Saturday, January 10, 2009

ဖြေရှင်းပေးကြစေလို....

"နေမင်းရဲ့ အလင်းရောင်ခြည်လဲ မနေ့ကနဲ့ မတူ .. မနေ့ကလို မပူတော့ပြီ..
အားသစ်အင်သစ်တွေ ဆောင်ကျဉ်းပေးခဲ့လို့လာပြီ..
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ...

ငှက်ကျေးရဲ့ သီချင်းသံသည်လည်း မနေ့ကနဲ့ မတူ.. မနေ့ကလို မဆူတော့ပြီ..
အတွေးသစ် အမြင်သစ်တွေ ဆောင်ကျဉ်းပေးခဲ့လို့လာပြီ..
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ... "

ဒီသီချင်းလေးကို တော်တော်များများကြားဖူးကြမှာပါ... အဆိုတော် စိုင်းထီးဆိုင်ရဲ့ အချစ်အတွက်တဖန်မွေးဖွာခြင်း ဆိုတဲ့ သီချင်းလေးပါ...

ခုဒီသီချင်းစာသားလေးနဲ့ ပတ်သတ်ပြီး ကျမ သူငယ်ချင်းတစ်ယောက်နဲ့ အညင်းပွားစရာလေး ဖြစ်လာပါတယ်...

အဲဒါကတော့... "ငှက်ကျေးရဲ့ သီချင်းသံသည်လည်း... " ဆိုတဲ့ စာသားမှာ..
ကျမသူငယ်ချင်းက "ငှက်ကြီးရဲ့ သီချင်းသံသည်လည်း.... " လို့ပြောပါတယ်.. ဒီနေရာမှာ သူက ထပ်ရှင်းပြလိုက်ပါသေးတယ်.. ငှက်ကြီးဆိုတာ ထူးအိမ်သင်ကိုပြောတာပါတဲ့.. ထူးအိမ်သင်ရဲ့ သီချင်းတွေက အရင်ကလို မဆူတော့ဘူးလို့ ဆိုလိုတာပါတဲ့....

ကျမကပြောပါတယ်.. ဒီသီချင်းက ထူးအိမ်သင်အဆိုတော်မဖြစ်ခင်ကတည်းက ပေါ်နေတာ.. ဘယ်လိုလုပ်ပြီး ထူးအိမ်သင်ကိုပြောတာဖြစ်မလဲဆိုတော့.. သူမက ခုခေတ်ပြန်ဆိုထားတဲ့သူတွေက ငှက်ကြီးလို့ဆိုတယ်လို့ ပြောပါတယ်...

ကျမကလဲ ခုခေတ်ပြန်ဆိုထားတဲ့ သီချင်းကို နားမထောင်ဖူးတော့ တအုံးနွေးနွေးနဲ့ ဒီအငြင်းပွားမှုက ပြီးဆုံးခဲ့ပါတယ်... ဒါပေမဲ့ ၂ယောက်လုံးကတော့ ကိုယ်မှန်တယ်ပဲထင်နေပါတယ်.. ကျမကလဲ ကျမမှန်တယ်ထင်သလို.. သူမကလဲ သူမမှန်တယ်လို့ထင်နေမှာ သေချာပါတယ်..
ကျမအထင်တော့.. အနုပညာသမားအချင်းချင်း ထူးအိမ်သင်လို နာမည်ရှိအဆိုတော်ကို ပုတ်ခတ်ပြီး ဆိုမယ်တော့မထင်ပါဘူး.. ပြီးတော့ ထူးအိမ်သင်သီချင်းတွေက ဒီခေတ် တချို့သီချင်းတွေလောက်တောင် မဆူပါဘူး...

အဲဒါလေးကို တအုံ့နွေးနွေးဖြစ်နေလို့.. ဖြေရှင်းပေးကြပါလို့ တောင်းဆိုပါရစေ... အဖြေမှန်အတွက် ကွန်မန့်များကို စောင့်မျှော်လျက်...... ကျေးဇူး အထူးတင်ရှိပါကြောင်း....

12 comments :

မောင်ရှင်းသန့် said...

အနော်က တော့ သိဘူးဗျ ။
ဦးစိုင်းထီးဆိုင်ရော ၊ ဦးငှက်ကြီးကိုရောလေးစားတယ်ဗျ။

ဒါပေမဲ့ ငှက်ကြီး လို့ပြောတာက ပုက်ခတ် ပြောဆိုခြင်းတော့မဖြစ်နိုင်ဘူးဗျ ။ သူတို့အချင်းချင်း ချစ်စနိုးနဲ့ ခေါ်ကြတာ ( ထင်တာပဲ) ။

ဟန်လင်းထွန်း said...

အယ် ဒီကလေးမတွေ ငြင်းစရာမရှိ ငြင်းနေကြတယ်။ နှစ်ယောက်လုံးကဖြစ် သေသွားပြီ။ တမလွန်မှာ ရန်ဖြစ်အောင် လုပ်နေကြတာလား။ စိုင်းထီးဆိုင်က ရိုးရိုးသားသားဆိုတာပါ။

mabaydar said...

ရော.. မောင်ရှင်းသန့်တို့ကတော့.. စာပဲသေချာမဖတ်ပဲ ကွန်မန့်သွားတာလား.. မဗေဒါရေးထားတာပဲ နားလည်လွဲစရာဖြစ်နေလားတော့မသိဘူး.. ငှက်ကြီးလို့ခေါ်တာကို ပုတ်ခတ်ပြောတယ်လို့ပြောတာမဟုတ်ဘူး.. သူ့သီချင်းတွေကို ဆူတယ်လို့ပြောတာကို ပုတ်ခတ်ပြောတယ်လို့ပြောတာ.. ထူးအိမ်သင်ကို ငှက်ကြီးလို့ လူတိုင်းခေါ်နေတာပဲ.. သူ့ Nick မှန်းလူတိုင်းသိပါတယ်... မဗေဒါဆိုလိုတာကို သဘောပေါက်လားတော့မသိဘူး..

ကိုဟန်လင်းထွန်း.. စိုင်းထီးဆိုင်ကရိုးရိုးသားသားဆိုတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ.. နားမရှင်းလို့.. အဖြေမှန်လဲပြောမသွားဘူး...

Dr Phyo Wai Kyaw said...

:D

မူရင်းစိုင်းထီးဆိုင် ဆိုတာကတော့
ငှက်ကျေးပဲဖြစ်မှာပေါ့..(သိလို့ဟုတ်ဘူး. စဉ်းစားကြည့်တာ)

Anonymous said...

အင်း....ဒါလဲ ကြောင်ရေချိုးပေးခြင်းပေဘဲ..

ZT said...

ငှက်ကျေးပါ။ အိမ်မှာ သီချင်းစာအုပ်ရှိတယ်။

ATN said...

ငှက်ကျေးရဲ့ သီချင်းသံ - ပါ။

ထီးဆိုင်သီချင်းကို နားထောင်လာတာ အနှစ် ၃၀ ကျော်ပါပြီ။

:P said...

ငှက်ကျေး ပါ။ သေချာပါတယ်......
ငယ်ငယ်တုံးက မေခလာသီချင်း
"ရပ်..ဒီမှာတင်ရပ်..." ကို "ရပ်...တမာပင်ရပ်..." ကြားပြီး
တမာပင်နားမှာ ရပ်နေခဲ့ခiုက်းတယ်ထင်တဲ့ အစ်မကို
သတိရသွားပြီ...

တောင်ပေါ်သား said...

ဟား ဟား ရှုပ်နေတာပဲ တောင်ပေါ်သားပြောမယ် ငှက်ကျေးပါ ဟဲဟဲ ငှက်ကြီးတော့ မဖြစ်နိုင်ပါကြောင်း.. အားလုံးရှုပ်နေရင် ကြိုက်သလိုဆိုတော့ဗျာ ငှက်ကလေး လဲကောင်းသားပဲ စာသားနဲ့ လိုက်တယ်နော့် ဟီးး
ငှက်ကလေးရဲ့ သီချင်းသံသည်လည်း မနေ့ကနဲ့ မတူ. မတူ မတူတူ

Moe Cho Thinn said...

ငှက်ကျေးလို့ 101% သေချာပါတယ်။ ငှက်ကြီးလို့တော့ ဆိုမယ် မထင်ပါကြောင်း။ (ရီလိုက်ရတာ ကြံကြံဖန်ဖန်) မဗေဒါကို အနိုင်ပေးလိုက်ပြီ။

ရှေ့မှာ စင်စင့်အမက တမာပင်မှာ ရပ်တယ် တဲ့။ ဖြစ်မှ ဖြစ်ရလေဟယ်။

MrDBA said...

ဟားဟားဟား မှားပါတယ် ခေတ်ကလေးတွေများ။ ငှက်ကျေး ကွဲ့ ငှက်ကျေး နောက်တစ်ခါတွေ့ရင် နားရင်းအုပ်ပြီး ပြောပလိုက်။ ဟီးဟီး

Morris Wyn said...

ဗေ ဒါ မ ၊အုံး နောက် သိတ် မ စား ပါ နဲ.