Friday, January 18, 2013

CZ12 or Chinese Zodiac - Movie Review


Name: CZ12 or Chinese Zodiac
Cast:


Genere: Action

My rating : 4.5/5


အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ အက်ရှင်မင်းသား ဂျက်ကီချန်းကိုယ်တိုင် stunt တွေကို လူစားမထိုးပဲ သရုပ်ဆောင်တဲ့ နောက်ဆုံးကားတစ်ခုဖြစ်တဲ့ CZ12 ဇာတ်ကားလေးအကြောင်းပြောပြချင်ပါတယ်... ဒီကားဟာ ဂျက်ကီချန်းကို Guinness World Record မှာ ၂နေရာ ၀င်အောင်လုပ်ပေးလိုက်တဲ့ အမှတ်ရစေမဲ့ကားလဲဖြစ်ပါတယ်... သူဟာ သက်ရှိထင်ရှားရှိနေတဲ့ မင်းသားထဲမှာ စတန့်အများဆုံးလုပ်ခဲ့တဲ့သူတစ်ယောက် Most Stunts Performed by a Living Actor) အနေနဲ့ စာရင်းသွင်းခံရသလို့... ဇာတ်ကားတစ်ကားဖြစ်မြောက်ဖို့ ပါဝင်ဆောင်ရွက်မှု အများဆုံး သူတစ်ယောက် (Most Credits in One Movie) အဖြစ် ကမ္ဘာ့စာရင်းမှာ မှတ်သားခံရပါတယ်... 

ဇာတ်လမ်းအကျဉ်း...

ကားအစမှာ ၁၈၀၀နှစ်များအတွင်းက ဗြိတိန်လူမျိုးတွေ တရုတ်ကို ကျူးကျော်ပြီး တရုတ်ရဲ့နန်းတွင်းရတနာဖြစ်တဲ့ Chinese Zodiac အကောင် တွေရဲ့ ကြေးဦးခေါင်းတွေကိုပါယူဆောင်သွားခဲ့တာကနေ စပါတယ်... ယနေ့ခေတ်မှာတော့ အဲဒိ ကြေးသွန်းခေါင်းတွေကို လေလံပြန်တင်ပြီးရောင်းချနေခဲ့ပါတယ်... အဓိကရောင်းချတဲ့ company ကတော့ MP corporation ကပါ... Asian Hawk, JC, (ဂျက်ကီချန်း) ကို MP Corporation က ပျောက်ဆုံးနေသေးတဲ့ ကြေးဦးခေါင်းအားလုံးကို ဆက်ရှာနိုင်ရင် Bonus ၁၀ ဆပေးမယ်ဟု ခိုင်းစေခဲ့ပါတယ်... ဂျေစီ ဟာ National Geographic က သတင်းထောက် ယောင်ဟန်ဆောင်ကာ Professor Guan ကို ချဉ်းကပ်ခဲ့ပါတယ်... Professor Guan ဟာ ရှေးဟောင်းသုတေသီဖြစ်ပြီး ပညာရေးအတွက်ရည်စူးပြီး ကြေးဦးခေါင်း ၁၂ခုရဲ့ ပုံစံကို ပြုလုပ်ထားတဲ့သူပါ... အဲဒိကနေတဆင့် Professor Guan ရဲ့ ထောက်ခံမှုနဲ့ ကြေးဦးခေါင်းတွေဘယ်မှာရှိလဲ သိတဲ့ Paris က Coco ဆီကို အဆက်အသွယ်ရခဲ့ပါတယ်...

ပဲရစ်မှာ JC နဲ့ သူ့ အပေါင်းအပါတွေဖြစ်တဲ့ Simon (Kwan Sang Woo (ကိုရီးယားမင်းသား))၊ David နဲ့ Bonnie တို့ပူပေါင်းပြီး သူဋ္ဌေးကြီးတစ်ယောက်အိမ်ကနေ ပျောက်ဆုံးနေတဲ့ ကြေးဦးခေါင်း ၂လုံးနဲ့အတူ အခြားအဖိုးတန်ပစ္စည်းတွေကို ခိုးယူရရှိခဲ့ပါတယ်... အဲဒိထဲမှာ တန်ဖိုးကြီး ပန်းချီကား "The Rose" လဲပါပါတယ်... သို့သော် JC ကို ခိုးထုတ်ခိုးထည်နဲ့အတူ Coco ကမိခဲ့ပါတယ်... Coco ကို JC က သူဟာ တရုတ်နိုင်ငံရဲ့ ရတနာတွေကို ပြန်ယူပြီး နိုင်ငံကို ပြန်လှူမလို့ပါလို့ လိမ်ညာလိုက်ပြန်ပါတယ်...


သူတို့ မထင်မှတ်ပဲ Katherine ဆိုတဲ့ မိန်းမတစ်ယောက်နဲ့ အဆက်အသွယ်ရပြီး သူမရဲ့အိမ်ကို ဖိတ်ကြားခံခဲ့ရပါတယ်... သူမှရဲ့ အဘိုး က အရင်က တရုတ်ပြည်ကို ကျူးကျော်တဲ့ထဲမှာပါတဲ့ စစ်ဗိုလ်တစ်ယောက်ပါ... သူမ အဘိုးရဲ့ ရုပ်ကြွင်းကို ကူညီရှာဖွေပေးဖို့ အကူညီတောင်းခဲ့ပါတယ်... ပထမတော့ စိတ်မ၀င်စားသော်လည်း သူမအိမ်မှ ကြက်ခေါင်း ကြေးဦးခေါင်းကို လိုချင်တာရော... ကျန်ရှိနေတဲ့ ကြေးဦးခေါင်းတွေရဲ့ နေရာကို သဲလွန်စရနိုင်တာရောကြောင့် အကူညီပေးဖို့ သဘောတူလိုက်ပါတယ်...


ဒီလိုနဲ့ပဲ JC နဲ့ အဖွဲ့သားတွေရယ်... Coco ၊ Catherine တို့တွေ ရွက်လွှင့်ခဲ့ကြပြီး... လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ရောက်သွားခဲ့ပါတယ်... အဲဒိမှာလဲ ပင်လယ်ဓားပြတွေရယ်၊ သူတို့နောက်ကိုလိုက်လာတဲ့ သူဋ္ဌေးကြီးအိမ်ကအစောင့်တွေရယ် ချရပါသေးတယ်... အဲဒိကျွန်းပေါ်မှလဲ သူတို့လိုချင်တဲ့ ကြေးဦးခေါင်း ၃လုံးရခဲ့ပါတယ်... သို့သော် နဂါးကြေးသွန်းခေါင်းက MP Corp ဆီမှာ အစကတည်းကရှိနေပြီးဖြစ်တဲ့အတွက် ကတိပြုထားတဲ့ အားလုံးရှာတွေ့ရင် Bonus 10 ဆပေးမယ်ဆိုတဲ့ စကားကြောင့် မျိုးမျိုးမြတ်မြတ် မရလိုက်ပါဘူး...


နောက်ပိုင်းမှာတော့ MP corp က Coco မောင်လေးနဲ့ သူငယ်ချင်း ၃ယောက်ကို ဖမ်းဆီးထားလို့ Coco အကူအညီတောင်းတာနဲ့ သွားရောက် ကယ်ဆယ်ဖြစ်ခဲ့ပါတယ်... Coco တို့အဖွဲ့အစည်းရဲ့ ဆန္ဒပြကန့်ကွက်မှုကြောင့် နဂါးကြေးသွန်းခေါင်းကို လေလံဝယ်မဲ့သူ တစ်ဦးမှမရှိပါဘူး... MP Corp က Coco တို့အဖွဲ့ကို ပညာပေးတဲ့အနေနဲ့ နေ့လည် ၁၂နာရီမှ မရောင်းရရင် "Let the dragon Fly" ဆိုတဲ့ mission ကိုလုပ်ရင် ကြေးဦးခေါင်းကို မီးတောင်ထဲ ပြစ်ချဖို့ လုပ်ကြပါတော့တယ်... ဒီအခါမှာပဲ JC ရဲ့ စွန့်စားခန်းထပ်စရပါတော့တယ်....


Source : http://en.wikipedia.org/wiki/CZ12

ဝေဖန်ရေး...

အက်ရှင်ကားဖြစ်တဲ့အတွက် တစ်ကားလုံးနည်းပါးပြောပြလဲ အရသာသိပ်ပျက်မယ်မထင်ပါဘူး... ဘာလို့လဲဆိုတော့ အနှစ်သာရက ဇာတ်လမ်းထက် သူတို့ရဲ့ Action နဲ့ ဟာသပေါ်မှာ မူတည်တဲ့အတွက်ပါပဲ... ဇာတ်ကားအဆုံးမှာ ပရိတ်သတ်အတွက် အံ့အားသင့်စေမဲ့ နာမည်ကြီး HK Star တော်တော်များများကို ဧည့်သည် သရုပ်ဆောင်အဖြစ်ထည့်ထားပါတယ်... ဧည့်သည်သရုပ်ဆောင်တွေပေါ်လာရင် ရုံထဲက ပရိတ်သတ်တွေက  မထင်မှတ်ထားတော့  ဟာကနဲဖြစ်ဖြစ်သွားပါတယ်... ကိုရီးယား မင်းသား Kwan Sang Woo တရုတ်လိုပြောတာကိုလဲ တွေ့ရမှာပါ... (ဒါတောင် သူစကားပြောနည်းပါတယ်)၊ ဂျက်ကီချန်းကားတွေရဲ့ တခြားသူတွေရဲ့ကားနဲ့ မတူတဲ့ထူးခြားချက်တစ်ခုရှိပါတယ်... အဲဒိထူးခြားချက်ကို မဗေဒါငယ်ငယ်ကတည်းက ခုံခုံမင်မင်ကြည့်ဖြစ်ပါတယ်... ဇာတ်ကားပြီးသွားပင်မဲ့ တစ်ယောက်မှ ရုံထဲကနေထ မထွက်သွားအောင်လုပ်နိုင်ပါတယ်... ဒါဆိုသိပြီဟုတ်?... ပိတ်ကားနောက်ကွယ်က သူစတေးခဲ့တဲ့ သူစွန့်စားခဲ့တဲ့ သွေးချွေးနဲ့ရင်းခဲ့တဲ့ အခန်းတွေကို ပြန်ပြတာပါ... မီးတောင်အခန်းကိုကြည့်တုန်းက ကွန်ပြူတာဂရက်ဖစ်နဲ့ ဖြတ်ညှက်ကပ် လုပ်တယ်ပဲထင်ခဲ့တာ... တကယ့်မီးတောင်မှာသွားရိုက်ထားတာတွေ့တော့ အံ့အားသင့်ခဲ့တယ်... အော် ဂျက်ကီချိန်းဆိုတဲ့သူကတော့ သူ့အလုပ်အပေါ်ထားတဲ့စိတ်က လေးစားလောက်ပါတယ်...

ဂျက်ကီချိန်းကို ဒီကားပြီးရင်နောက်ဘယ်တော့မှ ရုပ်ရှင်မရိုက်တော့ဘူးဆိုတဲ့ ကောလဟာလထွက်နေပါတယ်... အဲဒါမဟုတ်တဲ့အကြောင်း ဒီဇင်ဘာလက မလေးရှားနိုင်ငံရဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကိုယ်တိုင်ခုလို ပြောခဲ့ပါတယ်...


"ဒါဟာမဟုတ်ပါဘူး... မီဒီယာတွေ အထင်မှားနေတာပါ။ ဒါဟာ ကျွန်တော့ရဲ့ နောက်ဆုံး Action ဇာတ်ကားကြီးတစ်ခုပါ။ ကျွန်တော် Action ကားတွေဆက်ရိုက်နေအုံးမှာပါ ဒါပေမဲ့ Stunts တွေကိုတော့ လျော့ချတော့မယ်... လူစားထိုးတာတို့ Special effects တို့ကိုပဲ သုံးကောင်းသုံးတော့မယ်။ ခုလောက်ကြီးတဲ့ Action ကားကိုရိုက်ပြီးရင်တော့ ကျွန်တော့ ဒိုင်လူကြီးများ (ပရိတ်သတ်များကို ရည်ညွန်းခြင်း) ခပ်သေးသေး Action ကားလောက်ပဲ ကျွန်တော်ရိုက်တော့မယ်ဆို ခွင့်လွှတ်ကြမယ်ထင်ပါတယ်.. လို့ပြောကြားသွားပါတယ်...
News source : http://my.news.yahoo.com/jackie-chan-never-quit-movies-035800048.html

ဒီတော့ ဂျက်ကီချန်းရဲ့ အနုပညာကို လေးစားတယ်ဆိုရင် အသက်သွေးချွေးနဲ့ရိုက်ထားတဲ့ သူ့ကားကို မှန်မှန်ကန်ကန် ရုံမှာသွားအားပေးလိုက်ကြဖို့ ၀န်လေးကြမယ်မထင်ပါဘူး...



သူ့ရုပ်ရှင်အတွက်ပေးခဲ့တဲ့ သွေးချွေး...


Shooting at Real Vocalno

3 comments :

မိုးနတ်ကြယ်စင် said...

မိုးနတ်လဲ သူ့ကို အရမ်းကြိုက်တာပဲ..
အဓိကကသူ့ရဲ့စိတ်ဓါတ်နဲ့ စွမ်းရည်ကို သဘောကျလေးစားမိတာ...
မိုးနတ်တို့ရင်ထဲမှာ အမြဲတမ်းနေရာယူထားမဲ့သူတစ်ယောက်အကြောင်းနဲ့
သူ့ရဲ့ဇာတ်ကားသစ်အကြောင်းကို မိတ်ဆက်ပေးတဲ့အတွက် မကို
ပြောမပြတတ်အောင် ကျေးဇူးပါ...:)
ခင်တဲ့...မိုးနတ်

လွင်ပြင်လှိုင်းငယ် said...

အရမ်းကောင်းမယ့်ကားပဲ ကြည့်ချင်လိုက်တာ ရုံတင်ရင်သွားကြည့်အုံးမယ် ။
ဇာတ်ကားအကြောင်းလေးပြောပြပေးတဲ့အတွက် အထူးကျေးဇူးပါဗျာ ။

mabaydar said...

Singapore မှာတော့ ခုတင်နေပါတယ်... ကြည့်လိုက်ပါ... ဇာတ်လမ်းအရတော့ ဂျက်ကီချန်းကားတွေထဲက တစ်ကားဆိုပေမဲ့ ဂျက်ကီချန်းကားတိုင်းဟာ သူပေးဆပ်ခဲ့တာနဲ့တင် ကြည့်ရတာထိုက်တန်ပါတယ်... လာရောက်ဖတ်ရှု ကွန်မန့်သွားတဲ့အတွက် မိုးနတ်ကြယ်စင် ရော လွင်ပြင်လှိုင်းငယ် ကိုပါ ကျေးဇူးတင်ပါတယ်... နောက်လဲလာအားပေးနော်...