Tuesday, December 16, 2008

စိတ်သားဟင်းအတွက် ဆားချက်ခြင်း...

ဟာကွာ.. ဘာတွေမှန်းကိုမသိဘူး.. ဒီနေ့ ကံကိုမကောင်းတာ.... အလုပ်ရောက်တာနဲ့ new year night မလုပ်ချင်ပါဘူးဆိုမှ အဲဒိနေ့တည့်တည့် duty ကျတယ်.. ယုတ်မာကြတာ.. မပြောချင်ဘူး... ဘာမှ ထွေထွေထူးထူးသွားစရာ လုပ်စရာရှိလို့တော့ မဟုတ်ပါဘူး..

မနှစ်က New year တုန်းကလဲ ဘာမဟုတ်တဲ့ သစ္စာမရှိတဲ့ အကောင်ကြောင့် ကိုယ့်ကိုကိုယ် အချစ်သူရဲကောင်းမကြီးလုပ်ပြီး အလုပ်သွားပြစ်လိုက်တယ်.. ဟိုကတော့ ပျော်လို့ပါးလို့ ဘာမှတောင် ခံစားလိုက်ရမှာမဟုတ်ဘူး.. နောက်ဆို ဘယ်ကောင်အတွက်မှ ကိုယ့်ပျော်ရွှင်မှုနဲ့ ကိုယ့်လမ်းကြောင်း ကိုယ်လုပ်စရာရှိတာကို အပျက်မခံတော့ဘူး.. တန်တဲ့ဟာတွေမဟုတ်ဘူး.. ဖတ်... ဖတ်.. ထွီ... ပြောနေရတာ လက်ညောင်းတယ်..

အော်.. ပြောချင်တာက ဒီနှစ်တော့ New Year လေး မနှစ်က လိုမဖြစ်ရအောင် အိမ်က မိသားစုနဲ့နေမယ်ပေါ့ဆိုမှ သောက်လုပ်က လုပ်ရအုံးမယ်.. (ကန်တော့ ကန်တော့)...

ဘာလို့ခုလောက်ထိဒေါသထွက်နေလဲဆိုတော့.. ဖြစ်ပုံကဒီလို....
စီးပွားရေးကျတော့ Public holiday တွေမှာ အလုပ်သမားတွေကို OT ကြေးပေးပြီး မခိုင်းချင်တော့.. ၂၂ရက်နေ့ကနေ နောက်လ ၂ ရက်နေ့ထိ ခွင့်ယူရမယ်တဲ့.. Public holiday, work off day နှုတ်တော့ စုစုပေါင်း ၅ရက်လောက်ယူရမယ်.. ရှိစုမဲ့စု ခွင့်အလွန်မှ ရှားပါးပါတယ်ဆိုမှ ယူခိုင်းတယ်...

အဲ.. ကံကောင်းချင်တော့ ၁ယောက်ကို ၂ရက်တော့ ပြန်လာခွင့်ရှိတယ်တဲ့... ဒီလိုနဲ့ပျော်သွားတာပေါ့... ခွင့်ယူရမဲ့အတူတူ မလေးရှားကမရောက်ဖူးသေးတဲ့နေရာကို အဖေနဲ့ အမေကို လိုက်ပို့ရင်းလစ်လိုက်မယ်ပေါ့ဆိုပြီး.. ကိုယ့်အမအားတဲ့ စနေ တနင်္ဂနွေနဲ့ဆက်နေတဲ့ ခရစ်စမတ်နေ့နောက်က ၂၆ ၂၇ ကို ခွင့်ယူလိုက်တယ်... ပြီးတော့ new year night လေးမှာ မနှစ်က မပျော်ခဲ့ရတော့ ဒီနှစ်တော့ ပျော်မယ်ဆိုပြီး အဲဒိနေ့လဲ ယူမယ်ပေါ့...

ဒီနေ့မနက်ရုံးရောက်တော့ အီးမေးလ်ကရောက်နေတယ်.. အလုပ်လုပ်ရမဲ့ Duty ကျတဲ့ရက်တွေကို supervisor ကပို့ထားတာ.. ၃၀ ၃၁ရက်နေ့တဲ့.. ၁ရက်နေ့လုပ်ခိုင်းပါလား.. အဲနေ့က ပိုက်ဆံလဲပိုရမယ်.. ပျော်ရမယ့်ရက်နဲ့လဲ လွတ်တယ်.. အရေးကိုမပါတာပါ....

နောက်နေ့လည်ကျတော့... အစ်မနဲ့ချက်တော့... ခရီးသွားမဲ့အစီအစဉ်က ပျက်တယ်... ခရီးသွားချင်လို့ ဒီ ခရစ်စမတ်နောက်ရက်တွေကို အားအောင်လုပ်လိုက်ပါတယ်.. ခုတော့ ဘာမဟုတ်တာနဲ့ မသွားဖြစ်တော့ဘူး...
စိတ်ရှိရှိနဲ့ ဂျပန်ထပ်သွားပြစ်လိုက်ချင်တယ်... အဲဒိ သူငယ်ချင်းနဲ့တွေ့ရင် ပျော်တယ်..

(* Some Text missing due to some ridiculous requests and reasons*)

ဒီနေ့တင်းတဲ့ အထဲမှာ နောက်တစ်ခုရှိသေးတယ်.. အဲဒါကတော့ တင်းတာလဲ မဟုတ်ဘူး.. စိတ်အနှောင့်အယှက်ဖြစ်တာ.. ကိုယ့်ကိုကိုယ်လဲ ယုံကြည်မှုမရှိတော့ဘူး.. သိမ်ငယ်သွားတယ်... အဲဒါကတော့ လှို့ဝှက်ချက်ပဲထားလိုက်ပါတော့.. ဘာမှတော့မဟုတ်ပါဘူး.. ဘယ်သူ့အပြစ်မှလဲမဟုတ်ဘူး.. ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ပါတယ်...

စိတ်က ခုတလော ကစဥ့်ကလျားဖြစ်နေတော့.. ကိုယ့်စိတ်ကိုယ်တောင် မနဲလိုက်ဖမ်းနေရတော့.. ဂျီတော့မှာ သူငယ်ချင်းတွေနဲ့ စကားပြောတော့ အပေါက်လမ်းက မတည့်.. ဟိုတစ်ရက်က မရည်ရွယ်ပဲ အော်လိုက်မိတယ် ဘော်ဒါတစ်ယောက်ကို... မရည်ရွယ်ပါဘူး သယ်ရင်းရေ.. မှားသောရှိ မှန်သောရှိ ဗွေမယူပါနဲ့.. ကျွန်တော့်သားလေးရဲ့ အမိုက်မှားကို ခွင့်လွှတ်တော်မူပါ.. အဲလေ.. ဘာတွေနဲ့ရောပြီး ယောင်ကုန်ပြီလဲမသိဘူး... ထားလိုက်ပါတော့..

အမှန်တော့ မဗေဒါမှာ တစ်ခါတစ်လေ အလကားနေ အားငယ်လိုက် သိမ်ငယ်လိုက်.. ဘာဖြစ်နေမှန်းကို မသိဘူး.. အားအားရှိ ငိုချင်နေတဲ့အကျင့်ကိုက မကောင်းတာ... တခါတလေပြောတာပါ.. လူကကြည့်တော့ မာသလိုလိုနဲ့ အလွန်တရာမှ စိတ်ပျော့တဲ့ အကျင့်ကလဲ 10 Things i hate about myself မှာ Tag တဲ့သူများရှိရင် ထည့်ရေးဖြစ်မှာ.. ခုမရှိတော့လဲ ဒီလိုရေးတယ်ကွာ.. ဟဲ. ဟဲ...

တကယ်ကိုပဲ လက်ရှိနေရာကနေ ထွက်ပြေးသွားချင်တယ်... အပြောင်းအလဲ တစ်ခုခုလိုချင်တယ်.... ဗေဒင်မေးတော့.. အညံ့ထဲရောက်နေတယ်တဲ့... ညံ့နေတော့.. မပြီးတော့ဘူး.. ဟိုးအရင် ရန်ကုန်မှာ ဗေဒင်မေးတော့.. ကောင်းလိုက်တဲ့ကံ... အချစ်ရေးတွေကံကောင်းလို့... ဟား.. ဟား.. လူလိမ်လူညာ နဲ့တန်းတိုးတာ... သွားမမေးနဲ့ စက်ဆန်းနားကဗေဒင်.. ဟီး... ဟီး... အဲလိုလဲဟုတ်ပါဘူး.. မှန်မှာပါ... မပြောနိုင်ဘူး အဲဒိအချိန်တုန်းက Justin Timberlake ရဲ့ အိမ်မက်တွေထဲ ငါများစိုးမိုးထားခဲ့လားမှမသိတာ.. ထားပါတော့.. ထားပါတော့.. (ဘယ်သွားထားတာလဲ.. ခေါင်းပေါ်ရွက်ထားခိုင်းတာ.. ဟီး...)

ဒါနဲ့ ဂျီတော့မှာ သူငယ်ချင်း အရင်းခေါက်ခေါက်နဲ့ ချက်ရင်း စိတ်ညစ်ကြောင်းပြောမိတော့ ဒါဆို ပိုစ့်ရေးတဲ့.. ဘာရေးရမှန်းလဲမသိဘူး.. ဒီတော့ မုန်တိုင်းပဲထန်လိုက်တယ်..... (ခက်ဆစ်... သူငယ်ချင်းအရင်းခေါက်ခေါက် = အွန်လိုင်းအမြဲတွေ့နေသော်လည်း စကားမပြောဖြစ်သူ။ တစ်နိုင်ငံတည်းနေသော်လည်း မတွေ့ဖြစ်သူ ဒါပေမဲ့ လိုအပ်လျှင်စကားသွားပြောက နွေးထွေးမှုကိုခံစားရသူ..(နောက်ဆုံးတစ်လုံးနဲ့ စားသွားပြီ))

(* Here also some text missing* )

ကျမသူငယ်ချင်းအရင်းများထဲတွင် မော်ဒယ်အရပ်နဲ့ အိမ်ဂျလီနာ ဂျိုလှိုင် တစ်ယောက်ပဲ အစဉ်တစိုက်အားပေးသူရှိသည်.. (သူတစ်ယောက်ပဲ ဥာဏ်မှီတာကိုး.. အဟိဟိ)...

အိုကေ lah.. အိုကေ lah (ခက်ဆစ် Lah = စကာင်္ပူတွင်သုံးသော အိုကေနောက်မှလိုက်သည့် အင်္ဂလိပ် အသုံးအနှုန်း) ဘာမှမဟုတ်ဘူး... စိတ်ညစ်.. စိတ်ဓာတ်ကျ.. အလိုမကျ.. စိတ် ကလိကလိ.. စိတ် ယားကျိကျိဖြစ်နေသောကြောင့် ဒီပိုစ့်နှင့် ဆားချက်လိုက်ခြင်းဖြစ်သည်... ကွန်မန့်များ လာစေသော်.......... ဒူဝေေ၀...

10 comments :

Anonymous said...

ဘာမှန်တော့မသိဘေမဲလာရောက်အားပေးသွာပါတယ်။
နှစ်သစ်မှာပျော်ရွှင်ပါစေ။

Anonymous said...

ဟား ဟား ဟား ရီလိုက်ရတာ ဘာပြောရမှန်းတောင်မသိတော့ဘူး .. ငါအော်ရီလွန်းလို့  အမေဆူတာတောင်ခံလိုက်ရသေးတယ် . .မိန်းကလေးဖြစ်ပြီးအဲလောက်ရီရလားတဲ့လေ. .ဟီးဟီး .. စိတ်ညစ်မနေနဲ့  .. ပျော်ပျော်နေ. =)

ဟန်လင်းထွန်း said...

ဟဲ့ ပလုတ်တုတ် !! စိတ်ထိန်း အုန်း။

Anonymous said...

ီအဆင်ပြေတဲ့ ခရစ်စမတ်ဖြစ်ပါစေ။
ကံကောင်းတဲ့ နှစ်သစ်လေးဖြစ်ပါစေ။
ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်လေးဖြစ်ပါစေ။

ZT said...

စိတ်ညစ်ရင် ဟစ်ဟော့ပ်တွေ ဆိုပြီး ကကြမယ်။ :D

Welcome said...

ဆားချက်တဲ့ ပေါ့ပေါ့ပါးပါး ပို့စ်လေးကို ဖတ်သွား တယ်။ အိုကေ lah ကွန်မင့်လာရေးပါတယ်။ (အဟီး- ဘလောဂ့်ပိတ်မယ်လို့ အဟင့် အဟင့် လို့သာပြောလိုက် ကွန်မင့် များများရမယ်) (ဒါမှမဟုတ် အစ်မ kom မှာ နည်းကောင်း ရှိတယ်)
လေးစားလျက်

http://winzaw-mdy.blogspot.com

April said...

ခရစ္စမတ်နဲ့ နှစ်သစ်မှာ ပျော်ရွှင်ပါစေ...
ဘယ်လိုပို့စ်ပဲရေးရေး.. ဟာသတော့ မြောက်တယ်နော်...
စာရေးကောင်းတယ်...

မိုးနေ

တောင်ပေါ်သား said...

ကောမန့်များ လာပါပြီ အမရေ တော်တော်ကို စိတ်ညစ်နေတယ်ထင်ပါ့ စိတ်ထဲမှာ ဘာမှ မတွေးထားပါနဲ့လို့ အားလုံးကို ထုတ်ထားလိုက် ဒါဆို အမ စိတ်ချမ်းသာရတာပေါ့ဗျာ

လေးစားလျက်

Anonymous said...

Hey
stay happy. :):):)
Merry Christmas !!!

Life is for Success said...

Hi,

More than need to worry is this coming month announcement. Right? really worry about 2009!
EDCS list make me really worry about us....