Friday, August 29, 2008

မဗေဒါနှင့် စကာင်္ပူရောက်အလွဲများ(၁)...

စကာင်္ပူကိုစရောက်ပြီး ကိုယ်တက်ရမဲ့ကျောင်းတော်ကြီးနဲ့မရင်းနှီးခင် မှာပဲ မဗေဒါရဲ့ ပထမဦးဆုံး ကျောင်းတက်ရက်မှာရင်ဆိုင်ခဲ့ရတဲ့ ရီစရာလေးပြောပြချင်ပါတယ်.. ရီစရာသာပြောပါတယ်.. အဲဒီတုန်းကတော့ ငိုချင်စိတ်တောင်ပေါက်ခဲ့တာပါ.. မဗေဒါက ကျောင်းဖွင့်ခါနီးကပ်မှ စကာင်္ပူကိုရောက်လို့ ကျောင်းအပ်တာလဲနောက်ကျ.. နောက်ပြီး သိပ်မကြာဘူး ကျောင်းသားသစ်ကြိုဆိုပွဲလို orientation သွားရပါတယ်.. ကျောင်းအပ်တာနောက်ကျတော့ မဗေဒါတို့အချိန်တုန်းက ဒီလောက် ကျောင်းမှာမြန်မာများတာတောင် မြန်မာတစ်ယောက်မှနဲ့အခန်းမတူခဲ့ပါဘူး.. တစ်တန်းလုံးမှာ မဗေဒါတစ်ယောက်ပဲ မြန်မာရှိပါတယ်..အတန်းရဲ့ ၄ပုံ၃ပုံလောက်က ပြည်ကြီးကတရုတ်တွေပါ.. သိတဲ့အတိုင်းပဲ ပြည်ကြီးတရုတ်တော်တော်များများကလဲ အင်္ဂလိပ်စာအတော်လေးညံ့ပါတယ်.. ကိုယ်က သူငယ်ချင်းလုပ်ချင်လို့ မနဲအားမွေးပြီး "How are you?" လောက်လေးသွားပြောရင်တောင်.. ရှောင်ထွက်သွားကြတဲ့လူမျိုးတွေပါ.. ကိုယ်ကတော့ငါများဘာအမှားပြောလိုက်မိဘာလိမ့်.. သူတို့ တရုတ်တွေမှာ "how are you" ပြောတာများရိုင်းလို့လား.. အတွေးပေါင်းစုံနဲ့ စိတ်ဓာတ်အတော်ကျခဲ့ရပါတယ်.. (နောက်ပိုင်းမှ သူတို့ အင်္ဂလိပ်ညံ့၍ ကိုယ့်ကိုစကားပြောရမှာကြောက်ခြင်းဖြစ်ကြောင်း သဘောပေါက်ခဲ့ရသည်).. ဒီလိုနဲ့ တစ်နေကုန်ခဲ့ပြီး.. အတန်းကြီး ကျောင်းသား တွေက ကျမတို့ အတန်းအချိန်စာရင်းနဲ့ အတန်းနေရာတွေပါတဲ့စာရွက်လေးတွေပေးပါတယ်.. (အတန်းကတစ်ချိန်နဲ့တစ်ချိန်တက်ရတဲ့ နေရာမတူပါ).. ပြီးတော့ မနက်ဖြန် အတန်းကို တိုက်ရိုက်မသွားတတ်တဲ့သူတွေကို ယခုနေရာမှာပဲ စုဖို့မှာလိုက်ပါတယ်.. အဲဒီလိုပြောတော့ မဗေဒါလဲ အတန်းကို မသွားတတ်တာကသေချာတယ်လေ.. ဒီနေ့နေရာကိုဆ ိုပြန်လာတတ်တယ်လေ.. ဒီနီးနားပတ်ဝန်းကျင်က အဆောက်အဦးပုံဖြစ်ဖြစ်.. တစ်ခုကိုမှတ်ထားလိုက်ရင် မနက်ဖြန်ပြန်လာလို့ရပြီဆိုပြီး.. အဲဒီအခန်းနဲ့ ရှေ့တည့်တည့် ဟိုဘက်ကားလမ်းက လူနေတိုက်အနီတစ်လုံးကို လှမ်းမှတ်ထားလိုက်ပါတယ်.. မနက်ဖြန် ဒီတိုက်နဲ့တည့်တည့်က အခန်းကိုငါပြန်လာမယ်ပေါ့... မနက်ဖြန်မနက်လဲကျရော... ကိုယ့်အတွေးနဲ့ကိုယ် အိမ်ကလဲ ကျောင်းနဲ့နီးတော့ ခပ်အေးအေးပဲထွက်လာခဲ့ပါတယ်.. နောက် ကျောင်းဘက်ကားလမ်းကူးလိုက်ပြီး... မနေ့ကတွေ့ခဲ့တဲ့ ပုံစံတိုက်အနီကို လှမ်းရှာပါတယ်.. အဲဒီတော့မှ ကျမမှားပြီဆိုတာ သိပါတော့တယ်.. 

စကာင်္ပူက HDB တိုက်တွေသည် တစ်ပုံစံတည်း တစ်ရောင်ထဲမှန်းအဲဒိ ရက်ကကောင်းကောင်းသဘောပေါက်သွားပါသည်.. မေးစရာဘေးဘီကို ကြည့်တော့လဲ ကျမက level 1 မှာဖြစ်၍လူမရှိ.. ကျမ မနေ့က "အခန်းပုံစံကို ငါမှတ်မိပါတယ်.. ဒေါင့်နားလေးမှာရှိတာ..." ဆိုပြီး ပုံစံတူအခမ်းတွေ့တော့ အားရပါးရပြေးဖွင့်တာ.. မနေ့ကလို ဗလာခမ်းကြီးမဟုတ်ပဲ.. စက်ပစ္စည်းတွေထားထားတဲ့ အခန်းကြီးဖြစ်နေပြန်တယ်.. ကိုယ်ဘာသာကိုယ်တစ်ယောက်ထဲကို လည်ပြီး.. အရှက်တွေကွဲနေပါတယ်.. လူတွေ့လို့မေးရမှာကျတော့လဲ.. ရောက်စဖြစ်တာရော အဲဒီတုန်းက အသက်အရွယ်ရောကြောင့် စကားပြောရမှာကြောက်သလိုလို.. ရှက်သလိုလို.. နောက်ဆုံးမှာ မရတော့တဲ့အဆုံး ကောင်မလေးတစ်ယောက်တွေ့တော့ မနေ့ကပေးလိုက်တဲ့ စာရွက်လေးပြပြီး အဲဒီအခန်းဘယ်မှာလဲလို့မေးတော့.. လူကို အူကြောင်ကြောင်နဲ့ပြန်ကြည့်ပြီး.. ဒီဘလော့က IT school ဘက်မှာမရှိဘူးတဲ့... Engineering school ဘက်မှာထင်တယ်တဲ့.. သေလိုက်ပါတော့ ဗေဒါရယ်.. တက်တက်ဆင်အောင်လွဲနေတာကိုး.. ကျမတို့ကျောင်းမှာ IT school, Engineering School, Design School နဲ့ Bussiness School ဆိုပြီး အဓိကမေဂျာကို မူတည်ပြီး အဆောင် ၄ဆောင်ရှိပါတယ်.. အဲဒီအဆောင်(ကျောင်း)အောက်မှာမှ အဓိကကိုယ်ယူတဲ မေဂျာကို ထပ်ခွဲတာပါ.. ဥပမာ အင်ဂျင်နယာရင်းအောက်မှာ Electronic, Computer Engineering စသည်ဖြင့်ပါ.. မဗေဒါလဲ သိတာနဲ့ ချက်ချင်းသုတ်ခြေတင်ပြေးပြီး Engineering school ဘက်ရောက်တော့မှ ထက်မေးမြန်းပြီး အတန်းကို တော်တော်လေးနောက်ကျမှ ချွေးသံတရဲရဲနဲ့ရောက်သွားပါတယ်... ကျောင်းပထမဦးဆုံးနေ့မှာ ဒီလိုနဲ့ စလိုက်လို့လားတော့မသိပါဘူး.. ပိုလီ၃နှစ်လုံးလုံး မဗေဒါလောက်ကျောင်းနဲ့အိမ်နီးသလောက် မဗေဒါလောက် အတန်းထဲမှာကျောင်းနောက်ကျသူမရှိတော့ပါ.. (နောက်ပိုင်းကတော့ အရည်ထူသွားလို့.. အတန်းနောက်ကျလဲ မကြောက်တော့တာ.. အတန်းတောင်လစ်သေး.. ဟား.. ဟား).... နားမယ်ကွယ်..... 

Lesson Learn(သင်ခန်းစာ) (၁) ပတ်ဝန်းကျင်မှလူများစရိုက်ကို ကောင်းကောင်းမသိခင် ကိုယ်မှားသည်ဟူ၍ စိတ်ဓာတ်မကျသင့် (၂)မသိလျှင် မတတ်လျှင် မေးမြန်းရခြင်းကို မရှက်သင့် မကြောက်သင့် (၃) အမှားပါလျှင် အရှက်ကွဲမည်စိုး၍ အင်္ဂလိပ်စကား ပြောရမှာကို မရှက်သင့် (ကျမတို့အတွက် အင်္ဂလိပ်စကားသည် ကိုယ်ပိုင်ဘာသာမဟုတ် အပြင်လောက၌ လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်နားလည်ရန်သည်သာ အဓိကဖြစ်သည်) (၄) စကာင်္ပူ၌ နေရာရှာမည်ဆိုလျှင် မကျွမ်းကျင်ပါက လိပ်စာ အတိအကျသိပြီး စနစ်တကျ (systematically) ရှာမှသာလွယ်ကူမည်..

5 comments :

mw said...

=D ကျန်ရှိသော အပိုင်းများကိုစောင့်မျှော်လျက် =)

RePublic said...


နောက်ဆုံး စာကြောင်းကိုတော့ ယုံကြည်တယ် ၊၊ ဟီး
ပျော်ရွှင်ပါစေဗျာ ၊၊

Anonymous said...

မဗေဒါရေ.... စကာင်္ပူ အလွဲများ မိုက်တယ်ဟ

FFOX said...

မဗေဒါရေ....
Laptop ၀ယ်ပြီးပြီလား....
You can check 3 Laptops in my Blog.
I think it will give you some useful decision.

(အခု Post နဲ့တော့မဆိုင်ဘူး..
ဒါပေမယ့် ဘယ်မှာပြောရမှာလဲဆိုတာ မသိတော့ ဒီမှာပဲ ပြောလိုက်တယ်.. :P)

Unknown said...

အစ်မ ရေ..
အစ်မက အဲလိုလွဲတာလေးကိုပြောတော့ ကျွန်တော်လဲ စင်္ကာပူကို စရောက်ခါစ ကလွဲတာလေးကိုပြန်တွေးသတိရမိတယ် အမရေ..
ကျွန်တော် စင်္ကာပူကိုစရောက်တဲ့နေ့မှာပဲဖြစ်တာပါ..
ကျွန်တော် စင်္ကာပူကိုစရောက်တော့ ကျွန်တော့ကို ကျွန်တော့သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော်တည်းမဲ့အိမ်က အစ်ကိုတစ်ယောက်က လေယဉ်ကွင်းမှာလာကြိုပါတယ်..ဒါနဲ့ ပဲ ကျွန်တော်တို့တည်းမဲ့အိမ်ကိုရောက်ရောပေါ့..ကျွန်တော် တည်းတဲ့အိမ်က အစ်ကိုက ကျွန်တော်ကိုသူ့ အိမ်မှာထားခဲ့ပြီး သူကတော့သူ့အလုပ်ကို သူပြန်သွားပါတယ်.ဒါနဲ့ ကျွန်တော်လဲ ကျွန်တော့်ကိုလာကြိုတဲ့ ကျွန်တော့သူငယ်ချင်းနဲ့စကားတွေပြောပြီး သူပြန်တော့မယ်ဆိုတော့ ကျွန်တော် လဲသူ့ကိုကားမှတ်တိုင်လိုက်ပို့မယ်ဆိုပြီး တိုက် အောက်ကိုသူနဲ့လိုက်ဆင်းလာပါတယ်.ကျွန်တော် အခန်းကထွက်ပြီး ကျွန်တော့အခန်းကိုမမှတ်မိမှာစိုးလို့ အခန်းနံပါတ်ကိုမှတ်မယ်ဆိုတော့ ကျွန်တော့သူငယ်ချင်း ကိုယ်တော်ချောက ရွှေဥာဏ်တော်စူးရောက်ပုံများ " မင်းတို့အိမ်ရှေ့မှာ မင်းဖိနပ်ချွတ်ထားတယ်တဲ့ " ..ကျွန်တော်လဲဟုတ်ပြီပေါ့..ငါ့ဖိနပ်ငါမှတ်ထားမယ်ဆိုပြီး lift နဲ့ဆင်းလာခဲ့ပါတယ်..သူကိုကာမှတ်တိုင်လိုက်ပို့ပြီးကျွန်တော်တည်းတဲ့အိမ် ကျွန်တော်ပြန်မယ်ဆိုတော့ အဲဒီမှာ ပြသနာကစတာပါပဲ..ကျွန်တော် ဘယ် block ကဆင်းလာမှန်းလဲမသိ..အထပ်ဘယ်လောက်မှာနေမှန်းလဲမသိ..အဲဒီရပ်ကွက်ထဲမှာကလဲ block တွေကလဲအများကြီးပဲလေ..ကျွန်တော်ဇောချွေးတွေပြန်လာပါပြီ..ငိုလဲငိုချင်လာပါပြီ..ကျွန်တော် block တွေတစ်ခုပြီးတစ်ခု lift နဲ့တက်ပြီး ကျွန်တော်ချွတ်ထားခဲ့တဲ့ ကျွန်တော်ဖိနပ်ကိုပြန်ရှာတာ လူလဲ lift တွေစီးရလွန်းလို့ ဆင်းလိုက်တက်လိုက်နဲ့ ခေါင်းတွေမူးပြီး အန်တောင်အန်ချင်လာပါပြီ..ငိုလဲတော်တော်ငိုချင်လာပါပြီ..ငိုချင်တာလဲမပြောနဲ့လေ..ည ၁၁ နာရီလောက်ကတည်းကဆင်းလာတာ ၂နာရီထိုးနေပြီ..ဘယ်လိုမှရှာလို့မရဘူးလေ..( အစ်မလိုမျိုး တိုက်ကိုမှတ်ထားမိခဲ့ရင်တောင် တော်သေးတယ်..)အခုကဘယ်တိုက်မှန်းလဲမသိ..ဒါနဲ့ မထူးဘူး..တိုက်တွေအောက်က ကလေးတွေစော့တဲ့ ကစားကွင်းနားက ခုံတန်းလေးမှာပဲ အိပ်ရင်ကောင်းမလားလို့တောင် စဉ်းစားမိသေးတယ်..ကိုယ့်နိုင်ငံလိုပေါ့..ဟိဟိ.ဒါလဲမဖြစ်သေးပါဘူး..နောက်နေ့ agent နဲ့ဆေးဆစ်ဖို့ကချိန်းထားတာရှိသေးတယ်..နောက်ကျလို့ကလဲမဖြစ်ဘူး..ခေါင်းကလဲထူပူနေပြီ..ဘာကိုမှစဉ်းစားလို့မရတော့ဘူး..ငိုချင်တာပဲသိတော့တယ်..ကျွန်တော်တည်းတဲ့အိမ်က အစ်ကိုရဲ့ phone နံပါတ်ကလဲ စာအုပ်ထဲမှာမှတ်ထားတာဆိုတော့ အလွတ်မရ..အဲဒါနဲ့ကျွန်တော်ဘာကိုသွားတွေ့လဲဆိုတော့ တိုက်အောက်က အကြွေစိထည့်ဆက်တဲ့ phone ကိုသွားတွေ့တော့ အကြံတစ်ခုရသွားတယ်..မြန်မာပြည်က ကျွန်တော်အိမ်ကို phone ဆက်ပြီးတော့ အဲဒီအစ်ကိုရဲ့ phone နံပါတ်ကိုလှန်းတောင်းမယ်ပေါ့..ဒါပေမဲ့ phone ကိုဘယ်လိုခေါ်ရမှန်းလဲမသိဘူး..ကံကောင်းတာက ကျွန်တော့ပိုက်ဆံအိပ်နဲ့ passport ကိုယူလာမိခဲ့တယ်..ဒါနဲ့ တိုက်အောက်တွေမှာ ဘူးခွံတွေလိုက်ကောက်တဲ့ အဘိုးကြီးတစ်ယောက်ကိုတွေ့လို့မေးကြည့်တော့သူကပြောပြတယ်..ဘယ်လို ကပ်နဲ့ဆက်လို့ရတယ်ပေါ့.ဘယ်မှာဝယ်လို့ရတယ်ပေါ့..(အဘိုးကြီးကလဲ ဘူးခွံတာလိုက်ကောက်နေတာ..english speaking တော့ကောင်းသားဗျ)..ဒါနဲ့ကျွန်တော်လဲ ကားလမ်းကိုထွက် taxi တစ်စီးကိုတား..driver ကိုပြောရတာပေါ့..ငါ phone card ဝယ်ချင်လို့..အနီးဆုံးဆိုင်ကိုလိုက်ပို့ပေး..ပြီးရင်ဒီနေရာကိုပြန်လိုက်ပို့ပေး ဘာညာပေါ့..ဟုတ်တယ်လေ..သူပြန်လိုက်မပို့ပေးရင်ကျွန်တော် ဒီနေရာကိုဘယ်လိုပြန်လာမလဲ..အဲဒါမှ ပိုပြီးရွာလည်မှာ..ဒါနဲ့ taxi driver ကြီးကလဲ အနီးဆုံး ဓါတ်ဆီဆိုင်က 7 11 ဆိုင်ကိုလိုက်ပို့ပေးပါတယ်.ပြီးတော့ ပြန်လိုက်ပို့ပေးပါတယ်..ဒါနဲ့ကျွန်တော်လဲ မြန်မာပြည်က ကျွန်တော့ အိမ်ကိုဖုန်းဆက်တော့ကျွန်တော့အမေ လာကိုင်တယ်..ကျွန်တောလဲ အမေ့အသံကြာတော့ငိုချင်လာပြီး ငိုသံကြီးနဲ့ ပြောတော့ အမေကစိတ်ပူပြီး " ဟဲ့ သားဘာဖြစ်တာလဲဘာညာပေါ့ " ကျွန်တော်လဲ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့မှ အမေလဲစိတ်အေးပြီး ကျွန်တော်တည်းတဲ့အိမ်က အစ်ကို့ရဲ့ မိန်းမကို ဖုန်းဆက်ပြီး သူ့ဖုန်းနံပါတ်ကို လှန်းတောင်း ပြီးတော့ကျွန်တော့ကိုပြန်ပြောနဲ့ အိမ်ကလူတွေပါ အလုပ်တွေရှုပ်ကုန်တော့တာပေါ့..အဲဒါနဲ့ ကျွန်တော်လဲ အမေ ပြောတဲ့ သူ့ဖုန်းနံပါတ်ကို မေ့သွားမှာဆိုးလို့ နံရံမှာ ခဲနဲ့ရေးမှတ်ထားတာ အကြီးကြီးပဲ..( မသိရင် ဘာလိုလိုညာလိုလိုပေါ့...ဟီးဟီး) ပြီးတော့ကျွန်တော်လဲ သူ့ဆီကိုဖုန်းဆက်ပြီး block နံပါတ်နဲ့ အထပ်ကိုလှန်းမေးတော့ သူက သိပြီးနေပြီ..သူ့မိန်းမက သူ့ကိုဖုန်းနဲ့ လှန်းပြောထားပြီးပြီနေမှာပေါ့..သူကရီကြဲကြဲနဲ့ မင်းကွာ ဆိုပြီး block နံပါတ်နဲ့ အထပ်ကိုပြောပြတော့မှ ကျွန်တော်လဲ တည်းတဲ့အိမ်ကိုပြန်ရောက်တော့တယ် အမ ရေ..
သြော်...စင်္ကာပူ စင်္ကာပူ လိပ်စာမသိရင် အိမ်ပေါ်ကနေအိမ်အောက်ဆင်းပြီး ပြန်တက်တာတောင်ရွာလယ်တယ်...
ည၁၁ နာရီလောက်ကဆင်းသွားတာ မနက် ၄နာရီလောက်မှပြန်ရောက်တော့တယ် အမ ရေ...
ကျွန်တော်နံရံမှာ ရေးခဲ့တဲ့ အဲဒီအစ်ကို ဖုန်းနံပါတ်က ကျွန်တော်အဲဒီအိမ်မှာ တစ်လကြော်လောက်နေပြီးပြောင်းသွားတဲ့အထိ အဲဒီအတိုင်းကြီး...