Sunday, August 08, 2010

Lee Min Ho at Maldives

မဗေဒါလဲ ကိုရီးယားမင်းသားအကြောင်းတွေချည်းပဲရေးလို့ အရည်အသွေးမရှိတဲ့ ပိုစ့်တွေချည်းပဲ တင်တယ်လို့ပဲ ပြောပြော... ကိုရီးယားရူး ရူးနေတယ်လို့ပဲ ဆိုဆို... မရင့်ကျပ်ဘူးလို့ပဲ ခေါ်ခေါ်... လူဆိုတာလဲ ကိုယ့်အကြိုက်နဲ့ကိုယ့်အတွေးနဲ့ကိုယ် ဆိုတော့ကာ... ကိုယ်ကြိုက်တာတွေကို ကိုယ်နဲ့ အကြိုက်ချင်းတူတဲ့သူတွေကို မျှဝေချင်တဲ့ ဆန္ဒလေးကိုတော့ အပြစ်မဆိုစေချင်ဘူးလေ.... မဗေဒါရဲ့ တခြားရသ ဟာသ သုတပေးတဲ့ ပိုစ့်လေးတွေဖတ်ချင်တဲ့ စာဖတ်သူတွေကလဲ ကိုရီးယားမင်းသားအကြောင်းချည်းရေးနေလို့ စိတ်ပျက်နေကြမယ်ဆိုတာလဲ နားလည်လို့ရပါတယ်... ဒါပေမဲ့ တချို့စာတွေကျတော့ ခံစားချက်ရှိမှ ရင်ထဲကလာမှ အထူးသဖြင့် စာရေးချင်စိတ်ရှိမှ ရေးလို့ထွက်တယ်လေ... ဒါပေမဲ့ ကိုရီးယားမင်းသားတွေအကြောင်း... နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းတွဲတွေအကြောင်းကျတော့ မဗေဒါက အမြဲတမ်းဖတ်လိုက် ကြည့်လိုက်လုပ်နေတဲ့သူဆိုတော့ အမြဲတွေ့နေတတ်တယ်... ဒီတော့ တချို့တွေကို မဗေဒါနဲ့ ၀ါသနာတူ ဖြစ်တဲ့ မဗေဒါဘလော့စာဖတ်သူတွေကိုလဲ သိချင်မှာပဲဆိုပြီး ပြောပြဖြစ်တာရှိတယ်... ဒါတောင် မဗေဒါ သိသမျှ တွေ့သမျှ ရေးချင်သမျှ ကိုရီးယားမင်းသားတွေအကြောင်းကို ရေးတာမဟုတ်ဘူးနော်... ကြုံတဲ့သူ မဗေဒါ ကြိုက်တဲ့သူတွေအကြောင်းပဲ ရေးသေးတာ...

မဗေဒါရဲ့ မင်းသားတွေနဲ့ ပတ်သတ်တဲ့ ပိုစ့်တွေကို ကိုယ်မကြိုက် ကိုယ်ဝါသနာမပါလို့ ကိုယ်နဲ့ အမြင်မတူလို့ပဲဖြစ်ဖြစ် ရှိခဲ့မယ်ဆိုရင်လဲ နားလည်ပေးစေလိုပါတယ်... လောကမှာ လူတိုင်းက ဆရာဝန်ကောင်းတယ် ဆရာဝန်ဖြစ်ချင်နေတယ်ဆိုရင် နေထိုင်ဖို့ လျှပ်စစ်ပစ္စည်းတွေတီထွင်ဖို့ အင်ဂျင်နီယာတွေရှိလာမှာ မဟုတ်တော့တဲ့အတွက် တဲပုတ်နဲ့ မီးပုံနဲ့ နေနေရမှာပါ... ဒီတော့ သိစိတ်ထဲကဖြစ်စေ မသိစိတ်ကပဲဖြစ်စေ မင်းသားတွေကို မနာလိုစိတ် အားကျစိတ်နဲ့ မဗေဒါကို မရည်ရွယ်ပဲ မုန်းတီးနေတယ်လို့လဲ မဗေဒါမစွပ်စွဲလိုပါဘူး... ဒါပေမဲ့ သေချာတာတစ်ခုကတော့ မဗေဒါရဲ့ ပိုစ့်လေးတွေမှာ တပါးသူကို ထိခိုက်စော်ကားထားတာ မရှိပါဘူး... ကိုရီးယားမင်းသားတွေကို စိတ်ဝင်စားမဲ့ မြန်မာပရိတ်သတ်တွေအတွက် ကိုယ်တွေ့တဲ့ သတင်းလေးတွေ ကိုယ်စိတ်ဝင်စားတဲ့ အရာလေးတွေကို ဝေမျှတယ်... ကိုယ်ပျော်တာလေးကို ကိုယ့်ဘလော့ပေါ်စာလာဖတ်တဲ့ ၀ါသနာတူတွေကို ပျော်စေချင်တယ်... ဒီသဘောလေးပါပဲ... မဗေဒါရဲ့ မင်းသားနဲ့ ပတ်သတ်တဲ့ ပိုစ့်တွေကို အားပေးနေတဲ့ သူတွေလဲ ရှိပါတယ်... ခုဆို မရည်ရွယ်ပဲ ကိုယ်ဝါသနာအရရေးတဲ့ လီမင်ဟိုပိုစ့်တွေကြောင့် မဗေဒါဘလော့မှာ စာဖတ်သူ အသစ်တွေတောင် ရနေပါပြီ... ကဲပါလေ.... ထားလိုက်ပါတော့ ခုလဲ လီမင်ဟို Meldives မှာ ပျော်နေတဲ့ ဓာတ်ပုံလေးတွေတွေ့လို့ မနေနိုင် မထိုင်နိုင် ဝေမျှချင်စိတ်ဖြစ်လာပြန်ပါတယ်... စိတ်မရှိနဲ့နော်... (မုဒိတာပွားနိုင်ပါစေလို့.. ဟဲ.. ဟဲ.. စတာနော်.. ကိုယ်မဟုတ်ရင် မနာရဘူး... :P)

လီမင်ဟို စကာင်္ပူ fan meeting အပြီးမှာ မိသားစုအပန်ဖြေခရီးအနေနဲ့ India Ocean ထဲက Maldives ဆိုတဲ့ Resort ကို ထွက်သွားပါတယ်... (စိတ်ထင်တော့ Boy over flower ရိုက်တဲ့ ကမ်းခြေပဲလားတော့ မသိဘူး... သိတဲ့သူရှိရင် ကွန်မန့်မှာပြောပြသွားပါနော်)... ကမ်းခြေက တော်တော်လှတယ်... လီမင်ဟိုရဲ့ကျေးဇူးကြောင့် ကမ္ဘာမှာ ကိုယ်မသိတဲ့နေရာတွေတောင် အတော်သိသွားတယ်.... ဒါလဲ ဗဟုသုတ အမြတ်ပဲ... တစ်နေ့နေ့တော့ ပိုက်ဆံစုပြီး အဲဒိနေရာကို အရောက်သွားအုံးမယ်... ဟဲ.. ဟဲ...

သူလဲ အလုပ်တွေ fan တွေနဲ့ အတော်ပင်ပန်းသွားပင်မဲ့ Maldives မှာတော့ ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ ပုံလေးတွေတွေ့ရတော့ သူ့အတွက် ၀မ်းသာမိတယ်... လီမင်ဟိုရဲ့ မြန်မာ Minoz တွေလဲ မဗေဒါလိုပဲ ၀မ်းသာရအောင် ဓာတ်ပုံလေးတွေ မျှဝေလိုက်ပါတယ်.... သူကတော့ သောကြာင်္နေ့က ကိုရီးယားကို ပြန်ရောက်သွားပြီလို့ သတင်းကြားသိရပါတယ်...



Photo Credit to Minoz Thailand facebook

4 comments :

Kiwi said...

Ma Baydar...FYI.."Boys over flower " was shot in New Caledonia..not in maldives..Cheers

နေ၀သန် said...

:)).. ကိုးရီးယားကားကို အဲလောက်မစွဲပေမယ့် မဗေဒါရေးတဲ့ လီမင်ဟိုကိုသွားနှုတ်ဆက်တဲ့ပို့စ်လေးကို သဘောကျမိတယ်.... အဲဒိဟာလေးကို အခြေပြုလို့ ကျွန်တော်ဇာတ်တစ်ပုဒ်လည်းရေးလိုက်မိတယ်.... မဗေဒါချစ်တဲ့ ကိုးရီးယားကားတွေကို အမြဲတမ်းပျော်ရွှင်စွာ ကြည့်ရှုနိုင်ပါစေလို့ ဆန္ဒပြုရင်း...

ခင်မင်တဲ့
နေ၀သန်

The Queen said...

မဗေဒါ ညွန်းချင်တဲ့ ကိုးရီးယား ကားကောင်းလေးတွေ သိချင်ပါတယ်။ပြောပြမယ် မလား ?

မာလာ said...

ဟုတ်တယ်. ဗေဒါရေ.. ဒို့ဆို လီမင်ဟိုကို သဘောကျတဲ့အတွက် ကိုးရီးယားကားတွေ ကြိုက်တဲ့အတွက် အဲဒီအကြောင်းတွေ ရေးတတ်လေ့ရှိတဲ့ ဗေဒါ့ရဲ့ ဘလော့ကို အွန်လိုင်းပေါ်ရောက်တိုင်း ဖွင့်ဖတ်ဖြစ်လေ့ရှိတယ်..။ သိချင်တာလေးတွေ သိရတော့ ရေးတဲ့သူကို ကျေးဇူးတင်နေမိတယ်.။ ဆက်လက်ပြီး အားပေးနေဦးမှာပါ. ဗေဒါ.....