Saturday, December 20, 2008

Twilight (A Very good Movie)


မနေ့က ရုပ်ရှင်သွားကြည့်ဖြစ်တယ်.. supernatural ကားလေးတကား.. လူငယ်ကြိုက်ကားလေး.. အချစ်လဲပါတယ်.. မင်းသားနဲ့မင်းသမီးကလဲ ပြောစရာမလိုလောက်အောင် ချောပြီး ကြည့်လို့ကောင်းတယ်..
အင်္ဂလိပ်ကားပင်မဲ့ အရှေ့တိုင်းကားတွေနဲ့ အချစ်ကို logic တော်တော်တူအောင်ရိုက်ထားတယ်လို့ ခံစားရတယ်.. အဲဒါကတော့ မင်းသားက မင်းသမီးလိုအပ်နေတဲ့ အချိန် အမြဲရောက်လာတယ်.. မင်းသမီးတစ်ယောက်ထဲကိုပဲ ဖူးဖူးမှုတ်ချစ်တယ်.. ကျောင်းမှာလဲ နာမည်ကြီးတယ်.. အရင်က ဘယ်မိန်းမကိုမှ စိတ်မ၀င်စားဘူး.. မင်းသမီးကို အမြဲ ကာကွယ်တယ်.. သဘာဝချင်းဆန့်ကျင်တာတောင် သူတို့အချစ်က ဂန္တ၀င်တယ်.. အဲလိုရိုက်ပြထားတယ်..
Vampire နဲ့ လူရဲ့ချစ်ဇာတ်လမ်းလေးပေါ့.. မင်းသားနဲ့ မင်းသမီးကို ငမ်းနေရတာနဲ့ပဲ.. ဇာတ်လမ်းပြီးသွားတာတောင် ကြည့်မ၀ဖြစ်နေတယ်.. နောက်တစ်ခေါက်တောင် ထပ်ကြည့်ချင်တယ်.. မင်းသားက ဟယ်ရီပေါ်တာမှာတုန်းက senoir ကျောင်းသားလုပ်တဲ့ ခပ်ချောချောကောင်လေး အနေနဲ့ အရင်က ပရိတ်သတ်မြင်ဘူးထားလိမ့်မယ်.. ဒါပေမဲ့ ဒီကားမှာ ဟယ်ရီပေါ်တာကားက ပုံနဲ့တော်တော်ကွာပြီး cool ဖြစ်တယ်.. ကင်မရာရိုက်ချက်တွေလဲ တော်တော်ကောင်းတယ်.. အောက်မှာ ဓာတ်ပုံလေးတွေ google ကရှာပြီးတင်ပေးထားတယ်.. Trailer လဲ Youtube ကရှာပြီးတင်ပေးထားတယ်.. အနှစ်အခန်းလေးတွေပါတယ်.. လူငယ်ကားထဲမှာ အတော်ကြည့်ကောင်းတဲ့ ကားတစ်ကားပါ.. (ကြော်ငြာဝင်လိုက်ပါအုံးမယ်.. ကျမသာ ကောင်မလေးနေရာမှာဆိုရင်လဲ ဒီလောက် ချောပြီး ဂရုစိုက်တတ် ချစ်တတ်တဲ့ ယောကျာင်္းတစ်ယောက်ကို Vampire ဖြစ်လဲ အဲဒိကောင်းမလေးလိုပဲ ကျမသွေးကို စုတ်ပြီး သူနဲ့ အမျိုးတူလုပ်ဖို့ တောင်းဆိုမိမှာပါ.. ကျမသွေးစုတ်လိုက်ရင်တောင် မသေတော့ပဲ immortal တောင်ဖြစ်သွားအုံးမယ်.. အဟိ.. ဟဲ.. ဟဲ)


Photo credits goes to Google.

7 comments :

ညီအကိုများ said...

အဲလိုမျိုးခုန်ပျံကျော်လွှားတတ်တဲ့vampireမလေး တစ်ယောက်တော့လိုချင်သားပဲ...ရှာပေး..
:D

ပျော်ရွှင်ပါစေ..
မိုးကြယ်

"The Covenant" ပုံစံတူဇာတ်ကားပါ..

mabaydar said...

ဒီဇာတ်လမ်းမှာ မင်းသမီးက လူပါ.. မခုန်ပျံတတ်ပါဘူး.. မင်းသားပဲ ခုန်ပျံတတ်တာပါ..

Unknown said...

မကြံကောင်း မစီရာဟယ်...။ လက်စသတ်တော့ နင်က အစုပ်ခံချင်နေတာကိုး...။ သွေး ... သွေး :P

Anonymous said...

That is very nice show. I love it too.

shin said...

Just finish watching this movie... Nice... love it... I love the vampire family accept the human gal as part of their family and try to protect her to their best...

မွန် said...

http://movie6.net/movie-/?p=1128
twilightကို အွန်လိုင်းမှာ ကြည့်ချင်ရင် အလွယ်တကူရအောင် လင့်ထားခဲ့တယ်နော်
မင်းသားကလဲ ဟယ်ရီပေါ်တာထဲက စက်ဒရစ်ဒစ်ဂိုရီစရိုက်နဲ့ တော်တော်ကွာသွားပြီ

Dr Phyo Wai Kyaw said...

ဂလိုလား
ဗမ်ပိုင်ယာ မဗေဒါ ပေါ့လေ
ကြေညာလိုက်မယ်နော်..