Wednesday, June 08, 2011

မဲပေးကြပါအုံးရှင်...

ချစ်ခင်ရပါသော မဗေဒါ့ စာဖတ်သူများရှင့်...

စာမှန်မှန်မရေးသောကြောင့် အလွန်တရာမှ မျက်နှာပူ အားနာရသော်လည်း.. နာတဲ့ မျက်နှာ နောက်ထားပြီး နောက်ထပ် အကူအညီတောင်းဆိုချင်တာလေးတစ်ခုရှိပါသေးတယ်... မဗေဒါခုလောလောဆယ်မှာ Canon-asia.com က ရုပ်ရှင်ပိုစတာပြိုင်ပွဲလေးတစ်ခုကို ၀င်ရောက်ယှဉ်ပြိုင်ထားပါတယ်... စုစုပေါင်း ပိုစတာ ၃ခုတင်ထားပါတယ်... အားလုံးထဲမှာ ရွှေတိဂုံဘုရားပေါ်က ဖယောင်းတိုင်တွေနဲ့ ရိုက်တဲ့ပုံလေးက ခုဆိုရင် ထိပ်ဆုံးအဆင့်ကနေ တဖြည်းဖြည်းနဲ့ လောလောဆယ်အထိ နံပါတ် ၆ အဆင့်ကို ကျနေပါတယ်... ဖေ့ဘွတ် အကောင့်ရှိတဲ့ မိတ်ဆွေတို့ရဲ့ မဲလိုအပ်နေပါတယ်... ဒီလကုန် ၃၀ရက်နေ့ကျရင် မဲပေးတဲ့ ရက်ကုန်ဆုံးမှာဖြစ်ပါတယ်... ကျေးဇူးပြုပြီး မဗေဒါရဲ့ပိုစတာလေးကို မဲပေးပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုလိုပါတယ်...
မဲပေးပုံ အဆင့်ဆင့်ကတော့...

၁) အောက်ပါလင်ခ့်ကိုသွားပါ...
http://www.canon-asia.com/Legria/contest/gallery.php?id=465
၂) ပိုစတာရဲ့ဘေးမှာ "Vote" ဆိုတဲ့ button လေးကို နှိပ်ပါ...

၃) pop up window တစ်ခုမှာ facebook app ကို allow လုပ်လိုက်ပါ... (log in မ၀င်ရသေးရင် အရင်ဝင်ပြီးမှ allow လုပ်လို့ရပါတယ်)

၎) ပြီးလျှင် စောစောက ပွင့်နေတဲ့ ဓာတ်ပုံကို ပြန်ပိတ်လိုက်ပါ... (Thank you for voting) လို့ပြနေပေမဲ့ အဲဒါ တစ်ကယ်မဗို့ရသေးပါဘူး... အပေါ်က ပေးထားတဲ့လင့်ခ်ကို ပြန်ဖွင့်ပြီး "vote" ကိုပြန်နှိပ်ပါ...

၅) "voted" လို့ပြပြီး မဲအရေအတွက် တက်သွားမှ တကယ် မဲပေးပြီးတာပါ... ကျေးဇူးအများကြီးတင်ပါတယ်... အထက်ပါ လုပ်ရိုးအတိုင်း ကျန် ၂ပုံကိုလဲပေးပေးပါ...

ကျန် ၂ပုံကိုပေးတဲ့အခါမှာတော့ allow ထပ်လုပ်စရာမလိုပါဘူး.. လင်ခ့်ကိုသွားပြီး vote ကို နှိပ်လိုက်ရုံပါပဲ...
http://www.canon-asia.com/Legria/contest/gallery.php?id=460

http://www.canon-asia.com/Legria/contest/gallery.php?id=461

"Share on facebook" ဆိုတဲ့ စာသားလေးကို နှိပ်ပြီးတော့လဲ သင်တို့ရဲ့ ဖေ့ဘွတ် wall မှာ မျှဝေပြီး မဗေဒါကို တဖက်တလှမ်းက မဲရအောင် ကူညီပေးမယ်ဆိုလျှင်လဲ အတိုင်းမသိဝမ်းသာမိမှာပါ... အကြံကုန် ဗေဒါ ပိုစ့်တင်ကာ စာဖတ်သူများကို နားပူနားဆာ ပူဆာလိုက်ပါတယ်....
ကျေးဇူးအထူးတင်ရှိလျက်...
မဗေဒါ..

11 comments :

chocothazin said...

မဗေဒါရေ vote လုပ်လိုက်တယ်း)

mabaydar said...

ကျေးဇူး အများကြီးတင်ပါတယ်ရှင်... အားကိုးပါတယ်...

Unknown said...

Good Luck my friend. 2 vote from me.

PhyoPhyo said...

3 votes from me and share in fb

ချော(အစိမ်းရောင်လွင်ပြင်) said...

ပေးလိုက်ပြီ.. ၃ခုလုံး
ပထမဆုံးပိုစတာလေး အကြိုက်ဆုံးဘဲ..

Anonymous said...

2 votes from me and share in fb to get many votes from my other friends in fact i don´t have many friends:( http.facebook.com.seinnliong.

Good Luck!!!!!!!!!!!
your silent reader

မယ့်ကိုး said...

voted ... 169 :)

sosegado said...

မဲပေးသွားပါတယ်

Anonymous said...

3 Votes from me :) and looking forward your new post too :)

mabaydar said...

ကျေးဇူးအများကြီးတင်ပါတယ်... ခုလို ကျွန်မကို ကူညီကြပြီး ခုထက်ထိလာရောက် လည်ပတ်ဖတ်ရှုနေတဲ့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်... မဗေဒါ ပိုစတာလေးကတော့ ခုဆိုရင် သတ္တမမြောက်နေရာလေးမှာပါ... တချို့လူတွေက အဆင့်မြင့်နည်းပညာတွေနဲ့ လိမ်ပြီး မဲပေးနေကြတယ်ဆိုတာလဲ သိပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ခုလိုမျိုး မဗေဒါကို ကူညီကြတဲ့ ခင်မင်ကြတဲ့သူတွေရှိတယ်ဆိုတာ သိလိုက်ရလို့ မဗေဒါကတော့ ဒီပြိုင်ပွဲ ဆုမရရင်တောင် ကျေနပ်ဝမ်းသာနေမှာပါ...

Thinzar said...

voted! ပထမဆုံးပုံလေး လှလိုက်တာ.. ကျန်တဲ့၂ပုံလဲ ချစ်စရာလေး :)