Thursday, February 26, 2009

Natas ပွဲနဲ့ ကမ္ဘာပတ်ကြရအောင်....

စကာင်္ပူမှာရှိတဲ့ ခရီးသွားဝါသနာပါတဲ့ သူငယ်ချင်းတွေအတွက် ဈေးချိုချိုနဲ့ ကမ္ဘာအနှံ့ကို လည်လို့ရစေအောင်.. ၁နှစ်မှာ ၂ကြိမ် (လားမသိဘူး.. မသေချာပါ) သာကျင်းပတဲ့ Natas travel Fair ကို Expo မှာ ခု ဖေဖော်ဝါရီ ၂၇ ကနေ မတ်လ ၁ရက်နေ့ အထိ ကျင်းပနေပါပြီ.... အနောက်နိုင်ငံ Europe.. Australia, Greece, New Zeland အစုံအကုန်က အစ.. ကိုရီးယား, CHINA, japan, Thailand, နောက်ဆုံး မြန်မာနိုင်ငံကအစ သွားရောက်လည်ပတ်လို့ရပါတယ်.. (မြန်မာပြည် Package က မြန်မာနိုင်ငံသားတွေအတွက်တော့ မရဘူးထင်တယ်.. )

အိမ်မှာရောက်နေတဲ့ လက်ကမ်းစာစောင်ထဲကအတိုင်းဆိုရင် ဈေးတွေက တော်တော်သက်သာပါတယ်.. ဒါ့ အပြင် Master card ပိုင်ရှင်တွေအတွက် ကံစမ်းမဲ အစီအစဉ်တွေနဲ့ ဆုမဲပေါင်းများစွာရှိတယ်လို့လဲ သိရပါတယ်... မဗေဒါကတော့ ခရီးသွား ၀ါသနာအိုးဆိုတော့.. အဲဒိကနေ တစ်ခုမဟုတ်တစ်ခုတော့ ၀ယ်လိုက်အုံးမယ်.. ကိုယ်မရောက်ဖူးတဲ့ နေရာဒေသကို သွားရတာဟာ စိတ်လှုပ်ရှားပျော်ဖို့ကောင်းပြီး ဗဟုသုတ အတွေ့အကြုံလဲရလို့ ခရီးသွားရတာကို တန်တယ်လို့ထင်ပါတယ်.. ခု Natas ပွဲက ဈေးတွေနဲ့ဆိုရင်တော့... သွားအုံးမှာ...............
အောက်မှာတော့ Natas ပွဲ info လေးပါ...

Venue : Singapore Expo, Halls 4 & 5

Date & Time : 27 Feb - 01 Mar 2009
Opening Hours : 12.00pm – 9.30pm (27 Feb, Fri),
10.00am – 9.30pm (28 Feb & 01 Mar, Sat &Sun)
Admission Fee : S$3 per adult, Children below 12 years FREE


၂၀၀၉ မှာ စက်ရုံ shut down တွေရှိလို့ leave တွေ clear ရမှာမို့ပဲဖြစ်ဖြစ်... ကျဉ်းကျပ်လှတဲ့ စကာင်္ပူ လူနေမှုကြီးနဲ့ အဝေးကို အပြောင်းအလဲ အပန်းဖြေဖို့ပဲ ဖြစ်ဖြစ်... ခရီးသွား အတွေ့အကြုံသစ်တွေ, ယဉ်ကျေးမှုတွေ, adventure တွေ, shopping နဲ့ culinary delights တွေဖို့ပဲ ဖြစ်ဖြစ်... မဗေဒါနဲ့ အတူ ကမ္ဘာပတ်ကြရအောင်လား.......

(မဗေဒါ အဲဒိ Natas ပွဲ သွားပြီး ပြန်လာမှ ပြောပြအုံးမယ်.. သောကြာ ဒါမှ မဟုတ်. စနေနေ့သွားမယ်... စိတ်ဝင်စားရင်တော့ မဗေဒါပြောပြမှာကို စောင့်မနေနဲ့တော့.. နောက်ကျကုန်မယ်နော်...)

2 comments :

Anonymous said...

အဟား .. မိုက်တယ်ကွာ.. နာလဲ သွားချင်လိုက်တာ.. အာဖရိကနဲ့ တိဘက်ကော မပါဘူးလား.. လန်းတယ်.. လိုက်မယ်နော်.. :P

လင်းထက် said...

တွားပေါ့ တွားပေါ့ မဗေဒါရယ်..
ရေစုန်တုန်းလေး မျောလိုက်ပေါ့..
ပြန်လာမှပဲ ခရီးသွား ဆောင်းပါးတွေ ဖတ်အုံးမှာပေါ့..