Thursday, June 05, 2014

2013 Best Korean Dramas list - Review (Part 2)

3. Master's sun




Name : Master's Sun
Episode : 17
Genre: Horror, fantasy, romance, comedy
Broadcast period: 2013-Aug-07 to 2013-Oct-03

So Ji Sub as Joo Joong Won / Joo-goon
L as young Joong Won
Gong Hyo Jin as Tae Gong Shil / Tae-yang
Seo In Guk as Kang Woo
Kim Yoo Ri as Tae Yi Ryung
Director: Jin Hyuk
Screenwriter: Hong Mi Ran, Hong Jung Eun (Hong Sisters)

Rating : 5/5

ဇာတ်လမ်းအကျဉ်း


Tae Gong Shi ဟာ ပြင်းထန်တဲ့ မတော်တဆမှုတစ်ခုကြောင့် ၃နှစ်ကြာ မေ့မြောနေခဲ့ရာက သတိပြန်ရလာပြီးနောက်ပိုင်းမှာ သရဲတွေကို မြင်တွေ့နိုင်တဲ့ အစွမ်းကို ရရှိခဲ့ပါတယ်… မြင်တွေ့ယုံတင်မကပဲ သူမ သတိလက်လွတ်ဖြစ်တဲ့အချိန်တွေမှာ သရဲတွေက သူမခန္ဓာကိုယ်ကို ၀င်ပူးလို့တောင်ရတဲ့အဆင့်ထိပါပဲ… အဲဒိအတွက်ကြောင့် သူမဟာ အမြဲ အကြောက်တရားနဲ့နေနေရပြီး… ညဘက်တွေဆိုရင် လုံးဝမအိပ်ရတဲ့အထိပါပဲ… သူမဟာ ကောင်းမွန်တဲ့ တက္ကသိုလ်က ပညာတတ်တစ်ယောက်ဖြစ်ပေမဲ့ သူမလုပ်ငန်းခွင်တွေထဲထိ သရဲတွေမြင်နေရတဲ့အတွက် အလုပ်လက်မဲ့ဘ၀ဖြစ်ပြီး သရဲတွေ အကူအညီတောင်းသမျှကိုပဲ လိုက်ကူနေရတဲ့သူတစ်ယောက်ပေါ့… သူမရဲ့ အဲဒိလိုဘ၀ကို ကယ်တင်နိုင်မဲ့ Joo Jong Won ဆိုတဲ့ ဟော်တယ်နဲ့ ရှော့ပင်းမောကြီးတွေရဲ့ ပိုင်ရှင် သူဋ္ဌေးတစ်ယောက်နဲ့ မမျှော်လင့်ပဲဆုံတွေ့ခဲ့ပါတယ်… Joo Jong Won နဲ့ သူမထိတွေ့လိုက်တဲ့အခါတိုင်းမှာ သူမနောက်ကိုလိုက်နေတဲ့ သရဲတွေဟာ လွင့်ပျောက်သွားလို့ပါပဲ… သူမဟာ ပျော်လွန်းလို့ Joo Jong Won အနားမှာပဲ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် နေဖို့ ကြိုးစားပါတော့တယ်…



မင်းသားရော မင်းသမီးရော မျက်နှာပေး သဘောကျလို့ Screen cap လုပ်သည်...

Joo Jong Won ရဲ့အနားမှာလဲ သရဲမလေးတစ်ယောက်ကို သူတွေ့တယ်လို့ပြောလိုက်တဲ့အချိန်မှာတော့ Joo Jong Won ဟာ သေဆုံးသွားပြီဖြစ်တဲ့ သူ့ချစ်သူဟောင်းနဲ့ မဖြေရှင်းနိုင်ဖြစ်နေတဲ့ ပြဿနာကြီးကို ဖြေရှင်းဖို့အတွက် နောက်တစ်ခါ အဲဒိသရဲမလေးကိုတွေ့ရင် မေးပေးဖို့ Tae Gong Shi ကို သူ့အနားမှာ အလုပ်ခန့်အပ်ထားလိုက်ပါတော့တယ်… ဒီလိုနဲ့ တခြားသော သရဲပေါင်းများစွာကို သူတို့ ၂ဦးဘယ်လိုကူညီကြသလဲ၊ Joo Jong Won ရဲ့ အချစ်ဟောင်းက လူဆိုးလား လူကောင်းလား၊ Tae Gong Shi ရဲ့ သရဲမြင်ရတဲ့ အစွမ်းက ဘယ်လိုရရှိခဲ့တာလဲ၊ ဘယ်လိုလုပ်မှ ပျောက်ဆုံးသွားမလဲ၊ ပိုက်ဆံပဲ စိတ်ဝင်စားတဲ့ သူဋ္ဌေး Joo Jong Won နဲ့ ထိနေရရင်ပြီးရော ဘာမှ မမျှော်လင့်ပါဘူး အဆင့်အတန်းချင်းမတူလို့ မဖြစ်နိုင်တာလဲ သိပါတယ်လို့ပြောပြီး သူ့နားမှာနေခဲ့တဲ့ Tae Gong Shi တို့ရဲ့ Bittersweet အချစ်ဇာတ်လမ်းလေးက ဘယ်လိုလဲဆိုတာကို ဖန်သားပြင်ပေါ်မှာ ကြည့်ဖြစ်အောင် ကြည့်ဖို့တိုက်တွန်းပါတယ်နော်…

ဝေဖန်ရေး


ဒီကားကို သူ့အသံလွှင့်ဋ္ဌာန SBS ကပေးတဲ့ဆုကလွဲလို့ ကျန်တဲ့ Drama award တွေမှာ ဘာဆုမှ မရတာကို ကျွန်မကတော့ မကျေမနပ်ဖြစ်မိပါတယ်… ဘာလို့လဲဆိုတော့ ၂၀၁၃ အတွက် ကျွန်မအကြိုက်ဆုံးကား ၂ကားမှာ ဒီကားလဲပါလို့ပါပဲ…


အရင်က မင်းသမီး Gong Hyo Jin ကို ရုပ်သိပ်မချောတာရော၊ သူ့ရဲ့ အရင် Drama “Hello! My Teacher” မှာ သိပ်မကြိုက်တာကြောင့်ရော ဒီကားကို စစချင်းတောင် မကြည့်ဖြစ်ပါဘူး… ဒါပေမဲ့ ဒီကားကို ကြည့်ဖြစ်တဲ့အချိန်မှာတော့ သူသရုပ်ဆောင်ကောင်းတာရော ဇာတ်လမ်းကောင်းတာရောကြောင့် သူ့ကိုအခု ကြိုက်တဲ့ မင်းသမီးစာရင်းထဲ ထည့်ထားပါတယ်… (နောက်ဆို သူ့ကားတွေကို သူ့မကြိုက်လို့ဆိုတဲ့ reason နဲ့ မရှောင်တော့ပါဘူးလို့ ဆိုလိုတာပါ)
မင်းသား So Ji Sub ကလဲ ဒါဟာသူ့ရဲ့ ပထမဆုံး romantic Comedy ဇာတ်လမ်းတွဲပါ… အရင်က သူ ခေါင်းဆောင်အဖြစ် ရိုက်ဖူးတာတွေက Crime တို့ melodrama တို့ပဲရှိတယ်လို့ပြောပါတယ်… သူက ခုနောက်ပိုင်းရိုက်တဲ့ကားတွေမှာ ဟိုးးးးး အရင်ကလို့ အောက်မျက်ခမ်းကြီး မို့မနေတော့ပါဘူး… ကျွန်မမျက်လုံးထဲတော့ ပိုချောလာတယ်လို့ထင်မိပါတယ်… “၂၀၁၂ အကြိုက်ဆုံးကားတွေထဲမှာလဲ သူ့ကား Ghost” ပါပါတယ်… (မသိရင် ကျွန်မကပဲ သူ့ crazy ဖြစ်တဲ့ပုံပေါက်နေလားမသိ… အထင်မလွဲပါနဲ့ တိုက်ဆိုင်မှုပါ)… ဒါပေမဲ့ So Ji Sub ကို အရင်က သိပ်မကြိုက်တဲ့မင်းသားအဖြစ်ကနေ ခုဆိုရင် သူ့ကားတွေကို စောင့်မျှော်ရတဲ့သူတစ်ယောက်ဖြစ်နေပါပြီ…


ဒါပေမဲ့ ဒီ Master’s sun ကားထဲမှာတော့ သူတို့ ၂ယောက်လုံးကို သဘောကျ နှစ်သက်မိသလို၊ ဇာတ်ကောင်ကိုပိုင်နိုင်စွာသရုပ်ဆောင်နိုင်တယ်လို့ ထင်ပါတယ်… ဒုတိယမင်းသမီး Kim Yoo Ri လဲ သူ့ဇာတ်ကောင်နဲ့သူလိုက်ပါတယ်… မုန်းစရာလဲ မကောင်းဘူး… ဒုတိယမင်းသား Security Guard လုပ်တဲ့ မင်းသား Seo In Guk ကိုတော့ သူတို့ကိုရီးယားတွေက ဘာလို့ အရမ်းချောတယ်လို့ ပြောကြသလဲ နားမလည်ပါ… အရပ်အမောင်းနဲ့ ခန္ဓာကိုယ်က လှပေမဲ့ ရုပ်ကတော့ မဗေဒါအတွက် မချောဘူးထင်တာပဲ… သူ့ကို မမုန်းပါဘူး ချစ်လဲမချစ်ပါဘူး… Neutral ပါပဲ… ကိုရီးယားတွေက သူ့ကို သိပ်ချောတယ် ဇမ်းတင်လွန်းလို့နားမလည်တာပဲရှိပါတယ်…

ဒီကားနဲ့ တပြိုင်တည်းပြတဲ့ နောက်ထပ် သရဲမြင်ရတဲ့ ကား “Who are you?” ကို အရင်ကြည့်ဖြစ်တာပါ (ဒါပေမဲ့ အဲဒိကားကိုတော့ အချိန်ဖြုန်းမနေပါနဲ့… နောက်မှ Bad Drama list ထဲမှာ အကျယ်ရေးပါမယ်)… Who are you နဲ့ ယှဉ်ရင် ဒီ Master’s Sun ဇာတ်လမ်းက သရဲတွေရဲ့ ဇာတ်လမ်းက ပိုပြီး စိတ်ဝင်စားဖို့ကောင်းသလို တစ်ခုနဲ့တစ်ခုလဲ မထပ်ပါဘူး… သရုပ်ဆောင်အားကောင်းတာရော ဇာတ်လမ်း သီချင်းစတာတွေအားလုံးက Who Are You ထက် အပြတ်အသတ်သာပါတယ်… 


သရဲကြောက်တတ်တဲ့သူများအတွက်တော့ ပထမ အပိုင်း ၃ ပိုင်းလောက်ပဲ ကြောက်ဖို့ကောင်းတာပါ… နောက်ပိုင်းကျတော့ ကယ်တင်ရှင်မင်းသားတွေရှိလာတာရော အချစ်ဇာတ်လမ်းကို ပိုဦးစားပေးလာတာရောမို့ သိပ်မကြောက်တော့ပါဘူး (ကြောက်ရင်တောင် မင်းသားရှိရင် သရဲတွေအားလုံးပျောက်ဆိုတဲ့အတွေးနဲ့ ကိုယ်ကပါ Joo Jong Won ကြီးကို ပြေးပြေးဖက်ချင်နေမိတာ)… သူအဲ့ကားမှာ ပြောပြောနေကျ “ကောကျော်” (Get Lost!) ဆိုတဲ့စကားတောင် အဲ့တုန်းက တော်တော်ပြောဖြစ်နေသေးတာ… 
ပါသမျှ သရဲဇာတ်လမ်းမှာ ဒီအခန်းအကြောက်ဆုံးပဲ...
အဆုံးပိုင်းနားလောက်လေးမှာ Joo Jong Won ရဲ့ ရည်းစားဟောင်းပြဿနာကို ဖြေရှင်းလိုက်တာကတော့ အနည်းငယ်လောတယ်လို့ထင်ပြီး ဒီလောက်နှစ်ပေါင်းများစွာ ခက်ခဲလာတဲ့ဟာက ဒီလိုလေးနဲ့ပြီးသွားပလားလို့ စိတ်ထဲဖြစ်မိပါတယ်… ဒါပေမဲ့လဲ အားလုံးခြုံကြည့်ရင် ဒါကို ခွင့်လွှင့်ပေးလိုက်ပါတယ်… မင်းသားနဲ့ မင်းသမီးရဲ့ အချစ်ဇာတ်လမ်းကို ခံစားချက်တွေနဲ့ ၂ပင်လိမ်ပြီး Twist ထားတာက စာရေးဆရာမ Hong Sisters ပီသပါပေတယ်… သူတို့ပဲ လူတွေရဲ့ ခံစားချက်ကို အသုတ်စုံလုပ်နိုင်လွန်းလို့ အားကျမိပါတယ်… မင်းသားက မင်းသမီးကို ချစ်ပေမဲ့ ၀န်မခံချင်ဘူး၊ သူကမင်းသမီးထက်လဲ အများကြီးသာတယ်၊ ပြီးတော့ မင်းသမီးက သူ့ကိုထိရင် သရဲတွေပျောက်သွားလို့သာ ကပ်နေတယ်ဆိုတာမျိုးကို မဖြစ်စေချင်ဘူး။ သူကလဲ စကားပြောရင် အထက်စီးကမချဘူး (ဂျေကတော့ဝင်တတ်လိုက်တာ လွန်ရော…. :P ) … မင်းသမီးကလဲ ပထမတော့ သူထိနေရရင်ကျေနပ်ပါပြီ။ သူတို့ ၂ယောက်မဖြစ်နိုင်တာလဲ သိပါတယ် ဆိုပြီး နောက်ပိုင်းတော့ မင်းသားကို ချစ်လာတယ်။ ဒါပေမဲ့ သူကတော့ ငါ့ကို မချစ်လောက်ပါဘူးလေဆိုပြီး ယူစတယ်… နောက်ပိုင်း မင်းသားက သူ့ကိုချစ်လာတော့လဲ သရဲမြင်ရတဲ့အစွမ်းတွေပျောက်မှ သာမာန်မိန်းကလေးတစ်ယောက်အနေနဲ့ ရပ်တည်ပြီး မင်းသားချစ်တာကို လိုချင်ပြန်တယ်… ရှင်းပြရတော်တော်ခက်တယ်… ခုရှင်းတာနဲ့တောင် မလောက်သေးဘူး… ကြည့်သာကြည့်လိုက်ကြတော့နော်… ရှင်းထားတာ မှားတယ်ထင်ရင်လဲ ထောက်ပြသွားလို့ရတယ်နော်…. ကြည့်ထားတာ နည်းနည်းကြာပြီဆိုတော့ ဟီး….
ဒီကား ဆုရရ မရရ မဗေဒါအတွက်တော့ ၂၀၁၃ ပြသွားတဲ့ကားတွေထဲမှာ အကြိုက်ဆုံးကားတစ်ကားပါပဲ… ကိုရီးယားကားကြိုက် ဘော်ဘော်တို့ရော ဘယ်လိုထင်သလဲ သိချင်စမ်းပါဘိ….





4. Secret




Genre: Melodrama, romance, suspense, crime, mystery
Episodes: 16
Broadcast network: KBS2
Broadcast period: 2013-Sep-25 to 2013-Nov-14
Air time: Wednesday & Thursday 22:00

Main Cast ;
Ji Sung as Jo Min Hyuk (27→31)
Hwang Jung Eum as Kang Yoo Jung (26→30)
Bae Soo Bin as Ahn Do Hoon (28→32)
Lee Da Hee as Shin Se Yeon (26→30)

My Rating: 4/5

ဇာတ်လမ်းအကျဉ်း


အချစ်ဆိုတာကို မယုံကြည်တော့တဲ့ယောကျာင်္းတစ်ယောက်နဲ့ အချစ်ကိုယုံကြည့်လို့ အရာရာပေးဆပ်ပြီး နောက်ဆုံးမှာ သစ္စာဖောက်ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပေါ့... Min Hyuk ဟာ အရမ်းချမ်းသာတဲ့ သူဋ္ဌေးသားတစ်ယောက်... သူဟာအားလုံးပြည့်စုံပေမဲ့ Good personality တော့ သိပ်မရှိဘူး... သူ့ရဲ့ ချစ်သူဟောင်းကို ကားတိုက်ပြီးထွက်ပြေးသွားတဲ့ သူကို သေတာထက်ဆိုးတဲ့နည်းနဲ့ ကလဲ့စားချေဖို့ အလွန်မှ စိတ်ပြင်းထန်နေတဲ့သူတစ်ယောက်... Yoo Jung ဟာ သူ့ချစ်သူ ရှေ့ရေးအတွက် ကားတိုက်မှုအပြစ်တွေအားလုံးကို အစားထိုးဝန်ခံပြီး ထောင်ကျခံခဲ့တဲ့ အမျိုးသမီးတစ်ယောက် ဒါပေမဲ့ အဆုံးမှာတော့ ချစ်သူရဲ့ သစ္စာဖောက်မှုအပြင် အကြိမ်ကြိမ်ဒုက္ခပေးခြင်းကိုခံခဲ့ရတယ်... သူသိပ်ချစ်တဲ့မိန်းကလေးကို သတ်သွားတဲ့ သူမုန်းလွန်းတဲ့မိန်းကလေးတစ်ယောက်ကို ကလဲ့စားချေဖို့ချင်းကပ်ရင်း လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်းသိလာတဲ့အခါ Min Hyuk ဟာ Yoo Jung ကို သနားချစ်ချစ်လာခဲ့တယ်…

ဝေဖန်ရေး...


အပိုင်း ၁ နဲ့ ၂လောက်က နည်းနည်းလေးပျင်းဖို့ကောင်းတယ်... အသေးစိတ် ဆွဲပြီးပြတယ်.. မင်းသမီးဘယ်လောက် သနားစရာကောင်းကြောင်းပေါ့လေ... ပျင်းလို့ နည်းနည်တောင် ကျော်ကြည့်လိုက်တယ်.. ကျော်ကြည့်တာတောင် ဇာတ်လမ်းသိပ်မထိခိုက်ပါဘူး... (နည်းနည်းပါးပါးကျော်ကြည့်တာပေါ့နော်)...

ဒါပေမဲ့ အပိုင်း ၃လောက်ကနေစပြီးတော့ ဇာတ်ရှိန်တော်တော်လေးတက်လာတယ်... သရုပ်ဆောင်တွေအားလုံးလဲကောင်းတယ်... သူ့အရင်ရီးစားလုပ်တဲ့ကောင်ဆိုလဲ မုန်းစရာကောင်းလောက်အောင်ကို သရုပ်ဆောင်ကောင်းပါတယ်...

မင်းသားရော မင်းသမီးရောလဲတော်တယ်... ဒါပေမဲ့ အစပိုင်းမှာ မင်းသားက သိပ်အစွမ်းထက်နေပြီးတော့ နောက်ပိုင်းကျတော့ သိပ်မထက်တော့ဘူး.. စိတ်ပုတ်ကောင်လုပ်တာကို ခံနေရတယ်... နားကိုမလည်ဘူး... ဒါပေမဲ့ပေါ့လေ... ဇာတ်လမ်းကသူ့ဟာနဲ့သူတော့ ချိတ်ဆက်မိပြီး ဆက်ကြည့်ချင်နေအောင်လုပ်နိုင်တယ်.... Melodrama ကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းတစ်ခုပါပဲ... (Melodrama ဆိုတော့ တစ်ရှူးလေးတော့ ဆောင်ထားပေါ့နော်) Romantic Comedy ကြိုက်တဲ့သူတွေကတော့ သိပ်ကြိုက်မယ်မထင်ဘူး... ဒီကားက ဖြစ်နိုင်တာ မဖြစ်နိုင်တာဆိုတဲ့ ဇာတ်လမ်း Flaw ထက် ခံစားချက် (emotional payoff) တွေနဲ့ ပြန်လည်ထိန်းနိုင်ခဲ့တော့ ကြည့်ရတာ သူ့ဟာနဲ့သူဆွဲဆောင်မှုရှိနေတယ်…
ပြီးတော့ ဒီကားမှာ စိတ်ပုတ်က မိန်းမမဟုတ်ဘူး… ယောင်္ကျား character… ဒုတိယမင်းသမီးက I hear your voice က ဒုတိယမင်းသမီးပဲ… ဒီကားထဲမှာ သူ့ဇာတ်ကောင်က အရမ်းစိတ်ထားအကောင်းကြီးမဟုတ်ပေမဲ့ သူ့ဇာတ်ကောင်နေရာကနေ သူဘာလို့ ဒီလိုလုပ်တယ်ဆိုတာကို နားလည်ပေးလို့ရတယ်… သူ့ကို ဆည်းဆာရင်ခုန်သံ “All About Eve” ကားထဲက ယွန်မီ လုပ်ခဲ့တဲ့ (Kim So-yeon) နဲ့ ဆင်တယ်လို့ထင်တယ်…


ဒီကားက ဇာတ်သိမ်းလေးလဲကောင်းတယ်… ဟိုစိတ်ပုတ်ကောင် (မင်းသမီးရည်းစားဟောင်း) ဇာတ်ကောင်ထက် အဲဒိကောင်ရဲ့ အမေ၊ သူ့သားမှ သူ့သား၊ သူ့သားကို လမ်းမှားရောက်လောက်အောင် အတ္တကြီးတဲ့ သူ့အမေ ဇာတ်ကောင်ကို ပိုအမြင်ကပ်တယ်… 


ဒီကားလေးဟာ နောက်ဘာဆက်ဖြစ်မလဲ? ဘယ်သူတွေက မဟာမိတ်ပြု ကြပြီး ဘယ်သူတွေကို ဘယ်လိုတိုက်ခိုက်မှာလဲ? ဒါမှမဟုတ် အချစ်ကသာအရာရာဆိုပြီး ပြီးမှာလား? အဲဒိလို မေးခွန်းများစွာနဲ့ ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့အတွက် ကိုရီးယားမှာတောင် Viewer rating ကောင်းတဲ့ကားတစ်ကားဖြစ်ခဲ့ပါတယ်… မဗေဒါအနေနဲ့ ပါဝင်တဲ့သရုပ်ဆောင်တွေအားလုံးကို အကြိုက်ကြီးမဟုတ်ပေမဲ့ (Neutral ပဲ) ဒီကားကိုတော့ အဆုံးထိဆက်တိုက် ကြည့်ဖြစ်ခဲပါတယ်…



5. The Heirs




Genre: Romance, youth, school, melodrama, comedy
Episodes: 20
Broadcast network: SBS
Broadcast period: 2013-Oct-09 to 2013-Dec-12
Air time: Wednesday & Thursday 22:00
Main Cast
Lee Min Ho as Kim Tan (18, heir of Jeguk Group)
Park Shin Hye as Cha Eun Sang (18, heir of "poverty")
Kim Woo Bin as Choi Young Do (18, heir of Zeus Hotel)
Krystal Jung as Lee Bo Na (18, heir of Mega Entertainment)
Kim Ji Won as Yoo Rachel/Yoo Ra Hel (18, heir of RS International)
Kang Min Hyuk as Yoon Chan Young (18)
My Rating: 3.5/5


ဇာတ်လမ်းအကျဉ်း


ဒီကားကတော့ အားလုံးနီးပါးကြည့်ပြီးလောက်မယ်ထင်လို့ ဇာတ်လမ်းရေးရမှာတောင် လိုအပ်ပါ့မလားထင်မိပါတယ်… ဒီတော့လဲ လုံးဝအတိုချုပ်ရေးရရင်တော့ Boy over flower လိုမျိုးပါပဲ ဆင်းရဲတဲ့ကောင်မလေးက အထက်တန်းစားသူဋ္ဌေးသားသမီးတွေတက်တဲ့ကျောင်းမှာ တက်ခွင့်ရရင်း သူဋ္ဌေးသား ရုပ်ချော ဥစ္စာပေါတွေက ကြိုက်ကြလေသတည်းပေါ့…


ဝေဖန်ရေး


ဇာတ်လမ်းက ထွေထွေထူးထူးရယ်လို့ဘာမှ သိပ်မရှိလှဘူးလို့ထင်တယ်… ဒါဆိုဘာလို့ ၂၀၁၃ အကောင်းဆုံးစာရင်းဝင်သလဲဆိုရင်တော့ နတ်ဘုံလားလို့အောင့်မေ့ရတဲ့ ချမ်းသာတဲ့ သားသမီးတော်တော်များများ (အကြောင်းတိုက်ဆိုင်စွာ ပိန်ပါးလှပကြတဲ့) အဖြစ် သရုပ်ဆောင်ရတဲ့ Kpop Idol တွေနဲ့ ပြည်သူ့အချစ်တော် မင်းသားချော Lee Min Ho ပါနေလို့ပါပဲ… ဒီဇာတ်လမ်းရဲ့ အဓိက ဆွဲအားက Lee Min Ho နဲ့ Kim Woo Bin ပေါ့… ဒါပေါ့တခြားကျောင်းသားတွေအဖြစ်ပါတဲ့ Kpop idol မင်းသားသစ်တွေ မင်းသမီးသစ်တွေ၊ မင်းသားငယ်ချောတွေ အများကြီးနဲ့ လန်းဆန်းသစ်လွင်နေမှတော့ ဒီကားဟာ မျက်စိပသာဒအရ စိတ်ချမ်းသာစရာချည်းပဲ…. မင်းသား မင်းသမီးအကောင်းတွေသာ သုံးမထားရင် ဒီဇာတ်လမ်းဟာ နလန်တောင်မထူနိုင်အောင်ဖြစ်နေမယ်လို့ ခန့်မှန်းရတာပါပဲ… 


ရုပ်ရှင်သဘောအရ မင်းသားနဲ့ မင်းသမီး အချစ်လမ်းက လူနေမှုအဆင့်အတန်းကွာဟမှုကြောင့် မဖြောင့်ဖြူးပေမဲ့ သာမာန်မိန်းကလေးတိုင်းရဲ့ မြင်းဖြူစီးလာတဲ့ မင်းသားလေးကိုစိတ်ကူးယဉ်တဲ့ ဇာတ်လမ်းမျိုးဖြစ်အောင် တမင်စီမံထားတာပေါ့… မင်းသမီးတခုခုဖြစ်ပြီဆို ကူညီချင်လိုက်ကြတဲ့ အလန်းလေးတွေ ပုံလို့… သူ့ကြိုက်လို့ကူညီယုံမကဘူး ငယ်သူငယ်ချင်းကလဲ ခင်လို့ ကူတာရှိသေး… (လွန်လွန်းတာပေါ့)… ဒီမင်းသမီး character လောက် မိန်းကလေးတွေ ကိုယ့်ကိုကိုယ် အစားထိုး စိတ်ကူးယဉ်လို့ကောင်းတာမရှိ… ( မဗေဒါကတော့ အဲလောက်တော့ မဆင်းရဲချင်ဘူးပေါ့နော်.. :P) …
ထိုသို့သော Reason တွေကြောင့် ဒီကားက ရှေ့ဘာဖြစ်မယ် ကြိုတင်ခန့်မှန်းလို့ရနေပြီး ဘာမှ စိတ်ဝင်တစားနဲ့ ဇာတ်လမ်း ဦးတည်ချက်ကောင်းကောင်းမရှိဘူးလို့ထင်ပါတယ်… 


ကိုရီးယားကားတွေထဲမှာဖြစ်နေကျ (အပြင်မှာဖြစ်ခဲသော) ရင်ကို စွဲငြိတုန်စေတဲ့ အကွက်မှန်သမျှ မပါလိုက်ရ မရှိရလေအောင်ထည့်သွင်းထားလေတော့ပေါ့… ဘယ်သူမကြိုက်ပဲရှိနိုင်မလဲ… ပြောရမယ်ဆိုရင်တော့ ကိုရီးယား Romatic Action ပေါင်းချုပ်ကြီးလို့တောင်ပြောနိုင်တာပေါ့နော်… တကယ့်ကို ပုံပြင်ဟောင်းကြီးတစ်ပုဒ်လို ဇာတ်လမ်းဆင်ထားပြီး ထူးထူးချွန်ချွန်လဲ ပြမသွားနိုင်ဘူး… တချို့အခန်းတွေဆို စကားပြောတွေအရမ်းများပြီး အဲဒိစကားပြောတွေက ဇာတ်လမ်းအတွက် ဘာရည်ရွယ်ချက်နဲ့ပြောပြီး အကျိုးသက်ရောက်မှုကလဲ မရှိလှပါဘူး… 

အကောင်း ပြောစရာလေးရှိတာကတော့ ဇာတ်ဝင်တေးတွေကိုလဲ အတော်လေး ကောင်းကောင်းသုံးထားတယ်ပေါ့လေ…

Lee Min Ho က ဇာတ်လမ်းရွေးတာတော်တယ်ပြောရမယ်… ဒီက character နဲ့ BOF က ဇာတ်ကောင်နဲ့ ဆင်တယ်ပဲထားအုံး အဲလို ဇာတ်ကောင်တွေက ပရိတ်သတ်အများစုကို အော်တိုငုတ်တုတ်သူ့ကြိုက်သွားစေတယ်လေ… ချောချက်ကတော့ လန်ထွက်နေတာ I can’t even handle it… :P


ကိုရီးယားမင်းသမီးထဲမှာ ရည်းစားလုဖက်လို မနာလိုအဖြစ်ဆုံး မင်းသမီးကိုပြောပါဆို Park Shin Hye လို့ပဲပြောရတော့မယ်… ခွိ…(မဗေဒါကို နှာဘူးမ ပြောချင်လို့ လက်ယားနေကြပြီလား… :P ) … သူက တခြားကိုရီးယား မင်းသမီးတော်တော်များများလောက်တောင် မှုန်နေအောင်မချောပဲနဲ့ (မင်းသမီးဆိုမှတော့ ကိုယ့်ထက် အဆပေါင်းများစွာချောတာကိုသိတယ်… ဒါပေမဲ့ (မှန်တာပြော လီမင်ဟို အာဘွားလာပေးပါစေ) တခြားသူ့ထက်ချောပြီး သူထက်သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတွေ အပုံကြီး… ဒါပေမဲ့ သူပဲ မင်းသား အငယ်အချော အလန်းမှန်သမျှနဲ့ တွဲနေရတာ)… အထူးသဖြင့် ငါကြိုက်တဲ့ မင်းသားတော်တော်များများ သူချည်းပဲတွဲနေရတယ်… တခြားမင်းသမီးတွေလဲ မျှပါအုံး… တစ်ခါတစ်လေလောက်လေး အသက်ကြီးကြီး အရုပ်ဆိုးဆိုး မင်းသားတစ်ယောက်လောက်နဲ့များတွဲပါအုံးလား… (ဟွင့်… ဟွင့်)… (အိုင် ဆင်းပလီး ဂျဲလက်စ်အော့ဖ် ဟာ.. ပါ… ခွိ … ခွိ)… သူ့ကို မုန်းတော့ မမုန်းသေးပါဘူး… (နောက်တစ်ခေါက် ဘယ်မင်းသားနဲ့ တွဲမလဲ ပေါ်မူတည်တယ်) ဒါပေမဲ့ ချစ်လာစေချင်တယ်ဆိုရင်တော့ သူ သရုပ်ဆောင် အရည်အသွေးလေး နည်းနည်းတိုးတက်စေချင်တယ်… လက်ခံလားတော့မသိဘူး Act Cute၊ Act Innocent လုပ်တာ Over ဖြစ်တယ်လို့ထင်တယ်…


အဲ့ကားမှာပါတဲ့ Krystal နဲ့ SNSD ထဲက Yoona ကို အမြဲမှားတယ်… ကိုယ်က Kpopper အရမ်းမဟုတ်တော့ နည်းနည်း ရောနေတာ… (စာဖတ်သူတွေရော သူတို့ ၂ယောက်ကို ဆင်တယ်ထင်ကြဘူးလား?) Krystal က Yoona ထက် ပိုထွားတယ်… ပြီးတော့ Krystal က သရုပ်ဆောင်ပိုကောင်းတယ်လို့ထင်တယ်… Yoona က over-rated ဖြစ်နေသလိုပဲ… (သရုပ်ဆောင်လဲ မကောင်းဘူးထင်တယ်…) SNSD နဲ့ Yoona ရဲ့ ပရိတ်သတ်တွေရှိနေရင် ဆောရီးနော်… သရုပ်ဆောင်ပိုင်းကိုပြောတာ… သီချင်းဆိုမတော်ဘူး မကောင်းဘူး ဘာမှ မပြောဘူး… (ကောင်းတယ်လဲ မပြောဘူး… သေချာလဲ မသိဘူး)…


Min Hyuk လေးကိုတော့ Heartstring ထဲကထက်စာရင် Heirs ထဲက ဇာတ်ကောင်လိုမျိုးလေး တည်တည်တံ့တံ့လေးပိုကြိုက်တယ်…. ဟို Yoo Ra Hel လုပ်တဲ့ မင်းသမီးက သူ့ဇာတ်ကောင်နဲ့ လိုက်တယ်လို့ မဗေဒါအစ်မက ပြောတယ်… မဗေဒါအစ်မက သူ့ကို “What’s up?” မှာကြည့်ဖူးတယ်တဲ့… အဲ့ကားက ဇာတ်ကောင်နဲ့ မလိုက်ဖူးတဲ့…


ဒီကားကို မင်းသား မင်းသမီးကြည့်ချင်တဲ့ ရည်ရွယ်ချက်နဲ့ သူတို့ရဲ့ ဖက်ရှင်စတိုင်တွေနဲ့ တင်ကျေနပ်တယ်ဆိုရင်တော့ ကြည့်သင့်ပါတယ်… ဒီဇာတ်ကားနဲ့ သရုပ်ဆောင်တော်တော်များများကတော့ ဆုတစ်ခုမဟုတ်တစ်ခု ချိတ်ကြတာပေါ့လေ… ၀မ်းသာပါတယ်… လီမင်ဟိုဆိုရင် Best dress ဆုတို့ ဘာတို့တောင်ရလိုက်သေး… စာရေးဆရာရဲ့ ရေးချင်ရာလျှောက်ရေးထားတဲ့ Script ကို အတည်ကြီးအမှန်အကန် သရုပ်ဆောင်ခဲ့တဲ့ မင်းသားတွေ မင်းသမီးတွေအားလုံးကိုတော့ အားပေးလျက်ပါ… 


ထပ်ပြောလိုက်ပါအုံးမယ်… မင်းသား လီမင်ဟို နဲ့ ကင်ဝူးဘင်း သာမဟုတ်ရင် စာရေးဆရာရေးထားတဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်း က ပြောင်းဖူးရိုး ငှက်ပျောခွံစာ မိလောက်တယ်နော်…



6. You Who came from stars




Genre: Romance, comedy, fantasy, melodrama
Episodes: 21
Broadcast network: SBS
Broadcast period: 2013-Dec-18 to 2014-Feb-27
Air time: Wednesday & Thursday 22:00

Main Cast:
Jun Ji Hyun as Chun Song Yi (28, top actress/university student)
Kim Hyun Soo as young Chun Song Yi / Seo Yi Hwa
Kim Soo Hyun as Do Min Joon (alien/university professor)
Park Hae Jin as Lee Hwi Kyung (28, youngest son of S&C Group)
Jo Seung Hyun as young Lee Hwi Kyung
Yoo In Na as Yoo Se Mi (28, supporting actress)
Kim Hye Won (김혜원) as young Yoo Se Mi

My Rating : 4/5

ဇာတ်လမ်းအကျဉ်း
Do Min Joon က ကမ္ဘာပေါ်ကို ၁၆၀၉ ခုနှစ် ဂျိုဆုံးခေတ်ကာလကတည်းက ရောက်နေတဲ့ ဂြိုလ်သားတစ်ဦးပေါ့… (ကိုရီးယားပေါ်ရောက်တော့ ဂြိုလ်သားက ကိုရီးယားရုပ်စစ်စစ်ထွက်တယ်)… ရီဟွာဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ကယ်ရင်း သူ့ဂြိုလ်ပြန်ဖို့ ယဉ်လွတ်ပြီး ကမ္ဘာပေါ်မှာသောင်တင်နေတဲ့သူပေါ့… ဒီလိုနဲ့ နှစ်လေးရာလောက်ကြာ ယခုခေတ်ရောက်တော့ တက္ကသိုလ်က ပါမောက္ခအနေနဲ့ အလုပ်လုပ်နေရင်း နာမည်ကျော်မင်းသမီး Choong Song Yi နဲ့ အိမ်ဘေးချင်းကပ်နေမိရာကနေ မင်းသမီးကို လုပ်ကြံဖို့ကြံစည်နေတဲ့ လူတွေလက်ကနေ ကာကွယ်ရင်း သူတို့ရဲ့ အချစ်ဇာတ်လမ်း ဖြစ်ပေါ်ခဲ့တော့သည်ပေါ့…
ဂြိုလ်သားနဲ့လူသားရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မလဲ၊ မင်းသမီးကို ဘယ်လိုကာကွယ်မလဲ၊ စသည် စသည်ဖြင့် ဖန်သားပြင်ပေါ်ကြည့်ရှုကြပါကုန်။

ဝေဖန်ရေး..

ကြည့်ပြီးကြတဲ့ K-drama ချစ် ဘော်ဘော်တွေကို တစ်ခုမေးမယ်နော်... အဆုံးသတ်ကို Happy Ending လို့ထင်လား? ကျေနပ်လား? ဘယ်လို ထင်လဲ?

မဗေဒါကတော့ သူတို့ပေးချင်တာကို သဘောပေါက်ပေမဲ့ ဇာတ်လမ်းကို Happy ending လို့ မထင်ဘူး... သူတို့ပေးချင်တဲ့ massage လေးကတော့ Love like there is no tomorrow. Treasure every moment with your loved one. ကိုယ်ချစ်တဲ့သူနဲ့ ရှိရတဲ့ အချိန်မှာ အချိန်တိုင်းကို တန်ဖိုးထားတတ်ဖို့... အထူးတလည်တွေလုပ်နေမှ ချစ်နေရတာမဟုတ်ဘူး... တစ်ယောက်နဲ့တစ်ယောက် အိမ်ထဲက ကုလားထိုင်ပေါ်မှာ ဘေးချဉ်းယှဉ်ထိုင်နေရတာလေးကိုက တန်ဖိုးထားသင့်တဲ့အရာ... အဲလိုသဘောမျိုးလေးပေါ့... တနည်းအားဖြင့်တော့ ပေးချင်တဲ့ အကြောင်းရာလေးက လှပါတယ်...

ဒါပေမဲ့ ဇာတ်လမ်းအရတော့ မင်းသားနဲ့ မင်းသမီးရဲ့ ဘ၀က ဆိုးလွန်းတယ်လို့ထင်တယ်... သေသွားရင်တောင် ဖြေသာအုံးမလား မသိဘူး... သေသောသူကြာရင်မေ့ဆိုတဲ့အတိုင်း Choong Song Yi လဲ သူ့သူငယ်ချင်း သူဋ္ဌေးသားလေးနဲ့ပဲ အကြောင်းပါချင်လဲပါ... မပါချင်လဲ ပရိတ်သတ်တွေးချင်သလိုတွေးလို့ရအောင် ၂ ခွထားလိုက်...

ခုတော့ သူတို့ဘ၀က Do Ming Joo ပျောက်သွားလဲ အဲဒိ warmhole ဆိုတာကြီးထဲမှာ ပြန်လာဖို့ကြိုးစားရမယ်... မြန်မာအယူဆိုရင် အသူရကယ်ဘုံသားလိုပဲပေါ့... warmhole ဆိုတာကြီးကရော ဘယ်ကရောက်လာတာလဲ... မင်းသမီးခမျာလဲ သူ့ဘ၀နဲ့သူ ရှေ့ဆက်လို့မရ ဖြစ်မယ်... သူက ကြာရင် အသက်ကြီးလာမှာ သူ့ရှေ့ရေးအတွက် လုံးဝမကောင်းဘူး... မင်းသားကို လူဖြစ်ပေးလိုက်ပြီး ညားပေးချင်လဲ ညားပေးလိုက်... ပြီးတော့ ဒီလောက် မီဒီယာတွေရှေ့မှာ ဟိုးလေးတကြော်ဖြစ်ပြီးမှ... မင်းသားရဲ့ identity ကို ဟို စုံထောက် ၂ယောက်အုပ်ပေးလိုက်ရုံနဲ့ ပြီးသလား... မပြတ်သားတဲ့ အရာတွေ အများကြီးပဲ...

ပရိတ်သတ်တွေက မင်းသားနဲ့ မင်းသမီးကြည့်ကောင်းတာနဲ့ မြောပြီး ကြိုက်နေကြတာပဲရှိတယ်... အဲဒိမင်းသား မင်းသမီးသားမဟုတ်ရင် အဲ့ကား ပြောခံရမဲ့ဖြစ်ခြင်း...



ခုကျ သူ့ကို ပြောရက်ပါ့မလား... ကြည့်.... :P
ဒါနဲ့ မင်းသမီးကို ချောတာလဲ လက်ခံတယ်... သရုပ်ဆောင်ကောင်းတာလဲလက်ခံတယ်... မဗေဒါလဲ သူ့ကို ကြိုက်ပါတယ်... ဒါပေမဲ့ အိုတာကတော့ အိုတာပဲ... ဒါကိုလဲ လက်ခံရမယ်ထင်တယ်... မင်းသားနဲ့များယှဉ်ရင် မင်းသမီးအိုတာ သိပ်သိသာတယ်... ကိုယ်လဲ မအိုလာမဲ့သူမဟုတ်ပါဘူး... ဒါပေမဲ့ တစ်ချို့က မင်းသမီးက သိပ်ချော သိပ်အရွယ်တင်တာပဲပြောလို့ ပြောချင်နေတာလေး ပြောရတာ... ချောပါတယ်... သူ့အသက်နဲ့ဆို အရွယ်တင်ပါတယ်... ဒါပေမဲ့လဲ မင်းသားနဲ့တော့ အသက်ကွာတာကြီးက သိသာပါတယ်...

ကဲ... မဗေဒါနဲ့ အမြင်တူမတူ... ကွန်မန့်မှာ ဝေဖန်လေကန် ဆန့်ကျင် သဘောတူ အားမနာပ (အဲ ပုဂ္ဂိုလ်ရေးတော့ လာမထိခိုက်နဲ့ပေါ့) objectively ငြင်းခုန် အကြံပြုကြလော့.... K-Drama Land တိုင်းသူပြည်သား လူအပေါင်းတို့....





Because if you kill me, this drama will stopped... :P

20 comments :

Lai Lai Win said...

I like Heirs and You who come from star due to LMH & KSH :P

Anonymous said...

တိုက်ဆိုင်တယ် အပေါ်ကသုံးကားလုံးလုံး ကြည့်ပီးပီ။ အိမ်ကအင်တာနက်မရလို့ ဘာလီသွားတုန်းကဝယ်ခဲ့တဲ့ဟာလေးတွေ။ သုံးကားလုံးကြိုက်တယ်။နောက်ဆုံးက (You Who Come From Star) တော့ကြည့်ရသေးဝူး
Yum Yum

NNC said...

No. 3 ကို ကြည့်ဖို့ကြောက်နေတာ မဗေဒါ ဖဘ မှာ ပြောပြောနေတာတွေ့တော့ အရဲစွန့်ကြည့် ဖြစ်တယ်။ သရဲခန်းဆို ကျော်ကြည့်နဲ့ တဝက်လောက်မှ နည်းနည်းကြည့်နိုင်လာတယ်။ မင်းသမီးကလည်း မလှ ရတဲ့ကြားထဲ အိပ်ရေးပျက် မျက်တွင်းမဲနဲ့ အစ မကြိုက်ဘူး။ နောက်ကြည့်ရင်းနဲ့ ဇတ်လမ်းရော မင်းသားမင်းသမီးရော အဆင်ပြေသွားပါတယ်။
No.4 တပိုင်း ၂ပိုင်းကြည့်ပြီး စိတ်ညစ်လို့ ဆက်မကြည့်ဖြစ်ဘူး
No.5 ကို ကိုယ့်စိတ်ထဲကအတိုင်း ပြောရရင် လုပ်စားကားလို့ မြင်တယ်။ ဇတ်လမ်းက ဘာမှ မရှိဘဲ ခမ်းခမ်း နားနား အချောအလှလေးတွေသုံးပြီး အောင်မြင်အောင်လုပ်စားသွားသလိုပဲ။ ကောင်းတယ် 3.5/5 ပေးထားတာ။း) လီမင်ဟို ချောပါတယ် ဒါမယ့် သူ့ကို စပေါ်ကတည်းက ကြိုက်တဲ့ အထဲလည်းမပါဘူး မကြိုက်တဲ့ထဲလဲ မပါတဲ့ အလှကြည့်ရုံသက်သက် so so မင်းသား အဖြစ်ပဲ ခံစားလိုရတယ်.. သူ့ကို အနုပညာအခံလည်း သိပ်မကောင်း၊ ဥာဏ်လည်း သိပ်မကောင်းတဲ့မင်းသားလို့ ထင်တယ်.. လီမင်ဟို ဖန် တွေတော့ ဆဲတော့မှာပဲ... ကြောက်ထှာ ဟီးးဟီးး :D သူနဲ့ ရွယ်တူလောက်ထဲ ဥာဏ်ကောင်းတဲ့မင်းသားက Jang gen suk လို့ထင်ပြီး သရုပ်ဆောင် အဆို အက အနု အကြမ်း ရတဲ့ အနုပညာအားကောင်းတာ Kim so hyun လို့ထင်တယ်။
No. 6 တော့ ကြိုက်တယ်။ မင်းသမီးကို ပိုကြိုက်တယ်။အဲ့ကားမှာ မင်းသားက ဘာမှတောင် လုပ်ကွက် သိပ်မရှိသလိုပဲ။ မင်းသမီးကိုတော့ my sassy girl ထဲက ရူးခဲ့တာ သူ့လို ဆံပင် အရှည်ဖြောင့်တောင် လိုက်ထားခဲ့သေး :P ပုံမှန်တော့ မင်းသမီး အသက်ကြီး မင်းသား အသက်ငယ်ရင် မကြိုက်ဘူး။ ဒီကားမှာတော့ ၂ယောက်လုံးကို ကြိုက်လို့ထင်တယ် အဲ့ကိစ္စ မေ့သွားတယ်။
ဇတ်သိမ်းကတော့ ကြည့်တဲ့သူတွေ ယူဆချင်သလို ယူဆလို့ရအောင် လုပ်ပေးထားတယ်ထင်တယ်။ ကိုယ့်ဟာကိုယ်တော့ happy ending လို့ ယူဆထားတယ်။ Lyn ရဲ့ My Destiny လည်းကြိုက်တယ်။

mabaydar said...

ဟုတ်တယ် တူတူပဲ... LMH ကို ရုပ်ချောတာ လက်ခံတယ်... ဒါပေမြ့ သရုပ်ဆောင်ဒီလောက်မကောင်းပဲ ရွေးတဲ့ ဇာတ်လမ်းတွေက လူကြိုက်များမဲ့ ကားမျိုးတွေချည်း ဖြစ်နေလို့ Over-rated ဖြစ်နေတယ်လို့ထင်တယ်... အမှန်တော့ JKS က သရုပ်ဆောင်အားပိုကောင်းတယ် ဒါပေမဲ့ ဇာတ်လမ်းရွေးညံ့နေတာ... KSH ကတော့ ရှေ့က ၂ယောက်လောက် ရုပ်မချောတာတောင်မှ သူ့ရဲ့ သရုပ်ဆောင်အားနဲ့ သူ့ရဲ့ ဘက်စုံ ထူးချွန်မှုက ရှေ့က ၂ယောက်လုံးကို သာတယ်.... အင်း.... My love from another star မှာ မင်းသမီးကို အသက်ကြီးတာ သိသာတယ်လို့ရေးပေမဲ့ သူ့ကို ကြိုက်ပါတယ်... သူ့ကားတွေလဲ ထပ်ကြည့်ချင်တယ်... ကြိုက်တဲ့ မင်းသမီးထဲမှာကို ထည့်ထားတယ်... ဒီကားက ဇာတ်လမ်းအရ အသက်နဲ့ မဆိုင်တော့ အသက်ကွာတာကို သတိမထားမိတာဖြစ်မယ်.... တကယ်တော့ မမနဲ့ မောင်လေးအရွယ်ပဲ... သီချင်းတွေကတော့ ကားတိုင်းလိုလိုကြိုက်တယ်.... ဒါကြောင့်လဲ Best dramas စာရင်းဝင်တာပေါ့.... ကားအားလုံးက ပေါ့ပျက်ပျက်ရိုက်ခဲ့တာတော့ ဟုတ်ပါဘူး....

mabaydar said...

Heirs ထက် You who came from star ကို ပိုကြိုက်တယ်... Heirs ကတော့ မျက်စိ အရသာခံစရာ ကားသက်သက် အနေနဲ့ပဲ ကြည့်တယ်...

mabaydar said...

အင်း... ကျေးဇူး... You who came from stars လဲ ကောင်းတယ်... ကြည့်လိုက်နော်... အဆုံးသတ်ကတော့ တော်တော်များများက Happy Ending လို့ ယူဆကြတယ်... မဗေဒါအတွက်တော့ သိပ်စိတ်တိုင်း မကျလှဘူး...

Anonymous said...

Secret jjangg .. ဝေဖန်ရေးလဲ jjang ဟတ်တယ် အစပိုင်း က ဇာတ်အရမ်းနာတော့ နည်းနည်းပျင်းဖို့ကောင်းတယ် .. မင်းသမီးကိုကြိုက်လို့အဲ့ကားစကြည့်တာ .. ကြည့်ရင်းကြည့်ရင်း တော်တော်ကောင်းလာတယ် နောက်ဘာဖြစ်မလဲဆိုတာကိုသိချင်တော့ ဆက်ကြည့်ကြည့်ချင်နေ ..မပြဘဲ ဖွက်ဖွက်ာထားတာလေးတွေ .. သိတော့သိနေတယ် ကလေး မသေနိုင်ပူး ဆိုတာ .. မင်းသား က မင်းသမီးကို တစ်ဖြည်းဖြည်းချစ်လာတော့ ပိုကောင်းသွားရော ဟီဟီ နောက်က လိုက်လိုက်ကြည့်နေတာလေး .. မင်းသားပါကြိုက်သွားတယ် အဲ့ကားကြည့်ပြီးတော့ .. ဒီကားမှာဆို မင်းသား မင်းသမီး ဖြစ်နေတာ လိုက်ခံစားရတယ် မင်းသမီးငိုရင်ကောလိုက်ငိုချင် .. နောက် မင်းသမီး bus ကားပေါ် တက်နေတာကို မင်းသားက နောက်ကနေ လှမ်းဖက်ပြီး ပြီးသွားတဲ့ အခန်း ဆို လှမှလှ ရှုခင်းကော ဇာတ်သိမ်းခန်းလဲမိုက်

Lorem Ipsum said...

မဗေဒါ ရဗျူးဖတ်ပြီးမှ ကြည့်မလို့လေ..... ဟီးးး လီမင်ဟိုကားနဲ့စမယ်... မင်းသားရော မင်းသမီးရောကြိုက်လို့..သရဲကားတော့စဉ်းစားရဦးမယ်..
ဒီလောက်ပိုစ့်အရှည်ကြီးတွေကိုစိတ်ရှည်လက်ရှည်ရေးလို့ ကျေးဇူးပါမဗေဒါရယ်..

Anonymous said...

sis yay...I am watching now " I hear your voice". I always read/visit your blog because of your movies/dramas reviews and travel posts. And I start to watch whichever you recommend... :)
Really enjoy by reading your blog..

Anonymous said...

ဘာကြည့်ရမှန်းမသိလို့ Hires စကြည့်တာ ၃ပိုင်းရှိပြီ သူက အရမ်းကို overrated ဖြစ်နေလို့ ဂန္တဝင်အချစ်ကားကြီးကို ကိုယ်တယောက်ပဲမကြည့်မိလေခြင်းဆိုပြီး guilty ဖြစ်နေတာ တော်ပြီ ဆက်မကြည့်တော့ဘူး ညက ဒါဖတ်ပြီး Master's sun စကြည့်တယ် မင်းသားက ဟိုရန်ကုန်မှာ လီဆောင်းဦးတို့ကားထဲက ကြိုက်ပြီးသား ဒါအရင်ပြီးအောင်ကြည့်မယ် ပြီးရင် YWCFS ကြည့်မယ် မမနဲ့မောင်လေးအတွဲဆိုဘာလို့လဲမသိ အရမ်းသဘောကျတယ် ဟီး ဒါနဲ့ korea ကားတွေကို viki ကနေကြည့်ဖူးတယ်ဟုတ်.. viewers တွေက ကားပြနေတုန်း comment တွေရေးထားတာ screen မှာမြင်ရတာ အရမ်းရယ်ရတာ များသောအားဖြင့် ကိုယ်နဲ့သဘောထားခြင်းတိုက်ဆိုင်တော့ တယောက်ထဲကြည့်နေရတာနဲ့တောင်မတူဘူး အဲဒါနဲ့ပဲ HD download တောင်မလုပ်တော့ဘူး viki ပဲသွားကြည့်နေတာ
wine က snsd ကြိုက်တယ် ဒါပေမယ့် Yoona ကအရမ်းပိန်ပြီး အသံသိပ်မကောင်းဘူး သူကမလိုအပ်ပဲအရမ်းpopularဖြစ်နေသလိုပဲ Krystal က snsd ထဲက Jessica ရဲ့ညီမမလား သူကဘာလို့Yoonaနဲ့အရမ်းတူနေလဲမသိဘူး ကဲကဲ လေပေါတာများပြီ Master's sun ဆက်ကြည့်ဦးမယ်ကွယ်

Wine

mabaydar said...

Heirs က မင်းသား မင်းသမီးတွေ ငမ်းချင်ရုံလောက် ကြည့်တာ... သူတို့ သိပ်မကြိုက်ဘူးဆိုရင် အချိန်ကုန်ခံ မကြည့်လဲ ရတယ်... viki က အရင်က ကြည့်လို့ရတယ်... ခုနောက်ပိုင်း စကာင်္ပူကနေ ကြည့်လို့ မရတော့ဘူး... copyright issue ကြောင့်ထင်တယ်... မဗေဒါလဲ snsd ကို overall တော့ ကြည့်ဖူးတော့ ကြိုက်ပါတယ်... Yoona ကိုလဲ တခြား reality show တွေမှာ မမုန်းပါဘူး... ဒါပေမဲ့ သူက ဒီလောက်လဲ အရမ်းမချောပဲနဲ့ overrated ဖြစ်နေတာကို နားမလည်တာ... သူ့လောက်တော့ မြန်မာပြည်က တရုတ်တန်းမှာ သူနဲ့ ခပ်ဆင်ဆင်ကောင်မလေးတွေ အများကြီး... Master's Sun တော့ Wine ကြိုက်မကြိုက် မသိဘူး... မဗေဒါတော့ ကြိုက်တယ်... နောက်တစ်ခေါက် ပြန်ကြည့်ဖို့တောင် သိမ်းထားတယ်...

mabaydar said...

Thank you so much for your support and comment. Hope you will keep reading and My posts are helpful for you.. :D

mabaydar said...

ကြည့်ပြီးရင် ဘယ်လိုနေလဲ ပြန်လာပြောအုံးနော်... :D

mabaydar said...

ဟုတ်တယ်... သူတို့ First Kiss က မင်းသားက မင်းသမီးကို အိမ်ပြန်လိုက်ပို့တုန်း ဇွတ်နမ်းတာ ဟုတ်? အဲဒိ အခန်းကတော့ ရေလည်ကြမ်းတယ်... အဟိ.... ဒါပေမဲ့လဲ ရင်ခုန်ချင်စရာကြီး.... ခွိ... Bus ကားပေါ်တက်တာကို လှမ်းဖက်တဲ့အခန်းက ရှုခင်းလဲလှ... အားလုံးကောင်း... ကြိုက်... ကြိုက်....

Thant said...

ပထမကားက တကားလုံး ပျင်းစရာအချိန်မရှိဘူး... မင်းသား မင်းသမီး ဇာတ်လမ်းအကုန်လုံးကိုကြိုက်တယ်...။
စကြည့်တုန်းက ကြောက်စရာတွေမြင်လို့ လက်ကြားထဲက ချောင်းကြည့်ရတာ.... :D
ဒုတိယကားကတော့ မကြည့်ရသေးဘူး... ကြည့်ဖို့စာရင်းထဲထဲ့ထားလိုက်ပြီ..။
တတိယကားက မင်းသား မင်းသမီးထက် အရံတွေကို ချစ်လို့ အစအဆုံးကြည့်ဖြစ်သွားတာ...။
မင်းသားရော မင်းသမီးရော ဇာတ်လမ်းရော ပျင်းစရာကြီး...။
နောက်ဆုံးကားလဲ အစအဆုံးကြည့်ဖြစ်တယ်...။
ဇာတ်လမ်းက ဟာကွက်တွေနဲ့ဆိုပေမယ့်
မင်းသား မင်းသမီးအတွဲကို ကြိုက်လို့ ကြည့်ဖြစ်သွားတာ...။
မင်းသားက တခါတလေ ကလေးမျက်နှာလေး ဖြစ်ဖြစ်သွားတယ်နော်..။
ဇာတ်သိမ်းကတော့ ကိုးလို့ကန့်လန့်ကြီး...။
ဘယ်အချိန် ပြန်ရောက်လာမလဲလို့စောင့်နေရမယ့် မင်းသမီးကတော့ ဒွတ်ခလို့တွေးမိပြီး စိတ်မသက်မသာဖြစ်သွားသေးတယ်...။ :D :D

Anonymous said...

အစ်မညွှန်းတာတွေပဲ လိုက်ကြည်.ဖြစ်တာ များတယ်..
fb မှာလည်းအစ်မရဲ.ပေ.ခ်ျ ကို လိုက်ခ် လုပ်ထားပါတယ်..
ဟိုအပေါ်က အနောနီးမတ်စ် ပြောသလိုပဲ viki ကွန်မန်.တွေက
အ၇မ်းရီရတယ်.... တခါတလေဆို သူတို.ကွန်မန်.ပဲ ထိုင်ဖတ်နေတာ..

Sweet Sweet said...

မင်းသမီးက သရဲကြောင့်ဖြစ်သမျှ မင်းသားလိုက်ရှင်းပေးရနေတာကိုလဲ မလိုလားဘူး။ အဲ့ ဒီ့ကားကြိုက်တယ် ဒါပေမယ့် မင်းသားရဲ့ မာနကြီးတဲ့ပုံ သရုပ်ဆောင်တာနဲနဲ အိုဗာဖြစ်တယ်လို့ထင်တယ်။ ဟုတ်တယ် မင်းသမီး သရုပ်ဆောင်တာကောင်းတယ်။ ကျန်တဲ့ကားတော့ မကြည့်ဘူးတော့ မသိဘူ။

Anonymous said...

အကုန်လုံးကြည့်ပြီးသွားပြီ မဗေဒါရဲ့ ဝေဖန်ရေးလေးတွေကို သဘောကျတယ် ကြည့်နေတုန်းက ဘာသိဘာသာပဲ အခုမဗေဒါရဲ့ ဝေဖန်ရေးတွေလိုက်ဖတ်ပြီး တော်တော်များများအတွေးတူနေမှ ဇာတ်လမ်းတွေကြည့်ပြီး အပေါယံပိုင်းလောက်သာခံစားတတ်တဲ့ ကိုယ့်အဖြစ်ကို သတိထားမိတော့တယ်။
Lotus Phyu

Anonymous said...

Heirs ကိုမင်းသားတော့ကြိုက်ပါတယ် ဇတ်လမ်းကြီးကိုမကြိုက်ဘူးဖန်တရာတေနေသလိုပဲ ဂြိုလ်သားကားလေးတော့တော်တော်ကြိုက်တယ်
မင်းသမီးသရုပ်ဆောင်တာပိုကောင်းလာသလိုခံစားရတယ်
ATMW

ဆွေလေးမွန် said...

Master's sun,You Who came from stars ရယ်ကြည့်ပြီးပြီ . နှစ်ကားလုံးသဘောကျတယ်။