Monday, April 26, 2010

JKS နှင့် ဒုတိယမြောက် ရင်ခုန်သံ (၂)

သူ ဆိုင်းထိုးလို့ပြီးတော့ Emcee ၂ကောင်ဆီ ပြန်ရောက်လာပါတယ်... ဟို ၂ကောင်နဲ့ စကားနည်းနည်းပါးပါးပြောပါတယ်...

Emcee က ခုလို ပရိတ်သတ်က အားပေးတာ ဘယ်လိုခံစားရပါသလဲလို့ မေးတယ်ထင်တယ်... သူတို့ပြောတာက သေချာမကြားရဘူး...
မင်းသားက အင်္ဂလိပ်လိုပဲ ပြန်ဖြေပါတယ်... "ဟုတ်ကဲ့... ကျွန်တော် အရမ်း အရမ်းကို ၀မ်းသာပါတယ်... ခုလိုမျိုး အာရှနိုင်ငံပေါင်းစုံကနေ စကာင်္ပူကိုလာပြီး အားပေးကြတဲ့အတွက်... ထိုင်ဝမ်... ဟောင်ကောင်.. တရုတ်ပြည်... နဲ့ တခြား နိုင်ငံပေါင်းစုံကနေ လာပြီး ကျွန်တော့်ကို အားပေးကြတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်... It was great"

ဒီတော့ Emcee ၂ယောက်က... " မင်းက ငါ့တို့နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို အရောင်းမြှင့်တင်ဖို့ ကူညီလိုက်တဲ့ အတိုင်းပါပဲ" တဲ့...
ဒီတော့ မင်းသားက ရီပါတယ်... ဒါနဲ့ နောက် တစ်ယောက်က...
"မင်းသား ပင်ပန်းနေပြီလား" လို့ မေးပါတယ်... သူ့ရဲ့ စင်းဂလိပ် ကြောင့် မင်းသားက ပထမနားမလည်လို့ ထပ်နားထောင်တော့.. အဲလူက ထပ်ပြီး မေးရပြန်ပါတယ်... "Are you tired?"

ဒီတော့မှ မင်းသားက ... "ဟုတ်ကဲ့.. နည်းနည်းလေးပဲပင်ပန်းပါတယ်... ဒါပေမဲ့ ဒါက ကိစ္စမရှိပါဘူး... " ဆိုပြီး လက်ဟန်လေးနဲ့ ရွှင်ရွှင်ပြပြပဲ ပြန်ဖြေပါတယ်...

နောက် emcee က "Are You Hungry?" လို့မေးတော့... သူက ဗိုက်လေးကို ပွတ်ပြီး ရီပြီးတော့ "Yes.... I am hungry" လို့ပြန်ဖြေပါတယ်... အောက်က ကောင်မလေးတွေက အော်ကြပြန်ပါရော... အော်လဲ အော်ချင်စရာ... မင်းသားက အတော်ချစ်ဖို့ကောင်းနေတာ...

ဒါနဲ့ နောက်တစ်ယောက်က ထပ်မေးတယ်... "ဒီနေ့ညစာအတွက် ဘာစားမှာလဲ?" တဲ့...
မင်းသားက "ကိုရီးယားစာပါပဲ... Some Prawn??... uh... tiger prawn???" စားမယ်တဲ့...
ဒီတော့ အန်မ်စီက... "ပင်လယ်စာတွေကို နှစ်သက်လား"လို့ထပ်မေးပါတယ်...
မင်းသားက "ကြိုက်ပါတယ်ပေါ့..."

နောက်တော့ သူတို့လဲ စင်ပေါ်မှာ ကြောင်တောင်တောင်နဲ့ပါ ... Pro တွေဖြစ်ပြီး အစီအစဉ်ကြေငြာတဲ့သူတွေက မြန်မာပြည်က လူရွှင်တော် မေတ္တာလောက်တောင် အစီအစဉ်ကို အချိတ်ဆက်မိမိမလုပ်တတ်သလိုပဲ... ပြောစရာမရှိတဲ့ စကားကို ရှာပြောနေရသလိုပဲ... အောက်က ပရိတ်သတ်က မင်းသားကို ကြည့်ချင်လို့သာ သည်းခံနေရတာ...

အဲဒိနောက်တော့ သူတို့ Emcee ၂ယောက်နဲ့ ဓာတ်ပုံတွဲရိုက်ပါတယ်... အောက်က ကောင်မလေးတွေက ထပ်အော်ကြပါရော... သူတို့က အလကားရိုက်ရတာလေ... ကိုယ်တွေက ၂၅၀ပေးရိုက်ချင်ပါတယ်ဆိုတောင် အခွင့်ရေးမှ မရတာ... ရိုက်ပြီးတော့မှ Emcee တစ်ယောက်က "မင်းသားကို ကိုရီးယားဘာသာစကားသုံးပြီး မေးစရာရှိပါတယ်.."ဆိုတော့ မင်းသားက မျက်လုံးလေးပင့်ရီပြီ...
"တကယ်? ကိုရီးယားလိုမေးမယ်? ရပါတယ် မေးပါ"
ဒီတော့ အဲဒိလူက သူစောစောက ပရိတ်သတ် ကိုရီးယားမလေးတွေကို မေးထားတဲ့ စကားကို ပြောပါတယ်... အဓိပ္ပါယ်ကတော့ "Am I handsome?" လို့ မေးတာပါ... ဒီတော့ မင်းသားက ရီပြီးတော့ ကိုရီးယားလိုပြန်ဖြေပါတယ်...
"အင်း... ခင်ဗျားက ချောပါတယ်တဲ့.. ဒါပေမဲ့ ကျွန်တော့လောက်တော့ မချောဘူးတဲ့" နောက်မှ စကားပြန်က အင်္ဂလိပ်လိုပြန်ပြောပါတယ်...

နောက် Emcee တစ်ယောက်က ကိုရီးယားလို အဲဒိမေးခွန်းကိုပဲ ထပ်မေးပါတယ်... ဒီတော့မင်းသားက ကိုရီးယားလို ထပ်ပြောပါတယ်...
"ခင်ဗျားလဲ ချောပါတယ်... ခင်ဗျားက သူ့ထက်ချောတယ်" ဆိုပြီး ပထမတစ်ယောက်ကို လက်ညှိုးထိုးပြီးပြောပါတယ်.. နောက် စကားပြန်က ဘာသာပြန်လိုက်တော့ ပထမတစ်ယောက်က ခံရခက်တဲ့ပုံဖြစ်သွားတော့...

မင်းသားက တအားရီပြီး "I'm just kidding... ခင်ဗျားတို့ ၂ယောက်လုံး ချောပါတယ်" လို့ပြောပါတယ်...

ဒါပေမဲ့ ကြည့်ရတာ အဲဒိ Emcee ၂ကောင်လုံးက မင်းသားကို ကြိတ်ပြီးတော့ မနာလိုဖြစ်နေသလိုပဲ ခံစားရပါတယ်... "ဒီကောင်က ဘာမို့လို့ ကောင်မလေးတွေက ဒီလောက်ကြိုက်ရတာလဲ... မျက်နှာက မိန်းမနဲ့တောင် ခက်ဆင်ဆင်" ဆိုပြီး စိတ်ထဲကတောင် ပြစ်မှားနေကြလား မသိပါဘူး... ကြည့်နေရင်တော့ ရီနေကြပင်မဲ့... အဲဒိ Emcee ၂ကောင်စိတ်ထဲမှာ Sincere မဖြစ်ဘူးဆိုတာကို ခံစားလို့ရပါတယ်...

ဒီတော့ သိပ်မချောဘူးလို့ပြောခံလိုက်ရတဲ့ ပထမကောင်က မင်းသားကို ပြောပါတယ်...
"သူကမင်းကို ချောတယ်လို့ပြောမှတော့..." ဆိုတော့...
မင်းသားက အားနာတဲ့ အပြုံးနဲ့.... " NOOO..." လို့ပြောပါတယ်...
ဟိုလူက ဆက်ပြောပါတယ် "ငါတို့က အလောင်းအစားလုပ်ထားခဲ့တာ... မင်းသားကပိုချောတယ်လို့ ပြောခံရတဲ့သူက မင်းသားဆီက အနမ်းတစ်ချက်လက်ခံရမယ်လို့ လောင်းထားခဲ့တာ" လို့ပြောပြီး မင်းသားကို အကျပ်ကိုင်ပါတယ်... အမှန်တော့ မင်းသားကို မင်းက မိန်းမနဲ့ တူတဲ့ကောင်ပါကွာလို့ ပြောလိုက်သလိုပါပဲ... ကျမစိတ်ထဲတော့ အဲလိုခံစားရတယ်... ယောကျာင်္းချင်းနမ်းခိုင်းဖို့ မင်းသားကို လူလယ်ခေါင်မှာတောင်းဆိုတယ်... ငြင်းရလဲ အခက်... လက်ခံရလဲ အခက်... မင်းသားအတွက် ဖြေရခက်မဲ့ အခြေအနေကို သူလို Emcee တစ်ယောက်အနေနဲ့ မပြောသင့်ဘူးလို့ထင်ပါတယ်...

မင်းသားလဲ သူတို့ တောင်းဆိုမှုကို နားလည်ရခက်သွားပုံတောင်ရတယ်... သူနားလည်တာ သေချာအောင် နောက်က စကားပြန်ကို လှည့်မေးပါတယ်... ပြီးလဲ ပြီးရော ရီပြီး "
ok... Kiss my ass" ဆိုပြီး ပြောလိုက်ပါတယ်... အမှန်တော့ Emcee က မင်းသားက Kiss ရမယ်လို့ပြောတာပါ... ဒါပေမဲ့ မင်းသားက နားမလည်ချင်ယောင်ပဲ ဆောင်လိုက်တာလား... တကယ်ပဲ နားမလည်တာလားတော့ မသိပါဘူး... ခုလိုပြန်ပြောလိုက်တာ ဟို စလုံး ဂျေကောင် ၂ကောင်လုံးထိသွားပါတယ်... မင်းသားကလဲ ပြောပြီးမှ အောချရီပြီး... ကျွန်တော် စတာပါ... စတာပါဆိုပြီး ရောချလိုက်ပါတယ်... မင်းသားမျက်နှာကတော့ ဟန်ဆောင်မှုကင်းပြီး ဖြူစင်နေသလိုထင်ရပင်မဲ့... ကျမစိတ်ထင်တော့ သူလဲ စိတ်ထဲကတော့ နဲနဲလေးတင်းလို့ ဒီလိုပြောလိုက်ပြီး... နောက်တာဆိုပြီး ရောချလိုက်ပုံရပါတယ်... ဘယ်လိုပဲဖြစ်ဖြစ်... ခုဆို ဖိုရမ်တွေထဲမှာ မင်းသားရဲ့ ဖြတ်ထိုးဥာဏ်နဲ့ ဖြေလိုက်တဲ့ Kiss MY ASS ဆိုတာလေးကို ကောင်မလေးတွေက ပြောမဆုံးပါပဲ... သူတို့စလုံးမတွေကိုယ်တိုင်က အဲဒိ စလုံး ၂ကောင်ခံလိုက်ရတာကို ကျေနပ်စွာပြောနေကြတာပါ...

အဲလို Kiss My Ass ဆိုပြီးပြောလိုက်တော့ အောက်က ကောင်မလေးတွေက ၀ိုင်းအော်ကြတော့တာပါပဲ... ကျမကတော့ မင်းသားပစ်လိုက်တဲ့ မြှား ဟို၂ကောင်ကို ထိသွားလို့ အတော်သဘောကျခဲ့ပါတယ်... ဒါပေမဲ့ မင်းသားက ချော်လဲရောထိုင်နဲ့ မသိချင်ယောင်ဆောင်ပြီး ပရိတ်သတ် ကောင်မလေးတွေကို "မစိုးရိမ်ပါနဲ့... ကျွန်တော် အခြောက်မဟုတ်ပါဘူး... ကျွန်တော်နောက်တာပါ"လို့ အင်္ဂလိပ်လိုပြောပါတယ်...

ဒီတော့မှပဲ ဟို၂ကောင်လဲ ဒီမင်းသားကို မြန်မြန်ပြန်ပို့မှဆိုပြီး... "ညစာမသွားခင် ဒီအနောက်က ဆိုင်းဘုတ်မှာ အမှတ်တရလက်မှတ်လေး ထိုးပေးခဲ့ဖို့ခွင့်တောင်းပါတယ်" ဒါနဲ့ပဲ မင်းသားလဲ ဆိုင်းထိုးပါတယ်... "To Singapore Lady..." ဆိုပြီး ဆိုင်းမှာ အသဲလေးနဲ့ပါ...

လက်မှတ်ထိုးပြီးတော့ Emcee တွေက မင်းသား ပရိတ်သတ်ကြီးကို ဘာများပြောချင်ပါသေးလဲ... ဆိုတော့...

"ကျွန်တောပြောချင်တာကတော့ ကျေးဇူး အရမ်းအရမ်းကို တင်ပါတယ်... စကာင်္ပူကိုလာတာ ဒါပထမဆုံးအကြိမ်ပါ... ဒါပေမဲ့... ကျွန်တော့်ကို ပရိတ်သတ်တွေ အများကြီးက လေယာဉ်ကွင်းမှာ လာရောက် ကြိုဆို အားပေးကြတာ အရမ်းကို ၀မ်းသာမိပါတယ်... အရမ်းကို အံ့သြလွန်းလို့... ကျွန်တော့ကိုယ်ကျွန်တော်တောင် မယုံနိုင်လောက်အောင်ပါပဲ"

ဒီအခါမှာတော့ သိပ်မချောဘူးပြောခံရတဲ့ Emcee က... "မင်းသားလဲ ပရိတ်သတ်ကြီးကို မမေ့သလို... ဒီပရိတ်သတ်ကြီးကလဲ မင်းသားရဲ့ အကောင်းဆုံး Fan တွေဖြစ်နေမှာပါ" လို့ ပြောပြီး.... မင်းသာလဲ "Ok... Thank you so much... see you tomorrow " ဆိုပြီး... လက်ပြနှုတ်ဆက်ပါတော့တယ်...

အစက မိုးတွေရွာနေတော့ မင်းသားကို အမိုးအောက်ဖြစ်တဲ့ ပရိတ်သတ်အုပ်ကြီးအလယ်ကနေပဲ ခေါ်ဖို့ ပရိတ်သတ်ကို မင်းသားလက်မှတ်ထိုးနေစဉ်ထဲက Emcee တွေက တောင်းဆိုပါတယ်... ပြီးတော့ security တွေက ပရိတ်သတ်ကို ၂ခြမ်းခွဲပြီး သံတန်းတွေကာပါတော့တယ်... ဒီတော့ ကျမနောက်မှာ ရပ်နေတဲ့ ကောင်မလေးတော်တော်များများက အလယ်ကို သွားတိုးကြပါတော့တယ်... ကျမကြည့်လိုက်တော့ ကျပ်ပိတ်သိပ်နေတာနဲ့ နေပါစေတော့.. ငါ့ဟာငါ ရှေ့ဆုံးမှာပဲ နေခဲ့ပြီး ရသလောက်ရိုက်တော့မယ်ဆိုပြီး နေခဲ့ပါတယ်... ဒါပေမဲ့ ဆိုင်းထိုးပွဲမပြီးခင်ပဲ မိုးက စဲသွားတော့ ဘေးက JKS ရဲ့ မန်နေဂျာတွေနဲ့ ပါလာတဲ့ ကိုရီးယားမတွေက security တွေနဲ့ စကားပြောနေတာ ကျမသတိထားမိပါတယ်... သူတို့ပြောတာ မကြားရပေမဲ့... လက်ဟန်ခြေဟန်တွေက... ခုအလယ်မှာလူတွေပြုံနေပြီ... မိုးလဲစဲပြီဆိုတော့ မင်းသားကို ဘေးကပဲ ထုတ်မယ်ဆိုပြီးပြောနေတာပါ... ဒီတော့ ကျမလဲ ကျမရပ်နေတဲ့နေရာမှာပဲ အေးဆေးရပ်နေလိုက်ပါတယ်...

တကယ်လဲ မင်းသားလက်မှတ်ထိုးပြီးတော့ ပြန်တော့... အလယ်မှာစောင့်နေတဲ့သူတွေ ညာခံလိုက်ရပါတယ်... အလယ်ကမထွက်ပဲ မင်းသားကို security တွေက ဘေးက ပထုတ်သွားပါတယ်... ဒါပေမဲ့ မဗေဒါကံဆိုးချင်တော့ မဗေဒါဘက်ကမဟုတ်ပဲ... တစ်ခြားတစ်ဖက်ကနေ ထုတ်သွားတာပါ... ဒီလိုနဲ့ပဲ လိုက်မနေတော့ပဲ... သူလက်မှတ်ထိုးသွားတဲ့ စင်နဲ့ပဲ ဓာတ်ပုံရိုက်တော့မယ်ဆိုပြီးနေခဲ့ပါတယ်... ပွဲခင်းထဲမှာ လူတွေလျော့သွားတော့မှ ကိုယ့်အသိ မြန်မာကောင်မလေးတွေကိုတောင် ထပ်တွေ့လိုက်ပါသေးတယ်... မဗေဒါအသိ ကောင်မလေးတစ်ယောက်ကတော့ နောက်ကျလို့ မင်းသားပြန်သွားမှပဲ ရောက်လာပါတော့တယ်... သူရောက်တဲ့ အချိန်မှာ garden plaza ရဲ့ ၀င်ပေါက်ကို ပိတ်ထားလို့ ၀င်လို့မရဖြစ်ခဲ့ပါတယ်တဲ့... ၀မ်းသာစရာတစ်ခုကတော့... အားလုံးက ဟောဒီ မဗေဒါဘလော့ပေါ်က Information ကြောင့် ရောက်လာကြတာပါပဲ...

သူတို့တွေ မဗေဒါဘလော့ကို ဖတ်နေမှန်းတောင် မသိပါဘူး... ဘာပဲပြောပြော JKS ကို ကြောင့် မတွေ့ဖြစ်တဲ့ သူတွေနဲ့ တွေ့ဖြစ်လိုက်တာကိုပဲ ကြံဖန် ကျေးဇူးတင်လိုက်ချင်သေးတယ်... ဒါပေမဲ့ အတွေးထဲရောက်လာတာတစ်ခုကလဲ... "အော်... ငါ့ဘလော့ကို ပုံမှန်ဖတ်တဲ့သူတွေထဲမှာ ငါနဲ့ အပြင်မှာ မသိတဲ့သူများရှိရဲ့လားမသိဘူး" လို့တွေးမိတယ်... ကိုယ့်ကိုသိတဲ့ သူငယ်ချင်းတွေကတော့ ကိုယ့်ဘလော့ပေါ်ကနေ ကိုယ့်အကြောင်းတွေကို သိနိုင်လို့ လာဖတ်ကြတယ်... မသိတဲ့သူတွေကတော့ ဘယ်လာမလဲ...ငါဘလော့က မသိတဲ့လူတွေပုံမှန်အားပေးရလောက်အောင် အရည်အသွေးမကောင်းဘူးထင်ပါတယ်... ကိုယ့်ကိုကိုယ်လဲသိပါတယ်... ကိုယ်က ရေးလိုက် မရေးလိုက်နဲ့ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေတော့ အားလဲနာပါတယ်... ဒီတော့လဲ ကျေနပ်ပါတယ်... ကဲ ကဲ... IMM Mall fan sign Part 2 video လေးကို ကြည့်လိုက်ပါအုံး...

4 comments :

ကိုဇော် said...

သူ့ အပြုံးက ငါ့လောက် နီးနီးပါပဲလား...ဟိ..ဟိ..

Anonymous said...

ဟို ၂ ယောက်က မင်းသားနဲ့ လုံးဝယှဉ်လို့မရတာ အသိသာကြီး..။ Emcee ဆိုလဲ ကိုယ့်အလုပ်ကိုယ်လုပ်ပေါ့ ... ဘာလို့ J ၀င်နေလဲမသိဘူးနော်..။ Professional မဆန်ဘူး..။ စလုံးတွေတော်တော်များများ J ၀င်တတ်တာများတာ သတိထားမိတယ်..။

မယ့်ကိုး said...

ညီမလေး အစ်မက သူ့ကို you're beautiful မှာရော ဟိုတစ်ခါ ကလေးအဖေလုပ်တဲ့ကားမှာရော ကြည့်ဖူးပေမယ့် လက်ခံလို့ရတဲ့ မင်းသား နှစ်သက်ရုံလောက်ပဲ ရှိခဲ့ပါတယ်။

ဒါပေမယ့် ညီမလေးရေးထားတဲ့စာတွေ ဗီဒီယိုတွေကြည့်ပြီး သူဥာဏ်ရည်ထက်မြက်တာ အင်္ဂလိပ်စကားပြောတော်တာ(ကိုရီးယားတစ်ယောက်အနေနဲ့) စိတ်ထားကြည်လင်တာ စိတ်ရှည်တာ အနုပညာသမားပီသတာတွေပါ တွေ့လိုက်ရလို့ သဘောကျနှစ်သက်မိပါတယ်။

ညီမလေးက ကိုယ်လုပ်ချင်တာကို ရဲ့ဝံ့စွာလုပ်ဆောင်ပြီး သူတပါးကိုလည်း သိမ်းသွင်းဆွဲဆောင်နိုင်စွမ်းရှိပါတယ်။

ဒီလိုနဲ့ ဘဝမှာ ညီမလေးဖြစ်လိုတဲ့အတိုင်း ပုံဖော်သလို အောင်မြင်လာမယ်လို့ အစ်မယုံပါတယ်။

=)

mabaydar said...

ခုလို အားပေးစကားပြောသွားတဲ့အတွက် ကျေးဇူးတင်ပါတယ် မမယ်ကိုးရေ... တစ်ခါတစ်လေကျတော့ ကိုယ်လုပ်ချင်တာကို လုပ်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု သိပ်မရှိဘူးဖြစ်နေတတ်တယ်...

ကိုယ်လုပ်ချင်တာကို လုပ်ရဖို့ကလဲ ကံတရားက အခွင့်အရေးပေးအုံးမှ လုပ်ချင်နေယုံနဲ့ မရဘူးလေ...