Wednesday, August 11, 2010

My video of Lee Min Ho departure at Changi Airport

လီမင်ဟို လေဆိပ်တုန်းက မဗေဒါရိုက်ထားတဲ့ ဗွီဒီယို အက်ဒစ်လုပ်ပြီး တင်ချင်လွန်းလို့ ကွန်ပြူတာ ပျက်နေတာကို မနေနိုင်ပဲ တစ်လုံးအသစ်သွားဝယ်လိုက်တယ်... ခုမှပဲ တင်ရတော့တယ်... မဗေဒါက ရိုက်တဲ့သူဆိုတော့ မပါဘူးပေါ့နော်... ဟဲ.. ဟဲ... အဲဒိမှာ သီချင်းလေးတွေရွေးထည့်ထားတယ်... အဲဒိအချိန်က ခံစားချက်လေးတွေနဲ့ အနီးစပ်ဆုံးကိုက်ညီမဲ့ စားသားလေးတွေကို ရွေးထည့်ထားတယ်...
ပထမဆုံးတစ်ပုဒ်ကတော့ လီမင်ဟို နောက်ဆုံးထွက်ထားတဲ့ကား personal taste ထဲက ဇာတ်ဝင်တေးဖြစ်တဲ့ "My Heart is touched"
ဒုတိယတစ်ပုဒ်ကတော့ "Perfect Moment"
တတိယတစ်ပုဒ်က Oh My Lady ကားထဲက ဇာတ်ဝင်တေးဖြစ်တဲ့ "I must be bad" ဆိုတဲ့ သီချင်လေး... အဲဒိ သီချင်းလေးတွေသုံးပြီး ဂျန်ဂမ်ဆပ်ပြန်တုန်းက ဗွီဒီယို အက်ဒစ်လုပ်ချင်တာ ဒါပေမဲ့ အဲဒိနေ့က အလုပ်ရှိတော့ မသွားဖြစ်လိုက်တော့ ခုလီမင်ဟိုနဲ့ ကျမှပဲ သုံးဖြစ်တော့တယ်... သီချင်း စာသားအဓိပ္ပါယ်လေးတွေကိုလဲ အားလုံး နားလည်ရအောင် အောက်မှာ subtitle ထိုးထားတယ်... ကြည့်လိုက်အုံးနော်...

My Perfect moment with Him By Mabaydar




သူများရိုက်ထားတဲ့ ဗွီဒီယိုမှာတော့ နဲနဲဆို နဲနဲလေး ဖြတ်ပြေးရုံလေး ၁ စက္ကန့်လောက်ပါလိုက်တယ်... ကိုယ်တောင် ကိုယ်အဲဒိနေ့က ဘာလုပ်တယ်ဆိုတာ သိလို့ ရှာတွေ့တာ... ဒါပေမဲ့ အလုပ်တူတူလုပ်တဲ့ တရုတ်ကိုပြတော့ မျက်စိလျှင်တယ်ရှင် ၂ခါပြတော့ တွေ့တယ်... နင်ဆံပင်ရှည်နဲ့ပြေးသွားတာ တွေ့လိုက်တယ်တဲ့... 0:33 sec မှာ တစ်ခါ 0:35 မှာ ကျောလေးပါတယ်... ဒါပေမဲ့ ရိုက်တဲ့ ကောင်မလေးက လက်အရမ်းတုန်တော့ ဘာမှတောင် မမြင်ရပါဘူး... မဗေဒါကတော့ အတတ်နိုင်ဆုံးလက်ကို ငြိမ်အောင်ရိုက်တယ်... လက်ငြိမ်ချင်လို့ အသံတောင် တစ်ချက်မထွက်ဘူး.. အော်လိုက်တာနဲ့ ကင်မရာတုန်မှာစိုးလို့... ကဲ အောက်က သူများရိုက်တဲ့ ဗီဒီယိုမှာ မဗေဒါပြောထားတဲ့ အချိန်လေးတွေမှာ တွေ့အောင် ရှာနိုင်ရင် မဗေဒါ ဘာဝတ်ထားလဲ ပြောပါ.. တစ်ချို့သူတွေကတော့ အဖြေသိပြီးသားဖြစ်မှာပါ... (မေးခွန်းက အောက်ပြီးသား)

ဒါသူများရိုက်ထားတဲ့ ဗွီဒီယိုပါ...

5 comments :

ကိုဇော် said...

ဟားဟား တွေ့ပြီ။
အင်္ကျီလေးနဲ့. .ဟိဟိ. .

နေ၀သန် said...

မြင်ပါတယ်.. အင်္ကျီအပြာလေးလိုလို မျက်မှန်လေးနဲ့...း))))


ခင်မင်တဲ့
နေ၀သန်

မာလာ said...

ဗေဒါရိုက်ထားတာ တကယ်ကောင်းတယ်.။ သီချင်းလေးတွေပါထည့်ထားတော့ ပိုကြည့်ကောင်းတာပေါ့..။

လင်းထက် said...

အော် ဗေဒါမ ဗေဒါမ အခြေအနေကတော့ အင်းး ကိုယ့်ခံစားချက်နဲ့ ကိုယ်ဆိုတော့ အပြစ်တော့ မပြောတော့ပါဘူးနော့..။
:)

:P said...

အောက်က ကလစ်က ပိုပြီး အနီးကပ်ပေမယ့် ကြည့်ရတာ မူးတယ်.. လှုပ်နေလို့၊

မဗေဒါရိုက်တာပိုကောင်းတယ်။ သီချင်းနဲ့လည်း လိုက်တယ်။