Wednesday, January 29, 2014

ပြောပြရအုံးမယ် (၁)


မဗေဒါ ဘလော့လဲ ကိုယ့်ကိုကိုယ်တွန်းအားပေးတဲ့အနေနဲ့ ကြော်ငြာလေးတွေထည့်ပြီး တစ်ပတ် ၁ပုဒ်တော့ တင်မယ်ဆုံးဖြတ်လိုက်ပြီးကာမှ ဒီဇင်ဘာတစ်လလုံး ဘာမှကို မရေးဖြစ်တော့ဘူး… မရေးဖြစ်ဆို မြန်မာပြည်ပြန်ဖြစ်သွားတယ်လေ… ဒီတစ်ခေါက်ပြန်တာ တော်တော်လေးကြာကြာပြန်ဖြစ်တယ်… ၂၀၁၃ ကပြန်လိုက်တာ ၂၀၁၄ ကျမှပဲ ဒီကိုပြန်ရောက်တော့တယ်… ပြန်ရောက်တာနဲ့ တန်းစီ ငုတ်တုတ်လေးတွေ ထိုင်စောင့်နေတဲ့ အလုပ်တွေကို တစ်ခုချင်းရှင်းနေရသေးတယ်… ကိုယ်ကလဲ အိမ်မှာဆို ဘယ်လိုမှ ဘလော့ရေးဖို့ စိတ်မပါဘူး (တခြားလုပ်ချင်တာတွေက ခပ်များများလေ)… ဘလော့ရေးချင်စိတ်က အလုပ်မှာ ကွန်ပြူတာနဲ့ မျက်နှာချင်းဆိုင်ပြီး လုပ်စရာသိပ်မများတော့ဘူးဆိုရင်ပေါ်ပေါ်လာတယ်… ဒါပေမဲ့ အလုပ်က လူတွေအလစ်ချောင်းရသေးသကိုး… ဘလော့တွေကိုလဲ ရုံးမှာက ပိတ်ထားတော့ အရင်လိုရေးရတာ သိပ်မလွယ်လှတော့ဘူး… ကဲ… ဒါတွေထားပါ… ရန်ကုန်ကိုပြန်တယ်ဆိုတော့ ရန်ကုန်အကြောင်းလေးတွေပဲ အရင်ပြောပြတာကောင်းမယ်ထင်ပါတယ်…

ရန်ကုန် လေဆိပ်မှ ကြိုဆိုပါ၏

ဟိုးအရင်က ပြောခဲ့ဖူးတဲ့အတိုင်းပဲ ကိုယ့်ဘက်က တရားဝင် စာရွက်စာတမ်းပြည့်စုံနေရင် ဘယ်နိုင်ငံ လူဝန်မှုကြည့်ကြပ်ရေးကောင်တာကိုမှ ကြောက်တယ်ဆိုတာ မရှိခဲ့ပါ… ကိုယ့်နိုင်ငံကိုယ်ပြန်မှ ကိုယ်က မှန်နေတာတောင် ချောချောချူချူဖြစ်ပါ့မလား စိုးရိမ်ပူပန်နေရတတ်ပါတယ်… အဲဒိလိုထူးခြားတဲ့ ကျွန်မတို့နိုင်ငံကြီးကို အပြောင်းအလဲတွေကြားမှာ လူဝန်မှုကြည့်ကြပ်ရေးတွေ ကောင်းတဲ့ဘက်ကို တိုးတက်ပြောင်းလဲဖို့ ကျွန်မမျှော်လင့်မိပါတယ်… ခုတော့ ကျွန်မကို ရင်ခုန်မှုတွေအများဆုံးပေးတဲ့ကောင်တာက လူကြီးတွေနဲ့ တွေ့ခွင့်ရတော့မယ်… မတွေ့ရတဲ့ ၁နှစ်တာကာလမှာ သူတို့ဘယ်လောက်ပြောင်းလဲသွားလဲဆိုတာက လေယာဉ်ပေါ်မှာ စဉ်းစားနေမိတဲ့ အကြောင်းရယ်ပါ…

လေယာဉ်မယ်လေးက မြန်မာပြည်ပြန်မဲ့ မြန်မာနိုင်ငံသားတွေကိုလဲ white card ဖြည့်ခိုင်းသေးတော့ အော် ငါတို့နိုင်ငံကိုက သူများနဲ့မတူတာလို့ ကြိတ်မှိတ် ဂုဏ်ယူရသေးပြန်တာပေါ့… ဒါပေမဲ့ အဲဒိ White card ကတော့ “Customs Department” က ဖြည့်ခိုင်းတဲ့ကဒ်ပါ… စကာၤပူလာရင် ကျွန်မတို့လို နိုင်ငံသားမဟုတ်တဲ့သူတွေတောင် ဖြည့်စရာမလိုပါ… လူကို ဟယ်ကနဲ စကားလုံးတွေပျောက်ဆုံးသွားအောင်တောင် အံ့သြမှုတွေပေးနိုင်တဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ရသေးတယ်… ဘာဖြေရမှန်းတောင် မသိလို့ စကားကြီး ၁၀ခွန်းထဲက နည်းလမ်းတွေများ သုံးလို့ရမလားလို့ အတွေးနယ်ချဲ့မိသေးတာ… နိုင်ငံခြားသားတွေကတော့ ဒေါ်လာငွေ ၁၀၀၀၀ အထက်သယ်ယူမှ ကြေငြာစရာလိုတယ်တဲ့… မြန်မာနိုင်ငံသားတွေကတော့ ဘယ်လောက်သယ်သယ် ပြောကိုပြောပြသင့်တာ(Should declare) ဆိုပဲ… ဘာလို့များလဲလို့ အဲဒိမေးခွန်းကို နိုင်ငံသားတွေကိုဖြေခိုင်းတာက ဘယ်ခိုင်လုံတဲ့ရည်ရွယ်ချက်အတွက်လဲဆိုတာ ဟိုးရှေ့နားက မြန်မာဦးလေးကြီးရော တွေးမိရဲ့လား… နောက်ခုံက မြန်မာအစ်မကြီးတော့ လက်တို့ပြီး ဘာကို အမှန်ခြစ်လဲလို လူကို အားကိုးတကြီးလာမေးရှာတယ်… အိုး.... အစ်မနှယ် ပါလာရင် ပါတယ်ခြစ်… မပါလာရင် မပါဘူးခြစ်ပေါ့လို့ (အဲလိုဖြေတာ… မယုံပုံပြင်မှတ် :P ) … ပြောမယ်ရှိသေး မဗေဒါ ဘောင်းဘီအိတ်ထဲ ကပ်ပါလာတဲ့ ၁ဒေါ်လာ အကြွေစေ့လေး လိမ့်ကျလာလို့… ဟောတော့ ငါ့နှယ်ဘယ်က ပိုက်ဆံက ပါလာတာတုန်းဆိုပြီး ရှေ့ခုံက စလုံးကလေးလေးကို မုန့်ဖိုးပေးပစ်လိုက်တာပေါ့… ပြီးမှ ဒီလိုဒီလို NO ကို ခြစ်ခဲ့တာရယ်ပါ… သူငယ်ချင်းတို့ရော ဒီကဒ်လေးဖြည့်စဉ်က ကိုယ့်လို အတွေးနယ်ချဲ့ဖြစ်ကြသေးလားဟင်?


ကိုယ်ရင်ခုန်စောင့်စားခဲ့ရတဲ့ လူဝန်မှုကြီးကြပ်ရေးကောင်တာကို တန်းစီနေတုန်းက ရင်တွေခုန်တာ မထိန်းနိုင်လို့နောက်ဆုံး အိမ်သာပြေးပြီး အပေါ့သွားခဲ့ရသေး… ဒါပေမဲ့ အမှန်တကယ်ကြီးပြောင်းလဲသွားတာတော့ တို့ကိုလေ သူမျက်လုံးလေးတောင် လန်မကြည့်ဘူးသိလား… ဟိုးအရင်ကဆိုရင် မကြားတကြားလေး “ဘာမှမပါဘူးလား” လို့ပြောနေကြအသံလေး မကြားရတော့တာ မြန်မာပြည်လေဆိပ်က လူဝန်မှုကြီးကြပ်ရေးကိုဖြတ်ခဲ့သမျှထဲမှာ ဒီတစ်ခေါက်က တို့အတွက် first time ရယ်ပါ… တို့မှာတော့ သူဒီလိုပြောရင် မျက်နှာလေးအချိုဆုံးထားပြီး ဘယ်လိုလေးငြင်းပစ်မယ်ဆိုတဲ့ စကားလေးတောင် စဉ်းစားထားခဲ့မိတာ… ရင်ထဲက ကြိတ်ပြီး “ချစ်သွားပြီ… လူတော်လေး” ဆိုပြီး ချီးမွှမ်းခဲ့ပါတယ်… “ငါတို့နိုင်ငံကြီး ပြောင်းလဲပြီဟေ့” လို Over အက်တင်တွေလုပ်ချင်သေးတာ… ခွိ….

ဒါပေမဲ့လေ စင်ကာပူပြန်ရောက်တော့ ဖေ့ဘွတ်ပေါ်မှာ တချို့သူငယ်ချင်းတွေကတော့ မျက်နှာစုပ်ချွန်းချွန်း ပိန်ပိန်နဲ့ ကြွက်ကတိုးရုပ်လူကတော့ မကြားတကြားလေးပြောသေးတယ်လို့ပြောတယ်… ကြွက်ကတိုးလေးက အာဟာရမပြည့်လို့နေမှာပါ… နောက်တစ်ခါ ချိုင်းနားမိတ် နို့မှုန့်ထုတ်လေးသူ့ကျန်းမာရေးအတွက် လက်ဆောင်ယူသွားနော်… ပြည်သူ့ဝန်ထမ်းတွေမဟုတ်လား…

Custom ကိုတော့ ချောချောမွေ့မွေ့ပဲဖြတ်ဖြစ်ပါတယ်… လေယာဉ်ပေါ်က စာရွက်လေး သူတို့ပဲရေးခိုင်းပြီးတော့ မယူပဲသွားခိုင်းနေလို့ ၁ဒေါ်လာ အလှူလုပ်ပြီးရေးခဲ့တဲ့ ဖြတ်ပိုင်းလေးကို အပြေးအလွှားလေး တကူးတက သွားပေးခဲ့တဲ့ နိုင်ငံသားကောင်းရယ်ပါ…
အဲဒိဖန်အပေါက်က ထွက်လိုက်တယ်ဆိုရင်ပဲ ကျွန်မဟာ Resident Evil ထဲက မင်းသမီးလိုလို Walking Dead ထဲက ဇာတ်ကောင်တစ်ယောက်လိုလို ကျွန်မခံစားလိုက်ရတယ်…

“ဘယ်သွားမလဲ… ကားငှားမလား” “ကျွန်တော်သယ်ပေးမယ်… သယ်ပေးမယ်…”


ဒီလို ဖော်ရွေမှုတွေကို လေယာဉ်ကွင်း Departure ကထွက်လာသူတိုင်း ကြုံဖူးမှာပါ… ဘယ်နိုင်ငံအဲလိုရှိသလဲ ဂုဏ်ယူလိုက်စမ်းပါ… ကားပေါ်ပစ္စည်းတင်လဲ သူတို့ကလဲ ကိုယ်ပင်ပန်းမှာစိုး ကိုယ်ကလဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးတာပဲကြိုက်တဲ့သူ… အိတ်တွေကို လူတွေများ ကားတွေရှုပ်တဲ့အထဲက အလုအယက်ကို တင်ရတာ… နိုင်ငံခြားကပြန်လာတာလဲ အထင်ကြီးစရာမရှိပါ… အလုပ်ကို အဲလို အိန္ဒြေပျက်အောင်ကို လုလုပ်ချင်မိတာ… မခိုင်းရက်ဖူးလေ… ကိုယ့်အိတ်လေး သေးသေးကို သူတို့က ၃၊ ၄ယောက် သယ်ရရှာတာ… ပြီးရင်လဲ “အစ်မ ကျွန်တော်တို့က ၂ယောက်…” ဆိုတာနဲ့…. ၁၀၀၀ တန်လောက်ထုတ်ပေးရင်တောင် ကိုယ့်ပြန်အမ်းသွားတာ ဟိုးးးးး အရင် နှစ်တွေတုန်းက ခံခဲ့ရဖူးတာ…. လူဆိုတာလဲ ကိုယ့်မာနနဲ့ကိုယ်လေ… ဒီအချိန်က မာနပြိုင်တဲ့ပွဲပဲ… ကိုယ်ကလဲ ကိုယ်ထူကိုယ်ထ ကိုယ့်မာန နဲ့ကိုယ်… သူတို့ကလဲ အုပ်လိုက် သင်းလိုက် ရိုင်းပင်းချင်တာ…. ဒီတော့လဲ Resident evil ရုပ်ရှင်ကားထဲကလို အုံးအုံးကြွပ်ကြွပ်ပေါ့…

ကားတွေ လမ်းတွေ နဲ့ လူတွေ…

လေဆိပ်ကထွက် ကားတွေကများ… ကားတွေက သစ်… ကွန်ကရက်လမ်းမကြီးတွေဆိုတာ ဖြူးနေတာ ဘယ်နိုင်ငံ ငါတို့နိုင်ငံလောက် ကွန်ကရက်လမ်းများသလဲပြော… ဒါတောင် ကိုယ်ထူကိုယ်ထလမ်းတွေမပါသေးဘူး… ကိုယ်ထူကိုယ်ထလမ်းအများဆုံးနိုင်ငံဆိုပြီး ကရင်းနစ်ထဲဝင်စာရင်းပေးရမှာ… လူတွေကလဲ လူများလာရင် ကားလဲ ဂရုမစိုက်နိုင် ကူးရတာပဲ… ကားကလဲ ဒီလိုပဲ တလှုပ်လှုပ်မောင်းနေတာဆိုတော့လေ… ငယ်ငယ်ကသင်ရတဲ့ ပုံပြင်တစ်ပုဒ်ကပေးတဲ့ သင်ခန်းစာကို မှန်ကန်ကြောင်း သက်သေပြနေတာ… အဖိုးကြီးက သစ်တစ်ချောင်းထဲချိုးခိုင်းလိုက်… အစည်းလိုက်ချိုးခိုင်းလိုက် ပုံပြင်လေ… (နာမည်တောင်မေ့နေပြီ)… မြန်မာပြည်က လမ်းစနစ်ကလဲ လူများလူနိုင် ကားများကားနိုင်လေ… တစ်ယောက်တည်းကူးဖို့လုပ်နေရင် ကားတွေကရပ်ပေးဖို့ သိပ်မရှိ… လူလေး နည်းနည်းများရင် ကင်ကော့ ခါးကုန်း အနုပညာဆန်ဆန်ကူးသွားကြတာ… ကားဆရာတွေလဲ သည်းခံနိုင်စွမ်းကတော့ ဆရာတင်လောက်တယ်နော်… သည်းမခံလဲ ကိုယ်ပဲ ဒေါသပွားရမှာလေ… အခြေအနေကမှ မပေးပဲ… ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာလွန်နေပြီလေ… ဟိုးးးး နှစ်တွေတုန်းက တိုက်စီငှားရင်တော့ လမ်းမှာ ကားပိတ်ရင် သူတို့ကိုပိုက်ဆံပိုပေးအောင် ဘယ်လို အလုပ်မကောင်းကြောင်း အရင်က ၂ကြောင်းဆွဲလို့ရတဲ့အချိန်မှာ ကားပိတ်လို့ ၁ကြောင်းပဲဆွဲလို့ရကြောင်း ဒါမျိုးတွေ အပျော့နည်းနဲ့တမျိုး မိန်းကလေးတစ်ယောက်တည်းဆိုရင်တော့ တချို့တွေက ခနဲ့သလိုလိုရိသလိုလို လေသံမျိုးနဲ့တစ်မျိုး နားမဒိန်းကျင့်တတ်ကြသေး… သူတို့ရဲ့ အခြေအနေကိုလဲ နားလည်ပါတယ်… ဒါပေမဲ့ သူနဲ့ကိုယ်နဲ့က အမြင်တစ်ခုတည်းရပ်တည်လို့မရဘူးလေ… ကိုယ့်ရပ်တည်မှုက သူနဲ့မှမတူတာ… အဲလိုဆိုတော့ စကာၤပူက တိုက်စီတွေလို မီတာစနစ်ပဲသုံးကြပါရော့လားလို့တွေးမိတယ်… လိုအပ်လာပြီလေ… သူတို့အတွက်လဲတရားတယ်… စီးတဲ့သူလဲ ကျသလောက်ပေး…. မီတာကိုတော့ ကလိန်ကကျစ်မလုပ်နဲ့ပေါ့နော်… မြန်မာတွေက ရိုးသားပြီးသား… ဒါပေမဲ့ မီတာမရှိလို့ ကောင်းတဲ့အချက်ကျပြန်တော့ ကားမောင်းတဲ့သူက ကိုယ့်ထက်တောင် ကိုယ့်နေရာကို အရောက် မြန်မြန်ပို့ပေးချင်သေးတယ်… ပြောနေစရာမလိုဘူး လိုအပ်ရင် လက်လေးပြပြီး တစ်စီးလောက်ဆိုပြီး Self initiative ဖြစ်တယ်… စကာၤပူမှာလို ဟိုလမ်းဒီလမ်း လျှောက်မောင်းမနေဘူး… အဲဒိတုန်းက ပြည်လမ်းဘက်က ကားတွေကျပ်နေတာသေချာလို့… မြောက်ဥက္ကလာ၊ သုဝဏ္ဏအားကစားကွင်းဘက်က သွားဖြစ်တယ်… SEA GAME ကိုလာတဲ့သူတွေတောင် တွေ့ခဲ့သေးတယ်… ဒါတောင် အဲ့နားလေးပဲ နည်းနည်းကျပ်တာ… အဲ့ဘက်လမ်းက တခြားနေရာတွေက ပြည်လမ်းဘက်ကထက် ရှင်းတယ်… ဘယ်အရာမဆိုတော့ အကောင်းအဆိုးဒွန်တွဲနေတာပဲလေ… ကိစ္စမရှိပါဘူး… ကိုယ့်အတွက် ရန်ကုန်မှာ အချိန်တွေအများကြီးရှိပါတယ်… မြို့ကြီးကိုကြည့်လို့ရတာပေါ့…

ကဲကဲ… ဒီနေ့တော့ ဒီလောက်ပဲ နောက်နေ့မှ တို့ရွှေနိုင်ငံကြီးက သူများနဲ့မတူတဲ့ဆန်းကျယ်ခြင်းတွေ ဆက်ပြောပြတော့မယ်နော်…

12 comments :

Vista said...

နင့်ပုံနဲ့ စာတွေဖတ် အူတောင် တက်တယ် ငါကတော့ ၁၀၀ လောက်ပါသွားတယ် ဘာကိတ်စ ဒီကလဲ လုပ်ရမလဲဆို အဲဒီဖောင်များ ဖြည့်တောင်မဖြည့်ဘူး .. ကတ်စတန်ဖြတ်တော့ နိုင်ငံခြား သားမှတ်လို့  Nothing to declare miss? pls go this gate ဆိုတာနဲ့  ခပ်ဖောဖောပဲ .. Thank you ! ဆို အသာလေး လစ် .. အမှန်က လာကြိုတဲ့ ယောက်ဖက ပုဆိုးကြီးနဲ့ ရှေ့ ကထွက်သွားတာ ( လူးလိမ့်ရယ် )

mabaydar said...

Don't you feel any sarcasm in my writing regarding with that one dollar story? :P I don't know what is their mentality. Cos why do they think someone coming back from abroad doesn't carry any foreign currency with her?? And another thing is there are many way to bring in the Money. It's not only from the Yangon international airport. And we can even ask some tourist or our friends who are not Myanmar citizens to carry that Money for us... So My point is.... why the hell do they need to force the Myanmar citizens to lie? or else they make our life difficult.... What I am saying is of course I didn't lie (touch wood :P )...

Vista said...

I also didn't lie ..cause i didn't fill in or bring that paper along with me LOL

Anonymous said...

waiting for part 2... ur sarcastic writing amused me :)

wine

Unknown said...

good and 'm waiting for part 2 naw chit fri gyi :)

Anonymous said...

I lol at "don't carry my luggage" photo. part 2 please!!! =D

mabaydar said...

Dear wine, Thank you for always reading and leave comment on my blog. haha... my mode was in sarcasm at the time of writing this.
Thandar Win - Arr Warr... thank you so much chit fri gyi... you give me energy.
Dear Anonymous, Do you feel the same at airport? Are you my regular reader? next post is about passport extension in Myanmar... stay tuned... :D

Sweet Sweet said...

လာရောက်ဖတ်သွားပါတယ်

Thinzar said...

ဒီတစ်ခါ ခရီးသွားရင် "Don't carry my luggage or I'll shoot" ဆိုတဲ့ပုံကို print ထုတ်သွားပြီး luggage မှာကပ်ထားရမယ် :D

Anonymous said...

Will wait for part 2,3,...so on ,Sis :-P

Unknown said...

I made a short trip back to ygn last month coz we hv family donation. Normally, my dad used to pick up me at airport and I didn't usually bring big luggage back to ygn. This time I bough an exercise machine (weight 23kg only) for my mum and brought it there. And also told my parents not to pick me up since they are busy preparing for donation, so ask the taxi driver we know to come pick me at airport. Luckily custom didn't say anything about my exercise machine. But those too friendly n helpful ppl there tried to help me while I keep saying no need. It happen to be that taxi can't come to airport gate to load the baggage and I need to go to car packing across the road and no chance to resit the carry it. It just across the main gate and they carry it less than 2mins. Since I only hv 1000kyat in my bag I gave them (I think it's should be enough, right? ?). But they said it's too little and ask for more. I say I hv no more Myanmar kyat and I think it's enough. They ask they accept foreign currency as well...OMG!!! They didn't leave me and keep telling me to pay more. Finally, I hv to pay additional sgd 2 to make them leave. Very disappointed seriously. The amount i paid is just equal to sgd 4 and it doesn't matter much to me. But why do they need to do that?

Unknown said...

Very good idea sis. I think I'll do it...lol