Monday, March 16, 2015

Jang Keun Suk နဲ့ ဝင်ငွေခွန် ပြဿနာ


ဒီပိုစ့်ရေးလို့ ကြိုက်မဲ့သူ ကွန်မန့်မဲ့သူ နည်းမယ်ဆိုတာ သိပေမဲ့ ဂျန်ဂမ်ဆပ်ပရိတ်သတ်တွေအတွက် သူနဲ့ပတ်သတ်တဲ့ စိတ်မကောင်းစရာသတင်းလေးတစ်ခု ဖတ်လိုက်ရလို့ ပြန်ပြောပြချင်စိတ်ဖြစ်မိတယ်။ သတင်းလေးက ၂လလောက်တော့ ကြာပြီဆိုတော့ သတင်းအဟောင်းလေးတောင်ဖြစ်နေပါပြီ။ ဒါပေမဲ့ မဗေဒါကတော့ ခုမှတွေ့လို့ ရေးလိုက်တာပါ။

ဂျန်ဂမ်ဆပ်ပါ၀င်တဲ့ reality-variety program လေးတစ်ခုဖြစ်တဲ့ Three Meals a Day: Fishing Village လေးကနေ သူ့ကို ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။ လောလောဆယ်ရိုက်ပြီးသား အပိုင်းတွေအတွက်တော့ လုံး၀ထုတ်လို့မရတဲ့အတွက် သူပါတဲ့ အခန်းတော်တော်များများကိုတတ်နိုင်သလောက် လျော့ချပစ်ခဲ့တာဖြစ်ပါတယ်။

အကြောင်းကတော့ အစိုးရကို ဝင်ငွေခွန် လိမ်လည် သတင်းပို့ခဲ့တဲ့အတွက်ဖြစ်ပါတယ်တဲ့။ ဖြစ်ပုံက မနှစ်ကမှ အသစ်တက်တဲ့ အခွန်ဝန်ကြီးက စစတတ်ချင်းဆိုတော့ အလုပ်တွေကြိုးစားပြပြီး ရှိသမျှ နိုင်ငံတကာစီးပွားရှာတဲ့သဌေးကုမ္ဗဏီတွေနဲ့ ဝင်ငွေကောင်းတဲ့ သူတွေရဲ့ အခွန်သတင်းပို့ ပေးဆောင်မှုကို စစ်ဆေးခဲ့ပါတယ်။ ကျွန်မတို့ရဲ့ မင်းသားလေး ဂျန်ဂမ်ဆပ်ကလဲ ကိုရီးယားမှာ ဈေးကောင်းပြီး အချမ်းသာဆုံး အနုပညာသမား စာရင်း၀င် ဝင်ငွေရှိတဲ့ Hallyu Star ဆိုတော့ စစ်ခံရတဲ့ နာမည်ကျော်တွေထဲ သူလဲပါတာပေါ့။ အဲဒိမှာ သူ့တရုတ်ပြည်က ၀င်ငွေကို ဒေါ်လာ ၂မီလီယံ လျှိုပြီး စာရင်းသွင်းထားတာ သွားမိတယ်။ အစပိုင်းမှာတော့ သူ့အေးဂျင်စီက ဒါဟာ ဂျန်ဂမ်ဆပ်နဲ့ မပတ်သတ်ဘူး။ သူ့ကို စာချုပ်ချုပ်ထားတဲ့ အေးဂျင့်ကုမ္ဗဏီကိုစစ်ဆေးတာလို့ ထုတ်ပြန်ခဲ့တယ်။

ဒါပေမဲ့ ဇန်နဝါရီ ၁၃ရက်နေ့မှာ ဂျန်ဂမ်ဆပ်နာမည်နဲ့ ယူအက်စ်ဒေါ်လာ ၁၀မီလီယံတန်ဖိုးကို ဒဏ်ကြေးငွေရော အခွန်အဖြစ်ရော ပေးဆောင်ခဲ့တယ်။ ခုလိုမျိုးတွေ့တွေ့ချင်းမှာပဲ မင်းသားဟာ အမြန်ပေးဆောင်ခဲ့တယ်။ အဲ့ဒိအတွက် အခွန်ဌာနကလဲ သူ့ကို ဆက်လက်စစ်ဆေးမနေတော့ပဲ ကိစ္စက ပြီးသွားတယ်။ တစ်ချို့ကိစ္စတွေမှာဆိုရင် ဒီတင်မပြီးပဲ အခွန်ပြစ်မှုဆိုင်ရာဌာနတွေဘာတွေက ဆက်လက်စစ်ဆေးမယ်ဆိုရင် သူ့အိမ်တွေပါတွေ သိမ်းခံရတဲ့အထိ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ ကုမ္ဗဏီက စာရင်းကိုင်မှားယွင်းတွက်ချက်ခဲ့လို့ မတော်တဆဖြစ်ခဲ့တယ်ဆိုတာကို အခွန်ဌာနက လက်ခံခဲ့တယ်။

စုံစမ်းမှုပြုလုပ်စဉ်က ဂျန်ဂမ်ဆပ်ရဲ့ ထွက်ချက် ဖြစ်တဲ့ “ကျွန်တော့မှာ ပြည်ပ activities အရမ်းများတယ်၊ ဒီတော့ ၀င်ငွေခွန်ကြေငြာရာမှာ အမှားအယွင်းတွေဖြစ်ခဲ့တယ်။ အဲ့ဒါတွေဟာ တမင်တကာ တိမ်းရှောင်ခဲ့တာမဟုတ်ပါဘူး” လို့ ရှင်းပြခဲ့တာကို The Korean National Tax Service က လက်ခံခဲ့တယ်။ ချက်ချင်းလဲ ပေးဆောင်ခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအမြင်ကတော့ မင်းသားမှာ အပြစ်မရှိပါဘူး။ သူကိုယ်တိုင်လဲ စာရင်းကိုင်နေတာမဟုတ်တော့ သူ့ကုမ္ဗဏီက စာရင်းကိုင်မှားတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ကိုယ်သာ အဲ့လောက် ဝင်ငွေတွေကောင်းပြီးနေရင်လဲ ဘယ်လိုလုပ် မှတ်မိမလဲ။ သတင်းတချို့မှာရေးတာကျပြန်တော့ သူ့ကုမ္ဗဏီ သူဌေးက ပိုက်ဆံတွေ ကုလားဖန်ထိုးပြီး တရုတ်ပြည်က ရတဲ့ ဝင်ငွေကို ဂျန်ဂမ်ဆပ်နာမည်အောက်ထည့်ထားတယ်လို့လဲ ကြားတယ်။ ဘာတွေလဲတော့ သေချာနားမလည်ပါ။ (ကိုယ်တွေက သူတို့လောက် ဝင်ငွေမကောင်းပဲ။ လေ့တော့ လေ့လာထားသင့်တယ်။ တချိန်ကိုယ်ဝင်ငွေကောင်းမလာဘူးလို့ မပြောနိုင်ဘူးလေ… ဟိ)။

မင်းသားဟာ ချက်ချင်း အခွန်ပေးဆောင်ခဲ့ပေမဲ့ အွန်လိုင်းသတင်းတွေမှာတော့ မင်းသားနဲ့ အခွန်ပြဿနာက တော်တော်လေးကို လူပြောများနေခဲ့တယ်။ အထူးသဖြင့် မင်းသားက အဲ့ဒိအတောအတွင်းမှာပဲ GangNam မှာ US$ 20 Million တန်တဲ့ တိုက်ခန်းတစ်ခုကို ဝယ်ယူခဲ့တဲ့အတွက် လူတွေရဲ့ အပြစ်တင်ခြင်းကို ပိုခံခဲ့ရပါတယ်။ အဲ့ဒိအတွက် သူလက်ရှိပါဝင်နေတဲ့ Three Meals a Day: Fishing Village ကို ထိခိုက်မှာစိုးလို့ဆိုပြီး အဲ့ဒိအစီအစဉ်ကနေ သူ့ကို ဖြုတ်ချခြင်းခံခဲ့ရတယ်။

သူ့ ကုမ္ဗဏီကတော့ ဂျန်ဂမ်ဆပ်အမှားမဟုတ်ကြောင်း၊ ကုမ္ဗဏီက စာရင်းကိုင်တွက်တာမှားတာဖြစ်ကြောင်း (စာရင်းကိုင်လဲ မြေဇာပင်ဖြစ်ရရှာတယ်။ မပြောနိုင်ဘူးလေ… သူတို့ပဲ အစက ဒီလို တွက်ခိုင်းခဲ့လားမှမသိတာ။ ဘယ်သူမှားတယ် မှန်တယ်ကတော့ ပြောရခက်တယ်)ကြေငြာပေမဲ့ ဂျန်ဂမ်ဆပ်ကတော့ ပရိတ်သတ်ကို တောင်းပန်ဖို့ သူ့မှာတာဝန်ရှိတယ်ဆိုပြီး သူ့ရဲ့ တရား၀င်ဝက်ဆိုဒ်မှာ တောင်းပန်စာရေးခဲ့တယ်။

“Whatever the reason may be, my name was in the middle of the controversy and I wanted to say sorry for that. It was a challenge for me to shoot in the village and the time I spent there is valuable to me.”
ဘာသာပြန်။ ။ “ဘယ်လို အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ကျွန်တော့နာမည်ဟာ ခုလို ပြောစရာကိစ္စတစ်ခုဖြစ်ခဲ့တဲ့အတွက် ကျွန်တော့ တောင်းပန်စကားဆိုချင်ပါတယ်။ အဲ့ဒိအစီအစဉ် ရိုက်ဖို့အတွက် ရွာမှာသွားနေပြီး အချိန်တူတူကုန်ဆုံးခဲ့ရတာဟာ ကျွန်တော့အတွက်တော့ စိန်ခေါ်မှုတစ်ခုလိုပါပဲ။”

“I know you had high expectations for the show, so I feel so sorry for that and I feel so small. I will take the time and will visit Cha Seung Won, Yoo Hae Jin and all the production team to offer them my apologies.”
ဘာသာပြန်။ ။ “ဒီအစီအစဉ်လေးအတွက် အရမ်းကို မျှော်လင့်ခဲ့ကြတယ်ဆိုတာ သိပါတယ်။ အဲ့ဒိအတွက်ကြောင့် အရမ်းစိတ်မကောင်းဖြစ်ရသလို စိတ်အားလဲ ငယ်မိပါတယ်။ အချိန်ယူပြီး Cha Seung Won, Yoo Hae Jin (သူနဲ့အတူ အဲဒိအစီအစဉ်မှာပါတဲ့ တခြားသူများ) နဲ့ ထုတ်လုပ်ရိုက်ကူးရေးအဖွဲ့တွေကို သွားရောက်တောင်းပန်ပါအုံးမယ်”

သူရေးတဲ့စာကြည့်ရတာ မဗေဒါအနေနဲ့တော့ သူ့စိတ်နဲ့ ထွက်တာမဟုတ်ပဲ တမင်ကို အဖြုတ်ခံခဲ့ရတယ်ထင်ပါတယ်။ အမှန်တော့ ဒီလောက်ကြီးတဲ့ ပြဿနာလဲမဟုတ်တဲ့အပြင် မှားနေတာ သိတာနဲ့ ချက်ချင်း ပေးဆောင်ခဲ့တဲ့ သူတစ်ယောက်ကို အဲ့လောက်ကြီး ခါးခါးသီးသီး ဖြစ်စရာမလိုဘူးလို့ထင်ပါတယ်။ သူ့ဟာသူ အခွန်မှားမဆောင်မိတာ သူ့ရဲ့ မင်းသားတစ်ယောက်ဖြစ်တည်မှုနဲ့ မဆိုင်ဘူးလို့ထင်တာပဲ။ သူတို့ ကိုရီးယားမှာ ရုပ်ရှင်မင်းသား မင်းသမီးနဲ့ အဆိုတော် Idol တွေက အရမ်း စံပြအဖြစ်နေပြရတယ်ဆိုတာ သိပါတယ်။ အခွန်နဲ့ပတ်သတ်ရင်လဲ စပ်စပ်ထိမခံကြတာ ကြားဖူးပါတယ်။ ဒါပေမဲ့ Tax ဌာနကတောင် သူညာတာမဟုတ်ပဲ အမှန်တကယ် စာရင်းမှားတာကို လက်ခံလို့ ဒဏ်ငွေနဲ့တင်ပြီးစေခဲ့တာကို ဒီလို အကျယ်အကျယ်ဖြစ်တာတော့ မင်းသားကို သနားမိတယ်။ သူ့ပုံစံကြည့်ရတာလဲ ဝင်ငွေခွန်တွေဘာတွေ ဒီလောက် Serious ဖြစ်မှန်း သတိတောင်ထားမိရဲ့လား။ ကိုယ်သာ အဲ့လောက်ရှာနိုင်ရင်ရော ကိုယ်ရော အဲ့လို အမှားမျိုး မတော်တဆ မကျူးလွန်မိနိုင်ဘူးလား? စဉ်းစားစရာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကိုရီးယားက မင်းသား၊မင်းသမီးတွေလဲ တဆိတ်ရှိ အပြောအဆိုခံရတိုင်း သူတို့ဟာ ပရိတ်သတ်ကို တောင်းပန်တယ်။ မထီမဲ့မြင်မပြုဘူး။ သူတို့စိတ်ထဲဘယ်လိုရှိရှိ၊ အပြင်ပန်းတော့ ပရိတ်သတ်ကို သူတို့ sincerely ပုံစံမျိုး တောင်းပန်ရတာပဲလေ။ မြန်မာပြည်က ဆယ်လီဗစ်တီဆိုတာတွေက ပရိတ်သတ် မတောင်းပန်တဲ့အပြင် ဖေ့ဘွတ်ပေါ်တောင် ပြန်တက်ဆဲနေတဲ့ဟာ။ ဘာပဲဖြစ်ဖြစ် ခုလို အမှားဖြစ်ရင် သူတို့ လုပ်ငန်း ချက်ချင်း ထိခိုက်မှုရှိတယ်။ မြန်မာပြည်က ဟိုတစ်လောက ဖေ့ဘွတ်မှာပြန့်လိုက်သေးတဲ့ အနုပညာသမားတွေ ဆေးခြောက်ကိစ္စကို သွားသတိရတယ်။ ဟို မမစိုးကြီးတို့ ဘာတို့ နာမည်တွေရောပါတဲ့ ဟာလေ။ ဒါပေမဲ့ မြန်မာပြည်ကတော့ အပြုံးမပျက်ပဲ။ ပရိတ်သတ်ကိုလဲ တောင်းပန်ဖို့မပြောနဲ့ သူတို့ကိုယ်သူတို့ ပရိတ်သတ်နဲ့တောင် မျိုးတူတယ်လို့ ထင်ကြပုံမရဘူး။ ဘယ် မူးယစ်စစ်ဆေးရေးအဖွဲ့ကမှလဲ မစစ်ဆေးဘူး။ အေးတာပဲ။ ပြီးကျရင် ကိုရီးယား အဆိုတော်တွေ မင်းသား မင်းသမီးတွေ ကြိုက်တဲ့ မြန်မာပရိတ်သတ်ကပဲ အဆင့်မရှိသလိုလို ပြောဆို ပြီး ဂျေဝင်ကြသေးတယ်။ တကယ်စဉ်းစားကြည့်ရင် တကယ်ပါ မြန်မာပြည်မှာ ဥပဒေကို မရှိဘူး။

အဲလေ။ ဥပဒေတော့ရှိတယ်။ တရားတဲ့ ဥပဒေ၊ “တရား ဥပဒေ” မရှိတာ။

ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဘက်က စဉ်းစားမယ်ဆိုရင်တော့လဲ မင်းသားဟာ အဲ့အစီအစဉ်နဲ့ အလုပ်မများတော့ဘူးဆိုတော့။ သူ့ရဲ့ အချိန်တွေကို ဇာတ်လမ်းတွဲအတွက် ပိုပေးလာနိုင်မယ်လို့ မျှော်လင့်ရတဲ့အတွက် သူ့ကားအသစ်ကို စောင့်မျှော်လျက်…

News Sources:
http://seoulbeats.com/2015/01/jang-geun-suk-embroiled-tax-controversy/
http://www.koreaboo.com/news/jang-geun-suk-pays-10-million-fees-tax-evasion/
http://www.kdramastars.com/articles/69556/20150120/jang-geun-suk-apologizes-to-his-fans.htm

10 comments :

Anonymous said...

အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲသိနားလည်းP
အကိုရီးယားမှာတော့ စလစ်ဗျစ်တီတွေ ပြသနာတခုခုဆို လူတောထဲမသွားတာနဲ့ လူတွေ သူတို့ကိုမေ့အောင်နေကြတယ်
မြန်မာက စလစ်ဗျစ်တီတွေကတော့ ပြသနာ ဖြစ်လေ နာမည်ကြီးလေဆိုတော့ကား
မြန်မာ ပိတ်သတ်ကြီးက သဘောထားကြီးတာတော့ ကိုရီးယားတွေ ယှဉ်လို့ မမှီပါဘူးလေ

madyjune said...

သူ့အပြစ်​မဟုတ်​ပါဘူး။ သူတို့ ကိုရီးယားက netizen ​တွေဆိုတာ မြန်​မာပြည်​က Facebook ​ပေါ်တက်​​နေတဲ့လူ​တွေလိုပဲ ​အလွယ်​တကူ အပြစ်​တင်​ဖို့ပဲသိတယ်​။

Anonymous said...

Korea ပရိတ်သတ် မဟုတ်သော်လည်း စိတ်ဝင်စားစွာ ဖတ်သွားပါတယ်..သနာူပါတယ်..ဘာမှ လဲ မဟုတ်ပဲနဲ့ 

မေဇင်

mabaydar said...

@Anonymous: ဟုတ်ပါ့ ဟုတ်ပါ့။ ချစ်ချင်တာပဲ သိတာ... မြန်မာပြည်မှာ ဆယ်လီဖြစ်ချင်ရင် လူပြောခံရမဲ့ဟာတစ်ခုခုလုပ်လိုက်... နာမည်ကြီးပြီးသားပဲ။ Troll နဲ့ Scandal လဲ မကွဲကြဘူး။ Famous နဲ့ notorious လဲ မကွဲကြဘူး။

@Mady June: ကိုရီးယားက netizen တွေက မြန်မာ facebooker တွေလို အလွယ်တကူ အပြစ်တင်ကြတဲ့ဆိုပေမဲ့ သူတို့ပြောတာတွေက ဖြစ်ရပ်မှာပါဝင်သူကို တကယ် သွားထိရောက်တယ်။ ခုပဲ JKS လေး မပါရတော့တာကြည့်။ ခု Kim Hyun Joong လဲ စစ်ထဲဝင်တော့မယ်တဲ့။ သူပြန်ငြိမ်ရတော့မယ်လေ။ မြန်မာ အွန်လိုင်း သမားတွေက keyboard worriers တွေလို အွန်လိုင်းမှာပဲ သတ်မယ်ဖြတ်မယ်ပြောပြီး နောက်ကျ ပြီးသွားတာမဟုတ်ဘူး။

@မမေဇင်-
ဖေ့ဘွတ်က အစ်မ မေဇင်လား? ကိုရီးယား ပိတ်သတ်မဟုတ်ပေမဲ့ လာဖတ်ပြီး ခုလို တကူးတက မန့်သွားပေးတာ ကျေးဇူးကမ္ဘာပါ။

Anonymous said...

Sis, actress Song Hye Kyo lae ae di tone ka list hte mer par thay tel naw. Thu tot bar ma phit than ma kyar lite bu.

Ae lo pyaw lot thu ko ma like bu ma htin nae oo naw. Thu tot 2 yok lone ko arr kyi like :P

Lavender

mabaydar said...

Song Hye Kyo က မနှစ်က ဖြစ်တာ... JKS နဲ့ တစ်ပြိုင်တည်းတော့ မဟုတ်ဘူး... ပြီးတော့ သူက မင်းသားလောက် မထိခိုက်ခဲ့ဘူး.

Anonymous said...

သူကကိုဟိုအရင်ထဲကကြိုက်တာ။ နောက်ပိုင်းသူ့ တွေက မကောင်းတာများလာလို့မ ကြည့်ဖြစ်တော့တာ။


Lavender

Anonymous said...

Ae dar pyaw ter pot. Thu tot tway ka lae bat lite tel naw :(


Lavender

Anonymous said...

ကိုယ်ဖန်စီဖြစ်တဲ့ပုံမျိုးမဟုတ်ပေမယ့် သူက ဖန်ဆားဗစ်တော်တော်ကောင်းတဲ့မင်းသားလို့သိထားတော့ သဘောကျတာပေါ့နော် ကိုယ်လုပ်နေတဲ့အလုပ်အပေါ် attitude ကောင်းတဲ့ မင်းသားအဖြစ် လေးစားမိတယ် အခွန်ကိစ္စကလဲ သူ့မှာအပြစ်မရှိဘူး တကယ်မပေးဘူးပဲဟုတ်ပါစေဦး သူသူကိုယ်ကိုယ် ရှောင်လို့ရရင်ရှောင်မှာပဲ သူ့လိုဝင်ငွေအရမ်းကောင်းတဲ့လူတွေမွေးပြီး အခွန်ကောက်စားတာက နိုင်ငံကြီးတွေရဲ့လုပ်ရိုးလုပ်စဉ်ငွေရှာနည်းလေ သူတို့အနေနဲ့လဲ ခက်ခက်ခဲခဲအောင်မြင်အောင် ကြိုးစားပြီးရလာတဲ့ငွေကို ပေးပေးနေရတဲ့အခွန်က တလုံးတခဲဆိုတော့နှမျောပေမပေါ့ ဒီကဘောလုံးသမားတွေဘာတွေဆိုလဲ လေးဆယ်ရာခိုင်နှုန်းအခွန်ပေးရလို့ အမြဲငြီးငြူနေကြတာကြားနေရတာပဲ ဝေဖန်တဲ့လူကတော့ရှာကြံပြောနေမှာပဲ မြန်မာပြည်က ပြည်သူတွေကို ဖေ့ဘုတ်မှာကလော်တုတ်နေကျ ကျာ်းပေါက်တို့ ယုန်လေးတို့ ဒါမျိုးအတုယူသင့်တယ် 2NE1ရှိုး ဝတ်မှုန်ရွှေရည်သွားကြည့်လို့ 'ကိုယ်လဲဆယ်လီ သူလဲဆယ်လီပဲ ကိုယ့်ကျသူကပိုက်ဆံပေးမကြည့်ပဲ သူ့ဘာလို့သွားကြည့်တာလဲ မကစ်ရယ်' လို့ ဖေ့ဘုတ်မှာ ကောမန့်ရေးတဲ့ နလပိန်းတုံးတွေလဲ သူတို့ဆယ်လီတွေ ဘယ်လောက် ပရိုဆန်တယ် နှိမ့်ချစွာအလုပ်လုပ်တယ်ဆိုတာလေ့လာသင့်တယ် အမလေး မောထှာ

Wine

Anonymous said...

အရမ်းတော်တဲ့ မင်းသားလေးမို့ တော်တော်ကြိုက်တာ ... ခုနောက်ပိုင်း ကွာလတီရှိတဲ့ ကားတွေမှာ မတွေ့ရလို့ စိတ်မကောင်းဖြစ်နေတာ ... အရည်ချင်းရှိသူမို့ တနေ့ ပြန်ထိပ်ဆုံးရောက်လာမယ် မျှော်လင့်မိတယ်