Tuesday, April 21, 2015

Where to buy Myanmar Groceries in Singapore


စင်္ကာပူမှာနေပြီး စင်္ကာပူရဲ့ နေထိုင်မှုအကြောင်းကျတော့ သိပ်မရေးဖြစ်ဘူး။ ကိုယ်နဲ့အနီးဆုံးနေရာဆိုရင် အထူးတလည်လုပ် ပြောဖို့ မေ့နေတာလေ။ ရန်ကုန်မှာနေတုန်းက ရွှေတိဂုံဘုရားပေါ် ဘယ်တော့မှ ဓာတ်ပုံမရိုက်ဖြစ်ခဲ့သလိုပေါ့။

ခုတော့ မဗေဒါ ဘလော့ဖတ်သူတွေထဲမှာ စင်္ကာပူကမဟုတ်တဲ့သူတွေ၊ စင်္ကာပူ မလာဖူးပေမဲ့ နောက်လာဖို့ စိတ်ကူးရှိသူတွေအတွက် အသုံးဝင်မယ်ထင်လို့ ပြောပြချင်လာတယ်။ စင်္ကာပူမှာနေနေတဲ့သူတွေအတွက်ကတော့ မသိသေးဘူးဆိုရင် တိုက်ရိုက်တော်တော်လေး အသုံးဝင်မယ်လို့ မျှော်လင့်တယ်။ သိနေပြီးသားဆိုရင်တော့ မဗေဒါ ကျန်ခဲ့တဲ့ အင်ဖိုများရှိရင် ကွန်မန့်မှာ ဖြည့်စွက်ပေးသွားပေါ့နော်။
ဘာရယ်တော့မဟုတ်ပါဘူး ဟိုနေ့က အင်ဥနဲ့ ကန်စွန်းရွက်ကြော် စားချင်လာတာနဲ့ အင်ဥသွားဝယ်ဖြစ်တယ်။ မြန်မာပြည်မှာတောင် တစ်ခါတစ်လေ ရာသီပေါ်မှ စားရတဲ့ အင်ဥက စင်္ကာပူက ယိုးဒယားဈေးလို့ မြန်မာတွေ အသိများတဲ့ Golden Mile Complex မှာ ဆီသွပ်ဘူး ပုံစံမျိုးနဲ့ ရာသီတိုင်းဝယ်လို့ရတယ်။

ပြီးတော့ မြန်မာဆိုင်တွေရှိတဲ့ ပင်နီဆူလာ ပလာဇာမှာ ဈေးကြီးပေးရတဲ့ အစားအစာတွေကို အဲ့မှာ ဈေးချိုချိုနဲ့ရတယ်။ ဥပမာ သရက်သီး အစိမ်းတို့၊ ဒညင်းသီးတို့ (ဒညင်းသီးဆိုရင် ပင်နီဆူလာမှာ ၅လုံးကို ၂ဒေါ်လာနဲ့ရောင်းတယ်။ ယိုးဒယားဈေးမှာ ၁၀လုံးကို ၁ဒေါ်လာပြား ၂၀နဲ့ ရတယ်။ အင်း မြန်မာဒညင်းသီးကတော့ ပိုကြီးပြီး ပိုစီးတာပေါ့နော်။ ဒါပေမဲ့ ယိုးဒယားဈေးက ဒညင်းသီးလဲ မြန်မာဒညင်းသီးလောက် မရင့်ပေမဲ့ စားလို့ကောင်းပါတယ်)။

ယိုးဒယားဈေးကို မရောက်တာ အတော်ကြာပြီဆိုတော့ မြန်မာတွေစားတဲ့ အသီးအနှံတွေ၊ သုံးတဲ့ ပစ္စည်းပစ္စရာတွေ ရမှန်းသိပေမဲ့ အရေးရယ်အကြောင်းရယ်ဆို အဲ့မှာဝယ်ဖို့ သတိမရဘူး။ အာ့ကြောင့် မဗေဒါရဲ့ မင်္ဂလာဆွမ်းကြွေးနေ့မှာ သုံးဖို့ ငွေကရားနဲ့ ဖလားကို မြန်မာပြည်ကနေ ခက်ခက်ခဲခဲ ပတ်ဝယ်ပြီး သယ်လာရတယ်။

ဘယ်လိုသွားရလဲဆိုတော့ Lavender Mrt မှာဆင်း။ ICA building ကြီးနောက်ဘက်က မြောင်းကြီးရှိတဲ့ဘက်ကို တည့်တည့် လျှောက်လာ။ နောက်ထပ် လမ်းမကြီးတစ်ခုကို ကူး။ တိုက်တွေအောက်က တည့်တည့်ပဲဆက်လျှောက် နောက်ထပ် လမ်းမကြီးတစ်ခုရောက်လို့ ကုန်းကျော်တံတားနဲ့ကူးလိုက်တာနဲ့ ယိုးဒယားဈေးထဲတန်းရောက်သွားရော။ တံတားနဲ့ ဝင်ပေါက်က ဆက်ထားတယ်။ (ကိုယ်သွားတဲ့ပုံစံကိုပြောပြတာ။ ဘတ်စ်ကားတွေလဲ ရောက်တယ်။) Golden Mile ဆို မသိသူ မရှိပါဘူး။ အရင်ကဆို မလေးရှားခရီးသွားကားတွေက အဲ့မှာဂိတ်ပဲ။
အောက်မှာ ပုံလေးတွေနဲ့တကွ Golden Mile Complex ကို ဈေးဝယ်ထွက်ကြမယ်နော်။



ပုံ ၁. အဲ့ဒိ Thai Supermarket ထဲမှာ အစုံရှိတယ်


ပုံ ၂. ဟောဒိမှာ အင်ဥ ဆီသွပ်ဗူးလေးတွေ (အင်ဥကို Puff Ball Mushroom လို့ ခေါ်တယ်တဲ့)


ပုံ ၃. သရက်သီးစိမ်း တို့စားချင်ရင် (အရင်ကဆို ငါးခူးတွေ ငါးရှဉ့်တွေ အရှင်တွေလဲ ရောင်းတယ်။ ခုမတွေ့တော့ဘူး)



ပုံ ၄. ငွေဖလားတွေနဲ့ ရွှေကလပ် ငွေကလပ်တွေ စုံနေတာပဲ


ပုံ ၅. ငွေဖလားဈေး (ကိုင်ကြည့်တာတော့ မြန်မာပြည်လို ကော်ကို ငွေရောင်သုတ်ထားတာမဟုတ်ဘူး။ သတ္တုတော့ သတ္တုပဲ)



ပုံ ၆.ဘုရားသောက်တော်ရေခွက်လေးတွေ လိုချင်လား


ပုံ ၇. ရွှေလင်ဗန်း၊ ငွေလင်ဗန်းတွေလဲ ရှိတယ်နော်


ပုံ ၈. သတ္ထု ငရုတ်ဆုံလိုချင်လား


ပုံ ၉. သစ်သား ငရုတ်ဆုံလိုချင်လား


ပုံ ၁၀. ကျောက် ငရုတ်ဆုံလိုချင်လား (မြန်မာပြည်က သယ်လာစရာမလိုဘူးနော်)


ပုံ ၁၁. ကျောက် ငရုတ်ဆုံ ဆိုဒ်စုံရှိတယ်နော်


ပုံ ၁၂. ဒီဆိုင်ထဲမှာ ဟင်းခတ် အမွှေးအကြိုင်မျိုးစုံနဲ့ ငရုတ်သီးပေါင်းစုံလဲရှိတယ် (ငရုတ်သီးအကျက်မှုန့်လဲ တွေ့ခဲ့တယ်)


ပုံ ၁၃. အင်ဥ ဗူးလေး ဖွင့်လိုက်သောအခါ သဲမစင်မှာလဲ မပူရဘူး။ အားလုံး သန့်စင်ပြီးသား


ပုံ ၁၄. နည်းနည်းကြီးတဲ့ အင်ဥလေးတွေကို တစ်ဝက်စီ ကပ်ကြေးနဲ့ညှပ်ခွဲ


ပုံ ၁၅. အိုးထဲမှာ အင်ဥလေးတွေ စပြီးကြော်နေပြီ (ဘေးကနေ သွားရည်ကျနေပြီ)


ပုံ ၁၆. အင်ဥ ကန်စွန်းရွက်ကြော်လေးနဲ့ ထမင်းနဲ့စားစား၊ ဒီတိုင်းထိုင်စားစား ကောင်းမှကောင်း

နောက်ပိုစ့်ကျရင် ချဉ်ပေါင်ရွက်၊ မျှစ်၊ မျှစ်ချဉ်၊ ငှက်ပျောအူ စတာတွေ ဈေးချိုချိုနဲ့ ရောင်းတဲ့ ကုလားဈေးအကြောင်း ပြောပြမယ်နော်။ ခုတော့ အဲ့ဈေးသွားပြီး ဓာတ်ပုံမရိုက်ရသေးလို့…

17 comments :

Vista said...

အင်ဥ ... ကတောက် .. စားချင်တယ် .. ခရီးထောက်လို့  မသွားဖြစ်တာ ပြီးရင် ဝယ်တာ တအားများတော့ ကားနဲ့ မဟုတ်ရင် မလွယ်ဘု တခါကဆို ဝ.်တာများလွန်းလို့  တက်စီနဲ့ ကို ပြန်ရတာ တက်စီခ မစားသာဘု ..

Anonymous said...

အင်ဥ မစားဘူးဘူး ဂိုးဒန်းမိုင်းမှာတော့ အဲ့စည်သွပ်ဗူးတွေတွေ့တာကြာပြီ ဘယ်လိုချက်ရမှန်းလဲမသိလို့
ဒီတခေါက်ရောက်မှဝယ်ပြီး ကန်ဇွန်းရွက်နဲ့ကြော်စားဦးမယ် ဒယ်အိုးထဲက အင်ဥတွေက စည်သွပ်ဗူး ဘယ်နဗူးစာလဲ မဗေဒါ

mabaydar said...

ဒယ်​အိုးထဲက အင်​ဥ​တွေက တစ်​ဗူးစာပါ... တစ်​ဗူးကို ​ဒေါ်လာ၁၀ ဝန်းကျင်​​ပေးရတယ်​ ဆို​တော့ နည်းနည်း​တော့ ​ဈေးကြီးတယ်​... ဒါ​ပေမဲ့ တစ်​ခါတစ်​​လေ အာသာ​ပြေစားချင်​တယ်​ဆို​တော့လဲ ပစ္စည်းရတာကိုပဲ ​ကျေးဇူးတင်​​နေရတယ်​..

william said...

Thanks Ma Baydar...I will go shopping there.

William said...

Thanks Ma Baydar!!! I will go shopping there!

mabaydar said...

@William,
Yes... You should.
Are you in Singapore?
Are you my friend William Tan?

Anonymous said...

Nice to know more about Singapore. Please write more about Singapore. Thanks.

Anonymous said...

Nice to know more about Singapore. Please write more about Singapore. Thanks.

Anonymous said...

Nice to know more about Singapore. Please write more about Singapore. Thanks.

Anonymous said...

Nice to know more about Singapore. Please write more about Singapore. Thanks.

Anonymous said...

Kyae zuu par Ma Baydar....In Oo ko a khu ma kyar phu del..sar lot kaung mat pone pel naw.

mabaydar said...

Yes... ထုတ်ထုတ် ထုတ်ထုတ်နဲ့ စားလို့ကောင်းတယ်... အရသာကတော့ ကောက်ရိုးမှိုကို နည်းနည်း မာမာလေးပေါ့... အထဲက အစံလေးတွေက နည်းနည်းလေး စိမ့်တယ်... အရသာက mild ဖြစ်ပေမဲ့ စားလို့ကောင်းတယ်...

Sar Ou said...

Ma Baydar pyaw dar nat sar chin lar bee.

mabaydar said...

@Sar Ou...
Oh... so many names similar to my childhood friends are commenting on my post and makes me confused.
Are you the Sar Ou I know outside?
sar chin yin twar wal sar.... arr pay dal...

@William Tan
Hi there. I thought above William is you. I was so confused.

mabaydar said...

@Vista တစ်ခါတည်းနဲ့ အများကြီးဝယ်ပြီး တိုက်စီစီးပြန်ရတာ တန်ပါတယ်။ ခဏခဏသွားရတာထက် စာရင်... ချသာချ... သွားဝယ်ပြီး ဟင်းတွေ ဖေ့ဘွတ်ပေါ်တင်...

Sweet Sweet said...

ရှာလွတ် အဲ့မှာ ပ​ြောင်းဖူးစီးစီးလေးတွေလဲရှိတ,်

ဆွေလေးမွန် said...

ဟုတ်တယ် ညီမလေးရေ ဒီမှာလည်း ထိုင်းဆိုင်ပဲ အားကိုးနေရတယ် .. တစ်ခါတစ်လေ တမာချဉ် ကတက်ချဉ်တောင် ရလိုက်သေး.. အရင်ကဆို မန်ကျည်းသီးလဲ သယ်.. မုန့်ဟင်းခါးဖတ်အခြောက်လည်းသယ် ခုတော့ ဟန်ကိုကျလို့ ထိုင်းဆိုင်မှာ မုန့်ဟင်းခါးဖတ်လဲရ ရှမ်းခေါက်ဆွဲလေးလဲရနဲ့ အူစိုနေတော့တယ် :) :) :) :)