြစ်ဖြစ်... Clone ကနေ ဖြစ်လာတဲ့ လူပဲဖြစ်ဖြစ်.. ခံစားတတ်တဲ့ သွေးသားနဲ့မို့ သူတို့ဟာလဲ လူတွေပဲ... အဲဒိအတွက် အားလုံးဟာ ကိုယ် အသက်ရှင်နေထိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားကြတယ်...
လူ့လောကအကြောင်း ဘာမှ မသိသေးတဲ့ Clone က အားကိုးတကြီး သူ့ Clone ပိုင်ရှင်ဆီသွားတော့ သူထင်သလို ဖြစ်မလာပဲ အလိမ်ခံရပုံ... ပြီးတော့ သူတို့ ၂ယောက်ကို ဘယ်သူ အတုအစစ်မှန်းခွဲမရတဲ့ အချိန်မှာ ၂ယောက်လုံးက အသက်ရှင်ဖို့ကို ရုံးကန်ကြပုံက သင်ခန်းစာရစရာကောင်းတယ်... ဘယ်သူပဲဖြစ်ဖြစ် ရှင်သန်ချင်ကြတာပဲလေ...
နောက်ပြီး နောက်ဆုံးခန်းနားမှာ သူတို့ကို လိုက်ဖမ်းနေတဲ့ တပ်ထဲက ကပ္ပလီကြီးက မင်းသမီးလက်က အပူနဲ့ကပ်ပြီး အမှတ်အသားလုပ်ထားတဲ့ အမာရွတ်ကိုတွေ့တော့ သူ့ငယ်ဘ၀တုန်းကလို လူကို လူလို့သတ်မှတ်မခံခဲ့ရပဲ အမှတ်အသားလုပ်ခံခဲ့ရတာနဲ့ သွားကိုယ်ချင်းစာမိပြီး သူတို့ဘက်ပါသွားခဲ့တယ်... ဒါကိုကြည့်ပြီး လောကမှာ လူဆန်ခြင်းဆိုတဲ့ ခံစာချက် ကိုယ်ချင်းစာစိတ်ဆိုတာ ရှိသင့်တယ်လို့ထင်တယ်...

အဲဒိကားမှာ ကြိုက်တဲ့ Dialog တွေရှိတယ်...
မင်းသားက သူ့ရဲ့ ၁ဦးတည်းသော လူသူငယ်ချင်း Mac နဲ့ စကားပြောတဲ့အခန်းမှာ...
Mac က god ဆိုတဲ့ စာလုံးကို စကားမှာပြောရင်းပါသွားတော့..
မင်းသားက "what's God?" လို့မေးတယ်...
Mac ပြန်ဖြေပုံက ရီရတယ်... " Well, you know when u want something really bad and u close your eyes and wish for it? God's the guy that ignores you." ဟား.. ဟား...

သူတို့ ၂ယောက်ထွက်ပြေးလွတ်လာပြီး Mac ဆီရောက်လာကြတယ်...
အဲဒိလူက သူတို့ဟာ clone တွေဖြစ်ကြောင်းပြောတော့...
မင်းသမီးက သူ့ ငယ်ဘ၀ကို သူသိကြောင်း ပြန်ငြင်းတဲ့အခါမှာ... မင်းတို့ဟာ Memory Imprint လုပ်ခံထားရကြောင်း Mac က ပြန်ရှင်းပြလိုက်တော့ သူ့ကို မင်းသားနဲ့ မင်းသမီး Clone ၂ယောက်က စိတ်ပျက်တဲ့ အကြည့်နဲ့ကြည့်ကြတယ်... အဲဒိအခါ သူပြောလိုက်ပုံက...
"Don't look at me like that... At least U have bike.. Wanna trade your rosy memory implants for my shity Childhood, Be my guest"

နောက်ပြီး... မင်းသမီးကမေးတယ်..
"Why doesn't Merrick want our owners to know that we are alive?" ဆိုတော့...
Mac ရဲ့ အဖြေက ထိထိမိမိနဲ့ ရှင်းတယ်... "Just because people wanna eat burger,doesn't mean they wanna meet the cow" .... ဟား.. ဟား.. ရှင်းတယ်နော်..

ဒီကားဟာ ဟိုးအရင်က ရုပ်ရှင် the Clonus Horror ဆိုတာနဲ့ ဇာတ်လမ်းဆင်ပုံချင်း တစ်ပုံစံတည်းတူနေတဲ့အတွက် Copy Right နဲ့ ညိပြီး တရားစွဲခြင်းခံခဲ့ရသေးတယ်... ၁ million doller လျှော်လိုက်ရတယ်ကြားတယ်... ကုန်ကျစားရိတ် $126 million ဖြစ်ခဲ့ပြီး.. United State Box office မှာ $36 million ပဲရခဲ့တယ်...ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာပြသခဲ့တော့ $163 Million ရရှိခဲ့တယ်လို့သိရတယ်... (source from Wiki)




7 comments :

တောင်ပေါ်သား said...

ကျနော်လဲ ကြည့်ဖူးတယ် တော်တော်လေး ကောင်းတဲ့ ဇာတ်ကားပါ။ ခုလိုထပ်ဝေမျှပေးတာ ကျေးဇူးပါ အမရေ
Clone ဆိုတာကတော့ မကောင်းဘူးပဲ ပြောရမယ်ထင်ပါတယ်။ Clone တွေသာ လုပ်လို့ရနေမယ်ဆို လူတွေက ပိုပြီး ရက်စက်ကြမ်းကြုတ်လာမယ်လို့ မြင်မိပါတယ်

လေးစားလျက်
တောင်ပေါ်သား

ဒဏ္ဍာရီ said...

မကြည့်သေးဘူး မမရေ .. အခုမမက ပြောပြထားတော့ ကြည့်ရင်လည်း နားလည်သွားတာပေါ့။ နေ့လည်မှ ဒေါင်းပြီး ကြည့်အုံးမယ်။း)
clone လုပ်တာတော့ အားမပေးချင်ဘူး မမရာ။ နှလုံးသားမရှိတဲ့ လူသားအတုတွ။

ခင်မင်လေးစားလျှက်

mabaydar said...

no ညီမရေ... Clone တွေက နှလုံးသားမရှိတာ မဟုတ်ဘူး.. Clone ကိုလုပ်တဲ့လူတွေက နှလုံးသားမရှိတာ..
Clone တွေခမျာ ဘုမသိဘမသိ လူ့လောကထဲရောက်လာရရှာတာ.. သူတို့ကလဲ လူတွေပါပဲ...

မဆုမွန် said...

ဟုတ်တယ်...နောက်ဆုံး လူကိုပါ တီထွင်စမ်းသပ်ချင်တဲ့သူတွေလေ....သိပ်ကြောက်စရာ ကောင်းတဲ့ အတွေးအကြံတွေနဲ့ပဲ လူသား ကမ္ဘာကို ဖျက်ဆီးကြမှာ ...လူတွေပဲ..ဟုတ်တယ် ဘုမသိ ဘမသိ လူဖြစ်လာရတဲ့ ကလုမ်းတွေဘက်က စဉ်းစားမိတယ်။။

မိုးခါး said...

မကြည်ဘူးသေးပါဘူး အစ်မရေ
ရှာကြည့်ပါဦးမယ်
စိတ်ဝင်စားသွားတယ် ..း))

phyo said...

ဒီအဖြစ်မျိုးတကယ်ဖြစ်လာမယ်ဆိုရင် Clone တွေဟာလည်း လူသားတွေပါပဲဆိုတာ တထစ်ချ မှတ်ယူလို့ ရပါတယ်ဗျာ...သက်ရှိသတ္တ၀ါတစ်ခုဖြစ်လာဖို့  နည်းပညာအရ Clone တွေဖြစ်လာရပေမယ့် အသက်ရှိသန်ဖို့ အတွက် ပထမဆုံးရှင်သန်ဖို့ ကံစိတ်ကလေး လိုအပ်ပါတယ်.. အဲဒီကံစိတ်ကလေးဟာ ဘယ်မှာမှီပြီး ရှင်သန်လာသလဲ..ဆိုတာ ပညာရှင်တွေ မသိနိုင်ူကသေးဘူး..အလွယ်ကူဆုံးပြောရရင် အသက်ရှင်သန်ဖို့ အတွက် နုလုံးဘယ်အချိန်စခုန်သလဲ.. ဘယ်အကြောင်းကြောင်း နုလုံးစတင်ခုန်လာသလဲဆိုတာ
သူတို့ တွေ အခုထက်ထိ မသိသေးပါဘူး...မော်တော်ကား အင်ဂျင်တစ်ခုလိုပဲ သူ့ မှာလိုအပ်တဲ့ အစိတ်အပိုင်းတွေ လောင်စာတွေအပြည့်အ၀ရှိပေမယ့်.. အင်ဂျင်တစ်ခုလုံး လည်ပတ်လာဖို့  starter မော်တာလေးကနေတစ်ဆင့် လည့်ပတ်နိုင်ဖို့ လိုပါတယ်..အဲဒီ starter လေ လှုပ်ရှားလာဖို့  energy စွမ်းအင်တစ်ခုလိုအပ်ပါတယ် ဒီစွမ်းအင်လိုမျိုးပဲ သက်ရှိလူသား / သတ္တ၀ါ clone လေးရဲ့ စတင်မှု starter လေးကို ဘယ်ကနေ စတင်လဲ သုံးသပ်ဖို့ လိုမယ်ထင်ပါတယ်... လေ့လာမိသလောက် ဘာသာတရားအမြင်အရဆိုရင် လူတစ်ယောက် သတ္တ၀ါတစ်မျိုး သေဆုံးပြီဆိုရင် သူသေဆုံးပြီး ခဏ တပြိုက်နက် တချိန်တည်းမှာပဲ သူ့ ကုသိုလ်ကံ အကုသိုလ်ကံ အကျိုးအရ စွဲမိတဲ့ ဘ၀ဂ်စိတ်အတိုင်း သတ္တ၀ါတစ်မျိုးမျိုးမှာ တည်မှီမိပါတယ်..သူ့ ဝင်စွဲမိတဲ့ သတ္တ၀ါရဲ့ မျိုးစိတ်မှာ တမဟုတ်တည်မိတာနဲ့  အဲဒီ သတ္တ၀ါ ( သန်ဓေတည်ပြီးမွေးဖွားရတဲ့ သတ္တ၀ါမှာ တည်မိရင် )ရဲ့  ဟာဒယ၀တ္တု စတင်လှုပ်ရှားတယ်လို့ ဆိုပါတယ်..
ဒီအတွက် Cloneေုကာင့်ပဲဖြစ်ဖြစ် ဘာေုကာင့်ပဲဖြစ်ဖြစ် သတ္တ၀ါတစ်မျိုးဖြစ်လာရင် တစ်မျိုး လူရယ်လို့ ဖြစ်လာရင် သူ့ နဲ့ သက်ဆိုင်ရာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း အခွင့်အရေး ခံစားခွင့် ရှိကိုရှိမှ ရမှာပါ..ဒါတွေကို ကန့် သတ်ခံထားရရင် သူတို့ ဟာ မတရားလုပ်ခံရတဲ့သူ ဖိနှိပ်ခံထားရတဲ့သူအဖြစ် ကျနော်ယုံကြည်ပါတယ်..
ဒါတွေက Clone ဇာတ်ကာုးကည့်ပြီး ဖြစ်လာတဲ့ အတွေးတွေပါ

mabaydar said...

မှန်လိုက်လေ ဖြိုးရယ်... မဗေဒါလဲ အဲလိုပဲမြင်ပါတယ်.. ထိထိမိမိရှင်းပြသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ဗဟုသုတလဲ ရပါတယ်...