Friday, October 28, 2011

David Archuleta ပရိတ်သတ်တွေအတွက်



American Idol runner-up David Archuleta တစ်ယောက် နောက်လထဲမှာ ဆန်တိုဇာ Resorts world မှာရှိတဲ့ Hard Rock hotel မှာ လာရောက်ဖျော်ဖြေမယ်လို့ သိရပါတယ်...

၂၀၀၈ ခုနှစ် အမေရိကန်အိုင်ဒိုးမှာ ဒုတိယနေရာနဲ့ နာမည်ကြီးလူကြိုက်များခဲ့တဲ့ အသံအားကောင်းကောင်း ကောင်လေးဟာ နိုဝင်ဘာ ၁၉ရက်နေ့မှာ Hotel ရဲ့ "The Coliseum" စင်မြင့်ပေါ်မှာ ဖျော်ဖြေမှာဖြစ်ပါတယ်....

အမေရိကန် အိုင်ဒိုးပြိုင်ပွဲအပြီး ထုတ်လုပ်ခဲ့တဲ့ သူနာမည်ကြီးခဲ့တဲ့ Crush သီချင်းဟာ ခွေပေါင်း ၂,၀၀၀,၀၀၀ (၂သန်း) နီးပါးရောင်းရခဲ့ပါတယ်...

၂၀၁၀ခုနှစ် သူ့နောက်ဆုံးထွက် စီးရီး "The Other Side of Down" မှာ သူ့ရဲ့ သီချင်းရေး အရေအချင်းကို စီးရီးတစ်ဝက်စာလောက် ပူးပေါင်းရေးပြီး ပြသခဲ့ပါတယ်...

ခု သူ့ရှိုးပွဲလက်မှတ် တန်ဖိုးတွေကတော့ ရိုးရိုးတန်း $၁၀၈ နဲ့ VIP $၁၄၈ (ပထမ အစောင် ၂၀၀ သာ၊ အနီးကပ် နှုတ်ဆက်ခွင့်ရမည်) တို့ဖြစ်ပါတယ်...

ဝယ်ယူချင်ရင်တော့ www.gatecrash.com.sg, TicketCube နဲ့ စကာင်္ပူစာတိုက်များ... SAM စက်များမှ ၀ယ်ယူနိုင်ပါတယ်... မနေ့က ဖေ့ဘွတ်မှာတွေ့တဲ့အထိတော့ VIP ticket အနည်းငယ်ကျန်သေးတယ်လို့တွေ့ပါတယ်...

ကဲ David Archuleta ရဲ့ ပရိတ်သတ်တွေ မသိလိုက်ရ မရှိရလေအောင် ဒီကနေ ဝေမျှလိုက်ပါတယ်...

Source from AsiaOne Sunday, Oct 23, 2011.

3 comments :

Anonymous said...

ကြိုက်တယ် မဗေဒါ ... touch you touch me

မောင်သီဟ said...

ကျွန်တော်က နိုင်ငံခြားအဆိုတော်တွေကိုသိဖူး
ပြီးတော့ ပြည်တွင်းအဆိုတော်တွေလည်း သိတာနည်းတယ်
း) မရောက်တာကြာလို့ရောက်လာတယ်ဗျာ့


မောင်ဘကြိုင်

meemee said...

သူဆိုတဲ့ crush ကို အကြိုက်ဆုံးပဲ