Friday, June 17, 2011

လိုက်ဖက်တဲ့ ဘ၀ နဲ့ မင်း (My first Project)

အရင်တစ်ခေါက်ကတည်းက သူငယ်ချင်း မင်္ဂလာမောင်နှံအတွက် မဗေဒါရိုက်တဲ့ MTV လေးကို ပြမယ်လို့ စာဖတ်သူတစ်ချို့ကိုပြောခဲ့တာ ခုမှပဲ Youtube ပေါ်တင်ဖြစ်ပါတော့တယ်... သူတို့ ဗွီဒီယိုလေးအတွက် ဘာသီချင်းသုံးရင် သင့်တော်မလဲ ဆိုတာကို သတို့သမီးနဲ့ ကျွန်မ အချိန်ယူ စဉ်းစားရင်းနောက်ဆုံးမှာ ဓာတ်ပုံ Slide show အတွက် အာဇာနည်နဲ့ ၀ိုင်းစုခိုင်သိန်းရဲ့ "လိုက်ဖက်တဲ့ ဘ၀" သီချင်းကို ရွေးချယ်ခဲ့ပြီး... သူတို့ ၂ယောက်သရုပ်ဆောင်မဲ့ MTV အတွက်ကတော့ ထူးအယ်လင်းနဲ့ မီးမီးခဲရဲ့ "မင်း" ဆိုတဲ့ သီချင်းလေးကို သတို့သမီးရဲ့ ရွေးချယ်မှုရယ် ကျွန်မရဲ့ သဘောတူညီမှုရယ်နဲ့ ရွေးချယ်ဖြစ်ခဲ့ပါတယ်...

သူတို့မင်္ဂလာဆောင်မှာ မဗေဒါလုပ်ပေးတဲ့ ဓာတ်ပုံ Slide Show လေးကို အရင်ပြပါတယ်... ဒီဓာတ်ပုံ Slide Show လေးကို ရိုးရိုးကြီးမဖြစ်အောင် မဗေဒါလုပ်ထားတဲ့ အိုင်ဒီယာလေးကတော့ သူတို့ ၂ယောက်ရဲ့ ဘ၀နဲ့ အချစ်ဇာတ်လမ်းအကျဉ်းချုပ်လေးကို ငယ်ရာကနေ ကြီးလာပြီး သူတို့ ၂ယောက်ရဲ့ ရည်းစားသက်တမ်းကပုံတွေကို အစဉ်လိုက်ထည့်ထားပြီး... အဆုံးမှာမှ Pre wedding photo shoot က ပုံလေးတွေနဲ့ ခုဆိုရင်တော့ မင်္ဂလာဆောင်တဲ့ အကြင်လင်မယားဖြစ်သွားတဲ့ Happy Ending ဇာတ်လမ်းလေးတစ်ပုဒ်လို ဆင်ပြီး ထည့်ထားပါတယ်... ဓာတ်ပုံတွေချည်းပဲ ပြနေရင် ကြည့်ရတဲ့သူတွေ ပျင်းသွားမှာစိုးလို့ သူတို့ ၂ယောက်ရဲ့ ချစ်ဇာတ်လမ်းနဲ့ လိုက်ဖက်မဲ့ Romantic ဆန်ဆန် စာလုံးလေးတွေကိုလဲ ဟိုနားဒီနားက Inspire ယူ... ကူးချတန်တာ ကူးချ... Modified လုပ်တန်လုပ်ပြီး ထည့်ပေးထားပါတယ်... ကဲ... မဗေဒါရဲ့ ပထမဆုံး မင်းသားနဲ့ မင်းသမီးရဲ့ ဖြစ်ရပ်မှန် ချစ်ဇာတ်လမ်း ဓာတ်ပုံ Slide show လေးကို ရှုစားသွားကြပါအုံးလို့....

သီချင်း - လိုက်ဖက်တဲ့ ဘဝ
သရုပ်ဆောင် - ဗစ်တာ + ထူးထူး
တေးဆို - အာဇာနည် ၊ ၀ိုင်းစုခိုင်သိန်း



"မင်း" သီချင်းနဲ့ ဗွီဒီယိုရိုက်ဖို့ ၃ယောက်လုံးအားရက်က ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် နောက်ဆုံး Weekend တစ်ခုမှာ သတို့သမီးက အလုပ်ကခွင့်ယူပြီး ရှားရှားပါးပါး ၁ရက်အတွက် Khatib ရေကန်ရှိတဲ့ ပန်းခြံမှာ သွားရိုက်ဖြစ်ကြပါတယ်... အဲဒိမတိုင်ခင် အချိန်ရရင် ရသလို သတို့သမီးနဲ့ ကျွန်မ အ၀တ်အစားအတွက် ရှော့ပင်းပတ်ဖြစ်ရင် ကျွန်မက သူလဲဝတ်ရဲပြီး အဆင်ပြေ ကျွန်မလိုချင်တဲ့ Theme နဲ့လဲ့ လိုက်ဖက်မဲ့ အကျီင်္ဒီဇိုင်းနဲ အရောင်ကို လိုက်လံရွေးချယ်ပြီး ၀ယ်ဖြစ်ပါတယ်... မဗေဒါကတော့ မင်္ဂလာဆောင် ဗွီဒီယိုအတွက် ဖြစ်နိုင်ရင် အဖြူစစ်စစ် ဂါဝန်လေးကို ၀တ်စေချင်တယ်... အဖြူစွတ်စွတ်ဂါဝန်ကို အဖြူပန်းပွင့်လေးတွေ ပုခုံးနားမှာ ရှိတဲ့ ဂါဝန်လေးတွေ့တော့ မဗေဒါရဲ့ အားပေးမှုနဲ့ သတို့သမီးလဲ ၀ယ်ရှာပါတယ်... သူက တာဇံအကျီင်္လို ပုခုံးတစ်ဖက်ပေါ်လေးပါ... (ကျွန်မမျက်လုံးထဲတော့ တကယ်လှတယ်...) ဒါပေမဲ့ အဖြူစွတ်စွတ်ဂါဝန်ကျတော့ ပါးတယ်လို့ထင်ရတာကတစ်ကြောင်း... အဲဒိသွားရိုက်တဲ့ နေ့က မိုးရွာနေတော့ အကျီင်္မလဲဖြစ်တော့တာက တစ်ကြောင်းကြောင့် ၀တ်ပြီး မရိုက်ဖြစ်ခဲ့ပါဘူး...

ရိုက်ကွင်းနေရာက အားလုံးအဆင်ပြေမဲ့ နေရာဖြစ်အောင် ကျွန်မပဲရွေးတာပါ... အဲဒိက လူလဲရှင်းတော့ သရုပ်ဆောင်ရင်လဲ သိပ်ရှက်စရာမလိုဘူးပေါ့... ကိုယ်တွေက Pro တွေမှ မဟုတ်တာ... သတို့သမီးက သာမာန်အချိန်မှာ မိတ်ကပ်လိမ်းနေကျသူမဟုတ်တော့ မိတ်ကပ်ထူထူလေးလိမ်းဖို့ ကိုယ်က တောင်းဆိုရင်း နောက်ဆုံးကျွန်မပဲ တတ်သလောက်မှတ်သလောက်နဲ့ မင်းသမီးကို ပြင်ပေးလိုက်တယ်... (လက်ရာကတော့ မြင်တဲ့အတိုင်းပဲ... သတို့သမီးက ချောပြီးသားမို့ တော်တော့တယ်... ဟီး... ဟီး...)အိမ်က ထွက်လာတဲ့အထိရာသီဥတုက အကောင်း... ရိုက်ကွင်းနေရာရောက်တာနဲ့ မိုးက ရွာချပါလေရော... သဲကြီးမဲကြီး... မိုးရော လေရော... အဲဒါနဲ့မိုးခိုပြီး မိုးတိတ်တာကိုစောင့် ... မင်းသမီး မိတ်ကပ်ပျက်သွားမှာစိုးတာ..(ဒါတောင် ကိုယ်လိမ်းပေးတဲ့ မိတ်ကပ်က ကင်မရာထဲရောက်တော့ ပါးနေသေးတယ်) နောက်ဆုံး မိုးလေး ဖွဲဖွဲကျန်တဲ့အချိန်မှ မထူးဘူးဆိုပြီး ထီးနဲ့ ရိုက်ဖြစ်ကြတယ်...

သူတို့ ၂ယောက်လုံးလဲ ကိုယ်လုပ်ခိုင်းတာကို အတတ်နိုင်ဆုံး လုပ်ပေးကြပါတယ်... အဲဒိအတွက် ကျေးဇူးအများကြီးတင်ပါတယ်... ဒါပေမဲ့လဲ Pro တွေမှ မဟုတ်တာနော်... မင်းသား မင်းသမီးအစစ်တွေလို အရမ်းတော့ ဘယ်အိုက်တင်ထုတ်တတ်မလဲ... ကိုယ်လဲ ခိုင်းရတာအားတော့နာပါတယ်... ဒါတောင် တချို့ဟာတွေ ၂ ခါ ၃ခါပြန်လုပ်ခိုင်းရင် လုပ်ပေးကြပါတယ်... (ဒါပေမဲ့ နောက်တစ်ခါဆို နောက်လူတွေ ရိုက်ချင်ရင်တော့ နည်းနည်း စည်းကမ်းထပ်ကျပ်မှဖြစ်မယ်... မကြိုက်မချင်း ပြန်လုပ်ခိုင်းမှာနော်... ဒါရိုက်တာက နာမည်ရလာပြီဆိုတော့ နည်းနည်းဆိုးတယ်... ခစ်ခစ်.)... အမှန်တော့လဲ မကျေနပ်မချင်းပြန်ရိုက်တာ သရုပ်ဆောင်အတွက်လဲကောင်းတယ်... ဒါရိုက်တာက မြင်နေရလို့ လိုနေတာကို ပြင်ပေးတာ... ဖန်သားပြင်ပေါ်ရောက်ရင် ဒါရိုက်တာပုံပါတာမဟုတ်ဘူး... သရုပ်ဆောင်ပဲ ပရိတ်သတ်က မြင်တာ... ဟုတ်တယ်ဟုတ်...? ဟုတ် ဟုတ် မဟုတ် ဟုတ် ဟုတ်လိုက်နော်.... :D

Storyboard အစထဲက ချမဆွဲပဲ ဦးနှောက်ထဲမှာ စဉ်းစားထားတာလောက် မြင်ဖူးတာလောက်နဲ့ အကြံပေါ်ရင်ပေါ်သလို ရိုက်တော့ သိပ်တော့ ကျွန်မရဲ့ အစီအစဉ်က မကျနလှဘူး... အမှန်ဆို ရိုက်ကွင်းနေရာကိုလဲ မရိုက်ခင်ကတည်းက သွား လေ့လာထားသင့်တယ်... ပြီးတော့ ဘာရိုက်မယ် ဘယ်ရှုထောင့်ကရိုက်မယ်ဆိုတာကိုလဲ သေချာ Storyboard နဲ့ plan ချသွားရင် သရုပ်ဆောင်တွေလဲ သိပ်မပင်ပန်းတော့ဘူး... ဒါကတော့ ကျွန်မဘက်က လိုတဲ့အပိုင်းတွေ... သင်ခန်းစာရတာပေါ့... ခုတော့ တချို့တွေကို သရုပ်ဆောင်ခိုင်းပြီး ဗွီဒိယိုထဲမှာ သိပ်ကြည့်မကောင်းလို့ မထည့်ဖြစ်လိုက်တာတွေလဲရှိတယ်... ကျွန်မရဲ့ မင်းသမီး မင်းသားက အမှန်ဆို တော်တောင် တော်သေးတယ်... သူတို့ကို သရုပ်ဆောင်ခိုင်းတဲ့အချိန်မှာ နောက်က သီချင်းလဲ ဖွင့်မပေးထားဘူး... ဘလိုင်းကြီးသက်သက် ကျွန်မလုပ်ခိုင်းတာကို လုပ်ပေးရရှာတာ... သူတို့ ဒီလိုလုပ်ပေးလို့ မဗေဒါ ၀မ်းသာရတယ်...

သူတို့ ၂ယောက်ရဲ့ တကယ့် မင်္ဂလာနေ့မှာ ကျွန်မရိုက်ထားတဲ့ ဗွီဒီယိုလေးကို ပရိတ်သတ် (ဧည့်သည်)တွေက ပြုံးပြီး စိတ်ဝင်တစားကြည့်ကြတော့ ကျွန်မပျော်တယ်... ဖြစ်နိုင်ရင် ဒိထက် စက်ကောင်းကောင်း အစီအစဉ်ကျကျနဲ့ စနစ်တကျရိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်... ကျွန်မရဲ့ ၀ါသနာနဲ့ ဘာမဟုတ်တဲ့ လက်စွမ်းကို အတည်တကျ အသုံးချပြီး သူတို့ မင်္ဂလာပွဲပရိတ်သတ်တွေရှေ့မှာ ချပြခွင့်ပေးခဲ့တဲ့ မထူးထူးနဲ့ ကိုဗစ်တာကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်... (စိတ်ကူးနည်းနည်းယဉ်ပြီး ပြောပါရစေ... မဗေဒါ တချိန် နာမည်ကြီး ဒါရိုက်တာ ဖြစ်လာရင် မဗေဒါရဲ့ ဦးဆုံး မင်းသမီးနဲ့ မင်းသားက ဒီစုံတွဲအနေနဲ့ မှတ်မှတ်ရရရှိနေမှာပါ... ခစ်ခစ်.. (ပြောရတာ အရသာလဲရှိ... ရှက်လဲရှက်ပါတယ်... အဟိ)

အဲဒိ ဗွီဒီယိုကို အက်ဒစ်လုပ်တော့ ကိုယ့်ကင်မရာကိုယ်အားမရဘူး... HD ပဲဖြစ်ဖြစ်... ဒါမှ မဟုတ် Pro camera တစ်လုံးလောက်တော့ လိုချင်တယ်... ပိုက်ပိုက်ကလဲ မရှိတော့ ခက်တာပဲ... ( အဲဒါကြောင့် အောက်က "မဲပေးကြပါအုံးရှင်" ပိုစ့်ထဲက Canon ပိုစတာပြိုင်ပွဲဝင်ပြိုင်တာ... နိုင်တဲ့သူက မဗေဒါလိုချင်တဲ့ ဗွီဒီယိုကင်မရာရမှာလေ... ခုကြည့်ရတာ ဒီပုံအတိုင်းဆို နိုင်မဲ့ပုံတော့ မပေါ်ပါဘူး... ဒါပေမဲ့ မဲပေးသွားကြတဲ့ စာဖတ်သူတွေနဲ့ သူငယ်ချင်းပေါင်း ၂၀၀ နီးပါးရှိတယ်ဆိုတာ သိရလို့ အရမ်းဝမ်းသာတယ် ကျေးဇူးလဲတင်တယ်... ဆုရရ မရရ ခုလို အားပေးတဲ့သူတွေရှိတယ်ဆိုတဲ့ အတွေးနဲ့ တင်ကျေနပ်တယ်... ဤကား စကားချက်)... လိုချင်တာတော့ အများကြီး ဒါပေမဲ့ ကိုယ်ကိုယ်တိုင်လဲ ထဲထဲဝင်ဝင် လေ့လာဖို့ အခွင့်မရသေးတော့ ဘာပစ္စည်းလိုလို့ လိုမှန်းတောင် မသိ... ဒါပေမဲ့ သတင်းကောင်းအနေနဲ့ (သတင်းကောင်းပဲပြောရမလားတော့ မသိ) ကတော့ မဗေဒါ ခုဆို Multimedia Design and Technology ဘာသာနဲ့ ကျောင်းရသွားပြီဆိုတဲ့ အကြောင်းပါပဲ... ကိုယ်ရွေးချယ်ထားတဲ့လမ်း အောင်မြင်မလား ရှုံးနိမ့်မလား... ရေစုံပဲ မျောမလားကတော့ ကျွန်မကိုယ်တိုင်လဲ မသိသေးပါဘူး... စာဖတ်သူ သူငယ်ချင်းတွေရဲ့ အားပေးမှုကတော့ ကျွန်မအတွက် ရှေ့ဆက်တိုးနိုင်မဲ့ အားဆေးတွေပါပဲ... ကဲ... မဆိုင်တာတွေပြောတာလဲ များပြီ... မဗေဒါရဲ့ လက်စွမ်းလေးကို ဖြစ်နိုင်ရင် HD 720 လေးနဲ့ ကြည့်ပြီး လိုအပ်တာလေးတွေကို အပြုသဘော နားလည်မှုရှိစွာ ဝေဖန်ပေးသွားကြပါအုံးလို့ ....

အဆုံးမှာ Making of Video လေးကို bonus အဖြစ်ထည့်ထားပါတယ်...

သီချင်း - မင်း
သရုပ်ဆောင် - ဗစ်တာ + ထူးထူး
တေးဆို - ထူးအယ်လင်း + မီးမီးခဲ



Feel like sharing my sis wedding dinner and their MTV again here which is done by ME..

12 comments :

Anonymous said...

I'll call u when I get married :))


Silent reader

kkl said...

nice video ^^

AP said...

Great job! ma bay dar. Can i get Quotation? :)

Smoky said...

Great Job. For the beginning, it is pretty good. Although there is no other crew members and you can produce like that is already good enough ... Keep it up. Wanna watch more.

mabaydar said...

@AP...

haha... my Quotation as below...
1) Currently free of charges
2) The shooting will take place depend on my availability
3) Must listen and follow strictly to my instruction during shooting
4) I will not be responsible for make up but performers should wear proper and necessary make up
5) The video shooting must done 1 month prior to actual event. That means you have to let me know more than 1 month earlier.
6) Must give me song that u wanna use in the MV
7) copyright issue of that song is solely depend on you (can't change last mins.. but depend on situation)
8) I have right to share those videos that I directed on my blog and my facebook and have right to upload on any site on internet.
9) I have right to change or add in anything whenever necessary in this quotation... :)

So Interested??

shin said...

Making of Video ကိုအကြိုက်ဆုံးပဲ။ Hee Hee:D မဗေဒါ တော်တော်ရီစရာပြောနိုင်တယ်။ အဲ့ဒါကြောင့်လဲ သရုပ်ဆောင်တွေက ပိုသဘာဝကျကျဆောင်နိုင်တာဖြစ်မှာ။ ကိုယ်တွေ့။

Candy said...

မမ .. တော်တော်ကြိုးစားထားတာပဲ... အရမ်းကြိုက်တယ်.. ကန်ဒီလဲ ၀ါသနာပါတယ်.. ဒါပေမယ့်.. ကိုယ်ရိုက်တာကိုလည်း သရုပ်ဆောင်ပေးမယ့်လူကရှိဦးမှ မလား.. အဲ့တော့ လောလောဆယ် ကိုယ်ဟာကိုယ်ပဲ သရုပ်ဆောင်ပြီး ကိုယ့်ဟာကိုယ်ပဲ ရိုက်နေတယ်.. ဟီး.. :D

zizzy said...

that was so cool. keep up the good job sis. *salute* your creativity.

Bone said...

ရိုက်ထားတာလေးတွေက ကင်မရာမင်း တော်တယ် ပြောရမှာပါ ကြည့်လို့ကောင်းပါတယ် သရုပ်ဆောင်တွေကလဲ မင်းသားမင်းသမီးတွေမဟုတ်တဲ့အတွက် လိုနေတာတွေ ရှိတာပြောစရာမလိုပါဘုး သတိုးသမီး ၀တ်ထားတာလေးတော့ပြောစရာရှိပါတယ် ၀တ်ထားတဲ့ ဂါဝန်ကြောင့် အပြင်မှာမ၀ ဘုးဆိုတာသိပေမဲ့ ဒီ video ထဲမှာကြည့်ရတာ တော်တော်ဝနေသလို ဂါဝန်ဟာလဲ မပေါ်လွင်ပါဘုး သတိုးသားကလဲ အထင်ပေါ်ကြီးမဟုတ်တောင် သားနားစွာဝတ်ဆင်သင့်တယ်လို့ မြင်ပါတယ် လုအများကြည့်ရှု့မှာဖြစ်တဲ့အတွက် ဒါရိုက်တာ လုပ်မဲ့မဗေဒါ နောက်ရိုက်မယ်ဆိုရင် ပေါ်လွင်အောင် အ၀တ်စားကို ရွေးချယ်ပေးစေချင်ပါတယ် ဖြစ်နိုင်ရင် မိုးမအုံ့တဲ့နေ့ နေပုပုမှာရိုက်ပါ ဒါမှမဟုတ် အလင်းရောင်အတွက် မှန်လို အလင်းပြန်တဲ့ အလုမီနီယံပြားကို အသုံးပြုပြီးရိုက်ရင် ကင်မရာမကောင်းလဲ ရုပ်တွေကြည်လင် ပြီး အလင်းရောင်ကောင်းစွာရမယ်လို့ ထင်ပါတယ် အကြံပေးတာပါ ကျွန်တော်က မဗေဒါရဲ့ စာတွေကိုအားပေးနေတဲ့ လုထဲကလုတစ်ယောက်ပါပဲ မဗေဒါ တိုးတက်ပါစေဗျာ ........ ခင်တဲ့ Bone

Anonymous said...

ဘွန်:ပြောတာ ထောက်ခံပါတယ်။ မိုးရွာနေတော့ အရောင်သိပ်မကောင်းဘူး။ မိတ်ကပ်မလိမ်းထားသလိုပဲ။ အကျီအရောင်တောက်တာဝတ်သင့်တယ်။ ဇတ်လမ်းလေးနဲ့ဆို ပိုကောင်းမယ်။ ပထမဆုံးဆိုတော့ အရမ်းကောင်းနေပါပြီ။ သူများမာလိုတာလေးတွေကြည့်ပြီ: ကိုယ့်ကျဖြည့်လို့ရပြီ။ ဒီတခါ လာမဲ့ တတွဲကတော့ နဲနဲ အရှက်မရှိဘူး။ ဒါရိုက်တာခိုင်းတာထက် ပိုမယ်လို့ထင်ရတာပဲ။ ဟားဟား
မင်းသားကို လွှင့်မာ သဘောတူမတူ မေးလိုက်အုန်းမယ် (သူက ကိုယ့်ထပ်ရုပ်နဲနဲပိုဆိုးတော့ ပြချင်မာ မဟုတ်ဘူး ဟိ) သဘောတူရင်တော့ ဘီစီဒီ ရိုက်မယ်။ ဇတ်လမ်းကရှိပြီ:သား။
သီချင်းနဲ့ ဗီဒီယို ဖိုင်ကတော့ လုပ်မယ်။ ဓတ်ပုံတွေရိုက်ပြီ: ငယ်ငယ်ကပုံတွေ စကန် ဖတ်ပြီ: ပို့ပေးမယ်။
အရမ်းကျေးကျေး ရေငတ်တုန်း ရေသန့်ဘူး Delivery ရောက်လာသလိုပဲ

ခရေဖြူ

Anonymous said...

ဟိုနေ့က သူငယ်ချင်း ဟာပဲကြည့်မိတယ်
မဗေဒါ အမ ဗီစီဒီ ဒီနေ့မှကြည့်ဖြစ်တယ်။ ဒါကို ပိုကြိုက်တယ်။ ဒါပေမယ့် ဘာလို့လဲမသိဘူး ညာဘတ်ချမ်းမာ နဲနဲ ပြတ်နေတယ် အကြီးချဲ့ကြည့်လို့ မရဘူး။ မဗေဒါတို့ ညီအမ ၃ယောက်လုံး ရုပ်တူတာပဲ
အဖြူရောင်လေးတွေ ပြုတ်ကျလာတာလဲ (Effect) ကြိုက်တယ်

ခရေဖြူ

mabaydar said...

အမှန်တော့ ဗွီဒီယိုပေါ် mouse တင်လိုက်ရင် ဘယ်အပေါ်ထောင့်မှာပေါ်လာတဲ့ လင်ခ့်ကိုနှိပ်ပြီး youtube မှာ သွားကြည့်လို့ရတယ်... ဒါပေမဲ့ ခုတော့ ဆိုဒ်ပြန်ချုံ့ပေးလိုက်ပြီဆိုတော့ ရပါပြီ... အဖြူအဖက်လေးတွေကျတဲ့ effect ဆိုတာ ဘာကိုပြောတာလဲ မသိဘူး...