Wednesday, June 05, 2013

From Gold Coast to Lovely Sydney – Day 4

ကိုယ်မရောက်ဖူးတဲ့နေရာတွေကို သွားပါ ဒါပေမဲ့ ကိုယ့်ဇာတိချက်ခြွေကို ဘယ်တော့မှ မမေ့ပါနဲ့

Day 4 in Australia - Tuesday, 12 February 2013

ရှေ့နေ့က အစောကြီးအိပ်ယာ၀င်ခဲ့တဲ့အတွက် ဒီနေ့တော့ မနက်ကို လန်းလန်းဆန်းဆန်း စောစောစီးစီးနိုးနေခဲ့ပါတယ်။ လေယာဉျက နေ့လည် ၁၁နာရီ ၅၀မိနစ် မှဆိုပေမဲ့ လိုရမယ်ရကားကို မနက် ၉နာရီခွဲလာကြိုခိုင်းထားပါတယ်… ညီအစ်မနှစ်ယောက် စောစောစီးစီး ပြီးစီးနေတဲ့အတွက် အခန်းကိုတောင် မနက် ၈နာရီခွဲလောက်ကတည်းက ပြန်အပ်လိုက်ပြီး ဟော်တယ်ရှေ့က ကမ်းခြေဘက်မှာ သွားထိုင်ရင်း ဓာတ်ပုံလေးဘာလေးရိုက်ဖြစ်ပါသေးတယ်။ ဒါပေမဲ့ ၉နာရီခွဲမှာ ကားရောက်မလာပါဘူး… Brisbane သွားတဲ့နေ့က သြစတေးလျန်းတွေ အချိန်မှန်တတ်တယ်ဆိုတော့ စိတ်ချထားတာ… အဲဒိနေ့တော့ တက်တက်စင်တော့တာပါပဲ (အဲဒါကြောင့် နိုင်ငံတစ်နိုင်ငံကို တိုးရစ်က ကောက်ချက်ချတဲ့အခါမှာ သူကြုံခဲ့ရတဲ့ သူတွေအများစုကို မူတည်ပြီးပဲ ယူဆတတ်ကြတယ်။ ဒါ့ကြောင့် ကိုယ့်နိုင်ငံကို အများလေးစားစေချင်ရင် ကိုယ်ကစပြီး ကောင်းအောင်နေရမယ် individual (တစ်ဦးတစ်ယောက်ချင်းစီ) က နေတတ်နိုင်သလောက်ကောင်းရမယ်)။ ကြုံလို့ ထပ်ပြောတာပါ။ ခု ကားသမားနောက်ကျလို့ သြစတေးလျက လူတွေ ၀န်ဆောင်မှုမကောင်းဘူးလို့ ခြုံငုံပြောလို့မရပါဘူး။ (ဒါပေမဲ့ အာရှနိုင်ငံတွေလို အရမ်း Serious မဖြစ်သလိုပဲခံစားရတယ်)။ ၉:၄၅ လောက်မှာ ကားရောက်မလာတော့ အေးဂျင့်ကို ဖုန်းခေါ်ပါတယ်။ အတော်လေးခေါ်ရပါတယ်။ လာပါမယ် ခဏစောင့်ပါပဲပြောပါတယ်။ ရောက်မလာပါဘူး။ ဒီလိုနဲ့ ၁၀နာရီခွဲသွားပါတယ်။ ကျွန်မတို့ စိတ်ပူလာပါပြီ။ လေယာဉျမမှီရင်ဘယ်လိုလုပ်မလဲ။ ဖုန်းတွေဘယ်လောက်ခေါ်ခေါ် ကားကရောက်မလာတော့ရော ဘာထူးမှာလဲ။ ၁၁နာရီ နည်းနည်းကျော်လာတော့ ဟော်တယ်က ကောင်တာမှာ တခြားကားငှားလို့ရမလား သူတို့ဆီမှာများကားရှိရင်လိုက်မလား သွားမေးတော့လဲ သူတို့ကားကလဲ ကြိုမှာထားမှရတာ။



ကျွန်မတို့ Resort ရှေ့က လူသွားလမ်းလေး... မနက်ဆို အားကစားလုပ်တဲ့သူတွေနဲ့ ခွေးကြောင်းထွက်တဲ့သူတွေ အများကြီးပဲ...

ကျွန်မတို့တည်းတဲ့ Royal Pacific Resort ကို နောက်ခံထားပြီး ရိုက်ထားတာ..

“နင်တို့တွေများ အခန်းကထွက်လာတာနောက်ကျလို့လား” ဆိုပြီး ကောင်တာက မိန်းမက စိုးရိမ်တဲ့လေသံနဲ့ မေးပါတယ်။


ဒါပေမဲ့ မနက်ဆို တံမြက်စီးလှည်းနေကျ ဘိုကြီးက ကျွန်မတို့ အစောကြီးကတည်းက စောင့်နေတာဖြစ်ကြောင်း သက်သေ၀င်ပြောပါတယ်။ အချိန်တွေလဲ ကုန် လူလဲ စိတ်ညစ်ရပါတယ်။ ၁၁နာရီ ၁၅၊ ၂၀ လောက်ကျမှ မီနီဘတ်စ်လို ကားသေးသေးလေးမှာ အိတ်ထည့်တဲ့နောက်တွဲလေးနဲ့ အသက်ကြီးကြီး အဖြူလူကြီး ကမူးရှူးထိုးရောက်ချလာပါတယ်။ ကြည့်ရတာ ညက ရေချိန်အတော်ကိုက်ထားတဲ့ပုံပါပဲ။ ကျွန်မအစ်မလဲ ဒေါသဖြစ်ဖြစ်နဲ့ သူ့ကို ကောတော့တာပေါ့။ ကျွန်မကတော့ ပြောမနေနဲ့တော့ နောက်ပဲကျနေပြီ ပြောလဲ သူက ကိုယ့်ကို စိတ်မြတ်ပြီး တစ်ခုခုလုပ်နေမှ ဒုက္ခ ဆိုပြီး ဘာမှ မပြောချင်တော့ဘူး။ ဟိုလူကြီးကြည့်ရတာလဲ ပြောခံရတာ အရည်ထူနေတဲ့ပုံစံမျိုး။

Resort ဘေးက ဘတ်စ်ကားဂိတ်လေး...

လမ်းမှာလဲ တစ်ချို့လူတွေ ၀င်ခေါ်လိုက်သေးတယ်။ လေဆိပ်ကို အချိန်မှီတော့ရောက်သွားပါတယ်။ ကိုယ်လဲစိတ်ပူတော့ အမြန်ဆုံးနီးနဲ့ပြေးတော့တာပေါ့။ ဒါပေမဲ့ ကိုယ့်စိတ်ထဲထင်သလို အင်မီဂရေးရှင်းတို့ ဘာတို့ ဖြတ်နေစရာမှ မလိုပဲ။ Domestic flight ဆိုတာမေ့သွားတယ်။ အမှန်ပြောရရင် ခုမှ ပြည်တွင်းလေယာဉ်ကို စီးဖူးတာလေ။ စီးသမျှလေယာဉ်က အင်မီးဂရေးရှင်းနဲ့ custom ကိုဖြတ်ခဲ့ရတာကိုး။ ညီအစ်မနှစ်ယောက် Check in ၀င်ပြီး မမှီမှာစိုးလို့ ၀င်လိုက်တာနဲ့ လေယာဉ်စောင့်နေတဲ့ ဟောထဲတန်းရောက်သွားလို့ အံ့တွေသြရော။ လူတွေအများကြီး နေရာပြည့်ထိုင်စောင့်နေကြတယ်။ မုန့်ဆိုင်တွေအများကြီးရှိတယ်။ စားပွဲတွေလဲရှိတယ်။ ဒါပေမဲ့ တော်တော်များများက လူတွေထိုင်နေကြတယ်။ ဒါနဲ့ မနက်ကတည်းက ဘာမှမစားရသေးတော့ တစ်ခုခုစားမှဖြစ်မယ်ဆိုပြီး စဉ်းစားမိတယ်။ သြစီမှာက စကာင်္ပူမှာ Macdonald များသလိုပဲ… သူက Hungry Jack ဆိုတဲ့ ဆိုင်နဲ့ Singapore က Old Chang Kee တို့ Pie Kia တို့လိုမျိုး Pie Face ဆိုတဲ့ ဆိုင်လေးတွေ နေရာတိုင်းမှာတွေ့တယ်။ Gold Coast လေဆိပ်မှာတော့ Hungry Jack ဆိုင်တွေရှိတယ်။ ပြီးတော့ အ၀င်ဝမှာတွေ့ခဲ့တဲ့ အန္ဒိယ အမျိုးသမီးချက်တဲ့ ယိုးဒယားဆိုင်ရှိတယ်။ ကျွန်မတို့ ညီအစ်မလဲ အာရှသူပီသစွာ Western food ကို ကြိုက်ပါတယ်။ ဒါပေမဲ့ အဲဒိရောက်မှ ချဉ်ငံစပ်ကိုပဲ တောင့်တနေမိတာ၊ အဲဒိအကျင့်ကို ဖြောက်ရမယ်။ ဒါ resolution တစ်ခုအနေနဲ့ကို လုပ်ရမယ်။ တစ်နိုင်ငံရောက်ရင် သူတို့နိုင်ငံအစားအစာကို စားသင့်တယ်)။ ယိုးဒယားဆိုင်ကနေ Pad Thai ၀ယ်စားဖြစ်တယ်။ မြန်မာလိုဆိုရင်တော့ ယိုးဒယား ကတ်ကေးကိုက်ပေါ့နော်။ တစ်ပွဲ ၁၃.၅၀ ဒေါ်လာ။ Pad Thai take away လေးကို စကာင်္ပူ ၁၇.၅၀ ဒေါ်လာလောက်ကျတယ်။ အစားအသောက်က ဈေးကြီးတယ်ဆိုတာ အဲဒါပဲ။ ဒါပေမဲ့ မဆိုးဘူး တော်တော်လေးစားကောင်းတယ်။ ယိုးဒယားအရသာစစ်ပါတယ်။ လေယာဉ်မမှီမှာစိုးလို့ စက္ကူဗူးလေးနဲ့ ထုတ်လာဖြစ်တယ်။ ဒါပေမဲ့ လေယာဉ်ကလဲ ထင်ထားသလို ထွက်မယ်ဆိုတဲ့ အချိန်မထွက်ပါဘူး။ ကြည့်ရတာ ပြည်တွင်းလေယာဉ်တွေက အဲလိုဖြစ်နေကျထင်တယ်။ ဘယ်သူမှကတော့ စိတ်ပူစိုးရိမ်နေတာမရှိဘူး။ အဲဒါကြောင့်လဲ ကားလာကြိုတဲ့လူကြီးက အေးဆေးနေသလားတော့မသိ။ မုန့်စားလို့ ကုန်ပြီး နောက်ထပ် မိနစ်၃၀လောက်တောင် ထပ်စောင့်လိုက်ရသေးတယ်။


စားကောင်းတဲ့ Pad Thai...

ဒီလိုနဲ့ မဗေဒါတို့ လေယာဉ်ခေါ်တော့ လေယာဉ်ကို လမ်းလျှောက်သွားပြီး တက်ရတယ်။ ဘက်ဂျက်အဲလိုင်းမို့လားတော့ မသိ။ Gold Coast နဲ့ စစ်ဒနီကို လေယာဉ်ကြာချိန်က ၁နာရီခွဲပဲ။ စစ်ဒနီရောက်တော့ အေးဆေး အိမ်သာတွေဘာတွေဝင်ပြီးမှ ထွက်လာတာ။ လေယာဉ်ပေါ်က လူတွေကိုမတွေ့တော့ဘူး။ ပြီးတော့ ထွက်ပေါက်က ဘယ်နားမှန်းလဲမသိဘူး။ စကာင်္ပူလေဆိပ်လိုလဲ ဆိုင်းဘုတ်က သေသေချာချာမရှိဘူး။ ထွက်ပေါက်ဆိုတဲ့ဆိုင်းဘုတ်တွေ့လို့ လျှောက်ရင်းလျှောက်ရင်း တော်တော်ကြာတဲ့အထိ ထွက်ပေါက်လဲမတွေ့။ နောက်ဆိုင်းဘုတ်တစ်ခုလဲမတွေ့။ ထွက်ပေါက်နဲ့တူတာလဲမတွေ့။ မုန့်ဆိုင်တွေနဲ့ duty free ဆိုင်တွေပဲ တွေ့တယ်။ မျှားနဲ့ လမ်းညွှန်မှာ စကာင်္ပူမှာအနေများတော့ စကာင်္ပူအစိုးရရဲ့ အလိုလိုက်ခံထားရတော့ ခွံ့ကျွေးမှစားတတ်တဲ့ကလေးတွေလိုပဲ နည်းနည်းလွဲတာနဲ့ မသိတော့ဘူး။ ဒါနဲ့ပဲ ကျွန်မအစ်မကို လာပါဟာ သူတည့်တည့်သွားပြောထားတာ နောက်ဆိုင်းဘုတ်မတွေ့မချင်းသာ တည့်တည့်ကို အဆုံးထိသွားကြည့်တာပေါ့။ အဲဒါဆို အင်မီးဂရေးရှင်းတွေ့ရင် အသိသာကြီးပါဆိုပြီး စိတ်ထဲတွေးနေတာ။ အဆုံးရောက်တော့ ညီအစ်မ၂ယောက် Sliding door ကို ထွက်လိုက်တာနဲ့ အပြင်ကိုရောက်ရော။ အထုတ်တွေလဲ မရွေးရသေးဘူး။ Belt တွေ့တော့ ကိုယ့်အထုတ်လေး ၂ထုတ်ပဲ သနားစရာလည်နေတယ်။ ကိုယ်တွေက Domastic flight မစီးဖူးတော့ gold Coast ၀င်တုန်းကလို အထုတ်တွေ အမွှေခံရအုံးမယ်ပဲ စိတ်ထဲမှတ်နေတာ။ အထုတ်တွေလဲရွေးပြီးရော အသင်သွားလိုရာသွားနိုင်ပြီပဲ။ စစ်ဒနီရောက်တာ အဖြူတွေထက် ကုလားတွေပိုများများတွေ့ရတယ်။ ကားငှားတဲ့ကောင်တာမှာလဲ ကုလားပဲ။ ဘိုလိုကို သူက ဘိုထက်တောင်မွှတ်ပြနေတယ်။ ပိတ်ရိုက်ချင်စရာ။ ဒါနဲ့ သူ့ဆီက ကားလက်မှတ်မ၀ယ်သေးပဲ ကုလား… ငါတို့ကို လှိမ့်နေလားဆိုပြီး ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် ဟိုစာရွက်ဖတ် ဒီစာရွက်ဖတ်… အင်တာနက်မှာ ဘတ်စ်ကားစီးလို့ရမလား ရထားစီးရင်ကောင်းမလား လျှောက်ကြည့်။ နောက်ဆုံးကျတော့လဲ သူ့ဆီက ၀ယ်တာပဲ အဆင်ပြေဆုံးဖြစ်လောက်တာနဲ့ ကုလားဆီပြန်သွား… ၀ယ်ရတယ်။ အဖြူထက်ဘိုလိုကို မွှတ်နေတဲ့ ကုလားကလဲ လုပ်ချင်သလိုလို မလုပ်ချင်လိုလိုပုံပင်မဲ့ သေသေချာချာတော့ပြောပြပါတယ်။ သူပြောတာအလွန်မှ မွှတ်နေတော့ ဖြေးဖြေးပြောဖို့ပြောတော့ ကိုယ်ကပဲ အင်္ဂလိပ်လိုမတတ်သလိုလို ကုလားက စိတ်မရှည်။

“အဖြူကောင်ကြီးတွေနဲ့ ပြောလာတာ နားလည်ပါတယ် ကုလားရယ်။ နင် ကိုးက မာန်တက်ပြီး ပညာပြနေတာ။ ဇာတိက အမီနာနဲ့ ချာပါတီကိုမေ့နေပြီးတော့။” ကုလားက ကုလားဟင်းမစားတာတော့ကြာပြီထင်တယ် စကာင်္ပူက ကုလားတွေလို မနံဘူး။ မွှေးကြိုင်နေတာပဲ။ (အများစုလက်ခံထားတာကို မြန်မာလို့ပြောတာပါ ဖတ်မိတဲ့ ကုလားများစိတ်မဆိုးကြပါနဲ့နော်… အကြံပေးတယ်ပဲ သဘောထားပါ)… ကဲ ကုလားဋီကာဖွင့်တာ ဒီတင်ရပ်မယ်။ သူလေးက နောက်ပိုင်းတော့ ဖြေးဖြေးနဲ့ သေချာပြောရှာပါတယ်။ အပြင်ထိလဲ လိုက်ပြတယ်။ အားလုံးအဆင်ပြေသွားတယ်။ Air Port Transfer အသွားအပြန်ကို သြစီဒေါ်လာ ၃၀ ကျတယ်။

ဒီလိုနဲ့ တောင်းအိတ်စ်ကားပေါ်မှာတခြားလူတွေရောက်တာကိုစောင့်ရသေးတယ်။ နောက်ထပ် အတွဲ ၂တွဲထပ်ရောက်လာတော့မှ ထွက်တယ်။ ရာသီဥတုက Gold Coast (Queensland) လိုမပူဘူး၊ စစ်ဒနီ(New South Wales)က နေလို့ကောင်းတယ်။ ကားလေးထွက်ပြီး မြို့လည်လောက်ရောက်တော့ တခြားအတွဲတွေကို ဟိုတစ်နေရာ ဒီတစ်နေရာစီချတယ် ကိုယ့်အလှည့်ဘယ်တော့ရောက်မလဲ ရောက်မလဲပေါ့။ ကိုယ် Book ထားတဲ့ Travelodge Hotel ကလဲ Review တွေအရ မြို့ထဲနဲ့နီးတယ် ဘူတာရုံနဲ့လဲ နီးတယ်လို့ပြောထားပါတယ်။ ဘယ့်နှယ့်မရောက်သေးတာလဲပေါ့။ ဒီလိုနဲ့ မိုးတွေကလဲ သည်းကြီးမဲကြီးရွာလာတယ်။ လမ်းမှာလဲ ဟော်တယ်တစ်ခုရဲ့ နောက်ပေါက်ကို ၀င်ရပ်ပြီး ကားသမား ဘယ်ထွက်သွားလဲမသိဘူး။ ကိုယ်လဲ ရုတ်ရုတ်တော့ မလုပ်နဲ့ ဓာတ်ပုံရိုက်တဲ့ စတန်းကြီးနဲ့ ရိုက်ပြစ်ဖို့ အဆင်သင့်လုပ်ထားတာ။ ကြောက်တတ်ရင် ခရီးမသွားဘူး။ ဒါပေမဲ့ သူများနိုင်ငံမှာ မဖြစ်လောက်ပါဘူးဆိုပြီး ပေါ့နေလို့လဲမရဘူးလေ။ နောက်တော့ အဲဒီဟော်တယ်ကနေ ကုလားမကြီးတစ်ယောက်ကို တင်လာတယ်။ အောက်ဆိုဒ်ရှာတာထင်ပါတယ်။ ကျွန်မတို့ကိုလဲ စောင့်ရတဲ့အတွက် တောင်းပန်ပါတယ်။ ဒါနဲ့ ဟော်တယ်က ဝေးသေးလားလို့မေးတော့လဲ သူ့ပုံက မသေမချာ။ ဘယ်နှယ့် ငါတို့ ဘွတ်ထားတဲ့ ဟော်တယ်ပဲ လူသိနည်းတဲ့ မြို့ပြင်က ဟော်တယ်ကိုပဲ မှားဘွတ်မိသလား စိတ်ထဲတွေးမိလာရော။


သိပ်မကြာလိုက်ပါဘူး။ ကျွန်မတို့ဟော်တယ်ကိုရောက်တယ်။ စိတ်ထဲတော့ အောင့်သက်သက်နဲ့။ မြို့ထဲနဲ့ နီးတယ်ဆိုပြီး ခုပုံကြည့်ရတာ ဝေးမဲ့ပုံပဲဆိုပြီး မှားဘွတ်မိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိနေတော့တယ်။ သြစီက ၀န်ဆောင်မှုပေးတဲ့ပုံစံက ခပ်အေးအေးပဲပြောရမယ်။ မလုပ်ပေးချင်သလို လုပ်ပေးချင်သလို ပျင်းတွဲတွဲပုံစံမျိုးလဲမဟုတ်ဘူး။ ဂျပန်တို့ စကာင်္ပူတို့ကလို ဧည့်သည်သည်သာ အရေးကြီးဆုံးဆိုပြီးတော့လဲ ရိုရိုကြိုးကြိုး (ကြိုးကြိုး လား ကျိုးကျိုးလား သိရင်ပြင်ပေးပါ) ဆက်ဆံတဲ့ပုံစံမျိုးလဲဟုတ်ဘူး။ မသိရင် သူငယ်ချင်း အိမ်အလည်လာလို့ “အေး… လာလေ.. ထိုင်…” ဒါမျိုး Treatment လို့ပဲ ဆိုရမလား။ ဒါပေမဲ့ Gold Coast က Resort ကတော့ မိသားစုပိုင်ဆိုတော့ ပိုပြီး ဖော်ရွေတယ်။ ဆစ်ဒနီက ဟော်တယ်က ကောင်တာက ၀န်ထမ်းတွေ ၀န်ဆောင်မှုပေးတာကိုတော့ သိပ်သဘောမကျဘူး။ ကိုယ့်ကို လုပ်ပေးတာက ပြည်ကြီးက တရုတ်မ။ သြစီက ဟော်တယ်ကောင်တာမှာအလုပ်လုပ်ပြီး အင်္ဂလိပ်လိုကလဲ ရေရေလည်လည်မပြောတတ်။ ကိုယ်တွေကို တရုတ်တွေထင်ပြီး တရုတ်မနဲ့ လွှတ်လိုက်တယ်ထင်ပါ့ (သူတို့ ဘိုတွေက အာရှရုပ်ဆို အားလုံးကို တရုတ်များသတ်မှတ်ထားလားမသိဘူး… နောက်မှ အဲကိစ္စနောက်တစ်ခေါက်ထပ်ကြုံတာပြောပြအုံးမယ်)… သူနဲ့ကျတော့လဲ အင်္ဂလိပ်လိုကို အတော်လေးစိတ်ရှည်စွာ ဆွဲဆန့်ပြီး နားထောင်ခဲ့ရတယ်။ ဒီလိုနဲ့ အခန်းထဲလဲရောက်ရော ကျွန်မတို့ ၂ယောက်လဲ ထုံးစံအတိုင်း အခန်းကို စိတ်ကြိုက်ဖွပြီးသကာလ ခဏလေး လှဲရုံပဲဆိုပြီး မိုးအေးအေးနဲ့ အိပ်ပျော်သွားကြပြန်ပါတော့တယ်။


ခဏနေထမယ်ဆိုပြီး အိပ်ပျော်သွားကြတာ ကျွန်မစိတ်ထင် ညနေ ၄နာရီခွဲ လောက်မှာ ပြန်နိုးလာတယ်။ ဒီတော့မှ အချိန်တွေအလကားဖြစ်တော့မှာပဲဆိုပြီး တစ်နေရာရာသွားမှဖြစ်မယ်ဆိုပြီး ပြင်ဆင်ကြတယ်။ ခရီးတစ်ခုသွားရင် ဘယ်နေ့ဘယ်နေရာသွားမယ်ဆိုပြီး ကြိုစီစဉ်လာရင် ပိုပြီးအစဉ်ပြေတယ်။ မဟုတ်ရင် အချိန်တွေ အလဟသဖြစ်တတ်တယ်။ ဘယ်သွားကြမလဲဆိုတာက ပြဿနာ။ ဘယ်သွားမလဲဆုံးဖြတ်တဲ့အခါ ကိုယ့်မှာရှိတဲ့ အချိန်၊ သွားမဲ့နေရာ အခြေအနေ နဲ့ အကွာအဝေး၊ ဘယ်လိုသွားရမယ်၊ စတာတွေကိုထည့်စဉ်းစားရတယ်။ ဒီဟော်တယ် Review တွေမှာတော့ The Rock တို့၊ Opera House တို့က လမ်းလျှောက်သွားရင်တောင်ရတယ်လို့ပါတယ်။ ဒီတော့ အဲဒိနေရာတွေကိုပဲသွားဖို့ဆုံးဖြတ်လိုက်တယ်။ စလုံးရောက်ရင် မာရီနာဘေးမှာ မာလိုင်းယွန်းတို့ MBS တို့နဲ့ ဓာတ်ပုံရိုက်ကြသလို ဆစ်ဒနီရောက်မှတော့ Opera House တို့ Harbor Bridge တို့နဲ့ ဓာတ်ပုံရိုက်မှဖြစ်မှာပေါ့နော့်။


ရထားဘူတာရုံရှာရင်း ဒီနေရာသို့ လမ်းမှားရောက်လေသတည်း...

ဒီလိုနဲ့ ညီအစ်မ ၂ယောက် ဟော်တယ်လော်ဘီကယူလာတဲ့ မြေပုံနဲ့ ခြေဆန့်ခဲ့ကြတယ်။ ဒီအခါမှာ မြေပုံကို သေချာစိတ်ရှည်လက်ရှည် ကြည့်တတ်တဲ့ ဂျပန်သွားတုန်းက ငယ်သူငယ်ချင်းနဲ့ ဟောင်ကောင်သွားတုန်းက သူငယ်ချင်းကို သတိရမိတယ်။ ကျွန်မအစ်မက မြေပုံကောင်းကောင်းမကြည့်တတ်ဘူး (မြေပုံထဲကနဲ့ အပြင်က တောင်မြောက်ကို စပြီး မခွဲတတ်တာ ကျန်တာတော့ သူကြည့်တတ်ပါတယ်) ဒါပေမဲ့ သူက အပြင်က မြင်နေတဲ့ လမ်းတွေကို တစ်ခါရောက်ဖူးတာနဲ့ မှတ်မိတယ်၊ (ကျွန်မက မြေပုံကြည့်တာ မှားနေတယ် ပြောလဲ သူက အကြီးဆိုတော့ သိပ်လက်ခံချင်တာမဟုတ်ဘူး၊ ကျွန်မသူငယ်ချင်း အပေါ်က ၂ယောက်က ဒီနေရာမှာကျတော့ ကျွန်မ အနွံအတာကို ပိုခံနိုင်တယ်၊ ဒါပေမဲ့ အစ်မနဲ့သွားရတာ ကောင်းတဲ့ အချက်တွေလဲ အများကြီးရှိပါတယ်… ကိုယ်နဲ့ အားမနားတမ်း သူဘာပြောရင် ဘာကိုဆိုလိုတယ်ဆိုတာ အတွင်းကျကျ သိလွန်းလို့ တစ်ခါတစ်ရံ ရန်ဖြစ်ရပင်မဲ့ ကိုယ်နဲ့ အတွေး အကျင့် အကြိုက် တူတယ်လေ… ဟဲဟဲ…)၊ ကျွန်မကကျတော့ မြေပုံ ကြည့်ရတာကို စိတ်မရှည်တာ၊ နေရာတစ်ခုကို သွားလိုက် မဟုတ်ရင် ပြန်လှည့်မယ်။ ရောက်တဲ့နေရာက Tourist attraction မဟုတ်တောင် ကိုယ်မရောက်ဖူးတဲ့နေရာ တစ်ခုပဲဖြစ်တဲ့အတွက် အသစ်အဆန်းပဲလေ။ ဒါပေမဲ့ အဲဒိအကျင့်က တစ်ခါတစ်လေမှာ အချိန်ကုန် လူပင်ပန်းပြီး အဓိကနေရာတွေလွတ်တတ်တယ်။

ပန်းသီးတစ်လုံး ရေတစ်ဗူး နောက်ကဆိုင်တွင် ၀ယ်စားခဲ့လေသတည်း... (ဒီပုံက ပြန်မဲ့နေ့ကျမှ အမှတ်တရပြန်ရိုက်ထားတာ...)

ကျွန်မတို့ ဟော်တယ်က Museum ရထားဘူတာရုံနဲ့ နီးတယ်။ အဲဒိ ဘူတာကို ရှာတာ လမ်းတွေမှားပြီး ဘယ်ရပ်ကွက်တွေထဲရောက်မှန်းမသိဖြစ်သွားတယ်။ နောက်ဆုံးတော့လဲ ကျွန်မပဲ ပျင်းတဲ့စိတ်တွေဖြောက်ပြီး မြေပုံကို အသေအချာကြည့်ရတော့တယ်။ ဒီတော့မှ ကွေ့ရမဲ့ နေရာတစ်ခုကို ကျော်လာခဲ့တာဖြစ်နေတယ်။ ပြန်လျှောက်ပြီး ကွေ့ပြီး တွေ့တဲ့လူတွေကို မနည်းလိုက်ဖမ်းပြီး မေးရတယ်။ မနက်ကတည်းက ယိုးဒယား ကတ်ကြေးကိုက် (Pad Thai) ပဲစားထားတော့ ဗိုက်နည်းနည်းပြန်စာလာတယ်။ ဒါနဲ့ လမ်းမှာတွေ့တဲ့ Hyde Park City Convenience store ဆိုတဲ့ Cheer တို့လိုဆိုင်မျိုးလေးမှာ ပန်းသီးတစ်လုံး ရေတစ်ဗူးဝယ်စားရတယ်။ ရေတစ်ဗူး ၃ဒေါ်လာ၊ ပန်းသီးက ၁.၅၀ ဒေါ်လာ။



Hyde Park ဆိုတာ နောက်ကမြင်နေရတဲ့ ပန်းခြံပေါ့... Museum ဘူတာရုံက အဲဒိဘေးမှာရှိတာ... မဗေဒါတို့ တည်းတဲ့ဟော်တယ်ရဲ့နောက်တည့်တည့်ပဲ...

အဲဒိဆိုင်လေးရှေ့က ပန်းခြံနားမှာပဲ Museum ဘူတာရုံရှိတာ။ ဘူတာရုံကို ဆင်းရတဲ့ လှေကားကြီးကလဲ အချိုးအကွေ့တွေနဲ့ အကွယ်တွေများပြီး အဟောင်းပုံစံမျိုး၊ (နှိမ်တာမဟုတ်ဘူးနော်၊ စိတ်ထဲဖြစ်တာကို ပုံဖော်တာပါ) အကွယ်ကနေ တစ်စုံတစ်ရောက်ထွက်လာမှာကို ကြောက်တဲ့ စိတ်ဖြစ်မိတယ်။ ညီအစ်မ ၂ယောက် ကြောက်ကြောက်နဲ့ အမြန်ဆင်းကြတယ်။ ဘူတာရုံရောက်တော့ သူများတွေလို စက်ကနေ လက်မှတ်သွားဝယ်ကြည့်သေးတယ်။ ဒါပေမဲ့ စက်ကအစ စကာင်္ပူလို လူလွယ်လွယ်ကူကူလုပ်တတ်အောင် တစ်ဆင့်ခြင်းလဲ မပြောဘူး။ ဘာလုပ်ရမှန်းမသိတာရော၊ နောက်မှာလူတွေစောင့်နေတာရောကြောင့် ဆက်ပြီး Explore မလုပ်တော့ပဲ ဘေးက လူရောင်းတဲ့ ကောင်တာကပဲ Circular Quay မှတ်တိုင်ကို သွားမလို့ဆိုတော့ တစ်ယောက်ကို အသွားအပြန် ၅ဒေါ်လာ ပေးရတယ်။ ၂မှတ်တိုင်ပဲကို ၅ဒေါ်လာဆိုတော့ စကာင်္ပူကလာတဲ့သူအတွက်တော့ ဈေးကြီးတယ်။ (ကိုယ်သာ ခရီးမသွားခင် ကြိုတင်ပြင်ဆင်ပြီး research ကောင်းကောင်းရှာခဲ့ရင်တော့ အားလုံးကြိုသိပြီး ယောင်လည်လည်ဖြစ်မှာ မဟုတ်ဘူး) ဆစ်ဒနီရဲ့ ရထားလိုင်းတွေကို လေ့လာချင်ရင်တော့ ဒီ ၀က်ဆိုဒ်မှာ http://www.cityrail.info/ လေ့လာလို့ရပါတယ်။


လက်မှတ်ဝယ်ပြီး ဘူတာထဲကို ဆက်ဝင်လိုက်တော့လဲ ဆက်ဆင်းရပြန်ရော၊ အကွေ့တွေအကောက်တွေနဲ့ ရထားသံလမ်းတောင် ဘယ်နေမှန်းမသိဘူး။ ပြီးလဲပြီးရော အပေါက်တစ်ခု အဆုံးကို ထွက်လိုက်တော့ ညီအစ်မ ၂ယောက်လုံး “ဟောတော့ ရောက်သွားပြီ” ဆိုပြီးဖြစ်ရတယ်။ သတိမပေးဘာမပေး Platform ကို တန်းရောက်တော့တာပဲ ဟဲ… ဟဲ။ အဲဒိ ခံစားချက်ကို ကျွန်မတို့လို အလည်လာတဲ့သူတွေပဲသိမယ်။ အဲမှာနေနေတဲ့သူတွေကတော့ ဘယ်ဆန်းမလဲနော်။ ဘူတာရုံက မီးတွေရှိပေမဲ့ စိတ်ထဲ မှောင်ကုတ်ကုတ်လိုဖြစ်နေတယ်။ အနောက်တိုင်း ရုပ်ရှင်တွေထဲကလိုမျိုးဘူတာရုံပေါ့။ ဒါပေမဲ့ ရထားကြီးကတော့ သားနားတယ်နော်၊ ၂ထပ်ရထား သန့်လဲသန့်ပြန့်နေတာပဲ။ ထိုင်ခုံနောက်မှီတွေက ဟိုဘက်ဒီဘက်ပြောင်းပြီး မျက်နှားချင်းဆိုင်ထိုင်ချင်လား ကျောပေးပြီး ထိုင်ချင်လား ကြိုက်တာလုပ်လို့ရတယ်။ ညီအစ်မ ၂ယောက် စာဥလို ဖြစ်ပြီး သဘောတွေကျနေတာ။ ဟတ် ဟတ်။ အများစုကတော့ အောက်ထပ်မှာပဲထိုင်ကြတယ်။ ကိုယ်တွေက တောကလာတယ်လို့ပဲပြောပြော အပေါ်ထပ်ပဲကြိုက်တယ်။ စကာင်္ပူမှာတောင် ၂ထပ်ကားဆို အပေါ်ထပ်ပဲ တက်စီးတာ။ (ဘယ်တော့မှ မရိုးဘူး)။

ရုပ်ရှင်ထဲက ဘူတာရုံပုံစံမျိုးပေါ့....
နောက်မှီတွေက ကြိုက်သလို ရွှေ့လို့ရလို့ ပျော်နေတဲ့ စာဥ....


စီးရတာ သိပ်တောင် မကြာလိုက်ဘူး ရောက်သွားရော။ Circular Quay ဘူတာကတော့ မြေအောက်မဟုတ်ဘူး မြေပေါ်မှာ။ ရထားထဲက ထွက်လိုက်တာနဲ့ ရာသီဥတုက အေးပြီး လေက တစ်ဖြူးဖြူးတိုက်တော့ လူဆိုတာ လန်းဆန်းသွားတာပဲ။ ဒီမှာတော့ မှားစရာမရှိဘူး။ ဘူတာကနေကြည့်လိုက်တာနဲ့ သဘောင်္ဆိပ်တွေရယ်၊ Opera House ရယ် မြင်နေရတယ်။ ဘူတာရုံက ဆင်းလိုက်တာနဲ့ သဘောင်္ဆိပ်တွေကိုရောက်တယ်။ နာမည်ကြီး Bondi Beach ၊ Manly Beach နဲ့ Taronga Zoo တို့လို Tourist Attraction နေရာတွေကိုသွားလို့ရတယ်။ ဒီနေရာကတော့ tourist attraction ဆိုတော့ စကာင်္ပူက မာရီနာဘေးလိုပဲ လူတွေများကြီးရှိတယ်။ လေညင်းခံတဲ့ local တွေလဲ ရှိမယ်။ အလည်လာတဲ့လူတွေ ဓာတ်ပုံရိုက်နေကြတာလဲရှိတယ်။ ညီအစ်မ ၂ယောက်လဲ နေမ၀င်ခင် ဓာတ်ပုံလေးဘာလေး ရိုက် ဟိုကြည့်ဒီကြည့် လူတွေကြည့်ပြီး Moment ကို enjoy ပြီး အချိန်ဖြုန်းလိုက်တယ်။ အသက်ကြီးကြီး အဖိုးကြီး၊အဖွားကြီး အုပ်စုတစ်စု Fish & Chip ကို အဲဒိက ထိုင်ခုံရှည်တွေပေါ်မှာစားနေတာတွေ့တုန်းက ဗိုက်က မဆာသေးတော့ မစားချင်ခဲ့ဘူး။ အချိန်တော်တော်လေးဖြုန်းပြီးတော့မှ စားချင်စိတ်ဖြစ်လာလို့ ရတာဘူတာရုံအောက်မှာ take away ရောင်းတဲ့ Fish & Chip ဆိုင်လေးကို ပြန်သွားဝယ်မယ်ဆိုပြီး ထွက်လာလိုက်တယ်။ လမ်းမှာ သဘောင်္ဆိပ်ထဲက Fish & Chip ဆိုင်လေးက ဖွင့်သေးတာတောင်မှ ရထားဘူတာရုံအောက်က ဆိုင်က ပိုကောင်းမဲ့ပုံပဲဆိုပြီး ကျော်လာလိုက်တာ။ ဘူတာလဲရောက်ရော ဆိုင်က ပိတ်စပြုနေပြီ။ သြစီမှာက ဆိုင်ပိတ်ပြီဆို ပိတ်တာပဲ။ ပိတ်စပဲရှိသေးလို့ ၀ယ်ချင်တဲ့သူကို လုပ်ပေးလိုက်ပါဆိုတာမျိုးမရှိဘူး။ ကိုယ်နောက်ကျမှတော့ ခံပဲ။ ဒါနဲ့ ဒါဆိုလဲ သဘောင်္ဆိပ်ကဆိုင်မှာ ပြန်သွားဝယ်မယ်ဆိုပြီး ပြန်လျှောက်လာလိုက်တာ။ ဟိုလဲရောက်ရော သဘောင်္ဆိပ်က ဆိုင်ကလဲ ပိတ်သွားပြီ။ ၂ယောက်ငတ်ရောပဲ။ အချိန်က ခုမှ ၆နာရီခွဲလောက်ရှိအုံးမယ်။ စကာင်္ပူကနေလာတဲ့သူတွေအတွက်တော့ ၆နာရီခွဲဆိုတာ ညစာစားဖို့စောလွန်းပါသေးတယ်။ ဒီလိုနဲ့ ညီအစ်မ ၂ယောက်လဲ ဆစ်ဒနီပထမဆုံးညလဲ ညစာငတ်အုံးတော့မပေါ့လို့ စိတ်ထဲ ပြင်ဆင်ပြီး Opera House ဘက်ပဲ ဆက်လျှောက်လာကြတယ်။ သဘောဆိပ်နားဆိုတော့ Seagull (ဇင်ယော်) တွေအများကြီးပဲ။

Circular Quay ရောက်ပါပြီ.... ရေးးးးး... ပျော်တယ်...



အဲဒိနားမှာတော့ လူတွေက Friendly ဖြစ်တယ်။ ကျွန်မတို့ ဓာတ်ပုံရိုက်နေတာကိုလဲ နောက်သွားကြတယ်။ Timer ထားပြီးရိုက်ရင်လဲ ဖြတ်လျှောက်တာတွေဘာတွေမလုပ်ဘူး အလိုက်သိတယ်။ ပြီးတော့ ပုံကိုတောင်ကြည့်ပြီး ကောင်းတယ် ကောင်းတယ်ဆိုပြီး နောက်သွားကြသေးတယ်။ ရာသီဥတုက အေးတော့ စိတ်က ရွှင်လန်းပြီး လူက မပင်ပန်းဘူး။ Gold Coast မှာတုန်းက နေမကောင်းဖြစ်ခဲ့ပင်မဲ့ ဆစ်ဒနီမှာတော့ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေတယ်။

ရှေ့ဆက်မလျှောက်တော့ပဲ ရောက်တဲ့နေရာတင် ဇွတ်ရိုက်တော့တာ...


Opera House ကိုသွားတဲ့ နားမှာ Bar တွေရှိတယ်။ ဘားတွေမတိုင်ခင်မှာတော့ Restaurant & Bar လိုမျိုးတွေရှိတယ်။ အဲဒိမှာ The East ဆိုတဲ့ တရုတ်စားသောက်ဆိုင်တစ်ဆိုင်လဲ တွေ့ခဲ့တယ်။ Opera House ရောက်တော့ ဓာတ်ပုံရိုက်၊ ပြီးတော့ လေညင်းခံ၊ ဖေ့ဘွတ်ပေါ်ဓာတ်ပုံတင်၊ စတဲ့ လုပ်စရာရှိတဲ့ အရေးကြီးကိစ္စများကိုလုပ်အပြီးမှာတော့ ညစာစားဖို့ကို တိုင်ပင်ကြတယ်။ ဆိုင်တော်တော်များများကလဲ ခုလောက်ဆို ပိတ်လောက်ပြီ။ လျှောက်လာတုန်းကတွေ့ခဲ့တဲ့ တရုတ်ဆိုင်ကလဲ ဈေးကြီးမဲ့ပုံရှိတယ်။ ဒါပေမဲ့ အဲဒိဆိုင်မှ မစားပဲ တွေဝေနေရင်လဲ ဆိုင်ပါပိတ်သွားပြီး ညစာငတ်ဖို့ရှိတယ်။ ဒါနဲ့ “မရှိကုန်မှအေး” “ခရီးထွက်လာပြီဆိုမှတော့ ကိုယ့်ကိုကိုယ်အလိုလိုက်တာအကောင်းဆုံးပဲ” ဆိုတဲ့ စိတ်ရဲ့ လှုံ့ဆော်မှုတွေကြောင့် ၂ယောက်သား ၀င်စားဖြစ်ပါတယ်။ ဆစ်ဒနီက ပေးတဲ့ Portion တွေက များလွန်းလို့ ထမင်းကြော် ၁ပွဲကို ညီအစ်မ ၂ယောက်စားပြီး ကိုက်လံကြော်တစ်ပွဲနဲ့ အသားဟင်းတစ်ပွဲမှာဖြစ်ပါတယ်။ စုစုပေါင်း သြစီ ၄၄ ဒေါ်လာကျပါတယ်။ ဒါပေမဲ့ အေးအေးဆေးဆေးထိုင်ပြီး တံတားကြီးကိုလဲ မြင်နေရတယ် တခြားလူတွေကိုလဲ အေးအေးဆေးဆေးလေ့လာလို့ရလို့ ပိုက်ဆံကုန်ပင်မဲ့ တန်တယ်လို့ပဲ ပြောချင်ပါတယ်။ တခြားသွားစားလဲ မတိမ်းမယိမ်းလောက်ပဲ ကျမယ်လို့ ထင်ပါတယ်။

ကောင်းကောင်းစားခဲ့တဲ့ Dinner @ The East Chinese Restaurant near Opera House

နေလို့ကောင်းကောင်းနဲ့ အဲဒိ Opera House မှာပဲ နေလိုက်တာ ညမိုးချုပ်တဲ့အထိပါပဲ။ ပြီးတော့ ဟော်တယ်ကို ပြန်လာကြပါတယ်။ နောက်နေ့ ဘယ်သွားမလဲ ဘာလုပ်မလဲဆိုတာကို အခန်းထဲပြန်ရောက်တော့ ကြိုတင်စီစဉ်ရပါပြီ။ ဆစ်ဒနီက ငယ်သူငယ်ချင်းကဖုန်းဆက်ပြီး မနက်ဖြန်ညနေ သူတို့အလုပ်ဆင်းတဲ့အချိန် ဆစ်ဒနီတာဝါအောက်က ရှော့ပင်းမောမှာ တွေ့ဖို့ချိန်းလိုက်ပါတယ်။ Gold Coast Tower မှာ အပြင်ထိထွက်မလျှောက်ခဲ့ရလို့ မကျေနပ်တာနဲ့ ဆစ်ဒနီတာဝါပေါ်မှာ Skywalk လျှောက်ဖို့ကို အလွတ်မခံပဲ အွန်လိုင်းပေါ်ကနေကိုး မနက်ဖြန်အတွက် လက်မှတ်ကြိုဝယ်ပြစ်လိုက်ပါတယ်။ တစ်ယောက်ကို AUD $48.88 ကျပါတယ်။ ညနေ ၆နာရီ အချိန်ကိုပါ။


ဆစ်ဒနီရောက်တဲ့ ရက်တွေမှာတော့ ကျန်းမာရေးလဲ ကောင်းလာ၊ သူငယ်ချင်းတွေနဲ့လဲ တွေ့ရ၊ ရာသီဥတုကလဲ အေးဆိုတော့ ဒီခရီးစဉ်မှာ ကျွန်မအတွက် အပျော်ဆုံးရက်တွေပါပဲ။


Scroll down for More Photos 


A Road to Remember for memory in Gold Coast




First ever photo with Sydney Opera House

လူတွေအများကြီးက အုံကြည့်နေလို့ ကိုယ်လဲ သိချင်တယ် အချိန်ပေးပြီးလဲ မဖတ်ချင်တာနဲ့ ဓာတ်ပုံရိုက်လာတယ်... ဘယ်အချိန်ဖတ်ဖတ်ရတယ်ဆိုတော့ ခုထက်ထိတော့ မဖတ်ရသေးဘူး... (I take technology for granted :P)

ဒီတံတားကြီးကို ဓာတ်ပုံရိုက်လို့ကိုး မ၀တာ...

နာလဲပါချင်တာပေါ့... တံတားနဲ့ ငါ... ငါနဲ့ တံတား...

ညရောက်တော့လဲ မရိုးနိုင်သေးတာ... နည်းနည်းတော့ လွန်နေမလား...

Opera House ရှေ့ပဲပေး...

Opera House ဘေး ပဲပေး....

21 comments :

ဆုမြတ်မိုး said...

လာဖတ်သွားပါတယ် မဗေဒါ၇ယ်း) ဓာတ်ပုံလေးတွေလှမှလှနော် အော်..လူလည်းလှတယ် (ပြောဖို့ကျန်သွားလို့)

Anonymous said...

မဗေဒါရေ အခုလို အချိန်ပေးပီး စိတ်ဝင်စားအောင်ရေးပေးတဲ့အတွက်ကျေးဇူးပါ ဖတ်လို့ လည်းကောင်း ဗဟုသုတလည်းရ မဗေဒါလေးပုံတွေကလည်းချစ်စရာကောင်းတော့ နောက်တပုဒ်ကိုလည်း မျှော်နေပါကြောင်း

ပိုးပိုး

mabaydar said...

ဟား ဟား... ကျေးဇူးတင်ပါတယ်... လူက လှလဲလှ ၀လဲဝပေါ့... :P

mabaydar said...

သူဋ္ဌေးဘူးဇီးနက် ထရစ်သွားတယ်ဆိုတော့ နောက်တစ်ပိုစ့်ကို အမြန်ဆုံးရေးနိုင်အောင် ကြိုးစားပါ့မယ်... အမြဲအားပေးတဲ့အတွက် ကျေးဇူး....

Goldfish Lay said...

Thanks for sharing.. love your travel experience...

Anonymous said...

Fish & Chip ဆိုင်တွေပိတ်သွားတာရေးထားတာသနားတောင်သနားသွားတယ်။ ဆက်ရေးပါစောင့်ဖတ်နေတယ်။

TT

Anonymous said...

Sydney တောင်သွားချင်လာပြီမဗေဒါရေ။

Anonymous said...

You do observe and explore really well when traveling.. your travel posts are amazing and entertaining as usual.. keep up the good work :) I myself rely on hubby a lot on vocations :P aww I am exactly like your sister, never expert how to read a map Lol

With Love,
Wine

shin said...

Australia ကို သွားလည်ဖို့စဉ်းစားတိုင်း လည်စရာနေရာသိပ်မရှိဘူးလို့ အမြဲခံစားရတယ်။ ဒါပေမဲ့ မဗေဒါရေးထားတဲ့ Travel Post ကိုဖတ်ရတော့လဲ Australia လည်လို့ကောင်းမဲ့ပုံဘဲ။ မဗေဒါ စာရေးကောင်းလို့ဖြစ်မှာ။ မဗေဒါက သွားခဲ့တဲ့နေရာ တွေအကြောင်း အပြင် ရောက်တဲ့နေရာက feeling လေးတွေပါ ထည့်ထည့်ရေးတော့ ကိုယ်ပါ မဗေဒါနဲ့တူတူလိုက်လည်နေရသလို ခံစားရတယ်။ အခွင့်အရေးရရင် မဗေဒါနဲ့ခရီးတခါလောက် တူတူသွားချင်တယ်။ ကိုယ်လဲ ခရီးသွားရတာ အရမ်းကြိုက်တယ်။ 

shin said...

Btw, မဗေဒါ တံတားနောက်ခံနဲ့ ညဖက်ရိုက်ထားတဲ့ပုံလေး အတော်ကြိုက်တယ်။ :)

Anonymous said...

ဓါတ်ပုံလေးတွေလှတယ် မဗေဒါအရေးကောင်းလို့ခရီးသွားရတာမကြိုက်တဲ့ယုတောင်ခရီးတခုတခုသွားချင်လာပြီ။

ယု

mabaydar said...

Thank you for reading and letting me know that you have read by leaving comment. Is goldfishkeepers.com your site? Nice info about goldfish..

mabaydar said...

ဟုတ်ပါ့... ဆိုင်တွေက အစောကြီးပိတ်တဲ့အပြင် ပိတ်ခါစလေးမို့ မုန့်တွေလဲ ပိုနေတဲ့အတူတူ ပိုက်ဆံလေးရအောင် ရောင်းမယ်မရှိဘူး.... ဒီလိုနဲ့ပဲ ညစာငတ်တော့မလို့...

mabaydar said...

သွားသာသွား... မဗေဒါလဲ အခွင့်ရရင် နောက်တစ်ခေါက်ထပ်သွားချင်သေးတာ.... ခုသွားခဲ့တာ မစုံဘူး....

mabaydar said...

When you plan your own trip and exploring the places that new to you, the most exciting thing is you don't know what to expect. Of course some tourist attraction places are sometime as expected if you did your research well.... Observing map is some critical skill... but u can always ask around people as well. it took time for me to look at the map... I am a lazy reader.... Thank you for your comment sis.... I still feel I am not up to the level of really observing travel blogger.

mabaydar said...

Australia မှာ လည်စရာတွေအများကြီးပဲ.... မဗေဒါသွားခဲ့တာတောင် အချိန်မလောက်လို့ မစုံဘူး... နေရာစုံမရောက်လို့ နောက်တစ်ခေါက်ထပ်သွားရမယ်... အင်း... ဒီနှစ်ထဲတော့ မရှိလောက်သေးဘူး (အနီးအနား ခရီးတိုလောက်တော့ သွားဖြစ်မှာပေါ့)... နောက်နှစ် ဖေဖော်ဝါရီ မြန်မာပြည်ပြန်ဖို့ ခွင့်စုနေရတယ်... Maldives သွားချင်တာ စိတ်ရောက်နေတယ်... ဒါပေမဲ့ လုပ်စရာတွေက တန်းစီနေတော့ ခရီးသွားဖို့ အခြေအနေပေးမပေးစောင့်ကြည့်နေတာ.... shin ရေ အခြေအနေပေးလို့ကတော့ သွားထား...

mabaydar said...

ခရီးတွေသွားပြီး ဒေသခံတွေကို လေ့လာ၊ မရောက်ဖူးတဲ့နေရာက အသစ်အဆန်းတွေနဲ့ တွေ့ကြုံရတဲ့ ခံစားချက်က အရမ်းစိတ်ဝင်စားစရာကောင်းတယ်... ယု တစ်ခါထွက်ပြီးတာနဲ့ ထပ်ကာထပ်ကာ သွားချင်နေလိမ့်မယ်....

mabaydar said...

အင်း... အဲဒိနေရာမှာ နေလို့ကောင်းကောင်းနဲ့ ညထိနေလိုက်တယ်... ညဘက်ဓာတ်ပုံရိုက်တာက စတန်းနဲ့မှ မဟုတ်ရင် ပုံတွေက ၀ါးတယ်...

thandar win said...

Nice post <3 super like :)

mabaydar said...

အဓိက မင်းသမီး မင်းသားတွေနဲ့ နောက်တစ်ရက်ဆို တွေ့ရပြီ....

ဝိ၀ိ said...

Sydneyကို တစ်ခါထဲ အလည်တစ်ခေါက်ရောက်သွားပါတယ်.....