Tuesday, January 15, 2013

Kim Tae Hee နဲ့ Rain၊ Agencies မသိပဲ ချစ်သူတွေ ဖြစ်?


Love story in Harvard, Iris နဲ့ My Princess ဇာတ်ကားတွေမှာ နာမည်ကြီးတဲ့ မင်းသမီးချော Kim Tae Hee နဲ့ လူတိုင်းနီးပါးသိတဲ့ "Full house" (ချစ်စံအိမ်) ဇာတ်ကားထဲက မင်းသား Rain တို့ ချစ်သူတွေ ဖြစ်နေကြတယ်ဆိုတဲ့ သတင်းက ကိုရီးယားနိုင်ငံကို ၂၀၁၃ ရဲ့ ပထမဆုံးနေ့မှာ ရိုက်ခတ်လိုက်ပါတယ်...

ကင်ထဲဟီးနဲ့ ရိန်းတို့ ၂ယောက် ချိန်းတွေ့တဲ့ ပုံဟာ ဇန်န၀ါရီ ၁ရက်နေ့ ၂၀၁၃ မှာ သူတို့ ၂ယောက် ချစ်သူတွေဖြစ်နေပါတယ်ဆိုတဲ့ ကောလဟာလနဲ့အတူ ထွက်ပေါ်လာပါတယ်... ပုံထဲမှာ ကင်ထဲဟီးနဲ့ ရိန်းဟာ ဦးခေါင်းက ခြေဆုံး အသေအချာ ဖုံးအုပ်ထားပြီး ခိုးတွေ့ကြတဲ့ သဘောရှိပါတယ်... သူတို့ ၂ယောက်ဟာ အောက်တိုဘာ ၂၀၁၁ မှာ ကြော်ငြာတစ်ခုရိုက်ရင်း စတွေ့ခဲ့ကြတာပါ... ၂၀၁၂ မတ်လ ရိန်း စစ်မှုစထမ်းတဲ့ အချိန် လောက်ကနေစပြီး သူတို့ ၂ယောက် ပိုမိုရင်းနှီးခဲ့ကြပါတယ်... ခုသူတို့ ချစ်သူတွေဖြစ်တာ ၃လလောက်ရှိပါပြီ... 

၃လဆိုတာ တိုတောင်းတဲ့အချိန်ဖြစ်တဲ့အတွက် ကင်ထဲဟီး နဲ့ ရိန်း ရဲ့ ကုပ္မဏီ ၂ခုလုံးက ဒီအကြောင်းကို မသိပါဘူး၊ ခင်မင်တဲ့ မိတ်ဆွေတွေ အနေနဲ့ပဲ သူတို့ သိထားကြောင်း ပြောပါတယ်... ပထမတော့ သူတို့ ကုမ္ပဏီတွေက ငြင်းပါသေးတယ်... ကင်ထဲဟီး agency က "ဒီ သတင်းဟာ မမှန်ပါဘူး... သူဟာခု သူ့ရုပ်ရှင် ဇာတ်လမ်းတွဲကို အာရုံစိုက်နေပါတယ်... ဘယ်သူနဲ့မှ ချစ်သူဖြစ်မနေပါဘူး" ရိန်း Agency ကတော့ "ကျွန်တော်တို့ အဲဒါနဲ့ ပတ်သတ်ပြီး ဘာမှ မကြားမိပါဘူး" လို့ ပြောကြားသွားပါတယ်... 

အင်တာနက်အသုံးပြုသူ ပရိတ်သတ်တွေကတော့ ဒီသတင်းကိုတွေ့တဲ့အခါ 
"This is so epic," "They got caught by the paparazzi," "They don't really look that good together," "It's hard to date someone in the army," စသည်ဖြင့် ကွန်မန့်ကြပါတယ်...

မဗေဒါအတွက်ကတော့ သူတို့ ၂ယောက်လုံးဟာ ချစ်သူရည်းစားထားသင့်တဲ့ အရွယ်ကိုတောင် ကျော်လွန်ပြီး အိမ်ထောင်တောင်ပြုဖို့ အရွယ်ရောက်နေတဲ့အတွက် ဘယ်လိုမှ မထင်ပါဘူး...
ပြီးတော့ ကင်ထဲဟီးရော ရိန်းရောက ကိုရီယားမှာ နာမည်အရမ်းကြီးတဲ့ မင်းသမီး မင်းသားတွေဖြစ်သော်လည်း ကျွန်မ အရမ်းကြိုက်တဲ့ထဲ မပါတဲ့အတွက် သိပ်ကွန်မန့်စရာမရှိပါဘူး... ဂုဏ်ရည်ချင်းတူတဲ့သူတွေ ဆိုတော့ တကယ်ဆိုရင်လဲ လိုက်ဖက်တဲ့အတွဲလို့ပဲ ထင်ပါတယ်...
စာဖတ်သူတွေရော ဘယ်လိုထင်ပါသလဲ?


Photo Credit: Newsen
News source : http://www.kpopstarz.com/articles/18750/20130101/kim-tae-hee-rain-scandal.htm

2 comments :

ဝိ၀ိ said...

ဘယ်လောက်အထိသူတို့ နှစ်ယောက်ခံမလဲဆိုတာ ကြည့်ကြရတာပေါ့

Anonymous said...

နှစ်ယောက်လုံးကိုကြိုက်တယ်သဘောတူပါတယ်