Tuesday, April 27, 2010

JKS press conference with Mediacorp and 1003FM

သူ့ရဲ့ ၂၃ရက် ၄လ ၂၀၁၀ Fan Signing Event အပြီးမှာတော့ မင်းသားပြောသွားတဲအတိုင်း Telok Ayer Road မှာရှိတဲ့ Manna ကိုရီးယားစားသောက်ဆိုင်မှာ (မင်းသားကတော့ ကိုရီးယားဆိုင်မှာ ပုဇွန်စားမယ်ပဲ ပြောသွားတာပါ.. ဒါပေမဲ့ မင်းသားနောက်ကို Stalk နေကြတဲ့ fan တစ်ချို့ ၀က်ဆိုဒ်ပေါ်မှာ ပြန်ပြောလို့ စားသောက်ဆိုင်နာမည်ကို သိတာပါ) စားပြီးတော့ ဟိုတယ်ကိုပြန် အ၀တ်အစားလဲပြီး နောက်ထပ်တစ်ကြိမ် Press Conference လုပ်ဖို့ ထပ်ထွက်ရပြန်ပါတယ်... ဒါကတော့ သူဟိုတယ်က ပြန်ထွက်လာတဲ့ ပုံကို သူ့နောက်တစ်ကောက်ကောက်လိုက်နေတဲ့ fan က ရိုက်ထားတာပါ...



အောက်မှာ ဖော်ပြပေးတဲ့ ဗွီဒီယိုမှာ ကိုရီးယားလိုပြောပြီးဖြေတာက MediaCorp ကိုဖြေတယ်လို့ထင်ပါတယ်... အင်္ဂလိပ်လိုဖြေတာကတော့ 1003FM က DJ မေးတဲ့ အင်တာဗျူးပါ... တစ်ခြားဘယ် ကိုရီးယားမင်းသားမှ သူ့လောက် Fan တွေနဲ့ ဖော်ဖော်ရွေရွေ အနီးကပ်နေတဲ့သူမရှိသလို အင်္ဂလိပ်လိုကြိုးစားပြောပြီး ဖြေတဲ့ ကိုရီးယားမင်းသားလဲ မရှိသေးပါဘူး... သူအင်္ဂလိပ်လိုပြောလိုက်ခြင်းအားဖြင့် သူပြောတဲ့ စကားကို ကိုယ်တိုက်ရိုက်နားလည်တဲ့ ခံစားမှုဟာ သူနဲ့ ပိုရင်းနှီးသွားတယ်လို့ ခံစားရပါတယ်... တစ်ခါတစ်လေ သူဆိုလိုချင်တာကို ထိထိမိမိပြောဖို့ စကားလုံးရှာမတွေ့တဲ့ အခါမှသာ သူကိုရီးယားလိုပြောပါတယ်... ကျမပြောတာ 1003FM အင်တာဗျူးကိုပြောတာပါ... သူ အင်္ဂလိပ်လိုပြောရတာကို စိတ်ဖိစီးမှန်း သူ ကိုရီးယားလိုပြောပြီးဖြေနေတဲ့အချိန်မှာ ဖြစ်နေတဲ့ သူ့မျက်နှာနဲ့ အင်္ဂလိပ်လိုပြောနေတဲ့ အချိန်မှာဖြစ်နေတဲ့ သူ့မျက်နှာကို သေချာကြည့်ရင် သိနိုင်ပါတယ်... ဒါပေမဲ့ သူ့ International fan တွေအတွက် သူ အတတ်နိုင်ဆုံးကြိုးစားခဲ့တဲ့အတွက် အချစ်ပိုရပြန်ပါတယ်...



အင်တာဗျူးကို ကြည့်လို့ မရတဲ့ သူတွေအတွက် စာနဲ့ ရေးပြပါ့မယ်... ဗွီဒီယိုက MediaCorp က အက်ဒစ်လုပ်ထားတာပါ... 1003FM နဲ့ အင်တာဗျူးအစအဆုံးလဲရှိပါတယ်... အဲဒိမှာ အင်တာဗျူရာ အပြောမှားလို့ မင်းသားရဲ့ အင်္ဂလိပ်ကို လှောင်သလိုဖြစ်သွားလို့ (အမှန် ကျမစိတ်ထင်လဲ သူ လှောင်လိုက်တာပါ... ) Fan girl တွေက အဲဒိ DJ ကောင်ကို အတော်လေး ပစ်တင်ဝေဖန်ခဲ့ပါသေးတယ်... အဲဒိအကြောင်းကို နောက်ပိုစ့်တစ်ပုဒ်မှာတင်ပါ့မယ်... ခုတော့ အင်တာဗျူး အနှစ်လေးကိုပဲ ဝေမျှလိုက်ပါတယ်...

"မင်္ဂလာပါ စကာင်္ပူ... ကျွန်တော်ကတော့ ကိုရီးယားက ဂျန်ဂမ်ဆွတ် ဖြစ်ပါတယ်... တွေ့ရတာ ၀မ်းသာပါတယ်... တကယ်တော့ ခုတစ်ခေါက်က စကာင်္ပူကို ပထမဆုံးရောက်ဖူးတာပါပဲ... ဒီကို တစ်ခါမှ မရောက်ဖူးပေမဲ့ မနေ့က လေဆိပ်မှာ ပရိတ်သတ်တွေ အများကြီးလာကြိုတာတွေ့တော့ ကျွန်တော့ တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ... အခုထက်ထိတောင် ကိုယ့်ကိုကိုယ် မယုံနိုင်သေးပါဘူး... " ဆိုပြီး တကယ်ကိုပဲ အံ့သြ၀မ်းသာနေတဲ့ ပုံနဲ့ ပြောကြားသွားပါတယ်... အမြဲတမ်း သူ့ကိုယ်သူ နှိမ်ချပြီးပြောတတ်တာကလဲ ပရိတ်သတ်ချစ်မဲ့ အပြောအဆိုတစ်ခုပါပဲ... ဒါပေမဲ့ သူ့ပုံစံက တမင်လုပ်ပြောနေသလိုမဟုတ်ပါဘူး... သူတကယ်ကို မထင်ထားခဲ့တာပါ... ဘာလို့လဲဆိုတော့ သူအဲဒိစကားကို fan meeting မှာလဲ ပရိတ်သတ်တွေကို ပြောပါတယ်... ပြီးတော့ လေယာဉ်ကွင်းမှာ ကိုယ်ကိုတိုင် သူပျော်နေတဲ့ မျက်နှာလေးကို မြင်ခဲ့ရတော့ သူ့စိတ်ထဲမှာ Singapore မှာတော့ သူနာမည်သိပ်မကြီးလောက်ဖူးထင်ထားပုံရပါတယ်...

မေး ။ ။ အရင်က ကလေးသရုပ်ဆောင်အဖြစ်စခဲ့တယ်... ခုလဲ သရုပ်ဆောင်ပဲလုပ်တယ်... တခြားအနုပညာလုပ်ငန်းတွေဘာတွေလုပ်ဖို့ စိတ်ကူးရှိပါသေးလဲ?

JKS။ ။ ငယ်ငယ်တုန်းကတော့ ကျွန်တော်ဖြစ်ချင်ခဲ့တာတွေ တော်တော်များပါတယ်... တစ်ခါတစ်လေ ဆရာဝန်ဖြစ်ချင်တယ်... တစ်ခါတစ်လေ Automobile Engineer ဖြစ်ချင်တယ်... တစ်ခါတစ်လေဆို စားသောက်ဆိုင်ပိုင်ရှင်တောင်ဖြစ်ချင်ခဲ့ပါတယ်... ဒါပေမဲ့ ဘယ်တော့မှ မပြောင်းလဲပဲဖြစ်ချင်ခဲ့တာတော့ သရုပ်ဆောင်ပါ... အဲဒါကြောင့် ဒီအိပ်မက်ကို အကောင်ထည်ဖော်ဖို့ ကျွန်တော် အမြဲတမ်း ကြိုးစားခဲ့ပါတယ်...

မေး။ ။ ရည်မှန်းချက်က ဘာပါလဲ...
JKS။ ။ ကျွန်တော့ရည်မှန်းချက်ကတော့ အနာဂတ်မှာ အာရှ အကောင်းဆုံး No.1 မင်းသားဖြစ်ချင်ပါတယ်... (မေးတဲ့လူက အဲဒိစကားကို ထပ်ပြောတော့ မင်းသားက ရီပြီး ပြန်ပြောပါတယ်) ဒါ ကျွန်တော် ဖြစ်ချင်တာကိုပဲ ပြောတာပါ...

မေး။ ။ အာရှ No. 1 ဖြစ်ဖို့ ဘယ်လို လူမျိုးတွေကို စံထားပါသလဲ... (ဘယ်သူတွေကို ဖြတ်ကျော်ရမယ်လို့ထင်ပါသလဲ)
JKS။ ။ ခု ကိုရီးယားမှာဆိုရင်တော့ Rain ပါ... သူက သီချင်းလဲ ဆိုနိုင်တယ် သရုပ်လဲဆောင်နိုင်တယ်... လိုင်းစုံရပါတယ်... (full version of 1003FM မှာ သူအဲလိုဖြေပါတယ်)... ဂျပန်မှာတော့ Kimura Takuya ... ထိုင်ဝမ်နဲ့ တရုတ်ပြည်မှာတော့ Jay Chou... ကျွန်တော် သူ့ကားတွေ ကြိုက်ပါတယ်...

မေး။ ။ မင်းသားရဲ့ ခါးဆိုဒ်က ဘယ်လောက်ပါလဲ...

JKS။ ။ ခု ကျွန်တော် နောက်ရိုက်မဲ့ ကားအတွက် ၀ိတ်ချနေရပါတယ်... ခုလောလောဆယ် ကျွန်တော့ခါးဆိုဒ်က ၂၇ လက်မပါ... (လူတွေအားလုံး wow ဆိုပြီး အံ့သြကြပါတယ်... မင်းသားက ရီပြီး ဆက်ပြောပါတယ်) ဒါပေမဲ့ ကျွန်တော် ဒိထက် ဆက်ပြီး ချရအုံး... ကျွန်တော့ကိုယ်အလေးချိန်ကို ၆ ကီလိုဂရမ် ချရမှာပါ... နောက်ထပ် ၃ကီလို ကျဖို့ လိုပါသေးတယ်... (interview အပြည့်အစုံတွင် ဆက်ပြောပါသည်) ကျွန်တော့ ဇာတ်ကောင်က ဘဲလေးကတဲ့သူပါ... အဲဒါကြောင့် အဲဒိအလေးချိန်ထိချရမှာပါ...

မေး။ ။ ကိုယ်အလေးချိန်ချဖို့ မင်းသားအတွက် ခက်ပါသလား...
JKS။ ။ မခက်ပါဘူး... ကျွန်တော်က ၀ိတ်အတက်အကျ အရမ်းလွယ်ပါတယ်... အဲဒါကြောင့် ကျွန်တော့အတွက်တော့ ခက်ခဲတဲ့ ပြဿနာမဟုတ်ပါဘူး... ၀ိတ်ပြန်တက်ချင်ရင်လဲ ကျွန်တော့အတွက်က အတော်လေးလွယ်ပါတယ်... ခုဆို ကျွန်တော် ၀ိတ်ချနေတာ ၁လ ရှိပါပြီ... ၄ ၊ ၅ ကီလိုလောက်ကျသွားပါတယ်...

မေး။ ။ ကိုယ့်ကိုကိုယ် ပိန်နေတာကို နှစ်သက်ပါသလား...
JKS။ ။ ကားရိုက်မရှိတဲ့ အချိန်တွေမှာတော့ ကျွန်တော့ ၀ိတ်ကို သိပ်မထိမ်းပါဘူး... ကျွန်တော် စားချင်တာ စားတာပါပဲ... ကျွန်တော့ ဘ၀မှာ ပျော်ရွှင်မှု အပေးနိုင်ဆုံးကတော့ ကျွန်တော်ကြိုက်တဲ့ အစားအသောက်တွေကို ရှာဖွေစားသောက်နေရတာပါပဲ... ပြီးခဲ့တဲ့လကစပြီးတော့ ကျွန်တော့ အသီးအနှံပဲ စားဖြစ်ပါတယ်... စကာင်္ပူရောက်ပြီးမှ ကယ်လိုရီအများဆုံး စားတာဆိုလို့ ပုဇွန် pancake ပဲရှိပါသေးတယ်... tiger Prawn လဲ စားချင်ပါသေးတယ်...

မေး။ ။ ခုတစ်လော ဘာတွေ အလုပ်များနေပြီး နောက်ထပ် ဘာတွေများ စီစဉ်ထားတာ ရှိပါသေးလဲ...
JKS။ ။ You're Beautiful ကားရိုက်အပြီးမှာတော့ ကျွန်တော် ခရီးတွေထွက်ဖြစ်တာများပါတယ်... ပရိတ်သတ်တွေနဲ့ တွေ့ဖို့ Asia Tour ကို ဖေဖော်ဝါရီထဲက စခဲ့ပြီးတော့ နိုင်ငံအမျိုးမျိုးမှာ သွားရောက် ဖျော်ဖြေခဲ့ပါတယ်... အမှန်အတိုင်းဆိုရင်တော့ ကျွန်တော့ကို You're beautiful ကားထဲက Hwan Tae Kyaung ဆိုတဲ့ ဇာတ်ကောင်ကို အမြန်ဆုံး ဖယ်ရှားပြစ်လိုက်ချင်တာပဲ (လူတော်တော်များများက သူ့ကို Hwan Tae Kyaung လို ဇာတ်ကောင်ပဲ မြင်နေကြလို့ တခြားဇာတ်ကောင်စရိုက်ကိုလဲ ပြသချင်တယ်လို့ ပြောတဲ့ သဘောပါ)... နောက်လကနေစပြီးတော့ ကျွန်တော့်ရဲ့ ရုပ်ရှင်ကားသစ်ဖြစ်တဲ့ "You're my pet" ထဲမှာ ပါတဲ့ ဇာတ်ကောင် အတွက် စတင်ပြီး ပြင်ဆင်ရတော့မှာပါ...

မေး။ ။ တကယ်လို့ မင်းသားက Pet ဖြစ်ရမယ်ဆိုရင် ဘယ်လို Pet မျိုး ဖြစ်ချင်ပါသလဲ...
JKS။ ။ တကယ်လို့ Pet ဖြစ်ရမယ်ဆိုရင် ကျွန်တော်က ယုန်ဖြစ်ချင်ပါတယ်... ဘာလို့လဲဆိုတော့ ကျွန်တော်က ယုန်နှစ်မှာမွေးလို့ပါ... ယုန်လေးတွေက မြက်ပဲစားတော့ သူတို့လေးတွေက ၀ိတ်ချစရာမလိုဘူးလေ...

လူတွေက ရယ်တော့ မင်းသားက ခပ်မြူးမြူးလေးပဲ ပြုံးပြပါတယ်... (မင်းသားလဲ တကယ်တော့ ၀ိတ်ချရတာကို စိတ်ညစ်ပုံရတယ်)
1003radio FM နဲ့ အင်တာဗြူး အရှည်ရှိပါသေးတယ်... ဒါပေမဲ့ ဒီဟာလေးက အတိုနဲ့ ထိထိမိမိရှိလို့ ဒါလေးပဲ ဘာသာပြန်လိုက်ပါတယ်... 

P.S... ခုရိုက်မဲ့ You are my Pet ဇာတ်လမ်းဟာ ဂျပန်ဇာတ်လမ်းတွဲ Kimi wa Petto ကို ဇာတ်လမ်းကို ပြုပြင်ပြီး ပြန်ရိုက်မှာပါ... ကိုရီးယားကတော့ ဇာတ်လမ်းတွဲမဟုတ်ပဲ ရုပ်ရှင်အနေနဲ့ပဲ ရိုက်မှာပါ... ထိုကားကို အစက Boy before flower ထဲက ဒုတိယမင်းသာ Kim Hyung Joon နဲ့ ရိုက်ဖို့ သတင်းထွက်ပြီးမှ ခု JKS နဲ့ ရိုက်ဖို့ သေချာသွားတာပါ... မင်းသမီးကတော့ ခုထက်ထိ မဆုံးဖြတ်ရသေးပါဘူး... မင်းသမီးဇာတ်ကောင်ဟာ ဇာတ်လမ်းအရ မင်းသားထက် အသက်ကြီးပြီး အရပ်လဲ မြင့်ရပါမယ်... JKS က ၁၈၂ စင်တီမီတာရှိတယ်ဆိုတော့ သူ့ထက်ရှည်တဲ့ မင်းသမီးရှာဖို့ကတော့ နည်းနည်းခက်ပါမယ်...

7 comments :

စန္ဒကူး said...

အရမ်းချစ်ဖို့ကောင်းတယ်နော်...
မမဗေဒါရင်ခုန်တာထက် ဒီမှာဖတ်ရတဲ့သူက ပိုရင်ခုန်နေတယ်။ သူ ယုန်ချစ်တာရော.. သူ့အရပ်ရော.. ကူးနဲ့တူတယ်..ဟိဟိ။။

ကိုယ့်ဘာသာကိုယ်နှိုင်းပီးဝင်ပျော်လိုက်ပီ။

Vista said...

မိန်းကလေးလို့ ပဲထင်နေတယ် ဟိဟိ
ကိုယ်ကကျတော့ အဲလိုမိန်းမချောချောတဲ့ကောင်လေးတွေဆို သားလေး ၊မောင်လေးလို့ ထင်တတ်တယ်။

mabaydar said...

အင်း... လူဆိုတာတော့ အကြိုက်ချင်းဘယ်တူမလဲ... အကြိုက်ချင်းတူနေရင် လောကမှာ အဝေဘယ်တည့်တော့မလဲနော်... မဗေဒါကတော့ အဲလိုပုံမလေးမျိုးတွေမှ ကြိုက်တာ...

naychi said...

ကြိုက်သထက် ပိုပိုကြိုက်သွားပြီ *_*

သတင်းတွေအတွက် ကျေးဇူး မဗေဒါ

SZA said...

မဗေဒါလုပ်တာနဲ့သူ့ကိုပိုကြိုက်လာပြီ.. အမှန်တော့ ကြိုက်တဲ့သူတွေကလဲ တော်တော်ကိုများတယ်..သူပြောတဲ့ takuya kimura ကိုလဲ သိပ်ကြိုက်တယ်..

Anonymous said...

"You're my pet" ကို Kim Hyun Joong နဲ့ သတင်းထွက်တာ ဖတ်လိုက်ရတယ်... ကိုယ်လည်း double S ဘယ်တော့စလုံးလာမလဲဆိုပြီး မျှော်နေတာ...

JKS လို အင်္ဂလိပ် စကားပြောနိုင်တဲ့ ကိုရီးယားမင်းသားကတော့ တကယ်ရှားပါတယ်...သူ့ရဲ့ fan service တခုပေါ့...

စလုံး DJ တွေကိုတော့ မုန်းတယ်..သူတို့ရဲ့ မနာလိုစိတ်က ပိုပိုပြီးသိသာလာတယ်...

Vista said...

စလုံးကောင်တွေနဲ့ တော့မယှဉ်ပါနဲ့ ... စိတ်ပျက်စရာရုပ်တွေနဲ့ များ....။
စလုံးမှာဆိုဘယ်မင်းသားမင်းသမီးလှလှရှိလို့ လည်း။