ကိုယ်ကလေ ဘယ်တော့မှ Mainstream ပေါ်ပြူလာ Influencer ဖြစ်လာမယ်မထင်ဘူး။
Influencer တော်တော်များများက online persona နဲ့ အပြင်နဲ့က ကွဲလွဲကြတာချည်းပဲ။ ကိုယ်လဲ တမင် hide ထားတာမျိုးမဟုတ်ပေမဲ့ အပြင်နဲ့ online persona က အနည်းနဲ့အများတော့ ကွဲတာပဲ။
ကိုယ် Single ကတည်းက ကြည့်ဖြစ်တဲ့ Beauty youtuber Bubz Beauty ဆိုလဲ ကိုယ့်နောက်မှ လက်ထပ်တာ သူ့ရည်းစားဘဝကတည်းက Tim ကို video ထဲမှာ မြင်ဖူးတာ၊ ကလေး ၂ ယောက်ရပြီး Tim ဖောက်ပြန်လို့ကွဲမှ ကိုယ်ပြန်ကြည့်မိပြီး စိတ်မကောင်းဖြစ်ရတယ်။ အခုတော့ နောက်အိမ်ထောင်ပြုတော့မယ်။
ဟိုတစ်လောကမှ မိသားစုလိုက် ဟာသ reel တွေရိုက်ရိုက်နေတဲ့ ဩစီက ဖိလစ်ပိုင်နဲ့ အဖြူကောင် မိသားစု The blackman family ဆိုလား။ အခုကွဲပြန်ပြီ။ လူတွေက Family life ကို Online တင်ပြထားတော့ လင်မယားကွဲပါတယ်ဆိုမှ ဝေဖန်ကြ ပြောကြနဲ့၊ ဟင်.... အရင်ကတော့ Happy family ယောင်ဆောင်နေပြီးတော့ ဘာညာပေါ့။ အမှန်ဆို ဘယ်သူက လင်မယားရန်ဖြစ်တာကို video ရိုက်တင်မှာလဲ စဉ်းစားကြည့်လေ။ အားလုံးက ကိုယ့်ဟာကိုယ် သူတို့တင်တဲ့ video တွေကနေ ကိုယ်က သူတို့အကြောင်းအကုန်သိတယ်ဆိုပြီး delusion ဖြစ်နေတာ မဟုတ်ဘူးလား။ သူတို့တင်တဲ့ video တွေကို relate လို့ရလို့ သဘောကျခဲ့သူတွေ၊ Entertainment ဖြစ်လို့ ကြည့်ခဲ့ကြတာပဲလေ။ လူတွေအကြိုက်လိုက်တင်ရင်း၊ social media platform တွေကလဲ တစ်ပတ်မှာ ၇ ပုဒ်တို့ ဆ၀ပုဒ်တို့နဲ့ ပိုက်ဆံပေးနေတော့ လူကြိုက်များတာကို professional တစ်ခုအနေနဲ့ တင်ရင်း Fake persona တွေဖြစ်လာကြတာလို့ မြင်တယ်။
နောက် မဲလဘုန်းက ဖိလစ်ပိုင် Influencer ပဲ လာလာပေါ်လို့ သိနေတာ။ The Mommy Rovesတဲ့... သူဆိုလဲ ဩစီ Accent ၊ အသုံးအနှုန်းတွေကို video လုပ်ရင်း လူသိများလာတာ။ နောက်ပိုင်း အဲ့ content က ကုန်လာတော့ တခြား lifestyle လိုလို video တွေတင်လာတယ်။ The Blackman family က ဖိလစ်ပင်းမိန်းမနဲ့လဲ တော်တော် ရောတယ်။ ပွဲတွေဘာတွေ တူတူတက်ရတယ်။ လွန်ခဲ့တဲ့ ၃ ၊ ၄ လ လောက်ကနေစပြီး Depression ဝင်တဲ့အကြောင်း အလုပ်ထဲမှာ သူ့ကို influencer လုပ်လို့ဆိုပြီး တို့ထောင် အနိုင်ကျင့်ခံရရင်း စိတ်ကျရောဂါဖြစ်လာတဲ့ အကြောင်းရေးထားတော့ သူများတွေရဲ့ online persona ပဲမြင်ပြီး ကိုယ့်ကိုကိုယ်အားမရတာမျိုး၊ သူများကို အလွန်အကျွံ အထင်ကြီး အားကျတာမျိုးတွေ မဖြစ်ဖို့ internet အသိဉာဏ်ရှိစေချင်တယ်။
ကိုယ့်မှာလဲ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသဖြင့် ပြသနာတွေရှိတယ်။ လူတိုင်းမှာလဲ သူ့ပြသနာနဲ့ သူရှိမှာပဲ။ ဒါပေမဲ့ စိတ်ပျော်စရာ၊ ဒါမှ မဟုတ် ကိုယ်သိတာလေးတွေ၊ ကိုယ့်အတွေ့အကြုံတွေကိုပဲ မျှဝေမှာပဲ။ အဲ့ဒါကြောင့် lifestyle influencer က content ရအောင် လျှောက်တင်တဲ့အခါ integrity issue ရှိကြတာများတယ်။ Technical တစ်ခုခု ပညာရပ်တစ်ခုခုကို ရေးနိုင်တဲ့ niche topic တစ်ခုခုကို ရေးနိုင်တဲ့သူတွေကိုတော့ ပိုလေးစားမိတယ်။
တချို့ကရှိသေးတယ်။ နိုင်ငံခြားရောက်ပြီးမှ ဆစရက လုပ်ပြီးရေးနေတယ်တို့၊ ကြွားနေတယ်တို့၊ မြန်မာပြည်က လူတွေမှ အားမနာ ဘယ်လိုကြိုးစားရုံးကန်နေရတယ်တို့ရေးတယ်ဆိုပြီး အပစ်ပြောကြတာလဲ တွေ့တယ်။ ကိုယ့်အသိုင်းအဝိုင်းထဲမှာကို အဲ့လိုမျိုးပြောတာတွေ့တော့ (ကိုယ့်ကိုမဟုတ်ဘူး၊ တချို့ နာမည်ရပြီးသား နိုင်ငံခြားရောက် မြန်မာ influencers တွေကို) အဲ့ဒိအင်ဖြူယမ်ဇာရဲ့ motivational ဘက် နည်းနည်းရောက်တဲ့ content တွေကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကိုယ့် ဦးနှောက်နဲ့ ပြန်မစဉ်းစားပဲ အလွန်ကိုးကွယ်တဲ့ လူတန်းစားရှိသလို၊ သူ့အခြေအနေပေါ်မူတည်ပြီး သူ့အတွေ့အကြုံလေးမျှဝေတာကို ကြွားတယ်တို့၊ တခြားရုံးကန်နေရသူတွေအားနာပါအုံးတို့၊ တခြညးလူတွေ အတုခိုးမှားအောင် လျှောက်ရေတယ်တို့ဆိုပြီး တဖက်က ကိုးကွယ်သူတွေကို ပြန် မျှတအောင် ချိန်ကိုက်ရင်း content creator ကို ဆဲကြပြန်ရော။
ကိုယ်လဲ တစ်ခါတစ်လေ lifestyle vlog လေးတွေ၊ မိုတီဗေးရှင်းလိုလို ဘာလိုလိုပြောတဲ့ videos လေးတွေ ကြည့်တတ်တယ်။ tarot videos တွေတောင် နားထောင်တယ်။ ဒါပေမဲ့ ယုံနေတာမျိုးမဟုတ်ဘူး။ တစ်ခါတစ်လေ တစ်ယောက်တည်း အာပေးစကားပြောပေးမဲ့သူမရှိရင် ဘယ်သူ့ကိုမှလဲ ထုတ်မပြောချင်ရင် အဲ့လို video တွေနားထောင်ပြီး relate လုပ်တာမျိုး စိတ်ဖြေတာမျိုးလုပ်မိတာထင်တယ်။
Youtuber Via Li ဆိုတဲ့ အမေစိကန်ချိုင်းနီးစ် ကောင်မလေး Video လေးတွေကြိုက်တယ်။ သူလဲ သူ့အမြင်တွေလျှောက်ပြော ကိုယ်လဲ relate လို့ရတာ relate၊ လက်မခံတာကိုယ့်စိတ်ထဲက ပြန်ပြော၊ သူက အသက်ငယ်သေးတာကိား ဆိုပြီး တခါတလေ နားလည်ပေးလိုက်နဲ့.... အပျင်းတော့ပြေတာပဲ။
ဒါပေမဲ့ ကိုယ့် friendlist ထဲမှာတောင် နိုင်ငံခြားရောက်ပြီး ဆရာလုပ်တယ်တို့၊ Motivational ပြောတဲ့ဟာတွေကို လင်းသိုက်ညွန့်တို့၊ ဖြိုးဖြိုးအောင်တို့လိုတွေချည်းပဲတို့ဆိုပြီး သိမ်းကြုံးလှောင်နေကြတော့ ကိုယ်လဲ တစ်ခုခုရေးချင်ရင်တောင် အပြောလွတ်တာ ဘာမှ မရှိတာနဲ့ ဘာမှ ကို သိပ်မရေးဖြစ်တော့ဘူး။
Caption တိုတိုလေးနဲ့ ပုံလှလှလေးတွေ တင်တဲ့လိုင်းကျတော့လဲ ကိုယ်နဲ့ မကိုက် 😁.... blogspot ဘယ်သူမှ မဖတ်တဲ့နေရာ လျှောက်ရေးတာပဲ ကောင်းပါတယ်။ 🤣
No comments :
Post a Comment