Wednesday, December 03, 2008

လက်ကလိခြင်း၏ အကျိုးကျေးဇူး...

တင်းသွားပြီ.. အရမ်းကိုတင်းသွားပြီ (ဗိုက်မဟုတ်ဘူး.. ) ..
ဘေးက ဆိုဒ်ဘားကိုကြည့်... တွေ့လား.. ဘာတွေဖြစ်သွားပြီလဲဆိုတာ...
အဲဒါပဲ... ဘာဖြစ်တာလဲသိလား....
အပေါ်ကခေါင်းစဉ်ကိုကြည့်...
အဲဒါပဲ...

အော်.. ဒီဇင်ဘာရယ်.. ခရစ်စမတ်ရယ်.. ဆောင်းလေလေးရယ်.. သတိရရနဲ့. တခါမှမတွေ့ဖူးတဲ့.. ဆန်တာကလော့နဲ့.. နှင်းတွေ တန်းပလိတ်ကို လျှာရှည်ပြီးပြောင်းလိုက်တာ...
အဲဒါမပြောင်းခင်လဲ.. အရင် တန်းပလိတ်ကို သိမ်းလိုက်တယ်.. ဒါပေမဲ့.. ဒါပေမဲ့ပေါ့နော်.. expand widget ကိုမနှိပ်မိလို့လား.. ဘာလား.. ဘယ်နေရာမှားသွားလဲတော့မသိဘူး....

လာမမေးနဲ့.. ဘယ်လိုဖြစ်တာလဲလို့.... ဘယ်လိုဖြစ်မှန်းသိရင် ပြင်လိုက်တာကြာပေါ့..
အဲဒါပေမဲ့ ဘယ်လို့ဖြစ်ပြီး ဒီပုံဖြစ်သွားတယ်ဆိုတာသိရင်ပဲဖြစ်ဖြစ်.. ပြန်ပြင်လို့ရမဲ့ အဖြေကိုသိရင်ပဲဖြစ်ဖြစ် ပြောပြမယ်ဆိုရင်.. ကူညီနိုင်မယ်ဆိုရင်တော့.. ၇ ရက် အိမ်ခေါ်ထမင်းကြွေးမယ်... ရန်ကုန်ကလူဆိုရင်.. ၇ ရက်လိုက်ကြွေးမယ်...

ခု ဆီပုံးတော့ ပြန်ရတယ်.... neo counter!!!!!!!!!!!!!!!!!!!! garrrrrrrrrrrr... စုစုပေါင်းမှတ်မိသလောက် အယောက် ၇၀၀၀ ကျော်ရှိတယ်... အဟင့်.. မပြောချင်ဘူး......
ဟောဒီမှာ မယုံရင်ကြည့်.. တော်သေးတယ်မလုပ်ခင်လေး ဖွင့်ထားမိတဲ့ ဟာလေးရှိလို့.. လိမ်ဘူးနော်... မမြင်ရရင် ကလစ်လုပ်ကြည့် ၇၂၆၇ ယောက်...


ခုအဲဒိဆိုဒ်ကို ၀င်ဖို့ user name လေး password လေးမှတ်မိလို့ ပျော်သွားတာ.. သူက ဆီပုံးလိုလဲဟုတ်ဘူး....
total visitor ၂၆ယောက်တဲ့... အရပ်ကတို့ရေ....
ဟောဒီက မဗေဒါဆိုတဲ့ မယ်မင်းကြီးမ ရင်၂ချမ်းဗြမ်းဗြမ်းကွဲတာပဲ....
စိတ်နာတယ်.. စိတ်နာတယ်...
ဆက်မလုပ်ချင်တော့ဘူး... အိပ်တော့မယ်.... ဆီပုံးပြန်ရတာပဲ ကံကောင်း..
လင်ခ့်တွေလဲ မရှိတော့ဘူး.. အကုန် အစဆုံး ၁ခုချင်းစီလုပ်ရတော့မယ်ထင်တယ်.....
ရတယ်... လုပ်အုံးမှာ.. လုပ်သလို မဖြစ်ရင် ဖြစ်သလိုကို လုပ်မှာ.... ဟင်း.. ဟင်း.......


ခုလောက်ဆို ဖတ်ပြီးရီနေလောက်ရောပေါ့... ရီပါ.. ရီပါ......... တော်ပြီ..
အိပ်မက်လှလှမက်အောင် သွားအိပ်တော့မယ်.. အိပ်မက်ထဲမှာတော့... တွန်ခရုလေးနဲ့ ပျော်လို့..........
အပြုံးမပျက် ပန်းပန်လျက်ပဲ..


10 comments :

Retkhita said...

new experience ပေါ့ ;)

khin oo may said...

သိချင်ရင်ရွာသားလေးသွားမေး. သူကပိုဆိုးသေးတယ်။ ၀ hti ဖြစ်သွားတယ်။
http://ywartharlay-ytu.blogspot.com/

khin oo may said...

Link မရှိရင် အစ်မဆီကလာယူ. အများကြီးရှိတယ်။

ဟန်လင်းထွန်း said...

အယ်ဘာတွေဖြစ်နေတာလဲ။ အစတုန်းက ဘာလို့တန်းပလိတ်ကို ဒေါင်းလော့မလုပ်ထားတာလဲ။ မခက်ပါဘူး။ အသစ်လုပ်လိုက်:)

mabaydar said...

မခင်ဦးမေရေ.. ကျေးဇူး... အဲဒိလင့်ခ့်တွေ တစ်ခုခြင်းပြန်လုပ်ရတော့မှာမို့ စိတ်ညစ်နေတာ.. ရွာသားလေးဆီဗုံးသွားပြီး အကူအညီတောင်းခဲ့တယ်..

ဟန်လင်းထွန်းရေ.. အသစ်လုပ်လိုက်လို့ ရမှန်းတော့ သိတယ်.. ဒါပေမဲ့ နှမြောတာက counter လေး reset ပြန်ဖြစ်ပြီး ခုမှ ၆၀ ကျော်ပဲ ရှိသေးတာကို ပြောတာ.. အဟင့်....

Anonymous said...

ခဏခဏ ပြင်လို့  အဲ့လိုဖြစ်ကော တော်သေးတယ် ကျနော့်မှာက ပြင်ပေးမယ့်သူရှိလို့ နောက်ဆုံးတော့ ဒီတိုင်းလေးရေးလို့ရရင်တော်ပြီး ထားလိုက်တော့တယ် မဗေဒါက လှတာ မက်တာကိုးး ခုတော့ ညစာ ခက်ပြီးး :P

ZT said...

၂ ခု တွဲသုံးပါလား။ Statcounter သုံးပြီး Preset Value ကို ၇၀၀၀ ကျော် ထားလိုက်ပေါ့။

Dr Phyo Wai Kyaw said...

ဟောဗျ
း(

MrDBA said...

အဟီး စိတ်ပျက်နဲ့။ များများကလိရင် များများတတ်သွားမယ်။ လူလား။ နံပါတ်က အရေးမကြီးပါဘူး၊ ပရိတ်သတ်ရှိပြီးသားဘဲဟာ လာကြမှာပါ။ ရေးနေဖို့သာ အဓိက။ ဆက်ချီတက်

လင်းထက် said...

လောလောဆယ်တော့ နာ့လင့် ပျောက်သွားပီ ချိတော့ဝူး :P