Wednesday, May 29, 2013

ကလေးတွေသာမြင်နိုင်တဲ့ လှို့ဝှက်စာသားနဲ့ ကြော်ငြာဆိုင်းဘုတ်...


ဒီဆန်းကြယ်တဲ့ ကြော်ငြာဆိုင်းဘုတ်လေးဟာ အိမ်တွင်းနှိပ်စက်ခံရတဲ့ ကလေးတွေအတွက်ဖြစ်ပါတယ်။ ဒီဆိုင်းဘုတ်လေးမှာ ကလေးတွေသာမြင်နိုင်တဲ့ message လေးတွေပါဝင်နေပါတယ်။

စပိန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “Aid to Children and Adolescents at Risk Foundation (ANAR) အဖွဲ့က ဖန်တီးထားတဲ့ ဒီကြော်ငြာဆိုင်းဘုတ်လေးမှာ ကလေးနဲ့ လူကြီးတွေကို တချိန်ထဲမှာပဲ ကွဲပြားတဲ့ အချက်အလက်ကိုပေးနိုင်အောင်ပြုလုပ်ထားပါတယ်။

ဒီဆိုင်းဘုတ်ဟာ မှော်ပညာနဲ့ပြုလုပ်ထားတာမဟုတ်ပါဘူး။ lenticular top layer ဆိုတဲ့ နည်းပညာနဲ့ ကြည့်တဲ့ရှုထောင့်ပေါ်မူတည်ပြီး ပေါ်တဲ့ အချက်အလက်ကွာအောင်ပြုလုပ်ထားတာပါ။
အရပ် ၁.၃၄ မီတာအထက်ရှည်တဲ့သူတွေက ဝမ်းနည်းတဲ့ မျက်နှာလေးနဲ့ကလေးပုံလေးအပေါ်မှာ “တစ်ခါတစ်ရံ၊ ကလေးတွေ နှိပ်စက်မှုကို နှိပ်စက်ခံရတဲ့ကလေးကသာ မြင်နိုင်ပါတယ်” လို့ရေးထားတယ်။

ဒါပေမဲ့ အရပ် ၁.၃၄ မီတာအောက်မှာရှိတဲ့ ကလေးတွေ ဒီဆိုင်းဘုတ်ကိုကြည့်ရင်တော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ကလေးမျက်နှာကို မြင်ရမှာဖြစ်ပြီး “ အကယ်၍ တစ်စုံတစ်ယောက်က သင့်ကို နှိပ်စက်နေရင်၊ ငါတို့ကို ဖုန်းခေါ်ပါ၊ ငါတို့သင့်ကို ကူညီပါ့မယ်” ဆိုပြီး အဲဒိ အဖွဲ့အစည်း ဖုန်းနံပါတ် ကို မြင်ရမှာဖြစ်ပါတယ်။



အရမ်းကို ကောင်းတဲ့ Idea နဲ့ Concept ရှိတဲ့ ကြော်ငြာဆိုင်းဘုတ်လေးပါ။ ရောင်ပြေးပေတံလေးတွေ ငယ်ငယ်ကတည်းကမြင်ဖူးပင်မဲ့ ကြော်ငြာဆိုင်းဘုတ်ကို ဒီ Concept လေးသုံးပြီး ထိထိရောက်ရောက်လုပ်နိုင်တာကို တော်တော်လေး သဘောကျမိပါတယ်။ နှိပ်စက်သူနဲ့ ကလေးနဲ့တူတူလမ်းသွားနေရင်တောင် ကလေးတွေကိုပဲ အသိပေးနိုင်တဲ့ နည်းလမ်းလေးပါ။ ကလေးတွေအားလုံး နှိပ်စက်ခံရခြင်းမှ ကင်းဝေးကြပါစေ။





8 comments :

Anonymous said...

Thank you for sharing Nyi Ma Lay...Luv you!

mabaydar said...

Thank you for your kind comment... Luv you 2

Lorem Ipsum said...

sharing လုပ်တာ ကျေးဇူးပါ မဗေဒါရယ်... ကိုးရီးယားကား review တွေကိုလည်းအမြဲလာဖတ်ပါတယ် ၊
ခရီးသွားပိုစ့်တွေကိုလည်းကြိုက်မှကြိုက်ပဲ..။

အားဆေးတိုက်သွားတဲ့
ဆုမြတ်

mabaydar said...

ဆုမြတ်ရဲ့ အားဆေးက စွမ်းတယ်... နောက်ထပ်ဆက်ရေးချင်စိတ်တွေဖြစ်သွားပြီ.... ခရီးသွားပိုစ့်ရေးမလို့ အပျင်းကြီးနေတာ... ခုတော့ ရေးရမယ်.... ဒီပိုစ့်က အားဆေးသိပ်မရှိတော့ အားတောင်ငယ်နေတာ.... :D

Anonymous said...

Hello, I was recommended by mydaydream89.wordpress.com as we have a client who is looking for Myanmar bloggers for a campaign.
Would you be interested? Hope to hear from you soon!

mabaydar said...

Sure... What is that campaign about? what do I need to prepare?

Lorem Ipsum said...

မဗေဒါရဲ့ခရီးသွားပိုစ့်တွေကိုဖတ်ရတာတကယ်အားရတယ်..။ဖူးကတ် တုန်းကဆိုလည်း ကိုယ်ပါလိုက်သွားသလိုပဲခံစားရတယ်...။။ ခရီးသွားဖို့အစီစဉ်ရှိလို့သွားခါနီးကျရင် တစ်ခေါက်ထပ်ဖတ်ဦးမယ် မမရယ်း)

mabaydar said...

ဟီး ဟီး ဖူးကတ် ပိုစ့်က ခုထက်ထိ မပြီးသေးတာ အားတောင်နာတယ်... ခုမှတော့ မေ့တောင် မေ့စပြုနေပြီ... သြစီတော့ မမေ့ခင် အရင် ပြီးအောင်ရေးလိုက်အုံးမယ်....