Monday, February 06, 2012

မွေးနေ့အလှူ ဗိုက်တွေပူစေ

ဒီနေ့ မဗေဒါ အသက် ၁နှစ်ထပ်ကြီးသွားတဲ့နေ့ပါ... ဘာမှ ထွေထွေထူးထူးမလုပ်ပါဘူး... ဒါပေမဲ့ ကျေနပ်နေတယ်... မဗေဒါအတွက် အရေးပါတဲ့သူတွေဆီက ဂရုစိုက်မှုကိုရလို့ပါ... ပြီးတော့ ဒီနှစ်မှာ Facebook ကနေ မွေးနေ့ဆုတောင်းပေးတဲ့သူတွေ အများကြီးရလို့ ၀မ်းသာပါတယ်... ရှည်ရှည်ဝေးဝေးတွေ ပြောမနေချင်တော့ပါ... ဘလော့လာတဲ့သူတွေကို အိမ်မှာချက်စားလေ့ရှိတဲ့ ဟင်းနဲ့ မုန့် Collection ကို မဗေဒါ အစ်မ ဖေ့ဘွတ်ကနေယူပြီး ပြန်ဖော်ပြလိုက်ပါတယ်... ဟင်းတော်တော်များများကတော့ ဖေဖေ့လက်ယာတွေပါ...

အားမနာတမ်း ရှုစားရင်း ဗိုက်ဆာကြကုန် (အဲလေ)... အမြင်နဲ့စိတ်နဲ့ စားသွားနော်... တကယ်စားချင်ရင်တော့ ကြိုပြော အိမ်မှာချက်ကျွေးမယ်.... အိမ်လာခဲ့...

ကဲလက်ညောင်းအောင် Scroll down လုပ်ဖို့သာပြင်ထား...
(ဓာတ်ပုံများကို ပြန်လည်ဝေမျှ အသုံးပြုလိုလျှင် ပီတိဝေမျှကာ အသိလေးပေးသွားစေချင်ပါတယ်)

ဒီနေ့ ဟင်းလျာတွေကတော့....



အာလူးကပ်တလိပ်ကြော်

အမဲသားကြွပ်ကြော်

ငါးခူကောင်လုံးကြော်
ပဲကြီးဆူးပုတ်ဟင်းချိုနဲ့ ငါးခူကြော်

မြန်မာ ငါးဖယ် အချိုနှပ်

ခရမ်းချဉ်သီး မြန်မာငါးဖယ်ဟင်း..

ဝက်သား ပုန်းရည်ကြီး

ပုဇွန်နဲ့ ကညွတ်ဟင်း...

ငါးရံ့ခြောက်ဖုတ်

ဂဏန်းမဆလာ မြန်မာချက်...

ဝက်အူကြော်

အအီပြေ ချဉ်ပေါင်နဲ့ မျှစ်ချဉ်ဟင်း

ဒန့်သလွန်သီး ငါးရံ့မုန်လာဥချဉ်ဟင်း

ပုဇွန် မုန်လာဥ ချဉ်ဟင်း

အသုတ်များ....

ခရမ်းသီးမီးဖုတ်သုတ်



ငါးချဉ်သုတ်


ဆေးဘဲဥသုတ်

မြန်မာစတိုင် သရက်သီးသုတ်


ထိုင်းစတိုင် သရက်သီးသုတ်




မရမ်းသီးသုတ်


ခေါက်ဆွဲသုတ် (မေမေ့ လက်ရာ စပါယ်ရှယ် ဒါစားပြီး တခြားအသုတ်တွေ မကောင်းတော့)

ထမင်းဟင်း မစားချင်သူများအတွက်လဲ ဒီမှာ စီစဉ်ထားတယ်...


အုန်းနို့ခေါက်ဆွဲ



ကြက်သားပလာတာ


ကြာဇံချက်

မုန့်ဟင်းခါး

နန်းကြီးသုတ်

ပန်းသေးခေါက်ဆွဲ (ဓာတ်ပုံ ကျွန်ုပ်ရိုက်သည်)




တို့ဟူးနွေးနဲ့ ရှမ်းခေါက်ဆွဲ

ကြက်သားဆီချက် ခေါက်ဆွဲ


ဒီမှာက စကားစမြည်ပြောရင်းနဲ့ သရေစာစားဖို့.... မြန်မာ့မုန့်တွေ...


ဆီထမင်း


ရွှေရင်အေး (တို့ကတော့ ဒူးရင်းသီးမကြိုက်လို့ ဖယ်စားတယ်)

လက်ဖက်သုတ်နဲ့ ရေနွေးကြမ်းပူပူလေး (ပုဇွန်ခြောက်ကုန်ရင် ထပ်ထည့်ပေးအုံးမှာ)

ဖက်ထုတ်ကြော်


အားလုံးစားချင်မယ့်... မုန့်လင်မယား... (မြန်မာပြည်ကကိုး ဒယ်အိုးဝယ်လာတာ)

ပဲမြစ်ကို ထညက်လေးနဲ့စေးနေအောင် ပြုတ်ထားတာ (မတ်လရန်ကုန်ပြန်တုန်းက ၀ယ်လာတာ ခုကုန်ပြီ)


အားလုံးစားပြီးရင် အသီးလေးတွေစားသွားပါအုံး...

အားလုံးတော့ အကုန်အစုံ မစားကြနဲ့နော် ... အစာအဆိပ်သင့်ပြီး ဗိုက်အောင့်မှာစိုးလို့....

ကိုယ်အကြိုက်ဆုံးနဲ့ အလိုက်ဖက်ဆုံးလေးတွေ ရွေးစားသွားကြနော်...

ဘယ်မုန့်အကြိုက်ဆုံးနဲ့ ဘာတွေရွေးစားသွားကြလဲ အောက်ကကွန်မန့်မှာ ပြောပြနော်...

15 comments :

:P said...

သွားရည်ယိုလိုက်ထှာ....
အမဲသားကျွတ်ကြော်
ပဲကြီးဆူးပုတ်
ငါးခူကြော်
ငါးဖယ်ဟင်း ၂ မျိုးလုံး
ဝက်ပုန်း
ပုဇွန်ကညွတ်
ငါးရံ့ခြောက်ဖုတ်
ဝက်အူကြော်
ချဉ်ပေါင်မျှစ်
ဒန့်ဒလွန်ဒွန့်နဲ့ ငါးရံ့
ငါးချဉ်သုတ်
မြန်မာသရက်သီးသုတ်
မရမ်းသီးသုတ်
ခေါက်ဆွဲသုတ်
ကြာဆံချက်
ရှမ်းခေါက်ဆွဲ
ဆီထမင်း
ဖက်ထုပ်ကြော်
မုန့်လင်မယား
အဲဒါတွေ စားချင်တယ်......
ဗိုက်တောင်ဆာလာပြီ...

mabaydar said...

အမလေး မနည်းမနောပါလား... ဒါဆိုရင် ၁ လလောက် ရက်ခွဲစားမှရမယ်... :)

ကြယ်စင်အလင်း said...

ခုလေးတင်ပဲ ထမင်းစားပြီးသွားလို့ ဗိုက်တင်းနေတာ
မဗေဒါရဲ့ မွေးနေ့အလှူဟင်းပွဲတွေတွေ.လိုက်ရတော့
ထပ်စားချင်စိတ်ပေါက်လာရောဗျ.။
မဗေဒါက ကျွန်တော်နဲ့ မွေးနေ့တရက်ထဲကွာတယ်။
၇ ရက်နေ့က ကျွန်တော့်မွေးနေ့။ မနက်ဖြန်ပေါ့။
မင်္ဂလာမွေးနေ့မှာ မဗေဒါတယောက် ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးရင်းနဲ့ အသီးလေးတွေပဲ စားသွားတယ်နော်။း)

SZA said...

I am very angry at this post.. Because I am drooling and want to eat everything from this post :D

And....

HAPPY BIRTHDAY...

mabaydar said...

You can have it anytime whenever we cook... hee hee :D

subuueain said...

အကုန် ကြိုက်ပါတယ် :)

subuueain said...

Happy Birthday <3

ဆွေလေးမွန် said...

မွေးနေ့ မှာ ပျော်ရွှင်ပါစေနော်..ညီမရေ
အမငှီး ..စားစရာတွေက သရေ ကျစရာနော်..
ဂယ် လာစားလို့ ရမလားဟင်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမ မဗေဒါရေ
ပျော်ရွှင်သော မွေးနေ့ပါနော်
ဖြစ်ချင်တဲ့ စိတ်ကူးဆန္ဒတွေ အားလုံး ပြည့်ဝပါစေ... ဘဝတစ်လျှောက်လုံး စိတ်ရောကိုယ်ပါ ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
တင်ထားတဲ့ မုန့်တွေ ဟင်းတွေကတော့ မကြိုက်တာ တစ်ခုမှ မပါအောင်ကို စပါယ်ရှယ်တွေကြီးပါလား
အကြိုက်ဆုံးဆိုရင်တော့ ဂဏန်း မဆလာချက်၊ ကြာဇံချက်၊ အုန်းနို့ခေါက်ဆွဲ၊ ငရံ့ခြောက်ဖုတ်တို့ပေါ့နော်။
ဒါတောင် ကျန်တာတွေလည်း အားလုံးကြိုက်တာ ချရေးရင် ကုန်မှာ မဟုတ်လို့ ဒီလောက်ဘဲ ရေးလိုက်တယ်။
ပျော်ရွှင်သော စိတ်ချမ်းသာသော မွေးနေ့ မင်္ဂလာပါ ..

Anonymous said...

စားချင်ရင်..အိမ်လာခဲ့တဲ့
အဟင့်...
အစ်မဗေဒါတို့..နှိပ်စက်ပြီး)
ဝက်ပုန်းရည်နဲ့
ခရမ်းသီးမီးဖုတ်အပျိုကြီးသုတ် (ကာရံညီအောင်ပါး)
ရှမ်းခေါက်ဆွဲ၊
ရေနွေးကြမ်းနဲ့လက်ဖက်သုတ်
(ပုဇွန်ခြောက်ထပ်ထည့်ပေးပါး)
ဂဏန်းမဆလာ၊မုန့်လင်မယားးP
စားပွဲမတွေ့လို့..ဟင်းချည်းပဲ
မြည်းသွားတယ်အမတော်း)

မွေးနေ့ရှင်အစ်မဗေဒါ..ယနေ့မှစကာ..
နောင်နှစ်ပေါင်းများစွာတိုင်
သက်ရှည်ကျန်းမာစွာနဲ့
ပျော်ရွှင်ဖွယ်နေ့ပေါင်းများစွာကို
မိသားစု၊သူငယ်ချင်းများနဲ့အတူ
အမြဲပိုင်ဆိုင်နိုင်ပါစေရှင်..


ချစ်ခင်လျှက်
မိစံ

Anonymous said...

Happy Birthday Ma Baydar !!!
I forgot BD wish.... hee hee
I put the first comment.. :P

Candy said...

ဘယ်လိုစားရမလဲတောင် မသိတော့ဘူး.. များလွန်းလို့ ဟင်းတွေက.. ဟီးဟီး

မွေးနေ့မှာ ပျော်ရွှင်ပါစေ မမရေ :D

မောင်သီဟ said...

အဲဗျာ သူများတွေစားပြီးသောက်ပြီးကာမှ မောင်ဘကြိုင်တို့ရောက်တော့တယ် စားစရာတွေကလည်းသွားရည်တကယ်ကျတယ် (တောက်-သွားရည်ကျသံဟုမှတ်)

ပျော်ရွှင်စရာနေ့ရက်တွေပိုင်ဆိုင်ပါစေဗျာာ


မောင်ဘကြိုင်

Unknown said...

I know I'm late but I want to wish u "Happy Birthday". :lol

mabaydar said...

long time no see Ko heartmuseum...

Thanks for remembering and your belated birthday wish... I am happy with it... :)