Saturday, January 17, 2009

Visit To Cameron Highland (Video)

ဘာရယ်မဟုတ်ပါဘူး.. ပြီးခဲ့တဲ့နှစ် June လက မလေးရှား Cameron Highland သွားထားတဲ့ မိသားစုခရီးစဉ်ပါ..

လုပ်ထားတာကြာပါပြီ... မဗေဒါရဲ့ ပထမဆုံး ရုပ်ရှင်ကို အက်ဒစ်လုပ်ခြင်းပါ.. window movie maker နဲ့ လုပ်တာမဟုတ်ပါဘူး.. ဗွီဒီယို ကင်မရာဝယ်တုံးက ပါလာတဲ့ Free software နဲ့ လုပ်တာပါ..
free ဆိုတော့ function အကုန်သုံးလို့မရဘူး.. အဲဒိတုန်းကလဲ စမ်းလုပ်ကြည့်ရုံသက်သက်ဆိုတော့ သိပ်အားမစိုက်ထုတ်ဖြစ်ဘူး..

သိပ်စိတ်တိုင်းမကျလို့ ဘလော့ပေါ်မတင်ဖြစ်သေးတာ.. အစကတော့ ခရီးသွားပိုစ့်ရေးရင်းနဲ့ တစ်ခါတည်း ဒီဗွီဒီယိုလေးတင်မလို့.. ဒါပေမဲ့ ခုတလော ဘလော့ရေးဖို့ ပတ်ဝန်းကျင်က အခွင့်အရေးမပေးဖူးဖြစ်နေတယ်.. စာရေးတာ စိတ်ထဲကခံစားလို့ရမှ ရေးလို့ကောင်းတယ်.. ကိုယ်ရေးချင်တာတွေကို တစ်စုံတစ်ခု (သို့မဟုတ်) တစ်စုံတစ်ယောက် ကြောင့် ချုပ်တီးနေရမယ်ဆိုရင် မဗေဒါရဲ့ ဘလော့ပေါ်က လူသိရှင်ကြား လျှို့ဝှက်ချက်တွေက အရသာကောင်းမှာမဟုတ်ဘူး... ဘာမှတော့မဟုတ်ပါဘူး.. ကိုယ့်ဘာသာကိုယ် စိတ်ထဲ ထင့်နေတာပါ..

ဒါတွေထားလိုက်ပါတော့လေ.. ဒီခရီးသွားမှတ်တမ်းလေးကိုတော့ နောက်အချိန်ရရင် ရေးပါ့မယ်.. လောလောဆယ်တော့ ဗွီဒီယိုလေးပဲ ကြည့်သွားပေါ့နော်.. မဗေဒါရဲ့ youtube channel ကို သွားလည်ဖူးတဲ့သူတွေကတော့ ကြည့်ပြီးသားဖြစ်မှာပါ...

ဒီဗွီဒီယိုကိုလဲ အရည်အသွေးကောင်းကောင်းနဲ့ ကြည်ကြည်လင်လင်ကြည့်ချင်ရင် Youtube မှာ Watch in High Quality နဲ့ကြည့်ရှုနိုင်ပါတယ်..


4 comments :

khin oo may said...

ဗွီဒီယိုကို ၃၁၉ ယောက် မြောက်ကြည့်သွားတယ်။ you tue မှာ.
အချင်းချင်းမို့ rate 5 ခုပေးခဲ့တယ်။

RePublic said...

မင်းသမီး ကို လာကြည့်ပါတယ်၊၊ မိသားစုနဲ့အတူသွားရတာပျော်စရာပါ ၊၊ လျှို့
ဝှက်ချက်တွေရှိတယ် ဆိုလို့ ပိုက်ပိုက်များများ အလကားရတဲ့နည်းလေးများရှိရင်လည်း မျှပါဗျာ ၊၊

mabaydar said...

Rating ပေးသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်.
ဒါပေမဲ့ အချင်းချင်းမို့ ၅ ပေးသွားတယ်ဆိုတာရဲ့ အဓိပ္ပါယ်ကတော့ တမျိုးပဲခံစားရတယ်..
မဗေဒါရဲ့ ဗွီဒီယို ဒီလောက် မကောင်းတာ မဗေဒါသိပါတယ်..
နောက်ဆိုရင်တော့ အချင်းချင်းမို့ စိတ်ထဲရှိတဲ့အတိုင်း ရသင့်ရထိုက်သလောက်ပဲပေးပါ.. လိုအပ်တာကို ဝေဖန်ပေးပါ.. ကျေးဇူးတင်ပါတယ် အစ်မ..

ဟန်လင်းထွန်း said...

ဂိုက်ပေးကြမ်းတဲ့ အကိုကြီးက ဘယ်သူလဲ ???

လန်းတယ် !!!