Thursday, September 10, 2009

The Proposal - Movie Review


ပြီးခဲ့တဲ့အပတ်က ကြည့်ဖြစ်ခဲ့တဲ့ Sandra Bullock နဲ့ Ryan Reynold ရဲ့ The Proposal ဆိုတဲ့ ရုပ်ရှင်လေးအကြောင်းကို ဖောက်သည်ချချင်ပါတယ်...

ဇာတ်လမ်းအကျဉ်း

အလွန်မှ စည်းကမ်းကြီးပြီး အလုပ်နဲ့ ပတ်သတ်ရင် အမှားလုံးဝမခံတတ်တဲ့ မာဂရက်(Margaret)ဆိုတဲ့ Boss အက်ဒီတာကို ရုံးကအလုပ်သမားတွေအလွန်ကြောက်ရ ပါတယ်... မာဂရက်မှာ သူမရဲ့ အနွံအတာကိုခံ၊ ကျန်တဲ့သူတွေ အနည်းအကျဉ်းလွဲချော်တာလေးတွေကို ညှိယူပေး၊ အလုပ်ပိတ်ရက်များကိုလဲ အလုပ်လုပ်ပေးရ၊ မိသားစု တွေ့ဆုံပွဲတွေလဲ မပြန်ရသော်လည်း အက်ဒီတာဖြစ်ချင်တဲ့ ရည်မှန်းချက်ကြောင့် ၃နှစ်လုံးလုံး သူမကို သည်းခံပြီးနေရတဲ့ အန်ဒရူး (Andrew) ဆိုတဲ့ သူမရဲ့ Personal Assistant လေးတစ်ယောက်ရှိပါတယ်...

သို့သော် မာဂရက်ဟာ ကနေဒီယန် တစ်ယောက်ဖြစ်ပြီး အလုပ်ထဲမှာသာ စိတ်နှစ်ထားခဲ့တဲ့အတွက် သူမရဲ့ ဗီဇာကို ထပ်မံတိုးဖို့မေ့လျော့ခဲ့ပါတယ်... အဲဒိအတွက် သူမဟာ ကနေဒါကို ၁နှစ်ခန့် ပြန်ရမည်ဖြစ်ပြီး အလုပ်ကနေပါ ရပ်ဆိုင်းဖို့ ဖန်လာပါတယ်... ဒီအခါမှာ အမေရိကန်ဖြစ်တဲ့ သူမရဲ့ လက်ထောက် အန်ဒရူးကို သူမကို ဟန်ဆောင်လက်ထပ်ဖို့ အကျပ်ကိုင်ခဲ့ပါတော့တယ်... ပထမတော့ အန်ဒရူးလဲ သဘောမတူခဲ့သော်ညား... သူတောင်းဆိုတဲ့ အချက် ၃ချက်ကို မာဂရက်ကလိုက်လျောလျှင် သဘောတူမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်...

အဲဒါတွေကတော့... ၁။ သူ့ရဲ့စာမူကို ထုတ်ဝေခွင့်ပေးဖို့... ၂။ သူ့ကို မကြာမီအချိန်အတွင်း အက်ဒီတာအဖြစ် ရာထူးတိုးမြှင့်ပေးဖို့နဲ့ ၃။ သူ့ကို ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းဖို့ တို့ဖြစ်ပါတယ်... ထိုသုံးချက်လုံးကို မာဂရက်က သဘောတူပြီးနောက်မှာတော့ အင်မီဂရေးရှင်းအရာရှိကို သူတို့ပြောခဲ့မိတဲ့အတိုင်း အန်ဒရူးရဲ့ဇာတိဖြစ်တဲ့ အလက်စကားပြည်နယ် (Alaska) .. စစ်ကာ(Sitka)မြို့လေးကို ၂ယောက်သား အလုပ်ပိတ်ရက်မှာ ခရီးနှင်ခဲ့ကြရပါတော့တယ်...

ဒီခရီးစဉ်လေးဟာ... အင်မီဂရေးရှင် အရာရှိရဲ့ မေးခွန်းတွေကို မှန်ကန်စွာဖြေနိုင်စေရန် သူတို့ ၂ယောက်ကြားက Personal Details လေးတွေကို ဖလှယ်ဖို့... တယောက်အကြောင်းတစ်ယောက် ပိုသိဖို့ အစကရည်ရွယ်ခဲ့ပင်မဲ့ တကယ်တန်းကျတော့ အေးခဲနေတဲ့ မာဂရက်ရဲ့ နှလုံးသားကို အရည်ပျော်စေခဲ့ပါတယ်... အန်ဒရူးမိသားစုရဲ့ ချမ်းသာသော်လည်း မမောက်မာတဲ့စရိုက်၊ နွေးထွေးစွာကြိုဆိုပုံ၊ အန်ဒရူးနဲ့ သူ့အဖေကြားက ပဋိပက္ခ တွေကို မာဂရက်သိခွင့်ရလိုက်သလို... မာဂရက်ရဲ့ Bossy မဟုတ်တဲ့ အပြုအမူ၊ သာမာန်ဆိုသူမရဲ့ အကျင့်မဟုတ်ပင်မဲ့ သူ့မိသားစုနဲ့ လိုက်လျောညီထွေစွာ နေထိုင်ပုံ တွေကြောင့် အရင်ကစုန်းမတစ်ယောက်လို့မြင်ထားပင်မဲ့ တဖြည်းဖြည်း မိန်းမတစ်ယောက်အနေနဲ့ ပြောင်းလဲမြင်လာခဲ့ပါတယ်...
ဟန်ဆောင်လက်ထပ်ဖို့ သွားခဲ့တဲ့ခရီးစဉ်လေးမှာ သူတို့ ၂ယောက်ဘယ်လို သံယောဇဉ်တွယ်ခဲ့ကြသလဲ... သူတို့ ဇာတ်လမ်း ဘယ်လိုအဆုံးသတ်မလဲ... ဆိုတာလေးကို အချစ်ဟာသ ကားလေးအဖြစ် ကောင်းမွန်စွာတင်ဆက်ပြသသွားနိုင်ပါတယ်...



မကြည့်ရသေးသူများ ကြည့်ဖြစ်အောင် သွားကြည့်ဖို့ တိုက်တွန်းလိုပါတယ်... ဘယ်တော့မှ မျှော်လင့်ချက်ကို မပျက်စီးစေတဲ့ Sandra Bullock ရဲ့ တင်ဆက်မှုတွေရယ်၊ Super handsome and cute မင်းသား Ryan Reynolds ရယ်ပေါင်းလိုက်တော့ ဒီကားလေးဟာ အတော်လေးကို ကြည့်လို့ကောင်းခဲ့ပါတယ်...
အိမ်ရောက်တော့ အဲဒိကားအကြောင်းကို research ရှာကြည့်တော့ မင်းသားကမှ တကယ် ကနေဒီယန်ဆိုတာ သိခဲ့ရပါတယ်... နောက်ပြီး မင်းသမီးက မင်းသားထက် ၁၀ နှစ်ကျော်တောင် အသက်ပိုကြီးပါတယ်... ဒါပေမဲ့ Sandra Bullock ကတော့ လှမြဲပါပဲ... ရုပ်ရှင်တကားကြည့်ပြီး ကိုယ်ကြိုက်တဲ့ကားဆိုရင် အိမ်ပြန်ရောက်ရင် အမျှင်အတန်းမပြတ်ပဲ ဟိုရှာဒီရှာ... Youtube က ဗွီဒီယိုတွေ ရှာကြည့်ရတာလဲ အရသာတစ်မျိုးပါပဲ.... ကဲ... အားလုံးပဲ... ဒီနေ့တော့ ဂလောက်ပါပဲ....


10 comments :

ကိုကိုသုန် said...

မဗေဒါ ရောက်ပါတယ်ခင်ဗျာ.....လာရောက်ခံစားသွားပါတယ်။

amk said...

ကြည့်ပြီးပြီ မင်းသား မင်းသမီး နှစ်ယောက်စလုံး ကို သိပ်ကြိုက်လို့ 

ဟန်လင်းထွန်း said...

သိပ်ကို နာမည်ကြီးတာပဲ။ သူငယ်ချင်းမိန်ခးလေးတွေဆို ကြည့်ပြီး တချိန်လုံးကိုပြောနေတာ။ မင်းသမီးကို အားကျလိုက်ပါလား မဗေဒါ :)

NangNyi said...

အခွေရှာဝယ်ဦးမှ

မေကဆုန် said...

မမရေ
Sandra Bullock ကတော့ ဘယ်အချိန် ကြည့်ကြည့် လှဆဲပဲနော်
ဒီကားလေး ကြည့်ဖြစ်အောင ကြိုးစားလိုက် ဦးမယ်

ရွှေပြည်သူ (ShwePyiThu) said...

ဒီကားလေး ကြည့်ပြီးသွားပြီ မဗေဒါရေ။ ဒါပေမယ့် မဗေဒါရေးထားတာ ဖတ်ရတာလည်း စိတ်ဝင်စားစရာ ကောင်းနေပြန်တာပါပဲ။ မင်းသားကမှ တကယ့် Canadian ဆိုတာ အခုမှပဲ သိရပါတယ်။ ရုပ်ရှင်ကြိုက်သူချင်း တွေ့ရတာ ဝမ်းသာပါတယ်း)

Doughnut IO said...

ဟုတ်တယ်။ ဆိုနီ ဗီးဂတ်စ်နဲ့လုပ်တာ အစအဆုံး ၄ နာရီပဲ ကြာတယ်။ ဒါကြောင့် မေးတာ။ သူက soundtrack ရဲ့ waveform ကို ကြည့်လို့ရတယ်လေ။ Windows Movie Maker နဲ့ အတော်ဆင်တယ်။ သုံးရတာ၊ သင်ရတာ လွယ်တယ်။ (လေ့လာတာလဲ ၁ နာရီလောက်နဲ့ပြီးတယ်)

သူကြီးမင်း (တုံးဖလား) said...

တင်ထားတဲ့အပိုင်းလေး ခံစားသွားပါတယ် မဗေဒါ။
ရုပ်ရှင်တွေ အတော်များများကြည့်ဖြစ်တယ် ဟုတ်။

Anonymous said...

ဒီ post ကိုဖတ်ရတော့ ဂျူးရေးတဲ့ ရုပ်ရှင်ကြောင်းသတိရမိတယ် ။ အားပေးပါတယ် မဗေဒါ ။ဆက်စောင့် နေပါ့မယ်။ ဒီတစ်ခါ မပြောတော့ပါဘူး ။ ဟတ် ဟတ်

မိုးခါး said...

ဒါလည်း ကြည့်ဦးမယ် .. :D