Sunday, August 30, 2009
ကိုရီးယားခရီးစဉ် Day 2
ဟိုတယ်ကို Morning Call ၆နာရီခွဲပေးဖို့ ကျမတို့ ဂိုက်က ပြောထားပေမဲ့ အဲဒိနေ့က ဘာဖုန်းမှ မမြည်ပါဘူး... ကံကောင်းလို့ ကျမတို့ဘာသာ နာရီသံပတ်ပေးထားလို့ နောက်မကျတာပါ... ဒါတောင် ဟိုတယ်ကဖုန်းမခေါ်သေးတော့ စောသေးတယ်ပဲ မှတ်နေတာပါ... အဖွဲ့တိုင်း အတူတူပါပဲ... ဒါနဲ့ ၇နာရီကျတော့ ဟိုတယ် Lobby မှာ ကတ်သီနဲ့ ဆုံကြတော့ စလုံးအဖွဲ့တွေက ဘယ်အချိန်ထဲက ကွန်ပလိမ်းပြီးနေမှန်းတောင်မသိပါဘူး... ကတ်သီလဲ ဟိုတယ်ကို သွားပြီး ကွန်ပလိမ်းလိုက်ပုံရတယ်... အပြင်သွားဖို့ ကားပေါ်ရောက်နေမှ ဟိုတယ် မန်နေဂျာ(လို့ပြောတာပါပဲ)... အဲဒိလူတစ်ယောက်နဲ့ ကတ်သီနဲ့ ကားပေါ်ကိုလာပြီးတောင်းပန်တယ်...
ဟိုတယ်မန်နေဂျာဆိုတဲ့လူကြီးကလဲ သားသားနားနား လည်ပင်းမှာ ကြောင်လျှာသီးကြီးဆွဲထားပင်မဲ့ ကိုယ်တွေကို တလေးတစား ခါးတွေကုန်းပြီး လာတောင်းပန်တော့ စလုံးတွေရော ကျမတို့ရောက အားတွေနာလို့... ကိုယ်တို့နိုင်ငံမှာ အဲလိုတောင်းပန်တဲ့ ပုံစံမျိုးမှ မရှိတာ... ရုပ်ရှင်ထဲက အတိုင်းပဲ... အဟိ... ပြီးတော့ သူက တောင်းပန်တဲ့အနေနဲ့ ကျမတို့ရဲ့ အခန်းတိုင်းမှာ ရေသန့်ဗူး ၁ဗူးစီ အပိုလက်ဆောင်ပေးပါ့မယ်တဲ့... ကဲ... ဘယ်လောက် ၀န်ဆောင်မှုကောင်းသလဲ...
ဒီလိုနဲ့ စိတ်ရွှင်ရွှင်လန်းလန်းနဲ့ ခရီးစခဲ့ကြတာပေါ့... အစီအစဉ် စာရွက်ထဲမှာ ပါတဲ့အတိုင်း မနက်စာကို Local Korean Restaurant မှာ လိုက်ကျွေးပါတယ်... ဆိုင်လေးက ကိုရီးယား အမြင့်ဆုံး တောင် ဟာလာတောင်နဲ့ နီးပါတယ်... အဲဒိကနေ မြင်နေရတယ်... အဲဒိတောင်ကိုတော့ မတက်တော့ပါဘူးလို့ ကတ်သီက ပြောပါတယ်... အတက် ၄ နာရီ အဆင်း ၄ နာရီကြာတယ်လို့ပြောပါတယ်...
မနက်စာကတော့ ဘူဖေးပါ... ဗွီဒီယိုထဲက ဆိုင်လေးပေါ့... လူအတော်များပါတယ်... ကိုရီးယားတွေလဲ အတော်လာစားကြပါတယ်... သူတို့က မနက်စာကိုလဲ ထမင်းပဲ စားတတ်တော့ ထမင်းဟင်းပိုများပါတယ်... ပေါင်မုန့်တို့ ဆန်ပြုတ်တို့လဲရှိပါတယ်... Seaweed ဆန်ပြုတ်ကတော့ အတော်ကောင်းတယ်လို့ပြောကြပါတယ်... ကျမကတော့ ဆန်ပြုတ်မကြိုက်တော့ မသောက်ဖြစ်ခဲ့ပါဘူး... ပေါင်မုန့်ကလဲ မစားချင်ပြန်ပါဘူး... ဒီတော့ ထမင်းနဲ့ ဟင်းပဲစားရတော့တာပေါ့... ဒါပေမဲ့ ဟင်းတွေကလဲ ချဉ်ဖတ်ပေါင်းမျိုးစုံက များပါတယ်... ဂေါ်ဖီထုပ်ချဉ်ဖတ်၊ မုန်လာဥ ချဉ်ဖတ်၊ သခွားသီးချဉ်ဖတ်၊ ပဲပင်ပေါက် ချဉ်ဖတ် စုံနေတာပဲ... ကျမက ချဉ်ဖတ်လဲ မကြိုက်တော့ အတော် အခက်တွေ့ရပါတယ်... တော်သေးတာက ၀က်သားဟင်းရှိပါတယ်... သူတို့ ကိုရီးယားချက်လေးပါ... ပုံကြည့်တော့ စပ်မလိုလိုနဲ့ တကယ်တန်းကျတော့ ချိုတိုတိုလေးတွေလေ... ပြီးတော့ ကြက်ဥမွှေကြော်လဲရှိတယ်... ချဉ်ဖတ်ကိုတော့ သူတို့နိုင်ငံရောက်တုန်း သူတို့ အစားအစာ မြည်းကြည့်သင့်တယ်ထင်လို့ စားကြည့်တော့... မုန်လာဥ ချဉ်ဖတ်(Kimchi) လေးတော့ စားလို့ရပါတယ်... သခွားသီးချဉ်ဖတ်(Kimchi) လဲ စားလို့ရပါတယ်... သူတို့ရဲ့ အဓိက မုန့်ညင်းလိုလို ဂေါ်ဖီထုပ်လိုလို ချဉ်ဖတ်ကတော့ အနံ့တောင် မခံနိုင်ပါဘူး...
Songsan Sunrise Peak
စားသောက်ပြီးတော့ ဆိုင်အောက်ဆင်းပြီး ဟိုကြည့်ဒီကြည့်လုပ်ဖြစ်ပါသေးတယ်... အနီးအနားမှာ ရေဗ၀ဲဖမ်းဖို့ ကွန်ယက်နေတဲ့ ကိုရီးယားကျေးလက် အဖိုးကြီးတွေကိုတွေ့ပါတယ်... ဒီလိုနဲ့ ခရီးဆက်ဖြစ်ကြပါတယ်... နောက်တစ်နေရာကတော့ Songsan Sunrise Peak ကိုသွားမှာဖြစ်ပါတယ်... နေမပူခင် အမြန်သွားမှ တောင်တက်ရင် သက်သာမှာပါ... အတော်လေး ကားပြန်စီးရပါတယ်... လမ်းမှာ ၁ရေးလောက်တောင်ရပါတယ်... ကျမအထင် ၂ နာရီလောက်တောင် ပြန်စီးရတယ်ထင်ပါတယ် (မသေချာပါ)...
တောင်အောက်ကိုရောက်တော့ ဂိုက်က တောင်ပေါ်ကို တက်ချင်ရင် အသွားအပြန်ကို နာရီဝက်လား ၄၅ မိနစ်လားမသိဘူးပေးပါတယ်... ကတ်သီက ပြောပါတယ် ဒေါက်ဖိနပ်နဲ့ ဖြစ်ရဲ့လားတဲ့... မရနိုင်လောက်ဘူးလို့ ပြောပါတယ်... မနက်က ဟိုတယ်မှာတည်းက သူပြောပါတယ်... ဒီနေ့ သွားရမယ့်နေရာတွေက ပင်ပန်းမယ်တဲ့ ဒေါက်ဖိနပ်နဲ့ ဖြစ်ရဲ့လားတဲ့... ဒါပေမဲ့လဲ လည်ရှည်ဖိနပ်ဆိုတာကလဲ စကာင်္ပူမှာ ၀တ်ဖို့ အခွင့်အရေးမရှိတဲ့ ဖိနပ်လေ... ဒီနေ့သွားမယ့်နေရာများတော့ ဓာတ်ပုံရိုက်လို့ကောင်းအောင် အဲဒိ ဖိနပ်လေးဝတ်လာတာပေါ့... ဂိုက်က တောင်ပေါ်မတက်ရင်လဲ မတက်ဖို့ပြောပါတယ်... ကျမကတော့ ရောက်နေမှတော့ တက်ကြည့်ချင်ပါတယ်... နောက်မှ နောင်တမရချင်ပါဘူး... ဂိုက်စိုးရိမ်တာက အချိန်မှီပြန်မရောက်မှာကိုပါ... ကျမလဲ ရတယ်... တက်မယ်ဆိုပြီး တက်ဖြစ်ခဲ့ပါတယ်... ကားပေါ်က လူကြီးတွေ မဗေဒါ့ မေမေအပါအ၀င်ကတော့ မတက်ကြပါဘူး... အစကတော့ ကလေးအမေတို့ သားအမိတွေ လိုက်တက်လာပါသေးတယ်... ၃ပုံ၁ပုံလောက်ရောက်တော့ သူတို့ နောက်ကြောင်းပြန်လှည့်သွားပါတယ်... ကျမတို့ သူငယ်ချင်း ၂ယောက်ရယ်... နုထွားတို့အတွဲရယ်ပဲ ဆက်တက်ဖြစ်ပါတယ်...
အနည်းငယ်ကြာတော့ နုထွားတို့အတွဲလဲ ပြတ်ကျန်ခဲ့ပါတယ်... စကာင်္ပူမှာ တောတောင်သိပ်မရှိတော့ ဒီလောက်တောင်ကို သိပ်မတက်နိုင်ကြဘူးထင်ပါတယ်... အဲဒိတောင်က လှေကားမတ်မတ်တွေပါ... ပုပ္ပါးတောင်လှေကားတွေလောက်တော့ မမတ်ပါဘူး... ကျိုက်ထီးရိုးက ဖိုးပြန်တောင်လောက်တောင် မပင်ပန်းပါဘူး... လူနဲနဲရှုပ်တာကလွဲလို့ ကျန်တာ တက်ရတာ မပင်ပန်းပါဘူး... ကျမက ဓာတ်ပုံရိုက်လိုက်... ဗွီဒီယိုကင်မရာ ရိုက်ရင်းတက်တော့ နဲနဲလေး ပိုပင်ပန်းတာပဲရှိပါတယ်... ထိပ်နားနဲနဲရောက်လာတော့ ခြေထောက်က နာချင်လာပါတယ်... ဒါပေမဲ့လဲ မပြောပလောက်ပါဘူး... ခံနိုင်ပါတယ်... ဂျပန်က ဒစ်စနေလမ်းတုန်းကလောက် အထိမခံနိုင်တဲ့အထိ မနာပါဘူး... အေးဆေးပါပဲ... ဒါပေမဲ့ ဒေါက်ဖိနပ်နဲ့ တောင်တက် နေတဲ့အထဲ ကိုယ့်ကိုကိုယ်လဲ ကင်မရာပြန်ရိုက်နေတော့ လူတော့ အကြည့်ခံရပါတယ်... (ရှက်လိုက်တဲ့ဖြစ်ခြင်း... ကိုယ့်ဝါသနာဆိုတော့လဲ မတတ်နိုင်ဘူး... ဒါတောင် အိုက်တင်လွှတ်မလုပ်ရဲဘူး... ဟဲ.. ဟဲ..)
အပေါ်ရောက်လာလေ လေကအေးလာလေပါပဲ... အောက်က တိုက်အိမ်လေးတွေကို သေးသေးလေးပဲမြင်ရပါတယ်... ရေကန်ကြီးတွေ... မြက်ခင်းစိမ်းတွေ အတော်လေး စိတ်ကြည်နူးစရာကောင်းပါတယ်... တောင်ထိပ်ကိုရောက်တော့ ကိုရီယား ကျောင်းသားလေးတွေ လေ့လာရေးခရီးထွက်လာကြတယ်ထင်ပါတယ်... တပြုံလိုက်ကြီး လမ်းပိတ်ပြီး ဓာတ်ပုံရိုက်နေကြသေးတယ်... ကျမတို့လဲ လေတ၀ကြီးရှု... ဓာတ်ပုံရိုက်... ဟိုကြည့်ဒီကြည့်လုပ်ပြီး ပြန်ဆင်းပါတော့တယ်... ကျမတို့ ပြန်ဆင်းတော့မှ နုထွားအတွဲ တောင်ထိပ်ကို ရောက်လာတာနဲ့ ဆုံလိုက်ပါတယ်... အစက သူတို့လဲ တပ်ခေါက်သွားပြီထင်ပြီး... ကျမတို့ ၂ယောက်ကို တစ်ကားလုံး စောင့်နေရမှာ စိုးနေတာ... ခုတော့ သူတို့ ၂ယောက်ခုမှ လာတာတွေ့တော့ အတော်လေး စိတ်အေးသွားပါတယ်... သိပ်လောစရာမလိုတော့ပါဘူး... အေးဆေးဆင်းပြီး တောင်ခြေရောက်တော့ ဟိုဘက် ဒီဘက်လျှောက်ကြည့်နေလိုက်ပါသေးတယ်... ဟိုးဘက်တောင်အောက်မှာ Speed Boat စီးလို့ရပါတယ်... အချိန်မရှိတာရော အတော်လေး လှမ်းနေတာရောကြောင့် မြင်သာမြင်ပြီး မကြင်ခဲ့ရပါဘူး... ဗွီဒီယိုလေးနဲ့ပဲ လှမ်းရိုက်ဖြစ်ခဲ့ပါတယ်...
ကျမတို့ ၂ယောက် တောင်ခြေမှာ အလေလိုက်တာ နဲနဲကြာသွားတယ်ထင်တယ်... ကားဆီပြန်ရောက်ပြီး အိမ်သာခဏ၀င်နေတုန်းရှိသေးတယ်... အိမ်သာကထွက်တော့ ကတ်သီ ကမန်းကတန်းလိုက်ရှာပြီးခေါ်တာတွေ့ပါတယ်... ဟိုနုထွားအတွဲက ကျမတို့ အိမ်သာဝင်နေတဲ့အချိန်ပြန်ရောက်လာလို့ပါ... နောက်ကျနေပြီးဆိုပြီး ဂိုက်က လိုက်လောနေတော့တာပါပဲ... တိုးနဲ့ သွားရခြင်းရဲ့ မကောင်းတဲ့အချက်က အဲဒါပါပဲ... ကိုယ့်စိတ်ကိုယ့်ကိုယ် မရှိရဘူးလေ... ဒါပေမဲ့ သူတို့ကိုလဲ နားလည်ပါတယ်... သူတို့သာ မလောရင်လဲ ပေးထားတဲ့ အချိန်စာရင်းအတိုင်း နေရာစုံဘယ်ရောက်ပါတော့မလဲ...
Seop Ji Ko Ji Coast (All In Drama Place)
နောက်ထပ် ၄၅မိနစ် ၁နာရီလောက် ကားထပ်စီးပြီးတော့ ALL IN ရုပ်ရှင်ကားထဲမှာ အွန်စော(ဆောင်းဟေကို) နေတဲ့ Church ရှိတဲ့ ကမ်းပါးကိုရောက်ပါတယ်... အဲဒိနေရာကို ရုပ်ရှင်ထဲမှာထဲက အတော်လှတယ်ဆိုတာ သိပါတယ်... အရမ်းကိုလဲ သွားချင်ခဲ့ပါတယ်... လေကလဲ အတော်တိုက်ပါတယ်... ဂိုက် ပြောပုံအရ ဒီနေရာက ဘာမှ ထွေထွေထူးထူးမရှိပါဘူးတဲ့... မီးပြတိုက် (Light House) ရှိတယ်... ဘုရားကျောင်းရှိတယ်... ရှုခင်းလှတယ်... အဲဒါပါပဲတဲ့... ဒါပေမဲ့ ရှုခင်းလှတာ တစ်ခုတည်းနဲ့တင် ကျမကို ဆွဲဆောင်နိုင်နေပါပြီ... ရုပ်ရှင်ထဲက နေရာမို့လို့လဲနာမည်ကြီးတာပါ... ဂိုက်ပြောပုံအရ အဲဒိနေရာက All In ရုပ်ရှင်ကားမရိုက်ခင်က လူသိပ်မသိပါဘူးတဲ့... အဲဒိ ရုပ်ရှင်ရိုက်ပြီးမှ နာမည်ကြီးပြီး Tourist Attraction နေရာဖြစ်လာတာတဲ့... ကဲ သူများနိုင်ငံတွေများ အနုပညာ ထွန်းကားတော့ တခြား စီးပွားရေးဖြစ်တဲ့ Tourism လုပ်ငန်းပါ မြင့်တက်လာတာလေ... ဘယ်လောက် အားကျဖို့ကောင်းလဲ... လူတွေက ဒီဇာတ်လမ်းတွေကို ဘယ်လောက်ရူးသွပ်ကြသလဲဆိုတာလေ... အတုယူစရာပဲ...
တကယ်တမ်းကျတော့ Church ကလဲ အစစ်မဟုတ်ဘူးထင်ပါတယ်... ဂိတ်ပေါက်မှာ ၀င်ကြေးကောက်တယ်... ဟဲ.. ဟဲ... မဗေဒါတော့ မ၀င်ခဲ့ဘူး... သေးသေးလေး... အထဲမှာလဲ ဘာမှရှိမှာမဟုတ်ဘူး... ရှုခင်းတွေတ၀ကြည့်... ဗွီဒီယိုရိုက်... ဓာတ်ပုံရိုက်လို့ဝတော့ ဘေးက လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်ကို ၀င်ကြည့်ပြီး လိမ္မော်သီးကို ခေါက်မုန့်ပုံစံမျိုးလုပ်ထားတဲ မုန့်တစ်ထုပ် ထူးဆန်းလို့ဝယ်တယ်... နောက်တော့ ကိုရီးယားက ခရမ်းဆွဲပေါတယ်လေ... ခရမ်းဆွဲ နားကပ်လေးတစ်ရံလှလို့ ၀ယ်ဖြစ်တယ်... ကိုယ့်စိတ်နဲ့ ကိုယ် တစ်ယောက်ထဲသွားရင်တော့ ကပ်စီးနဲပြီး ၀ယ်ဖြစ်မှာ မဟုတ်ဘူး... ခုတော့ ဘေးမှာ မေမေပါနေတော့ မေမေက မဆိုးပါဘူး လှတယ်... တန်တယ်ပြောတာနဲ့ ၀ယ်ဖြစ်လိုက်တာ... ၀ယ်ပြီးတော့လဲ ပျော်ပါတယ်...
အဲဒိနေရာကနေပြီးတော့ အတော်လေးကားပြန်စီးရပြန်ရော... နေ့လည် ၁၂နာရီကျော်လို့ ၁ နာရီတောင် ထိုးခါနီးပြီထင်တာပဲ... နေ့လည်စာစားဖို့နေရာကို သွားဖြစ်ပါတယ်... အဲဒိနေရာက အစီအစဉ်စာရွက်ထဲမှာပါတဲ့ Korea Folk Village နဲ့ နီးပါတယ်... ဒါကြောင့်လဲ ဂိုက်က အဲဒိနေရာကို စီစဉ်ထားတာပါ... အဲဒိနေ့က နေ့လည်စာကတော့ ကိုရီးယားခရီးစဉ်မှာ ကျမ အကြိုက်ဆုံးထဲမှာ ဒုတိယလိုက်ပါတယ်... အတော်လည်း စားဖြစ်ခဲ့ပါတယ်... သူတို့ ရုပ်ရှင်ထဲမှာ စားနေကျလိုမျိုးပါ... ၀က်သား အစပ်အဟပ်နယ်ပြီးသားကို ဒယ်အိုးထဲထည့်ထားပြီး စားသူက မီးဖွင့် ကြော်ပြီး အရွက်တွေနဲ့ အားရပါးရစားရတာပါ... ကိုရီယားကားတွေထဲမှာ သူတို့ဘယ်လိုစားလဲဆိုတာမြင်ဖူးတော့ လိုက်လုပ်ကြည့်ချင်စိတ်ဖြစ်ပါတယ်... ဒီတိုင်း ထမင်းသပ်သပ် အသားသပ်သပ်မစားပဲ... ဆလပ်ရွက်ထဲ ၀က်သားတွေ ကြည်သွန်ဖြူတွေထည့်... အစာပလာပေါင်းစုံထည့်ပြီး အကုန်လုံးပါးစပ်ထဲသွင်းလိုက်တာပါ... အဲလိုလိုက်စားကြည့်တော့ အတော် စားကောင်းသဗျ... သူတို့ ရိုးရာ အစားအစာကို သူတို့လိုလိုက်စားတာ တကယ်အရသာရှိမှရှိ... တခြားလူအမြင်တော့ နဲနဲရုပ်ဆိုးမလားမသိ... ဒါပေမဲ့ အဲဒိမှာ လူတိုင်းအဲလိုပဲ စားနေကြတာပါ... ကိုရီးယားတွေက အဲလိုစားနေတော့ ကျမတို့အဖွဲ့က ကျမတို့နဲ့ ထမင်းအတူထိုင်စားတဲ့ အတွဲ ၂တွဲပါ အဲလိုလိုက်စားပါတယ်... အဖွားကြီးတွေကတော့ ကျောပေးထိုင်နေလို့ မမြင်ပါဘူး...
မဗေဒါ့မေမေက ၀က်သားမစားတော့ အတော်လေးတော့ အခက်တွေ့ရပါတယ်... ဒါပေမဲ့ ကိုရီးယားမှာက ဘေးထွက်ဟင်း (side dish)တွေက အတော်များတယ်လေ... ချဉ်ဖတ်မျိုးစုံတို့... ရေညှိတို့ပေါ့... Seaweed soup လဲပေးပါတယ်... ကျမကတော့ မကြိုက်လို့ မသောက်ဖြစ်ပါဘူး... (စကားချပ်-ကိုရီးယားကားတွေကြည့်ပြီး သိလာတာလေးကတော့ Seaweed soup ကို မွေးနေ့ရောက်ရင် မွေးနေ့ပိုင်ရှင်ကို တိုက်ကြပါတယ်... သူတို့ထုံးစံပါ... သာမာန်အချိန်လဲ စားချင်စားမှာပေါ့နော်... ဒါပေမဲ့ မွေးနေ့ရှင်ဆိုရင်တော့ မှတ်မှတ်ရရ ချက်ကျွေးတတ်ကြပါတယ်...)
တော်သေးတာက ကိုရီးယားက ထမင်းဆိုင်တွေက စကာင်္ပူကလို အပြင်စာမစားရလို့တော့ ကန့်သတ်မထားပါဘူး... ဒီတော့ အကြောင်းသိလို့ အိမ်ကယူလာတဲ့ ပုဇွန်ခြောက်ကြော်လေးနဲ့ ဆိုင်က ဘေးထွက်ဟင်းနဲ့ပဲ မေမေက ၂ပါးသွားရပါတယ်... အပြင်စာစားလို့လဲ ဆိုင်ရှင်လာပြောလို့မရဘူးထင်ပါတယ်... ဘာလို့လဲဆိုတော့ ကျမတို့ ဂိုက်က ၁၉ ယောက်လုံးဖိုးရှင်းပြီးနေမှတော့ စားစားမစားစား ဆိုင်ကို မထိခိုက်ဖူးဖြစ်မယ်ထင်ပါတယ်...
ကိုရီးယားကို သွားမယ်ဆိုရင်တော့ ၀က်သားမစားတဲ့သူ အတော်လေး ဒုက္ခရောက်မယ်ထင်ပါတယ်... Tourist တွေအတွက် သူတို့ပြင်ဆင်ပေးတာက ၀က်သားများပါတယ်... ၀က်မစားလို့ အရွက်ကြော်တို့ဘာတို့ စီစဉ်ပေးလဲ မဆွံပါဘူး... အဲဒိအကြောင်းနောက်မှပဲ ပြောပါအုံးမယ်...
စားနေတုံးတော့ ဖေဖေသာပါရင်ဆိုပြီး အတော်သတိရပါတယ်... ဖေဖေနဲ့သာဆို ကိုရီးယားက ကိုက်မှာ ချဉ်ဖတ်လဲကြိုက်တယ်... ၀က်သားလဲကြိုက်တယ်... နောက်တစ်ခေါက် မိသားစုထပ်လာချင်ပါသေးတယ်... တစ်ယောက်ကျန် တစ်ယောက်ကျန်ဆို စိတ်ထဲ အပြည့်အ၀မပျော်ဘူး...
စားသောက်ပြီး ဆိုင်ပြင်ထွက် အမှတ်တရ ဆိုင်းဘုတ်လေးနဲ့ ဓာတ်ပုံရိုက်ပြီးတော့ ဆိုင်ရှေ့မှာ လှည်းလေးနဲ့ အသီးတွေရောင်းနေတာတွေ့ပါတယ်... တော်တော်လေးကြီးပြီး လတ်လတ်ဆတ်ဆတ်ရှိပါတယ်... တိုးဝှေ့ဝယ်နေတဲ့ လူတွေလဲတော်တော်များပါတယ်... ဆိုင်သမားကလဲ ဓားကြီးနဲ့ အခွံပါခွာပေးပါတယ်... ဒါနဲ့ ကျမတို့လဲ တိုးပြီး သစ်တော်သီး အကြီးကြီးတစ်လုံး အချိုတည်းရအောင် ၀ယ်ပါတယ်... ၁ လုံး ၃၀၀၀ ၀မ်ပေးရပါတယ်... စကာင်္ပူ ၄ ကျပ်နီးပါးလောက်ရှိပါတယ်... ကိုယ့်အသီးကို အခွံနွှာပေးဖို့ စောင့်အနေမှာပဲ ဂိုက်ကလာလောပြန်ပါတယ်... ကျမတို့က ပိုက်ဆံပေးပြီးပြီ အခွံနွှာဖို့စောင့်နေတာလို့ပြောတော့ ဂိုက်ရော ကျမတို့ရဲ့ Driver အာဂျီရှီကရော သစ်သီးရောင်းတဲ့သူကို လောပါတော့တယ်...
သစ်သီးရောင်းတဲ့သူက ဗလကောင်းကောင်း လက်မှာလဲ ချွန်ထက်နေတဲ့ဓာကြီးနဲ့... သူတို့ စကားပြောတဲ့ လေသံကလဲ ရုပ်ရှင်ထဲမှာ ကြားဖူးပြီးသားပင်မဲ့... အပြင်မှာကျတော့ နောက်နေတာလား ရန်တွေ့နေတာလား ဝေခွဲရ အတော်ခက်ပါတယ်...
ဂိုက်မိန်းမကလဲ "ပိုက်လိ.... ပိုက်လိ" ဆိုပြီး လောလိုက်တာ... အဲဒါတော့ ကျမသိတယ်.... မြန်မြန်လို့ပြောတာ... အဟီး... ကျမကတော့ ဈေးသည်လက်ထဲက ဓားကြီးကြည့်ပြီးကြောက်နေတာ... တော်သေးတယ် ကျမတို့ အသီးကို အမြန်နွှာပြီး စိပ်ပေးလိုက်လို့... ရတာနဲ့ တချိုးထည်း ကားပေါ်လစ်ပြေးတော့တာ... ဂျဲဂျူးက အသီးတွေကတော့ လတ်တယ်ဝေ့... အရည်ကလဲ ရွှမ်းတယ်... ဒါပေမဲ့ ဈေးကတော့ မချိုပါဘူး... ဒီလိုနဲ့ နောက်တစ်နေရာကို ဆက်ခဲ့ကြတယ်... ဗွီဒီယိုလဲ ဒီလောက်ထိပဲဆိုတော့... ပိုစ့်လဲ ဒီလောက်ပဲပေါ့နော်... To Be Continues...
ဗွီဒီယိုနဲ့ ပတ်သတ်၍...
ခုထက်ထိလဲ တခြား software သုံးရတာ အဆင်မပြေလို့ ကိုယ်ကျွမ်းကျင်တဲ့ WMM ကိုပဲ သုံးဖြစ်တယ်... ဒီဗွီဒီယိုကို ပိုစ့်တင်ချင်လွန်းလို့ အမြန်ပဲ အက်ဒစ်လုပ်ထားတော့ သိပ်တော့ စိတ်တိုင်းမကျလှဘူး... ကိုယ်ဘယ်နေရာတွေ အခြောင်ခိုထားတယ်ဆိုတာ ကိုယ်ပဲသိတယ်... ပြီးတော့ ကိုယ့်ကိုကိုယ်လဲ အားမရဘူး... တခါတလေ တီးလုံးသံကြားရင် မျက်လုံးထဲပေါ်လာတတ်တဲ့ အကွက်မျိုးက တကယ်တမ်းလိုက်လုပ်ဖို့ မလွယ်ဘူး... မတတ်ဘူး... ဒီတော့ ကိုယ့်ကိုကိုယ် တော်တော်လေး အားမရဘူး...
သီချင်းကလဲ ဘာထည့်ရမှန်းမသိဘူး... အင်္ဂလိပ်သီချင်းသုံးတော့လဲ Youtube တို့ Facebook တို့နဲ့ copyright ပြဿနာရှိတယ်... သူတို့က အားလုံးကိုတော့ Delete မလုပ်ပါဘူး... ဟိုဘက် ပိုင်ရှင်ဘက်က Copyright claim လာရင် ဖြတ်ပစ်တယ်... ၁ခါလဲ Warning mail ရပြီးပြီ... ဂျပန်သီချင်းနဲ့ ပတ်သတ်ပြီး... ဒီတော့ သိပ်ပြီး မလုပ်ချင်ဘူး... နောက်ထပ် ဒုတိယနေ့ အပိုင်း၂ကိုတော့ ခုထိ လောလောဆယ် ခေါင်းထဲမှာ စဉ်းစားထားတာမရှိသေးဘူး... ဒီတော့ ဗွီဒီယို နဲနဲကြာရင် ဗွေမယူကြပါနဲ့နော်... ဟဲ... ဟဲ...
ပိုမိုကောင်းမွန်တဲ့ ဗွီဒီယို အရည်အသွေးအတွက် Youtube မှာ HQ ဆိုတာလေးကို နှိပ်ပြီး ကြည်ကြည်လင်လင်ကြည့်ရှုနိုင်ပါတယ်...
Subscribe to:
Post Comments
(
Atom
)
14 comments :
မဗေဒါ ပြောသလိုပဲ ဗီဒီယိုကိစ္စနဲ့ ပတ်သက်ပြီး အားမနာတမ်းကို ထောက်ခံပါတယ်။ ဘာလဲဆိုတော့ ဗီဒီယိုကို ဒီတစ်ခါ ပိုပြီး အားမရဖြစ်မိတယ်။ ဗီဒီယိုမှာ ဇာတ်ကွက်တွေက အဆက်အဆက်မရှိသလို တော်တော်လေးကိုလည်း ခါနေပါတယ်။ ကြည့်ရတာ စစချင်းက မူးချင်သလို ဖြစ်နေမိပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်မလုပ်တတ်တာကို လုပ်နိုင်နေတာကိုပဲ အားကျမိပါတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ ကောင်းလာတော့မယ်လိုယုံပါတယ်။ နောင်ဆို ဒါရိုက်တာတွေဘာတွေ တောင်လုပ်လို့ရနိုင်တယ်။ ကြိုးစား !!! :) အားပေးလျက်
မဗေဒါလဲမဆိုးဘူး ကိုယ့်လိုခရီးသွားရတာဝါသနာပါပုံပဲ...
တချို့ကဆန်းကြယ်တယ်။ မြန်မာနဲ့မလေးလောက်ပဲ သွားစရာရှိတယ်ထင်ကြတယ်
ကိုရှေးစာဆို ခုလိုဝေဖန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... မဗေဒါ ဗွီဒီယိုထဲမှာ အားမရဘူးဆိုတာက ပထမသီချင်းမှာ တီးလုံးမြန်တာနဲ့အမျှကိုက ဇာတ်ကွက်တွေကို လိုက်မြန်မြန်တည်းဖြတ်ဖို့အတွက် မလုပ်နိုင်တာကိုပါ... အရမ်းစိတ်ရှည်ရှည်နဲ့လုပ်မယ်ဆိုရင်တော့ ရနိုင်စရာရှိပါတယ်... ဒါမှမဟုတ် တည်းဖြတ်ပညာကို ကျွမ်းကျင်ရင်ပဲဖြစ်ဖြစ် ဆော့ဝဲလ်အကောင်းစားကို သုံးတတ်ရင်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်...
ဗွီဒီယို အဆက်ဆက်မရှိဘူးပြောတာတော့ သိပ်နားမလည်ပါဘူး... အဲဒါကို အသေးစိတ်ပြောပြစေချင်ပါတယ်... အဲဒိတနေ့တာသွားတာကို တစ်ခုပြီးတစ်ခုရိုက်ထားတာပါပဲ... သွားထားတဲ့အတိုင်း အစဉ်လိုက်တည်းဖြတ်ထားတာပါပဲ... ဒါပေမဲ့ ပထမဗွီဒီယိုလို စကားပြောသိပ်မပါတာက ပြောဖို့အဆင်မပြေလို့ ပြောကိုမပြောဖြစ်တာပါ.. ဒီတော့ တည်းဖြတ်စရာလဲမရှိပါဘူး...
ကင်မရာခါရတဲ့အကြောင်းရင်းကလဲ Tour နဲ့သွားရတာကိုပဲ အပြစ်ပြောရမလားမသိတော့ပါဘူး... ဂျပန်ခရီးစဉ်တုန်းက ကိုယ့်ဘာသာကိုယ်သွားတော့ တစ်နေရာရောက်ရင် စတန်းထောင်ပြီး လုပ်ချင်တိုင်းလုပ်ဖို့ အချိန်ရပါတယ်... ပြီးတော့ ဂျပန်က လူလဲရှင်းတယ်... ခု ကိုရီးယားခရီးစဉ်က တိုးနဲ့သွားရတော့ အချိန်မရပါဘူး... အားလုံး အမြန် အမြန်လုပ်ရပါတယ်... ရတဲ့အချိန်မှာ ရိုက်ရတော့ လက်ကတုန်ပါတယ်... ထိုင်ပြီးအေးဆေးရိုက်နေဖို့ အချိန်မရပါဘူး... ပြေးပြေးလွှားလွှား သွားသွားလာလာရိုက်ရပါတယ်... အဲဒါကြောင့်ကင်မရာခါတာပါ... အဲလိုဖြစ်နေတာကိုလဲ မဗေဒါကိုယ်တိုင်လဲသိပါတယ်... မဗေဒါကိုယ်တိုင် Raw Video ကိုကြည့်ပြီးတည်းဖြတ်တိုင်း ခေါင်းမူးပြီး အိပ်ပျော်ပျော်သွားလို့ ဗွီဒီယိုက ဒီလောက်ကြာနေတာပါ...
အပြုသဘောနဲ့ အကြံဥာဏ်ပေးတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်... အပေါ်ကရေးခဲ့တာတွေကတော့ မဗေဒါရဲ့ မတတ်နိုင်ခဲ့တဲ့ လျှောက်ထားချက်လေးတွေပါ... သဘောပေါက်နားလည်မယ်ထင်ပါတယ်... တကယ်လို့သာ အချိန်ယူ ကြိုတင်စီစဉ် အကျအန လုပ်ပိုင်ခွင့်ရမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ ဘယ်လောက်အထိကောင်းအောင် ကိုယ်လုပ်နိုင်မလဲဆိုတာကို မဗေဒါကိုယ်တိုင်လဲ သိချင်နေပါတယ်... တစ်ချိန်တစ်နေ့ အခြေအနေပေးရင်တော့ လုပ်ဖြစ်မယ်ထင်ပါတယ်...
အစ်ကို ပြန်စာကိုစောင့်နေပါမယ်
Steve Evergreen ရေ... ၀ါသနာတူတယ်ဆိုတော့ နောက်ဆို အဖော်ညှိလိုက်လေ.. ဟား.. ဟား
တချို့တွေက မြန်မာနဲ့မလေးသွားတယ်ဆိုတာလဲ Budget ရော အားလပ်ချိန်ရော မရကြလို့ဖြစ်မှာပါ... အခွင့်သာရင်တော့ အားလုံး သွားချင်ကြမယ်လို့ ထင်ပါတယ်... လာဖတ်တဲ့အတွက် ကျေးဇူးပါနော်...
မဗေဒါ နောက်တခါဆို camera အတွက် tripod နဲ့ Remote shutter ပါယူသွားနော် ကိုယ်ဘာကို ရိုက်ရ တာ အဆင်ပြေတာပေါ့ video clip ရဲ့ နောက်ခံ music တွေမိုက်ပ. boot ကြီး လဲမိုက်တယ် video တွေရိုက်လာပြီးပြန်တင်ပေးတာ ကျေးဇူးပါ make-up မပါတဲ့ ကိုရီယားမ တွေမရိုက်လာဘူးလား. သူတို့ က make-up မပါ၇င် မမိုက်တော့ဘူး
tripod က မေ့ကျန်ခဲ့လို့ပါ... ဒါပေမဲ့ tripod ပါလာရင်လဲ အဲဒါနဲ့ ထောင်ရိုက်နေဖို့ အချိန်မရပါဘူး... လူတွေက သိပ်ရှုပ်ပြီး... tour အဖွဲ့ဆိုတာက အချိန်နဲ့ သွားနေရတော့... အဲဒါအတွက် အချိန်မရလို့ပါ... ဒီလောက်ဆို မဗေဒါရဲ့ အခြေအနေကို နားလည်မယ်ထင်ပါတယ်...
မဗေဒါက ချစ်စ၇ာလေးပါလား... ၀လို့လှလို့...တစ်ခုပဲ၇ှိတယ်..ဘာကြောင့် အဲလောက် အသားမည်း၇တာလဲ. အသားဖြူ၇င်တော့ ကိုး၇ီးယား မင်းသမီး ထိုင်ငို၇မယ်...ဟီးဟီး
ကျွန်တော့်ဆီမှာ လာဖိတ်ထားတာ အစက မသိဘူးဗျ။ မဗေဒါ အသစ်တင်တာတွေ့လို့ လာဖတ်ရင်း မှတ်ချက်ပေးခဲ့တာ။ မဗေဒါ လာဖိတ်ထားတာကို နောက်မှ သိရတာ။ ပေးတုန်းကလည်း ကိုယ်ဆိုလိုတာကို နားလည်ပါ့မလားဆိုပြီး စိတ်ထဲမှာထင့်ထင့် ထင့်ထင့်တော့အဖြစ်သား။ (ပြောချင်တာက မကြိုက်မှာကိုပါ)
အဲ့ဒီတုန်းက ပြောခဲ့တာပေါ့နော်။ ဥပမာ- ပထမပိုင်း မနက်စာ စားရာမှာ ဘူဖေးအကြောင်းပြောတယ်ပေါ့ ဒါပေမယ့် ဘူဖေးဆိုတာကို ကျွန်တော်တို့ မမြင်ရဘူး။ အမှန်က ဘူဖေးကို ရိုက်ပြပြီး ဘာကဘာလိုဖြစ်တယ်ဆိုတာ ပြောရင် ပိုပြီး သဘောပေါက်နိုင်တာမျိုး။ ဒါကလည်း မဗေဒါ စားတုန်းရိုက်ရတာဆိုတော့ အခက်အခဲ လွဲချော်မှုတွေ အများကြီးရှိနိုင်မှာပါ။ ကျွန်တော်က ဘယ်လိုလေးဆိုရင် ပိုပြီး သဘောကျမိတဲ့ဖက်ကို ပြောပြတာမျိုးနော်။ ရိုက်ချက်တွေမှာလည်း အစပိုင်းပဲတော်တော်ခါတာမျိုးပါ။ နောက်ပိုင်းက အဆင်ပြေပါတယ်။
နေ့လည်စာ စားတဲ့အပိုင်းကို မြင်တော့ ဗီဒီယိုအဖွဲ့သားတွေ ပျော်ပျော်ပါးပါး စားသလိုမျိုး မြင်မိပါတယ်။ On Air ကားထဲကလိုမျိုးပေါ့။
နေ့လည်စာ စားပြီးတော့ ရပ်ထားတယ်။ နောက်တစ်နေ့ကို မျှော်တဲ့ ခရီးစဉ်က တစ်နေ့တာပြီးသွားလို့လား မပြောတတ်ဘူးပေါ့နော်။ အဆက်ဆက်က အားလုံးချုံရင်ရှိပါတယ်။
တစ်ချို့နေရာတွေဆိုရင် သဘာဝကျကျ ရိုက်ပြထားတာမျိုးလေးတွေကို တွေ့ရပါတယ်။ ဥပမာ- လမ်းတစ်ခုကို လျှောက်လာပြီဆိုရင် ကင်မရာသမားက ရှေ့ကနေ ကြိုရောက်ပြီး ရိုက်ပြထားတာမျိုး။ နောက် ပြန်တော့မယ်ဆိုရင်လည်း ကင်မရာသမားက အရင်ဆုံးကားပေါ်တက်စောင့်ပြီး ဇာတ်ရုပ်အလာကို ကားပေါ်ကနေ စောင့်ပြီး ရိုက်ပြသွားတာမျိုးတွေပေါ့။
တစ်ချို့နေရာတွေမှာကျတော့ ခိုတာလားဘာလားတော့မသိဘူး :) အကွက်ပြောင်းတာတော်တော်မြန်သွားတာမျိုးတွေ တွေ့ရတော့ တစ်ချက်တစ်ချက် ဆက်ဆက်မရသလို ဖြစ်ဖြစ်သွားတာမျိုးကို ပြောချင်တာပါ။
ကျွန်တော်က အနုပညာအကြောင်းမသိပါဘူး။ ပရိသတ်တစ်ယောက်အနေနဲ့ ဆန္ဒကလေးကို ပြောပြတာမျိုးပါ။ နောက်လာမဲ့ အပိုင်းတွေမှာ ပိုပြီး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်လျက်။
အားပေးလျက်
ဗွေမယူဘူး မြန်မြန်တော့ တင် ဟွန်းးးးးးး
စတာအမရေး) အပိုင်းတွေ စောင့်နေပါ့မယ်
လေးစားလျက်
တောင်ပေါ်သား
အမရေ
ရှုခင်းတွေက လှလိုက်တာနော်.. အမနဲ့ အတူ အွန်စောအိမ်လေးကို ရောက်လို့ ဆလပ်ရွက်နဲ့နေ့လည်စာ စားသွားတယ် ဂလု :D
Editing ပိုကောင်းလာတယ်။ တီဗွီမှာ ကြည့်ရတဲ့ ခရီးသွား documentary တွေလိုပဲ။
အင်း သွားချင်လိုက်တာနော် အဲ့လို ...
အန်ညောဟဆဲယိုပါ မဗေဒါ
“အခုစားနေတာက ဘူဖေး..
ဘူးဖေးဆိုပေမယ့် ချဉ်ဖတ်တွေက များပါတယ် ကြက်ဥကြော်ရယ် ဝက်သားရယ်ပဲ စားလို့ရတယ် ချဉ်ဖတ်က မုန်လာဥဖြူချဉ်ဖတ်လေးတော့ ကြိုက်တယ်”
ဒီဘလော့ကို ရောက်တိုင်း အဲ့ဒီနေရာလေးကို ပြန်ပြန်ကြည့်မိတယ်.. ကြိုက်လို့.. တမျိုးလေးပဲ.. :P
အဲလိုမျိုး နေရာအနှံ့ လျှောက်သွားချင်တယ် ..း)
ခုတော့ပုံပဲကြည့်သွားတော့မယ် .. :D
Post a Comment