Friday, February 06, 2009

အခမဲ့ စိတ်ကူးယဉ်နိုင်သည်

မင်းယွန်းသစ် မနှစ်ကတည်းက စိတ်ကူးယဉ်ခိုင်းထားတဲ့ ကိစ္စကို ဒီနေ့ ပိုစ့်တစ်ပုဒ်အနေနဲ့ ယဉ်လိုက်ပါပြီ...
ဒီနေ့ မဗေဒါမွေးနေ့ဆိုတော့ မွေးနေ့အကြောင်းကိုပဲ စိတ်ကူးယဉ်လိုက်တော့မယ်
စိတ်ကူးယဉ်တာလဲ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးနော်.. ဒါပေမဲ့ ယဉ်ဆိုတော့လဲ ရှေ့နောက်ညီစရာမလို.. အဓိပ္ပါယ်ရှိစရာမလိုနော်..
ဒါပေမဲ့ အခမဲ့တော့ စိတ်ကူးယဉ်ခွင့်ရှိပါတယ်.. သိပ်လေကြွားလွန်းနေရင်လဲ ခွေးလွှတ်ပေးကြပါ.. အဲလေ.. ခွင့်လွှတ်ပေးကြပါလို့..

~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~

မျက်လုံးကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ကျမတွေ့လိုက်ရတာက အရမ်းလှတဲ့ ဇာဂါဝန် မိုးပြာရောင်လေးရယ် ဖိနပ်လှလှလေးရယ်.. ကျမ၀တ်လို့အပြီးမှာပဲ အလှအပပြင်ပေးသူတွေ ရောက်လာပြီး အလှဆုံးဖြစ်အောင် ပြင်ပေးကြတယ်.. ပြီးပါပြီ... လှလိုက်တာ... ကျမကိုယ်ကျမတောင် မမှတ်မိနိုင်ဘူး.....

နောက် ခပ်ဖြောင့်ဖြောင့် ကိုယ်ရံတော်တစ်ယောက် လမ်းပြတဲ့အတိုင်း လျှောက်လိုက်လာလိုက်တာ.. မှောင်နေတဲ့ Ball Room ထဲကို ရောက်သွားတယ်.. မှောင်မဲနေတာမှ ဘာမှ မမြင်ရဘူး.. ဒိန်းကနဲ ဆလိုက်တစ်ခု ကိုယ့်အပေါ်ကျလာလို့မျက်စိကို ကြိမ်းသွားတာပဲ... ဘာတွေ ဖြစ်နေမှန်းမသိဘူး... ခဏနေ အလင်းထဲမှာကြည့်ဖို့ မျက်လုံး အသားကျလာတော့မှ... ဖယောင်းတိုင်တွေထွန်းထားတဲ့ မွေးနေ့ကိတ် သုံးဆင့်သုံးဆင့်ကို တင်ထားတဲ့ လှည်းကို တွန်းလာတဲ့ ချစ်သူ.... သူ့ ဂျန်းဒေါင်ဂန်းလို လက်လေးတွေ သွယ်ပြီး.. ဟရွန်ဘင်းလို ပချိုင့်လေးနဲ့.... အီကူတာ တိုမာလို ရွင်ပြပြမျက်နှာလေးနဲ့.. ဂျိုအင်းစွန်းလို အရပ်မြင့်မြင့် ခန္ဒာကိုယ်မိုက်မိုက်နဲ့.. အိုပြောရင်ကုန်မှာမဟုတ်ဘူး.. (မဗေဒါကြိုက်တဲ့ မင်းသားတွေရဲ့ Characteristic တွေနဲ့ အားလုံးပြည့်စုံတဲ့ ချစ်သူပေါ့).. ဘာမှ လာမပြောနဲ့ သူက perfect ပဲနော်..

နောက်တော့ ချစ်သူက မွေးနေ့ကိတ်တင်ထားတဲ့ လှည်းလေးကိုတွန်းပြီး Ball room ထဲက မိသားစုနဲ့ သူငယ်ချင်း တွေရဲ့ "Happy Birthday" သီချင်းဆိုပြီး လာကြတယ်.. အတော်လေး အံ့အော်သွားတယ်.. သူတို့တွေ စီစဉ်ထားတာ မဗေဒါတစ်ခုမှ မသိခဲ့ရပါလား.. နောက်တော့ ဆုတောင်းခိုင်းပြီး ဖယောင်းတိုင်မှုတ်လိုက်တယ်..

Ball Room မီးတွေ ပြန်ပွင့်တော့မှ လာတဲ့ ဧည့်သည်တွေကို သေချာမြင်ရတယ်..
ကျမ မိသားစုနဲ့ သူနဲ့ တိုင်ပင်ပြီး လုပ်ခဲ့တာလေ.. ကျမ အခင်ရဆုံး ငယ်သူငယ်ချင်းတွေကိုလဲ ရောက်နေတဲ့ နိုင်ငံတွေကိုယ်စီကနေ ခေါ်ထားလေရဲ့... ဂျပန်က ကျမအချစ်ရဆုံးသူငယ်ချင်းရယ်.. အမေရိကားက သူငယ်ချင်း ၂ယောက်ရယ်.. စင်ကာပူမှာရှိတဲ့ တစ်ယောက်လဲလာတယ်.. သူတို့က ကျမငယ်ငယ်ထဲက တူတူ တွဲခဲ့တဲ့သူငယ်ချင်းတွေလေ.. အခင်ဆုံးကတော့ ဂျပန်က သူငယ်ချင်းပဲပေါ့..

နောက်ပြီး ကျမ UFL တက်တုန်းက သူငယ်ချင်းတွေလေ.. ကျမ အပါအ၀င် ၅ယောက်ရှိတာ.. ၄ယောက်က စလုံးမှာဆိုတော့.. မြန်မာပြည်ကတစ်ယောက်ကိုလဲ ဘယ်အချိန်ထဲက ခေါ်ထားလဲမသိ.. စုံလင်နေလေရဲ့...

ဟော.. နောက်ပြီး ဘလော့ဂါ သူငယ်ချင်းတွေလဲ စုံလို့.. မင်းယွန်းသစ်ဆို ဘူဖေးလိုင်းနားကကို မခွာဘူး.. ဟား.. ဟား.. (စတာ)...

ဖျော်ဖြေရေးတွေကတော့ စုံလို့... စင်ပေါ်မှာ.. Westlife က ကျမအတွက် Birthday နဲ့ ပတ်သတ်တဲ့ သီချင်းတွေ ဆိုပေးတယ်.. နောက်ပြီး ဆုံလို့ပဲ.. Rihanna တို့ Carry Underwood တို့.. Chris Daughtry တို့.. စုံလို့ပါပဲ... အဟီး... သြော်.. မနှစ်က American Idol က David အသေးရော.. အကြီးရောလဲ ပါတယ်..

မဗေဒါ့ မိသားစုက မဗေဒါကို အကြမ်းသုံးဖို့.. Volvo ကားတစ်စီး မွေးနေ့လက်ဆောင်ပေးတယ်.. ဟဲ.. ဟဲ.. (လိုင်စင်တော့ မရှိသေးလို့ ခု မမောင်းသေးဘူး..) ..
ဂျန်းဒေါင်ဂန်း.. ဟရွန်ဘင်း.. တိုမာ.. ဂျိုအင်စွန်း.. ရာမာပီ.. နဲ့ ခပ်ဆင်ဆင်တူတဲ့ ချစ်သူကတော့ ဘာလုပ်ချင်လဲတဲ့.. တောင်းချင်တာတောင်း သူပေးမယ်တဲ့..
ဒါနဲ့ မဗေဒါတို့ မိသားစုလိုက် မွေးနေ့မှာ ရွှေတိဂုံဘုရား.. ကျိုက်ထီးရိုးဘုရား.. မဟာမြတ်မုနိဘုရား ဖူးချင်တယ်ဆိုတော့.. ဖြစ်ရမယ်တဲ့လေ..
ခဏနေတော့ သူ့ ပရိုက်ဗိတ်ဂျက် အဆင်သင့်ဖြစ်ပြီတဲ့.. ဒါနဲ့ မဗေဒါလဲ အ၀တ်အစားလဲပြီး မိသားစုလိုက်ထွက်လာကြတာပေါ့..

ထွက်ပေါက်မှာတော့ နွမ်းနွမ်းပါးပါး ယောကျာင်္းတစ်ယောက်.. မြင်ဖူးသလိုပါပဲဆိုတော့.. ရည်းစားဟောင်းဖြစ်နေလေရဲ့..
ကိုယ်မှားပါပြီကွာ.. ကိုယ်တောင်းပန်ပါတယ်.. ကိုယ့်ဆီပြန်လာပါတဲ့...
မဗေဒါလဲ.... တစ်ခွန်းပဲပြန်ပြောလိုက်ပါတယ်... ဒီကမ္ဘာမှာ ငါ့ကိုရတဲ့ယောကျာင်္းက ကံကောင်းတယ်ဆိုရင်.. အဲဒိကံကောင်းဖို့ အခွင့်အရေး ယောကျာင်္းတိုင်းမှာရှိချင်ရှိမယ်.. နင့်မှာတော့ မရှိတော့ဘူးလို့.. (အဟဲ.. ဟဲ... စတာပါ.. အပြင်မှာဆိုရင်တော့ ဘာမှ တောင် ပြန်ပြောဖြစ်မှာမဟုတ်ပါဘူး..)
ဒါနဲ့ အလွန်တရာမှ ချောမော ချမ်းသာ ယောကျာင်္းပီသပြီး ကျမတစ်ယောက်ထဲကိုပဲ စွဲစွဲမြဲမြဲချစ်တဲ့.. ဂျန်းဒေါင်ဂန်း.. ဟရွန်ဘင်း.. စသည်ဖြင့်ပေါ့လေ.. အဲဒိ မဗေဒါ ချစ်သူက လှမ်းခေါ်တာနဲ့ အပြေးလေး.. ပရိုက်ဗိတ်ဂျက်ပေါ်ကို တက်ဖို့ သွားလိုက်တာပေါ့..
မဗေဒါရဲ့ ချစ်ကမေးတယ်... ဘယ်သူနဲ့ စကားပြောနေတာလဲတဲ့....
တစ်ခွန်းပဲ ဖြေလိုက်တယ်.. အလှူခံပါလို့......... မဗေဒါနဲ့ မသိပါဘူးလို့...
ချစ်သူကတော့ သာယာကြည်ရွှင်သော အပြုံးနဲ့ ခေါင်းညိတ်ပြလိုက်တယ်... သူ့ အပြုံးမှာ မဗေဒါကို အပြည့်အ၀ ယုံကြည်နားလည်နေတဲ့ အဓိပ္ပါယ်တွေ အပြည့်ပေါ့................

~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~

စိတ်ကူးယဉ်ပါလို့ မင်းယွန်းသစ်က မနှစ်ထဲက ခိုင်းထားတာပါ.. ယဉ်တာတွေများလွန်းလို့ ဘာကို ရေးရမှန်းမသိပဲ .. မရေးဖြစ်ဖြစ်နေတာပါ..
ခုတော့ မွေးနေ့မို့လို့ တစ်ခါတည်းရေးလိုက်ပါပြီ....

တကယ့်အပြင်မှာတော့.. မဗေဒါရဲ့ ချစ်လှစွာသော ငယ်သူငယ်ချင်းများနဲ့ UFL မှ သူငယ်ချင်းများ တစ်ယောက်မှ Happy Birthday လေးတောင် မပြောကြပါ.... မေ့နေကြတယ်ထင်ပါ့.. ကိစ္စတော့မရှိပါ.. အပြစ်လဲ မတင်ပါ.. မဗေဒါလဲ သူတို့မွေးနေ့ကို မမှတ်မိပါ... အဟီး.. ဒါပေမဲ့ ဂျီတော့ မှာတော့ လွန်ခဲ့တဲ့ ၃ရက်လောက်ကစပြီး သဲလွန်စလေးတွေ ပေးခဲ့ပါတယ်.. ထားလိုက်ပါတော့....

ထူးဆန်းစွာပဲ တချို့သော ဘလော့ဂါသူငယ်ချင်းများကတော့ မဗေဒါမပြောပဲသိနေကြပါတယ်.. ဘိုဘိုကတော့ ဘလော့မှာ ပထမဆုံးလာဆုတောင်းပေးပါတယ်.. သူဘယ်ကသိလဲတော့ မသိပါ.. နောက်ပြီး အိဝေဖြိုးကလဲ ဂျီတော့မှာ မတင်ခင်ထဲက သိတယ်ဆိုပဲ..
လာဆုတောင်းပေးကြတဲ့ Mr.DBA , ကိုလင်းထက်, TommyGirl နဲ့ ဂျစ်ပစီလေးကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်... ယခုထိ ဆုတောင်းပေးပြီးဖြစ်သော သူငယ်ချင်းများနှင့် နောင်ဆုလာတောင်းပေးမည်ဖြစ်သောသူငယ်ချင်းများ အားလုံးကိုပါ တစ်ပါတည်း ကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါတယ်...

မနှစ်ကလို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မကျွေးမွေးနိုင်တဲ့ အတွက် အနုအညွတ်တောင်းပန်ပါတယ်... မွေးနေ့ရှင်ကိုယ်တိုင်လဲ ဒီနေ့.. ကန်စွန်းရွက်နဲ့ မှိုကြော်နဲ့ ထမင်းစားလိုက်ပါတယ်...

ထူးထူးခြားခြား.. ဒီနေ့မှာ အလုပ်က အလုပ်တွေဖြုတ်ပါတယ်.. ကံကောင်းစွာပဲ မဗေဒါမပါလိုက်ပါ... ပါသွားသောသူများအတွက်လဲ မတည့်သည်ဖြစ်စေ.. တည့်သည်ဖြစ်စေ.. စိတ်မကောင်းဖြစ်ရပါတယ်... ဟိုနေ့ဖြုတ်မယ်.. ဒီနေ့ဖြုတ်မယ်နဲ့.. ဖြုတ်မဲ့ ဖြုတ်တော့ သူများမွေးနေ့မှာမှ လာဖြုတ်ရတယ်လို့.....

ဒီနှစ် မဗေဒါ မကျွေးလိုက်နိုင်ပေမဲ့.. အပေါ်မှာ မွေးနေ့ကိတ် မီးမှုတ်တုန်းက ဆုတောင်းပေးလိုက်တာကတော့..
ခု ဒီပိုစ့်ကို ဖတ်နေတဲ့ စာဖတ်သူ သူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာစွာနဲ့ စီးပွားဥစ္စာများ အဆင်ပြေ ပေါကြွယ်ကြပါစေလို့ ဆုတောင်းပေးလိုက်တာပါ.......

Yahoo ကနေရှာပြီး မွေးနေ့ထုံးစံ ကိတ်မုန့်တော့ ကျွေးလိုက်ပါအုံးမည်..
သုံးဆောင်သွားပါလေ...

ချောကလက်ကိတ် မကြိုက်သူများအတွက်..


15 comments :

Anonymous said...

ချောကလက်ကိတ်ကြိုက်ဝူး။ တခြားကိတ်ကြွေး... :P

mabaydar said...

ဒါဆို စတော်ဘယ်ရီလားဘာလား.. အဲဒိပုံထက်တင်လိုက်မယ်..

စိုင်းစိုင်းလားရှိုး said...

အပြင်မှာလည်း ဒီထဲကလို ပျော်ရွှင်ဖွယ်မွေးနေ့ကို ပိုင်ဆိုင်ပါစေ။

MrDBA said...

အဆင်ပြေအောင်မြင်ပါစေဗျာ

Anonymous said...

ပျော်ရွှင်သောမွေးနေ့ ရက်မြတ်ဖြစ်ပါစေ မဗေဒါ။
လိုတိုင်းတ ပြည့်စုံနိုင်ပါစေ။ :)

Anonymous said...

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ။

စိတ်ကူးယဉ်တဲ့အတိုင်း တစ်ကယ်ဖြစ်ပါစေ။ :P :P

သူကြီးမင်း (တုံးဖလား) said...

မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ။ လိုရာဆန္ဒတွေပြည့်ဝပါစေ။
အသက်ရာကျော် ပျော်ပျော်ကြီး နေနိုင်ပါစေ။

khin oo may said...

ပျော်ရွင်သော မွေးနေ့ဖြစ်ပါစေ။

လင်းထက် said...

ဟေးးးးးးးးးး တစ်ချိန်တော့ ဗေဒါ လေးရဲ့ စိတ်ကူးယဉ် မွေးနေ့ပွဲ လေး ဖြစ်မလာ ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ..
အခုလောလောဆယ်တော့ ရာဟူး ကိတ်လေး စားပြီး ပြန်တော့မယ် ခဏပျင်းလို့ လေယာဉ်ပတ်မောင်း ရင်း ဝင်လာလိုက်တာ ခဏနေရင် အိုဘားမား နဲ့ ညစာစားပွဲ တက်ရအုံးမှာ မို့လို့ ပြန်ပြီဟေ့..

Minn Yoon Thit said...

ရေလျှံ၊ ရုပ်ချော၊ ချစ်ခင်သူပေါပါစေ... သူငယ်ချင်း...:)

Life is for Success said...

Hi Ma Bay dar,

Happy birthday to u.....

All the thing pass smooth for u start from now.....


with rgrds

Anonymous said...

"HAPPY BIRTHDAY" ... Wish you wonderful life ahead.

Unknown said...

ငါလာအော်တုန်းက ဒီပို့စ်မရှိပါဘူး :( မနှစ်က ဒီလိုနေ့ကို ငါမှတ်မိနေသေးတယ်ဟေ့ :)

Anonymous said...

မဗေဒါရေ... အရမ်းနောက်ကျပြီးမှ ရောက်လာတာ ခွင့်လွှတ်ပါ။
အခုမှ ခွင့်ခဏလေးရလို့ပါ။
မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ဟေးးးဟေးးးးးး
မှတ်မှတ်ရရ မနှစ်က နင့်မွေးနေ့ မွေးနေ့ပို့စ်မှာ ဒီBlogကို စရောက်ဖူးပြီး
ခပ်တည်တည်နဲ့ ၀င်စားပြီး ဆုတောင်းပေးရင်း ငါတို့ခင်ခဲ့တာလေးကို မြင်ယောင်မိတယ်။ ဘာလိုလိုနဲ့ တနှစ်ရှိသွားပြီကိုးးးးးးး

Anonymous said...

ညီမရေ.. မလေးလဲ နောက်ကျပြီးမှ ရောက်လာပါတယ်။ ပျော်ရွှင်သော နေ့ရက်တွေဖြစ်ပါစေ။ ခင်မင်ရတာလဲ ၀မ်းသာပါတယ်။