Monday, May 25, 2015

My Honeymoon No.1 - New Zealand Visa Application for Myanmar passport holder



It's not easy to for Me to visit to Mr.Biblo


တစ်ခြားနိုင်ငံတစ်ခုသွားဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် မြန်မာပတ်စပိုစ့်ကိုင်ဆောင်သူများအတွက် မထူးဆန်းသော ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ်ကို စတင်ရပါတော့တယ်။ (အဲ့ဒါကြောင့်ပြောတာ မြန်မာလူမျိုးတွေခရီးသွားတယ်ဆိုတာ တခြားနိုင်ငံကလူတွေထက် ချမ်းသာမှပဲ သွားနိုင်တယ်လို့။ (စိတ်တိုလို့ ရွဲ့ပြောသည်))

ဖေဖော်ဝါရီလထဲအထိ ယူအက်စ်သွားရင်ကောင်းမလား၊ နယူးဇီလန်ပဲသွားရင်ကောင်းမလား မသဲကွဲသေးလို့ ယူအက်စ်အတွက် Research တွေတောင် တော်တော်ရှာဖြစ်ခဲ့တာ။ ဖြစ်ချင်တော့ ကိုယ် New Zealand သွားဖို့ စိတ်ဒုံးဒုံး ဆုံးဖြတ်လိုက်တဲ့အချိန်က မတ်လလောက်ကမှ ပြီးတော့ အကြောင်းကြောင်းကြောင့် စာရွက်စာတမ်းမစုံသေးလို့ ဧပြီ ၂ရက်နေ့မှ ဗီဇာကို လျှောက်ဖြစ်လိုက်တယ်။ ကိုယ်သွားမှာက ဧပြီ၃၀ရက်နေ့ ညမှ ယာထားတော့ ၁လကြီးတောင် အချိန်ရပါတယ်ပေါ့။ New Zealand immigration ဝက်ဆိုဒ်မှာတော့ ရေးထားပါရဲ့ဗီဇာလျှောက်ရင် အနည်းဆုံး ၁၀ရက်ကနေ ၂၁ရက် (အလုပ်လုပ်ရက်) ကြာတဲ့အတွက် စောစောလျှောက်ဖို့ပေါ့။ ပြီးတော့ လေယာဉ်လက်မှတ်တွေ ဟော်တယ်တွေ ကြိုမဝယ်ဖို့လဲ မှာထားတယ်။ ဗီဇာပေးတာ ခက်လို့လားတော့မသိ။ ထားပါတော့ ဖြစ်ကြောင်းကုန်စင်ကို စလည်ဆုံး မဲ့ကာရွဲ့ကာရေးပြပါ့မယ်။ ဖတ်တဲ့သူတွေလဲ မဲ့ကာရွဲ့ကာသာ ဖတ်သွားကြပါတော့နော်။


နယူးဇီလန် အလည်သွားရန် ဗီဇာလျှောက်ထားလျှင်


နယူးဇီလန်ဗီဇာ စီစစ်ရေးရုံးက စင်္ကာပူမှာ မရှိပါဘူး။ သံရုံးရှိမရှိတော့ မသေချာပါ။ ဒါပေမဲ့ ဗီဇာစီစစ်ရေးအတွက် စင်္ကာပူမှာ မလုပ်ပါ။ အဲ့ဒိအတွက် သူတို့ရဲ့ တရားဝင်ဗီဇာလျှောက်ထားပေးတဲ့ အေးဂျင့်ကနေတစ်ဆင့်လျှောက်ရပါတယ်။ အဲဒိအေးဂျင့်ရဲ့ ဝက်ဆိုဒ်ကတော့ http://www.vfsglobal.com/newzealand/singapore/ ပါ။ အဲဒိ ဝက်ဆိုဒ်မှာလဲ သိသင့်တဲ့ လိုအပ်တဲ့အချက်အလက်တွေ အားလုံးရှိတဲ့အတွက် ဖတ်ကြည့်လို့ရပါတယ်။ ဒါပေမဲ့ မြန်မာလိုဖတ်ချင်တယ်ဆိုရင်တော့ အလည်အပတ်ဗီဇာအတွက် လိုအပ်တာတွေကို မဗေဒါက List down လုပ်လိုက်ပါတယ်။ (သတိပြုရန်။ အလည်အပတ်ဗီဇာအတွက်သာ)


လိုအပ်သော စာရွက်စာတမ်းများ


၁) ဗီဇာ လျှောက်လွှာဖောင်ကို နယူးဇီလန် လူဝန်မှုကြီးကြပ်ရေးဆိုဒ်ကနေ (http://www.immigration.govt.nz/migrant/general/formsandfees/formsandguides/visit.htm) ဒေါင်းပြီး ဖြည့်ပါ။
(အလည်သက်သက်သွားမည့်သူများအတွက် Form 1017 or 1018 ၂ခုထဲက တစ်ခုခုဆိုရင် ရပါတယ်)

၂) ၂လအတွင်းရိုက်ထားသော ပတ်စ်စပိုစ့်ဆိုဒ် ဓာတ်ပုံ ၂ပုံ

၃) တကယ်လို့ သင်က မဗေဒါလိုပဲ စာတိုက်ကနေတစ်ဆင့် ဖောင်တင်တာဆိုရင်တော့ VAC credit card Authorization form (ကျသင့်ငွေကိုယ့်ဟာကိုယ်တွက်ပြီး ထည့်ထားတဲ့ ဖောင်) လိုအပ်ပါတယ်။
သင်ကိုယ်တိုင် အဲဒိ VFS မှာသွားပြီး ဖောင်တင်ရင်တော့ အဲ့ဒိမှာ ပေးရုံပါပဲ။

လိုအပ်တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်စာရွက်စာတမ်းများဖြစ်တဲ့---

၄) လျှောက်ထားသူရဲ့ ပတ်စပိုစ့်

၅) အိုင်စီ မိတ္တူ (စင်္ကာပူမှာနေထိုင်နေသာ Pass တစ်ခုခု)

၆) တကယ်လို့ ဖောင်တစ်ခုထဲမှာ လျှောက်ထားသူ ၁ယောက်အထက်ပါတယ်ဆိုရင် ထိုသူတွေနဲ့ ပတ်သတ်မှုအတွက် သက်သေ စာရွက်စာတမ်း (မှတ်ချက်။ နယူးဇီလန်ဗီဇာက တခြားနိုင်ငံတွေလို တစ်ဦးချင်းလျှောက်စရာမလိုပဲ မိသားစုအတူတူလျှောက်ပြီး လျှောက်လွှာ၁ခုအတွက် ၁ခါပဲ ပေးစရာလိုပါတယ်။ ဥပမာ မဗေဒါတို့ဆို ဖောင်တစ်ခုထဲမှာ မဗေဒါရော အမျိုးသားပါ ၂ယောက်တူတူလျှောက်တဲ့အတွက် လက်ထပ်စာချုပ်ကို သက်သေအဖြစ် ထည့်ပေးရပါတယ်)

၇) လေယာဉ်လက်မှတ်မဝယ်နဲ့သာပြောပေမဲ့ လေယာဉ်လက်မှတ် ဘွတ်ကင်းစာရွက်တော့ တောင်းပါတယ်။ (သွားဖူးသမျှ တခြားနိုင်ငံတွေတောင်းတာ မကြုံခဲ့ဖူးပါဘူး)။ အဲဒိဘွတ်ကင်းစာရွက်အတွက် စီးတီးဟောကို တစ်ခါပြေးပြီး အပေါ်ဆုံးထပ်က ပြည့်ဝဆိုင်မှာ လုပ်ရပါတယ်။ ၅ဒေါ်လာပဲ ဝန်ဆောင်မှုပေးရပါတယ်။ အမြဲတမ်း ခရီးသွားရင် ကိုယ့်ဘာသာကိုယ်အွန်လိုင်းကပဲ ဝယ်တာများပါတယ်။ ဒါပေမဲ့ အွန်လိုင်းကကျတော့ ဘွတ်ကင်းလုပ်လို့မရတဲ့အတွက် အေးဂျင့်ကိုသွားရတာပါ။ (ကိုယ့်ဟာကိုယ်လဲ ဘွတ်ကင်းလုပ်လို့ရတယ်ဆိုရင် ကွန်မန့်မှာပြောပြခဲ့ပါ)။

၈) ခရီးသွားမဲ့ လူတစ်ယောက်စီအတွက် ပိုက်ဆံ တစ်လကို နယူးဇီလန်ဒေါ်လာ ၁၀၀၀ နှုန်းပြရပါမယ်။ မဗေဒါတို့က ၂ယောက်ဆိုတော့ အနည်းဆုံး ဒေါ်လာ ၂၀၀၀ ပြရပါမယ်။ တကယ်လို့ ဟိုမှာနေဖို့ စီစဉ်ပြီးသားဆိုတဲ့ သက်သေပြနိုင်ရင်တော့ လူတစ်ယောက်အတွက် တစ်လကို နယူးဇီလန် ၄၀၀ ပြနိုင်ရင် ရပါပြီတဲ့။
(ရေးထားတာတော့ အဲ့အတိုင်းပဲ ဒါပေမဲ့ တကယ်ပဲ ၂၀၀၀ ပြရင် ဗီဇာရပါ့မလားတောင်မသိ) မဗေဒါတို့မှာ စုထားတဲ့ ဘဏ်အကောင့်က သပ်သပ်မို့ ကိုယ့်ဘဏ်အကောင့်ထဲကို ဒေါ်လာ ၅၀၀၀ ထည့်ပြီး အရင်တင်လိုက်ပါတယ်။ (ဒါတောင် နောက်ထပ် ထပ်တောင်းတာတွေလာပါလိမ့်အုံးမယ်)
အဲဒိ Show Money အတွက်ကတော့ ကိုယ့်ဘဏ်အကောင့်ရဲ့ ၃လစာ statement ကို ကော်ပီပေးပြီး ပြရတာပါ။

၉) တကယ်လို့ ၆လအထက်နေမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆေးစစ်ချက်တွေပါ တောင်းထားတာတွေ့ပါတယ်။ မဗေဒါတို့က ၁၆ရက်ပဲနေမှာမို့ တင်စရာမလိုတော့ ထည့်မရေးတော့ပါဘူး။ သိချင်ရင် သူတို့ရဲ့ Document checklist ဆိုတဲ့ စာရွက်လေးကို ဝက်ဆိုဒ်ပေါ်က ဒေါင်းပြီး ဖတ်ပါ။

၁၀) အလုပ်က ထောက်ခံစာ (ရာထူး၊ လခ၊ အလုပ်စဝင်တဲ့နေ့စွဲ နဲ့ အလုပ်ခွင့်ရက် ခွင့်ပြုကြောင်း စတာတွေ ပါဝင်ရပါမယ်)


ဗီဇာကြေး


ဖောင်တစ်ခုကို အလည်အပတ်ဗီဇာကြေးက စင်္ကာပူဒေါ်လာ ၁၇၉ ပါ။
Vfs အေးဂျင့်ရဲ့ ဝန်ဆောင်မှုက စင်္ကာပူဒေါ်လာ ၄၀ ပါ။
(ဒါနဲ့ ခု U20 အတွက် သွားမဲ့သူတွေကို ဗီဇာလျှောက်ထားတဲ့ ဝန်ဆောင်ခကို မြန်မာ ခရီးသွားအေးဂျင့်တစ်ခုရဲ့ ကြော်ငြာမှာ ယူအက်စ်ဒေါ်လာ ၁၀၀၀ လို့ ရေးထားတဲ့ တွေ့ရတယ်။ ပြောပြတာပါ။ တကယ်လို့ တန်တယ်ထင်ရင်တော့ လုပ်ကြလို့ရပါတယ်)
မဗေဒါတို့က အလုပ်က ခွင့်တစ်ရက်ယူပြီး မသွားချင်တာနဲ့ အိမ်တိုင်ရာရောက် ပို့တဲ့ courier service ကိုယူတဲ့အတွက် စင်္ကာပူမြို့တွင်းကို စင်္ကာပူဒေါ်လာ ၁၅ ပါ။
စုစုပေါင်း ဗီဇာလျှောက်ထားမှု ၂ယောက်လုံးအတွက် စင်္ကာပူ ဒေါ်လာ ၂၃၄ ကျပ်ပါ။

( အဲတာကတော့ အားလုံးအဆင်ပြေပြေဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်။ နောက်ထပ် အပို စာရွက်စာတမ်းတွေထပ်တောင်းခံရတော့ ပြင်ဆင်ပြီး တိုက်စီနဲ့ အေးဂျင့်ကို ပြေးပြီး ထပ်ပေးရတဲ့ တိုက်စီဖိုးမပါသေးဘူး။)

ကြည့်လိုက်ရင်တော့ အပေါ်က လိုအပ်တဲ့ စာရွက်စာတမ်းတွေက တခြားနိုင်ငံတွေတုန်းက တောင်းသလိုပါပဲ သိပ်တော့လဲ ထွေထွေထူးထူးမရှိပါဘူး။ သူက မိသားစုပါ ပေါင်းလျှောက်လို့ရလို့သာ ပေါင်းလျှောက်တဲ့သူတွေရဲ့ ပတ်သတ်မှု သက်သေပြ စာရွက်လိုတာပဲရှိပါတယ်။


မဗေဒါတို့ နယူးဇီလန်ဗီဇာလျှောက်တဲ့ ဖြစ်ကြောင်းကုန်စင် (Personal experience)


အဲဒိလိုနဲ့ ဧပြီ ၂ရက်နေ့က ပို့လိုက်တဲ့ စာရွက်စာတမ်းတွေက ၃၊ ၄၊ ၅ ရက် ပိတ်ရက်ခံတော့ ၆ရက်နေ့ တနင်္လာနေ့လဲ ဘာအသံမှ မကြားလေတော့ အင်္ဂါနေ့မှာ Singapore Agent ကို ဖုန်းဆက်ပြီး မေးမြန်းခဲ့ပါတယ်။ ဒီတော့ သူတို့ လက်ခံရရှိပြီး ဗီဇာ စီစစ်ရေးကို ပို့လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ ဘယ်လောက်လောက်ကြာမလဲလို့မေးတော့ ဘာမှ ထပ်မလိုအပ်ရင်တော့ ၁၀ရက်အတွင်းလောက်ရလောက်ပါတယ်ဆိုလို့ ကိုယ်လဲ စိတ်အေးအေးပဲနေခဲ့တယ်။ ဒီကြားမှာတော့ လေယာဉ်လက်မှတ်ခတွေ ကြည့်လိုက်တိုင်း ၁ရက်ပြီးတစ်ရက် နီးလာလေ ဈေးတက်လာလေမို့ ဗီဇာ အမြန်ရပါစေပဲ ဆုတောင်းနေမိပါတယ်။ ရမရ မသိသေးတော့ အလုပ်ကိုလဲ ခွင့်မတင်ရသေးပါဘူး။ (HR letter က နယူးဇီလန်သွားမဲ့ နေ့ကို ထည့်ရေးထားတာပါ။ system ထဲမှာ ခွင့်တော့ မလျှောက်ရသေးပါ)။ တကယ်လို့ အရမ်းအနီးကပ်ရင်တော့ ခရီးကို နောက်ဆုတ်ဖို့ပဲ ရှိတော့တာပေါ့နော်။ ကိုယ်က ဒီမှာ အရမ်းပူနေလို့ အေးတဲ့နေရာ အမြန်သွားချင်ပါတယ်ဆိုမှ။

ဒီလိုနဲ့ Research လေးဘာလေးရှာပြီး စောင့်နေရင်း ဧပြီ ၂၀ရက်နေ့မှာ ယိုးဒယားကနေ အီးမေးလ်းရောက်လာပါတယ်။ သူဟာ ကျွန်မတို့ရဲ့ ဗီဇာစီစစ်ရေး အရာရှိဖြစ်ပြီးအောက်ပါ လိုအပ်တဲ့ အပို သက်သေစာရွက်စာတမ်းများကို ၂၃ရက်နေ့ အမှီ အေးဂျင့်ကို ပြန်ပို့ပေးဖို့ ရေးထားပါတယ်။ စဉ်းစားကြည့်နော် သူ့အီးမေလ်းကို ရတဲ့အချိန်က နေလည် ၁၂နာရီ အလုပ်ထဲမှာ ဒီတော့ ကိုယ်က လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ၂၀ရက် ညနေ အလုပ်ပြန်မှ လုပ်နိုင်မယ်။ ဖောင်ထဲမှာလဲ ကိုယ် ၃၀ရက်နေ့သွားမယ်ဆိုတာ ဖြည့်ထားပြီးသား။ ဘာပဲပြောပြော Mr.Right ကို ၂၁ ညမှပြောရင် သူ့အလုပ်က လိုအပ်တဲ့ စာရွက်စာတမ်းတွေက ၂၂ကျမှ သူက ထုတ်လာပြီး ၂၃ ရက်တည့်တည့် မှပဲ အေးဂျင့်ကိုသွားပေးနိုင်မှာပဲ။ စာတိုက်ကတော့ ထည့်လို့ မမှီဘူး။ ဒါနဲ့ softcopy တောင်းတာလား hardcopy ရော တင်ရမှာလားလို့ ပြန်မေးတော့ hardcopy ပါတင်ရမယ်တဲ့။


သူထပ်တောင်းတဲ့ စာရွက်စာတမ်းတွေကတော့…


၁) ကျွန်မနဲ့ Mr. Right ရဲ့ ချစ်ကျွမ်းဝင်ခါစအချိန်ကနေစပြီး မတူညီတဲ့ လူမှုရေးပွဲအခြေအနေတွေမှာ တခြား သူငယ်ချင်းတွေ တခြား မိသားစုဝင်တွေပါ ပါတဲ့ ဓာတ်ပုံ၊ မင်္ဂလာဆောင်တုန်းကဓာတ်ပုံနှင့် တခြားခရီးတူတူသွားဖူးသော ပုံများ၊

(ဒါတောင် လက်ထပ်စာချုပ်က စင်္ကာပူက စာချုပ်မို့ပေပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ရိုက်ထားသမျှ ဓာတ်ပုံတွေနဲ့ Pre-wedding ပုံတွေ အားလုံးပို့လိုက်မှ ယိုးဒယား အရာရှိမ ခေါင်းတောင်မူးသွားအုံးမယ်။ မြန်မာပတ်စပိုစ့်ကိုင်လို့ အနှိမ်မခံရဘူးလို့ပြောတဲ့သူများ သိစေချင်စမ်းပါဘိ။ ကိုယ်သာ စလုံးပတ်စပိုစ့်ကိုင်သူဆို ခုလိုမေးခံရမလား စဉ်းစား။)

၂) ယခုလက်ရှိမှာ အတူတူနေထိုင်ပါတယ်ဆိုတဲ့ လိပ်စာနဲ့ စာချုပ်

(လက်ထပ်စာချုပ်က တရားဝင်တူတူနေဖို့ ထိုးထားတာ ဟုတ်ဘူးလား? အင်းပေါ့လေ ကိုယ်တွေလို ခေတ်မှီဖွတ်ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဆီက လူတွေဆိုတော့ တစ်ချို့က လက်ထပ်စာချုပ်လဲ အတုလုပ် လိမ်ညာပြီးသွားကြရတယ်ဆိုတော့ အားလုံး သိမ်းကြုံး အယုံအကြည်မရှိဘူးပေါ့)

၃) ၂ယောက်ပေါင်းနာမည်နဲ့ ဘဏ်အကောင့် (တစ်ယောက်နဲ့တစ်ယောက် ငွေရေးကြေးရေး ပတ်သတ်မှုရှိကြောင်း)

Joint account က လုပ်မလို့ပဲ အဲ့နေ့က ဘဏ်အကောင့်သွားဖွင့်တော့ သူက အိုင်စီမေ့ကျန်ခဲ့တာနဲ့ ကိုယ့်နာမည်နဲ့ပဲ ဖွင့်ခဲ့တာ။ အဲ့ထဲမှာက စုတဲ့ ပိုက်ဆံတွေထည့်ထားတာ။ ဗီဇာလျှောက်တုန်းက ကိုယ့်ကိုယ်ပိုင်ဘဏ်အကောင့်နဲ့ တင်လိုက်တာ။ ဒါပေမဲ့ Joint bank account ကလဲ ကိုယ့်နာမည်နဲ့ပဲ။ သူ့ရှင်းပြရမှာ ရှုတ်တာနဲ့ အမြင်ကပ်ကပ်နဲ့ reply လိုက်တယ်။ ငါတို့ဟာ တစ်ဦးကိုတစ်ဦး အကြင်လင်မယားပီသစွာ ယုံကြည်တဲ့အတွက် တာဝန်ကြေပွန်သော မိန်းမတစ်ယောက်အဖြစ် ငွေရေးကြေးရေးကို ကျွန်မကသာ စီမံခန့်ခွဲတဲ့အတွက် ၂ယောက်ပေါင်းနာမည်နဲ့ မရှိကြောင်း။ ငါတို့ဘဏ်ထဲမှာ နယူးဇီလန်ကို သွားလည်ဖို့ လုံလောက်တာထက်တောင် ပိုတဲ့ ငွေ အရည်အတွက်ရှိကြောင်း အဲ့ဒိဘဏ်အကောင့်က ပိုက်ဆံတွေပါ ထပ်ပြလိုက်တယ်။

၄) ကျွန်မတို့ ၂ယောက်လုံးရဲ့ အလုပ်က ၃လကနေ ၆လ လခ လက်ခံပြေစာ (Payslip)
အစကတည်းက လိုအပ်တယ်ဆိုရင်လဲ တခြားသံရုံးတွေလို ထည့်တောင်းပေါ့ ခုမှ သက်သက်ထပ်တောင်းတာ အလုပ်ပိုတယ်။

၅) Mr.Right ရဲ့ သူ့အလုပ် လခဝင်တဲ့ ဘဏ်အကောင့်
အဲ့ စိစစ်တဲ့ အရာရှိလဲ တာဝန်ရှိလို့တောင်းတာလား။ ငါတို့ ပိုင်ဆိုင်တာတွေ စပ်စုချင်လို့တောင်းတာလားတောင် သံသယဖြစ်မိတယ်။ အဲလောက်တောင်းထားပြီး ဗီဇာ မရလို့ကတော့ အဲ့ အရာရှိကို Assessment Fairness မရှိမှုနဲ့ ပြန်တိုင်ဖို့ စိတ်ကူးထားပြီးသား။

၆) တခြားသော ကိုယ်ပြချင်သော စာရွက်စာတမ်းများ စသည်ဖြင့်ဖြစ်ပါတယ်။
ကိုယ်လဲ ဓာတ်ပုံတွေရော စာရွက်စာတမ်းတွေရောကို Print ထုတ်တဲ့အပြင် အမြင်ကပ်ကပ်နဲ့ CD ပါ ထပ် Burn ပေးလိုက်တယ်။ ကျန်တဲ့ စာရွက်စာတမ်းတွေကတော့ Fullerton Hotel မှာ မင်္ဂလာဆောင်ထားတဲ့ Banquet Order form နဲ့ အဲ့ဒိက ပေးတဲ့ Congratulation certificate တွေ (နယူးဇီလန်လေးသွားဖို့အတွက် ဟန်ဆောင်လင်မယားလုပ်မဲ့သူက စင်္ကာပူက 6 stars ဟော်တယ်ထိ ထက်ပြီးတော့ မင်္ဂလာဆောင်ပြစရာမလိုဘူးထင်ပါတယ်နော်)။

ကိုယ့်စိတ်ထဲမလဲ တကယ့်နယူးဇီလန်က အရာရှိစစ်ရင်တောင် ကိုယ့်ကို ဒီလောက် နှိမ်မယ်မထင်ဘူး။ ယိုးဒယားက အရာရှိမ မို့ ကိုယ်တွေ မြန်မာတွေကို နင်တို့က ဘယ်လောက်ချမ်းသာလို့ အဲ့ဒိသွားနိုင်ရတာလဲလို့ အထင်မကြီးတဲ့ပုံစံနဲ့ တောင်းနေတယ်လို့ ခံစားမိတယ်။ ဟုတ်ချင်မှလဲ ဟုတ်မှာပါ။ သူက တာဝန်အရတောင်းတာဆိုပေမဲ့ ကိုယ်တွေလို Third World Country နိုင်ငံကဆိုတော့ အလကားနေ သိမ်ငယ်စိတ်နဲ့ စွတ်စွဲချင်မိတာပေါ့။ ကိုယ်ကသာ ကမ္ဘာ အဆင့်မှီ ပတ်စပိုစ့်ကိုင်ထားတဲ့သူဆိုရင် သူတောင်းလဲ တာဝန်အရတောင်းတာပဲ ဆိုပြီး ပေးလိုက်မှာပဲ။ ခုတော့ ကိုယ့်ပတ်စပိုစ့်က ဘယ်နိုင်ငံသွားသွား သူများထက် စာရွက်စာတမ်းပိုပြရ ပိုက်ဆံပြရ မသင်္ကာသလို စစ်ဆေးခံရတော့ နောက်ပိုင်းဝင်ခွင့်ရတယ်ဆိုပေမဲ့လဲ နှိမ်တယ်ထင်မိတာပေါ့နော်။ (အဲ့ဒါမှ ကိုယ့်ပတ်စပိုစ့်ကို နှိမ်တယ်လို့ မပြောရင် ဘယ်ဟာနှိမ်တယ်လို့ထင်ရမလဲ)

ဒီလိုနဲ့ ၂၂ရက်နေ့ မနက်ကို အေးဂျင့်က မနက် ၈နာရီစဖွင့်တယ်ဆိုတော့ ရုံးမသွားခင် ၂ယောက်သား အမြန်တိုက်စီနဲ့ ပြေးပြီးတင်ရပါတယ်။ အမလေး … ပြောချင်ဘူး။ အေးဂျင့်ကလဲ သြစီသံရုံးသွားတာထက်တောင် လုံခြုံရေးက ကျပ်သေးတယ်။ အဲဒိထဲဝင်ဖို့ကို ကိုယ့်ဖုန်းတောင် သူတို့ လုံခြုံရေးရှေ့မှာ ပိတ်ပြရသေးတယ်။ ပိုလွန်းတာက။ အဲဒိမှာ တခြားနိုင်ငံ ဗီဇာတွေ လျှောက်ပေးတဲ့ ဝန်ဆောင်မှုလဲရှိတယ်။ သြစီဗီဇာကို အဲ့မှာ လာလျှောက်နေတဲ့ ပြည်ကြီးတရုတ်တွေလဲ တွေ့တယ်။ အမှန် သြစီဗီဇာ သြစီသံရုံးမှာ သွားလျှောက်တာတောင် ပိုလွယ်သေး။

ဒီလိုနဲ့ တင်လိုက်တာ ၂၇ ရက်နေ့ကျတော့ အဲ့ဒိ ယိုးဒယားမဆီက အီးမေလ်းထပ်လာတယ်။ INZ1200 ဖောင်ကို ဖြည့်ပြီး ၂၈ရက်နေ့ မနက်သူ့ဆီ အီးမေလ်းပြန်ပို့ပေးရင် ၂၈ရက်နေ့ နေ့လည် ကျွန်မတို့ ပတ်စပိုစ့်တွေကို ပြန်ပို့ပေးမယ်တဲ့။ လောမိတဲ့အတွက် တောင်းပန်ပါတယ်ဆိုတာက မေလ်းထဲ ပါသေးတယ်။ INZ1200 ဖောင်က Additional Information form တဲ့။ အဲ့ဒိထဲမှာ အသေးစိတ်ဖြည့်ရမယ့်အပြင် တချို့ဟာတွေက လိုအပ်ရင် ထောက်ပံ့စာရွက်စာတမ်းတွေကို သက်သေအနေနဲ့ ထပ်ပို့ပေးရမယ်လို့ရေးထားသေးတယ်။ ဒါပေမဲ့ မဗေဒါတို့ကတော့ နောက်ထပ် လိုအပ်တဲ့စာတမ်းတွေ ထပ်ပို့စရာ မလိုအပ်ခဲ့ပါဘူး။ အဲဒိဖောင်ပဲဖြည့်ပြီး ပြန်ပို့ခဲ့တယ်။

အဲဒိဖောင်ဖြည့်ရချက်ကတော့ မြန်မာသံရုံးမှာ ပတ်စပိုစ့်သက်တမ်းတိုးရင် ဖြည့်ရတဲ့ ဖောင်သွားသတိရတယ်။

Session A မှာ ရှိသမျှ မိသားစုဒေတာတွေ ပါ အကုန်ဖြည့်ရသေးတယ်။ ကိုယ့်နာမည် မြန်မာလိုနဲ့ မြန်မာနိုင်ငံ မှတ်ပုံတင်နံပတ်ပါဖြည့်ရသေးတယ်။

Session B မှာက ကိုယ်လုပ်ခဲ့သမျှ အလုပ်တွေနဲ့ လုပ်ခဲ့တဲ့ သက်တမ်း နဲ့ တက်ခဲ့တဲ့ ကျောင်းနဲ့ တက်ရောက်ခဲ့တဲ့ နေ့စွဲ တကယ်လို့ ကျောင်းလဲမတက်ဘူး အလုပ်လဲမလုပ်တဲ့ အချိန်တွေရှိခဲ့ရင် အဲဒိကြားမှာ ဘာလုပ်နေလဲဆိုတာက ထည့်ရေးရအုံးမယ်။ မိဘပိုက်ဆံထိုင်စားနေတဲ့သူတွေဆို ဘယ်လိုဖြည့်မလဲတော့ မသိ။
နောက်ပြီး သွားခဲ့ဖူးသမျှနိုင်ငံတွေ နဲ့ နေ့စွဲတွေ (ပတ်စ်စပို့လှန်ပြီး ပြန်ကြည့်၊ ကိုယ့်ဘလော့ကိုယ်ပြန်ဖတ်ရ)
တကယ်လို့များ အလုပ်လဲမလုပ် ကျောင်းလဲ မတက်နေတဲ့ ကာလတွေရှိခဲ့ရင် အဲ့ဒိအချိန်ဘာလုပ်နေလဲ ဘာနဲ့ စားနေလဲဆိုတာပါ ဖြေရသေး။

Session C အစိုးရအလုပ် လုပ်ဖူးသလားနဲ့ နိုင်ငံရေးမှာ ပါဝင်မှုရှိမရှိ မေးခွန်းများ

Session D စစ်မှုထမ်းဖို့ လိုမလို၊ ရှိမရှိ

Session E ပိုမို လိုအပ်သော အချက်အလက်များ (Further Information) ဆိုပြီး မေးထားလိုက်တဲ့ မေးခွန်းတွေ
အဲဒိ Session E ကိုဖြေရတာ စိတ်အတိုဆုံးပဲ။ ငါတို့နိုင်ငံမှာ Civil war တွေဖြစ်နေတာ၊ Civil Conflict တွေဖြစ်နေတာ၊ 969 တို့လို အမုန်းတရားပွားစေတဲ့ အဖွဲ့အစည်းတွေဖြစ်နေတာ၊ အားလုံးကို ခြုံငုံပြောရရင် ငါတို့နိုင်ငံကြီးရဲ့ နိုင်ငံရေးဆိုတာ နိုင်ငံသားတစ်ယောက်အနေနဲ့ သက်ဆိုင်နေတာ ဒီ ဖောင်ဖြည့်တဲ့အခါမှာ အော်အော်ပြီးတော့ကို ပြောချင်မိတယ်။

ဒေါ်စုပြောတဲ့ “နိုင်ငံရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်ဆိုတဲ့စကားကို နားထဲ အကြိမ်ကြိမ်ပြန်ကြားယောင်မိတယ်။” ဒိထက်ကောင်းတဲ့ ဥပမာ မဗေဒါတော့ ကိုယ်တိုင်မကြုံဖူးတော့ဘူး။ တချို့ပြောတာကြားဖူးတယ်လေ “ဘယ်သူတက်တက် ကိုယ့်ထမင်းကိုယ်ရှာစားရတာပါ” လို့ ပြောတဲ့သူတွေကို
“တွေ့ပြီလား။ ငါ့ထမင်းငါရှာစားနေပေမဲ့ မြန်မာနိုင်ငံပတ်စပိုစ့်ကိုင်လို သူများနိုင်ငံတွေ ဗီဇာလျှောက်စရာမလိုတဲ့အချိန် ကိုယ်လျှောက်နေရတယ်။”

“တွေ့ပြီလား။ ငါ့ထမင်းငါရှာစားနေပေမဲ့ မြန်မာနိုင်ငံပတ်စပိုစ့်ကိုင်လို့ သူများထက်ပိုတဲ့ ဖောင်တွေဖြည့် မသင်္ကာသလို မေးခွန်းတွေ မေးခံနေရတယ်”

“တွေ့ပြီလား။ ငါ့ပိုက်ဆံနဲ့ငါခရီးသွားနိုင်တာတောင် ဒီဖောင်ထဲကမေးခွန်းတွေထဲက တစ်ခုဖြစ်တဲ့ “How old were you when the armed conflict in your home country ended? ဟာကို အောင့်သက်သက်နဲ့ အမှန်ကို ဘယ်လိုဖြည့်ခဲ့ရသလဲ” (တစ်ခါမှ ပြည်တွင်းလက်နက်ကိုင် စစ်ပွဲတွေကို ကိုယ်နဲ့ တိုက်ရိုက်ပတ်သတ်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး)

Thank you to whom-it-may-concern

အဲဒါကိုမှ မြန်မာပတ်စပိုစ့်ကိုင်ရတာကို ကျန်ဖန် ဂုဏ်ယူနေတယ်ဆိုရင်တော့ အဲဒိလူရဲ့ ဦးနှောက်ကို သူသေရင် ပြတိုက်မှာ သိမ်းထားသင့်ပြီလို့ပဲ ပြောတော့မယ်။

ဖောင်တွေဖြည့်နေရတဲ့ အချိန်မှာ သူတို့နိုင်ငံမှာ ပိုက်ဆံလာဖြုန်းမှာကိုပဲ မယုံသင်္ကာနဲ့ မတရားစာရွက်စာတမ်းတွေတောင်းတာကိုပဲ စိတ်တိုရမလား၊ ကြားက ယိုးဒယားမ အရာရှိက ကိုယ့်ကို မြန်မာမို့ နှိမ်နေတယ်ခံစားရလို့ သူ့ဒေါကန်ရမလား ဖြစ်နေပေမဲ့ အရင်းစစ်လို့ အမြစ်လှန်စဉ်းစားလိုက်ရင် ကိုယ့်ပတ်စ်စပိုစ့်ကို ကမ္ဘာ့အလည်မှာ ဘာကြောင့် ဒီလောက် မျက်နှာငယ်ရတာလဲ။ စင်္ကာပူလို နိုင်ငံသေးလေးက လူတွေက နိုင်ငံတော်တော်များများသွားလည်ရင် အားလုံးက welcome ဖြစ်ခံရတဲ့အချိန်၊ သယံဇာတပေါပါတယ်၊ ယဉ်ကျေးမှုကြွယ်ပါတယ်ဆိုတဲ့ ကိုယ့်နိုင်ငံကို ခုလို ဆက်ဆံခံရတာ ဘာ့ကြောင့်လဲ? ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဆီသို့ဆိုတဲ့ ဆိုင်းဘုတ်ကြီးတောင် သံကြေးလိုက်နေပြီ ဘာလို့ ခုထက်ထိ ဘာမှ မတိုးတက်လာတဲ့အပြင် ပိုပိုဆိုးလာတာလဲ? အဲ့ဒိ တရားခံကို ကျွန်မ နာမည်တပ်စရာမလိုပါဘူး။ စာဖတ်သူတွေ ကိုယ့်ဟာကိုယ်သိမယ်ထင်ပါတယ်။ ဒီပိုစ့်ဟာ နိုင်ငံရေးပိုစ့်လဲ မဟုတ်ပါဘူး။ မဗေဒါဘလော့ပေါ် နိုင်ငံရေး မရေးပါဘူး။ ဒါဟာ ခရီးသွားရ နှစ်သက်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ဗီဇာလျှောက်တိုင်း အခြေခံကျကျစဉ်းစားမိတဲ့ ယောက်တက်ရာရာတွေပါပဲ။ ကျွန်မခုလိုပြောလို့ ဖင်နာကြမဲ့သူများရှိရင် ဘယ်သူတက်တက်ပါ နိုင်ငံတိုးတက်လာအောင် ကောင်းအောင် အလုပ်နဲ့သက်သေပြနိုင်အောင် လုပ်ကြပါ။ လောလောဆယ်တက်နေတဲ့သူတွေကတော့ သူတို့ အလုပ်နဲ့ ဟောသလို မျက်နှာငယ်ရအောင် သက်သေပြထားပြီးသွားပြီလေ။

ကျွန်မတို့ အဲ့ဒိဖောင်ကို အမြန်ဖြည့်ပြီး ၂၈ရက်နေ့ မနက်မှာ အီးမေလ်းပြန်ပို့လိုက်ပါတယ်။ ဗီဇာ ရမရ အီးမေးလ်နဲ့ အကြောင်းပြန်ပေးပါ။ ပတ်စပိုစ့်မရသေးပေမဲ့ ရတယ်ဆိုတာနဲ့ ငါတို့က ၃၀ရက်နေ့သွားဖို့ လေယာဉ်လက်မှတ်နဲ့ ဟော်တယ်ဘွတ်ကင် လုပ်ရမှာမို့ပါပြောပေမဲ့ အဲ့ ယပလက်မက အကြောင်းမပြန်ပါဘူး။

ဒါနဲ့ ၂၉ရက်နေ့ ထပ်ပြီး အီးမေးလ်းပို့ပြီးမေးပါတယ် (တဖက်မှာလဲ ဗီဇာမရလို့ကတော့ သူ့ကို ကွန်ပလိန်းဖို့ အင်တာနက်မှာ ဗီဇာ Assessment rules တွေ Fairness ကို ရှာထားပြီးပါပြီ။ ကိုယ့်စာဖတ်သူ မြန်မာနိုင်ငံသားတွေကို သိထားစေချင်တာပါ။ သူများနိုင်ငံတွေမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ၊ ဝန်ဆောင်မှုတွေကို မတရားဘူးဆိုရင် တိုင်ပိုင်ခွင့်ရှိပါတယ်။ တကယ်လို့ ကျွန်မတို့က အားလုံး တင်ပါလျှက် သူကသာ ဗီဇာကို မပေးခဲ့ဘူးဆိုရင် ကျွန်မတို့မှာ ဗီဇာကို ဘာကြောင့် reject ရလဲဆိုတဲ့ အကြောင်းအရာ မေးပိုင်ခွင့်ရှိပါတယ်။ သူ့အကြောင်းပြချက်ပေါ်မူတည်ပြီး ကျွန်မတို့ တင်ခဲ့ရတဲ့ စာရွက်စာတမ်းတွေပေါ်မူတည်ပြီး သူ့ကို တိုင်လို့ရပါတယ်။ အဲဒိ ကွန်ပလိန်းလုပ်ပုံတွေကိုလဲ နယူးဇီလန် လူဝန်မှုကြီးကြပ်ရေးဝက်ဆိုဒ်မှာ ရှာပြီး ဖတ်ကြည့်နိုင်ပါတယ်။)

Don't just end your fate in others' mouth, find it out. Fight for your rights.

ယပလက်မက Reply လုပ်ပါတယ်။ သူ ၂၈ရက်နေ့ကတည်းက ပို့လိုက်ပါပြီတဲ့။ ဒါနဲ့ VFS ကို ဖုန်းဆက်ပြီး မေးပါတယ်။ သူတို့ဆီ မရောက်သေးဘူးပြောပါတယ်။ ၂၉ရက်နေ့ နေ့လည်စာစားပြီးချိန် ဖုန်းပြန်ဆက်ပြီးမေးပါတဲ့။ ဒါနဲ့ကျွန်မက ၂၉ရက်နေ့ ကျွန်မတို့ဆီပို့ရင် ၃၀ရက်နေ့ ကျွန်မတို့ဆီ ပတ်စပိုစ့်တွေရောက်ပါ့မလား။ ပို့ခ ပိုက်ဆံပေးပြီးပေမဲ့ ကိုယ်တိုင်လာယူရမလားဆိုတော့ သူတို့က ၃၀ရက်နေ့ ရပါတယ်လို့ အာမခံတာနဲ့ သူတို့ပြောတာကိုပဲ ယုံလိုက်တယ်။ ၂၉ရက်နေ့ အေးဂျင့်နဲ့ Confirm ပြီးတာနဲ့ မဗေဒါလဲ အလုပ်မှာ ခွင့် ၂ပတ် အမြန်လျှောက်ရပါတော့တယ်။ အမှန်တော့ စောစောစီးစီးကြိုလျှောက်ထားရမှာ။ တော်သေးတယ် သူဌေးက ဘာမှ မပြောလို့။ ၂ပတ်တောင်ဆိုပြီး နည်းနည်းတော့ လန့်သွားတဲ့ပုံပဲပြတယ်။ နောက်တော့ Honeymoon ဆိုတော့ သူက အိုကေ အိုကေ ဆိုပြီးပဲ ပေးလိုက်တယ်။

ဒီလိုနဲ့ ၂၉ရက်ညမှာ လေယာဉ်လက်မှတ်ဝယ်။ Auckland မှာ ရောက်ရောက်ချင်းနေဖို့ ၂ညအတွက် ဟော်တယ်ကောင်းကောင်းကို ဘွတ်လိုက်ပါတယ်။ ၃၀ရက်နေ့က သိပ်နီးနေတော့ ၁ရက်နေ့ညထွက်တဲ့ လေယာဉ်ကို ပဲ ဘွတ်လိုက်ပါတယ်။ မဗေဒါကတော့ နောက်ထပ် ၂ပတ်လောက်ကို ထပ်ဆုတ်ချင်ပေမဲ့ Mr.Right က သူ့သူဌေးဆီမှာ ခွင့်လျှောက်ပြီးလို့ သူဌေးက သူမရှိတဲ့ရက်မှာ outsource တောင် ခေါ်ထားရလို့ သူဌေးကို အားနာပြီး ရက်မချိန်းချင်တော့လို့ ဒီရက်ပဲသွားပါဆိုတော့ ခုလို အနီးကပ်တွေ ဖြစ်ကုန်တာ။

ဘဲအုပ်က တစ်ရာနှစ်ရာရှိလဲ မဗေဒါတို့ တိမ်တွေကို စီးပြီး အရောက်လာမယ်။ (Photo taken by Me at Lake Wakatipu, Queenstown)
နောက်ပိုစ့်ကျမှပဲ လေဆိပ်ဆင်းတော့ တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေကို ပြောပြရအုံးမယ် အကြောင်းတွေ…

Other Related Posts
Honeymoon to New Zealand: Day1
Honeymoon to New Zealand: Day2
Honeymoon to New Zealand: Day3
Honeymoon to New Zealand: Day4
Honeymoon to New Zealand: Day5
Honeymoon to New Zealand: Day6 (Part 1)
Honeymoon to New Zealand: Day6 (Part 2)

16 comments :

Lorem Ipsum said...

ဗီဇာလျှောက်ရတာလည်း တစ်ဒုက္ခနော်.....
စလုံးတွေ မလေးတွေ ကျတော့ working holiday ဗီဇာတွေ အလွယ်တကူရကြတယ် ။ တကယ်က ယပလက်မမို့သာ အဲလောက်အကြောတင်းတာ မဗေဒါရယ်... အသိညီမလေးတစ်ယောက်အတွက် ဗင်နီဇွဲလားဗီဇာလျှောက်ပေးတာ ဘာမှမလိုဘူးရယ် ဒါတောင် ညီမလေးက ၁၈ မပြည့်သေးဘူး ။ ခရီးသွားဖို့ မိဘခွင့်ပြုချက်ရယ် ၊ ခေါ်စာရယ် ၊ ဖောင်ရယ် ၊ လေယဉ်လက်မှတ်ဘွတ်ကင်ရယ်ပဲလိုတာ ။ စလုံးကအဖြူမတွေ သေသေချာချာလုပ်ပေးတယ် ။ အဓိကတော့ ယိုးဒယားမတွေက ကိုယ်တွေကိုဆို အထင်သေးတာရယ်.... မြန်မာဟေ့ဆိုရင် နှိမ်ချင်တာရယ်ကြောင့်ဖြစ်ရတာ ပြီးတော့သူတို့လူမျိုးတွေက ၀မ်းတွင်းပုတ်တွေ ။ အဖြူတွေနဲ့ တိုက်ရိုက်လျှောက်ရတာ ပိုကောင်းသေးတယ် ။ လူကိုလူလိုပဲမြင်တယ် ။ ယိုးဒယားတွေလိုမဟုတ်ဘူး ။ ကိုယ်တွေအစိုးရကလည်း မုဆိုးမအစိုးရသာသာဆိုတော့ ဟိုကလည်းအားမနာ ဒီကလည်းအားမနာဘူးရယ်..။
နောက်ပိုစ့်တွေလည်းမျှော်နေတယ်နော်း)

ဆွေလေးမွန် said...

အားရင် မြန်မြန်လေး ဆက်ရေးပါဝေ့..

Anonymous said...

အောင်မလေး ရင်မောလိုက်တာနော်။ ပတ်စပို့ အကြောင်းရေးထားတဲ့ဟာ ဖတ်ရတာ အားရတယ် ကျေနပ်တယ်။ ရှယ်ပီ ဖေ့ဘွတ်မှာ။

yummm

William said...

Kyaik twar par del!

William said...

Kyaik twar par del!

Nint Gyi Daw said...

You have such a good memory to write all in details!

Anonymous said...

Great post ma baydar

mabaydar said...

@ဆုမြတ်မိုး - အစကတော့ အဲ့လိုပဲ ထင်တာပါပဲ။ ဟုတ်ရင်လဲဟုတ်မယ် မဟုတ်ရင်လဲ မဟုတ်ဘူး။ လက်ဆုတ်လက်ကိုင်မရှိတော့ မစွပ်စွဲချင်ပါဘူး။ ဖေ့ဘွတ်ပေ့ခ်ျမှာတော့ သွားဖူးတဲ့သူတွေလဲ ပြောတယ် INZ1200 form သူတို့လဲ ဖြည့်ရတယ်တဲ့။ ဓာတ်ပုံတွေတော့ မတောင်းဘူးတဲ့။ သူ wedding ပုံတွေ ကြည့်ချင်လို့ ထင်ပါ့။

@မဆွေလေးမွန် - ဟုတ်။ အားတိုင်းရေးနိုင်အောင် ကြိုးစားနေပါတယ်။ ပူပူနွေးနွေး ပြန်လာတုန်းလေးမို့။ ၁၆ရက်ခရီးစဉ်ဆိုတော့ ဒီခရီးအကြောင်းက မနည်းဘူးရေးရမှာ။

@Yummm - comment ထားခဲ့တာရော ဖေ့ဘွတ်မှာရှယ်ပေးတာရောအတွက် ကျေးဇူးကမ္ဘာပါရှင်။ နောက်ပိုစ့်မှာလဲ ပြဿနာတွေထပ်ပါပြီး ရင်တွင်းဖြစ်တွေ ဆက်ဖတ်ရအုံးမှာမို့။ ကြိုက်တယ်ဆို ထပ်ရှယ်ပါအုံးနော်။ :D

@William - Are you William Tan? I only see like of William Tan. ကျေးဇူးအထူးတင်ရှိ။

@Nint Gyi Daw - နာမည်ကတော့ ရှယ်ပဲနော်။ မှတ်ဥာဏ်နဲ့ မှတ်တာက ၂၀ရာနှုန်းလောက်ပဲရှိမယ်ထင်တယ်။ တချို့ရက်စွဲတွေ၊ အချိန်အတိအကျတွေ၊ ပိုက်ဆံတွေကျတော့ ကိုယ်ရေးမှတ်ထားသော်လည်းကောင်း၊ အီးမေလ်းထဲက အချိန်နဲ့ ရက်စွဲတွေ ပြန်ကြည့်သော်လည်းကောင်း ပြန်လုပ်ရတာပေါ့။ အားလုံးကို တသွေမတိမ်းမှတ်မိဖို့က မှတ်ဥာဏ်တစ်ခုတည်းတော့ မရဘူး။ ပိုစ့်ရေးမယ်ဆိုပြီးတော့ကို မှတ်မှတ်ရရ တချို့ဟာတွေကို စာအုပ်ထဲရေးမှတ်ထားတာ။

@Anonymous - ကျေးဇူးပါ နောက်ပိုစ့်တွေလဲ လာဖတ်ပါအုံး။ မဗေဒါစဉ်းစားထားတယ် မဗေဒါရဲ့ New Zealand post တွေအောက်မှာ လာမန့်တဲ့သူတွေကို လက်ဆောင်ပစ္စည်းလေးတွေ ကံစမ်းမဲဖောက်ပေးဖို့ အစီအစဉ်လေး။ အဲဒါကြောင့် နောက်တစ်ခါ မန့်ရင် နာမည်လေးရေးပြီး မန့်နော်။

Nint Gyi Daw said...

Thank you for the reply to my comment! How long did it take you to write that post? Do you always note things down to write posts? For me, I cant even remember my feeling in details after a while.

mabaydar said...

@Nint Gyi Daw - For this post, it took me two days to write. Of course, I am not writing this two full days. Sometime still have to do my work and watch dramas too. I did not usually note things down to write posts before. But for this trip, I tried to practise that. Noting things down. Because human brain tends to forget things. But for those feeling I had while visiting a place is my real feeling that I will not forget. You just go back to those time and you can feel it again and I write it down how I remember.
In my opinion, people hardly forget what they have experienced, aren't they?

William Tan said...

Yes Ma Baydar...this is William Tan...I can't believe what they asked! As if you are a refuge!

Nint Gyi Daw said...

Wow you are a very efficient writer! Unfortunately I am one of those who forget all their feelings. Looking forward to your next post naw!

Than Myat Soe said...

မြန်မာဖြစ်ရတာတော်တော်အနှိမ်ခံရတာပဲနော်

mabaydar said...

@Nint Gyi Daw - Thank you. I have already posted next post about our Day 1 trip. Have you read it? Let me know after you read it.

@Than Myat Soe - မြန်မာဖြစ်လို့နှိမ်ခံရတာထက် မြန်မာနိုင်ငံသားဖြစ်နေလို့ ခုလို စစ်ဆေးမေးမြန်းခံရတာဆို ပိုမှန်မယ်။ မြန်မာပေမဲ့ အမေကန်နိုင်ငံသားဖြစ်နေရင်၊ စင်္ကာပူနိုင်ငံသားဖြစ်နေရင် ဒီလို ဘယ်ဆက်ဆံခံရမလဲ။ ဒီတော့ နိုင်ငံက ကမ္ဘာအလည်မှာ အဆင့်မမှီ ဂုဏ်မရှိတာက အဓိကဖြစ်နေတယ်ထင်တာပဲ။

Anonymous said...

မဗေဒါေ၇ ဗီဇာလျှောက်တာဖတ်ပြီးမောသွားတာပဲ။ ဟုတ်ပါ့တစ်ခုခုသွားလည်ချင်တိုင်း ကိုယ်တွေပဲလျှောက်ဖို.လို.တာ တွေးမိတိုင်းစိတ်တိုရတယ်
Ae'Ae'

Khine said...

I am planning to travel NZ and your travel experience help me alot . I just read last few months and I read everything you write . Keep writing and o updating your blog . There is always someone who is interesting to read .