ဘယ်မှာကြည့်ရမလဲ: Netflix 
Starring:  Kim Woo Bin နဲ့ Kim Seong Gyoon
 အဖေ့ ကြက်ကြော်ဆိုင်မှာ Delivery man အနေနဲ့ပဲ ကူလုပ်နေတဲ့ Lee Jung Do ဟာ ကြည့်ရင်တော့ သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့လိုက် အိမ်စီးပွားရေးကူလိုက် သာမာန်လူငယ်တစ်ယောက်လို့ ထင်ရပေမဲ့ သူဟာ တိုက်အခိုက် ကိုယ်ခံပညာမှာ ဝါသနာအရ လေ့ကျင့်ရင်း တိုက်ကွန်ဒို၊ ဂျူဒိုနဲ့ Kendo တို့မှာ ခါးပတ်နက်ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ 
  
တစ်နေ့မှာ မထင်မှတ်ပဲ Martial arts officer တစ်ယောက်ကို လမ်းကြားထဲမှာ Electronic ခြေကျင်းဝတ် မှုခင်းတရားခံတစ်ယောက်က ရိုက်နှက်နေတာကို ဝင်ကယ်တင်ပေးရင်း အဲ့ဒိ officer ပြန်မကောင်းခင်ကြား အစားထိုးအလုပ်လုပ်ပေးဖို့ offer တစ်ခုရလာပါတယ်။ ဘာလုပ်ရလုပ်ရ စိတ်လှုပ်ရှားရရင် လုပ်မယ်ဆိုပြီး ပေါ့ပေါ့ပဲ စခဲ့တဲ့  ထောင်ထွက်တရားခံများစောင့်ကြပ်ကြည့်ရှုရေး အဖွဲ့ရဲ့ Officer တစ်ယောက်ဘဝကို သူတဖြည်းဖြည်း ဝါသနာပါလာပြီး လေးစားရတဲ့ အရာရှိရဲ့အောက်မှာ ဒီလို မွန်မြတ်အရေးပါပြီး မှုခင်းပေါင်းများစွာကို စောင့်ကြပ်တားဆီးရတာကို ဆက်လက်လုပ်ဆောင်ချင်ခဲ့ပါတယ်။ ဒီရာထူးမှာ သူဘယ်လို အန္တရာယ်များတဲ့ တရားခံတွေနဲ့ ကြုံရမလဲဆိုတာ.... 
 စာရေးသူအမြင်
  
  
ကားအစပိုင်းမှာ ပေါ့ပေါ့ပါးပါးလေးနဲ့ စထားပေမဲ့ နောက်ပိုင်း မှာ သွေးထွက်သံယိုချခန်းတွေ အတော်များပါတယ်။ ကိုရီးယားကားထုံးစံအတိုင်း Action ချည်းပဲ မဟုတ်ပဲ Heart warming drama လေးတွေလဲ ထည့်ထားတာတွေ့ရတယ်။ သူငယ်ချင်းတွေ စုပြီး မင်းသားကို ကူညီတာ ဘာညာမျိုးပေါ့။ ပြီးတော့ မင်းသားနဲ့ သူ့အရာရှိဇာတ်ကောင်ကြားက သံယောဇဉ် လေးစားမှုနဲ့ Chemistry ကလဲ ထိမိပါတယ်။ ပြီးတော့ မင်းသားက သူ့ရဲ့ Passion အလုပ်ကို ရှာတွေ့သွားတာလေးကလဲ ကိုယ့်လို ကိုယ်ဘာ passion ရှိမှန်း ရှာမတွေ့သေးတဲ့လူအတွက် အားရအားကျစရာလေးတစ်ခုမို့ ကိုယ်က သဘောကျရပါတယ်။ 
Kim Woo Bin ကတော့ ထုံးစံအတိုင်း သရုပ်ဆောင်ချက်တွေကို ပရိတ်သတ်ရင်ထဲရောက်အောင်ပို့နိုင်ပါတယ်။ အစပိုင်းမှာ လူဆိုးဖမ်းတုန်းက Teaser သုံးဖူးကြည့်ချင်တဲ့ အခန်းဆို ရီစရာလဲကောင်းပါတယ်။
ကိုယ်က တစ်ကိုယ်ရည်အရ အရမ်းချပြီး သွေးထွက်သံယိုတွေ မကြည့်ချင်ပေမဲ့ သူတို့ရဲ့ အချခန်း Choreography က သဘာဝကျကျနဲ့ သေချာအဆင့်တန်းမှီ လုပ်ထားတာကို တွေ့ရပါတယ်။ Choreography က Realistic ဖြစ်လို့လဲ ကိုယ့်အတွက် ကြည့်ရတာ အအီမသာဖြစ်တာပါ။ Action ကောင်းကောင်းကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းတစ်ခုလို့လဲ ဆိုလို့ရပါတယ်။ (ကိုယ်က အချကားဆို ဂျက်ကီချန်းလိုမျိုး တကယ်လဲ ချတယ်၊ နာလဲနာပေမဲ့ ဟာသလေးတွေ ရောပေးထားမှ ကြည့်ရဲတာ။ 😎) 
  
တစ်ကားလုံးကို စဖွင့်ကတည်းကနေ အဆုံးထိ ကြည့်နေတဲ့ကိုယ်ရော #MrRight ကိုရော ဆွဲဆောင်သွားနိုင်တဲ့အတွက် Overall ကောင်းတဲ့ movie တစ်ခုလို့ ဆိုနိုင်ပါတယ်။
  
နောက်ထပ် Officer Black belt 2 တွေ 3 တွေတောင် တစ်မှုကို တစ်ကားထပ်ထွက်လို့ရတဲ့ ဇာတ်လမ်းမျိုးပါ။ ဒီတစ်ကားမှာ အသေးအမှုလေးတွေအပြင် အဓိက ကလေးသူငယ်တွေ မတရားကျင့်ပြီး ကလေးသူငယ်ကာမ video တွေ လုပ်တဲ့ ထောင်ထွက်လူဆိုးနဲ့ဖိုက်တာကိုပဲ ပြထားပါတယ်။
Plot hole လေးကိုပြောရရင်တော့ ဒီ martial art officer တွေက Probation criminal တွေရဲ့ Electronic ခြေကျင်းနေကနေတဆင့် သူတို့လှုပ်ရှားမှုတွေကို စောင့်ကြည့်ရတဲ့တာဝန်ပါ။ တစ်ခါတစ်လေ မလိုက်နာသူတွေကို ဖမ်းဆီးရတာမျိုးရှိပါတယ်။ ရဲဆိုတာကလဲ သက်သက်ရှိပါတယ်။ ဥပမာမြို့နယ်ရဲစခန်းလို လူဆိုးဖမ်းတဲ့ ရဲ တွေလဲရှိပါတယ်။ရုပ်ရှင်ထဲမှာ Martial art officer တွေ ခံနေရပြီဆို ဘယ်သူမှက ရဲမခေါ်ကြသလို၊ Back up ဆိုတာကလဲ မင်းသားဆီကိုသာ အလူးအလဲ ခံရပြီးမှ ရောက်လာတတ်ပါတယ်။ မင်းသားမဟုတ်တဲ့သူဆီကျတော့ ရောက်မလာသလို အခြေအနေမဟန်ရင် Back up ခေါ်လို့ရတဲ့ management မျိုး ဘာလို့ မရှိတာလဲဆိုတာပါ။ ဒါက ကိုယ်တွေ ကြည့်နေတုန်းလဲ Mr.Right က ထောက်ပြခဲ့သလို IMDB က critics တွေမှာလဲ ဒီအချက်လေးကို Plot hole အနေနဲ့ ထောက်ပြထားပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ကို Drama ပိုများအောင် လုပ်ထားတာပါလေဆိုပြီး ကြည့်လိုက်လို့ရတဲ့အတွက် အဆင်ပြေပါတယ်။
  
#OfficerBlackBelt
#Kmovie
#Review
  
  
 


 
 
No comments :
Post a Comment