Thursday, February 23, 2012

ခရီးသွားတွေ မျှော်တဲ့ပွဲ (Natas travel fair)




Natas Travel Fare ဆိုတာ စကာင်္ပူက ခရီးသွားနှစ်သက်သူတွေ အားခဲစောင့်မျှော်ရတဲ့ ပွဲတစ်ခုပါပဲ… နှစ်စဉ်နှစ်တိုင်း National Association of Travel Agents Singapore (NATAS) က ဖေဖော်ဝါရီနဲ့ သြဂုတ်လတွေမှာ တစ်နှစ် ၂ကြိမ် ကျင်းပလေ့ရှိပါတယ်… ခရီးသွားများလေ့ရှိတဲ့ ဇွန်လနဲ့ ဒီဇင်ဘာလလိုတွေကို ဒီပွဲမှာ ကြိုဝယ်ထားရင် ဈေးနှုန်းချိုသာစွာရတဲ့အပြင်… ခရက်ဒစ်ကဒ်နဲ့ပေးရင် အဲဒိဘဏ်တွေက ခရီးသွားအိတ်တို့ ဘာတို့ကိုလဲ တန်ဖိုးအလိုက် လက်ဆောင်ပြန်ပေးတတ်ပါတယ်… အထူးသဖြင့် UOB နဲ့ DBS ဘဏ်တွေပါ…

ဒီနှစ်အတွက် မဗေဒါ စောင့်မျှော်နေတဲ့ နာတက်စ်ပွဲကျင်းပမဲ့ နေ့ရက် အချိန် နေရာကတော့…
နေ့ရက် ၂၄ - ၂၆ ဖေဖော်ဝါရီ ၂၀၁၂
အချိန် မနက် ၁၀နာရီက ည၉နာရီခွဲအထိ
နေရာ Singapore Expo, Hall 3B, Hall 4 and Hall 5


ဒါပေမဲ့ဒီခေတ်မှာ တိုးတက်မှုတကာထဲက အတိုးတက်ဆုံး ကုန်ဈေးနှုန်းဆိုတဲ့အတိုင်း ၀င်ကြေးကလဲ တက်သွားပါတယ်… ဟိုးအရင်က အဲဒိပွဲဝင်ကြေး အလကားပါ… လွန်ခဲ့တဲ့ ၂နှစ်လောက် (မဗေဒါ ကိုရီးယားခရီးစဉ် ၀ယ်ဖြစ်တဲ့အချိန်က) ၀င်ကြေးတစ်ယောက်ကို ၃ဒေါ်လာပါ… မာစတာကဒ်နဲ့ပေးရင် ၁ယောက်ကို ၀င်ကြေး ၁ဒေါ်လာပါပဲ… ဒီနှစ်တော့ ၀င်ကြေးက ၁ယောက်ကို ၄ဒေါ်လာပါ… ၁၂နှစ်အောက်ကလေးကတော့ ၀င်ကြေးမရှိပါဘူး…
၁ခါပဲလာပြီး ၁ခါတည်း ဆုံးဖြတ်ချက်ချပြီး ၀ယ်နိုင်မှ တန်မယ်… မ၀ယ်ပဲနဲ့လာရင်လဲ မတန်ဘူး… ကိုယ်သွားချင်တဲ့ နေရာကို စိတ်က ဆုံးဖြတ်ပြီးပြီဆိုမှ ၀င်… အဲဒိပွဲမှာတော့ ကိုယ်က ဝေးဝေးသွားနိုင်လေ တန်လေ… ဥပမာ Europe နိုင်ငံသွားတဲ့ Package တွေဆိုရင် ခါတိုင်းအချိန်ထက်သက်သာပြီး ၀န်ဆောင်မှုတန်းတူရတယ်… ခေါင်းတွေနောက်နေအောင်တော့ ယှဉ်ကြည့်ရမယ်… ဘယ် Package က ပိုကောင်းလဲ ဘယ် အေးဂျင့်က ပိုကောင်းလဲ… တစ်ခါတစ်လေ ဈေးသက်သာနေပင်မဲ့ ၀န်ဆောင်မှုတွေကွာတော့ ဈေးနည်းနည်းပိုပေးပြီး သွားရတာ ပိုစိတ်ချမ်းသာတယ်…
ဟိုတစ်နေ့က ဖေ့ဘွတ်က သူငယ်ချင်းမိန်းကလေးတစ်ယောက်က Europe သွားဖို့အတွက် အဖော်လာစပ်တယ်… Pre-Natas fair က ဈေးလျော့တဲ့ ပတ်ကေ့စ်က လန်ဒန်၊ ပဲရစ်၊ အီတလီ၊ ဆွစ်စလန်… ၁၅ရက် ခရီးစဉ်ထင်တယ်… အဲဒါမှ ဒေါ်လာ ၃၅၀၀ ၀န်းကျင်ပဲ…

မဗေဒါကတော့ ဟောင်ကောင်သွားထားတော့ သိပ်ငွေမလန်းဖြစ်နေပင်မဲ့လဲ ဒီ semester ပြီးရင် နီးနီးနားနားသွားလည်ချင်သေးလို့ နည်းနည်းသွားချောင်းလိုက်အုံးမယ်… ခရီးသွား Period ကတော့ မေလကုန်ကနေ ဇူလိုင်လောက်ပဲကိုယ်က၀ယ်ရမှာ… ကျောင်းပိတ်တုန်း… မြန်မာပြည်ကလဲ ပြန်ချင်သေးတယ်… ခွင့်တွေ သိပ်သုံးလို့လဲ မဖြစ်ဘူး… စာမေးပွဲအတွက်လဲ ခွင့်ကယူရအုံးမယ်…
ဟင်း…. ဗျာများရဘီကွယ်….

No comments :