Sunday, March 30, 2008

အချစ်ဟောင်း.... သို့


ဒီ music video လေးနဲ့ ဒီသီချင်းလေးက ကျမကို ရှေ့ဆက်ဖို့အားပေးနေတယ်... လွန်ခဲ့တဲ့ ၁ပတ်လောက်က သူ့ကိုပြောချင်ခဲ့တဲ့ (တချို့စကားတွေလဲပြောဖြစ်ခဲ့တဲ့) ဗေဒါဘလောက်မှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကရေးချင်ခဲ့ပေမဲ့ ရေးဖို့အားမရှိခဲ့တဲ့အတွက် မရေးဖြစ်ခဲ့တဲ့စကားလုံးတွေ အစား... ခု recovery ပြန်ဖြစ်တဲ့အချိန်စကားလုံးတွေကို ခံစားပေးပါ.. နောင်တချိန် fully recover ဖြစ်သွားရင်.. လွန်ခဲ့တဲ့ ၁ပတ်က ခံစားချက်ကို ရင်တွင်းဖြစ် စကားလုံးစစ်စစ်တွေနဲ့ ဖော်ပြပေးပါ့မယ်...

MV လုပ်ထားတဲ့ မိန်းကလေးရဲ့ ခံစားချက်နဲ့ ခုကျမရဲ့ခံစားချက် တထပ်ထဲကျတဲ့အတွက် သီချင်း အဓိပ္မါယ်ကို သေချာနာလည်ပြီး.. MV ထဲကစာတန်းလေးတွေကိုလဲ ဂရုတစိုက်ဖတ်သွားစေချင်တယ်....

ချစ်သူတဖြစ်လဲ လတ်လတ်ဆတ်ဆတ် အချစ်ဟောင်းရေ...../

ဒုတိယနေရာကို ရောက်မှန်းမသိရောက်ခဲ့ရတဲ့ ငါ့အဖြစ်ကို ခုချိန်ကစပြီးမသနားတော့ဘူး... သင်ခန်းစာပဲယူတော့မယ်... နင့်ချစ်သူအပေါ် သစ္စာရှိနိုင်ပါစေ.... နောက်ထပ် မိန်းကလေးတွေကို ငါ့လိုမခံစားရပါစေနဲ့ဟာ...

ိငါကတော့ နင့်ကို ချစ်ခဲ့တဲ့ စစ်မှန် သစ္စာရှိတဲ့ ငါ့အချစ် အတွက်အမြဲ ခေါင်းမော်နိုင်ပါတယ်... ငါ့အချစ်တွေနဲ့ ထိုက်တန်တဲ့ နောက်လူတွေ့ရင်လဲ ငါ ဒီလိုပဲ ယုံကြည်ချစ်အုံးမှာပဲ.... ငါ့ကို တုံးတယ်ပဲပြောပြော အရူးပဲဆိုဆို အချစ်စစ်ဆိုတာ ရှိတယ်ဆိုတာကိုငါ ယုံကြည်ထားတုံးပဲ... ဘာလို့လဲဆိုတော့ လူထဲကလူတစ်ယောက်ဖြစ်တဲ့ ငါ့မှာတောင် ဒီလိုအချစ်မျိုးရှိသေးတာ... ငါ့လိုလူမျိုးနဲု့ ငါမတွေ့သေးလို့ပါ... ဒါပေမဲ့ ငါလိုက်တော့ရှာနေမှာမဟုတ်ဘူး...

အချစ်စစ်ဆိုတာ back up မရှိဘူး.. နီးတာဝေးတာမရှိဘူး.... တွေဝေမှုမရှိဘူး... နင်အဲဒိလို အချစ်မျိုးမခံစားဖူးမှန်း သိရတော့ ငါနင့်ကိုသနားတယ်.. နင့်နေရာမှာ တစ်ခြားအရာတွေကိုအစားထိုးပျော်တတ်တဲ့ နင့်ရဲ့ချစ်သူကို နင်မခံချင်လို့ပဲဖြစ်စေ... ငါ့ကိုအစားထိုးပြီးပဲ ဖြစ်စေ.. ငါနင့်ကိုချစ်ခဲ့တဲ့အချစ်အတွက် ငါကျေနပ်တယ်.. အချစ်ဆိုတဲ့ ခံစားချက်ကို ငါခံစားပြီးမှတော့... အသဲကွဲတယ်ဆိုတာကြီးကိုလဲ ငါခံစားရတာမဆန်းပါဘူး... ငါဟာ နင့်အတွက် ဒုတိယနေရာကဖြစ်ခဲ့ပေမဲ့ နင့်ကိုချစ်တဲ့နေရာမှာတော့ ငါ့ကိုဘယ်သူ့မှနိုင်မယ်မထင်ဘူး... အဲဒိအတွက်ငါက ဒုတိယနေရာက ပထမလူအဖြစ် ငါ့ကိုယ်ငါခံယူတယ်... ရည်းစား၂ယောက် ၁ပြိုင်ထဲထားပြီး နောက်ဆုံးအချိန်ထိ ငါ့ကိုချစ်တယ်လို့ နှစ်သိမ့်တဲ့စကားအတွက်ကျေးဇူးပဲ.. ဒါပေမဲ့ ငါ့အတွက်တော့ မလိုအပ်တော့ပါဘူး.... သားရဲ့ရည်းစား ၂ယောက်လုံးကို ဘာမှမဖြစ်သလို ဆက်ဆံခဲ့တဲ့ နင့်မိဘတွေလိုမိဘမျိုးရှိတယ်ဆိုတာလဲ ခုမှပဲကြုံဖူးတော့တယ်.. နားလည်မလားတော့မသိဘူး ပြောပြချင်တယ်.. နားမလည်လဲ မှတ်ထားလိုက်.. "ကိုယ့်သားသမီးမှ သားမဟုတ်ဘူး... သူများလဲ သွေးနဲ့မွေးထားတဲ့ သားသမီးပဲ.. ကိုယ်ချင်းစာတယ်ဆိုတဲ့စကားလုံးကိုနားမလည်ရင်တောင် သုံးဖူးကြားဖူးမှာပါ"... အပြစ်ပြောတာမဟုတ်ပါဘူး... မသိသေးဘူးထင်လို့ပြောပြတာပါ.. ငါကတော့ အသဲကွဲရုံအပြင် သင်ခန်းစာတွေအများကြီးရသွားတဲ့အတွက်... ဒီ relationship ကတန်ပါတယ်.. ငါခံစားလိုက်ရပေမဲ့ "အချစ်စစ်"ကိုလဲမယုံဘူး..ငါလဲကြုံရာကိုအစားထိုးလိုက်မယ်တော့မထင်နဲ့.. ဒီသင်ခန်းစာအတွက် "အချစ် သစ္စာနဲ့ ယုံကြည်နားလည်မှု ကတိ မျှော်လင့်ချက် သတ္တိ စွန့်လွှတ်ခြင်း" စတာတွေကို ငါပိုတန်ဖိုးထားလာတယ်.. ငါ့မှာရှိနေတဲ့ အဲဒါတွေကိုလဲ တန်ဖိုးပိုမြှင့်ပြီး ထိမ်းသိမ်းသွားမယ်...

တချိန်တနေ့ ဆုံတွေ့ခဲ့ရင်တောင် ငါနင့်ကို ခေါင်းမော်ပြီး ရင်ဆိုင်နိုင်မယ်လို့ ငါယုံတယ်... အဆိုး၁ခုထဲက အကောင်းတွေအများကြီး ငါရခဲ့တဲ့အတွက် မဗေဒါတို့ကတော့ ပန်းပန်လျက်ပဲလို့............


OVER YOU


Now that it's all said and done,
I can't believe you were the one
To build me up and tear me down,
Like an old abandoned house.
What you said when you left
Just left me cold and out of breath.
I fell too far, was in way too deep.
Guess I let you get the best of me.

Well, I never saw it coming.
I should've started running
A long, long time ago.
And I never thought I'd doubt you,
I'm better off without you
More than you, more than you know.
I'm slowly getting closure.
I guess it's really over.
I'm finally getting better.
And now I'm picking up the pieces.
I'm spending all of these years
Putting my heart back together.
'Cause the day I thought I'd never get through,
I got over you.

You took a hammer to these walls,
Dragged the memories down the hall,
Packed your bags and walked away.
There was nothing I could say.
And when you slammed the front door shut,
A lot of others opened up,
So did my eyes so I could see
That you never were the best for me.

Well, I never saw it coming.
I should've started running
A long, long time ago.
And I never thought I'd doubt you,
I'm better off without you
More than you, more than you know.
I'm slowly getting closure.
I guess it's really over.
I'm finally getting better.
And now I'm picking up the pieces.
I'm spending all of these years
Putting my heart back together.
'Cause the day I thought I'd never get through,
I got over you.

Well, I never saw it coming.
I should've started running
A long, long time ago.
And I never thought I'd doubt you,
I'm better off without you
More than you, more than you know.

Well, I never saw it coming.
I should've started running
A long, long time ago.
And I never thought I'd doubt you,
I'm better off without you
More than you, more than you know.
I'm slowly getting closure.
I guess it's really over.
I'm finally getting better.
And now I'm picking up the pieces.
I'm spending all of these years
Putting my heart back together.
Well I'm putting my heart back together,
'Cause I got over you.
Well I got over you.
I got over you.
'Cause the day I thought I'd never get through,
I got over you.

7 comments :

Unknown said...

Now i know what's happening with you! Don't put yourself in misery so much for something unworthy..!

hulag said...

You know your post is very very good. I appreciate the beauty of your thoughts.

hulag said...

Hello! You have an interesting blog! It is good to visit here.

Unknown said...

မဗေဒါရေ....
ဒီစာကိုဖတ်ရတာစိတ်မကောင်းပါဗျာ......
ခံစားမှုကိုနားလည်ပေးနိုင်ပါတယ်ဗျာ။
ဒါပေမယ့်.....
ဒေါသနဲ့ နာကျည်းမှုကိုလျှော့ပြီး
ဥပက္ခာထားနိုင်အောင် ကြိုးစားသင့်တယ်လို့
အကြံပေးချင်ပါတယ်ဗျာ.....
ဒေါသနဲ့ နာကျည်းမှု မဗေဒါ ရင်ထဲရှိနေသ၍
စိတ်ပညာသဘောအရ မဗေဒါ ရှုံးနေမှာပဲဗျ။
မဗေဒါ... ရင်ထဲကအနာ မြန်မြန်ကျက်ပါစေ။

mabaydar said...

heartmuseum ရေ.. ထူးဆန်းတာက ကျမဒေါသလဲမထွက်ဘူး နာလဲမကျည်းဘူး.. သူကိုလဲချစ်နေသေးတုံးပဲ.. ဒါပေမဲ့ ကျမဖြစ်ချင်တာက သူ့အပေါ်မှာ ဘာမှမခံစားချင်တော့တာ.. မုန်းတာပဲဖြစ်ဖြစ် ချစ်တာပဲဖြစ်ဖြစ် နာကျည်းတာပဲဖြစ်ဖြစ် ဘာမှကို သူ့အတွက်မခံစားပေးချင်တော့ဘူး..သူဟာကျမအတွက် လုံးဝ plain သက်သက်လူတစ်ယောက်လို့ပဲမြင်ချင်တော့တာ.. ဥပက္ခာပြုတယ်ဆိုတာလဲ သတိရနေမှာစိုးလို့ တမင်လုပ်ယူနေရသလိုပဲ.. ကျမ သူ့အတွက် ဘာဆို ဘာမှမလုပ်ပေးချင်တော့တာ.. အဲလိုမျိုးဖြစ်ချင်တာ.. သူ့အတွက် နာကျည်းတယ်ဆိုတဲ့ ခံစားချက်တောင်ကျမ မပေးချင်တော့ဘူး.. အဲဒိအတွက် လောလောဆယ် ကျမ လွမ်းချင်လဲ လွမ်းနေမယ်.. ကျမဘဝကိုလဲ ပုံမှန်လည်ပတ်နေမယ်. သူ့အကြောင်း ခေါင်းထဲရောက်လာရင် ခဏတွေးမယ်.. တဖြည်းဖြည်းအချိန်ကြာလာတာနဲ့အမျှ သူဟာ ကျမဘဝထဲကပျောက်သွားမှာပါ.. လောလောဆယ် ကျမရှုံးကောင်း ရှုံးနေပေမဲ့.. နောင်တချိန်ကောင်းသွားမှာပါ.. အော်.. နောက်ပြီး ကျမဘဝ ကျမမိသားစုဘဝ အနာဂတ်အတွက် ကျမပိုပြီးကြိုးစားလာတယ်ဆိုတာလေးလဲပြောပရစေ.. ဒီရောဂါက နာတာရှည်စိတ်ရောဂါဆိုပေမဲ့ ကုလို့ပျောက်ပါတယ်..

Unknown said...

မဗေဒါရေ..... ကောင်းတယ်ဗျာ။
ဒီလိုပဲဖြစ်သင့်ပါတယ်။ သူများသာ ဆရာလုပ်တာ
ကျွန်တော်ကတော့ မေ့လို့မရဘူးဗျို့။ မေ့မရဆို မေ့ဖို့လည်း
မကြိုးစားဘူးလေ။ ဘ၀ရည်မှန်းချက်ဆိုတာလဲ မရှိတော့ပါဘူးဗျာ......
်

Unknown said...

အမအတွက် အချစ်စစ်ရှိလာမှာပါ..ဘာလို့လဲဆိုတော့ အမလိုအဖြစ်မျိုးကြုံခဲ့ဖူးလို့လေ.အမထက်ဆိုးတာက အရင်မိန်းမရဲ့ အရှက်ခွဲခြင်းကိုပါ ရုံးမှာပါ.အိမ်မှာပါ နင့်နေအောင်ခံလိုက်ရလို့လေ.
ဒါပေမယ့် ခုချိန်မှာတော့ တကယ်ကိုစစ်မှန်တဲ့..ကိုယ့်အပေါ်ကိုနားလည်မှုအပြည့်ပေးနိုင်တဲ့ ချစ်သူနဲ့ ဆုံလိုက်ရလို့လေ...
အမလည်း အဲ့လိုတွေ့မှာပဲ..ကျိန်းသေကို အစစ်အမှန်လူနဲ့ တွေ့မှာ..လုံးဝသေချာတယ်..