Thursday, January 01, 2009

Memory of Tree Top Walk (video)

နှစ်ဟောင်းကုန်တဲ့ နှစ်ချုပ်စာရင်းပိုစ့်လေးမရေးခင် မဗေဒါ ဘီးစီးနေတဲ့ ကိစ္စလေးကို အရင်ဆုံး ပြချင်ပါတယ်..
Tree Top သွားတုန်းက အမှတ်တရလေးပါ.. အက်ဒစ်လုပ်လို့ပြီးပါပြီ...

ဒီဗွီဒီယိုလေးကတော့ မထင်မှတ်ပဲ ရိုက်ဖြစ်သွားတာပေါ့.. ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် တက်ကတည်းက အဖွဲ့ကျ.. ဘရုပ်ကျခဲ့ကျတဲ့ သူငယ်ချင်းတွေ ခု စင်္ကာပူရောက်တော့ တစ်ယောက်တစ်ကျောင်းတက်.. တစ်ယောက်တစ်နေရာစီနေပြီး ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အလုပ်ကိုယ်ရှုပ်နေခဲ့တာ မတွေ့တာတောင် အတော်ကြာပေါ့.. ကျမစိတ်ထင် ကျမတို့မတွေ့တာ နှစ်ဝက်လောက်တောင်ရှိမယ်ထင်တယ်.. အွန်လိုင်းမှာ တွေ့လဲ သူငယ်ချင်းအရင်းခေါက်ခေါက်များ ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်ကြပါဘူး.. တစ်ခါတစ်လေတော့ 9quist နဲ့ စကားပြောဖြစ်ပါတယ်..

ဒီလိုနဲ့ တစ်နေ့သူရောကျမရော ခရစ်စမတ်အတွင်း အလုပ်တွေပိတ်တော့ ကျန်တဲ့ ၂ယောက်အားရက်ကို ညှိပြီး တွေ့ဖို့စီစဉ်ပါတယ်.. နေရာအတော်ရှာရခက်ပါတယ်.. အမြဲတမ်းလဲ ပန်နဇူလာသွားပြီး မုန့်စားပြန်နေရတာ ရိုးလွန်းနေပါပြီ.. စကာင်္ပူမှာလဲ သွားစရာ လုပ်စရာက အလွန်မှ ရှားသကိုး.. ဟန်လုပ်နေနေရတဲ့ နေရာကများနေတယ်.. ကိုယ်က စကားပြောရင် ကျယ်ကျယ်ပြောတတ်တော့ သူငယ်ချင်းနဲ့တွေ့တုန်း အရင်ကလို နောက်နောက်ပြောင်ပြောင် အရည်မရ အဖတ်မရစကားတွေပြောချင်တယ်လေ.. ဒီတော့ အလုပ်မသွားတာလဲကြာနေတော့ Energy တွေကလဲ မသုံးတာကြာပေါ့.. အစက ဟိုချိန်းဒီချိန်းနဲ့ ဘယ်မှ အဆင်မပြေဘူးဖြစ်နေတာ.. နောက်ဆုံး ကျမကပဲ ဆုံးဖြတ်ချက်ချလိုက်တယ်.. Tree Top သွားမယ်လို့.. ကျမလဲ တစ်ခါမှတော့ မရောက်ဖူးဘူးလေ.. ကျမက ခိုင်ခိုင်မာမာဆုံးဖြတ်ပေးလိုက်တော့ အားလုံးကလဲ သဘောတူတယ်..

အဲဒိထိ ဗွီဒီယိုရိုက်ဖို့စိတ်ကူးမရှိပါဘူး.. သွားခါနီးကျမှ.. ဗွီဒီယိုလေးလိုရမယ်ရယူသွားမယ်ဆိုပြီး ယူဖြစ်သွားတာ.. ရိုက်မယ်ဆိုမှတော့ ကိုယ်က သီချင်းလေးနဲ့ကောင်းကောင်းလေးဖြစ်ချင်တယ်.. ပြီးတော့ သွားမှာက တောလမ်းဆိုတော့ လူလဲဒီလောက်ရှုပ်မှာမဟုတ်.. ဘော်ဘော်တွေကလဲ အားမနာရတဲ့သူတွေဆိုတော့.. မဗေဒါရဲ့ ဒါရိုက်တာပိုးလေးထလာတာပေါ့.. ဘယ်ကဘယ်လိုမှန်းမသိဘူး ဦးနှောက်ထဲ ချက်ချင်းရောက်လာတဲ့ သီချင်းက "We will Rock you" ... သိလိုက်တဲ့အချိန်မှာ ကိုယ်က ရထားပေါ်ရောက်နေပြီ.. သီချင်းကလဲ "We will , We will Rock you" ကလွဲလို့ ဘာမှ မရဘူး.. ဒါနဲ့ 9quist ကိုဖုန်းဆက်ပြီး သီချင်း ဒေါင်းလုပ် ဆွဲခဲ့ဖို့ပြောတော့လဲ သိပ်နောက်ကျနေပြီ.. ဒါနဲ့ ပဲ ရသလောက်ပဲ ရိုက်မယ်ဆိုပြီးထားလိုက်တယ်.. စိတ်ထဲမှာလဲ သူငယ်ချင်းတွေက ဒီလောက်တော့ ကိုယ့်အတွက် သရုပ်ဆောင်ပေးမယ်မထင်ထားဘူး.. အဆဲမခံရရင်ကံကောင်း.. မဗေဒါမှာက သရုပ်ဆောင်ပေးမဲ့သူမရှိတာက တစ်ဒုက္ခလေ..

ဖေဖေရယ် မဗေဒါအစ်မအကြီးရယ်..မဗေဒါရယ် clementi မှာ မေသူနဲ့တွေ့.. ဟို၂ယောက်ကတော့ ရောက်နှင့်နေပြီ.. ဒီလိုနဲ့တွေ့တာနဲ့ မဗေဒါလဲ သူတို့ကို ရိုက်တော့တာပေါ့.. နောက်မှ ကိုယ်ကြိုက်တဲ့ အိုက်တင်လေးတွေကို အက်ဒစ်လုပ်ပြီးထုတ်လိုက်မယ်ပေါ့... မဗေဒါကို အားတက်သရောနဲ့ သရုပ်ဆောင်ပေးသူကတော့ မဗေဒါရဲ့ အစ်မပေါ့... ဟဲ.. ဟဲ.. တောထဲရောက်တော့ မဗေဒါလဲ သူငယ်ချင်းတွေကိုပူဆာတော့တာပေါ့.. သီချင်းရှေ့ဆုံးမှာ ထည့်ထားတဲ့ အကွက်လေးတွေရိုက်ဖို့လေ.. သူတို့ကိုပြောရတော်တော်ခက်တယ်.. ရီနေကြလို့.. အိုက်တင်ကလဲ သင်ပေးရသေးတယ်.. ဒါပေမဲ့ သူတို့အားလုံးကိုယ့်ကို စိတ်ရှည်လက်ရှည်နဲ့ ပူးပေါင်းပါဝင်ကြတော့ ကျမသိပ်ပျော်ပါတယ်.. ဒါမှ ကျမရဲ့ သူငယ်ချင်းအရင်းတွေဆိုပြီး စိတ်ထဲကလဲ ကြည်နူးမိတယ်.. ဟား.. ဟား.. သူတို့အတွက် သရုပ်ဆောင်ခကတော့ တစ်ယောက်ကို ၂ကျပ် ပြား၈၀တန် ထမင်းတစ်ဘူးစီး မဗေဒါက စပွန်ဆာပေးခဲ့ပါတယ်.. ငှဲ.. ငှဲ.. အဟီး... (ငါ့တော့ တင်းနေလောက်ပြီ)..

ပြန်ရောက်ပြီးတာနဲ့ သူငယ်ချင်းတွေလဲ ဗွီဒီယိုကြည့်ချင်လို့ ကျမကို Stress ပေးကြတာ.. အက်ဒစ်ကို ၁ ပတ်အစောဆုံးလို့ ကတိပေးထားပင်မဲ့ ညမအိပ်ပဲ ထိုင်လုပ်လိုက်တာ ၄ရက်နဲ့ပြီးသွားပါတယ်.. New Year Night အမှီလေးပြချင်လို့ပါ.. မဗေဒါလဲ ၃၀ရက်နဲ့ ၃၁ ရက်တွေမှာ တစ်ရက်ကို ၂နာရီလောက်ပဲအိပ်လိုက်ရတယ်.. မျက်လုံးကိုက်လို့... အိပ်မက်ထဲမှာတောင် မဗေဒါရဲ့ ဘယ်ဘက်မျက်လုံးကြီး ဆွေသွားတယ်လို့မက်လို့.. ငိုလိုက်ရတာ... တော်ပါသေးရဲ့ အိပ်မက်မို့လို့..ိ

ဘာပဲပြောပြော ဒီ gathering လေးက ပင်ပန်းပေမဲ့ ပျော်ရွှင်ဖွယ်လေးဖြစ်ခဲ့ပါတယ်.. ကျမတို့ရဲ့ ပျော်ရွှင်မှုလေးတွေကို ဝေမျှလိုက်ပါတယ်.. Youtube မှာ သွားကြည့်ရင် High Quility ဆိုတာကို နှိပ်ရင် ပိုမိုကြည်လင်တဲ့ video ကိုတွေ့ရမှာပါ.. Youtube မှာလဲ Comment, Rate and subscribe လုပ်ပေးကြပါလို့... အချိန်ပေးပြီးကြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်....









12 comments :

:P said...

တကိုယ်တော် ရုပ်ရှင် ထုတ်လုပ်ရေးမဟုတ်တော့ဘူးနော်.. သရုပ်ဆောင်တွေရော၊ ဒါရိုက်တာရော၊ စတေကင်မရာမင်းရော ခန့်ပြီးပြီပေါ့...
သီချင်းနဲ့ သရုပ်ဆောင်ပုံတွေနဲ့လိုက်ဖက်တယ်.. တခါတလေတော့ မျက်နှာတွေ ၀ါးဝါးနေတယ်...
ယူကျုမှာပဲကြည့်တာပဲ....rating ပေးသွားပါတယ်

mabaydar said...

အင်း Youtube ကိုသွားပြီး.. ဗွီဒီယို လက်ရာအောက်နားလေးမှာ.. watch in High Quality ကို နှိပ်လိုက်ရင် ကြည်ကြည်လင်လင်မြင်ရတယ်လေ.. ဒီတိုင်းဆိုရင်တော့ မကြည်ပဲနေမှာပေါ့.

Anonymous said...

ကောင်းတယ်ဟေ့၊ နာ မင်ဂလာဆောင်ရင် လာရိုက်ပေး (ဟီး တတို့သားက ဘယ်နေမှန်: သိဝူ:)

ညီအကိုများ said...

လာကြည့်သွားတယ်အစ်မရေ...
ပျော်စရာကြီး.

မိုးကြယ်

Anonymous said...

I guess u totally had fun there...=)

Than Yaw Zin said...

ကန်မရာမန်း ဌားချင်လို့ပါဗျို့

:P said...

Thank u mabaydar.

Anonymous said...

ရာဇဝင်ထဲက ဘေဒါရီ လိုခပ်ညံ့ညံ့ ခပ်တုံးတုံး
မိန်းမ ဟုတ်ဘူး ဆိုတဲ့...ဘေဒါရေ..အဲ..ဗေဒါရေ...

ဟီး....ဒါ့ ထက်ကောင်းရင် ပိုကောင်းဦးမယ်..

Anonymous said...

ပထမစစခြင်း ပြကွက်တွေ ကြည့်လိုက်တာနဲ့ မဗေဒါ ရဲ့ ပိုး ဘယ်လောက်ကြီးတယ် ဆိုတာ သိလိုက်ရတယ်။ နောက်ပြီး ၀ါသနာလဲတူတယ်။ နောက်ဆုံး တစ်ခုက ကျွန်တော် မဗေဒါလောက် လက်စွမ်း မပြနိုင် မလုပ်နိုင်ဘူး ၀န်ခံပါ၇စေ.. ရဲမေ ဆက်လုပ် အစဉ်အား ပေးလျှက်

ပိုးတူသူတစ်ဦး

Doughnut IO said...

ကျွန်တော့်မှာ High Hills Home Studio (HHHS) က သီချင်းတွေ MTV (အပျော်တမ်း) ရိုက်ဖို့ရှိတယ်။ တယောက်တည်း ဘယ်လိုမှ မဖြစ်နိုင်တာမို့ ၀ိုင်းကူနိုင်ရင် ကူပါဦး။

mabaydar said...

ကိုလောရှည်ရေ.. ဒီကလဲ ပူးပေါင်းပါဝင်မဲ့ ၀ါသနာတူတွေကို မျှော်နေတာ.. ဘာကူညီပေးရမလဲပြောလေ.. ဒါပေမဲ့ မဗေဒါက ဘာမှတော့ သေချာမတတ်ဘူးနော်.. လေ့လာစဲ ၀ါသနာရှင်သက်သက်ပဲ..

Anonymous said...

မိုက်တယ်... မိုက်တယ်...အားကျစရာကြီး... ကျွန်တော် စင်္ကာပူ အလည် ရောက်ရင်လည်း မဗေဒါကို မေးရမယ်.. ဘယ်တွေလည်လို့ ရလဲဆိုတာ... အားကိုးတယ်နော်... :P