Friday, May 16, 2008

ဘားဂလစ်ရှ်တတ်ယုံနဲ့ မြန်မာလိုစာရိုက်လို့ရပြီ...

မြန်မာစာလက်ကွက်ရိုက်လေ့မရှိဘူးလား....
မြန်မာစာရိုက်ဖို့ ပျင်းနေလား....
မြန်မာဖောင့် လက်ကွက်ကိုကျွမ်းကျွမ်းကျင်ကျင် မရိုက်တတ်လို့ စိတ်ပျက်နေလား....
ဟောဒီ site လေးမှာ သင် burglish တတ်ယုံနဲ့ မြန်မာစာလုံးလေးတွေ လွယ်လွယ်ကူကူ ရိုက်ယူလို့ရပြီလေ...
အိုင်ဒီယာနဲ့ ကြိုးစားမှုကို လေးစားပါတယ်...
အသုံးပြုပုံကတော့ လွယ်ကူလှပါတယ်..
ဥပမာ... စာရိုက်တဲ့ box လေးထဲမှာ "မြန်မာ" လို့ရိုက်ချင်ရင်.. အောက်ပါပုံလေးတွေအတိုင်း အဆင့်လိုက် ရိုက်သွားရုံပါပဲ..
စမ်းကြည့်ကြပါ.. ကြိုက်မယ်ထင်ပါတယ်.. မြန်မာ ဖောင့်မရှိသူများ.. မြန်မာလို ရိုက်ရမှာပျင်နေသူများ.. အလွယ်တကူ အသုံးပြုနိုင်ပါတယ်..
မဗေဒါ ရဲ့ ပိုစ့်လေးတွေကို မြန်မာလို comment ပေးချင်ရက်နဲ့ မြန်မာလိုမရိုက်တတ်လို့ မပေးခဲ့ရဘူး သူငယ်ချင်းရယ်ဆိုတဲ့ ဗေဒါ့ သူငယ်ချင်းတွေအတွက်လဲ..
နောက်ဆိုရင် ဒီအကြောင်းပြချက်လေးမလိုတော့အောင်ဖြစ်သွားတာပေါ့နော်...
Credit goes to the guys who put efforts to create this and information credit goes to Ko Han Lynn Kyaw.





2 comments :

Unknown said...

မဗေဒါလေးရေ ကြိုးစားပေးတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်နော်။ မဗေဒါ ရဲ့ စာလေး တွေ ဖတ်လို့ကောင်းတယ်ဗျ ။ အလုပ် တွေများပေမဲ့ ကြိုးစား ပီးရေးထားတာတွေမှာစေတနာလေးတွေ တွေ့ရတဲ့အတွက်ဝမ်းသာမိတယ်။ဆက်ပီး ရေးပါ အားပေးနေမယ်။

Unknown said...

အစ်မ..
အခုမှ ဒီကိုရောက်ဖူးတာပါ..မနေ့ကမှ စသိပေမယ့် အကုန်ဖတ်ပြီးသွားပြီ.အစ်မကို အရမ်းခင်ချင်ပါတယ်.
အရမ်းလည်းသဘောကျတယ်..
အစ်မရေးတာတွေက အရမ်းဖတ်လို့ကောင်းတယ်
အစ်မပျော်ရင် လိုက်ပျော်ပြီး အစ်မစိတ်ညစ်..ဒေါသထွက်ရင် လိုက်ဖြစ်မိတဲ့အထိ ဆွဲဆောင်အားကောင်းတယ်..
ဆက်ရေးပါ..အမြဲတမ်းဝင်ဖတ်မယ်..
ပျော်စရာကောင်းအောင်လည်းရေးတတ်တယ်.ချစ်စရာကောင်းအောင်လည်းရေးတတ်တဲ့ မဗေဒါ ကျန်းမာ..ချမ်းသာ..ပါစေ..
(26.11.09)