Tuesday, November 22, 2011

DIY Christmas snow flake deco

ခရစ်စမတ်ကိုရောက်ပြီဆိုရင် ကိုယ့်လူမျိုးဘာသာပွဲတော်မဟုတ်ပင်မဲ့ စိတ်ထဲမှာပျော်သလိုလိုဘာလိုလိုနဲ့ ခရစ်စမတ်သီချင်းတွေနားထောင်ချင်သလိုလို ခရစ်စမတ်အပြင်အဆင်လေးတွေပြောင်းချင်သလိုလို ကျွန်မ ဖြစ်တတ်ပါတယ်… အထူးသဖြင့် စကာင်္ပူကိုစရောက်ဖူးတဲ့အချိန်တုန်းက ခရစ်စမတ်အပြင်အဆင်တွေပြင်တဲ့ ဒီဇင်ဘာမှာဆိုတော့ ခရစ်စမတ်ကိုရောက်တိုင်း စကာင်္ပူစရောက်ခါစက အသားမကျဖြစ်နေတဲ့အချိန်မှာ စိတ်ပြေစရာဆိုလို့ အမြင်ဆန်း အပြင်ဆန်းတွေဖြစ်တဲ့ သွားလေရာခရစ်စမတ် ဒီကိုရေးရှင်းတွေ ခရစ်စမတ်တီးလုံးသဲ့သဲ့တွေဟာလဲ ရောက်စတုန်းက အသားမကျတဲ့ ဒုက္ခတွေ အခက်အခဲတွေ ဘာမဟုတ်တဲ့ အမှားအယွင်းလေးတွေရှိပင်မဲ့ ဒီအပြင်အဆင်လေးတွေကြောင့် စိတ်သက်သာခဲ့ရတဲ့ အဖြစ်လေးကို သတိရစေပြီး ပြုံးမိပါတယ်… (မှတ်ချက် ကျွန်မရောက်စ လွန်ခဲ့တဲ့ ၉နှစ်လောက်က မြန်မာပြည်မှာ ယခုလောက် ခရစ်စမတ်အပြင်အဆင်တွေ သိပ်မရှိသေးပါဘူး… “သိပ်” လို့သုံးထားတာ နည်းနည်းလေးတော့ရှိတယ်လို ဆိုလိုပါတယ်)
ကျွန်မစိတ်ထင် ခရစ်စမတ်ရောက်ရင် ပျော်သလိုလိုဖြစ်တယ်ဆိုတာ ဒီပွဲတော်ထက် ကိုယ်ငယ်ငယ်က Memory နဲ့ဆိုင်မယ်ထင်ပါတယ်… ဒီဇင်ဘာဆို ကျောင်းတွေပိတ် ရာသီဥတုကအေးအေးနဲ့ လမ်းထဲမှာ ဘတ်မင်တန်ရိုက်၊ မနက်ထွက်လမ်းလျှောက်၊ ကျောင်းပိတ်ရက်ရှည်ရရင် မိသားစုခရီးထွက် စတာတွေက ငယ်ငယ်ကတည်က ဒီဇင်ဘာ ခရစ်စမတ်ကျောင်းပိတ်ရက်ကို မျှော်စေခဲ့တာတွေပါ…
အင်း… အတိတ်တွေ ပြန်ပြောင်းအောင့်မေ့နေတာနဲ့ လိုရင်းကခုမှရောက်တော့မယ်… ဒီနှစ်ဒီဇင်ဘာမှာလဲ ကျွန်မ အလုပ်သစ် ရုံးသစ်က နေသားမကျသေးတဲ့ နေရာလေးကို ကျွန်မနေသားကျပြီး သက်တောင့်သက်သာဖြစ်အောင် အလှဆင်ချင်ပါတယ် ဒီလိုနဲ့ အင်တာနက်မှာ နှင်းပွင့်အတုလေးတွေကို လုပ်ဖို့ စာရွက်ဖြတ်နည်းလိုက်ရှာတော့ အောက်ပါပုံလေးတွေကို တွေ့ရင်း လိုက်လုပ်ဖြစ်ပါတယ်…
တွေ့တဲ့ ၀က်ပ်ဆိုက်ကတော့ http://www.instructables.com/id/Make-A-6-sided-snowflake/
ဓာတ်ပုံလေးတွေကို အဲဒိကယူပြီး အဆင့်လိုက်ပေါင်းပြီးတင်ပေးထားပါတယ်…

ထောင့်မှန်စတုဂံပုံ စာရွက်တစ်ရွက်ကိုယူပြီး အရှည်(အလျား) ဘက်မှ အလည်တည့်တည့်ကို ပုံမှာပြထားတဲ့အတိုင်းခေါက်ပါ…


ခေါက်ထားတဲ့ စာရွက်ရဲ့ နောက်ထပ်အလယ်ကို ခေါက်ပြီး အောက်နားလေးကိုပဲ အရာလေးထင်အောင်မှတ်လိုက်ပါ… အလယ်မှတ် မှန်အောင် အရာပေးပြီးမှတ်ရုံသာဖြစ်ပါတယ်..



ပြီးလျှင် အဲဒိ အလယ်အရာကို ဦးတည်ပြီး ပုံပါအတိုင်း အပိုင်း၃ပိုင်း ညီနေအောင်ခေါက်ပါ… အပိုင်း ၃ပိုင်း ညီနေဖို့ အရေးကြီးတဲ့အတွက် သေချာစွာညှိနှိုင်းပါ… အပိုင်း ၃ပိုင်းလုံးညီပြီဆိုမှ စာရွက်ကို သေချာစွာဖိပြီး ခေါက်ရာပေးလိုက်ပါ…




အပိုင်း ၃ပိုင်း မညီရင် ဘာဖြစ်မလဲလို ခေါက်ကြည့်တော့ ဟောဒီလိုဖြစ်ပါတယ်…



ပြီးလျှင် အဲဒိခေါက်ထားတဲ့ စာရွက်ကို အချွန်အတိုင်း နောက်ထပ် တ၀က်ထပ်ခေါက်ပါ… ဒီလိုမှ နှင်းပွင့်လေးက ၆ထောင့်ရှိမှာပါ… ခေါက်တဲ့အခါမှာ စာရွက်အတိုသားက အပြင်မှာရှိပါစေ… တခြားတစ်ဖက်မဖြစ်ပါစေနဲ့…
ပြီးလျှင် ပုံတွင် အမဲလိုင်းနှင့် ပြထားသည့်အတိုင်း စာရွက်ကို လိုက်ညှက်ပါ… ထိုပုံစံမျိုးမဟုတ်ပဲ ကိုယ်ကြိုက်သလိုလဲ ပုံဖော်ညှက်နိုင်ပါတယ်…


ညက်ပြီးသွားလျှင် ပုံပါအတိုင်း ဖြစ်သွားပါလိမ့်မယ်.. ညှက်နည်း ၂မျိုးကို ယှဉ်ပြထားတာပါ… မဗေဒါကတော့ ပထမညှက်နည်းလေးက ထွက်တဲ့ပုံကို ပိုကြိုက်ပါတယ်…


ဟောဒါကတော့ ဖြန့်လိုက်ရင် နောက်ဆုံးထွက်လာမဲ့ ပုံပါ…


မဗေဒါ ထိုင်တဲ့ ရုံက cubicle လေးကို စက္ကူနှင်းပွင့်လေးတွေနဲ့ ဒီလိုအလှဆင်ထားပါတယ်…


အပိုလေးပြချင်တာကတော့ (:D) ခုလောလောဆယ်မှာ ဆိုးထားတဲ့ နှင်းပွင့်ပုံလက်သည်းလေးပါ… G-market က ၀ယ်တဲ့ Stamp လေးတွေနဲ့ ဆိုးထားတာပါ… ဆိုးထားတာ ၃ရက်လောက်ရှိပြီဆိုတော့ ပြတ်တဲ့ဟာက ပြတ်နေပါပြီ… ဖုန်းကင်မရာနဲ့ ရိုက်ထားလို့ ပုံ အရည်အသွေးညံ့တာကို ခွင့်လွှတ်ပါ…




ဒီပုံလေးကတော့ ပြီးခဲ့တဲ့လက ခရစ်စမတ်ပိုး စောစီးစွာဝင်နေလို့ ဆိုးထားတဲ့ Christmas theme လက်သည်းလေးပါ.. အနီကို ထိပ်မှာဆိုးပြီး ရွှေရောင် အလက်လိုင်းလေး ၂ကြောင်းဖြတ်ထားတာပါ… ပြီးတော့ အစိမ်းရောင် အရွက်လေး၂ရွက် တစ်ဖက်စီက ကျနေတာပါ… Youtube က ဆိုးပြတာကို အရောင်ပြောင်းပြီး လိုက်လုပ်ထားတာပါ… ဒီပုံလဲ ဖုန်းကင်မရာနဲ့ ရိုက်လို့ ၀ါးနေတာ ခွင့်လွှတ်ပါ…



3 comments :

Anonymous said...

စိတ်ဝင်စားတယ်ဂျ
ဟဲဟဲ
စမ်းကြည့်လိုက်ဦးမယ်
အမတော်

လေးစားလျှက်
မိစံ

Candy said...

ခုမှပဲ လာဖတ်ဖို့ နည်းနည်းအားတော့တယ်.. weekend ဆိုတော့ လုပ်ချင်တာလုပ်နေတာလေ.. ဟီး
မေးရဦးမယ်.. မမလက်သည်းပုံဖော်တဲ့ Dotting Tool တွေ၊ Nail art လုပ်တဲ့ လက်သည်းဆိုးဆေးတွေလေ (ဆိုးတံက ပါးပါးလေးတွေနဲ့) အဲ့ဒါတွေ မမဘယ်မှာဝယ်တာလဲလို့.. gmarket မှာပဲဝယ်တာလား.. အပြင်မှာရော ဘယ်နားမှာရှိလဲ သိလားဟင်.. :)

mabaydar said...

အစ်မ မှာ dotting tool မရှိဘူး... သွားကြားထိုးတံနဲ့ပဲလုပ်တယ်... ဒါပေမဲ့ Gmarket မှာရောင်းတာတော့ တွေ့တယ်... Nail stripper လေးတွေက တိုပါရိုးအင်တာချိန်းနားမှာ ၀ယ်တာ... ဒါပေမဲ့ ခုဆို watson တို့ ဘာတို့မှာလဲ ရောင်းတာတွေ့တယ်...