Monday, February 16, 2009

BLOODY MONDAY

ခုတစ်လော.. ဘလော့သာ သိပ်မရေးဖြစ်တာ.. လုပ်နေကျ ဂျပန် ကိုရီးယားကားဇာတ်လမ်းတွဲတွေတော့ ကြည့်ဖြစ်ပါ့.. ကြည့်ဖြစ်တာတွေ အများကြီးထဲကမှ မဗေဒါကို ဘလော့ပေါ်မှာ recommend လုပ်ချင်စိတ်ပေါက်အောင် ဆွဲဆောင်နိုင်တဲ့ ဂျပန်ကားတစ်ကားဒီနေ့ပဲ မအိပ်ပဲအဆုံးထိကြည့်လိုက်တယ်.. ကားနာမည်နဲ့ ပိုစတာကိုကြည့်ပြီး သိတ်စိတ်မပါတာနဲ့ မကြည့်ပဲနေခဲ့တာ.. နောက်ပိုင်း rating တွေက တော်တော်ကောင်းလို့ ဖွင့်ကြည့်မိလိုက်တာ... မှန်သွားတယ်... ဇာတ်လမ်းတွဲတွေကို မကြိုက်တဲ့သူတွေ အတွက် ဒီပိုစ့်က Another Boring post ဖြစ်ချင်ဖြစ်နေပင်မဲ့ ကြိုက်တဲ့သူတွေအတွက်တော့ ဝေငှလိုက်ပါတယ်.. ဒါပေမဲ့ မဖတ်သွားလို့ မကြည့်ဖြစ်ရင်တော့ နောင်တရနေမယ်နော်... အဟတ်.. ဟတ်..



အထက်တန်းကျောင်းသားလေး တာကာကိ(Takaki Fujimaru) ဟာ တကယ်တော့ Hacking ပညာကို တစ်ဖက်ကမ်းခတ်အောင်တော်တဲ့ Hacker ဖယ်လ်ကွန်(falcom) ဆိုတာကို ဂျပန်အထူးလုံခြုံရေးနဲ့ စုံစမ်းရေးအဖွဲ့ ကုတ်နာမည် (Third-i) ဆိုတဲ့အဖွဲ့က သိတယ်.. လွန်ခဲ့တဲ့ နှစ်နှစ်က ရုရှမှာ ဇီဝဗေဒလက်နက်တွေနဲ့ အကြမ်းဖက်သူတွေကြောင့် ရုရှမှာရှိတဲ့ ရွာတစ်ရွာကလူတွေ အားလုံးနာရီပိုင်းအတွင်း သေဆုံးခဲ့ကြတယ်.. ထို အကြမ်းဖက်သမားတွေဟာ ဒီ Bloody-X ဆိုတဲ့ ဗိုင်းရပ်စ် attack ကို ဂျပန်မှာ စီစဉ်နေကြောင်းသိတဲ့အခါမှာ.. ထို အကြမ်းဖက်သမားတွေရဲ့ ဒေတာတွေကို Hack ဖို့ Genius Hacker ဖယ်လ်ကွန်ကို ခိုင်းစေခဲ့တယ်..

ဖယ်လ်ကွန်ရဲ့ အဖေကိုယ်တိုင်က ထို Third-I အဖွဲ့ထဲက အရာရှိတစ်ယောက်ဖြစ်တယ်.. လွန်ခဲ့တဲ့ ၂နှစ်လောက်က သူက အပျော်တမ်း Hack ရင်း အကြမ်းဖက်သမားတွေရဲ့ အစီအစဉ် ကိုသိပြီး ရဲကို သွားပြောရာကနေ အကြမ်းဖက်သမားခေါင်းဆောင်ကို ဖမ်းနိုင်ခဲ့တဲ့အပြင်.. သူ Genius Hacker ဆိုတာကို ရဲတွေ သိခဲ့ကြတာ.. အစက တာကာကိ(Takaki) ဟာ ရဲတွေကို ကူညီပြီး Hack ပေးဖို့ညင်းဆန်ခဲ့သော်လည်း... နောက်ပိုင်းမှာ သူကြူးလွန်ခဲ့တဲ့ Hacking အမှု အသေးစားကို အကြပ်ကိုင်ခဲ့တဲ့အတွက် သူလက်ခံခဲ့ရတယ်..

ဒါပေမဲ့ သူ့အဖေ အရာရှိကို လူသတ်သမား spy ပါဆိုပြီး စွတ်စွဲခံရ ပြီး ပုန်းရှောင်နေတဲ့နောက်ပိုင်းမှာ.. သူ့အဖေအပြစ်ကင်းကြောင်း သက်သေပြချင်သဖြင့် သူဟာ တဖြည်းဖြည်း ဒီအမှုထဲမှာ အဓိကနေရာက ပါဝင်လာတယ်.. အကြမ်းဖက်သမားတွေမှာလဲ BlueBird လို့ခေါ်တဲ့ Hacker တစ်ယောက်ရှိပေမဲ့ Falcon (ဖယ်လ်ကွန်) လောက် မတော်ဘူး.. အဲဒိအတွက် အကြမ်းဖက်သမားတွေကလဲ ဖယ်လ်ကွန်ကို သူတို့အတွက် အလုပ်လုပ်ပေးစေချင်တယ်...

ထိုရှုတ်ထွေးလှပြီး နိုင်ငံတွင်း လူပေါင်း မီလီယံချီနေတဲ့ အသက်တွေကို ဖယ်လ်ကွန် ဘယ်လိုကယ်ဆယ်ခဲ့သလဲ.... သူ့အဖေကရော တကယ်အပြစ်ကင်းခဲ့သလား.. သူ့ရောဂါသည် ညီမလေးကိုလဲ သူကိုယ်တိုင် ခွန်အားမရှိပေမဲ့ ဥာဏ်အားနဲ့ လူဆိုးတွေလက်က ခဏ ခဏ ဘယ်လိုကယ်ထုတ်ခဲ့သလဲ... သူ တကယ် ယုံကြည်ရတဲ့သူကဘယ်သူလဲ... သူငယ်ချင်းတွေရဲ့ အရေးပါပုံ.. လူဆိုး လူကောင်းဆိုတာ ခွဲခြားမရပုံ... ဆိုတာတွေကို ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားကြပါ....

သိပ်မရှည်ပါဘူး.. ၁၁ပိုင်းပါပဲ.. ၁ပိုင်းကို ၁နာရီနီးပါးလောက်ပဲကြာပါတယ်... Death Note လို ကားမျိုးကို ကြိုက်တဲ့ ပရိတ်သတ်များအတွက် ဒီကားလေးကလဲ ကားကောင်းလေးတစ်ကားဖြစ်မှာပါ...အဓိပ္ပါယ်ရှိတာ မရှိတာ အပထား... စိတ်ဝင်စားဖို့ကောင်းတဲ့ ကားလေးပါ..

အဲဒိထဲမှာ ကြိုက်တာလေးတစ်ခုက.. သူ Hack နေတဲ့ အချိန်မှာ.. system တွေထဲကို ဘယ်လို ၀င်တယ် ထွက်တယ်ဆိုတာကို သိမ်းငှက်လိုလို ငှက်လေးတစ်ကောင်က ပျံပြီး အခန်းတွေထဲကို ၀င်တဲ့ပုံမျိုး ကရက်ဖစ် (graphic) နဲ့ ပရိတ်သတ်နားလည်အောင် ရိုက်ပြထားတာကိုပါ.. လူဆိုးဘက်က Hacker နဲ့ falcon ၊ Hack နေရင်း အွန်လိုင်းပေါ်မှာ ဘယ်လို ဖိုက်ကြတယ်ဆိုတာကိုလဲ ငှက်ပုံလေးတွေနဲ့ သရုပ်ဖော်ပြီးပြသထားပါတယ်.. နောက်ခံတီးလုံးရယ် သိမ်းငှက်အော်သံရယ်နဲ့ တဖျတ်ဖျတ်ပြလိုက်ရင်ဖြင့် ကြည့်နေတဲ့သူတောင် အဲဒိ ထဲရောက်သွားသလိုပါပဲ.. falcon က လူကောင် ပိန်ပိန်ညောင်ညောင်နဲ့ လူဆိုးနဲ့ ကာယချင်းယှဉ်ချတိုင်း ရှုံးပင်မဲ့.. ဥာဏ်ကောင်းမှုနဲ့ ကွန်ပြူတာ အင်တာနက်ရှိရင် သူဟာ ဘုရင်တစ်ပါးလို ယုံကြည်မှုအပြည့်ရှိတဲ့အတွက် အားရကျေနပ်ရပါတယ်..

သူ့ဘေးမှာရှိတဲ့ သူ့လူယုံရဲတွေထဲမှာ ဘယ်သူက စပိုင်ဆိုတာကို ဖော်ထုတ်တဲ့အခန်းကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်... ထင်ထားတာတွေ သိပ်ဖြစ်မလာတတ်တဲ့အတွက် လူကို စိတ်လှုပ်ရှားစေပါတယ်.. အဆုံးကျရင် falcon ပဲနိုင်မှာ ဆိုတာသိနေတဲ့ အချက်ကလွဲလို့ပေါ့...

နောက်ပြီး ရီချင်တာလေးတစ်ခုရှိသေးတယ်.. အဲဒိကား အပိုင်း ၁ပိုင်းပြီးတိုင်း.. Hacking သည် နိုင်ငံတော် ဥပဒေနှင့် ညိစွန်းပြီး တရားမ၀င်ကြောင်း.. ဤဇာတ်လမ်းသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်ကြောင်း... ထို့ကြောင့် Hacking များလိုက်မလုပ်ကြစေရန် အမှာစာတမ်းကို ထိုးပါသည်.. အဟီး.... အဲဒိကလူတွေမပြောနဲ့ မဗေဒါတောင် ကြည့်ပြီးတော့ တော်တော် Hacking လုပ်ချင်သွားတယ်... မတတ်လို့သာ တော်တော့တယ်....နားမယ်ကွယ်....

9 comments :

Minn Yoon Thit said...

ဗေဒါရေ... ငါရန်ကုန်မှာ ဒီဇာတ်လမ်းလေး ရှာကြည့်လိုက် အုံးမယ်..။ အဟဲ ဟက်ကင်းကို သိပ်တော့ မကလိနဲ့ နင်ရန်ကုန်မှာ လိုမျိုး ဆို ကလိလို့ ရတယ်..။ နင် စင်ပူမှာ ဒါမျိုးသွား လုပ်ရင် ..:P နင် စိတ်ဝင်စား ရင် ငါ့ဆီမှာ ရှိတဲ့ ဟက်ကင်း စာအုပ်တွေနဲ့၊ ဆော့ဖ်ဝဲလေး တွေ ပေးမယ်...။ :D

puluque said...

ဒါနဲ့ မဗေဒါ ဘယ်ဆိုဒ်ကကြည့်တာလဲဗျ။ Crunchyroll က ဟိုတလောကတော့ ကြည့်လို့မရတော့ဘူးနော်။ အခုတော့မသိ။ ကျတော်လဲ ဂျပန်ကားလေးတွေဆို စိတ်ဝင်စားတယ်ဗျ

Anonymous said...

ရန်ကုန်မပြန်ခင်တုံးက အဲဒီ့ကားစကြည့်ဖြစ်တယ်.. အပိုင်း၁လား ၂လား အဲဒီ့အထိပဲကြည့်ရသေးတယ်..စာတမ်းထိုးလဲ အကုန်မထွက်သေးလို့.. အခုပြန်လာပြီးတော့ သိပ်မအားတာရယ် အချိန်မရှိတာရယ် ဒီ့ပြင့်ဟာတွေကြည့်နေရတာနဲ့ bloody monday ဆက်မကြည့်ဖြစ်ဘူး..

လင်းထက် said...

ဇာတ်လမ်း အညွှန်းကောင်းတော့ ကြည့်ချင်သွားတယ် ဒါပေမယ့် ဘယ်မှာ သွားကြည့်ရမှာတုန်း အခွေကြည့်ရမယ် ဆိုရင်တော့ တွားပါပြီဟာ ငါတို့ဆီမှာ အဲဒါတွေ ဘယ်ရှိမှာတုန်းဟ အွန်လိုင်း ပေါ် ကြည့်လို့ ရမယ် ဆိုလဲ လင့်လေး ဘာလေး ညွှန်းပေးအုံးလေ

Anonymous said...

လင့်ခ်က www.mysoju.com မှာ ဒီတိုင်းကြည့်ရင် ပဲဖြစ်ဖြစ်.. http://aznv.com မှာ အကောင့်ဖွင့်ပြီ ပဲဖြစ်ဖြစ် ကြည့်လို့ရပါတယ်.. အဲဒိမှာ တခြားကားတွေလဲ အများကြီးရှိတယ်..

molay88 said...

အမလေး အစ်မရယ် မ ရှည်ပါဘူး ၁၁ နာရီ ထဲပါတဲ့..။ ရှည်များရှည်ရင်တော့ မတွေးဝံ့စရာဘဲ...။

Anonymous said...

ဟုတ်တယ် ကောင်လေးရဲ့.. ဇာတ်လမ်းတွဲကားတွေက ပုံမှန်အားဖြင့် ၁၆ခွေရှိတာလေ.. ခုက ၁၁ခွေပဲရှိတာ.. ဇာတ်လမ်းတွဲကြည့်နေကျ လူတွေအတွက်တော့ သိပ်မရှည်ဘူးပြောလို့ရတာပေါ့.. တကယ်ကောင်းတဲ့ ဇာတ်လမ်းတွေဆိုရင် ဘယ်လောက်ရှည်ရှည် ပြီးမှာတောင် စိုးနေတာ.. အဟိ..

လင်းလက်ကြယ်စင် said...

ကိုယ်စိတ်ဝင်စားတဲ့ ဇာတ်ကားဆိုရင် အချိန်ပေးကြည့်တတ်ကြတာ တူပါတယ် မဗေဒါရေ။ mysoju က ဇာတ်လမ်းတွဲတွေလည်း တခါတလေ ကြည့်ဖြစ်တယ်။ စနေ မနက်တိုင်း KBS World က လာတဲ့ (၅)နာရီကြာ ကိုရီးယားကို စနေနေ့တိုင်း မပျက်မကွက် စောင့်ကြည့်ဖြစ်တယ်။ အခုလည်း အဲဒီကားကြည့်နေရင်း ကွန်မန့်လာရေးခြင်း :)

မိုးခါး said...

မဗေဒါရေ .. ခုလိုကြော်ငြာပေးတာ ကျေးဇူးပါ .. သွားကြည့်လိုက်မယ်နော် .. ဇာတ်ကားကောင်းလေးတွေညွှန်းပေးလို့လည်း ကျေးဇူးပါး)