Tuesday, August 25, 2009

Haters = One kind of loyal fans

Hate Me
၁လကျော်သွားခဲ့ပြီ... ဘလော့မရေးတာ ၁လတောင်ကျော်သွားခဲ့မှန်း ဆီဗုံးမှာ လာသတိပေးသွားမှပဲ သတိထားမိတော့တယ်... ဒီ ၁လအတွင်း စာရေးဖို့ ဝန်လေးနေတာတွေရှိတယ်... ရေးချပြစ်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဖြစ်နေခဲ့တာတွေရှိတယ်... ဒီဘလော့နဲ့ပတ်သတ်ပြီး ကိုယ့်ကိုကိုယ်ပြန်သုံးသပ်နေမိတာတွေ ရှိတယ်... ရေးသင့် မရေးသင့်စဉ်းစားနေတာတွေရှိတယ်... ဒီပိုစ့်ကို မရေးပဲ တခြားကိုယ်ရေးချင်တာတွေပဲ ဆက်ရေးဖို့ စိတ်ကူးခဲ့ပင်မဲ့... ကျမဘယ်လိုမှ ရေးချလို့မရခဲ့ဘူး... ကျမဒီပိုစ့်ကို ရေးမှ ဘလော့ဆက်ရေးနိုင်လိမ့်မယ်... ဒီကိစ္စ ၁ခုထဲကြောင့်တော့ ကျမဘလော့မရေးဖြစ်တာမဟုတ်ပါဘူး... တခြားအကြောင်းတွေ အများကြီးရှိပါတယ်... မအားတာလဲပါတာပေါ့နော်... ဒါပေမဲ့ ဒီကိစ္စကိုရေးတာ ဒါ ပထမဆုံးနဲ့ နောက်ဆုံးပါပဲ... 
အရင်ကတော့ ကျမပိုစ့်တွေကို negative feedback ပေးတာပဲဖြစ်ဖြစ်... Negative meaning comment မျိုးပေးတာပဲဖြစ်ဖြစ်... အပြစ်ရှာပြီး ပြောသွားတာပဲဖြစ်ဖြစ်... အကျိုးအကြောင်းသင့်တာတွေကို ကွန်မန့်မှာပဲ ကျမပြန်ဖြေရှင်းခဲ့ပါတယ်... တချို့ တချို့ မိုက်မိုက်ရိုင်းရိုင်းပြောသွားတာတွေ... အထူးသဖြင့် Personal Attack တွေကိုတော့ ပြန်ပြောနေဖို့တောင် အရေးလုပ်စရာမလိုဘူးလို့ ကျမသဘောထားလို့ ဒီတိုင်းပဲထားပါတယ်... ဖြတ်လဲ မဖြတ်ပါဘူး... သူ့ဟာသူ အမည်မသိနဲ့ပဲရေးရေး... အမည်ဖော်ပြီးပဲရေးရေး... သူများဘလော့ပေါ်မှာ အကျည်းတန်တဲ့ စာသားတွေရေးသွားတာ တခြားလူမသိရင်တောင် သူ့ကိုယ်သူတော့ သိပါတယ်... အွန်လိုင်းပေါ်မှာပဲ ငါ့ကိုဘယ်သူမှ မသိပါဘူးဆိုတဲ့အတွေးနဲ့ လုပ်ချင်တာလုပ် ပြောချင်တာပြောနေတာ ကိုယ့်ရဲ့ စိတ်ဓာတ် ကို ကိုယ့်ကိုကိုယ်ဖြတ်စီးနေတာပါ... ဘာရယ်တော့မဟုတ်ပါဘူး... ကိုမင်းထက်ရေးထားတဲ့ သူ့ဂုဏ်ကိုဖျက်၊ ကိုယ့်ဂုဏ်ပျက်၏ ဆိုတဲ့ ပိုစ့်လေးကို အဲဒိလူတွေကို ဖတ်စေချင်ပါတယ်... ကျမ အမြင်မှာတော့ အဲဒိ Haters တွေဟာ တနည်းအားဖြင့်တော့ ဘလော့တစ်ခုရဲ့ သစ္စာရှိစာဖတ်ပရိတ်သတ်တွေပါပဲ... ရိုးရိုးစာဖတ်သူတွေဟာဘလော့တစ်ခုကို ပုံမှန်မဖတ်ဖြစ်ရင်တောင် သူတို့ကတော့ ပုံမှန်ကိုဖတ်ဖြစ်ပြီး ထိုဘလော့ပိုင်ရှင်ကို ဘယ်လို Attack လုပ်ရမလဲ စဉ်းစားနေတတ်တဲ့သူတွေပါ... အပြစ်ရှာဖို့အတွက်လဲ သူတို့ အသေးစိတ်လိုက်ဖတ်ဖြစ်ရင် ဖတ်ဖြစ်နေမှာပါ... အကြိမ်ကြိမ်ဖတ်ဖြစ်ရင်လဲ ဖတ်ဖြစ်မှာပါ... အဲဒါကြောင့်မို့ သူတို့က တနည်းအားဖြင့်တော့ အမာခံစာဖတ်ပရိတ်သတ်တွေထဲမှာ ထိပ်ဆုံးကပါနေတော့တာပါပဲလို့ ထင်မိပါတယ်... ကျမကို မုန်းတဲ့ Haters တွေဟာ ကျမနဲ့ အပြင်မှာသိတဲ့သူတွေလဲ ဖြစ်နိုင်တယ်... နီးစပ်သူတွေထဲကလဲဖြစ်နိုင်တယ်... ဝေးနေတဲ့သူတွေထဲကလဲဖြစ်နိုင်တယ်... ဘလော့ဂါအချင်းချင်းလဲဖြစ်နိုင်တယ်... ဘယ်သူပဲဖြစ်ဖြစ်ပါ... ကျမကတော့ အဲဒိ Haters တွေကို ကြံဖန်ပြီး ကျေးဇူးတင်နေချင်တာပါပဲ... ဒါတောင် ကျမမှာ ပုံမှန် ကျမကို စောင့်ကြည့်ပြီး မုန်းတီးနေတဲ့ Haters မရှိ သလောက်ပဲလို့ထင်တာပါပဲ... ခုလိုရေးရတာက ဘလော့ရေးနေတဲ့သူတိုင်း ဒီလိုမျိုး Negative Comments တွေ၊ Personal Attack တွေနဲ့ တွေ့ကြုံဖူးမှာပါ... ဒါကြောင့် ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေရော... ဘလော့ကိုခုမှ စရေးတဲ့ ဘလော့ဂါပေါက်စလေးတွေအတွက်ရော ကျမရဲ့ ယုံကြည်ချက်ကို ဝေမျှတာပါ... ကျမအတွက်ကတော့ ဖတ်ကြည့်လိုက်တယ်... ကြိုက်တဲ့ စာတွေဆိုရင် ကွန်မန့်ပေးခဲ့တယ်... တချို့စာတွေက သိပ်မကောင်းပင်မဲ့ အဆုံးထိဖတ်လောက်တဲ့အထိတော့ ဆွဲဆောင်မှုရှိတယ်ဆိုရင် အဆုံးထိဖတ်လိုက်တယ်... တချို့စာတွေလုံးဝ ကျမစိတ်တိုင်းမကျတဲ့စာတွေ... ကျမစိတ်ထဲမှာ မကောင်ဘူးထင်တဲ့စာတွေ... ကျမနဲ့ မပတ်သတ်ဘူးထင်တဲ့စာတွေဆိုရင်တော့ ကွန်မန့်မှာရေးပြီး Attack လုပ်ဖို့မပြောနဲ့... ရောက်တဲ့နေရာမှာတင်ရပ်ပြီး အဲဒါကို ဆက်မဖတ်တော့ပါဘူး... ဘာလို့လဲဆိုတော့ ဘလော့ဆိုတာ ၀ါသနာရှင်တွေက ကြိုက်သလို Free account ဖွင့်ပြီး သူတို့စိတ်ထဲရှိတာ ရေးချင်တာရေးလို့ရပါတယ်... ရေးပိုင်ခွင့်လဲရှိပါတယ်... ဘလော့ကနေ နိုင်ငံရေးတွေ စီးပွာရေးတွေ စတဲ့ ကြီးမားတဲ့ ကိစ္စတွေ ရေးပိုင်ခွင့်ရှိသလို... ကိုယ့်ရဲ့ Personal လေးတွေ... တစ်နေ့တစ်နေ့ဘာလုပ်လဲဆိုတာလေးတွေ ဥပမာ.. ဘာနဲ့ ထမင်းစားတယ်ဆိုတာကအစ ဒိုင်ယာရီသဘောမျိုး ရေးချင်တာလဲ ရေးပိုင်ခွင့်ရှိပါတယ်... တစ်ခုပဲရှိပါတယ်... ဘလော့တစ်ခုရဲ့ အရည်အသွေး တကယ်ကောင်းတယ်ဆိုရင် သူ့အလိုလို လူသိများလာပါလိမ့်မယ်... သူ့အလိုလို ကွဲပြားသွားပါလိမ့်မယ်... စာဖတ်တဲ့သူပိုများလာပါလိမ့်မယ်... အဲဒါကို Personal ရေးလို့ ကြွားလိုက်တာ... ဘာညာလိုက်ပြီး ကွန်မန့်နေတာတွေဟာ... အမှန်တော့ ကွန်မန့်လို့ ယူဆလို့မရပါဘူး... ဆိုလိုချင်တာ ရှင်းရှင်းလေးပါ... ကိုယ်နဲ့မဆိုင်ဘူး... ကိုယ့်အတွက် အသုံးမဝင်ဘူးထင်ရင် ဆက်ဖတ်နေစရာတောင်မလိုပါဘူး... အချိန်ကုန်ပါတယ်... ဒါမှမဟုတ် ထိုသူများက အချိန်တွေပိုနေလို့ သူများတွေကို လိုက်တိုက်ခိုက်နေရတာ ကျေနပ်နေလို့ဆိုရင်တော့ ကျမဘာမှ မပြောလိုပါဘူး... ဒါပေမဲ့ အဲဒိလို ကွန်မန့်တွေကိုလဲ ကျမတို့ မျက်လုံးထဲလုံးဝထားမှာ မဟုတ်ဘူးဆိုတာကိုတော့ သိစေချင်ပါတယ်... ဒီတစ်လအတွင်း တစ်ခါတစ်ခါ စဉ်းစားမိတယ်... ကျမရဲ့ ခရီးသွားပိုစ့်နဲ့ ပတ်သတ်ပြီး ပေးသွားတဲ့ တချို့ကွန်မန့်လေးတွေအကြောင်းပေါ့... တချို့တွေကလဲ ကောင်းတယ် ဆက်ရေးပါ... ကျေးဇူးတင်ပါတယ်... တချို့တွေကတော့ ဒစ်စနေလမ်း Promotion လားတဲ့... ကြွားလိုက်တာတဲ့... သူတို့ပေးခဲ့တဲ့ ကွန်မန့်တွေကြောင့် တစ်ခုတည်းနဲ့တော့ ဘလော့မရေးဖြစ်တာ မဟုတ်ပေမဲ့... ဒီအတောအတွင်းမှာတော့ ကိုယ့်ပိုစ့်ကို အကြိမ်ကြိမ်ပြန်သုံးသပ်မိပါတယ်... ဘာကြောင့်ဒီလိုပြောတာလဲ... ငါပြင်သင့်လား... ဘယ်လိုပဲ စဉ်းစား စဉ်းစား အဖြေက အမြဲ ၁ခုပဲထွက်ပါတယ်... ကျမရေးတာ ခရီးသွားမှတ်တမ်းပါ... ခရီးသွားဆောင်းပါးရေးနေတာမဟုတ်ပါဘူး... ကျမရဲ့ မှတ်တမ်းဖြစ်တဲ့အတွက် ကျမသွားတဲ့ တောက်လျှောက် ပျော်တာ ဝမ်းသာတာ စိတ်ညစ်တာ ရင်ခုန်တာ အကုန်လုံးကို ကျမ အမှတ်တရနဲ့ ရေးမှတ်ထားချင်တာပါ... ဒီခရီးသွားမှတ်တမ်းကိုရေးတာ အမှန်တော့ သူများအတွက်ထက် ကျမအတွက်ကို ကျမရေးတာဆို ပိုမှန်ပါမယ်... နောက်ဆုံး ကျမရေးတဲ့ ဂျပန်ခရီးစဉ် Day 4 ကိုရေးတုန်းက ကျမအဲဒိနေ့က အဖြစ်အပျက်တွေကို မေ့လုမေ့ခင်ဖြစ်နေလို့ ရိုက်လာတဲ့ ဗွီဒီယိုတွေပြန်ကြည့်ရပါတယ်... အဲဒိမှာ ကျမစဉ်းစားမိတာက ကျမရဲ့ ခံစားချက်လေးတွေကို မေ့သွားမှာကိုပါ... အဲဒိအတွက် ကျမ အသေးစိတ်မှတ်တမ်းတင်ထားချင်တဲ့ စိတ်ကလေးဖြစ်ပေါ်ခဲ့ပါတယ်... အဲဒိအတွက် ကျမ အသေးစိတ်ရေးခဲ့မိပါတယ်... ဒါကို စာဖတ်သူအနေနဲ့ ကြွားတယ်လို့ ခံစားသွားရသလား... ဒီလိုဆိုတော့ကာ... ဘာလို့ တခြားလူတွေက ကြွားတယ်လို့မခံစားရပဲ ထိုသူတစ်ယောက်တည်းကသာ ကြွားတယ်လို့ခံစားရတာလဲ... ရှင်းပါတယ်... ကိုမင်းထက်ရဲ့ပိုစ့်ထဲကလို ဣဿာ မစ္ဆရိယ စိတ်ဖြစ်လို့သာ ဖတ်နေရင်း မုဒိတာမပွားနိုင်ပဲ ယခုလို ခံစားသွားရတယ်လို့ ကျမကတော့ယူဆပါတယ်... အဲဒိအတွက် တစ်ခုတော့ အကြံပေးချင်ပါတယ်... ကျမရဲ့ပိုစ့်တွေထဲက ကိုယ့်အတွက် လိုမယ်ထင်တာကိုပဲ ရွေးဖတ်ပါ... မလိုဘူးထင်ရင်ပဲဖြစ်ဖြစ်... အလကား ကြွားနေတာပါလို့ ထင်ရင်ပဲဖြစ်ဖြစ် အချိန်မရွေး လိပ်စာပြောင်းရိုက်လိုက်ရနေတာပါပဲ... ကိုယ့်ကိုကိုယ် မညင်းဆဲပါနဲ့... အဲ တစ်ယောက်ကလဲ ဒစ်စနေလမ်းကို အရောင်းမြှင့်တင်နေတာလားတဲ့... ဒစ်စနေလမ်းကို ရောက်ဖူးတဲ့သူတိုင်း အဲဒိထဲက စက်တစ်ခုကို စီးရဖို့ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းရတာ အသိပါ... ဒီတော့ ကျမအတွက် အထူးတလည် အရောင်းမြှင့်တင်နေစရာ လိုမလိုကို ထိုသူ မရောက်ဖူးတဲ့အတွက် မည်သို့ မည်ပုံ ပြန်လည်ရှင်းပြရမလဲတော့ မသိပါ... ထို့အတွက် ကျမရဲ့ဘလော့ပေါ်မှာ ရှိတဲ့ ပိုစ့်တွေကို ကျမရဲ့ စာရေးချင်စိတ် Mood ပေါ်မှာ မူတည်ပြီး ကျမကြိုက်သလို ချယ်သပိုင်ခွင့်ရှိပါတယ်... ကျမဟာ စာပေပညာရှင်ကြီးမဟုတ်ပါဘူး... နာမည်ကြီးချင်လို့ စာရေးနေတာလဲမဟုတ်ပါဘူး... စာရေးပြီး ပိုက်ဆံရှာစားနေတာလဲ မဟုတ်ပါဘူး... 

ကျမစိတ်ပျော်ရွှင်မှုအတွက် ကျမဘလော့ကိုရေးနေတာပါ...
 ကျမဘလော့ကစာတွေကို နှစ်သက်လို့ လာဖတ်ကြတဲ့သူတွေရှိရင် ကျမပျော်တယ်... ကွန်မန့်လေးတွေပေးသွားရင် ကျေနပ်တယ်... ကျမတွေ့ကြုံခဲ့ရတာတွေကို ဝေမျှရာမှာ တခြားသူတွေအတွက် အသုံးဝင်သွားမယ်ဆိုရင် ကြည်နူးတယ်... ဒါပေမဲ့ ကျမဘလော့ရေးတဲ့ရည်ရွယ်ချက်အတိုင်းပဲ ဆက်လက်ရေးနေမှာပါပဲ... ကျမကို အားပေးနေတဲ့ မိသားစု၊ သူငယ်ချင်းနဲ့ စာဖတ်ပရိတ်သတ်တွေအတွက်လဲ ဆက်ရေးနေအုံးမှာပါပဲ... ကျမ ဘလော့ပေါ်က ခရီးသွားအချက်အလက်တွေဟာ ကျမတွေ့ကြုံခဲ့တာတွေပဲဖြစ်တဲ့အတွက် လူတိုင်း ဒီလိုတွေ့ကြုံလိမ့်မယ်လို့လဲ မဆိုလိုပါဘူး... ဒါပေမဲ့ ဒီအချက်အလက်တွေက ကျမအတွေ့အကြုံပေါ်မူတည်ပြီး အမှန်တွေပါပဲ... ကျမရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သတ်တဲ့အရာတွေကတော့ မှန်တာတွေလဲပါချင်ပါမယ်... ကိုယ့်ဘာသာကိုယ် ဖတ်ကောင်းအောင် လုပ်ကြံရေးတာတွေလဲ ပါချင်ပါမယ်... ကျမဘာသာ ကျမ Character တွေဖန်တီးချင်ဖန်တီးမယ်... ကျမဘာသာကျမ ပေးချင်တဲ့ နာမည်ပေးမယ်... အဲဒိအတွက် မည်သူ့ကိုမှ မထိခိုက်ဖူးလို့လဲထင်ပါတယ်... ဒီတော့ ကျမအကြောင်းရေးတာတွေကို ဒါတွေဟာ ကျမအကြောင်းအမှန် ဟုတ်မဟုတ်ဆိုတာကတော့ ချင့်ယုံကြပေါ့နော်... ထပ်မှာချင်ပါတယ်... ဘလော့ဆိုတာ လူတိုင်းဖွင့်လို့ရတဲ့ Free Account ပါ... ဘလော့ဂါတွေမှာ သူတို့သိသလောက်နဲ့ ရေးချင်တာရေးမယ်ဆိုလဲ ရေးလို့ရပါတယ်... အဲ... သတင်းအချက်အလက်မှန်မမှန်ဆိုတာကိုတော့ ကိုယ့်အသိ ကိုယ့်ဦးနှောက်နဲ့ ချင့်ယုံကြပါလို့.... 
P.S ဒီပိုစ့်နဲ့ ပတ်သတ်ပြီး Haters တွေရှိလာခဲ့မယ်ဆိုရင်ပဲဖြစ်ဖြစ်... ယခုပိုစ့်အောက်မှာ Negative Comments တွေ Personal Attack တွေရှိလာခဲ့မယ်ဆိုရင်ပဲဖြစ်ဖြစ်... လုံးဝ လုံးဝ စိတ်ထဲထားမှာ မဟုတ်တဲ့အပြင်... ထိုသူများကို မဗေဒါမှ အမာခံစာဖတ်ပရိတ်သတ်တဖြစ်လဲ ကျေးဇူးတင်ရှိနေမည်ဖြစ်ကြောင်း...

23 comments :

ေ၀ဖန္သူ said...

ဖတ်တဲ့လူ တွေက လည်း ဖတ်ချင်တာဖတ်ပြီး ဝေဖန်ချင်တာ ဝေဖန်မှာပါ...မကောင်းတာကိုတော့ မကောင်းဘူး ပြောမှာပဲ...မကြိုက်လဲ မတတ်နိုင်ဘူး... ဒေါ်ဘေဓာ

သူကြီးမင်း (တုံးဖလား) said...

မဗေဒါ....
အလာနောက်ကျသွားတယ်။ ဒုတိယပေါ့။
ပျောက်သွားတာ အတော်ကြာတယ်။ ခရီးအတော်ပေါက်ခဲ့ပုံရတယ်။

ကိုယ်စိတ်နှစ်ဖြာ အေးမြပါစေ။

မေလေး said...

မဗေဒါ
မမဘလော့ကို မေလေး ဖတ်နေကျပါ။ သင်္ကြန်ပုံရိပ်လေးတွေ ခရီးသွားမှတ်တမ်းတွေ အကုန်ကြိုက်ပါတယ်။ တခါမှတော့ ခြေရာမချန်ဖြစ်ပါဘူး။
မေလေးကိုယ်တိုင် အခုတလော အဲလို အတိုက်အခိုက်ခံနေရတာပါ။

ဒါပေမဲ့ ကိုယ်ယုံကြည်ရာလမ်းကို ရဲရဲကြီးဆက်လျှောက်နေမှာပါ။
မမလဲ ကျားးးးယို

မေကဆုန် said...

မဗေဒါရေ

မမ ပို့စ်အသစ်တင်တိုင်းလာဖတ်ဖြစ်ပါတယ်.. အထူးသဖြင့် ရုပ်ရှင်နဲ့ ခရီးသွားတဲ့ အကြောင်းလေးတွေပေါ့..
မရောက်ဘူးတဲ့ဒေသအကြောင်းလေးတွေ သိရတော့ ကိုယ်ရောက်နေသလို ခံစားရတယ်လေ..
ဆက်ရေးပါနော်.. အားပေးလျှက် ပို့စ်တွေကို အမြဲမျှော်နေပါတယ်

မီးမီးချစ် said...

ဝေဖန်တာတွေစိတ်ထဲ မထားပါနဲ့ .. မဗေဒါ ကို သရဲကြောက်တာ ရယ် 711 မှာ အလုပ်လုပ် တဲ့ အကြောင်းလေး တွေ ရေးထဲ က သဘောကျခဲ့တာ..

ရွက်လွင့်ခြင်း said...

မဗေဓါရေ........
ပျောက်ချက်က ကောင်းလိုက်တာ
တော်တော် နေနိုင်တယ်နော်
ဒီ hater တွေနဲ့  ပတ်သက်လို့  ဒီလောက် feel မထားပါနဲ့ 
ကိုယ်မှန်တယ်ထင်ရင် ဆက်လျှောက်ပေါ့
အချိန်က အဖြေပေးပါလိမ့်မယ်
လီကွမ်ယု ရဲ့ ပထမ ကမ္ဘာမှ တတိယ ကမ္ဘာသို့  ဆိုတဲ့ စာအုပ်ဖတ်ကြည့်ပါ
သူတက်လာကာစ က ပြည်သူတွေကို တော်တော်လေး တင်းကျပ်ခဲ့တော့ တော်တော်များများ မုန်းကြတယ်
ဟော........အခုတော့
လေးစားကုန်ကြပြီ
carry on !!!

ဏီ(န်)ကင်း said...

အင်း..HatersတွေNegativeCommentsတွေအဖြစ်တော့မတွေးဖူးပါဘူး။ကျွန်တော်ဆိုရင်လဲအမလိုပဲ။ကိုယ့်ကိုစိတ်ဝင်စားမှုတစုံတရာပေးနိုင်ရင်ဆက်ဖတ်တယ်။ ကြိုက်ရင်ကော်မန့်ပေးတယ်။ဒါကလည်းကော်မန့်ပေးဖို့သင့်မယ်ထင်မှပေးတယ်ဗျာ။ ပို့စ်တိုင်းကိုလိုက်ပြီးကော်မန့်ပေးလေ့မရှိပါဘူး။အမဆိုလိုချက်ကိုနားလည်တယ်။ လက်လဲလက်ခံပါတယ်။ စကားမစပ်ခရီးသွားပို့စ်လေးတွေကိုကြွားတယ်မထင်ပါဘူး။ဗဟုသုတရပါတယ်။

မိုးခါး said...

:)
အမပြောတာဟုတ်တယ် .. ထောက်ခံတယ် .. ကိုယ့်ဦးတည်ချက် ပျောက်မသွားဖို့သာ အဓိကပါ .. အမြဲအားပေးနေပါတယ် .. စာတွေဆက်ဖတ်ဖို့ စောင့်နေပါတယ် မဗေဒါရေ ..

SZA said...

မဗေဒါ blog တော့ ဆက်ရေးပါ.. အားပေးနေပါ့မယ်.. နာမည်ကြီးလာရင် haters တွေပေါလာတယ်ပဲယူဆပါမယ်.. မနာလိုတိုရှည်ပေါ့..
မကောင်းဘူး မကြိုက်ဘူးထင်လဲ ဘာလို့အချိန်ပေးပြီး လာဖတ်နေလဲမသိဘူး..blog မှာ ဖတ်ပဲဖတ်ပြီး တော်ရုံနဲ့ ကွန်မန့်တွေမပေးဖြစ်ပါဘူး..မဗေဒါဆက်မရေးဖြစ်တော့ဘူး ဆုံးဖြတ်ရင်တော့ စိတ်မကောင်းပါဘူး..

Anonymous said...

မျက်နှာမြင် ဖနောင့်နဲ့  ပေါက်ချင်တဲ့ မျက်နှာပိုင်ရှင်မို့  ထင်ပါတယ်

မယ့်ကိုး said...

ညီမလေးရေ...ဘဝတူတွေပါ။ ညီမလေးစာတွေမှာ အပြင်ကလိုပဲ ပကတိရိုးဖြောင့်မှုတွေ တွေ့နေရပါလျက် စကားတင်းဆိုကြတာကို ညီမလေးကြံ့ကြံ့ခံနိုင်တာ လေးစားပါတယ်။
အစ်မကတော့ ဒီလိုရဲဝံ့ဖို့ အားမွေးလိုက်ဦးမယ်။

Life is for Success said...

bay dar yar,

do not care all on these circumstances . Some of the ppl are like that one. But for me ur post are really make me enjoy also most of readers will feel like that.... Pls make more post, i truely waiting to read..

kyar yo....

Anonymous said...

မဗေဒါခင်ဗျာ
အဓိကကတော့ မဗေဒါရဲ့စိတ်က ရှင်းလင်းနေဖို့ လိုတာပါ။မဗေဒါ့ တကယ်စိတ်က ကြွားချင်လို့ ရေးတာဆိုရင်တော့ ကြွားလိုက်တာလို့ ပြောတဲ့သူမှာ အပြစ်မရှိပါဘူး။ သိစေချင်လို့၊ ဗဟုသုတရစေချင်လို့၊ မှတ်တမ်းလေးရေးပေးတာ ဆိုရင်တော့ negative feedback ပေးသူသာလျှင်အမှားပါ။ မဗေဒါ ဘယ်လို စိတ်နဲ့ရေးတာလဲ ....ကိုယ့်ဟာကို စီစစ်ပါ။ ကိုယ်ကသာကောင်းနေရင် ဘာတွေလာ ပြောပြော ဂရုစိုက်မနေပါနဲ့ဗျာ။ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါ။ ကျနော်ကတော့ မဗေဒါကို ယုံကြည်တယ်။ အားပေးနေပါတယ်။ အသစ်တွေကို မျှော်နေပါတယ်ဗျာ။

Vista said...

ရေးမှာသာရေးစမ်းဘာ ..
ငါ ဘလော့ဖတ်ဖြစ်လာတာ မဗေဒါ လင့်ကို သူငယ်ချင်းတယောက်ကပေးရာကစတာ
" ကိုရီးယားခရီးသွားမှတ်တမ်း" ပေါ့
အဲတုံးက ခြေရာချန်ရမှန်းမသိသေးလို့ 
ဗေဗေက အသစ်မတင်တော့တာကြာပေါ့

မီးလေး said...

မမရေ ဂရုစိုက်မနေပါနဲ့... မမ ဘလော့ဂ်ဆက်ရေးပါနော်... သူတို့လဲ သူတို့လမ်း သူတို့ သွားလိမ့်မယ်...

Anonymous said...

ဗေဒါပြန်အံကိုခဲဆို------ဘယ်လိုဖြစ်ရတာလဲဗျာ

mabaydar said...

ဘာဖြစ်လို့လဲဟင်... ဘာမှ မဖြစ်ပါဘူး... :)

Anonymous said...

ကိုကြီးကblog တွေကိုလိုက်ဖတ်တဲ့သူတစ်ယောက်ပါ။မဗေဒါပြောတဲ့ haters တော့မဟုတ်ပါဘူး။မန့်လဲမမန့်ဘူးပါဘူး။ခရီးသွားမှက်တမ်းတွေလဲအများကြီးဖတ်ဘူးပါတယ်။မဗေဒါရဲ့post ကိုဖတ်ပြီးမှ မန့်ချင်စိတ်ပေါ်လာလို့မန့်လိုက်တာပါ။ (မဗေဒါရဲ့တင်ပြပုံနဲ့ဆိုင်မယ်ထင်ပါတယ်)။မဗေဒါရဲ့တစ်ခြားpost တွေကိုကြိုက်ပါတယ်။(ခရီးသွားမှက်တမ်းကလွဲလို့:P) ။ဘာပဲဖြစ်ဖြစ်ဆက်လက်အားပေးနေပါ့မယ်။

မဆုမွန် said...

မဗေဒါလေးရေ ကိုယ်ချင်းစာတယ် မဆုမွန်လဲ အဲ့လိုပဲ ထိုင်းရောက်မှ အာကျယ်နေတယ် ဘာညာကွိကွနဲ့ လာပြောသွားတယ် အချစ်အကြောင်းပို့စ်ရေးမိမှကွယ် ဟိဟိ

ShwunMi- said...

ရောက်လာပေမယ့် ခြေရာမချန်ဖြစ်ခဲ့တာ များတယ် မဗေဒါ..
ဘလော့နဲ့ ပတ်သက်ပြီး စိတ်ညစ်နေတုန်း သူငယ်ချင်းက မဗေဒါ ပို့စ်ကိုညွှန်းလို့ ထပ်ရောက်လာတာပါ..
ခုတလော negative feedback ပေးတဲ့သူတွေ သိပ်များနေသလိုပဲနော်..
ဘာပဲဖြစ်ဖြစ် မဗေဒါရဲ့ attitude နဲ့ ရေးထားတာလေးကို သဘောကျတယ်..
ဆိုတဲ့အပိုင်းကို အနှစ်သက်ဆုံးပါပဲ..

ကိုသက် said...

မဇေဒါ
ဘယ်သူတွေ ဘာပြောပြော အားပေးနေပါတယ်
ျနိုင်ငံတကာ အတွေ့အကြုံကို ရေးနိုင်နေတာကိုက လေးစားစရာပါ

Anonymous said...

it is better for you to write a diary for your documentey instead of uploading.

mabaydar said...

Anonymous,

Appreciate ur comment... But there are many others readers requesting me to write about my travel posts coz they could gather information about traveling to that place. What's do and don't. What not to miss and What not to do.

So I think my travel posts are useful to quite a numbers of people.

But I will keep that in mind that I must improve my writing skills and the way I portray my trips.

So If u think my post are not useful for you, u can skip anytime. Whether to write a diary or blog is my choice.