Boy over flower, Playful Kiss နဲ့ ယခင်က SS501 အဖွဲ့ခေါင်းဆောင် မင်းသားချော Kim Hyunjoong The Face Shop promotion နဲ့ သူ့ Album အသစ် အရောင်းမြှင့်တင်ရေးအတွက် စကာင်္ပူကို ထပ်မံရောက်ရှိလာပြန်ပါပြီ... ဒီတစ်ခါတော့ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ စကာင်္ပူမှာနေမှာဖြစ်ပြီး ၁၉ ရက်နေ့မှာ သူ့ fan meeting ကို အောက်ပါ နေရာ နဲ့ အချိန်မှာ ကျင်းပမှာဖြစ်ပါတယ်...
Fan Meeting
Venue: The Coliseum, Hard Rock Hotel Singapore, Resorts World Singapore
Date: 19th August
Time: 3.30pm
Colour Theme: Green
Aarangement: Free standing
သူ့ fan meeting အတွက် လက်မှတ်ကို သီးသန့်မရောင်းပဲ The face shop နေ S$160 ဖိုး ၀ယ်ယူရင်ပဲ ဖြစ်ဖြစ် S$160 တန် ဘောက်ချာကို နောက်သုံးဖို့အတွက် ၀ယ်ယူရင်ပဲဖြစ်ဖြစ် ၀ယ်ယူသည့်အပြင် သူ့ရဲ့ နောက်ဆုံးထွက် Breakdowm Album ကို The Faceshop ကနေ S$15.90 ဖြင့် ၀ယ်ယူလျှင် သူ့ fan meeting pass ကို ရရှိမှာဖြစ်ပါတယ်... လက်မှတ်ပေါင်း ၁၇၀၀ ရောင်းချမှာဖြစ်တဲ့အတွက် ယခု post ရေးနေတဲ့ အချိန်အထိ လက်မှတ်တွေကျန်ရှိနေပါသေးတယ်လို့ သတင်းရရှိပါတယ်... သေချာချင်ရင်တော့ မ၀ယ်ခင် ဆိုင်သမားတွေကို အရင်မေးမြန်းပြီမှ ၀ယ်ပါ...
ထိုဝယ်ယူသူအတွင်းမှ scratch and win ကို ပေါက်တဲ့ကံထူးရှင်ကတော့ မင်းသားနဲ့ ဓာတ်ပုံတွဲရိုက်ခွင့်သော်လည်းကောင်း မင်းသားလက်မှတ်ထိုးပေးသော session ကိုလည်းကောင်း တက်ရောက်ရမှာဖြစ်ပါတယ်...
၁၁ရက်နေ့ကမှ ထပ်မံဖြည့်စွက်လိုက်တဲ့ အစီအစဉ်လေးကတော့ ကံစမ်းမဲ့မပေါက်တဲ့ပရိတ်သတ်များအတွက်လဲ သူ့ CD လေးကို ယူလာဖို့ဖြစ်ပြီး အဲဒိ နေ့မှာ TFS က ကံထူးရင် အယောက် ၂၀ကို လက်မှတ်ထိုးပွဲအတွက် ရွေးချယ်မှာဖြစ်ပါတယ်...
မင်းသားရောက်ရှိမဲ့ လေယာဉ်နဲ့ ထွက်ခွာမဲ့ လေယာဉ် ချိန်ကတော့ အောက်ပါအတိုင်းပါပဲ... အပြန်မှာ CIP လမ်းက ပြန်မလား ရိုးရိုးလမ်းက ပြန်မလားဆိုတာကတော့ မသေချာပါဘူး...
Arr via SQ877, 6.40pm (1708),
Dep via MH604, 9.50am (2008). (မဗေဒါကတော့ သူလာတဲ့နေ့မှာ အလုပ်ရှိတာတစ်ကြောင်း သူ့ကို အရင်တစ်ခေါက်က မြင်ဖူးပြီးတာတစ်ကြောင်း သူက မဗေဒါရဲ့ favorite မင်းသား မဟုတ်တာလဲတစ်ကြောင်းကြောင့် သွားမကြိုတော့ပါဘူး....)
အစက သူ ဒီကြားထဲမှာ The Faceshop ဆိုင်တစ်ဆိုင်ကို သွားမယ်ဆိုတာ ဘယ်ဆိုင်ကို သွားမယ်မှန်း သတင်းမလွှင့်ပါဘူး... ဒါပေမဲ့ ခုတော့ သတင်းထွက်လာပါပြီ... အောက်ပါ ဆိုင်ခွဲကို လာမှာပါ...
THEFACESHOP @ SG Causeway Point at 2.15PM for the shop's opening ceremony. (ဘယ်ရက်လဲတော့ ရေးမထားပါဘူး... ၁၈ ရက် ဒါမှမဟုတ် ၁၉ ရက်ဖြစ်မှာပါ)... ကျွန်မစိတ်ထင်တော့ ၁၈ ရက်ဖြစ်ဖို့များပါတယ်...
ဒီအစီအစဉ်မှာ ကောင်းတဲ့အချက်လေးကတော့ သူ့ fan meeting အတွက် သီးသန့်ပိုက်ဆံအကုန်ခံစရာမလိုပဲ The Faceshop ကနေ ကိုယ်လိုချင်တာကို ၀ယ်ယူပြီး သူ့ CD ၀ယ်ယူရုံနဲ့ ကြည့်ခွင့်ရမှာဖြစ်ပါတယ်... သူက အဆိုတော်လဲအဆိုတော် မင်းသားလဲမင်းသားဆိုတော့ ဖျော်ဖြေရေးမှာလဲ ပိုပြီး အားသာပါတယ်...
ကဲ Kim Hyunjoong ကို ချစ်တဲ့ ပရိတ်သတ်တွေအတွက် ဒီသတင်းကောင်းလေးကို မျှဝေလိုက်ပါတယ်...လိုချင်တဲ့သူ အားလုံး အချိန်မှီ ၀ယ်ယူနိုင်ကြမယ်လို့မျှော်လင့်ပါတယ်... Facebook က The face shop စာမျက်နှာမှာတော့ Black Market ဈေးကွက်စတင်ပေါ်နေပါပြီ... ဒါပေမဲ့ မဗေဒါရဲ့ အကျင့်အတိုင်း မရရင်နေပါစေ Black Market ကိုတော့ အားမပေးသင့်ဘူးလို့ထင်ပါတယ်.... Hope u enjoy flower pretty boy Kim Hyunjoong
အောက်က Kim Hyunjoong နဲ့ မင်းသမီးချော Park Min Young တို့ရဲ့ TFS BB Cream ကြော်ငြာလေးကို NG နဲ့တကွကြည့်လို့ရပါတယ်...
Tuesday, August 16, 2011
Saturday, July 16, 2011
မြန်မာရုပ်ရှင် ရိုက်ကွင်းသို့ အလည်တစ်ခေါက်...
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အလုပ်မရှိလို့ အပြင်သွားချင်နေတုန်း သူငယ်ချင်း SZA က သူ့သူငယ်ချင်းတစ်ယောက်အိမ်မှာ ဟိန်းဝေယံ သက်မွန်မြင့် ချောရတနာတို့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားကို ရိုက်ကူးမယ် ကြည့်ချင်လားဆိုတော့... မဗေဒါတို့ ဒါမျိုးဆို ကြည့်ချင်တာပေါ့... ကိုယ်ဝါသနာပါတာကို လေ့လာလို့ရတယ်လေ... တစ်ခါမှ အပြင်မှာရုပ်ရှင်ရိုက်တာကို အကြာကြီးထိုင်မကြည့်ဖူးဘူး... ကြုံလို့ဖြတ်သွားဖြတ်လာပဲ... ကိုရီးယားသွားတုန်းက ဟိုတယ်မှာ ၁ခါကြုံတုန်းကလဲ အဝေးကပဲ ခိုးကြည့်ရတာ... ဒီလိုနဲ့ပဲ အဲဒိကို သွားဖြစ်လိုက်တယ်...
ဟိုရောက်တော့ စတောင်မရိုက်သေးပါဘူး.. နေ့လည် ၁၁ နာရီလောက်တော့ရှိပြီထင်တယ်... မင်းသား မင်းသမီးတွေက ပင်ပန်းလို့ အိပ်နေကြတယ်တဲ့... ဒါရိုက်တာက ကိုဇော်(အာရုဏ်ဦး)... လွန်းထားထား ၀တ္တုကို ပြန်ရိုက်တာတဲ့... ကားနာမည်က "လေပြေ ညင်းရဲ့ အသက်ဆက်တေး" တဲ့... ဇာတ်လမ်းအကျဉ်းကတော့ အရင်က ဒွေး မေသန်းနု ခိုင်သင်းကြည်တို့ ရိုက်ဖူးတဲ့ ဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်တူမယ်ထင်တယ်... (အဲဒိတုန်းကလဲ ဒွေးနဲ့ မေသန်းနု fullerton ဟိုတယ်ရှေ့က တံတားပေါ်မှာလာရိုက်သေးတယ်လေ... ကားနာမည်တော့ မမှတ်မိတော့ဘူး)... မြန်မာဇာတ်လမ်းတွေကတော့ ဒါတွေပဲထပ်နေတော့တာပေါ့... ဒါပေမဲ့လဲ မြန်မာပြည်လို ဟိုဟာပိတ် ဒီဟာ ရိုက်ခွင့်မရှိ စနစ်နဲ့ဆိုတော့ သူ့တို့ကိုချည်းပဲလဲ အပြစ်ပြောလို့ မရပြန်ဘူး...
ဇာတ်လမ်းအရ ဟိန်းဝေယံနဲ့ သက်မွန်မြင့်က စကာင်္ပူမှာ ကျောင်းတက်နေတဲ့ ချစ်သူတွေ... ချောရတနာက လုပ်ငန်းရှင်သူဋ္ဌေးမကြီး... ဟိန်းဝေယံကို ကြိုက်လို့ လုတာ... ဒါပါပဲ... အဆန်းတော့ မဟုတ်ဘူး... ကျွန်မတို့ သွားတဲ့နေ့ရိုက်နေတဲ့ အခန်းကတော့ ဟိန်းဝေယံကို အရက်တိုက်ပြီး သူဋ္ဌေးမကြီးအိမ်ခေါ်လာပြီး ကောင်မလေးနဲ့ သွေးခွဲတဲ့ အခန်းပေါ့... နေ့လည် ၂နာရီလောက်မှ အဲဒိ အခန်းကို စရိုက်ဖြစ်တယ်... မဆိုးပါဘူး အမှားအယွင်းသိပ်မရှိဘူး ၂ခါလောက်ပဲမှားတယ်... နိုင်ငံတကာ အဆင့်မှီမဟုတ်သေးဘူးဆိုပင်မဲ့ ကိုယ်သာသူတို့နေရာမှာဆို လုပ်နိုင်ပါ့မလားလို့ စဉ်းစားမိတယ်... လူတွေဘေးမှာ အများကြီးရှိနေတာကို ဒီလိုသရုပ်ဆောင်နိုင်ဖို့က မလွယ်ပါဘူးလေ...
ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)ကလဲ သဘောကောင်းပါတယ်... ကျွန်မတို့ကို ဖော်ဖော်ရွေရွေကောင်းကောင်းမွန်မွန်ဆက်ဆံတယ်... အင်း... အားလုံး မဆိုးပါဘူး... သူ့ဟာနဲ့သူတော့ ဘ၀င်မြင့်နေတဲ့ပုံမပေါက်ပါဘူး... ကျွန်မတို့ကလဲ မင်းသား မင်းသမီးကို သွားမိတ်ဆက်ဖို့လာတဲ့သူမဟုတ်ပဲ ရုပ်ရှင်ရိုက်တာကို ကြည့်ချင်ရုံသက်သက်ဆိုတော့ သွားမရောဖြစ်ဖူး... သူတို့ကိုယ့်ကြောင့် စိတ်ရှုပ်မှာစိုးလို့ စကားသွားမပြောတာလဲ ပါပါတယ်... အိမ်ရှင် အစ်မကြီးကတော့ မေးပါတယ် ဓာတ်ပုံတွဲရိုက်ချင်လားတဲ့... ဒါပေမဲ့လဲ အားလဲနာ ရှက်လဲရှက်လို့ မရိုက်ခဲ့ဘူး... အဲ ဒါပေမဲ့ အင်တာနက်ပေါ်မှာ အတော်လေးနာမည်ကြီးခဲ့တဲ့ အသံပိုင်ရှင် ဟိန်းဝေယံ ဖေဖေကြီးကိုတွေ့တော့ ဓာတ်ပုံတွဲရိုက်ချင်စိတ်တော့ ဖြစ်မိတယ်... ဒါမှ မဗေဒါ ဘလော့မှာ exclusive ဓာတ်ပုံတစ်ပုံရောက်လာမှာ... ဟိ ဟိ... စတာပါ မတော်တဆဖတ်မိခဲ့ရင်လဲ စိတ်မဆိုးပါနဲ့... (ကျွန်မဘယ်သူလဲဆိုတာ သိနေမှာဆိုတော့ ရေးရတာ လက်နည်းနည်းတွန့်ပင်မဲ့ မြန်မာပြည်က Celebrities တွေနဲ့ သူတို့ရဲ့ scandal နဲ့ ပတ်သတ်တဲ့သူတွေဆိုတော့ ဒီလောက်တော့ ခံနိုင်ရမှာပေါ့နော်... ဂုဏ်ယူသင့်ပါတယ်... )
ဒီနိုင်ငံမှာရိုက်ရလို့ အချိန်နဲ့ အမျှ အမြန်များရိုက်မလားလို့ ထင်ထားတာ... မြန်မာလူမျိုးတွေ မြန်မာစံတော်ချိန်အတိုင်း အလုပ်လုပ်ကြသဗျှ... အဲဒိ နေ့လည် ၂နာရီလောက်မှာ မိနစ် ၂၀လောက်လဲရိုက်ပြီးရော... ပြန်ဝင်အိပ်တဲ့သူကအိပ် ငုတ်တုတ်ပြန်ငိုက်သူကငိုက်... အပြင်ပဲထွက်ရိုက်တော့မလိုလိုနဲ့... နောက်မှ သက်မွန်မြင့်ရောက်လာတော့ သူတစ်ယောက်ပဲ အသည်းကွဲပြီး ငိုတဲ့အခန်းကို outdoor မှာ ခဏထွက်ရိုက်ကြတယ်... အဲဒိနောက် ညနေ ၆နာရီထိုးတဲ့ အထိ ဒီတိုင်းပဲ... ကျွန်မတို့ က အပြင်လူမို့ သူတို့ ဘာလုပ်နေလဲ ဘာကို ရိုက်ဖို့စောင့်နေတယ်ဆိုတာ မသိတာလဲဖြစ်နိုင်တယ်... ဒီတော့ ရမ်းမပြောလိုဘူး... ခုရေးနေတာတွေက ကျွန်မဘက်က ထင်မြင်ချက်တွေချည်းပဲဆိုတာ စာဖတ်သူတို့ နားလည်စေချင်တယ်... ကျွန်မအမြင်မှာတော့ အေးဆေးပဲလုပ်နေကြတာတွေ့တယ်... ညရောက်ရင်တော့ မြို့ထဲ malion နားမှာ ထွက်ရိုက်ကြအုံးမယ်ပြောတယ်... ဒါပေမဲ့ ဘယ်ချိန် ဘယ်ခါမှရိုက်ကြမယ်မသိတော့ ကျွန်မလဲ သွားစရာရှိတာနဲ့ မစောင့်တော့ပဲ ညနေ ၆နာရီလောက်ကျတော့ ပြန်လာလိုက်တယ်... ပြန်ခါနီး မင်းသားမင်းသမီးတွေနဲ့ တွဲရိုက်အုံးမလားလို့ အိမ်ရှင် အစ်မကြီးကလာမေးပါသေးတယ်... ကျွန်မတို့လဲ ရှက်တာရော သူတို့အလုပ်ရှုပ်မှာ အားနာတာရောကြောင့် မရိုက်တော့ဘူးဆိုပြီး ထွက်လာလိုက်တယ်... ဒါပေမဲ့ ခုသေချာပြန်စဉ်းစားတော့ သူတို့ကို အားနာတယ်... အမှန်တော့ သူတို့လဲ မြန်မာပြည်က celebrities ပဲ ကျွန်မတို့က ဓာတ်ပုံလေးတွဲရိုက်ဖို့ ခွင့်တောင်းခဲ့သင့်တယ်... ခုတော့ ကျွန်မတို့က လာကြည့်ပြီး ဓာတ်ပုံတောင် တွဲမရိုက်ပဲပြန်သွားလို့ ရိုင်းသလိုဖြစ်သွားလားတော့မသိဘူး... အဲဒိလိုဖြစ်သွားရင်တော့ တောင်းပန်ပါတယ်... အားနာလို့ မရိုက်ခဲ့တာပါ...
သက်မွန်မြင့်ကလဲ သူ့အခန်းပြီးသွားပြီမို့ အော့ချက်မှာ သူ့မေမေတွေနဲ့ ချိန်းထားလို့ လိုက်ချင်တယ်ဆိုလို့ ကျွန်မတို့နဲ့တူတူ တိုက်စီနဲ့ အော့ချက်ကို သွားဖြစ်ကြတယ်... တိုက်စီပေါ်မှာတော့ သူနဲ့ စကားပြောဖြစ်တယ်... သဘောကောင်းပါတယ်.. ပွင့်ပွင့်လင်းလင်းလဲရှိတယ်... မင်းသမီးတစ်ယောက်ထက် ကိုယ်နဲ့ နယ်ပယ်မတူတဲ့ အသိုင်းအ၀ိုင်းမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရသလိုပဲ... ကမ္ဘာ့အဆင့်မှီ ရုပ်ရှင်တွေ မထုတ်လုပ်နိုင်ရခြင်းအတွက် သူတို့ဘက်က အခက်အခဲတွေနဲ့ အတားအဆီးလေးတွေကို အနည်းကျဉ်းသိရတဲ့အတွက် သူတို့ ခံစားချက်ကိုလဲ နားလည်တယ်... အရင်က မြန်မာကားတွေကို ကျွန်မဝေဖန်လေ့ရှိတယ်... ဒါပေမဲ့ မဝေဖန်ပဲ ရပ်ထားတာကြာပါပြီ... အဲဒိကတည်းက ကျွန်မ အနည်းနဲ့ အများတော့ မှန်းလို့ရတယ်... သူတို့ မှာလဲ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ သူတို့ရှိနေမယ်ဆိုတာပါ...
အော့ချက်ရောက်တော့ တာကာရှီးမားယားမှာ ဆင်းပြီး လမ်းခွဲလိုက်ကြတယ်... ကားပေါ်မှာ နည်းနည်းရင်းနှီးသွားတာရော သူလဲ သူ့အချိန်နဲ့ သူအားနေတာသိတာကြောင့်ရော... သူနဲ့တော့ အဲဒိမှာ ဓာတ်ပုံ တွဲရိုက်ခဲ့တယ်... သူလဲ သူ့ဖုန်းနဲ့ ပြန်ရိုက်သွားသေးတယ်...
လမ်းခွဲပြီးတော့ သူငယ်ချင်းဆီကို အိမ်ရှင်အစ်မကြီး ဖုန်းဆက်ပြီး သက်မွန်မြင့်သူငယ်ချင်းအဖြစ် သရုပ်ဆောင်ဖို့ လူလိုလို့ မိန်းကလေး ၂ယောက်လောက်လိုတယ်ပြောတယ်... ဒါပေမဲ့ ကိုယ်လဲ သရုပ်ဆောင်တာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာရော အဲဒိနေ့က သူတို့ဆီသွားလို့ နေ့လည်က ချိန်းထားတာတစ်ခုကို ဖြတ်လိုက်ရတယ်... ညနေကိစ္စပါ ဖြတ်လို့ မဖြစ်တာနဲ့ မကူညီလိုက်တော့ဘူး... အတွေ့အကြုံရော ပညာရောတော့ ရဖူးချင်ပါတယ်... ဒါပေမဲ့လဲ ဗြုံးစားကြီးဆိုတော့ အဆင်မပြေဘူးလေ...
သူတို့ကားကလဲ သရုပ်ဆောင်တွေဝေေ၀ဆာဆာနဲ့ တစ်ကားလုံးမှာ ခေါင်းဆောင်မင်းသား ၁ယောက်နဲ့ မင်းသမီး ၂ယောက်ပဲပါတယ်... ဒီစကာင်္ပူအခံက ၀ါသနာပါတဲ့ လက်လှမ်းမီတဲ့ မိန်းကလေးတွေကိုတော့ အကူအညီတောင်းပြီး သက်မွန်မြင့် သူငယ်ချင်းအနေနဲ့ သုံးထားတယ်ထင်တယ်... အဲဒိနေ့ ညနေ malion ဘက်မှာ ရိုက်မယ်ဆိုတာတော့ မသွားကြည့်ဖြစ်တော့ဘူး... ဒါရိုက်တာနဲ့ စကားပြောပုံအရ ပါမစ်တွေဘာတွေလဲ လျှောက်ဖို့ အချိန်မရှိတာနဲ့ မလျှောက်ထားတော့ တာဝန်ရှိသူတွေ မသိအောင် ရိုက်ရတယ်ဆိုတော့ စိတ်မကောင်းဘူး... နောက်တစ်ခါလာရိုက်မယ်ဆိုပြော ပါမစ်တင်တာ ပေးသင့်သလောက်ပေးပြီးရင် ဒီလောက်မကြာဘူးချက်ချင်းရိုက်လို့ရမယ်လို့ ကျွန်မတော့ထင်တယ်... ၁ရက် ၂ရက်တောင် ကြာမှာမဟုတ်ပါဘူး (တကယ်လို့ ကိုယ်ရိုက်ချင်တဲ့နေရာမှာ တခြား ပွဲအစီအစဉ်တစ်ခုမရှိရင်ပေါ့) ဒီတော့ နောက်ဆို အကူအညီလိုလဲ ပြောပေါ့.. ပါမစ်ကြို တင်ပေးထားပါ့မယ်... အချိန်တော့ မှန်ပါစေပေါ့...
ဘာလို့လဲဆိုတော့ ခု စပြနေတဲ့ ကိုရီးယားဇာတ်လမ်း Myung Wol, The spy ကို MBS ပေါ်က ရေကန်ကြီးမှာ ခမ်းခမ်းနားနား လာရိုက်သွားတယ်... ခုတော့ ကိုယ့်မြန်မာ့ရုပ်ရှင်က malion လေးတောင် တာဝန်ရှိသူ မသိအောင် ရိုက်ရတယ်ဆိုတော့ စိတ်မကောင်းလို့ အတတ်နိုင်ဆုံး အချိန်ကုန်ခံ စုံစမ်းကူညီပေးမယ်...
ဆရာဝင်လုပ်တယ်လဲမထင်စေချင်ပါဘူး... ကိုယ်လဲ professional လုပ်စားနေတဲ့ ကိုယ့်ထက်ဝါရင့်တဲ့သူတွေလောက် မတတ်ပါဘူး... ဒါပေမဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ပဲ ပြောပြတာပါ... ကျွန်မ မသိတဲ့ တခြားအခက်ခဲအမျိုးမျိုးရှိလား ဆိုတာတော့ ကျွန်မလဲ မသိ...
မနက်ဖြန်လဲ national day firework တွေနဲ့အတူ သီချင်း VCD တစ်ပုဒ်ကို သက်မွန်မြင့်နဲ့ ရိုက်ဖို့ မိန်းကလေး သူငယ်ချင်းလုပ်ဖို့ သရုပ်ဆောင် ၂ ယောက် ၃ယောက်လောက်လိုလို့ ကိုယ့်ကိုလာခေါ်ပါသေးတယ်... တကယ်လဲကူညီချင်ပါတယ်... ဒါပေမဲ့ မနက်ဖြန်ည အလုပ်ရှိတာရော.. ခွင့်သိပ်မကျန်တာရောကြောင့် မကူညီနိုင်ပြန်ဘူး... သရုပ်ဆောင်ဖို့ထက် တခြား ပညာတွေတော့ အများကြီး သင်ယူချင်ပါသေးတယ်... အလင်းအမှောင်ချိန်တာ ကင်မရာ အနေအထား အယူအဆကို ဒါရိုက်တာက မော်နီတာက ကြည့်တာနဲ့ သိပြီး commend ပေးနိုင်တာ အားကျတယ်... ဒီထက် တိုးတက်တဲ့ အနုပညာလောကသာ မြန်မာပြည်မှာ ဖြစ်လာရင် သူတို့လဲ ဒိထက် အားစိုက်ထုတ်ပြီးလုပ်ကြမှာပဲလို့ ယုံကြည်တယ်...
အထူးသဖြင့်တော့ အားလုံးက ဖော်ဖော်ရွေရွေနဲ့ ကိုယ့်ကို အေးအေးဆေဆေး ကြည့်ခွင့်ပေးတယ်... စကားလဲပြောတဲ့အတွက် ရုပ်ရှင်အဖွဲ့သားတွေ အားလုံးကို ခုလိုတွေ့ရတာကျေနပ်မိတယ်... ကျေးဇူးလဲတင်ပါတယ်... ဒါပထမဆုံး ရုပ်ရှင်ရိုက်တာကို အနီးကပ်သေချာမြင်ဖူးတာပဲ... သူတို့ ရုပ်ရှင်ရိုက်နေတဲ့ အချိန်မှာ ကင်မရာ flash off ပြီး ဓာတ်ပုံလေးတွေရိုက်ဖြစ်ခဲ့တယ်... ဒါပေမဲ့ ချောရတနာက မီးထိုးတဲ့ အဖက်ကြီးနဲ့ ကွယ်နေလို့ မပါဘူး... ဟိန်းဝေယံပုံတွေချည်းပဲ ပါတယ်... (တမင် ဟိန်းဝေယံကိုချည်းရိုက်ခဲ့တာဟုတ်ဘူးနော်... ဟီး.. ဟီး...)
မှတ်ချက်... ဒီပိုစ့်သည် မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိပဲ မဗေဒါ အမြင် မဗေဒါ အယူအဆနဲ့ သာ ရေးသားထားခြင်းဖြစ်လို့ ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်...
ဓာတ်ပုံလေးတွေ ရှုစားသွားပါ...
ဓာတ်ပုံတွေက SZA ကင်မရာနဲ့ မဗေဒါကိုယ်တိုင်ရိုက်ထားတာပါ...

![]() |
| အောက်က ခုံမှာထိုင်နေတာက မှတ်တမ်းတဲ့... script လဲသူပဲ ဖတ်ပြတယ်... |
![]() |
| ဒါရိုက်တာကြည့်တဲ့ မော်နီတာ.. ကင်မရာက ၂လုံးဒါပေမဲ့ ၁လုံးကဟာပဲမြင်ရတယ်... |
![]() |
| ချောရတနာက အဲဒိ အဖက်ကြီးနဲ့ ကွယ်နေတယ်... |
ဓာတ်ပုံတွေက SZA ကင်မရာနဲ့ မဗေဒါကိုယ်တိုင်ရိုက်ထားတာပါ...
Labels:
Celebrities
,
Knowledge
,
မင်းသမီး
,
မင်းသား
,
ရုပ်ရှင်
Friday, June 17, 2011
လိုက်ဖက်တဲ့ ဘ၀ နဲ့ မင်း (My first Project)
အရင်တစ်ခေါက်ကတည်းက သူငယ်ချင်း မင်္ဂလာမောင်နှံအတွက် မဗေဒါရိုက်တဲ့ MTV လေးကို ပြမယ်လို့ စာဖတ်သူတစ်ချို့ကိုပြောခဲ့တာ ခုမှပဲ Youtube ပေါ်တင်ဖြစ်ပါတော့တယ်... သူတို့ ဗွီဒီယိုလေးအတွက် ဘာသီချင်းသုံးရင် သင့်တော်မလဲ ဆိုတာကို သတို့သမီးနဲ့ ကျွန်မ အချိန်ယူ စဉ်းစားရင်းနောက်ဆုံးမှာ ဓာတ်ပုံ Slide show အတွက် အာဇာနည်နဲ့ ၀ိုင်းစုခိုင်သိန်းရဲ့ "လိုက်ဖက်တဲ့ ဘ၀" သီချင်းကို ရွေးချယ်ခဲ့ပြီး... သူတို့ ၂ယောက်သရုပ်ဆောင်မဲ့ MTV အတွက်ကတော့ ထူးအယ်လင်းနဲ့ မီးမီးခဲရဲ့ "မင်း" ဆိုတဲ့ သီချင်းလေးကို သတို့သမီးရဲ့ ရွေးချယ်မှုရယ် ကျွန်မရဲ့ သဘောတူညီမှုရယ်နဲ့ ရွေးချယ်ဖြစ်ခဲ့ပါတယ်...
သူတို့မင်္ဂလာဆောင်မှာ မဗေဒါလုပ်ပေးတဲ့ ဓာတ်ပုံ Slide Show လေးကို အရင်ပြပါတယ်... ဒီဓာတ်ပုံ Slide Show လေးကို ရိုးရိုးကြီးမဖြစ်အောင် မဗေဒါလုပ်ထားတဲ့ အိုင်ဒီယာလေးကတော့ သူတို့ ၂ယောက်ရဲ့ ဘ၀နဲ့ အချစ်ဇာတ်လမ်းအကျဉ်းချုပ်လေးကို ငယ်ရာကနေ ကြီးလာပြီး သူတို့ ၂ယောက်ရဲ့ ရည်းစားသက်တမ်းကပုံတွေကို အစဉ်လိုက်ထည့်ထားပြီး... အဆုံးမှာမှ Pre wedding photo shoot က ပုံလေးတွေနဲ့ ခုဆိုရင်တော့ မင်္ဂလာဆောင်တဲ့ အကြင်လင်မယားဖြစ်သွားတဲ့ Happy Ending ဇာတ်လမ်းလေးတစ်ပုဒ်လို ဆင်ပြီး ထည့်ထားပါတယ်... ဓာတ်ပုံတွေချည်းပဲ ပြနေရင် ကြည့်ရတဲ့သူတွေ ပျင်းသွားမှာစိုးလို့ သူတို့ ၂ယောက်ရဲ့ ချစ်ဇာတ်လမ်းနဲ့ လိုက်ဖက်မဲ့ Romantic ဆန်ဆန် စာလုံးလေးတွေကိုလဲ ဟိုနားဒီနားက Inspire ယူ... ကူးချတန်တာ ကူးချ... Modified လုပ်တန်လုပ်ပြီး ထည့်ပေးထားပါတယ်... ကဲ... မဗေဒါရဲ့ ပထမဆုံး မင်းသားနဲ့ မင်းသမီးရဲ့ ဖြစ်ရပ်မှန် ချစ်ဇာတ်လမ်း ဓာတ်ပုံ Slide show လေးကို ရှုစားသွားကြပါအုံးလို့....
သီချင်း - လိုက်ဖက်တဲ့ ဘဝ
သရုပ်ဆောင် - ဗစ်တာ + ထူးထူး
တေးဆို - အာဇာနည် ၊ ၀ိုင်းစုခိုင်သိန်း
"မင်း" သီချင်းနဲ့ ဗွီဒီယိုရိုက်ဖို့ ၃ယောက်လုံးအားရက်က ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် နောက်ဆုံး Weekend တစ်ခုမှာ သတို့သမီးက အလုပ်ကခွင့်ယူပြီး ရှားရှားပါးပါး ၁ရက်အတွက် Khatib ရေကန်ရှိတဲ့ ပန်းခြံမှာ သွားရိုက်ဖြစ်ကြပါတယ်... အဲဒိမတိုင်ခင် အချိန်ရရင် ရသလို သတို့သမီးနဲ့ ကျွန်မ အ၀တ်အစားအတွက် ရှော့ပင်းပတ်ဖြစ်ရင် ကျွန်မက သူလဲဝတ်ရဲပြီး အဆင်ပြေ ကျွန်မလိုချင်တဲ့ Theme နဲ့လဲ့ လိုက်ဖက်မဲ့ အကျီင်္ဒီဇိုင်းနဲ အရောင်ကို လိုက်လံရွေးချယ်ပြီး ၀ယ်ဖြစ်ပါတယ်... မဗေဒါကတော့ မင်္ဂလာဆောင် ဗွီဒီယိုအတွက် ဖြစ်နိုင်ရင် အဖြူစစ်စစ် ဂါဝန်လေးကို ၀တ်စေချင်တယ်... အဖြူစွတ်စွတ်ဂါဝန်ကို အဖြူပန်းပွင့်လေးတွေ ပုခုံးနားမှာ ရှိတဲ့ ဂါဝန်လေးတွေ့တော့ မဗေဒါရဲ့ အားပေးမှုနဲ့ သတို့သမီးလဲ ၀ယ်ရှာပါတယ်... သူက တာဇံအကျီင်္လို ပုခုံးတစ်ဖက်ပေါ်လေးပါ... (ကျွန်မမျက်လုံးထဲတော့ တကယ်လှတယ်...) ဒါပေမဲ့ အဖြူစွတ်စွတ်ဂါဝန်ကျတော့ ပါးတယ်လို့ထင်ရတာကတစ်ကြောင်း... အဲဒိသွားရိုက်တဲ့ နေ့က မိုးရွာနေတော့ အကျီင်္မလဲဖြစ်တော့တာက တစ်ကြောင်းကြောင့် ၀တ်ပြီး မရိုက်ဖြစ်ခဲ့ပါဘူး...
ရိုက်ကွင်းနေရာက အားလုံးအဆင်ပြေမဲ့ နေရာဖြစ်အောင် ကျွန်မပဲရွေးတာပါ... အဲဒိက လူလဲရှင်းတော့ သရုပ်ဆောင်ရင်လဲ သိပ်ရှက်စရာမလိုဘူးပေါ့... ကိုယ်တွေက Pro တွေမှ မဟုတ်တာ... သတို့သမီးက သာမာန်အချိန်မှာ မိတ်ကပ်လိမ်းနေကျသူမဟုတ်တော့ မိတ်ကပ်ထူထူလေးလိမ်းဖို့ ကိုယ်က တောင်းဆိုရင်း နောက်ဆုံးကျွန်မပဲ တတ်သလောက်မှတ်သလောက်နဲ့ မင်းသမီးကို ပြင်ပေးလိုက်တယ်... (လက်ရာကတော့ မြင်တဲ့အတိုင်းပဲ... သတို့သမီးက ချောပြီးသားမို့ တော်တော့တယ်... ဟီး... ဟီး...)အိမ်က ထွက်လာတဲ့အထိရာသီဥတုက အကောင်း... ရိုက်ကွင်းနေရာရောက်တာနဲ့ မိုးက ရွာချပါလေရော... သဲကြီးမဲကြီး... မိုးရော လေရော... အဲဒါနဲ့မိုးခိုပြီး မိုးတိတ်တာကိုစောင့် ... မင်းသမီး မိတ်ကပ်ပျက်သွားမှာစိုးတာ..(ဒါတောင် ကိုယ်လိမ်းပေးတဲ့ မိတ်ကပ်က ကင်မရာထဲရောက်တော့ ပါးနေသေးတယ်) နောက်ဆုံး မိုးလေး ဖွဲဖွဲကျန်တဲ့အချိန်မှ မထူးဘူးဆိုပြီး ထီးနဲ့ ရိုက်ဖြစ်ကြတယ်...
သူတို့ ၂ယောက်လုံးလဲ ကိုယ်လုပ်ခိုင်းတာကို အတတ်နိုင်ဆုံး လုပ်ပေးကြပါတယ်... အဲဒိအတွက် ကျေးဇူးအများကြီးတင်ပါတယ်... ဒါပေမဲ့လဲ Pro တွေမှ မဟုတ်တာနော်... မင်းသား မင်းသမီးအစစ်တွေလို အရမ်းတော့ ဘယ်အိုက်တင်ထုတ်တတ်မလဲ... ကိုယ်လဲ ခိုင်းရတာအားတော့နာပါတယ်... ဒါတောင် တချို့ဟာတွေ ၂ ခါ ၃ခါပြန်လုပ်ခိုင်းရင် လုပ်ပေးကြပါတယ်... (ဒါပေမဲ့ နောက်တစ်ခါဆို နောက်လူတွေ ရိုက်ချင်ရင်တော့ နည်းနည်း စည်းကမ်းထပ်ကျပ်မှဖြစ်မယ်... မကြိုက်မချင်း ပြန်လုပ်ခိုင်းမှာနော်... ဒါရိုက်တာက နာမည်ရလာပြီဆိုတော့ နည်းနည်းဆိုးတယ်... ခစ်ခစ်.)... အမှန်တော့လဲ မကျေနပ်မချင်းပြန်ရိုက်တာ သရုပ်ဆောင်အတွက်လဲကောင်းတယ်... ဒါရိုက်တာက မြင်နေရလို့ လိုနေတာကို ပြင်ပေးတာ... ဖန်သားပြင်ပေါ်ရောက်ရင် ဒါရိုက်တာပုံပါတာမဟုတ်ဘူး... သရုပ်ဆောင်ပဲ ပရိတ်သတ်က မြင်တာ... ဟုတ်တယ်ဟုတ်...? ဟုတ် ဟုတ် မဟုတ် ဟုတ် ဟုတ်လိုက်နော်.... :D
Storyboard အစထဲက ချမဆွဲပဲ ဦးနှောက်ထဲမှာ စဉ်းစားထားတာလောက် မြင်ဖူးတာလောက်နဲ့ အကြံပေါ်ရင်ပေါ်သလို ရိုက်တော့ သိပ်တော့ ကျွန်မရဲ့ အစီအစဉ်က မကျနလှဘူး... အမှန်ဆို ရိုက်ကွင်းနေရာကိုလဲ မရိုက်ခင်ကတည်းက သွား လေ့လာထားသင့်တယ်... ပြီးတော့ ဘာရိုက်မယ် ဘယ်ရှုထောင့်ကရိုက်မယ်ဆိုတာကိုလဲ သေချာ Storyboard နဲ့ plan ချသွားရင် သရုပ်ဆောင်တွေလဲ သိပ်မပင်ပန်းတော့ဘူး... ဒါကတော့ ကျွန်မဘက်က လိုတဲ့အပိုင်းတွေ... သင်ခန်းစာရတာပေါ့... ခုတော့ တချို့တွေကို သရုပ်ဆောင်ခိုင်းပြီး ဗွီဒိယိုထဲမှာ သိပ်ကြည့်မကောင်းလို့ မထည့်ဖြစ်လိုက်တာတွေလဲရှိတယ်... ကျွန်မရဲ့ မင်းသမီး မင်းသားက အမှန်ဆို တော်တောင် တော်သေးတယ်... သူတို့ကို သရုပ်ဆောင်ခိုင်းတဲ့အချိန်မှာ နောက်က သီချင်းလဲ ဖွင့်မပေးထားဘူး... ဘလိုင်းကြီးသက်သက် ကျွန်မလုပ်ခိုင်းတာကို လုပ်ပေးရရှာတာ... သူတို့ ဒီလိုလုပ်ပေးလို့ မဗေဒါ ၀မ်းသာရတယ်...
သူတို့ ၂ယောက်ရဲ့ တကယ့် မင်္ဂလာနေ့မှာ ကျွန်မရိုက်ထားတဲ့ ဗွီဒီယိုလေးကို ပရိတ်သတ် (ဧည့်သည်)တွေက ပြုံးပြီး စိတ်ဝင်တစားကြည့်ကြတော့ ကျွန်မပျော်တယ်... ဖြစ်နိုင်ရင် ဒိထက် စက်ကောင်းကောင်း အစီအစဉ်ကျကျနဲ့ စနစ်တကျရိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်... ကျွန်မရဲ့ ၀ါသနာနဲ့ ဘာမဟုတ်တဲ့ လက်စွမ်းကို အတည်တကျ အသုံးချပြီး သူတို့ မင်္ဂလာပွဲပရိတ်သတ်တွေရှေ့မှာ ချပြခွင့်ပေးခဲ့တဲ့ မထူးထူးနဲ့ ကိုဗစ်တာကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်... (စိတ်ကူးနည်းနည်းယဉ်ပြီး ပြောပါရစေ... မဗေဒါ တချိန် နာမည်ကြီး ဒါရိုက်တာ ဖြစ်လာရင် မဗေဒါရဲ့ ဦးဆုံး မင်းသမီးနဲ့ မင်းသားက ဒီစုံတွဲအနေနဲ့ မှတ်မှတ်ရရရှိနေမှာပါ... ခစ်ခစ်.. (ပြောရတာ အရသာလဲရှိ... ရှက်လဲရှက်ပါတယ်... အဟိ)
အဲဒိ ဗွီဒီယိုကို အက်ဒစ်လုပ်တော့ ကိုယ့်ကင်မရာကိုယ်အားမရဘူး... HD ပဲဖြစ်ဖြစ်... ဒါမှ မဟုတ် Pro camera တစ်လုံးလောက်တော့ လိုချင်တယ်... ပိုက်ပိုက်ကလဲ မရှိတော့ ခက်တာပဲ... ( အဲဒါကြောင့် အောက်က "မဲပေးကြပါအုံးရှင်" ပိုစ့်ထဲက Canon ပိုစတာပြိုင်ပွဲဝင်ပြိုင်တာ... နိုင်တဲ့သူက မဗေဒါလိုချင်တဲ့ ဗွီဒီယိုကင်မရာရမှာလေ... ခုကြည့်ရတာ ဒီပုံအတိုင်းဆို နိုင်မဲ့ပုံတော့ မပေါ်ပါဘူး... ဒါပေမဲ့ မဲပေးသွားကြတဲ့ စာဖတ်သူတွေနဲ့ သူငယ်ချင်းပေါင်း ၂၀၀ နီးပါးရှိတယ်ဆိုတာ သိရလို့ အရမ်းဝမ်းသာတယ် ကျေးဇူးလဲတင်တယ်... ဆုရရ မရရ ခုလို အားပေးတဲ့သူတွေရှိတယ်ဆိုတဲ့ အတွေးနဲ့ တင်ကျေနပ်တယ်... ဤကား စကားချက်)... လိုချင်တာတော့ အများကြီး ဒါပေမဲ့ ကိုယ်ကိုယ်တိုင်လဲ ထဲထဲဝင်ဝင် လေ့လာဖို့ အခွင့်မရသေးတော့ ဘာပစ္စည်းလိုလို့ လိုမှန်းတောင် မသိ... ဒါပေမဲ့ သတင်းကောင်းအနေနဲ့ (သတင်းကောင်းပဲပြောရမလားတော့ မသိ) ကတော့ မဗေဒါ ခုဆို Multimedia Design and Technology ဘာသာနဲ့ ကျောင်းရသွားပြီဆိုတဲ့ အကြောင်းပါပဲ... ကိုယ်ရွေးချယ်ထားတဲ့လမ်း အောင်မြင်မလား ရှုံးနိမ့်မလား... ရေစုံပဲ မျောမလားကတော့ ကျွန်မကိုယ်တိုင်လဲ မသိသေးပါဘူး... စာဖတ်သူ သူငယ်ချင်းတွေရဲ့ အားပေးမှုကတော့ ကျွန်မအတွက် ရှေ့ဆက်တိုးနိုင်မဲ့ အားဆေးတွေပါပဲ... ကဲ... မဆိုင်တာတွေပြောတာလဲ များပြီ... မဗေဒါရဲ့ လက်စွမ်းလေးကို ဖြစ်နိုင်ရင် HD 720 လေးနဲ့ ကြည့်ပြီး လိုအပ်တာလေးတွေကို အပြုသဘော နားလည်မှုရှိစွာ ဝေဖန်ပေးသွားကြပါအုံးလို့ ....
အဆုံးမှာ Making of Video လေးကို bonus အဖြစ်ထည့်ထားပါတယ်...
သီချင်း - မင်း
သရုပ်ဆောင် - ဗစ်တာ + ထူးထူး
တေးဆို - ထူးအယ်လင်း + မီးမီးခဲ
Feel like sharing my sis wedding dinner and their MTV again here which is done by ME..

Wednesday, June 15, 2011
မြန်မာ သရဲမ ပါတဲ့ Thai Horror Movie - Laddaland
ယိုဒယားတွေဟာ သရဲကားထုတ်လုပ် ရိုက်ကူးရာမှာ hollywood ထက်ပင် ကြောက်စရာ ကောင်းအောင်ရိုက်တတ်တယ်လို့ ကျွန်မအတွက်တော့ သတ်မှတ်ယူဆတယ်... ကျွန်မအတွက် ထပ်တိုးအထူးကြောက်ရတာကတော့ ယိုးဒယားသရဲကားတွေရဲ့ အယူအဆ၊ ယုံကြည့်မှုနဲ့ ပါဝင်တဲ့ လူမျိုး စရိုက် အနည်းကျဉ်း၊ ဘုန်းကြီး ၀တ်စားဆင်ယင်မှုနဲ့ ဘုရားစာအသံ စတာတွေက မြန်မာနဲ့ အတော်နီးစပ်တဲ့အတွက် ကြည့်နေရင်း စိတ်ပါပြီး ကြောက်ရပြန်ပါတယ်...
ခုလတ်တလောမှာမှ ရုံတင်ပြသနေတဲ့ "Laddaland" ဆိုတဲ့ ယိုးဒယားသရဲကားမှာ Burmese maid ကို သတ်ခံရလို့ ခြောက်တယ်ဆိုတော့ ပိုစိတ်ဝင်စားမိပါတယ်... ဇာတ်ကားနာမည်ကလဲ အမှတ်မထင် မြန်မာလိုပြန်မိရင်လဲ "လဒ လမ်း" ဆိုတော့ ကျောချမ်းချင်စရာ... ခုတစ်လော အလွန်တရာမှ ကြောက်တတ်လွန်းနေတဲ့ ကျွန်မအတွက် ယိုးဒယားသရဲကားကို ရုံမှာသွားကြည့်ဖို့ အတော်လေး ခြေတုန်ချတုန်ဖြစ်ခဲ့ရပါတယ်... လူတွေဟာ အသက်ကြီးလေ ကြောက်တတ်လေထင်ပါတယ်... ငယ်ငယ်က သရဲကားတွေကို ကြည့်ရဲသလောက် ခုကြီးလာတော့ အရင်လောက် မကြည့်ရဲတော့ပါဘူး... ကြည့်ပြီး စိတ်ထဲစွဲနေပြီး ဟုတ်တာလဲမဟုတ်ပဲနဲ့ ကြောက်စိတ်ပိုနေတော့ အလုပ်မပြီးတတ်ပါဘူး... အဲလိုနဲ့ မကြည့်ဖြစ်တော့တာ ကြာပါပြီ... ဒါပေမဲ့ ဒီကားလေးကို ဘလော့မှာ review ရေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ စာဖတ်သူများအတွက် အားခဲပြီး သွားကြည့်ခဲ့ပါတယ်...
ဇာတ်လမ်း...
မိန်းမနဲ့ ကလေးတွေအတွက် တစ်အိုးတစ်အိမ် မထူထောင်ပေးနိုင်လို့ ယောက္ခမ နဲ့ အတူနေခဲ့ရတဲ့ Thee တစ်ယောက်ဟာ ယောက္ခမရဲ့ အငြိုငြင်ကို ခံခဲ့ရပါတယ်... သို့သော် သူ့အလုပ်သစ်စလုပ်ပြီး မကြာခင်မှာပဲ ချင်းမိုင်က Laddaland ဆိုတဲ့ ရပ်ကွက်မှာ အိမ်နဲ့ ခြံလေးတစ်လုံးဝယ်လာနိုင်တဲ့အခါ အလွန်ကိုမှ ပျော်ရွှင်နေပါတယ်... သူ့မိန်းမနဲ့ ကလေး ၂ယောက်ပြောင်းလာပြီး မိသားစုအတူပျော်ပျော်ရွှင်ရွှင်နေဖို့ စိတ်ကူးခဲ့ပါတယ်... သို့သော် သူ့ရဲ့ ပြင်းပျတဲ့ အိမ်ပိုင်နဲ့ မိသားစုအတူနေရေးစိတ်လေးဟာ တစ်မိသားစုလုံးကို စိတ်ချောက်ချားဖွယ် ဒုက္ခတွင်းကို မသိလိုက်ပဲ ခေါ်ယူခဲ့သလိုဖြစ်သွားတယ်ဆိုတာကိုတော့ သတိမထားမိခဲ့ပါဘူး...
ဝေဖန်ချက်...
ဒီဇာတ်ကားဟာ အခြားသော ပေါချာချာသရဲကားများထက်ဆာလျှင် ကြောက်စရာကောင်းပြီး ကြည့်ထိုက်တဲ့ကားတစ်ကားဖြစ်သော်လည်း... ယခင်က နာမည်ကြီး ဇာတ်ကားတွေဖြစ်တဲ့ Shutter (ကြည့်ပြီး ၁နှစ်ကြာကြာ ကြောက်ခဲ့ရပါတယ်), Alone (ကြည့်ပြီး ကြောက်ခဲ့ရပါတယ်), Coming Soon (မကြည့်ရဲလို့ မကြည့်ဖြစ်ခဲ့ပါ) တွေလောက် ဇာတ်အိမ်ဖွဲ့စည်းမှု အားမကောင်းပါဘူး... သရုပ်ဆောင်နဲ့ ခြောက်ခြားမှုကတော့ အားမနည်းပါဘူး... လူတွေကို ကြောက်အောင် ခြောက်နိုင်သလို... လန့်သွားအောင်လဲ လှန့်နိုင်ပါတယ်... အစက မြန်မာသရဲမကို တကားလုံးရဲ့ အဓိကသရဲဖြစ်မယ်လို့ ထင်ခဲ့တာ... သူက ကားတစ်ဝက်လောက်ထိပဲ အဓိကသရဲဖြစ်ခဲ့ပါတယ်... Makin (မာကင်) ဆိုလို့ ဘာများလဲလို့... နောက်မှ မြန်မာမှုပြုမယ်ဆိုရင်တော့ မခင် လို့ ဆိုလိုတယ်လို့ထင်ပါတယ်... အဲဒိ မခင်သရဲမ ညစောင့်ကို ခြောက်တဲ့အခန်းမှာ ရှားရှားပါးပါး မြန်မာလိုပြောတာပါပါတယ်... အဲဒိအချိန်မှာ အောက်က အင်္ဂလိပ်စာတမ်းမထိုးပါဘူး... ဒီတော့ တခြားလူမျိုးတွေ နားလည်မှာမဟုတ်ပါဘူး... ကျွန်မတို့လို မြန်မာစကားနားလည်သူများအတွက် အပိုဆု ကြောက်စရာလေးတစ်ခုပေါ့နော်...
သရဲသံလုပ်ရာမှာလဲ ယိုးဒယားက creepy ဖြစ်ဖြစ် လုပ်နိုင်ပါတယ်... ရိုးရိုးလေးနဲ့ တိုးတိုးလေးပဲ မိန်းကလေး တစ်ယောက်ညဉ်းနေတဲ့ပုံစံမျိုးပါ... မြန်မာလိုပြောတာပါ... အသံလေးက သဲ့သဲ့တိုးတိုးလေးဆိုတော့ နောက်စကားလုံးကို အတော်တောင် အားစိုက်နားထောင်လိုက်ရတယ်... ဒါပေမဲ့ မြန်မာမိန်းကလေးစစ်စစ်နောက်ခံပြောတယ်ဆိုတာ သေချာပါတယ်... (အဲဒါမကြည့်ခင် နေ့လည်က မြန်မာသရဲကား "ကားပေါ်မှာ လိုက်လာတယ်" ဆိုတာကို ကြောက်ဖို့ကောင်းတယ်ဆိုလို့ ကြည့်ဖြစ်ပါတယ်... အဲဒိမှာ ကျွန်မကို ကြောက်စရာတွေအစား ရီစရာတွေ ပေးတာကတော့ သရဲမက ပါးစပ်ကြီးဟလိုက်ရင် ခြင်္သေ့ဟိန်းသံကြီးထွက်လာတယ်ရှင့်) အဲဒိကားအကြောင်းကိုတော့ နောက်မှ အချိန်ရရင်ပဲဖြစ်ဖြစ်... ဝေဖန်ချင်စိတ်ရှိရင်ပဲဖြစ်ဖြစ် ထပ်ဝေဖန်ပေးပါအုံးမယ်... (သိပ်လဲ မပြောချင်တာက သူတို့ခမျာလဲ ကြိုးစားနေရှာတာပါပဲ... စည်းဘောင်အတွင်းက ကြိုးစားနေရရှာတော့ လစ်ဟာနေတာလေးတွေကို ကိုယ်က ပိုးစိုးပက်စက် စိတ်ရှိတိုင်း မပြောချင်လို့ပါ)... ပြီးတော့ စေတနာနဲ့ ဝေဖန်တာကို ကိုယ့်လူမျိုးကို အထင်အမြင်သေးတယ်လို့ အထင်လွဲမှာ စိုးလို့ပါ...
Spoiler Alert From now On...
တချို့ အခန်းတွေမှာ အရင်က သုံးပြီးသား သရဲ Trick မျိုးကို ပြန်သုံးထားတာတွေ့ရပါတယ်... ဥပမာ... ရေခဲသေတ္တာ တခါးကြီး လှုပ်တဲ့ အခန်းမှာ သူက သူ့သားလေး ဆော့ရင်း သရဲခြောက်တဲ့ အိမ်ထဲက ရေခဲသေတ္တာထဲများဝင်ပုံးနေလားဆိုပြီးသံသယဖြစ်နေတုံး သူ့မိန်းမဖုန်းခေါ်ပြီး သူတို့ သားလေး အိမ်ပြန်ရောက်နေပြီလို့ ပြောတာမျိုးတွေ (ဒါဆိုစောစောက ရေခဲသေတ္တာ တံခါးလှုပ်တာ ဘယ်သူ့ကြောင့်လဲ ဆိုတဲ့ အတွေးမျိုး)... Shutter မှာဆိုရင်တော့ သူဓာတ်ပုံဆေးနေတုန်း ဘေးမှာ သူ့ရည်းစားကလာရပ်နေပြီး နောက်တော့ ဖုန်းလာတော့ သူ့ရည်းစားက ခုမှ လမ်းမှာ လာနေတုန်းဆိုတဲ့ ပုံစံနဲ့တူပါတယ်... Trick ကတူပင်မဲ့ ကြောက်ဖို့ကတော့ ကောင်းမြဲပါပဲ... အဲဒိ ရေခဲသေတ္တာအခန်းမှာဆိုရင် ကျက်သီးတောင်ထပါတယ်... ဇာတ်လမ်းအရ အဲဒိ အိမ်က မြန်မာအိမ်ဖော်မလေးကို သတ်ပြီးတော့ ရေခဲသေတ္တာထဲ အလောင်းကို ထည့်ခဲ့တာပါ... ရေခဲသတ္တာတံခါးကြီး ၀ုန်းကနဲဖြစ်သွားတဲ့အချိန်မှာ ကျွန်မလဲ မျက်စိမှိတ်လိုက်လို့ ဘာထွက်လာလဲဆိုတာတော့ ခုထိ မဟေဋ္ဌိပါပဲ... ဟဲ.. ဟဲ... ထင်တာတော့ ဘာမှ ထွက်လာတာ မပြဘူးထင်ပါတယ်... မင်းသားထွက်ပြေးသွားတယ်ထင်ပါတယ်... (ဒါနဲ့ မြန်မာသရဲကား "ကားပေါ်မှာ လိုက်လာတယ်" ဇာတ်ကားထဲမှာလဲ အဲဒိလို Trick မျိုးသုံးထားပါတယ်... ကားပေါ်ကို မိန်းမနဲ့ကလေးတစ်ယောက် တက်သွားတာတွေ့လိုက်လို့ မင်းအုပ်စိုးက ကားပေါ်တက်အကြည့်မှာ ကားပေါ်က ခရီးသည်မိန်းမတစ်ယောက်ကိုသာတွေ့ပြီး နောက်မှ ထိုမိန်းမက တစ်ချိန်လုံးကားအောက်မှာသာရှိကြောင်းကို ရိုက်ပြသွားပါတယ်... Trick ချင်းတူပင်မဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်... အသံ... တီးလုံးရွေးချယ်မှုကွာခြားလို့ထင်တယ်... မြန်မာကားက Trick က ကျက်သီးမပြောနဲ့ အစားတောင် မပျက်ခဲ့ပါဘူး..)... (ရေးရင်းနဲ့ကို မြန်မာကားကို ဝေဖန်စရာတွေ ပေါ်ပေါ်လာတယ်... ယိုးဒယားကားကို ပြန် Focus မှပဲ)...
ပြီးတော့ ယိုဒယား သရဲကားများ ထုံးစံအတိုင်း လူကို အငိုက်ဖမ်းပြီး လှန့်တတ်ပါသေးတယ်... ညစောင့်ကို ခြောက်တဲ့အခန်းမှာပဲ မိန်းကလေးတစ်ယောက် ညဘက် လမ်းမအမှောင်ပေါ်မှာ ကွေးကွေးလေးထိုင်နေတာတွေ့လို့ ညစောင့်က မီးနဲ့ ထိုးကြည့်နေတော့ ကျွန်မလဲကြောက်ပြီး မျက်လုံးကို မှိတ်လိုက်ပါတယ်... တော်တော်လေး မှိတ်ပြီးတဲ့အထိ ဘာသံမှလဲ ဆက်မကြားရ... ပြီးတော့ သရဲမ ပျောက်သွားတယ်ဆိုတော့ ထပြီး ပြန်ကြည့်လိုက်ကာမှ... ဘွားကနဲ မျက်နှာရှေ့မှ ကပ်ပြီးပေါ်လာတာ... လန့်လို့ ထအော်မိပါရော... ရုံထဲမှာလဲ ကိုယ်နဲ့ အော်ဖော်တွေအတော်များပါတယ်... ယိုဒယား သရဲကားကြည့်ရင် ပျော်စရာကောင်းတာတစ်ခုကတော့ သရဲခြောက်ရင် အော်ကြတာပါပဲ.. ပြီးရင်တော့ ရုံထဲမှာ အရှက်ပြေ ရယ်သံလေးတွေ ပြန်ထွက်လာတတ်ပါတယ်... ဒီကားက NC16 ပါ... ဒါပေမဲ့ အသက်ငယ်တဲ့သူတွေက ပိုသတ္တိကောင်းတယ်ထင်တယ်... လာကြည့်တာ လူငယ်တွေများတယ်... သူငယ်ချင်းအုပ်လိုက်တွေ... လူကြီးတွေ လုံးဝမရှိသလောက်ပဲ (ကျွန်မတော့ လုံးဝမတွေ့ခဲ့ဘူး)...
ဘုန်းကြီးတွေ ဘုရားစာရွတ်တဲ့အခန်းမှာလဲ မြန်မာဘုရားစာနဲ့ တူတူပဲမို့ ရုပ်ရှင်ထဲ အတော်လေး ဈာန်ပါခဲ့တယ်... ဆုံးခါနီး သမီးကြီးလုပ်တဲ့ ကောင်မလေးက အ၀တ်ဟိုဘက်ခြံထဲကျသွားလို့ ၀င်ကောက်တဲ့အခန်းကလဲ ကြောက်စရာပါ... ဇာတ်လမ်းအရ မြန်မာသရဲမခြောက်ခံရပြီးနောက်မှာ အဲဒိကောင်မလေးက သူငယ်ချင်းတွေနဲ့ စာကျက်မယ်ဆိုပြီး သွားနေပါတယ်... ဒီကြားထဲမှာ သူတို့ ဘေးခြံက တစ်မိသားစုလုံး ကိုယ့်ကိုကိုယ်သတ်သေသွားတာ သူမသိလိုက်ဘူးလို့ ကျွန်မကတော့ နားလည်ပါတယ်... အဲဒါကြောင့်လဲ အ၀တ်ကျသွားတော့ သူက ဟိုဘက်ခြံကို ကျော်ဝင်ပြီးကောက်တာပါ... အ၀တ်တွေကြားထဲက သရဲမ လမ်းလျှောက်လာတာ... ပြီးတော့ အစမှာတော့ မျက်လုံးပဲတွေ့တော့ ဘာမှ မဖြစ်သလိုနဲ့ နောက်မှ ပါးစပ်ကြီးပေါက်နေတာ... အမလေး... ကျွန်မသာအဲဒိနေရာမှာဆိုရင် အော်ဖို့ အသံတောင်ထွက်ပါ့မလားမသိဘူး... အဆုံးခန်းမှာလဲ ကလေးသရဲလေးနဲ့ တွေ့တဲ့အခန်းမှာ မကြည့်ရဲလို့ ပန်းချီကားလေးနဲ့ ကားထားတာကို အလည်ကနေ တဖြည်းဖြည်းဆွဲစုတ်တဲ့အခန်းကလဲ အူယားစရာပါ... (အဟိ.. သတ္တိခဲကျွန်မ အဲဒါလဲ မျက်လုံးမှိတ်ထားပါတယ်.. ကြည့်တဲ့သူကပြောတာတော့ မျက်နှာက ပေါက်နေတယ်လို့ပြောပါတယ်)... နောက်ပိုင်းအခန်းတွေတော်တော်များများ စိတ်မောလာလို့ စိတ်ပေါက်ပေါက်နဲ့ ဖုန်းထုတ်ပြီး ဂိမ်း ၁ဂိမ်းလောက်ဆော့နေလိုက်ပါတယ်.. အဟိ....အဲဒိကားမှာ ကျွန်မအသည်းယားဆုံးနဲ့ အမြင်ကပ်ဆုံးက သူတို့ အဖေလုပ်တဲ့သူပါ... သရဲခြောက်တယ်လို့ပြောတဲ့ကလေးကို ပြောရမလားဆိုပြီးဆုံးမတာ သရဲခြောက်တဲ့ အိမ်ထဲကို ခေါ်သွားစရာလား... ကျွန်မသာဆိုလဲ အတော်လေး စိတ်ဆိုးမှာပါ.. ဒါဟာ သားသမီးကို ဆုံးမတဲ့ နည်းမဟုတ်ပါဘူး... အဟီး... ပြောရင်းနဲ့ ရုပ်ရှင်ကို အဟုတ်မှတ်ပြီး မဆိုင်တာတွေ ဝေဖန်မိပြန်ပြီ.. (မဗေဒါ စိတ်ထိန်း.. စိတ်ထိန်း)...
ပြောရမယ်ဆိုရင်တော့ အများကြီးပဲ... အဲဒိရုပ်ရှင်ရဲ့ ရှေ့ပိုင်း ၁၅ မိနစ်လောက်ပဲ အေးအေးချမ်းချမ်းကြည့်ရမယ်.. ပြီးရင်တော့ တကားလုံး ဆက်တိုက်ပဲ အော်ပေတော့... ကျန်တာတွေရှိသေးတယ်... မပြောနိုင်တော့ဘူး... ကိုယ်ပါကိုယ်ပဲကြည့်လိုက်တော့.... အော်.. ဟောဒီမှာ အမြည်းအနေနဲ့ Trailer လေးကြည့်သွား... Trailer ကို သိပ်မကြောက်ဖူးဆိုရင်တော့ ရုံမှာသွားကြည့်ဖို့ အခြေအနေကောင်းတယ်... ကြောက်ချင်ရင်သွားကြည့်... ကြောက်တတ်ရင်တော့ ကိုယ့်ဒုက္ခကိုယ်မရှာနဲ့နော်...

Wednesday, June 08, 2011
မဲပေးကြပါအုံးရှင်...
ချစ်ခင်ရပါသော မဗေဒါ့ စာဖတ်သူများရှင့်...
စာမှန်မှန်မရေးသောကြောင့် အလွန်တရာမှ မျက်နှာပူ အားနာရသော်လည်း.. နာတဲ့ မျက်နှာ နောက်ထားပြီး နောက်ထပ် အကူအညီတောင်းဆိုချင်တာလေးတစ်ခုရှိပါသေးတယ်... မဗေဒါခုလောလောဆယ်မှာ Canon-asia.com က ရုပ်ရှင်ပိုစတာပြိုင်ပွဲလေးတစ်ခုကို ၀င်ရောက်ယှဉ်ပြိုင်ထားပါတယ်... စုစုပေါင်း ပိုစတာ ၃ခုတင်ထားပါတယ်... အားလုံးထဲမှာ ရွှေတိဂုံဘုရားပေါ်က ဖယောင်းတိုင်တွေနဲ့ ရိုက်တဲ့ပုံလေးက ခုဆိုရင် ထိပ်ဆုံးအဆင့်ကနေ တဖြည်းဖြည်းနဲ့ လောလောဆယ်အထိ နံပါတ် ၆ အဆင့်ကို ကျနေပါတယ်... ဖေ့ဘွတ် အကောင့်ရှိတဲ့ မိတ်ဆွေတို့ရဲ့ မဲလိုအပ်နေပါတယ်... ဒီလကုန် ၃၀ရက်နေ့ကျရင် မဲပေးတဲ့ ရက်ကုန်ဆုံးမှာဖြစ်ပါတယ်... ကျေးဇူးပြုပြီး မဗေဒါရဲ့ပိုစတာလေးကို မဲပေးပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုလိုပါတယ်...
မဲပေးပုံ အဆင့်ဆင့်ကတော့...
၁) အောက်ပါလင်ခ့်ကိုသွားပါ...
http://www.canon-asia.com/Legria/contest/gallery.php?id=465
၂) ပိုစတာရဲ့ဘေးမှာ "Vote" ဆိုတဲ့ button လေးကို နှိပ်ပါ...
၃) pop up window တစ်ခုမှာ facebook app ကို allow လုပ်လိုက်ပါ... (log in မ၀င်ရသေးရင် အရင်ဝင်ပြီးမှ allow လုပ်လို့ရပါတယ်)
၎) ပြီးလျှင် စောစောက ပွင့်နေတဲ့ ဓာတ်ပုံကို ပြန်ပိတ်လိုက်ပါ... (Thank you for voting) လို့ပြနေပေမဲ့ အဲဒါ တစ်ကယ်မဗို့ရသေးပါဘူး... အပေါ်က ပေးထားတဲ့လင့်ခ်ကို ပြန်ဖွင့်ပြီး "vote" ကိုပြန်နှိပ်ပါ...
၅) "voted" လို့ပြပြီး မဲအရေအတွက် တက်သွားမှ တကယ် မဲပေးပြီးတာပါ... ကျေးဇူးအများကြီးတင်ပါတယ်... အထက်ပါ လုပ်ရိုးအတိုင်း ကျန် ၂ပုံကိုလဲပေးပေးပါ...
ကျန် ၂ပုံကိုပေးတဲ့အခါမှာတော့ allow ထပ်လုပ်စရာမလိုပါဘူး.. လင်ခ့်ကိုသွားပြီး vote ကို နှိပ်လိုက်ရုံပါပဲ...
http://www.canon-asia.com/Legria/contest/gallery.php?id=460
http://www.canon-asia.com/Legria/contest/gallery.php?id=461
"Share on facebook" ဆိုတဲ့ စာသားလေးကို နှိပ်ပြီးတော့လဲ သင်တို့ရဲ့ ဖေ့ဘွတ် wall မှာ မျှဝေပြီး မဗေဒါကို တဖက်တလှမ်းက မဲရအောင် ကူညီပေးမယ်ဆိုလျှင်လဲ အတိုင်းမသိဝမ်းသာမိမှာပါ... အကြံကုန် ဗေဒါ ပိုစ့်တင်ကာ စာဖတ်သူများကို နားပူနားဆာ ပူဆာလိုက်ပါတယ်....
ကျေးဇူးအထူးတင်ရှိလျက်...
မဗေဒါ..

Wednesday, May 04, 2011
ပန်းပွင့်ပုံ လက်သည်းပန်းချီ ဆိုးကြရအောင်...
မဗေဒါရဲ့ မွေးနေ့ပိုစ့်အောက်မှာတုန်းက မျက်လုံးမိတ်ကပ်ဘယ်လိုခြယ်ရလဲ လို့မေးသွားတဲ့သူရှိလို့ ရေးတော့ရေးချင်ခဲ့ပါတယ်... ဒါပေမဲ့ ကိုယ်ကိုတိုင်လဲ ဒီလောက် အတတ်ကြီးမဟုတ်တော့ မရေးသင့်ဘူးလို့ ထင်တယ်... ခုတော့မိတ်ကပ်ဘယ်လိုလိမ်းလဲတော့ မရေးဖြစ်ပဲ လက်သည်းပန်းချီဆိုးနည်းလေးကို ရေးချင်ပါတယ်...
ရန်ကုန်က ပြန်လာပြီးကတည်းက မဗေဒါ လက်သည်းပန်းချီ အနုပညာကို သဘောကျနေမိတယ်... ရန်ကုန်မှာ စကာင်္ပူနဲ့ ယှဉ်ရင် ဈေးပေါတော့ လုပ်ဖြစ်ခဲ့တယ်... အဲဒိကနေ စပြီး သဘောကျသွားတာ...
ရန်ကုန်မှာ လုပ်ဖြစ်တဲ့ ဆိုင်လေးကတော့ Spirit လို့ခေါ်ပါတယ်...ေ မြနီကုန်းမှာရှိပါတယ်...ေ မြနီကုန်း YKKO ကြေးအိုးဆိုင်နဲ့ ၃ ၄ ဆိုင် အကွာလောက်မှာရှိပါတယ်... ဆိုင်လေးက မိန်းကလေးတွေပဲရှိပြီး လူလဲသန့် ဝန်ဆောင်မှုလဲကောင်းပါတယ်...
လက်ရော ခြေရော သန့်စင်ပြီး လက်သည်း ခြေသည်းပန်းချီဆိုးရင် အပြီးအစီး ၇ဝဝဝ ကျပ် ကျပါတယ်... မိန်းကလေး သီးသန့် အနှိပ်ခန်းလဲရှိတယ်လို့ သိရပါတယ်... အချိန်မရလို့ ခြေထောက် အနှိပ်ပဲခံခဲ့ပါတယ်... ခြေထောက်ကို သေချာဆေးကြောပေးပြီး အကြောလျော့ အပူထုတ် အပန်းဖြေလို့ကောင်းပါတယ်... ရန်ကုန်မှာ ယောကျာင်္းလေးတွေ သွားတဲ့ အနှိပ်ခန်းတွေဘယ်နားရှိမှန်းမသိပေမဲ့ အဲဒိနေရာတွေမှာ သာမာန်မိန်းကလေး အနှိပ်ခံလိုမကောင်းဘူးထင်လို့ မသွားရသမျှ... Spirit လို မိန်းကလေး သီးသန့် စနစ်ကျကျရှိတဲ့ဆိုင်ကို တွေ့ခဲ့တဲ့အတွက် ဝမ်းသာပါတယ်.. နောက်မြန်မာပြည် ပြန်ဖြစ်ရင်လဲ အဲဒိကို သွားဖြစ်အုံးမယ်ထင်ပါတယ်... ရန်ကုန်ကလုပ်လာတဲ့ လက်သည်းပုံလေးတွေကတော့ အောက်မှာကြည့်ပါ....
စကာင်္ပူပြန်ရောက်တော့ လက်သည်းနီ တွေ G-market က ဝယ်ဖြစ်တာရော ပေါင်းသွားတော့ Youtube tutorial တွေကြည့်ပြီးလိုက်လုပ်ဖြစ်တယ်... Youtube ကြည့်ရတာ အဆင်မပြေတဲ့သူတွေပဲဖြစ်ဖြစ်... ဓာတ်ပုံနဲ့ အဆင့်ဆင့်ကြည့်ချင်တဲ့သူအတွက်ပဲဖြစ်ဖြစ် အဆင်ပြေအောင် ဒီနေ့ လက်သည်းဆိုးရင်း တကူးတက ဓာတ်ပုံ ရိုက်ထားလိုက်မိတယ်... Nail art tutorial post လေးကို စိတ်ဝင်စားရင် ဖတ်သွားကြပါ... ဒီ လက်သည်းဆိုးနည်းလေးကတော့ Youtube က cutepolish ရဲ့ "Flower Nail Art" ဆိုတဲ့ ဗွီဒီယိုလေးကို ကြည့်ပြီးလိုက်လုပ်ထားတာပါ... သူကတော့ အရမ်းဖျော့တဲ့ ပန်းနုရောင်ကို သုံးထားပါတယ်.. ကျွန်မမှာတော့ ခရမ်းရောင် နှောတဲ့ ပန်းနုရောင်ပဲရှိလို့ အဲဒါကိုပဲ အစားထိုးသုံးထားပါတယ်...
အဆင့် ၁။ ။ လက်သည်း ပျက်စီးထိခိုက်ခြင်းကို ကာကွယ်ဖို့အတွက် ဦးစွာ Base coat ကို ဆိုးပါ... ပြီးလျှင် အောက်ခံ ပန်းရောင်ကို ဆိုးပါ...
အဆင့် ၂။ ။ အစက်ချ ကိရိယာကို အသုံးပြုပြီး အနက်ရောင် အစက် ၅စက်ကို စက်ဝိုင်းပုံစံ လက်သည်းရဲ့ ကြိုက်နှစ်သက်ရာ အပေါ်ထောင့်မှာ ချပါ... (လက်သည်းအစက်ချ ကိရိယာကို ဝယ်ယူသုံးနိုင်သလို အိမ်မှာရှိတဲ့ ဆံညှပ်ကလစ်က အဖုလေးတွေ ပင်အပ် နောက်ပိတ်ဖုလေးတွေနဲ့လဲ အသုံးပြုပြီး အစက်ချလို့ရပါတယ်... ကျွန်မကတော့ ဆံညှပ်က အဖုလေးနဲ့ အစက်ချပါတယ်...)
အဆင့် ၃။ ။သွားကြားထိုးတန်ကို အသုံးပြုပြီး အစက်လေးတွေကို ပန်းပွင့်ပုံဖြစ်အောင် အတွင်းဘက်ကို ဆွဲထုတ်လိုက်ပါတယ်...
အဆင့် ၄ နှင့် ၅။ ။ အပေါ်က အစက်ချနည်း သွားကြားထိုးတံနဲ့ ပန်းပွင့်ပုံဖြစ်အောင် အတွင်းပိုင်းကို ဆွဲထုတ်နည်းအတိုင်း နောက်ထပ် အဖြူရောင် ပန်းပွင့်နဲ့ အမဲရောင်ပန်းပွင့် ၂ပွင့်ကို ထပ်လုပ်ပါတယ်... (လက်သည်းတိုရင် ကျွန်မကတော့ အမည်းတစ်ပွင့် အဖြူတစ်ပွင့်ပဲ ဆွဲပါတယ်...) .. ပြီးလျှင် အနက်ပွင့်လေးအလယ်ကို အဖြူဝတ်ဆံ အစက်လေးချပြီး အဖြူပွင့်လေးအလယ်ကို အနက်ဝတ်ဆံ အစက်လေးချပါတယ်...
အဆင့် ၆။ ။ လက်သည်းဆိုးဆေးအားလုံး ခြောက်အောင် ခဏစောင့်ပြီးလျှင် ဆိုးဆေး ကြာရှည်ခံစေရန်နှင့် ပြောင်လက်သွားစေရန်အတွက် Top Coat ကို ဖွဖွလေးထပ်ပါတယ်.... ဒါဆိုရင် သင်လိုချင်တဲ့ ပန်းပွင့်ပုံ ယဉ်လဲယဉ် လှလဲလှ သိပ်လဲ မခက်ခဲတဲ့ ပန်းပွင့်ပုံလက်သည်းပန်းချီလေးရပါပြီ... ကျွန်မလုပ်ထားတာတောင် နည်းနည်း မသေသပ်ဖြစ်နေပါတယ်.. ဆိုးရင်း ဓာတ်ပုံကလဲရိုက်ရ ရိုက်နေတုန်း လက်သည်းအစက်လေးတွေ ခြောက်သွားမှာလဲစိုးရနဲ့ဆိုတော့ ဒီလောက်ပဲရပါတယ်...
Youtube video ကြည့်ချင်တဲ့သူတွေအတွက်တော့ အောက်ပါဗွီဒီယိုကို ကြည့်ပါ... ကျွန်မအဲဒါကို ကြည့်ပြီး လိုက်လုပ်ထားတာပါ...
Monday, May 02, 2011
လီမင်ဟို သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲသစ် City Hunter
boy over flower ဇာတ်ကားမှာ ပန်းလေးတွေနဲ့ နှိုင်းယှဉ်ခံရတဲ့... F4 အဖွဲ့ခေါင်းဆောင်အဖြစ် သရုပ်ဆောင်ပြီး နာမည်ကျော်လူသိများလာခဲ့တဲ့ မင်းသားချော လီမင်ဟိုတစ်ယောက်ဟာ ယခုဆိုရင် ဆန့်ကျင်ဘက် Character ဖြစ်တဲ့ City Hunter ဆိုတဲ့ Action ဇာတ်လမ်းတွဲတစ်ကားကို ရိုက်ကူးနေတယ်ဆိုတာ သိရှိရပါတယ်...
ကျွန်မအတွက် ဒီကားကို ပိုကြည့်ချင်ရတဲ့ အကြောင်းအရင်းကတော့ Songkyunkwan Scandal ထဲက မင်းသမီးချော Park Min Young က ခေါင်းဆောင်မင်းသမီးအဖြစ် တွဲဖတ်ပါဝင်သရုပ်ဆောင်ထားပါတယ်...
ဇာတ်လမ်းအရ Blue House(ကိုရီးယား သမ္မတ အိမ်တော်) National Communications Team မှာ အလုပ်လုပ်ပြီး အဘက်ဘက်မှာ ထူးချွန်တဲ့ သူ Lee Yoon Sung အဖြစ် လီမင်ဟိုက သရုပ်ဆောင်ထားပါတယ်... Lee Yoon Sung ဟာ အလွန်ပင် ဥာဏ်ကောင်းရုံမကပဲ ကိုယ်ခံပညာအတတ်ကို ထူးချွန်စွာတတ်မြောက်တဲ့ MIT Graduate တစ်ယောက်ဖြစ်ပါတယ်...
ယခင်က ဂျူဒိုပညာရှင်ဖြစ်ပြီး နောက်ပိုင်းတွင် သမ္မတသမီးရဲ့ ကိုယ်ရံတော်ဖြစ်လာတဲ့ Kim Na Na အဖြစ် မင်းသမီးချော Park Min Young ကသရုပ်ဆောင်ထားပါတယ်...
နာမည်ကျော် အဆိုတော်အဖွဲ့ KARA ထဲက Goo HaRa ကလဲ သမ္မတ သမီးတော်အဖြစ် ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်...
ဒုတိယမင်းသားအဖြစ် Lee Jun-Hyuk (Three Borthers တွင်ပါဝင်ပြီး Secret Garden ဇာတ်ကားတွင် Seul ကိုလိုချင်သောကြောင့် ဂုံးတိုက်သောသူအဖြစ် ဧည့်သည်သရုပ်ဆောင်ပါဝင်ပါတယ်) က ရည်မှန်းချက်ကြီးသော တာဝန်ကိုအလေးထားသော Prosecutor အဖြစ်ပါဝင်ပါတယ်.... သူဟာ အချစ်ရေးကို စိတ်မ၀င်စားသလို ရည်ရွယ်ချက်ကြီးသူပီပီ Background ကောင်းကောင်းရှိတဲ့ မိန်းကလေးကို လိုချင်သူဖြစ်တယ်... သို့သော် သူ့အဖေအကြောင်းကို စုံစမ်းရင်း Blue House မှာအလုပ်လုပ်တဲ့ Kim NaNa ကို စွဲလန်းခဲ့တဲ့အခါ... အဘက်ဘက်မှာ ထူးချွန်တဲ့ ကျွန်မတို့ သူရဲကောင်း Lee Yoon Sung (လီမင်ဟို)နဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းစတင်မှာဖြစ်ပါတယ်... နောက်မင်းသမီးတစ်ယောက်လဲ ပါသေးတယ်ပြောပါတယ်... ဆရာဝန်မအနေနဲ့ သရုပ်ဆောင်မယ်ဆိုလား ဖတ်လိုက်ရပါသေးတယ်... မသေချာလို့မရေးတော့ပါဘူး...
ဒီ Action ဇာတ်ကားကိုရိုက်ဖို့ လီမင်ဟိုဟာ ကိုယ်ခံပညာအတတ် (Martial Art) ကို လပေါင်းများစွာ ဦးစွာ သင်ယူလေ့ကျင့်ခဲ့ရပါတယ်... ဒီကားအတွက် သူဟာ မတ်လတွင်းမှာ ထိုင်းနိုင်ငံကို သွားရောက် ရိုက်ကူးခဲ့ရသေးတယ်လို့ ကြားသိရပါတယ်... ကျွန်မအတွက် ဒီပိုစ့်ကိုရေးချင်လာအောင် ပိုမိုဖိအားပေးလိုက်တာကတော့ သူ့ထိုင်းနိုင်ငံက ပုံတွေအပြင် ဧပြီလဆန်းပိုင်းလောက်မှာ ရိုက်ကူးနေတဲ့ လီမင်ဟိုနဲ့ စတန့်မင်းသား ၁၂ယောက် ရွံ့ထဲမှာ ချနေတဲ့ ရိုက်ကွင်းပုံတွေကို တွေ့လို့ပါပဲ...
အဲဒိ သတင်းဆောင်းပါးအရ ချမ်းအေးလှတဲ့ ရာသီဥတုမှာ (ကိုရီးယားမှာ ဧပြီဟာ ချမ်းတုန်းပါပဲ) စွတ်ကျယ်အကျီင်္လက်ပြတ်နဲ့ ရွံ့ထဲက ချကွက်တွေကို ရိုက်ဖို့အတွက် လီမင်ဟိုဟာ လူစားထိုးမသုံးဖို့ပြောခဲ့ပါတယ်... ရိုက်ကွင်းပေါ်ရှိအဖွဲ့သားအားလုံးဟာ တခြား ၀ါရင့် စတန့်မင်းသား ၁၂ယောက်နဲ့ သူနဲ့ ချတဲ့အခန်းကို အမှားအယွင်းတစ်ခုမှမရှိပဲ ရိုက်ကူးနိုင်ခဲ့တဲ့ မင်းသားကို အံ့သြစွာမြင်တွေ့ခဲ့ရပါတယ်...
ထုတ်လုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ...."လီမင်ဟိုဟာ သူ့ရဲ့ သေသပ်လှပတဲ့လှုပ်ရှားမှုတွေနဲ့ ဒီရာသီဥတုအအေးဒဏ်ကို အရေပျော်ကျအောင် လုပ်သွားနိုင်ခဲ့ပါတယ်... သူဟာ သေချာပေါက် ရင့်ကျက်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့အပြင် သူ့အသွင်အပြင်တွေဟာလဲ ယောကျာင်္းပိုပီသလာပါတယ်... ပရိတ်သတ်တွေအနေနဲ့ လီမင်ဟိုဆီကနေ ထူးခြားကောင်းမွန်တဲ့ ရသတွေကို "City Hunter" ကားကနေ မျှော်လင့်နိုင်ပါတယ်" လို့ပြောကြားသွားပါတယ်..."
"City Hunter" ဇာတ်ကားဟာ "Hojo Tsukasa" ရေးတဲ့ ဂျပန် ပေါ်ပြူလာ မန်ဂါ ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်... SBS မှ မေလ ၂၅ ရက်နေ့မှာ ပထမဆုံး အပိုင်းကို စတင်ပြသမှာဖြစ်ပါတယ်... သူပြသတဲ့ အချိန်အတွင်းမှာ တခြား တီဗွီ station တွေက Best Love နဲ့ Romance Town ဇာတ်ကားသစ်တွေကို အပြိုင်ပြသမှာဖြစ်ပါတယ်... သို့သော် City Hunter က တခြား ၂ကားလို အချစ်ကို အခြေခံတာမဟုတ်ပဲ အက်ရှင်းကို အခြေခံထားလို့ အနည်းငယ်တော့ ကွဲလွဲနေပါတယ်...
ကျွန်မဓာတ်ပုံတွေကို ကြည့်ပြီး စိတ်ဝင်စားတာတစ်ခုက သူတို့ ရွံ့တွေကြားမှာ ရိုက်နေတဲ့ နေရာမှာ Blue Screen ကြီးကာထားပါတယ်... တကယ်တမ်း ရုပ်ရှင်ထဲကျရင် အဲဒိ Blue Screen အစား ဘယ်လို ရှုခင်းမျိုးကို ထည့်မလဲဆိုတာကို သေချာစောင့်ကြည့်ချင်ပါသေးတယ်... ကျွန်မအနေနဲ့ကတော့ လီမင်ဟိုကို အရမ်းအကြိုက်ကြီးမဟုတ်သေးပင်မဲ့ သူ့ရဲ့ သရုပ်ဆောင်ပုံတိုးတက်မှုကို စောင့်ကြည့်ရင်း စိတ်ဝင်တစားတော့ရှိပါတယ်... သူဒီထက် သရုပ်ဆောင်အားပိုကောင်းလာတာသိရလို့ သဘောကျပါတယ်... ဒီ City Hunter ကားကို ကြည့်ပြီးရင်တော့ သူဟာ ကျွန်မအကြိုက် Top actors စာရင်းထဲ ၀င်နိုင်လောက်မယ်လို့ထင်မိပါတယ်...
ဒီပိုစ့်လေးကို ကျွန်မဘလော့မှာ လီမင်ဟိုအကြောင်းအမြဲလာမေးတတ်တဲ့ Minoz တွေအတွက် တင်ပေးလိုက်ပါတယ်.. ဓာတ်ပုံတွေကြည့်ရင်း အသက်ရှူမမှားစေနဲ့နော်... :P
ရိုက်ကွင်းပေါ်မှာ...
ထိုင်းနိုင်ငံက ရိုက်ကွင်းပေါ်မှာ...
ရွံ့ထဲမှာ လူ၁၂ ယောက်နဲ့ ချတဲ့ ရိုက်ကွင်းမှာ...
Source from Soompi and Javabeans ... Photo credits as tagged and Soompi, Javabeans

Saturday, April 23, 2011
Being Youngest...
If you talk back, that's bcoz you are rude.
If they scold you, that's bcoz they are elder.
If you don't agree with them, that's bcoz you have no respect.
If they don't agree with you, that's bcoz your thinking is not mature.
If you do that, you don't see further.
If they do that, that's bcoz they can bare the consequences.
If you get more sometime, that's bcoz you get face being youngest.
If you get bullied by them, that's bcoz you are asking what you don't deserve.
If you naughty, they said "Yes, bcoz she is youngest"
If they naughty, they said "You have no place to judge me!"
OH well.... You become this personality somehow...
and at the gathering , people will laugh and say
which You hate to hear the most...
"The youngest! The Naughtiest" hahaha blah blah blah... (THAT'S NOT EVEN FUNNY)
At that time you don't wanna response anymore by now...
Just give them a glance and ignore
In your mind... you utter
"GO HELL... THAT'S BCOZ NOT EVERYONE IS THE YOUNGEST"
You can agree or not agree with me...
I am just gonna say...
"GO HELL... THAT'S BCOZ NOT EVERYONE IS THE YOUNGEST "
"THINK WHATEVER U LIKE AND SAY WHATEVER UNCONSIDERED THINGS TO ME WITH THOSE FAKE LAUGHTERS...
I DON'T CARE..."
COZ "I AM THE YOUNGEST AND I HAVE AN ABILITY TO DO THAT"
Just go and write about Being Eldest or Being Middle or whatever position you are...
BUT DON'T JUST COME AND SAY U DON'T AGREE...
COZ "I DON'T CARE"

တဖက်သတ် နှစ်ပတ်လည်...
တနေ့ကအထိ ဂျန်ဂမ်ဆပ်ရဲ့ စကာင်္ပူကိုဆိုက်မဲ့ လေယာဉ်ချိန်ကို မသိရခဲ့ပါဘူး... သူ့ပွဲကို ဦးစီးတဲ့အဖွဲ့က ကိုရီးယားဘက်က ခွင့်ပြုချက်မရလို့ လေယာဉ်ချိန်ကို ကြေငြာပေးလို့မဖြစ်နိုင်ပါဘူးလို့ရေးထားခဲ့တော့ မျှော်လင့်ချက်တော့ သိပ်မရှိခဲ့ပါဘူး... ဒါပေမဲ့ တွေ့ဖို့ကံပါနေလို့လားတော့ သိဘူး (ကိုယ့်ဟာကိုယ်ဇွတ်ကို ကံပါနေတော့တာ)... မနေ့က မနက် ၄နာရီမှာ အိပ်မရပဲ နိုးလာခဲ့တယ်... ဒါနဲ့ အင်တာနက်မှာ ဟိုရှာဒီရှာနဲ့ သူ့လေယာဉ်ချိန်ကို ရှာမိရင်း သူ့လေယာဉ်ချိန်ဟာ မနေ့က နေ့လည် ၂နာရီဖြစ်ကောင်းဖြစ်နိုင်ကြောင်း... သောကြာင်္နေ့မှာ ကိုရီးယားက ဆိုက်မဲ့လေယာဉ်က ဒီတစ်စီးပဲရှိကြောင်း... တွေ့ချင်ရင် ကံစမ်းကြည့်နိုင်ကြောင်း... သေချာသလောက်တော့ မှန်ကန်ကြောင်း ဘလော့တစ်ခုမှာတွေ့လိုက်တယ်... ဒါနဲ့ ကိုယ်လဲအားတာနဲ့ သွားကြည့်မယ်ပေါ့ဆိုပြီး ဆုံးဖြတ်လိုက်တယ်...
အိမ်မှာ ကွန်ပြူတာပြင်ဖို့ သူငယ်ချင်းကို မနက် ၁၀နာရီချိန်းထားပြီးမှ ဟိုကို နေ့လည် ၁၂နာရီလောက် အရောက်သွားဖို့ ကိုယ်ကဆုံးဖြတ်ထားတော့ ပြင်တာ မပြီးမှာစိုးတယ်... သူ့ကို စောစောလာစေချင်တယ်... ဖြစ်ချင်တော့ ၁၀နာရီထိရောက်မလာလို့ မတ်စေ့ပို့လိုက်မှ သူကခုမှနိုးတယ်တဲ့... ဒါနဲ့ "ငါ ၁၂နာရီ လေဆိပ်သွားမလို့" လို့ပြောတော့ သူကလဲ သိတယ်... ကိုရီးယားမင်းသားနဲ့ဆိုရင်တော့ မဗေဒါတို့က တကယ်စောင့်မှာ မဟုတ်ဘူးဆိုတာ... အဟိ... ၁၂နာရီထိုးခါနီးကျမှ သူတိုက်စီနဲ့ရောက်ချလာတယ်... ကျွန်မလဲ အမြန် အကျီင်္လဲ ကင်မရာယူပြီး ထွက်တော့မယ်လုပ်ရင်း ဖေဖေနဲ့မေမေကို "သမီး လေဆိပ်မှာ ဂျန်ဂမ်ဆပ်သွားကြိုလိုက်အုံးမယ်" လို့ပြောတော့... ကျွန်မဖေဖေက "ရန်ကုန်က ၀ယ်လာတဲ့ ခေါက်ခုံလေးပါ ယူသွားအုံး" ဆိုပြီး သတိပေးတယ်... (ဟိုတစ်ခေါက်က 2pm fan sign Event မှာတုန်းက ကောင်မလေး ၂ယောက်ယူလာတဲ့ ခေါက်လို့ရတဲ့ ကော်ခုံလေးတွေကိုတွေ့ကတည်းက စကာင်္ပူမှာလိုက်ရှာတာ ဘယ်မှာမှရှာလို့တွေ့ဘူး... မြန်မာပြည်ပြန်မှ Ruby Mart မှာ မထင်မှတ်ပဲတွေ့လို့ဝယ်လာတာ...) အမှန်တော့ ကိုရီးယားမင်းသားတွေ လေဆိပ်မှာသွားကြည့်ရင် ဖေဖေက မကြိုက်ပါဘူး... ဒါပေမဲ့ ဂျန်ဂမ်ဆပ်ဆိုတော့ ပြောလို့မရမှန်းသိလို့ တမင်ရွဲ့ပြီး ထိုင်ခုံပါယူသွားလို့ပြောတာ...
လေဆိပ်ကိုသွားတော့ စိတ်လောနေပြီး တာမီနယ် ၁မှာ မှားဆင်းမိတယ်... နောက်မှ မဟုတ်သေးပါဘူးဆိုသေချာကြည့်မှ မှားနေမှန်းသိတာနဲ့ sky train နဲ့ တာမီနယ် ၂ကိုသွားရတယ်... စိတ်ထဲထိပ်သွားတာပဲ... မှားပြီးထိုင်စောင့်နေမိရင် ဒုက္ခ... တာမီနယ် ၂ arrival hall ကိုရောက်ရင်ပဲ အဲဒိမှာ barrier တွေချနေတာတွေ့တာနဲ့ ပျော်သွားတာပဲ... သူလာမှာ ၉၉ရာခိုင်နှုန်းလောက်သေချာသွားပြီလေ... ဒါနဲ့ ဖေ့ဘွတ်မှာတောင် မသိတဲ့သူတွေအတွက် ဒီသတင်းကို စတေးတပ်မှာ အမြန်တင်လိုက်တယ်... အစက မသေချာတော့ သိပ်မပြောချင်ဘူးလေ... ကျွန်မတို့ရောက်တဲ့အချိန်မှာ ကောင်မလေး ၁၀ ယောက် အယောက် ၂၀လောက်ပဲရှိအုံးမယ်... နောက်တော့ တဖြည်းဖြည်းနဲ့ ကြာလာတော့ အယောက် ၁၀၀ ကျော်လောက်တော့လာတယ်... ဒါပေမဲ့ လေယာဉ်ချိန်တရားဝင်မကြေငြာတာရော... သူ့ပွဲက အဲဒိနေ့ ည ၇နာရီမှာရှိတော့ ပွဲအတွက် သွားတန်းစီနေတဲ့သူတွေ လေဆိပ်မလာနိုင်တာရောကြောင့်ထင်တယ် ဒီလောက်ပဲလာတာ... မနှစ်ကတော့ ပိုများတယ်... အယောက် ၃၀၀ ၄၀၀လောက်လာတယ်...
ထွက်ပေါက်မှာတော့ သူ့ကိုလာကြိုတဲ့ကားကြီးမှန်းသိသာတဲ့ အဖြူရောင် limousine ကားအရှည်ကြီးကို တွေ့ရပါတယ်...
Jang Keun Suk ကို အာဂျူမာတွေ အကြိုက်များတော့ အသက် ၄၀ အရွယ်လောက်ရှိတဲ့ အန်တီကြီးတွေလဲတွေ့တယ်...
၂နာရီ ၂၀မိနစ်မှာမှ သူ့လေယာဉ်ဆိုက်တယ်... တော်တော်နဲ့ထွက်မလာဘူး... ကျန်တဲ့ခရီးသည်တွေ အကုန်ကို စောင့်နေတာထင်တယ်... နောက်မှထွက်လာတယ်... သူအင်မီဂရေးရှင်းကထွက်လာတာနဲ့ ကျွန်မဗွီဒီယိုကင်မရာကို ဇွန်းဆွဲကြည့်လို့မြင်နေရတယ်... ခုံလေးယူသွားတော့ အတော်ပဲ ခုန်ပေါ်ကရပ်ပြီး ရိုက်တော့ လက်သိပ်မတုန်ဘူး... နောက်မို့ဆို ဟိုတန်းပေါ်တက်ရပ် ဒီတန်းခို မမှီတမှီရိုက်ရမှာ... အဖြူရောင် skinny jean ဘောင်းဘီနဲ့ ကုတ်အနက်ရောင်မှာ မီးခိုးရောင် scarf လေးပုခုံးပေါ်မှာချလာတယ်... နေကာမျက်မှန်နဲ့ ဆံပင်ကတော့ You are my Pet မရိုက်ဖြစ်သေးတော့ ခုထက်ထိမညှပ်ရသေးဘူး... အရှည်ပဲ... သူကိုင်နေကျ သူ့ရဲ့ လက်ကိုင်အိတ်ကြီးတော့ ပါမလာတော့ဘူး... လှမြဲပါပဲ... သူက အမြဲတမ်းမှန်ခန်းထဲမှာဆိုရင် မှန်နားကပ်လျှောက်တယ်... ပရိတ်သတ်က သူ့ကို အနီးကပ်ပိုမြင်ရတယ်... မနှစ်က ရဲကိုလက်ကာပြီး ပရိတ်သတ်နား Fly kiss ပေးတာ ဆူများခံလိုက်ရလို့လား မသိဘူး ဒီနှစ်တော့ မနှစ်ကလောက် အတင့်မရဲတော့ဘူး... လမ်းလယ်တည့်တည့်ကပဲ တာ့တာပြတယ်... fly kiss တွေ အသည်းပုံလေးတွေလဲလုပ်တယ်... မျက်နှာကတော့ လုံးဝ အပြုံးမပျက်ချိုနေတာပဲ... သူ့ကိုသဘောကျတာ အဲဒိအချက်ပဲ... သူ့စိတ်ထဲ စိတ်ညစ်ကောင်းညစ်နေမယ်... စိတ်ရှုပ်ကောင်းရှုပ်နေမယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီလုပ်ငန်းသဘောအရ သူ့အပြုံးကတော့ အမြဲရှိတယ်... အချိန်တိုင်းပြုံးပြနေနိုင်ဖို့ဆိုတာ ကျွန်မအတွက်တော့ အတော်ခက်မယ်... သူက မင်းသားပဲ ဒါတော့လုပ်နိုင်ရမှာပေါ့ဆိုပင်မဲ့ မလုပ်နိုင်တဲ့သူတွေ မလုပ်နိုင်ဘူးလေ... VIP ပေါက်ကမထွက်ပဲ အရင်လို ရိုးရိုးပေါက်ကပဲထွက်တဲ့ JKS ကို ပိုနာမည်ကြီးလာပင်မဲ့ မပြောင်းလဲသေးလို့ ကျေနပ်မိတယ်...
ကျွန်မလဲ JKS ကျော်သွားတော့ အရင်လိုပဲပေါ့... ဘေးဘက်ကနေ သူ့နောက်ပြေးလိုက်တာပေါ့... သူငယ်ချင်းကို "နင်မလိုက်ချင်ရင် ငါ့ခုံလေးကြည့်ထားပေးပါ... ငါတော့ ပြေးပြီ" ဆိုပြီး ထွက်သွားလိုက်တယ်... လူက ခါတိုင်းလို ၃ ၄ထပ်မဟုတ်တော့ ဘေးက ပြေးလိုက်နေရင်းနဲ့လဲ သူ့ကို မြင်ရတယ်... သူ့ရဲ့ကားရှည်ကြီးထဲဝင်သွားပြီး ကောင်မလေးတွေကပ်နေတဲ့အတွက် ကားက ၂မိနစ် ၃မိနစ်လောက်ထွက်လို့မရဖြစ်နေတယ်... ရဲတွေက ကပ်နေတဲ့ မိန်းကလေးတွေကို ဆူဆဲအော်ငေါက်ရိုက်တော့မှ ရတယ်... ကျွန်မလဲ ဗွီဒီယိုနဲ့တတ်နိုင်သလောက်လိုက်ရိုက်တယ်... ကားထဲဝင်သွားပြီးတော့ ကားမှန်က စတစ်ကာတွေကပ်ထားတော့ ဗွီဒီယိုမှာ မမြင်ရတော့ဘူး... ဒါပေမဲ့ မျက်လုံးနဲ့ကြည့်ရင်တော့ ဘောင်းဘီအဖြူဝတ်ထားတဲ့သူ့ကို ဘယ်မှာထိုင်နေလဲ ဘာလုပ်နေလဲ မြင်ရတယ်... ကားထဲရောက်သွားတော့ အထဲကနေ ဘာလုပ်ပြနေလဲတော့ မသိဘူး ကားဘေးရပ်နေတဲ့ ကောင်မလေးတွေက ထထအော်တယ်... ကျွန်မနောက်ဘက်ကနေ မြင်လိုက်တာတော့ သူ တာ့တာတွေပြလိုက် ဘာလိုက်နဲ့ ကားထဲမှာ ငြိမ်ငြိမ်ထိုင်မနေတာတော့သိတယ်... သူ့ကားကြီး ၄မိနစ်လောက်ကြာတော့မှ လူအုပ်တွေရှဲပြီး ဖြည်းဖြည်းချင်းထွက်သွားတယ်...
ကျွန်မလူအုပ်ထဲက ထွက်တော့မှ အပေါက်ဝ မှန်ဘေးမှာ သူငယ်ချင်းကိုပြန်တွေ့တယ်... ခုန်လေးခေါက်သိမ်းပြီးစောင့်နေတယ်... ထိမ်းမရတဲ့ ကောင်မလေးတွေ အများကြီးတွေ့တော့မှ ကျွန်မဘာလို့ အဖြစ်သည်းလဲ နားလည်သွားပြီထင်တယ်... ဟတ် ဟတ်... သူတောင် ဆဲမယ်ကြုံးဝါးထားပြီး တကယ်မင်းသားလာတော့ ကောင်မလေးတွေအော်ကြတာရော သူလဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ သူ့ဖုန်းနဲ့ ဓာတ်ပုံလှမ်းရိုက်တာ ရတော့ရလိုက်တယ်... မင်းသားမျက်နှာသေးသေးပဲပါတာ တစ်ပုံ... နောက်ကျောတစ်ပုံ... (မဗေဒါတို့များ အဖော်ခေါ်သွားတိုင်း ရိုက်လိုက်ရင် တော်ကြတယ်... မင်းသားနောက်ကျောတွေချည်းပဲ)...
ကျွန်မကတော့ ဒီတစ်ခေါက် သူ့ပုံတော်တော်ကြာရလိုက်တယ်... ခုတော့ ကွန်ပြူတာပျက်နေလို့ အက်ဒစ်လုပ်လို့မရသေးဘူး... နောက်မှတင်လိုက်မယ်... နောက်တစ်ခေါက်တော့ သူ့ကို မဗေဒါ မျက်လုံးနဲ့ပဲကောင်းကောင်း အ၀ကြည့်တော့မယ်... ဗွီဒီယိုမရိုက်တော့ဘူး... ဒီတစ်ခေါက်လဲ အဲလိုနောင်တရမှာစိုးလို့ ရိုက်လိုက်ကြည့်လိုက်လုပ်နေတာ... ကြည့်လိုက်တာနဲ့ ဗွီဒီယိုထဲမှာ လွတ်သွားရော... သူငယ်ချင်းကတောင် သူ့ကို "ဒီကောင်က အသားအရည်တော့ တော်တော်လှတယ် ဖြူဖွေးနေတာပဲ..." တဲ့... နောက်မှ ကျွန်မကို ရွဲ့ပြီး "ဆံပင်ကအရှည် ပိန်ညောင်ပြီး မိန်းမနဲ့တူတယ်" တဲ့... ဘယ်လိုပဲဖြစ်ဖြစ်လေ... ဒီခေတ်မှာ မိန်းကလေးအများစုက သူ့ကို ချောတယ်လို့သတ်မှတ်ထားလို့ ခုလို နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်ပြီး အသက် ၂၀ကျော်နဲ့ Seoul မြို့လယ်ခေါင်က အမေရိကန်ဒေါ်လာ 92 million တန် တိုက်ခန်းတွဲကြီးကို ၀ယ်နိုင်ခဲ့တာမှတ်လား... (နောက်ပိုစ့်တွင် ထိုသတင်းဖော်ပြပေးပါမည်)...
လောလောဆယ်တော့ သူများတွေရိုက်လာတဲ့ ဓာတ်ပုံတွေရယ် ဗွီဒီယိုတွေရယ်ရှူစားကြပါ...
Photo credit as tagged+weibo
Video credit to Xinmsn
ဒီအောက်ကပုံတွေကတော့ မနေ့ကည ၇နာရီက Press conferenceနဲ့ ဓာတ်ပုံအရိုက်ခံပွဲကပုံတွေနဲ့ ဗွီဒီယိုတွေပါ... အဲဒိ အုပ်စုလိုက် ဓာတ်ပုံ အရိုက်ခံဖို့အတွက်ကို ပထမဦးစွာ သူ့ FM ရဲ့ ဈေးအကြီးဆုံးအတန်းကို ၀ယ်ယူထားသူဖြစ်ရမယ်... ပြီးရင် အယောက် ၃၀ပါ အုပ်စုပုံ တစ်ပုံရိုက်ခံဖို့အတွက် ၄၈ဒေါ်လာနဲ့ လက်မှတ်ကို ထပ်လုယက်ဝယ်ရပါမယ်... ဒီလိုဒီလို ဒုက္ခခံ ပိုက်ဆံအကုန်ခံ ပြီး ၀ယ်လို့ ရလာတဲ့ လက်မှတ်ပိုင်ရှင် မိန်းကလေးတွေပါ... မဗေဒါလဲ Terms and conditions တွေဖတ်ပြီး လုံးဝကို မကြိုးစားတော့ပါဘူး... တစ်ယောက်ချဉ်းတွဲရိုက်ရမယ်ဆို တန်ပါတယ်... (နေတိုးတို့ ထွန်းထွန်းတို့ဆို သိပ်စိတ်ချမ်းသာတာပဲ... သူများတွေ ဓာတ်ပုံလေးတွဲရိုက်လို့ရမလားဆိုတာနဲ့ ချက်ချင်းပဲ... သိပ်ဖော်ရွေတာ)...
အောက်က ဓာတ်ပုံရိုက်ခံတဲ့ ဒုတိယမြောက်ဗွီဒီယိုမှာ အောက်ကထိုင်ရိုက်ခံနေမိန်းကလေးက ဓာတ်ပုံရိုက်အပြီးမှ ထပြီး မင်းသားကို ဖက်ဖို့ကြိုးစားတာကို security တွေ အတင်းတွန်းထုတ်ပြီး မင်းသားကို မိန်းကလေးအုပ်ထဲကဆွဲထုတ်လိုက်ရတာတွေ့ရတော့ ကျွန်မ ၂ဦး ၂ဘက်လုံးအတွက် စိတ်မကောင်းပါဘူး... ပထမဦးစွာ မင်းသားဘက်ကကြည့်မယ်ဆိုရင်လဲ... သူ့ခမျာ လေတိုက်ရင်တောင် ကျိုးလောက်တဲ့ လှပတဲ့ ခါးရိုးလေးနဲ့ ပင်ပင်ပန်းပန်း ၆နာရီလောက် လေယာဉ်စီးလာပြီး ဒီ Event ကိုလာရတာ... အတော်လေး စိတ်ပင်ပန်းနေမှာပဲ... ဒီကြားထဲ မိန်းကလေးတွေက ၀ိုင်းဆွဲကြတော့ စိတ်ရှုပ်မှာပေါ့... သူ့ခမျာ ယိုင်တောင် ယိုင်သွားတယ်... သူ့ကိုလာဆွဲထုတ်တဲ့ security တွေလက်ထဲမှာ အရုပ်လေးလိုပဲ ပါသွားတာ...
ဒါပေမဲ့ သူ့မျက်နှာပေါ်က အပြုံးကတော့ Print နှိပ်ထားတဲ့အတိုင်းပဲ လုံးဝမပျက်သွားပါဘူး.... ကျွန်မသူ့ရဲ့ ၁စိတ်လောက်လေး စိတ်ထားပြီး မျက်နှာချိုနိုင်ရင်တော့ အတော်လူချစ်လူခင်ပေါသွားလိမ့်မယ်ထင်တယ်...
ဒါပေမဲ့ တစ်ဖက်က ပရိတ်သတ်မိန်းကလေးဘက်ကကြည့်မယ်ဆိုရင်လဲ သူ့ခမျာ ဒီဓာတ်ပုံရိုက်ခွင့်ကို ခက်ခက်ခဲခဲ အချိန်ကုန် ငွေကုန် လူပမ်းခံပြီးဝယ်ထားရတာ သူဒီလောက်လေးပဲ မင်းသားနဲ့ အုပ်ရော ကျောက်ရောနေလိုက်ရတယ် ဆိုတော့ အားမရဘူးဖြစ်ပြီး တစ်ခဏတာအတွင်းမှာ လုပ်မိသွားတာဖြစ်နိုင်တယ်... အဲဒိလို အားမလို အားမရဖြစ်တဲ့စိတ်ကို ကျွန်မလဲ မနှစ်က ရှိုးသွားကြည့်တော့ အနည်းနဲ့ အများ ခံစားဖူးတယ်... ဒါပေမဲ့ မလုပ်ရက်ဘူး... အထူးသဖြင့် ကျွန်မစိတ်ထဲမှာ သူကျွန်မကို သတိထားမိမှာတောင် ပိုစိုးတယ်... ကျွန်မက သူနဲ့ ယှဉ်လို့မှ လုံးလုံး မလှတာ... သူကတော့ မျက်နှာမှာတော့ ငါ့ပရိတ်သတ်ဆိုပြီး ရီပြုံးဆက်ဆံနေပင်မဲ့ စိတ်ထဲမှတော့ သူတွေ့တဲ့လူတွေကို Judge နေမှာပဲ... ကိုယ့်မျက်နှာသွင်ပြင် လှတာမလှတာက အသာထားအုံး... ကိုယ့် အပြုအမူကြောင့် မင်းသား အထင်သေးသွားမှာ စိတ်အနှောင့်ယှက်ဖြစ်သွားမှာကို ပိုကြောက်တယ်... သူကိုယ့်ကို သတိထားမိလိုက်တောင် အဲဒိအချိန် စက္ကန့်ပိုင်းလေးပဲဖြစ်မှာ... ဒီထက်ပိုမှာမဟုတ်ဘူး... ဒါကို အရှက်ကွဲခံပြီး ဘာလို့ကြိုးစားတော့မလဲ... ဒါက ကျွန်မရဲ့ ခံယူမှုသက်သက်ကိုပြောတာပါ... သူများတွေတော့ ဘယ်လိုမြင်မလဲမသိဘူး... သူတို့က မင်းသားနဲ့ ဒီလောက်လေးတွေ့ရတာတောင် အချိန်ကုန် လူပမ်း ပိုက်ဆံကုန်ရတာ တန်တယ်လို့ယူဆလို့ မင်းသားကို ကျွန်မကြိုက်တာထက် ပိုကြိုက်လို့ လုပ်ကြတာလဲ ဖြစ်နိုင်ပါတယ်... ကဲ... ပြောချင်တာတွေလဲ ပြောပြီးပြီ... ဓာတ်ပုံနဲ့ ဗွီဒီယိုလေးတွေကြည့်လိုက်ပါအုံး... ဘိုင်သဝေး... မင်းသား press conference မှာ ၀တ်ထားတဲ့ အင်္ကျီလေးက အသားလေးလဲ အေးမယ် ဒီဇိုင်းလေးကလဲ လှတယ်... တော်တော်လှတယ်လို့ ကျွန်မထင်တယ်... Millionaire actor ၀တ်တဲ့ အကျီင်္မို့ထင်တယ်...
credit: as tagged + weibo + sundaymandarin + Kokokoreano
Youtube video for photograph session at sniffiv
အိမ်မှာ ကွန်ပြူတာပြင်ဖို့ သူငယ်ချင်းကို မနက် ၁၀နာရီချိန်းထားပြီးမှ ဟိုကို နေ့လည် ၁၂နာရီလောက် အရောက်သွားဖို့ ကိုယ်ကဆုံးဖြတ်ထားတော့ ပြင်တာ မပြီးမှာစိုးတယ်... သူ့ကို စောစောလာစေချင်တယ်... ဖြစ်ချင်တော့ ၁၀နာရီထိရောက်မလာလို့ မတ်စေ့ပို့လိုက်မှ သူကခုမှနိုးတယ်တဲ့... ဒါနဲ့ "ငါ ၁၂နာရီ လေဆိပ်သွားမလို့" လို့ပြောတော့ သူကလဲ သိတယ်... ကိုရီးယားမင်းသားနဲ့ဆိုရင်တော့ မဗေဒါတို့က တကယ်စောင့်မှာ မဟုတ်ဘူးဆိုတာ... အဟိ... ၁၂နာရီထိုးခါနီးကျမှ သူတိုက်စီနဲ့ရောက်ချလာတယ်... ကျွန်မလဲ အမြန် အကျီင်္လဲ ကင်မရာယူပြီး ထွက်တော့မယ်လုပ်ရင်း ဖေဖေနဲ့မေမေကို "သမီး လေဆိပ်မှာ ဂျန်ဂမ်ဆပ်သွားကြိုလိုက်အုံးမယ်" လို့ပြောတော့... ကျွန်မဖေဖေက "ရန်ကုန်က ၀ယ်လာတဲ့ ခေါက်ခုံလေးပါ ယူသွားအုံး" ဆိုပြီး သတိပေးတယ်... (ဟိုတစ်ခေါက်က 2pm fan sign Event မှာတုန်းက ကောင်မလေး ၂ယောက်ယူလာတဲ့ ခေါက်လို့ရတဲ့ ကော်ခုံလေးတွေကိုတွေ့ကတည်းက စကာင်္ပူမှာလိုက်ရှာတာ ဘယ်မှာမှရှာလို့တွေ့ဘူး... မြန်မာပြည်ပြန်မှ Ruby Mart မှာ မထင်မှတ်ပဲတွေ့လို့ဝယ်လာတာ...) အမှန်တော့ ကိုရီးယားမင်းသားတွေ လေဆိပ်မှာသွားကြည့်ရင် ဖေဖေက မကြိုက်ပါဘူး... ဒါပေမဲ့ ဂျန်ဂမ်ဆပ်ဆိုတော့ ပြောလို့မရမှန်းသိလို့ တမင်ရွဲ့ပြီး ထိုင်ခုံပါယူသွားလို့ပြောတာ...
လေဆိပ်ကိုသွားတော့ စိတ်လောနေပြီး တာမီနယ် ၁မှာ မှားဆင်းမိတယ်... နောက်မှ မဟုတ်သေးပါဘူးဆိုသေချာကြည့်မှ မှားနေမှန်းသိတာနဲ့ sky train နဲ့ တာမီနယ် ၂ကိုသွားရတယ်... စိတ်ထဲထိပ်သွားတာပဲ... မှားပြီးထိုင်စောင့်နေမိရင် ဒုက္ခ... တာမီနယ် ၂ arrival hall ကိုရောက်ရင်ပဲ အဲဒိမှာ barrier တွေချနေတာတွေ့တာနဲ့ ပျော်သွားတာပဲ... သူလာမှာ ၉၉ရာခိုင်နှုန်းလောက်သေချာသွားပြီလေ... ဒါနဲ့ ဖေ့ဘွတ်မှာတောင် မသိတဲ့သူတွေအတွက် ဒီသတင်းကို စတေးတပ်မှာ အမြန်တင်လိုက်တယ်... အစက မသေချာတော့ သိပ်မပြောချင်ဘူးလေ... ကျွန်မတို့ရောက်တဲ့အချိန်မှာ ကောင်မလေး ၁၀ ယောက် အယောက် ၂၀လောက်ပဲရှိအုံးမယ်... နောက်တော့ တဖြည်းဖြည်းနဲ့ ကြာလာတော့ အယောက် ၁၀၀ ကျော်လောက်တော့လာတယ်... ဒါပေမဲ့ လေယာဉ်ချိန်တရားဝင်မကြေငြာတာရော... သူ့ပွဲက အဲဒိနေ့ ည ၇နာရီမှာရှိတော့ ပွဲအတွက် သွားတန်းစီနေတဲ့သူတွေ လေဆိပ်မလာနိုင်တာရောကြောင့်ထင်တယ် ဒီလောက်ပဲလာတာ... မနှစ်ကတော့ ပိုများတယ်... အယောက် ၃၀၀ ၄၀၀လောက်လာတယ်...
ထွက်ပေါက်မှာတော့ သူ့ကိုလာကြိုတဲ့ကားကြီးမှန်းသိသာတဲ့ အဖြူရောင် limousine ကားအရှည်ကြီးကို တွေ့ရပါတယ်...
![]() |
| သူစီးမဲ့ကားကြီး |
၂နာရီ ၂၀မိနစ်မှာမှ သူ့လေယာဉ်ဆိုက်တယ်... တော်တော်နဲ့ထွက်မလာဘူး... ကျန်တဲ့ခရီးသည်တွေ အကုန်ကို စောင့်နေတာထင်တယ်... နောက်မှထွက်လာတယ်... သူအင်မီဂရေးရှင်းကထွက်လာတာနဲ့ ကျွန်မဗွီဒီယိုကင်မရာကို ဇွန်းဆွဲကြည့်လို့မြင်နေရတယ်... ခုံလေးယူသွားတော့ အတော်ပဲ ခုန်ပေါ်ကရပ်ပြီး ရိုက်တော့ လက်သိပ်မတုန်ဘူး... နောက်မို့ဆို ဟိုတန်းပေါ်တက်ရပ် ဒီတန်းခို မမှီတမှီရိုက်ရမှာ... အဖြူရောင် skinny jean ဘောင်းဘီနဲ့ ကုတ်အနက်ရောင်မှာ မီးခိုးရောင် scarf လေးပုခုံးပေါ်မှာချလာတယ်... နေကာမျက်မှန်နဲ့ ဆံပင်ကတော့ You are my Pet မရိုက်ဖြစ်သေးတော့ ခုထက်ထိမညှပ်ရသေးဘူး... အရှည်ပဲ... သူကိုင်နေကျ သူ့ရဲ့ လက်ကိုင်အိတ်ကြီးတော့ ပါမလာတော့ဘူး... လှမြဲပါပဲ... သူက အမြဲတမ်းမှန်ခန်းထဲမှာဆိုရင် မှန်နားကပ်လျှောက်တယ်... ပရိတ်သတ်က သူ့ကို အနီးကပ်ပိုမြင်ရတယ်... မနှစ်က ရဲကိုလက်ကာပြီး ပရိတ်သတ်နား Fly kiss ပေးတာ ဆူများခံလိုက်ရလို့လား မသိဘူး ဒီနှစ်တော့ မနှစ်ကလောက် အတင့်မရဲတော့ဘူး... လမ်းလယ်တည့်တည့်ကပဲ တာ့တာပြတယ်... fly kiss တွေ အသည်းပုံလေးတွေလဲလုပ်တယ်... မျက်နှာကတော့ လုံးဝ အပြုံးမပျက်ချိုနေတာပဲ... သူ့ကိုသဘောကျတာ အဲဒိအချက်ပဲ... သူ့စိတ်ထဲ စိတ်ညစ်ကောင်းညစ်နေမယ်... စိတ်ရှုပ်ကောင်းရှုပ်နေမယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီလုပ်ငန်းသဘောအရ သူ့အပြုံးကတော့ အမြဲရှိတယ်... အချိန်တိုင်းပြုံးပြနေနိုင်ဖို့ဆိုတာ ကျွန်မအတွက်တော့ အတော်ခက်မယ်... သူက မင်းသားပဲ ဒါတော့လုပ်နိုင်ရမှာပေါ့ဆိုပင်မဲ့ မလုပ်နိုင်တဲ့သူတွေ မလုပ်နိုင်ဘူးလေ... VIP ပေါက်ကမထွက်ပဲ အရင်လို ရိုးရိုးပေါက်ကပဲထွက်တဲ့ JKS ကို ပိုနာမည်ကြီးလာပင်မဲ့ မပြောင်းလဲသေးလို့ ကျေနပ်မိတယ်...
ကျွန်မလဲ JKS ကျော်သွားတော့ အရင်လိုပဲပေါ့... ဘေးဘက်ကနေ သူ့နောက်ပြေးလိုက်တာပေါ့... သူငယ်ချင်းကို "နင်မလိုက်ချင်ရင် ငါ့ခုံလေးကြည့်ထားပေးပါ... ငါတော့ ပြေးပြီ" ဆိုပြီး ထွက်သွားလိုက်တယ်... လူက ခါတိုင်းလို ၃ ၄ထပ်မဟုတ်တော့ ဘေးက ပြေးလိုက်နေရင်းနဲ့လဲ သူ့ကို မြင်ရတယ်... သူ့ရဲ့ကားရှည်ကြီးထဲဝင်သွားပြီး ကောင်မလေးတွေကပ်နေတဲ့အတွက် ကားက ၂မိနစ် ၃မိနစ်လောက်ထွက်လို့မရဖြစ်နေတယ်... ရဲတွေက ကပ်နေတဲ့ မိန်းကလေးတွေကို ဆူဆဲအော်ငေါက်ရိုက်တော့မှ ရတယ်... ကျွန်မလဲ ဗွီဒီယိုနဲ့တတ်နိုင်သလောက်လိုက်ရိုက်တယ်... ကားထဲဝင်သွားပြီးတော့ ကားမှန်က စတစ်ကာတွေကပ်ထားတော့ ဗွီဒီယိုမှာ မမြင်ရတော့ဘူး... ဒါပေမဲ့ မျက်လုံးနဲ့ကြည့်ရင်တော့ ဘောင်းဘီအဖြူဝတ်ထားတဲ့သူ့ကို ဘယ်မှာထိုင်နေလဲ ဘာလုပ်နေလဲ မြင်ရတယ်... ကားထဲရောက်သွားတော့ အထဲကနေ ဘာလုပ်ပြနေလဲတော့ မသိဘူး ကားဘေးရပ်နေတဲ့ ကောင်မလေးတွေက ထထအော်တယ်... ကျွန်မနောက်ဘက်ကနေ မြင်လိုက်တာတော့ သူ တာ့တာတွေပြလိုက် ဘာလိုက်နဲ့ ကားထဲမှာ ငြိမ်ငြိမ်ထိုင်မနေတာတော့သိတယ်... သူ့ကားကြီး ၄မိနစ်လောက်ကြာတော့မှ လူအုပ်တွေရှဲပြီး ဖြည်းဖြည်းချင်းထွက်သွားတယ်...
ကျွန်မလူအုပ်ထဲက ထွက်တော့မှ အပေါက်ဝ မှန်ဘေးမှာ သူငယ်ချင်းကိုပြန်တွေ့တယ်... ခုန်လေးခေါက်သိမ်းပြီးစောင့်နေတယ်... ထိမ်းမရတဲ့ ကောင်မလေးတွေ အများကြီးတွေ့တော့မှ ကျွန်မဘာလို့ အဖြစ်သည်းလဲ နားလည်သွားပြီထင်တယ်... ဟတ် ဟတ်... သူတောင် ဆဲမယ်ကြုံးဝါးထားပြီး တကယ်မင်းသားလာတော့ ကောင်မလေးတွေအော်ကြတာရော သူလဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ သူ့ဖုန်းနဲ့ ဓာတ်ပုံလှမ်းရိုက်တာ ရတော့ရလိုက်တယ်... မင်းသားမျက်နှာသေးသေးပဲပါတာ တစ်ပုံ... နောက်ကျောတစ်ပုံ... (မဗေဒါတို့များ အဖော်ခေါ်သွားတိုင်း ရိုက်လိုက်ရင် တော်ကြတယ်... မင်းသားနောက်ကျောတွေချည်းပဲ)...
![]() |
| သူရိုက်ခဲ့တဲ့ပုံ |
![]() |
| နောက်ကျောပဲရလိုက်ပြန်ပြီ... |
လောလောဆယ်တော့ သူများတွေရိုက်လာတဲ့ ဓာတ်ပုံတွေရယ် ဗွီဒီယိုတွေရယ်ရှူစားကြပါ...
![]() |
| သူလာပြီ... |
![]() |
| ကောင်မလေးတွေအုံနေပြီ ကားထွက်လို့ရဘူး... |
![]() |
| သူတည်းနေကျ ဟိုတယ်... Ritz Carlton |
Photo credit as tagged+weibo
Video credit to Xinmsn
ဒီအောက်ကပုံတွေကတော့ မနေ့ကည ၇နာရီက Press conferenceနဲ့ ဓာတ်ပုံအရိုက်ခံပွဲကပုံတွေနဲ့ ဗွီဒီယိုတွေပါ... အဲဒိ အုပ်စုလိုက် ဓာတ်ပုံ အရိုက်ခံဖို့အတွက်ကို ပထမဦးစွာ သူ့ FM ရဲ့ ဈေးအကြီးဆုံးအတန်းကို ၀ယ်ယူထားသူဖြစ်ရမယ်... ပြီးရင် အယောက် ၃၀ပါ အုပ်စုပုံ တစ်ပုံရိုက်ခံဖို့အတွက် ၄၈ဒေါ်လာနဲ့ လက်မှတ်ကို ထပ်လုယက်ဝယ်ရပါမယ်... ဒီလိုဒီလို ဒုက္ခခံ ပိုက်ဆံအကုန်ခံ ပြီး ၀ယ်လို့ ရလာတဲ့ လက်မှတ်ပိုင်ရှင် မိန်းကလေးတွေပါ... မဗေဒါလဲ Terms and conditions တွေဖတ်ပြီး လုံးဝကို မကြိုးစားတော့ပါဘူး... တစ်ယောက်ချဉ်းတွဲရိုက်ရမယ်ဆို တန်ပါတယ်... (နေတိုးတို့ ထွန်းထွန်းတို့ဆို သိပ်စိတ်ချမ်းသာတာပဲ... သူများတွေ ဓာတ်ပုံလေးတွဲရိုက်လို့ရမလားဆိုတာနဲ့ ချက်ချင်းပဲ... သိပ်ဖော်ရွေတာ)...
အောက်က ဓာတ်ပုံရိုက်ခံတဲ့ ဒုတိယမြောက်ဗွီဒီယိုမှာ အောက်ကထိုင်ရိုက်ခံနေမိန်းကလေးက ဓာတ်ပုံရိုက်အပြီးမှ ထပြီး မင်းသားကို ဖက်ဖို့ကြိုးစားတာကို security တွေ အတင်းတွန်းထုတ်ပြီး မင်းသားကို မိန်းကလေးအုပ်ထဲကဆွဲထုတ်လိုက်ရတာတွေ့ရတော့ ကျွန်မ ၂ဦး ၂ဘက်လုံးအတွက် စိတ်မကောင်းပါဘူး... ပထမဦးစွာ မင်းသားဘက်ကကြည့်မယ်ဆိုရင်လဲ... သူ့ခမျာ လေတိုက်ရင်တောင် ကျိုးလောက်တဲ့ လှပတဲ့ ခါးရိုးလေးနဲ့ ပင်ပင်ပန်းပန်း ၆နာရီလောက် လေယာဉ်စီးလာပြီး ဒီ Event ကိုလာရတာ... အတော်လေး စိတ်ပင်ပန်းနေမှာပဲ... ဒီကြားထဲ မိန်းကလေးတွေက ၀ိုင်းဆွဲကြတော့ စိတ်ရှုပ်မှာပေါ့... သူ့ခမျာ ယိုင်တောင် ယိုင်သွားတယ်... သူ့ကိုလာဆွဲထုတ်တဲ့ security တွေလက်ထဲမှာ အရုပ်လေးလိုပဲ ပါသွားတာ...
ဒါပေမဲ့ သူ့မျက်နှာပေါ်က အပြုံးကတော့ Print နှိပ်ထားတဲ့အတိုင်းပဲ လုံးဝမပျက်သွားပါဘူး.... ကျွန်မသူ့ရဲ့ ၁စိတ်လောက်လေး စိတ်ထားပြီး မျက်နှာချိုနိုင်ရင်တော့ အတော်လူချစ်လူခင်ပေါသွားလိမ့်မယ်ထင်တယ်...
ဒါပေမဲ့ တစ်ဖက်က ပရိတ်သတ်မိန်းကလေးဘက်ကကြည့်မယ်ဆိုရင်လဲ သူ့ခမျာ ဒီဓာတ်ပုံရိုက်ခွင့်ကို ခက်ခက်ခဲခဲ အချိန်ကုန် ငွေကုန် လူပမ်းခံပြီးဝယ်ထားရတာ သူဒီလောက်လေးပဲ မင်းသားနဲ့ အုပ်ရော ကျောက်ရောနေလိုက်ရတယ် ဆိုတော့ အားမရဘူးဖြစ်ပြီး တစ်ခဏတာအတွင်းမှာ လုပ်မိသွားတာဖြစ်နိုင်တယ်... အဲဒိလို အားမလို အားမရဖြစ်တဲ့စိတ်ကို ကျွန်မလဲ မနှစ်က ရှိုးသွားကြည့်တော့ အနည်းနဲ့ အများ ခံစားဖူးတယ်... ဒါပေမဲ့ မလုပ်ရက်ဘူး... အထူးသဖြင့် ကျွန်မစိတ်ထဲမှာ သူကျွန်မကို သတိထားမိမှာတောင် ပိုစိုးတယ်... ကျွန်မက သူနဲ့ ယှဉ်လို့မှ လုံးလုံး မလှတာ... သူကတော့ မျက်နှာမှာတော့ ငါ့ပရိတ်သတ်ဆိုပြီး ရီပြုံးဆက်ဆံနေပင်မဲ့ စိတ်ထဲမှတော့ သူတွေ့တဲ့လူတွေကို Judge နေမှာပဲ... ကိုယ့်မျက်နှာသွင်ပြင် လှတာမလှတာက အသာထားအုံး... ကိုယ့် အပြုအမူကြောင့် မင်းသား အထင်သေးသွားမှာ စိတ်အနှောင့်ယှက်ဖြစ်သွားမှာကို ပိုကြောက်တယ်... သူကိုယ့်ကို သတိထားမိလိုက်တောင် အဲဒိအချိန် စက္ကန့်ပိုင်းလေးပဲဖြစ်မှာ... ဒီထက်ပိုမှာမဟုတ်ဘူး... ဒါကို အရှက်ကွဲခံပြီး ဘာလို့ကြိုးစားတော့မလဲ... ဒါက ကျွန်မရဲ့ ခံယူမှုသက်သက်ကိုပြောတာပါ... သူများတွေတော့ ဘယ်လိုမြင်မလဲမသိဘူး... သူတို့က မင်းသားနဲ့ ဒီလောက်လေးတွေ့ရတာတောင် အချိန်ကုန် လူပမ်း ပိုက်ဆံကုန်ရတာ တန်တယ်လို့ယူဆလို့ မင်းသားကို ကျွန်မကြိုက်တာထက် ပိုကြိုက်လို့ လုပ်ကြတာလဲ ဖြစ်နိုင်ပါတယ်... ကဲ... ပြောချင်တာတွေလဲ ပြောပြီးပြီ... ဓာတ်ပုံနဲ့ ဗွီဒီယိုလေးတွေကြည့်လိုက်ပါအုံး... ဘိုင်သဝေး... မင်းသား press conference မှာ ၀တ်ထားတဲ့ အင်္ကျီလေးက အသားလေးလဲ အေးမယ် ဒီဇိုင်းလေးကလဲ လှတယ်... တော်တော်လှတယ်လို့ ကျွန်မထင်တယ်... Millionaire actor ၀တ်တဲ့ အကျီင်္မို့ထင်တယ်...
credit: as tagged + weibo + sundaymandarin + Kokokoreano
Youtube video for photograph session at sniffiv
Subscribe to:
Posts
(
Atom
)