Thursday, October 27, 2011

ရုံး cubical လေးကို Jang Keun Suk calender နဲ့ အလှဆင်မယ်...

ရုံးမှာ meeting အတွက်ပဲဖြစ်ဖြစ်... ကိုယ်မှာထားတဲ့ ပစ္စည်းရောက်မဲ့နေ့ပဲဖြစ်ဖြစ်... သူဋ္ဌေးရဲ့ အချိန်ဇယားပဲဖြစ်ဖြစ်... ကိုယ့်ကျောင်း စာမေးပွဲ၊ assignment dead line နေ့ပဲဖြစ်ဖြစ် မှတ်ဖို့လိုနေပါတယ်... ရုံးသုံး ပြက္ခဒိန်ရှိပင်မဲ့ ကိုယ်ထိုင်တဲ့ cubical လေးကို ကိုယ့်စိတ်ကြိုက်လေးလဲ ပြင်ဆင်ချင်ပါတယ်... ဒါမှလဲ အလုပ်မှာ စိတ်သက်တောင့်သက်သာရှိမှာပါ... ကျွန်မတို့တွေ တော်တော်များများဟာ အိမ်မှာနေရတဲ့ အချိန်ထက် ရုံးမှာနေရတဲ့အချိန်က ပိုများနေတတ်တဲ့အတွက် ကိုယ်ထိုင်တဲ့ နေရာကို ကိုယ့်အတွက် စိတ်ရွှင်လန်းစေမယ့် အပြင်အဆင်မျိုးထားသင့်ပါတယ်... ရာသီချိန်အလိုက် decoration ပြောင်းပေးခြင်းမျိုးလုပ်ပေးခြင်းဖြင့်လည်း ကိုယ်နဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကြား ပြောစရာစကားပိုမိုများပြားလာပြီး ရင်းနှီးမှုကို ပိုစေပါတယ်... (မှတ်ချက် ကိုယ့်ရုံးရဲ့ စည်းကမ်းချက်တွေမှာ အတိုင်းအတာဘယ်လောက်ထိ ခွင့်ပြုလဲဆိုတာ ကြိုတင်လေ့လာရန် လိုအပ်ပါတယ်)...

မဗေဒါရဲ့ ခုရုံးအသစ်မှာ ကိုယ်ပိုင် Cubicalလေး ပထမဆုံးအကြိမ်ရဖူးတော့ လှလှလေးပြင်ချင်ပင်မဲ့ ဘယ်လိုပြင်ရမလဲ စဉ်းစားမရသေးပါဘူး... ခုတော့ အိမ်က မဗေဒါမွေးနေ့အတွက် အစ်မအလတ် လုပ်ပေးထားတဲ့ scrapbook လေးကို တင်ထားပါတယ်... ဓာတ်ပုံတွေအဲဒိထဲ ကပ်ရအုံးမယ်...

ဒီနေ့တော့ ကိုယ့်စာမေးပွဲအချိန်ဇယားတွေ မေ့တတ်တာတစ်ကြောင်း... သူဋ္ဌေးက ဟိုကိစ္စ ဒီကိစ္စ မေးရင် ဘယ်နေ့လဲဆိုတာကို မေးလ်ထဲမှာ ပြန်ပြန်စစ်နေရတာ ရှုပ်တာတစ်ကြောင်းကြောင့် နေ့တွေကို အမြဲမေ့တတ်တဲ့ ကျွန်မအတွက် အမြဲကြည့်ဖို့ မှတ်ဖို့ ပြက္ခဒိန်လေးလိုလာပါတယ်... ကုမ္ဗဏီကပေးတဲ့ ပြက္ခဒိန်က ရုံးပိတ်ရက် public holiday တွေပါပေမဲ့ ရိုးရိုးကြီး ဖြစ်နေတာကြောင့် ပြက္ခဒိန်လှလှလေး လိုချင်လာပါတယ်... ဒါပေမဲ့လဲ နှစ်က ကုန်ခါနီးပြီဆိုတော့ အသစ်လဲ မ၀ယ်ချင်ပြန်ပါဘူး... ဘာပုံလေး ယူရင်ကောင်းမလဲစဉ်းစားတော့ ခေါင်းထဲကို ဘာရယ်ညာရယ်မဟုတ် အရင်ဆုံး သူက ရောက်လာပါတယ်... ဒါနဲ့ ရိုက်ရှုာလိုက်တော့ ပထမ ၂၀၁၁ အတွက် သူ့ပုံနဲ့ ၁နှစ်စာ ပြက္ခဒိန် ၃ခုထွက်လာပါတယ်... သူအရင်က ဆံပင်တိုနဲ့ပုံရယ်... ခုတစ်လောက ဆံပင်ရှည်နဲ့ပုံရယ်... နောက်တစ်ပုံက မျက်မှန်နဲ့ ကလေးလိုလို မျက်လုံးကို ပွတ်နေတဲ့ ပုံရယ်ပါ... မဗေဒါ အကြိုက်ဆုံး အလယ်ပုံကို ရွေးပြီး colour printer နဲ့ စာမျက်နှာ ၁မျက်နှာလောက် အလွဲသုံးစားလုပ်လိုက်တယ်... (အမှန်တော့လဲ လိုအပ်လို့ထုတ်တာပါ... ပြက္ခဒိန်က ကိုယ်အမြဲကြည့်ပြီး မှတ်မိနေဖို့ ကိုယ်ကြည့်ချင်မဲ့ ဆွဲဆောင်မှုတစ်ခုရှိဖို့ အရေးကြီးတယ်မှတ်လား... ဟတ်... ဟတ်)...

ဟောဒီမှာ မဗေဒါထုတ်လိုက်တဲ့ ပြက္ခဒိန်လေးကို ဒီလို ချိတ်ထားတယ်... ဒီပြက္ခဒိန်က ၁၂လလုံးပါတယ်... (ချိတ်ပြီးတာနဲ့ ရုံးက မန်နေဂျာက လာမေးတယ်... အဲဒါ ယောကျာင်္းလား မိန်းမလားတဲ့.... ဗြဲ.... JKS လေးကို လှောင်တယ်... အဟင့်... အော် မိန်းမနဲ့ တူလဲ ကိစ္စမရှိပါဘူး... ကိုယ်ကြိုက်ရင်ပြီးတာပါပဲ... သူတို့အတွက်လဲ ကောင်မလေးလို့ သဘောထားပြီးကြည့်လို့ရတာပေါ့...)


JKS ပြက္ခဒိန် နဲ့ my scrapbook and mirror (mirror to watch who's coming from behind :P)

ဒါနဲ့ ၂၀၁၂ အတွက် ဟိုရှာဒီရှာထပ်ရှာတော့ ပြက္ခဒိန်က မထွက်သေးဘူး... ပိုက်ဆံနဲ့ရောင်းတာတွေပဲ တွေ့တယ်... ဒါပေမဲ့ ၂၀၁၁ အတွက် လအလိုက် သူ့ပုံလေးတွေနဲ့ ပြက္ခဒိန်ကို နှစ်လဲကုန်ခါနီးပြီဆိုတော့ ဝေငှထားတာလေးတွေရှိတယ်... အဲဒိပုံလေးတွေလဲလှတယ်... ဒါနဲ့ပဲ ဒေါင်းလုပ်လုပ်ပြီး laptop monitor wallpaper အဖြစ်ထားလိုက်တယ်.... ကျွန်မလိုပဲ JKS fan တွေအတွက် ကွန်ပြူတာဖွင့်လိုက်တာနဲ့ အထီးကျန်မဆန်ရအောင် နေ့ရက်တွေနဲ့ လုပ်စရာတွေကို မှတ်မိနေအောင် စောင့်ကြပ်ပေးမဲ့ မင်းသားလေး JKS ပြက္ခဒိန် wallpaper Nov နဲ့ Dec ကို ဝေမျှလိုက်ပါတယ်...


My Laptop wallpaper



November Calender

December Calender


3 comments :

ချော(အစိမ်းရောင်လွင်ပြင်) said...

မဗေဒါရေ..
တို့လည်း JKS Fan တစ်ယောက်ပါ..
ဟိဟိ အကြိုက်ချင်းတူနေပြီ။
သူ့ကားတွေအားလုံး ကြည့်ပြီးပြီ။
ဒုတိယပုံထဲမှာ သူဝတ်ထားတဲ့ လက်အိတ်အပြာလေးက Mary stayed out all night ကားထဲက MGY ထိုးပေးတဲ့ လက်အိတ်လေးထင်တယ်နော်. အဲဒီကားထဲက ဝတ်ထားတဲ့ ဝတ်စုံတွေထက်
You are beautiful ကားထဲက body fit ဝတ်စုံလေးတွေနဲ့ ဝတ်ဆင်ပုံကို ပိုကြိုက်တယ်။
JKS ကို အားပေးသလို မဗေဒါကိုလည်း အားပေးလျှက်ပါ ။

mabaydar said...

အင်း ဟုတ်တယ်... အဲဒိ ပြက္ခဒိန်က Mary stayed out all night ထဲက ဇာတ်ဝင်ခန်းတွေကနေ လုပ်ထားတာထင်တယ်... သူ့ကို you are beautiful ကားထဲက ပုံစံနဲ့ ပိုကြိုက်တဲ့သူများတယ်...

မဗေဒါကတော့ ဟိုးအရင်က Do re mi fa so la di do ၊ Hwan jin yi၊ baby and me ကတည်းက ပုံစံလေးကို ကြိုက်တာ... သူ့ကို The ring ကားမှာ သူမှန်းမသိခင်ကတည်းက တွေ့ဖူးကတည်းက ကြိုက်တာ... အဲဒိမှာလဲ ချစ်စရာလေး... မင်းသမီးအစား သေပေးသွားတာ.. အဟင့်...

Vista said...

အပေါ်ပုံမှာတော့ အော် မင်းသားပုံ ၊အောက်က ဝေါလ်ပေပေါကျတော့ အော်မင်းသမီးပုံလို့ ထင်လိုက်မိတယ် ၊ ငါ့ကိုခွင့်မလွှတ်ပါနဲ့ တော့ ဟိ။