Sunday, March 16, 2008

မှတ်ကရော မဗေဒါ

မြန်မာဇာတ်လမ်းတွေခိုးချတာနဲ့ပတ်သတ်ပြီး ကျမကြုံဖူးတဲ့အဖြစ်ပျက်လေးကို ရယ်စရာအနေနဲ့ပြောပြချင်ပါသေးတယ်...

အဲဒိတုန်းက မြဝတီမှာ "ဆောင်းဦးရွက်ကြွေချစ်သက်သေ"ပြပြီးတော့.. ဒွေး ခန့်စည်သူ ထက်ထက်မိုးဦး မြတ်ကေသီအောင် တို့ပြန်ရိုက်တဲ့အချိန်ပေါ့.. သိကြတဲ့အတိုင်းပဲ မဗေဒါတို့ကလဲ မမှီပဲခိုးချတဲ့ကားဆိုရင် အပြင်းအထန်ကို ဆန့်ကျင်တတ်တော့ ကိုယ်တိုင်လဲသွားမကြည့်ဘူး.. မဗေဒါနဲ့သိတဲ့သူတွေဆိုလဲ စပ်စုချင်တဲ့စိတ်လေးနဲ့တောင်သွားမကြည့်ဖို့တိုက်တွန်းတယ်..

တနေ့ ကျမနဲ့ ကျမမောင်တဝမ်းခွဲ လှည်းတန်းသွားစရာရှိလို့သွားရင်း... စံပြရုပ်ရှင်ရုံရောက်တော့ အဲဒိကားတင်ထားတာကိုတွေ့တော့.. copy နဲ့ပတ်သတ်ပြီး sensative ဖြစ်တတ်တဲ့ကျမက ဓာတ်ပြားဟောင်းထပ်ဖွင့်ပြီး အပြတ်ကိုရှုတ်ချတော့တာပါပဲ...

"ဟဲ့.. အဲဒိကားက ဟိုကားကိုခိုးချထားတာမှတ်လား.. သူတို့မို့အရှက်မရှိဘူး.. မင်းသမီး မင်းသားက သူ့ဟာနဲ့သူဆို ကြိုက်တယ်.. ဒါပေမဲ့ ကိုရီးယား ဂျွန်စော အွန်စော က အဖေ အမေ ခေါ်လို့ရတယ်.. ထယ်ဆောက်သရုပ်ဆောင်တာများ သူမျက်ရည်ဝိုင်းနေတာကြည့်တာနဲ့ ဒီမှာတရွှဲရွှဲဖြစ်နေပြီ.. ခန့်စည်သူက.............................. မြတ်ကေသီအောင်ကရော......................"


bus car ကလဲသိတဲ့အတိုင်း ငပိသိတ် ငချဉ်သိတ် လူတင်ဖို့စောင့်နေတာတော်တော်နဲ့မထွက်ဘူး...

ကျမကလဲထုံးစံအတိုင်းပေါ့.. အဆက်မပြတ်ကိုပြောတာ....
".....မြဝတီမှာလဲပြပြီးသားကြီး အားလုံးကြည့်ဖူးနေတာ.. ဘယ်သူကထပ်ကြည့်မှာလဲ...ကြည့်တဲ့သူတောင်ရှိမှာမဟုတ်ဘူး....ကြည့်ချင်တဲ့သူရှိရင် ငါအိမ်ခေါ်ပြီး ORIGINAL ကားကိုပြလိုက်မယ်"

အဲဒီအချိန်မှာ bus ပေါ်ကို ငါးဗန်းတွေ ဈေးဗန်းတွေနဲ့ ဈေးသယ် အဒေါ်ကြီး ၃ယောက်တက်လာပါတယ်.. သူတို့နေရာတကျဖြစ်ပြီဆိုတာနဲ့ ခပ်ဝဝဈေးသည်အဒေါ်ကြီးက ကျန်တဲ့အဖော်၂ယောက်ကိုအားရပါးရ ပြောလိုက်တဲ့စကားကြောင့် မဗေဒါတစ်ယောက် ဘာဆက်ပြောရမှန်းမသိအောင်ကို ကလိကလိနဲ့အူယားခဲ့ရပါတယ်..

သူဝမ်းသာအားရပြောနေတာကတော့..........

"ဟယ်.. ညည်းတို့အဲကားကြည့်ပြီးပြီလား? အရမ်းကောင်းတာပဲတော်.. သနားစရာကောင်းလိုက်တာမပြောနဲ့.. ထက်ထက်မိုးဦးက ကလေးချင်းမှားပြီး ဒွေးတို့အိမ်ရောက်သွားတာ.....Blur blur blur.. ခန့်စည်သူလေးကတော်.... blur blur... သူတို့မောင်နှမ မဟုတ်တာသိပြီး ချစ်ကြတာ.. ကျုပ်မှာ ငိုလိုက်ရတာတော်........blur blur blur blur......."

ပြောနေတဲ့အဒေါ်ကြီးကလဲ ကျမနိုင်ငံခြားဇာတ်လမ်းတွေကြည့်ပြီးပြန်ပြောပြရင် ဖြစ်တဲ့ မျက်လုံးမျိုးနဲ့တောက်ပနေတာပဲ.. ကျန်တဲ့၂ယောက်ကလဲ အရမ်းကိုပဲ ထမင်းမစားရနေပါစေ ခုပဲဆင်းကြည့်ချင်နေတဲ့ပုံမျိုး.. အားကျတဲ့ မျက်လုံးတွေနဲ့...

အဲဒိအချိန် ကျမမောင်လေးစပ်ဖြီးဖြီးပြောလိုက်ပုံက "သူတို့ကိုနင့်အိမ်ခေါ်သွားပါလား" တဲ့..

ကဲ.... မှတ်ကရော.. မဗေဒါရေ.. ကျမဘာမှပြန်မပြောနိုင်ပဲ.. ကိုရီးယားကားထဲမှာ စိတ်ပုတ်မ ချောက်ချခံလိုက်လို့ ပါးစပ်အဟောင်းသားဖြစ်နေတဲ့မင်းသမီးလို ဖြစ်သွားပါတော့တယ်.. (ဟီး.. အမှန်တော့ ကိုရီးယားသရုပ်ဆောင်တော်တော်များများလုပ်တာ ကားတိုင်းလိုလိုမှာ တွေ့ရတယ်.. ဒါပေမဲ့ ကိုယ့်ကိုကိုယ်မင်းသမီးနဲ့ လျှော့လျှော့ပေါ့ပေါ့ နှိုင်းလိုက်တာ... ချိတ်ချိုးနဲ့.... ဟတ်.. ဟတ်..)
Type the rest of your post here.

6 comments :

Unknown said...

မှတ်ကရော..ဟား..ဟား..။

zaw_ye_naing said...

wow wow .. you discriminating our fellow burmese poor aunties .. for loving burmese films , even though it copy other films ?
me as ko lay phyu say " we are in 21 century ald and should stop discriminating copy & own tune " .. haha ... it is stupid .. isn't it ..

mabaydar said...

Anyway zaw ye naing, you still always come and visit to my blog and looking forward to update, right? I know you will say like that even though u didn't mean it. But u know what, we can have different thinking and opinion in every matter.Only we have different view on same pbl, it doesn't mean I am stupid. In my view, you are the one who don't want to try hard enough to create new things. Lastly, As my friend from outside, u shouldn't come and say such a things to my blog which anybody can read.Coz only i know what kind of character u have. So that i can understand and forgive u. Don't restrict yourself from looking further.

madyjune said...

အဲဒီ့ကားတင်တုန်းက မဒီလည်း ဖိုရမ်မှာ (ငယ်သေးတော့) တော့ပစ်တင်ပြီး ရေရေလည်လည် ရေးထည့်လိုက်သေးတယ်။ အခုတော့ အရင်လို နေရာတကာတော့ တော့ပစ်မတင်တော့ဘူး။ ဘလော့ဂ်မှာရေးတယ်။

အဲဒီ့ကားကို အခွေထွက်လာတော့ သူများအိမ်က လာပေးလို့ အိမ်မှာကြည့်ကြတာကို နည်းနည်းကြည့်လိုက်သေးတယ်။ သူတို့က နှစ်ယောက်တစ်အိမ်မက်လိုမျိုး မောင်နှစ်မ ဇာတ်လမ်းကြီး လုပ်ပစ်လိုက်တယ်။ ဒါပေမယ့်လဲ ပရိတ်သတ်က ကြည့်ပြီးသားဆိုတော့ အရင်ကားလို မပေါက်တော့ဘူး။

နေတိုးတို့ကားကိုတောင် အရမ်းကောင်းကျတယ်လို့ တော်တော်များများက ပြောကြသေးတာပဲ။ ကောင်းတာတော့ ကောင်းပါတယ်။ ဒါပေမယ့် မူရင်းကောင်းလို့ ကောင်းတာလို့ပဲ ပြန်ပြောလိုက်တယ်။

မင်းကျန်စစ်။ said...

ဖြစ်ရလေ မဗေဒါရယ်။ တိုက်ဆိုင်ပုံများကလဲနော်း) ။ မြန်မာကားတွေလဲ တဖြည်းဖြည်း အဆင့်ကျလာသလိုပဲဗျာ။ နိုင်ငံတကာကို ဘယ်လို ထိုးဖောက်နေလဲတော့ မသိဘူး။ အဖောက်ခံနေရတာတော့ သေချာတယ် :P

FFOX said...

LOL....
မဗေဒါရဲ့ဇာတ်လမ်းလေးကို သဘောကြတယ်ဗျာ..
အခုလို share ပေးတဲ့အတွက်လည်း ဖတ်ရတာ စိတ်တော့ပေါ့sသွားတယ်...ရီလိုက်ရလို့ :)
I like this post