Thursday, April 22, 2010

ဂျန်ဂမ်ဆွတ် Flight detail & FM Event in SG

ခက်ရခက်စစ် ဒီရက်ပိုင်း ၀က်ဆိုဒ်ပေါင်းစုံ ဖိုရမ်ပေါင်းစုံဝင်ပြီး ရထားတဲ့သတင်းလေးကို ကိုယ်နဲ့ ၀ါသနာတူ ညီအစ်မတွေအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်... မဗေဒါကတော့ ဒီတစ်ခေါက်မသွားလိုက်ရင် စိတ်ထဲ ဇနိုး ဇနောင့်နဲ့ နောင်တရနေမှာ သေချာတဲ့အတွက်... သွားဖြစ်အောင်ကို သွားလိုက်ပါအုံးမယ်... ကဲ စကားရှည်မနေတော့ပါဘူး... အဓိက အကြောင်းလေးပဲ ပြောတာပေါ့...

Jang Keun Suk's flight details in Singapore:

Arrival:KE641
22 Apr 2010(Thu)9.20pm

Departure:KE642 25 Apr 2010 (Sunday)10.50pm

ဒါတင်ဘယ်ကအုံးမလဲ... ၂၃ ရက်နေ့ကျရင် IMM Mall မှာ fan Sign ရှိတယ်... VIP ticket ကို ၂၅၀ နဲ့ ၀ယ်လို့ ရခဲ့တဲ့ ကံထူးရှင်တွေကတော့ သူလေးနားကပ်ပြီး ဓာတ်ပုံရိုက်ခွင့်ရမယ်... ကျန်တဲ့သူတွေကတော့ သူလေးကို ကြည့်လို့ရမဲ့ Free Event ဖြစ်တယ်... ဒီတော့ မလွတ်စေနဲ့နော်...

Fan Sign
23rd April, 5:30pm at IMM Garden Plaza (3rd Level)

ဟောဒါကတော့ သူလေးရဲ့ စကာင်္ပူ
Fan meeting ၁၆၈နဲ့ ၀ယ်ထားတဲ့ ကိုယ်တို့လက်မှတ်....
24th April, 6pm at Rock Auditorium (Suntec)

သူပြန်တဲ့နေ့တော့ လေယဉ်ကွင်းမသွားတော့ဘူး... ကျောခိုင်းထွက်သွားမှာကို မကြည့်ချင်လို့... ကျန်တဲ့ ၃ရက်တော့ သွားမယ်... လေယဉ်ကွင်းရယ်... IMM ရယ်... FM ရယ်... လီမင်ဟိုတုန်းကလို လူများလွန်းလို့ Event cancel ဖြစ်သွားတာတော့ ဖြစ်မယ်မထင်ဘူး... ဘာလို့လဲဆိုတော့ သူလေးပွဲက ပိုက်ဆံယူထားတယ်... ဖြစ်ကို ဖြစ်ရမယ်... လူတော့ အသေတိုးရမှာ သေချာတယ်... ဘာတွေဖြစ်မလဲမသိပင်မဲ့ အတွေ့အကြုံသစ်ပေါ့... ဒါမျိုးတွေ့ကြုံချင်လို့ စကာင်္ပူလာတာဆိုတော့ ဖြစ်အောင်တော့လုပ်မယ်... တွေ့တာ မတွေ့တာထက် ကိုယ်သွားတာက အဓိက...

သူလေးမသိပင်မဲ့ သူလေးကို ပေးချင်တဲ့ ကတိတွေ...
သူလေးကို တွေ့ရင် အော်လဲမအော်ဘူး (သူလေး နားညဉ်းပြီး စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးလို့)
သူလေးကို လက်လှမ်းပေးပြီး ထိဖို့ကြိုးစားတာတို့ မတော်တဆ သူလေးအနားလာကပ်လို့ လက်နဲ့ ဆွဲထားတာတို့ လုံးဝမလုပ်ဘူး (သူလေး အထင်သေးပြီး ကိုယ့်ကို မုန်းမှာစိုးလို့ သူလေး ကိုယ့်ကို သတိမထားမိချင်နေပါစေ.. ကိုယိ့ကို မနှစ်မြို့တာတော့ မခံစားနိုင်ပါဘူး...)...
သူလေးကို ကြည့်ပြီး မျက်ရည်တွေကျ ငိုယိုပြီး မူးမေ့လဲတာလဲ မလုပ်ဘူး (မျက်ရည်တွေနဲ့ အမြင်ေ၀၀ါးပြိး ကြည်ကြည်လင်လင် မမြင်ရမှာစိုးလို့... မေ့လဲသွားရင် ၁၆၈အလကားဖြစ်မှာစိုးလို့)...
သူလေးကို မြင်သာတဲ့ တနေရာကနေပဲ အေးအေးဆေးဆေးလေး ဗွီဒီယိုရိုက်နေချင်တယ်... အဲဒိ ဆန္ဒလေး ပြည့်ရရင်တော်ပါပြီ သူရယ်...

မိုးနတ်မင်းကြီးရယ် ၂၅နှစ်ပြည့်မိန်းမတစ်ယောက်ရဲ့ ရူးသွပ်မှုကို မစပါ... ငယ်ငယ်က စာပဲကျက်နေရတာရော ပိုက်ဆံမရှိတာရော... ခုမှပဲ ကိုယ်ရူးချင်တာ ရုးခွင့်ရလို့ပါ... (ကလေးတွေနဲ့ သွားတိုးနေရမှာတော့ ရှက်ပါတယ်... တော်သေးတယ်... ၀က်ဆိုဒ်ပေါ်က တချို့ Fan တွေက ကိုယ့်ထက် အသက်အများကြီး ကြီးတာတွေတောင် ရှိသေးတယ်)

8 comments :

ကိုဇော် said...

အေးပါကွာ..တိုးပါ..
ထိချင်လည်း ထိပါ..
ငိုချင်ရင်လည်း ချော့ဆို ချော့ပါ့မယ်. . .
တတူတူ တော့ လုပ်နေပါနဲ့....
ရထားကြီးနဲ့ တူလာလို့...ဟဲဟဲ..

စန္ဒကူး said...

photo ရိုက်လာခဲ့နော်..း))

mabaydar said...

ဟုတ် စန္ဒကူး ... ရိုက်ခဲ့မယ်... လူပိပြီး အကျိုးအကန်းမဖြစ်ဖို့လိုတယ်... သူ့ကို တွေ့ရပါစေအုံး... FM က ၁၆၈ ပေးရပြီး ဓာတ်ပုံ ဗွီဒီယို ရိုက်ခွင့်မပေးဘူးတဲ့... အဲဒါညစ်နေတယ်...

ကိုဇော်... သူလေးပါ... တူလေးဟုတ်ပါဘူး... သူလေးမှ သူလေး... ငှဲ.. ငှဲ...

နွေးနေခြည် said...

အားပေးတယ်... ပြန်လာရင်လည်း အတွေ့အကြုံ ရေးဦးနော်... (အကောင်းပကတိ အတိုင်း ပြန်လာခွင့်ရပါစေ... ဟိ)

"မေ့လဲသွားရင် ၁၆၈အလကားဖြစ်မှာစိုးလို့" မှန်လိုက်လေ..း)))

SZA said...

လေယာဉ်ကွင်းကပုံလေးတွေ ဓါတ်ပုံတွေ ဗီဒီယိုတွေရိုက်ခဲ့နော်..တော်မီတော့ မသွားတော့ပါဘူး..

Vista said...

ဒီလို ပိတ်သက်တွေရှိလို့ လည်း ဓါတ်ရှင်မင်းသားမင်းသမီးတွေ အလုပ်ဖြစ်တာကိုး ..
ကိုယ်တို့ လိုချည်းပဲဆို ဒုက္ခ .. ရဲဘော်ဆက်လုပ်။

mabaydar said...

ဟုတ်တယ်.. တချို့လူတွေအတွက် အမှန်တော့ ဒါတွေဟာ အဓိပပြမရှိဘူး လို့ ထင်ခြင်ကောင်းထင်မယ်... ဒါပေမဲ့ သူ့ရဲ့ အနုပညာအတွက် သူ့ကို အားပေးချင်တယ်... အွန်လိုင်းကနေ သူ့ကားတွေကို အလကားကြည့်ရတာပဲ လွန်လှပြီ...

mabaydar said...

အော် ပြောဖို့ ကျန်ခဲ့လို့... ဓာတ်ရှင် မင်းသမီး မင်းသားတိုင်း အလုပ်မဖြစ်ပါဘူး... ပြည်သူချစ်တဲ့ တကယ်လဲ အရည်အချင်းရှိတဲ့ မင်းသား မင်းသမီးတွေသာ ဒီလိုဖြစ်တာပါ... အထင်သေးတာတော့ ဟုတ်ပါဘူး... မြန်မာပြည်က မင်းသား မင်းသမီးတွေကို အဲလိုဖြစ်တဲ့သူရှိလား..