Monday, February 29, 2016
Japanese Movie - Time Trip App (review)
English Title: Time Trip App
Romanji title: Bakumatsu Kokosei
Language: Japanese
Genre: Time Travel/ Sci-fi
Episodes: 1
Runtime: 108 min.
Main Cast:
Hiroshi Tamaki as Katsu Kaishu
Ishihara Satomi as Mikako Kawanabe
My Rating: 4/5
ဇာတ်လမ်းအကျဉ်း
အထက်တန်း သမိုင်းပြ အတန်းပိုင်ဆရာမ အလုပ်မှာ သိပ်အောင်မြင်မှု မရှိလှသလို ကိုယ်တိုင်လဲ အားစိုက်ထုတ်ဂရုပြုမှု မရှိတဲ့ မိကာကို ကို သူ့တပည့်တွေကလဲ သိပ်လေးစားခြင်းမရှိပါဘူး။ အထူးသဖြင့် တပည့်ဖြစ်ချင်တာကို အလေးမပေးပဲ ခပ်လွယ်လွယ်ပဲ အမှတ်ကောင်းရင် ဆရာဝန်လုပ်ရမယ်ဆိုတဲ့ ပုံသေနည်းမျိုးကို ဆွဲကိုင်ထားပြီး သူ့တာဝန်ကျေအလုပ်လုပ်နေတဲ့ သာမာန် ဆရာမတစ်ယောက်ပါပဲ။ တစ်နေ့မှာ ကျောင်းဝန်းအပြင်မှာ သူ့တပည့် ၃ယောက်နဲ့ စုံတုန်း စကားများကြရင် မတော်တဆ သူ့တပည့်တစ်ယောက် သမိုင်းဖြေတုန်း ခိုးချဖို့ download လုပ်ထားတဲ့ သမိုင်း App ကနေ အရောင်တွေလက်လာပြီး သူတို့ ၄ယောက် မသိလိုက်ခင်မှာပဲ ၁၈၆၈ ခုနှစ် Edo ခေတ်ကို ပြန်ရောက်သွားပါတယ်။
အဲ့ဒိမှာ သမိုင်းကြောင်းအရ ဂျပန် ပြည်တွင်းစစ်ဖြစ်တော့မှာကို မဖြစ်အောင် ညှိနှိုင်းဆောင်ရွက်မှုနဲ့ပဲ တားဆီးနိုင်ခဲ့တဲ့ နှလုံးရည်နဲ့ ပြည့်စုံတဲ့ (ယနေ့ခေတ် သမိုင်းဘာသာထဲမှာ သင်ရတဲ့) ဆာမူရိုင်း စစ်သူကြီးတစ်ယောက်နဲ့ သွားတွေ့ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်ကနေ တကွဲတပြားစီ ရောက်သွားကြတဲ့ ခေတ်လူငယ်တွေကြောင့် သမိုင်းကြောင်းကြီး မှားယွင်းလုနီးပါးဖြစ်ခဲ့ပါတယ်။ အဲ့ဒိခေတ်ကသာ ဂျပန်မှာ ပြည်တွင်းစစ်ဖြစ်ခဲ့ရင် ယနေ့ခေတ်ဂျပန်လို တိုးတက်လာမှာ မဟုတ်ပဲ အနောက်တိုင်း ကိုလိုနီနိုင်ငံတစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်သလို သူတို့တွေရဲ့ လက်ရှိ ၂၀၁၄ခုနှစ်ရဲ့ ကံကြမ္မာလဲ ပြောင်းသွားနိုင်တဲ့အတွက် သမိုင်းအမှန်ပြန်ရအောင် အားလုံး ဆာမူရိုင်းနဲ့ တွဲပြီး စွမ်းဆောင်ကြရပါတော့တယ်။
ဝေဖန်ရေး
ဂျပန်ကားဆိုတော့ သိတဲ့အတိုင်း Inspiration အရမ်းကောင်းပါတယ်။ ပျော်စရာ ဒိုင်ယာလော့လေးတွေ၊ ရှေးခေတ်က သူရသတ္တိနဲ့ ပြည့်စုံတဲ့ သူရဲကောင်းက တကယ်တန်းတွေ့တော့ အထင်အတိုင်းမဟုတ်ပဲ ပေါ့ပျက်ပျက်လူတစ်ယောက်လို ပျော်ပျော်နေတတ်တာ စသည်ဖြင့် ကြည့်ရတာ စိတ်လက် ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာကောင်းပါတယ်။ Nodame Cantabile ဇာတ်ကားထဲက မင်းသားချော Hiroshi Tamaki ကလဲ အသက်နည်းနည်းကြီးတယ်ထင်ရပေမဲ့ ဆာမူရိုင်း ၀တ်စုံနဲ့ ကြည့်ကောင်းပြီး သူ့ဇာတ်ကောင်နဲ့ လိုက်ဖက်ပါတယ်။ မင်းသမီးချော Hatomi Ishihara ကလဲ ကိုယ့်အကြိုက် ချစ်စရာကောင်း၊ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်ယောက်ပါပဲ။
အဲ့ဒိအထဲမှာ ပြောတဲ့ စကားလုံးတွေထဲက မှတ်မှတ်ထင်ထင် သတိရနေတဲ့ စကားလုံးလေးကတော့ ကျောင်းဆရာမလေးက လက်ရှိခေတ်မှာ နည်းပညာတွေ ဘယ်လောက်တိုးတက်နေပြီး ဘယ်လိုတွေကောင်းကြောင်း ရှေးခေတ်က မမြင်ဖူးတဲ့ ဆာမူရိုင်း သူရဲကောင်းကို ပြောပြတော့ အဲ့ဒိ ဆာမူရိုင်း သူရဲကောင်းက သူ့ကို တစ်ခွန်းပဲ ပြန်မေးလိုက်တယ် “အဲ့ဒိ ခေတ်မှာ နည်းပညာတွေ တိုးတက်ကောင်းမွန်လာတာဟုတ်ပါပြီ။ လူတွေရော ဘယ်လောက် တိုးတက်ကောင်းမွန်လာသလဲ” တဲ့။
အဲ့ဒိစကားက ဆရာမအလုပ်ကို ၀တ်ကျေတန်းကျေလုပ်နေတဲ့ မိကာကို ကို သူ့လိုအပ်ချက်တွေကို မီးမောင်းထိုးပြလိုက်သလို အရှက်ရစေခဲ့တယ်။ သူဟာဘယ်တော့မှ ကောင်းမယ်ထင်တာ၊ သင့်တော်တာကို အားစိုက် မစဉ်းစားပဲ အမှတ်ကောင်းတဲ့ကျောင်းသား ဆရာဝန်လုပ်၊ စာညံ့လို့ စာမလုပ်တဲ့ကျောင်းသားဆို ၀တ်ကျေတန်းကျေ ဆူလိုက်ပြီး ဘာမှ ဆက်မလုပ်ပေးတတ်တော့တာတွေကို သူရှက်သွားတယ်။ အဲ့ဒိရှေးခေတ်က လူကို သူဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။
သူအစက ပေါ့ပျက်ပျက်နဲ့ ဘယ်လိုသူရဲကောင်းဖြစ်ခဲ့မှန်းမသိဘူးလို့ သံသယဝင်ခဲ့တဲ့ စစ်သူကြီး Katsu ကတော့ အပေါ်ယံသာအဲလိုထင်ရပေမဲ့ သူ့စိတ်ထဲမှာ လိုချင်တာကို ဘယ်သူတွေ ဘယ်လိုထင်ထင်၊ ဘာပြောပြော၊ သူတိုင်းပြည်ကောင်းဖို့ပဲ သူလုပ်တယ်၊ အသုံးမကျတဲ့ ဘာမှအကျိုးမပြုတဲ့ ဆာမူရိုင်းမာနဖြစ်တဲ့ တစ်ခုခုဆို အသေခံပလိုက်တာတို့ ဘာတို့ကို သူအားမပေးဘူး။ သူ့တိုင်းပြည်က လူတွေကောင်းဖို့အတွက် အရေးမကြီးတဲ့ ဆာမူရိုင်းရိုးရာကို ပြောင်းဖို့လဲ သူဝန်မလေးဘူး။ သူဘာလုပ်ချင်သလဲ၊ ဘာလုပ်သင့်သလဲဆိုတဲ့ သူ့ ပန်းတိုင်အတွက် သူကြိုးစားတယ်။ အဲ့ဒိအချက်က ဆရာမလေး Mikako ကို အလင်းပြလိုက်ရုံမကဘူး ကြည့်နေတဲ့ ပရိတ်သတ်ကိုပါ ပညာပေးတယ်လို့ ခံစားရတယ်။ ပြောသာပြောတာလေ ကျွန်မဆို ကိုယ်ဘာဖြစ်ချင်လို့ ဘယ်လို့ရအောင် လုပ်ရမလဲ စမ်းတဝါးဝါးပဲ။ ပျင်းက ပျင်းသေးတာ။
ဘာပဲ ပြောပြော ဒီရုပ်ရှင်လေးက တိုတိုနဲ့ ပညာပေး၊ အတွေးပေး၊ ရီရပြီး Entertaining လဲ ဖြစ်တဲ့ ဇာတ်ကားလေး တစ်ကားမို့ အချိန်လေး ၁နာရီကျော်လောက် ပေးကြည့်ရတာ တန်ပါတယ်။ ဇာတ်လမ်းတွဲ မဟုတ်တဲ့အတွက် ၁ကားနဲ့ ပြီးပါတယ်။ ဘယ်က ကြည့်သလဲတော့ မမေးနဲ့။ မဗေဒါလဲ Google ကနေ ရိုက်ထည့်ပြီး ရှာလိုက်တာပဲ။ ကြည့်နေကျ ဆိုဒ်က malware တက်နေပြီး ကြော်ငြာတွေပဲပေါ်ပေါ်လာလို့ ကြည့်လို့ မရတော့လို့။
Friday, February 19, 2016
မြန်မာပြည်လာပြီး ပိုက်ဆံတောင်းနေတဲ့ British Tourist နဲ့ ပတ်သတ် ၍
ဒီနေ့ Yangon Coconuts မှာ ဖတ်လိုက်ရတဲ့ မြန်မာပြည်ကို အလည်လာတဲ့ ဗြိတိသျှအမျိုးသမီးတစ်ယောက်က မန္တလေးမှာ အန္ဒိယကိုဆက်သွားဖို့ လေယာဉ်ခ အလှူလိုက်ခံနေတာတွေ့လို့ မန္တလေးရဲက သူ့ကို ရန်ကုန်ကိုပြန်ပို့ပြီး ဗြိတိသျှသံရုံးနဲ့ ဆက်သွယ်စေခဲ့တယ်တဲ့။ ဒါပေမဲ့ အဲ့ဒိအမျိုးသမီးက သံရုံးကလဲ သူ့ကို ကူညီမှာမဟုတ်တဲ့အကြောင်းပြောခဲ့တယ်။ အဲ့ဒိအကြောင်းကို မြန်မာပြည်ရဲ ဖေ့ဘွတ်ပေ့ချ်မှာ လူအများပြောစရာဖြစ်လာခဲ့လို့ coconuts အဖွဲ့သားတစ်ယောက်က လိုက်လံ စုံစမ်းပြီး အဲ့ဒိအမျိုးသမီးနဲ့ စကားပြောဖြစ်ခဲ့တယ်တဲ့။ သူက အင်္ဂလန်မှာ ကျောင်းဆရာမ အဖြစ်အလုပ်လုပ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံတော်တော်များများကိုလဲ ရောက်ဖူးကြောင်း ခု မြန်မာပြည်ကနေ အန္ဒိယကိုသွားပြီး တရားထိုင်ဖို့ဖြစ်ကြောင်း။ သူ့ကိုယ်သူ သန့်ရှင်းစင်ကျယ်တဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်ရင်း သူ့ရဲ့ စိတ်စွမ်းအားတွေကို တရားထိုင်ရင် မြှင့်တင်ချင်ကြောင်း၊ အဲ့ဒိရည်ရွယ်ချက်နဲ့ပဲ အန္ဒိယကို ဆက်မှာဖြစ်ကြောင်း၊ ပိုက်ဆံရှာတဲ့ အလုပ်ကို လုပ်နေရင် သူ့ကိုယ်သူ စင်ကျယ်အောင် စိတ်ထားနိုင်မှာ မဟုတ်လို့ အလုပ်မလုပ်ပဲ ခုလို ပိုက်ဆံလိုက်တောင်းနေခြင်းဖြစ်ကြောင်း၊ တကယ်လို့ အကူအညီမရခဲ့ရင် ဘာလုပ်မလဲလို့ coconuts အဖွဲ့သားက မေးတော့ ဘုရားသခင်က သူနဲ့အတူရှိပြီး သူလိုချင်တာတွေကို ဖြည့်စည်းပေးနေတာကို ယုံကြည်ကြောင်းပြောတယ်တဲ့။
အဲ့ဒိပိုစ့်နဲ့ ပတ်သတ်ပြီး အောက်မှာ မတူညီတဲ့ ကွန်မန့်တွေ တွေ့တယ်။ စိတ်ဝင်စားစရာကောင်းတာက မြန်မာလိုကယ်တွေက အဲ့ဒိ အလှူခံ ဘိုမဘက်က ပြောနေကြပြီးတော့၊ တခြားနိုင်ငံခြားသားတွေက အဲ့ဒိဘိုမကို ကျွန်မတို့လို ဆင်းရဲတဲ့ တတိယနိုင်ငံက လူတွေဆီကနေ လိမ်စားနေတယ်လို့ ပြောရင်း ရှုံ့ချကြတယ်။ ကျွန်မက မြန်မာလူမျိုးတစ်ယောက်အနေနဲ့ရော၊ သူများနိုင်ငံတွေကို အလည်အပတ်သွားဖူးတဲ့ လူတစ်ယောက်အနေနဲ့ရော သူတို့ ၂ဦး ၂ဘက်လုံးပြောတာတွေကို အသေအချာ စဉ်းစားကြည့်တယ်။
မြန်မာလူမျိုးတွေက အလှူခံနဲ့ နေသားတကျရှိနေတာရော၊ အလှူအတန်းရက်ရောတဲ့နေရာမှာ ရှေ့ပြေးရတာကို ဂုဏ်ယူတတ်ကြတဲ့ သဘောရှိတယ်လေ။ တစ်ခါတစ်လေဆို တကယ်စေတနာပါသလား ဘာလားဆိုတဲ့ အဓိက အချက်ကို မေ့ပျောက်ပြီး အပြိုင်အဆိုင် သူ့ထက်ငါသာအောင် လှူပြမယ်ဆိုတာက ရှိသေးလို့ ထင်မိတာပဲ။ အထူးသဖြင့် ခုလို ချမ်းသာတဲ့ နိုင်ငံက လာတဲ့ နိုင်ငံခြားသူက ကိုယ်တို့ ဆင်းရဲပါတယ်လို့ သတ်မှတ်ခံထားရတဲ့ တတိယနိုင်ငံသားတွေဆီမှာ ပိုက်ဆံလိုက်တောင်းနေတာကို မသိစိတ်ကနေ ကျေနပ်ပြီး ဒီလိုလူမျိုးကို လှူရတာကို ဂုဏ်ယူချင်တဲ့ စိတ်လဲ ဖြစ်ကောင်းဖြစ်မယ်ထင်ပါတယ်။ နောက်ပြီးတော့ အဲ့ဒိ ကွန်မန့်တွေထဲက မြန်မာတစ်ယောက် ရေးတဲ့ ကွန်မန့်မှာ “သူက ခိုးနေ လိမ်နေ လူသတ်နေ ဓားပြတိုက်နေ တာမဟုတ်ဘူး။ ကိုယ်ကူညီပေးနိုင်ရင် ကူညီပေးလိုက်၊ သူ့ခရီးသူသွားနေတာ၊ သူ့ရွေးချယ်ခွင့်နဲ့သူပဲ”တဲ့။
ဟုတ်ပါတယ်။ မြန်မာတွေမှာက ဘာသာရေးအရ ကြီးပျင်းလာတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်လှူတာက ကိုယ့်ကုသိုလ်၊ ကိုယ်လှူတာကို လိမ်စားတဲ့သူက သူ့ငရဲ သူသွားလိမ့်မယ် စတဲ့ အပြောမျိုး အတွေးမျိုးနဲ့ပဲ စိတ်ဖြေတတ်ကြပါတယ်။ ဘုန်းကြီးအတုယောင်တွေ၊ သီလရှင် အတုယောင်တွေ၊ အလှူခံ အတုယောင်တွေ၊ ကန်ထရိုက်ပေးလုပ်စားနေတဲ့ ကျိုက်ထီးရိုးက အလှူခံတွေ စသည်ဖြင့် အမြဲတွေ့ကြုံနေရတဲ့ ကျွန်မတို့တွေ အဲ့လိုမှ မတွေးလဲ တကယ့်အစစ် လိုအပ်နေတဲ့ သာသနာ့ဝန်ထမ်းတွေ၊ လိုအပ်နေတဲ့ ဒုက္ခသည်ပြည်သူတွေ မရလိုက်မှာစိုးရိမ်စရာပါ။ လူလိမ်မှာ ချိုမှ မပါပဲ။ ဒါပေမဲ့ အနည်းဆုံး အဲ့ဒါတွေကမှ ကိုယ်နိုင်ငံသားတွေ၊ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေး မပြေလည်လို့ဖြစ်စေ၊ အလုပ်အကိုင်မရှိလို့ဖြစ်စေ၊ တစ်ခုမဟုတ်တစ်ခုခုကြောင့် နေ့စဉ်ရှင်သန်ရေးအတွက် အလွယ်ရလို့ ဒီလိုလုပ်နေကြတာ။ တောင်းစားလို့ရတဲ့ ပိုက်ဆံနဲ့ ဘယ်သူမှ နိုင်ငံခြား အပန်းဖြေခရီးထွက်နေနိုင်ကြတာမဟုတ်ဘူး။ ဒီလိုပြောလို့လဲ တောင်းစားနေတဲ့သူတွေကို အားပေးအားမြှောက်လုပ်နေတာမဟုတ်ရပါဘူး။ ခုဒီတိုးရစ်နဲ့ နောက်ခံဘက်ဂရောင်းမတူတာကိုပဲ ပြောပြတာပါ။
အဲဒိပိုစ့်အောက်က ဆွေးနွေးမှုတွေကို ဖတ်ပြီး ကျွန်မတွေးမိတာတစ်ခုရှိတယ်။ ဒီအမျိုးသမီး လုပ်တာ မှန်တယ်မှားတယ်။ လိမ်စားတယ် မလိမ်စားဘူး။ ကိုယ့်ပိုက်ဆံမို့ လှူချင်တဲ့လူ လှူမယ်၊ မလှူချင်တဲ့သူမလှူဘူး စတာတွေကို ကျွန်မ မဝေဖန်လိုဘူး။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ အဲ့ဒိနိုင်ငံရဲ့ ပြည်ဝင်ခွင့်လိုအပ်ချက်၊ အင်မီဂရေးရှင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေ စသည်ဖြင့် အသေအချာ နက်နက်နဲနဲစဉ်းစားကြည့်လိုက်ပါ။ ကျွန်မတို့ တခြားနိုင်ငံတစ်နိုင်ငံကို အလည်အပတ်သွားချင်ရင် မစိမ်းပေမဲ့ စိတ်အပျက်ဆုံးလုပ်ရတာ ပြည်ဝင်ခွင့်လျှောက်ထားရခြင်းပါ။ အဲ့ဒိအခါမှာ များသောအားဖြင့် သူတို့နိုင်ငံကို အလည်သာလာပြီး ပြန်ထွက်မှာသေချာတယ်၊ သူတို့နိုင်ငံကိုလာပြီး ခရီးသွားလုပ်ငန်းမှာ ပိုက်ဆံသုံးနိုင်မှာသေချာတယ်၊ ကိုယ်နေထိုင်တဲ့ နိုင်ငံမှာ အခြေအမြစ်ခိုင်မြဲတယ် စသည်ဖြင့် သက်သေတွေ တစီတတန်းကြီး ပြခိုင်းပြီးတော့မှ သူတို့ စီစစ်ပြီး ပေးတယ်။ အဲ့ဒါကို စိတ်ပျက်တယ်ဆိုပေမဲ့ သူတို့နိုင်ငံအတွက် အကျိုးပြုမဲ့သူကိုပဲ သူတို့ပေးဝင်တယ်ဆိုတာ သူတို့ လုပ်သင့်တဲ့အရာမို့ ကိုယ့်ဘက်က ညဉ်းတွားရုံကလွဲလို့ ဘာမှ စောတကတက် ပိုင်ခွင့်မရှိဘူးလေ။ နိုင်ငံတစ်နိုင်ငံမှာ အဓိကကျတာ ကိုယ့်နိုင်ငံသားပါ။ ကိုယ့်နိုင်ငံသားကို တနည်းမဟုတ်တနည်းနဲ့ အကျိုးပြုမဲ့သူကိုသာ ဝင်ခွင့်ပေးမယ်ဆိုတာ အခြေခံကျတဲ့အချက်ပါ။ အရိုးရှင်းဆုံးပဲ စဉ်းစားကြည့် ကိုယ့်အိမ်ထဲ ဝင်ချင်တယ်လို့ ပြောတဲ့ လူတိုင်းကို ကိုယ်တံခါးဖွင့်ပေးပြီး အဝင်ခံသလား? ကိုယ့်အိမ်ကိုလာတဲ့သူက အကြောင်းတစ်ခုခုတော့ ကိုယ်နဲ့ ပတ်သတ်ရင် ပတ်သတ်၊ မပတ်သတ်ရင်တောင် ကိုယ့်ကို အကျိုးပြုမဲ့သူပဲ ဝင်ခွင့်ပေးမှာပဲလေ။ ကိုယ့်အိမ်ထဲအလည်လာဖို့ ဝင်လာပြီး နောက်ဖေးက ထမင်းအိုး ခပ်တည်တည်ဖွင့်စားတဲ့ ဧည့်သည်မျိုးကို လက်ခံချင်လား။
ဒါပေမဲ့ ခုကိစ္စဖြစ်တော့ ကျွန်မတို့နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်ဝင်ခွင့်အတွက်လျှောက်ထားပိုင်ခွင့် လိုအပ်ချက် စည်းမျဉ်းတွေရဲ့ ထိရောက်မှုကို သံသယဝင်မိတယ်။ ဗီဇာလျှောက်ထားခိုင်းတယ်ဆိုတာရဲ့ ရည်ရွယ်ချက်ကို အသေအချာပြန်စဉ်းစားရင် ဒီလူတစ်ယောက်ဟာ နိုင်ငံကို ဘာရည်ရွယ်ချက်နဲ့လာတာလဲ၊ အလည်လာတာဆိုရင် အလည်လာဖို့အတွက် သူတတ်နိုင်လားဆိုတာကို စစ်ရမယ်မဟုတ်ဘူးလား။ မဟုတ်ရင် အလည်လာတယ်ဆိုပြီး နိုင်ငံတွင်းမှာ ခိုးနေနေမယ်ဆိုရင် ခု မြန်မာပြည် ရခိုင်နယ်စပ်မှာ ကျူးကျော်သူတွေနဲ့ ဖြစ်နေတဲ့ ပြဿနာမျိုး ဖြစ်မလာနိုင်ဘူးလား။ တခြားနိုင်ငံက ရာဇဝတ်မှုသမိုင်းကြောင်း record ရှိတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်က ကိုယ့်နိုင်ငံထဲဝင်လာပြီး လိုကယ်တွေကို လိုက်သတ်မှာမျိုး မဖြစ်နိုင်ဘူးလား။ ဗီဇာစီစစ်ရေးဆိုတာ ဖောင်ဖြည့်ခိုင်း၊ သူတို့အစိုးရရဲ့ နိုင်ငံရေး blacklist ဟုတ်မဟုတ်လောက်စစ်၊ ဗီဇာကြေးယူရုံ အလုပ်လုပ်နေကြတာလား?
အဲ့လိုအတွေးတွေ တန်းစီဝင်လာတော့ မမေးစဖူး အဲ့ဒိ ပိုစ့်အောက်မှာ မေးမိတယ်။ မြန်မာပြည်ရဲ့ ဗီဇာလိုအပ်ချက်တွေကဘာလဲ? လို့… ဒီလူတစ်ယောက်က အလည်လာတယ်လို့ပြောတာနဲ့ ကျန်တဲ့ လေယာဉ်အထွက်လက်မှတ်၊ ဟော်တယ်ဘွတ်ကင်း စတဲ့ အခြေခံအချက်တွေကိုတောင်မှ မစစ်ဆေးဘူးလားလို့ဆိုတော့ နိုင်ငံခြားသားတော်တော်များများက ကိုယ့်ကို ပြန်ဖြေကြတယ်။
“ငါလျှောက်တုန်းကတော့ အပြန်လက်မှတ်ကို မစစ်ဘူး။ ဗီဇာက ၂ပတ်ပေးပေမဲ့ နေချင်သလောက်နေလို့တောင်ရမယ်။ ဘယ်သူမှ မစစ်ဘူး။ မြန်မာတွေ ရက်ရောတာ ကူညီတတ်တာ ငါလက်ခံတယ်။ ငါ့ဖုန်း ကားပေါ်မှာ ကျန်ခံလို့ ပြန်မရတော့ဘူးမှတ်တာ ပြန်ရတယ်။ အဲ့လိုမျိုးက နေရာတိုင်းမှာ မရှိဘူး”
နောက်တစ်ယောက်ကပြောတော့ “ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာတော့ လိုအပ်ချက်ထဲမှာပါတယ်။ သူလိမ်ပြခဲ့တယ်ထင်တယ်။ ဒါပေမဲ့ တချို့လေယာဉ်လိုင်းတွေကတော့ ဆက်သွားမဲ့ လေယာဉ်လက်မှတ်ကို ပြခိုင်းတယ်။ မဟုတ်လို့ ပြည်ဝင်ခွင့်မပေးရင် သူတို့က ပြန်သယ်လာရမှာစိုးလို့” တဲ့။
အဲ့ဒိ ပိုစ့်အောက်က တခြားနိုင်ငံက တိုးရစ်တစ်ချို့ရဲ့ကွန်မန့်တွေမှာ ခုလို ပိုက်ဆံလိုက်တောင်းစားမဲ့အစား အဲ့ဒိ နိုင်ငံကို အကျိုးပြုမဲ့ အလုပ်တစ်ခုခုလုပ်ပေးပေါ့။ သူက သူ့စိတ်တွေကို သန့်စင်ချင်တယ်ဆိုရင် ပိုက်ဆံလိုက်တောင်းတာထက် စာလိုက်သင်ပေးတာတို့၊ ပရဟိတတို့ လိုက်လုပ်ပါလားလို့လဲ အမျိုးမျိုး ပြောထားကြတယ်။
ကိုယ်နဲ့ ခင်မင်တဲ့ အမေရိကန်နိုင်ငံသား မြန်မာအိမ်သူနဲ့ အကြောင်းပါနေတဲ့ Tom ကတော့…
“ငါ ၁၅နှစ်လုံးလုံး ပြည်ဝင်ခွင့်နဲ့ နေထိုင်ခွင့် ပုံစံ ၄မျိုးလောက် လျှောက်ခဲ့ဖူးတဲ့အထဲမှာ ဘယ်ရုံးကမှ ငါဘယ်က ဝင်ငွေနဲ့ မြန်မာနိုင်ငံမှာ နေနေတာလဲလို့ မေးခဲ့တာ (သက်သေပြခိုင်းတာ) မရှိဘူး။
ခု ဒီဗြိတိန်အမျိုးသမီးနဲ့ ပတ်သတ်လို့ပြောရရင်တော့… မြန်မာပြည်မှာ စားဝတ်နေရေးနဲ့ မိသားစုရပ်တည်ဖို့ကိုတောင် အကူအညီလိုအပ်နေတဲ့သူတွေအများကြီးပဲ။ ဘယ်သူ့မှ သူ့လို တရားထိုင်ဖို့ လိုက်ရှာနိုင်တဲ့ အခြေအနေမရှိဘူး။ မြန်မာပြည်မှာ နိုင်ငံခြားသားတစ်ယောက်လာပြီး လမ်းပေါ်မှာ တောင်းစားနေတယ်ဆိုတဲ့ အဖြစ်ကိုက လုံးဝ လက်ခံနိုင်စရာမရှိဘူး။ သူက ပတ်ဝန်းကျင်ကလူတွေကို အလိုက်ကမ်းဆိုးမသိ၊ စိတ်ဓာတ်အောက်တန်းကျတဲ့သူဖြစ်ရင်ဖြစ် မဟုတ်ရင်တော့ စိတ်ရောဂါရှိတဲ့သူပဲ ဖြစ်ရမယ်။ တနည်းအားဖြင့်လဲ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုတွေ လိုအပ်နေတဲ့ သူ့ကို ဗြိတိန်သံရုံးက ကူညီပေးသင့်ခဲ့တယ်။ တဖက်ကပြောမယ်ဆိုရင်လဲ သူ့လို အလည်လာသူမျိုးက ဒီနိုင်ငံအတွက် မလိုအပ်သလို မလိုလားတဲ့ ဧည့်သည်ဖြစ်တဲ့အတွက် နိုင်ငံထဲက ထွက်သွားခိုင်းသင့်တယ်။
ကွန်မန့်ထဲက တချို့တွေပြောသလို နိုင်ငံခြားသားတွေက လိုကယ်တွေရဲ့ လိုအပ်ချက်ကို ကူညီရမယ်ဆိုတာကို တာဝန်ကြီးတစ်ရပ်လိုပြောနေကြတာကိုလဲ လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ ဒါက တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံယူချက်နဲ့ပဲ ဆိုင်တယ်။ တခြားတစ်ဖက်ကပြောမယ်ဆိုရင်လဲ လိုကယ်တွေဆီကနေ ပိုက်ဆံလိုက်တောင်းပြီး အလှူငွေလက်ခံနေတာကလဲ လုံးဝလက်ခံနိုင်စရာမရှိဘူး။”
(အဲဒိပိုစ့်အောက်က ကွန်မန့်တွေကို ဒီလင်ခ့်ကိုနှိပ်ပြီး coconuts yangon ရဲ့ ပိုစ့်အောက်မှာ ဖတ်နိုင်တယ်။)
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြောချင်တာကတော့ မြန်မာလူမျိုးတွေ ပေးကမ်းရက်ရောတယ်ဆိုတာကို ဂုဏ်ယူချင် ယူလို့ရပါတယ်။ ဒါပေမဲ့ အလှူခံရှိတယ်၊ လှူတဲ့သူက သူ့ဟာသူ ကြေနပ်လို့ လှူတယ် ဒီလောက်ပဲ မကြည့်စေချင်ဘူး။ ဒီလိုကိစ္စမျိုးမှာကျတော့ အပေါ်ယံလေးပဲ မကြည့်ပဲ ဖြစ်သင့်တဲ့အရာ ကျိုးကြောင်းဆက်စပ်စဉ်းစားသင့်တယ်။ စည်းကမ်းနဲ့ ဆိုင်တယ်။ ၁ယောက်က အဲ့လိုလုပ်လို့ရတယ်ဆိုရင် နောက်လူတွေကလဲ ထပ်လုပ်လာလိမ့်မယ်။ အဲ့ဒိအောက်က ကွန်မန့်တွေမှာတောင် တချို့တိုးရစ်တွေက ခပ်ရွဲ့ရွဲ့နဲ့ “နောက်ဆိုငါတို့လဲ ဒီလိုလုပ်ဖို့ သူ့ဆီက သင်ထားမှ” တို့ဘာတို့ ကွန်မန့်တွေကို တွေ့နိုင်တယ်။ ဒဿနက ခရီးတစ်ခုရဲ့ အခြေခံလိုအပ်ချက်ပေးရလောက်အောင်တောင် ပိုက်ဆံမရှိရင် ခရီးမသွားနဲ့။ ဒီဘက် နိုင်ငံ လက်ခံတဲ့ဘက်အစိုးရကလဲ ခရီးသွားလုပ်ငန်းကနေ တိုင်းပြည်စီးပွားတက်အောင်၊ အလုပ်အကိုင်အခွင့်အလမ်းတွေများလာအောင်၊ ကိုယ့်ယဉ်ကျေးမှုကို နိုင်ငံတကာက တဆင့်စကား တဆင့်ကြားပြီး သိလာအောင် သေသေချာချာ make sure ပြီးမှ လက်ခံသင့်တယ်။ ပြောရမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ တံခါးပေါက်ဖြစ်တဲ့ ပြည်ဝင်ခွင့်စစ်ဆေးရေးသမားတွေ အလုပ်သေချာမလုပ်လို့ဖြစ်စေ၊ ကိုယ့်တိုင်းပြည်ရဲ့ စည်းမျဉ်းစည်းကမ်းတွေထဲက မယောင်ရာ ဆီလူး (တချို့ လွယ်နေတာကို ကျတော့ ခက်အောင်လုပ်တတ်တဲ့) စည်းကမ်းလေးတွေကို ပြင်ဆင်ပြီး တကယ့် အရေးပါတဲ့ အဓိပ္ပါယ်ရှိတဲ့ စည်းကမ်းတွေကို တင်းကြပ်သင့်တယ်လို့ ထင်တယ်။
ဆိုလိုတာက ဒီအမျိုးသမီး ပိုက်ဆံလိုက်တောင်းနေတာ ဘယ်သူ့ကိုမှလဲ မထိခိုက်ပါဘူးဆိုတာ အကျယ်တဝံ့ကြည့်မယ်ဆိုရင် မှားတယ်။ သူလုပ်နေတာ Principle အရ မှားတယ်။ ဒါမျိုးကို ခွင့်ပြုလိုက်လို့ နောက်ပိုင်း များလာရင် ဘယ်လို ထိမ်းချုပ်မလဲ။ သူပိုက်ဆံလိုက်တောင်းတာ ကိုယ့်ကို မထိခိုက်ဘူးမထင်နဲ့ ဒဿနအရတော့ တစ်တိုင်းတစ်ပြည်လုံးရဲ့ စီးပွားရေးကို ထိခိုက်တယ်လို့ မြင်တယ်။ အဲလိုမျိုး ကိုယ့်နိုင်ငံကို စီးပွားတက်အောင်မလုပ်တဲ့အပြင် ကိုယ့်နိုင်ငံထဲက တခြား မရှိဆင်းရဲ အလှူခံတစ်ယောက်ရမဲ့ ဝေစုကို လိုက်လုနေတဲ့ တိုးရစ်မျိုးတွေကို ဝင်မလာနိုင်အောင် သေချာစီစစ်ပြီး အဓိပ္ပါယ်ရှိတဲ့ ပြည်ဝင်ခွင့်လိုအပ်ချက်တွေ ရှိသင့်တယ်လို့ ပြောချင်ပါတယ်။
သင်တို့ရဲ့ သဘောထားလေးတွေ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကွန်မန့်မှာ ဆွေးနွေးသွားလို့ရပါတယ်။
Spiritual Growth အတွက် တရားဘာဝနာထိုင်ချင်တဲ့ ဆိုပြီး အလှူလိုက်ခံနေတဲ့ ဗြိတိန်အမျိုးသမီး Adele Hannah Groom, 31 |

မြန်မာပြည်က တာဝန်ရှိသူရဲက သူ့ကို ခုလို စစ်ဆေးပြီး သူ့သံရုံးကို ပို့ပေးလိုက်တဲ့အတွက် ချီးကျူးပါတယ်။ ဒါပေမဲ့ ဒါနဲ့တင် မလုံလောက်သေးပါဘူး။ သက်ဆိုင်တဲ့ ဋ္ဌာနဆိုင်ရာတွေကို အကြောင်းကြားပြီး Follow up လုပ်ရပါမယ်။ သူ့မှာ ပိုက်ဆံမရှိဘူးဆိုရင် ချက်ချင်း ပြန်လွှတ်ပါ။ နိုင်ငံထဲက လူတွေဆီက လိုက်တောင်းနေတာ နည်းမကျပါဘူး။

Labels:
Knowledge
,
ခရီးသွားမှတ်တမ်း
,
မုန်တိုင်း
,
ဝေဖန်ရေး
Friday, February 05, 2016
ပြည်တော်ပြန် လှည့်စားမယ် (၂)
၅။ ဓနုဖြူ ဒေါ်စောရီ မြန်မာထမင်းဆိုင်
Date Visited: 4th Nov 2015
Taste: 4/5
Service: 4/5
Shop ambient: 3/5
Price: 3/5
Cleanliness: 4/5
မြန်မာထမင်းဆိုင်စားချင်တယ်ဆိုရင်တော့ နီးနီးနားနားလဲဖြစ်တဲ့ ၂၉လမ်း အလယ်လမ်းက ဓနုဖြူဒေါ်စောရီဆိုင် သွားစားဖြစ်တာပဲ။ တခြားနေရာမှာ ဆိုင်ခွဲတွေလဲ အများကြီးရှိတယ်။ ချဉ်ရည်ဟင်းနဲ့ ငပိရည်တို့စရာက Complementary ပေးတယ်။ ချဉ်ပေါင်ကြော်ကတော့ ဝယ်စားရတာ။ (အရင်ခေတ်ကဆိုရင် မြန်မာထမင်းဆိုင်တွေမှာ ချဉ်ပေါင်ကြော်ကို အလကားပေးတယ်။ ခုကျတော့ သိပ်မမိုက်တော့ဘူး)။ အဲ့ဆိုင်ရဲ့ တစ်ဆိုင်ကျော်နားမှာလဲ မြန်မာထမင်းဆိုင် အသစ်တစ်ခုတွေ့တယ်။ ကောင်းမဲ့ပုံပဲ မစားဖြစ်ခဲ့ဘူး။ မြန်မာထမင်းဟင်းဆိုတာကလဲ ဆီပြန်တွေ၊ အကြော်တွေဆိုတော့ ဆီစားများတဲ့ အစားအစာတွေချည်းပဲလေ။ ဒါဒါတွေချည်း ထပ်ပြီး နေ့တိုင်းမစားနိုင်ဘူး။ တစ်ခြားစားချင်တာလေးတွေလဲ မျှစားဖို့ အချိန်ချန်ရတယ်မဟုတ်လား။
မြန်မာထမင်းဆိုင်ဆိုရင် အမြဲစားဖြစ်တာ အမဲနှပ်။ ဝက်သားဟင်းကစားရင် အဆီက ခပ်များများ။ ဝက်ဆီဟင်းဖြစ်နေတော့ မစားချင်ဘူး။ အမဲနှပ်က ဟင်းအနှစ်လဲရှိတယ်။ ပါသမျှ အသားက အကုန်စားလို့ရတယ်လေ။ အမဲသားမစားတဲ့သူတွေအတွက်လဲ တစ်ခြားဟင်းတွေ တော်တော်လေးစုံပါတယ်။ သူက လာစားတဲ့သူများတော့ ဟင်းစုံချက်ထားတတ်တယ်။ နောက်ပြီး အသုတ်မျိုးစုံလဲမှာလို့ရတယ်။ ဖေဖေက ဝက်ခေါင်းသုတ်မှာစားဖြစ်တယ်။ ထမင်းက အဝစား။ ပုံမှန် ဟင်းတစ်ပွဲ ၃၀၀၀ ကျပ်။ ပုဇွန်ထုတ်တို့ဘာတို့ဆိုရင်တော့ ဈေးပိုကြီးမယ်ထင်တယ်။
၆။ Eugenia စားသောက်ဆိုင်
Date Visited: 8th Nov 2015
Taste: 4/5
Service: 2/5
Shop ambient: 3/5
Price: 3/5
Cleanliness: 4/5
အလုံ၊ ဗဟိုလမ်းပေါ်က Eugenia စားသောက်ဆိုင်ကို ဖွင့်တာလဲ ကြာပြီဆိုတော့ တော်တော်များများသိကြမှာပါ။ ဆိုင်က သန့်ပြန့်ပြီး အဲ့ကွန်းနဲ့ တရုတ်အစားအစာအစုံရပါတယ်။ ဒါပေမဲ့ မဗေဒါအတွက်တော့ အဲ့ဆိုင်ကိုသွားဖြစ်ရင် ကြေးအိုးပဲ စားဖြစ်တာများပါတယ်။ Eugenia မဟုတ်ရင်တော့ ရွှေတောင်တန်းလမ်းက အောင်မြင့်မိုရ်ဆိုင်မှာ စားဖြစ်တာများတယ်။ ရွှေတောင်တန်းကဆိုင်တွေကတော့ Eugenia လောက်တော့ အပြင်အဆင်မကောင်းဘူးပေါ့။ ဈေးလဲ Eugenia ထက်တော့ နည်းနည်းသက်သာမှာပေါ့။ အချိုမှုန့်သုံးတာလဲ ပိုများမယ်ထင်တယ်။ ဒါပေမဲ့ ရွှေတောင်တန်းလမ်းက ကြေးအိုးက Eugenia ထက် အသားများတယ်။ အရွက်လဲ များတယ်။
Eugenia ကို ဘာလို့ရွေးဖြစ်လဲဆိုရင် သန့်ပြန့်တဲ့ နေရာထိုင်ခင်းရယ်။ အချိုမှုန့် ရွှေတောင်တန်းက ဆိုင်တွေထက် နည်းတယ်လို့ ခံစားရလို့။ အရသာကလဲ မဆိုးဘူးလေ။ ဒါပေမဲ့ အသားနဲ့ အရွက်နည်းတာကိုတော့ သိပ်သဘောမကျလှဘူး။ အထူးသဖြင့် ကိုယ်က အရွက်ကြိုက်တော့ ဆလပ်ရွက်နည်းတာကို သဘောမကျဘူး။
ဝန်ဆောင်မှုကို ဘာလို ၂ပဲ ပေးထားလဲဆိုတော့။ ဆိုင်ထဲဝင်လာရင် ခရီးဦးကြိုပြု စားပွဲစီစဉ်ပေးမဲ့သူမရှိဘူး။ စင်္ကာပူက ဟော့ကာဆန်တာကျနေတာပဲ ဘယ်သူစားလို့ပြီးခါနီးပလဲ အဲ့ဝိုင်းလေးနားသွားရပ်နေရတယ်။ စားပွဲရှာရတာ စစ်မြေပြင် တိုက်စစ်ထိုးနေရသလိုပဲ။ ကိုယ့်လိုပဲ ရှာနေတဲ့သူတွေလဲရှိတာကိုး။ Restaurant ဖြစ်ပြီး အဲ့လို မစီစဉ်ပေးတာ လာစားသူတွေကို မကြိုဆိုရာကျတယ်လို့ ခံစားရတယ်။ အမှန်ဆို အပြင်မှာ ဧည့်ကြိုတစ်ယောက်ထား။ ဆိုင်ထဲမှာပြည့်နေရင် အပြင်မှာ တန်းစီစောင့်ခိုင်း အထဲက စားပြီးတဲ့ ဝိုင်းတွေ ရှင်းပြီးမှ တစ်ဖွဲ့ပြီး တစ်ဖွဲ့ကို လွှတ်။ အဲ့ဒါ နိုင်ငံတိုင်းက စားသောက်ဆိုင်တွေရဲ့ စနစ်ပဲဟာ။ ခုတော့ ကိုယ့်စားပွဲကိုယ်ဦးနေရတော့ စားပွဲဦးတဲ့သူကလဲ ရှေ့အဖွဲ့မထခင် အမြန်ဝင်ရမယ်။ ပြိုင်ဘက်ဦးနေသူကလဲ ရှိတာကိုး။ ဒီတော့ waiter တွေကလဲ Served လုပ်ဖို့ဟာကို စားပွဲစောင့်နေတဲ့သူတွေနဲ့ တိုးဝှေ့နေရတယ်။ ထွက်မဲ့သူကလဲ ပိတ်ထားသလိုဖြစ်တော့ အားလုံး ကျပ်ပိတ်သိပ်ပြီး ဘယ်သူမှ စိတ်မချမ်းသာရဘူး။ Restaurant နော်။ ရိုးရိုးဆိုင်ဆို မပြောသေးဘူး။
နောက်ပြီး မှာဖို့ စားပွဲထိုးကို လည်ပင်းရှည်အောင်စောင့်ရတယ်။ လက်တွေလှမ်းပြ။ မတ်တပ်တွေရပ်ပြ။ မျက်စတွေပြစ်ပြ (အဲလေ… ယောင်ကုန်ပြီ။ မြန်မာပြည်က စားပွဲထိုး သတိထားမိအောင် ကြံရာမရ လုပ်မိတာဖြစ်မယ်)။ သူတို့ မျက်လုံးကြီးတွေက Selective Vision များရှိသလားမသိဘူး။ တစ်ခါတစ်လေ တည့်တည့်ကြီးကြည့်နေလဲ မမြင်ကြဘူးဗျာ။ ကိုယ်များ စားပွဲလုနေတုန်း ဘဝပြောင်းပြီး ဝိဉာဉ်ဖြစ်သွားသလားလို့။
စားပွဲထိုးလာတော့ အောင်မြင်စွာအော်ဒါမှာလိုက်တာပေါ့နော်။ အမေက ဗိုက်ဆာနေတာ။ ဒါပေမဲ့ ကျွန်မတို့ဟာအရင်ရောက်လာတာပေါ့နော်။ ထားပါ ဘယ်သူ့ဟာအရင်ရောက်ရောက်ပါ။ ဒါပေမဲ့ တစ်ပွဲနဲ့တစ်ပွဲ အချိန်အဲလောက် မကွာသင့်ဘူးလေ။ ခုတော့ ကျွန်မတို့တောင် စားလို့ကုန်တော့မယ်။ အမေ့ဟာက မလာ မလာ။ သူများကုန်ခါနီးမှပဲ အကြိမ်ကြိမ်မေးမှ ရောက်လာတယ်။ အဆင်မပြေဘူးရော…။ အတူတူလာတဲ့သူတွေ… အတူတူမစားရတဲ့သဘောကြီး။ ဒါနဲ့ နောက်တစ်ပွဲထပ်စားဖို့ ထပ်မှာလိုက်တယ်။ အမေတောင် စားပြီးသွားတယ်။ နောက်တစ်ပွဲက MIA (Missing in Action) ဖြစ်နေတယ်။ စောင့်တယ်… သတိပေးတယ်။ မလာဘူး။ ဒါနဲ့တော်ပြီ မစောင့်တော့ဘူးဆိုပြီး ပိုက်ဆံရှင်းမယ်ခေါ်တော့လဲ ဝိဉာဉ်ဘဝပြန်ရောက်ပြန်ရော။ ဒါနဲ့ ကိုယ့်ဘာသာကိုယ်ပဲ ကောင်တာမှာထရှင်းရတယ်။ မရောက်လာတဲ့ ပွဲအတွက် ထည့်ယူထားမှာစိုးလို့ ကြည့်ရသေးတယ်။ ဘေလ်ဆိုတာ စစ်တာအကောင်းဆုံးပဲ။ မယူတော့ မယူထားဘူး။ အဲ့ဒါတွေကြောင့် Service ကို 2 ပဲပေးထားတာ။ စားပွဲထိုးတွေကို အပြစ်မပြောဘူးနော်။ အဲ့ဒါ ဆိုင်ရဲ့ ကြီးကျပ်မှု အစီအစဉ်ညံ့ဖျင်းလို့။ Management ညံ့လို့။ ဆိုင်ရှင်တစ်ခုခုလုပ်သင့်တယ်။
၇။ ရှမ်းရိုးရာ စားသောက်ဆိုင်
Date Visited: 12th Nov 2015
Taste: 4/5
Service: 5/5
Shop ambient: 5/5
Price: 4/5
Cleanliness: 4/5
မပြန်ခင်တစ်ရက် စားချင်တာတွေကများပြီး အချိန်ကမရှိတော့ ။ အလုပ်က ဂျပန်မက သူမြန်မာပြည်လာလည်တုန်းက သူ့ သြစတြေးလျ အဖြူရည်းစားနဲ့ ရှမ်းရိုးရာမှာ စားခဲ့တာ အရမ်းကောင်းလို့ ကိုယ့်ကို ပြန်ပြီး ညွှန်းထားတော့ ကိုယ်လဲ သွားစားကြည့်မယ်ပေါ့။ ကိုယ်ကတော့ ရှမ်းခေါက်ဆွဲဆို အိမ်က အဖေချက်တာကလွဲလို့ ကျန်တဲ့ ရှမ်းခေါက်ဆွဲတွေ သိပ်ကြိုက်တာမဟုတ်ဘူး။ ဒါပေမဲ့ တခြားရှမ်း စားစရာတွေတော့ အစုံရှိတယ်ကြားမိတယ်လေ။ သူက ဝါးတန်းလမ်းမှာရှိတာ။ ဗဟိုစည်အိမ်ရာနဲ့ မျက်နှာချင်းဆိုင်နားလောက်။ အနော်ရထားလမ်းဘက်ကလာရင် တစ်ဘလောက်ထပ်တက်၊ ဗိုလ်ချုပ်လမ်းကို ထပ်ကားလမ်းကူး။ အဲ့ဒိဘလောက်မှာရှိတာ။ အနော်ရထားလမ်းဘက်ကနေလာရင် Feel စားသောက်ဆိုင်တွေဘာတွေ ကျော်သွားရတယ်။ အဲ့နားရောက်ရင်တော့ ရှမ်းရိုးရာဆိုင်းဘုတ်ကြီးက အကြီးကြီးပါ။ သူက ခြံနဲ့ဝန်းနဲ့။ ရှေ့ခေတ်သစ်သားအိမ်ပုံစံမျိုးကြီး။
ဆိုင်က ဝန်ထမ်းတွေက ရှမ်းရိုးရာဝတ်စုံတွေနဲ့ အားလုံးလှပ သန့်ပြန့်။ အဝင်ဝရောက်တာနဲ့ ရှမ်းဝတ်စုံနဲ့ကောင်မလေးတွေက ခရီးဦးကြိုပြု၊ ကိုယ်ထိုင်မဲ့စားပွဲကို တလေးတစားလိုက်ပြ။ အဲ့လောက်ကြီး တစ်ခန်းတစ်နားလို့ (ကိုယ်က ရိုးရိုးစားသောက်ဆိုင် ရွှေဘဲတို့လို ပုံစံမျိုးလို့ ထင်ထားခဲ့လို့ တစ်ခန်းတနားလို့ သုံးနှုန်းမိတာပါ။) ဆိုင်ရဲ့ အောက်ထပ်ကို ဖြတ်လျှောက်တုန်း မျက်လုံးဝှေ့ကြည့်လိုက်တော့ နိုင်ငံခြားသားလိုလိုတွေ၊ Business dinner လိုလို အုပ်စုမျိုးတွေ တွေ့တယ်။ မိသားစုတွေလဲ ပါချင်ပါမှာပေါ့။ ကျွန်မတို့က အပေါ်ထပ် လှေကားထိပ်က ၂ယောက်ခုံမှာ သီးသန့်နေရာလေးရတယ်။ ဆိုင်က ဝန်ဆောင်မှုရယ်၊ ဝန်ထမ်းတွေဝတ်စုံ၊ ဆိုင်အခင်းအကျင်းကြည့်ပြီး ရင်တော့ခုန်တာပေါ့။ ဘယ်လောက်တွေ ကျတော့မလဲပေါ့။ လာမိတာ မှားပြီလားပေါ့။ ဂျပန်မ ဆေးထိုးလိုက်တာများလားပေါ့။
အင်း… မန်နျူးကြည့်တော့ ၅၀၀၀ ကျပ်အောက် စားစရာကတော့ ခပ်ရှားရှားပေါ့။ ရှမ်းခေါက်ဆွဲကတော့ ၃၀၀၀ ကျပ်ထင်တယ် (မသေချာဘူး)။ ကိုယ်က အဲ့ဒိညအတွက် စားချင်တဲ့ စာရင်းက တခြားဟာတွေရှိသေးတော့ သိပ်အများကြီး စားလို့မဖြစ်ပြန်ဘူးလေ။ မြည်းကလဲ မြည်းကြည့်ချင်တော့ သူက ရှမ်းခေါက်ဆွဲဆန်စီး၊ ကျွန်မက ငါးထမင်းနယ်၊ တို့ဟူးကြော်တစ်ပွဲမှာလိုက်တယ်။ မန်နျူးကလဲ တကယ်ကို အထင်ကြီးစရာပါ။ ရှမ်းစာပေါင်းစုံ ကိုယ်မကြားဖူးတာတွေ အများကြီးရှိတယ်။ ရှမ်းစာကို ဝေးဝေးသွားစရာမလိုပဲ အစုံစားလို့ရတဲ့ နေရာမို့ အဲ့ဒိအတွက် အမှတ်ပေးတယ်။
စားပွဲထိုးတွေ ဝတ်စုံနဲ့ ဝန်ဆောင်မှု၊ နောက်ဖေးမီးဖိုချောင် သန့်ရှင်းမှု (ကျွန်မထိုင်တဲ့ခုံ ပြတင်းပေါက်ကနေ သူတို့ နောက်ဖေးမီးဖိုချောင်အဆောင်ကို လှမ်းမြင်နေရတယ်၊) စားဖိုမှုးတွေကလဲ သပ်သပ်ရပ်ရပ်ဝတ်စုံတွေနဲ့ပဲ။ အဲ့ဒိအတွက် သူတို့ဆိုင် ဝန်ဆောင်မှုကို အမှတ်ပြည့်ပေးထားတယ်။ ဆိုင်ရဲ့အခင်းအကျင်း၊ အပြင်အဆင်၊ ရိုးရာပုံစံလဲ သိပ်မပျောက်ပဲ ခေတ်မီတဲ့ ပုံစံလဲပေါက်အောင် ပြင်ဆင်ထားတဲ့အတွက် စိတ်လက် ကြည်သာစေလို့ ဆိုင်ရဲ့ ခံစားချက်ကိုလဲ အမှတ်ပြည့်ပေးထားတယ်။
ကျွန်မစားတဲ့ ငါးထမင်းနယ်ကတော့ ဘာမှ ထွေထွေထူးထူးအရသာမရှိဘူး။ အင်းလေးဖောင်တော်ဦးက လမ်းဘေးငါးထမင်းနယ်ကတောင် အရသာရှိသေးတယ်။ ဒါပေမဲ့ တို့ဟူးကြော်နဲ့ ရှမ်းဆန်စီးသုတ်ကတော့ အတော်လေးကောင်းတယ်။ ရှမ်းခေါက်ဆွဲကို အိမ်မှာချက်တာကလွဲလို့ တခြားမကြိုက်တဲ့ ကျွန်မတောင် မြည်းကြည့်တော့ ကြိုက်သွားတယ်။
ဈေးနှုန်းအရဆိုရင်တော့ ဒီဆိုင်က ကျွန်မအတွက် နေ့တိုင်းအပျင်းပြေလာစားရမဲ့ ဆိုင်မျိုးမဟုတ်ပေမဲ့။ ရန်ဖန်ရံခါ၊ မွေးနေ့တို့၊ ဘာတို့ဆိုရင်တော့ ပိုက်ဆံပိုပေးပြီး ခုလို ဝန်ဆောင်မှုကောင်းကောင်းအစားအသောက်ကောင်းကောင်းမှာ လာစားရတာမဆိုးဘူး။ ပြီးတော့ နိုင်ငံခြားသားသူငယ်ချင်းတွေဘာတွေနဲ့ လာစားရမယ်၊ မြန်မာပြည်သွားလည်မလို့ ဘယ်ဆိုင်ကောင်းလဲလို့မေးရင်တော့ ဒီဆိုင်ကို ညွှန်းဖြစ်မှာ သေချာတယ်။ သူက မြန်မာပြည်ကသာမာန်လူတွေဝင်ငွေနဲ့ ယှဉ်တော့သာ ဈေးကြီးသလိုဖြစ်နေတာလေ။ တိုးရစ်အတွက်ကတော့ သူတို့နိုင်ငံအနေနဲ့ ဈေးအတူတူလောက်ပဲရှိပါတယ်။ သုံးပျော်ပါတယ်။ အထူးသဖြင့် မန်နျူးစုံလင်တဲ့အတွက် တစ်နေရာတည်းမှာ ရှမ်းစားစရာမျိုးစုံ စားလို့ရတာကို သဘောကျတယ်။
ကဲ… ရန်ကုန်မှာ ရှမ်းစာကောင်းကောင်းစားချင်ရင် ရှမ်းရိုးရာစားသောက်ဆိုင်ကို သွားနော်။ အဲ့ဒိကနေ နောက်တစ်နေရာ ဆက်ကြရအောင်…
၈။ စမိုင်လီ ဝက်သားတုတ်ထိုး (Junction Mawtin branch)
Date Visited: 12th Nov 2015
Taste : 3/5 (လမ်းဘေးဈေးသည်တွေကတော့ သူတို့ထက် အရသာပိုရှိတယ်။ ဒါပေမဲ့ သူတို့အရသာကလဲ မဆိုးပါဘူး)
Cleanliness: 4/5
Service: 4/5
Price: 200 kyat per stick
ရှမ်းရိုးရာမှာ စားပြီးတော့ ကျွန်မရဲ့ မစားရသေးတဲ့ စာရင်းထဲက ဝက်သားတုတ်ထိုးကိုရှာပါတယ်။ ဒါပေမဲ့ သန့်တဲ့ဆိုင်ပဲစားချင်တယ်။ ဟိုးအရင်တစ်ခေါက်က မနက်ပိုင်း စကော့ဈေးက ဇီးယိုရယ်၊ ညပိုင်း ဒိန်ချဉ်ရယ်၊ ဝက်သားတုတ်ထိုးရယ် တစ်ရက်တည်းမှာ စားလိုက်တာ ည ၁၂နာရီ အထက်လန်အောက်လျောဖြစ်ပြီး အေးဆေးခန်းရောက်သွားတယ်။ နောက်နေ့ဘာမှ မစားရတော့ဘူး။ အဲ့ကတည်းက အတတ်နိုင်ဆုံး သန့်မယ်ထင်တာကို ဆင်ခြင်စားတယ်။
ခုလည်း ဝက်သားဒုတ်ထိုး သန့်သန့်စားချင်တယ်ဖေ့ဘွတ်မှာ အော်မိတော့ သူငယ်ချင်းတစ်ယောက်က Smiley ကို ညွှန်တာနဲ့ သွားစမ်းစားကြည့်တယ်။ ဆိုင်လေးက Junction Mawtin အပေါ်ဆုံးထပ်မှာရှိတယ်။ သန့်သန့်ပြန့်ပြန့်လေးပဲ။ သူက ကြာဇံကြော်နဲ့ ဝက်သားဒုတ်ထိုးတို့ ဘာတို့ အဲ့လို တွဲစားလို့ရတဲ့ အစားအစာတွေလဲရောင်းပုံရတယ်။ ကျွန်မတို့ကတော့တစ်ညနေတည်းနဲ့ နောက်စားချင်တာတွေကျန်သေးတော့ ကိုယ်အဓိကစားချင်တဲ့ ဝက်သားဒုတ်ထိုးပဲ မှာဖြစ်တယ်။ လမ်းဘေးဆိုင်လို အများကြီး လှီးမထားပေမဲ့ ကိုယ်စားချင်တာရှိရင် ထပ်လှီးခိုင်းလို့ရတယ်။ အချဉ်ခွက်ကလဲ တစ်ယောက်တစ်ခွက် သီးသန့်လေးဆိုတော့ လမ်းဘေးဆိုင်လို အားလုံးပေါင်းပြီး နှစ်တာမျိုးမဟုတ်ဘူးလေ။ ဟို ဝက်သားဒုတ်ထိုးအလယ်က ဝက်ပြုတ်ရည်လိုလို ဝက်ဆီလိုလို အရည်ကတော့ ကိုယ့်ရှေ့မှာ စတီးမြောင်းလေးလို မျိုးထားပေးထားတယ်။ ကြိုက်ရင်တို့လို့ရတယ်။ အဲ့ဒါကတော့ ထိုင်နေတဲ့ တစ်တန်းက လူတွေ တူတူတို့စားရတာမျိုးပေါ့။
အရသာက လမ်းဘေးဆိုင်တွေလောက် မကောင်းပေမဲ့ ဝက်သားဒုတ်ထိုး ရှိသင့်တဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံပါတယ်။ အနံ့အရသာ သူဟာနဲ့ သူတော့ ကောင်းပါတယ်။ ဆိုင်က ဝန်ထမ်းလေးတွေကလဲ ဆက်ဆံရေးကောင်းပါတယ်။ ဆိုင်ခွဲတွေလဲ တခြားနေရာတွေမှာ ရှိတယ်လို့ပြောပါတယ်။ ဈေးကလဲ တစ်ချောင်း ၂၀၀ ကျပ်ဆိုတော့ အပြင်က လမ်းဘေးဗန်းနဲ့ ဈေးတူတူပါပဲ။ ကြက်သွန်ဖြူ၊ ငရုတ်သီးလဲ ကိုက်စားလို့ရအောင် ပေးပါတယ်။ ဟင်းချိုခွက်လေးတစ်ခွက်တောင် အဆစ် ပေးပါသေးတယ်။ နောက်ဆိုရင်လဲ မဗေဒါ ထပ်သွားစားဖြစ်မဲ့ ဆိုင်လေးပါပဲ။
၉။ ရွှေပုဇွန် (လမ်းမတော်ဆိုင်ခွဲ)
Date Visited: 12th Nov 2015
ရွှေပုဇွန်ကတော့ အားလုံးသိပြီးနေကျမို့ ထွေထွေထူးထူး မပြောတော့ပါဘူး။ ကိုယ့်အနေနဲ့ကတော့ ဖာလူဒါသွားသောက်ရတာကြိုက်ပါတယ်။ ဒါပေမဲ့ ရွှေပုဇွန်က ကူလ်ဖီမလိုင်ကို သဘောမကျပါဘူး။ ရေခဲမုန့်နဲ့ သိပ်မထူးခြားပါဘူး။ ရောက်သွားတော့ ပူတင်စားရကောင်းမလား ဖာလူဒါသောက်ရကောင်းမလား ဝေခွဲမရဖြစ်နေပေမဲ့ ဖာလူဒါထဲမှာ ပူတင်းပါတယ်ဆိုတော့ ဖာလူဒါပဲ သောက်ဖြစ်ပါတယ်။ အဲ့ဒိနေ့ညနေက မိုးကဖွဲဖွဲကျနေတာရော ရှေ့မှာ ရှမ်းရိုးရာနဲ့ စမိုင်လီဝက်သားဒုတ်ထိုးရော စားပြီးတာရောကြောင့် ဗိုက်က သိပ်မဆန့်တော့ပါဘူး။ ဖာလူဒါကလဲ စိတ်ထဲသာ စားချင်နေတာ စားတော့ အရမ်းချိုလွန်းတယ်။ မြန်မာတွေက အဆီ၊ အငံ၊ အချို အလွန်အကဲသုံးတယ်လို့ ထင်တယ်။ ငယ်ငယ်ကတော့ ဒါတွေပဲ စားပြီးကြီးလာတော့ ဒါတွေကို ချိုလွန်းတယ်။ ငံလွန်းတယ်၊ ဆီများလွန်းတယ်လို့ မထင်မိဘူး။ အထူးသဖြင့် လဘက်ရည်ဆို ချိုဆိမ့်သောက်တာ။ ဟင်းတွေ ဆီများလွန်းလို့ ကွန်ပလိမ်းတဲ့သူတွေ အရင်က နားမလည်ခဲ့ဘူး။ ကိုယ်က ဒါတွေ စားနေကျ အထှာကျနေတာကိုး။ ဒါပေမဲ့ အဲ့ဒါတွေဟာ ကျန်းမာရေးအတွက် မကောင်းသလို၊ အစားအစာတစ်ခုရဲ့ မူလအရသာကို ပျက်စေတယ်ဆိုတာ ခု စလုံးမှာ အနေကြာတော့သိလာတယ်။
စလုံး ရောက်စက စလုံးလဘက်ရည်တွေကို အရသာပေါ့လိုက်တာ၊ ကျလိုက်တာ ထင်ခဲ့တာ။ ခုဆို မြန်မာပြည်က လဘက်ရည်သောက်ပြန်တော့ နို့ဆီဗူးလိုက် သောက်နေရသလိုဖြစ်နေတယ်။ လဘက်ရည်သောက်မှတော့ လဘက်ခြောက်အရသာလေး အနံ့လေးရတာ မကောင်းဘူးလား။ ကိုယ့်အထင်တော့ အရမ်းကြီးချိုတူးနေမဲ့အစား မူလအရသာလေး မခံစားသင့်ဘူးလား။ မြန်မာပြည်က ဆီဆိုလဲ နေရာတော်တော်များများမှာ ဆီမသန့်တာ ခံစားလို့ရတယ်။ အရင်က ဆီမသန့်ဘူးဆိုတာ ဘာလဲ မသိဘူး။ ခုတော့ ကိုယ်ခံစားရလို့ ကွာမှန်းသိတာ။ ဆီမသန့်ဘူးဆိုတာ စားလိုက်ရင် ပါးစပ်ထဲ ချွဲကျိပြီးကျန်တာ။ ပါးစပ်ထဲက တံတွေးကအစ ချွဲကျိကုန်တာ။ အများကြီးစားရင် အာသီးတောင် နာတယ်။ ဆီပဲ ချွဲမှာပေါ့လို့ အရင်က ထင်ခဲ့တာ။ မတူဘူး။ ဆီသန့် ဆိုရင် အဲ့လို ပါးစပ်ထဲ ချွဲမကျန်ဘူး။ ဟိုးအရင်တစ်ခေါက်က လမ်းဘေးထမင်းဆိုင်တစ်ခုက အမဲနှပ်ဝယ်ပြီး အခန်းအပူချိန်မှာပဲ စားပွဲပေါ်တင်ထားတာ (ရာသီဥတုကတော့ အဲ့နေ့က နည်းနည်းလေး အေးတယ်။ ရန်ကုန်အေးပါ)။ နောက် ၃၊ ၄ နာရီအကြာ အဲ့ဒိအထုတ်ကို ကြည့်လိုက်တော့ ဆီတွေက ခဲနေပြီ။ ကြားဖူးတာတော့ စားအုန်းဆီတွေက အဲ့လို ခဲတာ မြန်တယ်တဲ့။ ဟုတ်မဟုတ်တော့ မသိ။ ခုလို ပြောတာ နိုင်ငံခြားရောက်မှ ကြီးကျယ်လိုက်တာ တသက်လုံး ဒါတွေစားနေခဲ့ပြီးတော့ဆိုတဲ့ ပုံစံမျိုးနဲ့ မြန်မာပြည်က ကိုယ့်အမျိုးတွေက အစ ကြည့်တာ ခံရဖူးပါတယ်။ ကြီးကျယ်တာမဟုတ်ပါ။ ကွဲပြားတာကို အရင်က မသိခဲ့ဘူး။ ခုမှ သိလို့ မသိသေးတဲ့ ကိုယ့်မိသားစုတွေကို ပြောပြတာပါ။ ဆရာလုပ်ချင်တာ သွေးကြီးသွားတာမဟုတ်ပါ။ လူတန်းစေ့ ကျန်းကျန်းမာမာ အစားကောင်းစားစေချင်တာပါ။
ရွှေပုဇွန် ဖာလူဒါ ကနေ ဘယ်တွေရောက်ကုန်ပြီလဲ မသိ။ ရွှေပုဇွန်က ဖာလူဒါလဲ မကုန်ခဲ့ပါဘူး။ အာ့စားပြီး ချိုလွန်းလို့ ချောင်းတောင် စဆိုးလားတယ်။ စားရတာတော့ ကြိုက်ပါတယ်။ အာ့ပြီးတော့ ဘေးက ရွှေပုဇွန် မုန့်တိုက်မှာ စလုံးပြန်လက်ဆောင်ဝင်ဝယ်ပါတယ်။ အရင်တုန်းက ကိုယ်တွေမြန်မာ စိတ်နဲ့ဆိုတော့ ဒီမုန့်ကိုပဲ ပတ်ကင်လှလှလေးပတ်ထားပြီး ဈေး ၃ဆလောက် တက်သွားရင် နှမြောပြီး မဝယ်ပဲ ပတ်ကင်းပုံမှန်နဲ့ ဈေးချိုတာကိုပဲ ရွေးရွေးဝယ်တတ်ခဲ့တယ်။ အလုပ်က နိုင်ငံခြားသားတစ်ယောက် မြန်မာပြည် အလုပ်ကိစ္စခရီးထွက်ပြီး ပြန်လာတော့ ရွှေပုဇွန်က နံကထိုင်ကို လှလှလေးထုတ်ထားတဲ့ ဗူးဝယ်လာတော့ ကိုယ်က ပြန်မေးရတယ်။ ကိုယ်တောင် တစ်ခါမှ မမြင်ဖူးလို့။ အလုပ်မှာ ကိုယ်အရင်က ဝယ်လာတဲ့မုန့်တွေဆို တင်ထားရင် ပတ်ကင်းက မလှတော့ သူတို့က သိပ်မစားချင်လှဘူးရယ်။ ခု အဲ့လူဝယ်လာတဲ့ နံကထိုင်ကျတော့ တစ်ကိုက်စာ သေးသေးလေးတွေကို အထုတ်လေးတွေတစ်ထုတ်စီ သီးသန့်လေးဆိုတော့ အားလုံးက သန့်သန့်ပြန့်ပြန့်နဲ့ဆိုတော့ ဝိုင်းစားကြတယ်။ ကိုယ်မြည်းကြည့်တော့ အဲ့ဒိ special Nan ka Htaing ဆိုတာက သာမာန်ထက်တော့ အရည်အသွေး အရသာ ပိုကောင်းတယ်။ အဲ့ဒါကို မှတ်ထားပြီး ကိုယ်က အလုပ်က နိုင်ငံခြားသားတွေအတွက်တော့ အဲ့ဒိ ဗူးကို ဝယ်တယ်။ ကိုယ့်အိမ်သားတွေ စားဖို့ကတော့ သာမန်အထုတ်ပေါ့။ အရသာက ဟိုဟာက ပိုကောင်းတယ်ဆိုပေမဲ့ မဆိုသလောက်လေးပါပဲ။ Mr.Right ကိုပြောပြတော့ သူလဲ သူ့အလုပ်က လူတွေအတွက် အဲ့ဒိ စပါယ်ရှယ် နံကထိုင်ဗူးကို ဝယ်တယ်။ ဒီပြန်ရောက်တော့ သူ့အလုပ်က လူတွေက ကြိုက်လိုက်ကြတာ မပြောနဲ့။ သူတို့ မစားဖူးဘူးဆိုပဲ။ ပေးရတာ မျက်နှာပန်းလှတယ်လေ။ နိုင်ငံခြားသား ဘာလက်ဆောင်ပေးရမှန်း မသိရင် အဲဒါလေးကို ညွှန်းချင်တယ်။
၁၀။ ရွှေဘုံသာလမ်း အလယ်လမ်းထိပ်က ကူလ်ဖီလ်မလိုင်
ကူလ်ဖီလ်မလိုင်ဆိုရင်တော့ ရွှေဘုံသာအလယ်လမ်းထိပ်က ရေခဲမုန့်ဆိုင်ကဟာကြိုက်တယ်။ အကြိုက်ဆုံးကတော့ ငယ်ငယ်က လှည်းလေးတွန်းပြီး လမ်းတွေထဲ “ကူလ်ဖီလ် မလိုင်” ဆိုပြီး ညဘက်မှာ လာလာရောင်းတဲ့ ဦးလေးကြီး ကူလ်ဖီလ်မလိုင်ကို ကြိုက်တယ်။ ဒါပေမဲ့ ခုတော့ မရှိတော့ဘူးဆိုတော့ ဒီဆိုင်က ကူလ်ဖီလ်မလိုင်ကိုကြိုက်တယ်။ နို့နံ့လေးရော မလိုင်ဖက်လေးရောစားလိုက်ရင် ချိုအေးမွှေးပဲ။ ဈေးလဲ မကြီးဘူး။ ညဘက်ပျင်းလို့ အပြင်ထွက်ထိုင်ချင်တယ်။ လဘက်ရည်ဆိုင်တွေလဲ မထိုင်ချင်ဘူးဆို အဲ့လို ရေခဲမုန့်ဆိုင်လေးတွေကလဲ ပလက်ဖောင်းပေါ် ခုံခင်းထားတာဆိုတော့ လဘက်ရည်ဆိုင်နဲ့ ခံစားချက်ချင်းတူတူပါပဲလေ။ အဲ… တချိန် လမ်းဘေး ပလက်ဖောင်းစားပွဲခင်းတာတွေ စည်းကမ်းတကျလုပ်လာမယ်ဆိုရင်တော့ ဒါမျိုး ရှိချင်မှ ရှိတော့မပေါ့။
၁၁။ ရွှေဘဲ စားတော်ဆက်
ရွှေဘဲကတော့ ပြန်တိုင်း အနည်းဆုံး ၁ကြိမ်တော့ စားဖြစ်ပါတယ်။ ခုတစ်ခေါက်ကတော့ ၂ကြိမ်စားဖြစ်တယ်။ ၂ကြိမ်လုံး မိတ်ဆွေတွေက လိုက်ကျွေးတာချည်းပဲ။ ရွှေဘဲကတော့ အားလုံးလဲ စားဖူးနေမယ်ဆိုတော့ ထွေထူးပြောမနေတော့ပါဘူး။ သူက ဘဲကင်နာမည်ကြီးတယ်။ ကိုယ်ကတော့ ဘဲကင်ထက် ငါးချိုချဉ်ကြော်၊ ဂဏန်းပျော့ကြော်၊ ပြည်လုံးချမ်းသာ တွေကို ပိုကြိုက်တယ်။ အဲ့ဟင်းတွေကတော့ Recommended ပဲ။ ဘဲကင်က အချဉ်ကို ကြိုက်တယ်။ အချဉ်ကောင်းလို့ ကောင်းနေသလိုပဲ။
ထမင်းဖိတ်ကျွေးရင် ကိုယ်ရင်းနှီးတဲ့သူ၊ ကိုယ်နဲ့သူရဲ့ ခင်မင်မှုကို အလေးထားတဲ့သူ၊ သူ့ဘက်ကလဲ ကိုယ့်ကို sincere ဖြစ်ဖြစ် တွေ့ချင်လို့ ထမင်းဖိတ်ကျွေးတဲ့သူတွေကိုပဲ လိုက်စားချင်တယ်။ မဟုတ်ရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်လဲ အေးအေးဆေးဆေး ဝယ်စားနိုင်ရဲ့နဲ့ မသက်မသာ ဟန်ဆောင်ပြီး စားရတာ မျိုမကျဘူး။
သိပ် မရင်းနှီးတဲ့သူပဲဖြစ်စေ၊ စိတ်ရင်းနဲ့ ခင်မင်လို့မဟုတ်ပဲ နောက်ကွယ်မှာ အကြောင်းရာတစ်ခုခုပါနေတဲ့ သူတွေကျရင် အဆင်မပြေဘူး။ တချို့ကျတော့ လိုက်မစားချင်ပေမဲ့ မျက်နှာ နာရမှာစိုးလို့ လိုက်စားရတာတွေလဲ ရှိတယ်လေ။ အဲ့လို အားနာရတဲ့ လူတွေကျတော့ သူတို့က ဆိုင်မှာကျွေးမယ်ကျပြန်တော့လဲ ကိုယ်စားချင်တဲ့ ဆိုင်ဖြစ်အုံးမှ။ တစ်ခါတစ်လေ ကိုယ်က ရတဲ့ အချိန်လေးမှာ ကိုယ်စားချင်တဲ့ ဆိုင်တွေကို စာရင်းလုပ်လာတယ်။ ကျွေးမဲ့သူက အားနာရတဲ့ ရင်းနှီးမှုလောက်ပဲ ရှိတဲ့သူဆိုတော့ အရမ်းကုန်မှာစိုးလို့ မပြောချင်။ တစ်ခါတစ်လေကျတော့ ကိုယ် စာရင်းထဲက လမ်းဘေးဆိုင်မစားရသေးလို့ စားချင်တယ်။ ကျွေးမဲ့သူက လမ်းဘေးဆိုင်ဆို ကျွေးရတာ မတင့်တယ်ဘူးလို့ထင်တယ်။ အဲ့လိုမျိုးလွဲနေတတ်တယ်။
ကိုယ့်အနေနဲ့ကလဲ သိပ်မရင်းနှီးရင် (ဥပမာ အမျိုးတွေလို ပတ်သတ်မှုမျိုး၊ ကိုယ့် သူငယ်ချင်းအပေါင်းအသင်းက ပွင့်ပွင့်လင်းလင်းပြောလို့ရသေးတယ်) ကျွေးမဲ့သူစိတ်ကြိုက်ဆိုင်ပဲ ရွေးခိုင်းဖြစ်တယ်လေ။ နောက်တစ်ခုကျတော့ ကိုယ်ကလဲ ဆိုင်သစ်တွေ ဘာတွေ ထပ်ပေါ်နေမှန်း ကိုယ်မှ မသိတာကိုး… ဖြစ်နိုင်ရင်တော့ ကိုယ်ဘာမျိုးစားချင်လဲ ဘယ်အချိန်အားလဲ ကြိုတင်ဘွတ်ကင်လုပ်ပြီး ဖိတ်တာကောင်းမယ်ထင်တယ်။ ဟီး… ကြီးကျယ်တယ်လို့ မထင်စေချင်ဘူး။ တစ်ခါက ကြုံဖူးတယ် ကိုယ်မပြန်ခင် နောက်ဆုံးနေ့ နေ့လည်စာကို သူတို့အိမ်လာစားပါဖိတ်ထားတယ်။ အမှန်တော့ နောက်ဆုံးနေ့ဆိုရင် ဘော်ဒါတွေနဲ့ အသားကုန်လျှောက်သွား ကိုယ်စားချင်တဲ့ထဲက မစားရသေးတာတွေ အမြန်လျှောက်စားရတဲ့နေ့။ ဒါပေမဲ့ မျက်နှာနာစရာ အမျိုးဖြစ်နေလို့ မသွားပြန်ရင်လဲ တခြားလူတွေကို လျှောက်ပြောအုံးမယ် “အဲ့ကောင်မလေး ကြီးကျယ်တယ်”ဆိုပြီး။ အဲဒါနဲ့ ဘော်ဒါတွေနဲ့ သွားဖို့ကိုတောင်ဖြတ်ပြီး စိတ်ပျက်ပျက်နဲ့ သူတို့အိမ်ကို တက်သွားတာ။ ဟိုရောက်တော့ ဘဲလ်တောင်မနည်းတီးရတယ်။ ပြီးတော့ သူတို့ ထမင်းစားဖိတ်ထားမှန်းတောင် မမှတ်မိဘူးတဲ့။ တိုက်ဆိုင်လိုက်တာများ တမင်လုပ်သလားထင်ရတယ် (တမင်လုပ်တာတော့ မဟုတ်လောက်ဘူးထင်တာပဲ၊ လုပ်ရလောက်အောင် ကိုယ်ဘာမကြိုက်လဲ သူတို့သိရလောက်အောင် မရင်းနှီးဘူး၊ မိဘမျက်နှာထောက်လို့ သွားပေးရတာ)။ ငါးဟင်းချက်ထားတယ်။ ကိုယ်က ငါးဆို ငယ်ငယ်က ငါးညှီနံ့နံလို့ လုံးဝမစားဘူး။ ခုကြီးလာတော့ နည်းနည်းတော့ စားတယ်။ ဟင်းထက် ငါးကြော်ကို ပိုစားလို့ရတယ်။ အဲ့ဒိကတည်းက စိတ်ထဲက ဆုံးဖြတ်လိုက်တယ်။ အဲ့ဒိအိမ်က ထမင်းစားဖိတ်ရင် နောက်ဘယ်တော့မှ မသွားတော့ဘူးလို့။
ရွှေဘဲအကြောင်းနည်းနည်းရေးပြီး ကိုယ့်အကြောင်းပြောတာ များသွားတယ်။ ဆော်တီး…
၁၂။ Lucky Seven Tea Shop
Date Visited: 13th Nov 2015
Food: 4/5
Cleanliness: 3/5
Service: 3/5
၄၉လမ်းက Lucky Seven လဘက်ရည်ဆိုင်ကိုတော့ စလုံးကို မပြန်ခင် မနက်စာသွားစားဖြစ်တယ်။ မဗေဒါရဲ့ စာဖတ်သူ ရဲဝင့်သူက မပြန်ခင်တော့ သူလိုက်ကျွေးချင်သေးတယ်ပြောထားတာကြာပြီ။ ကိုယ့်ကိုလဲ ဖမ်းမမိ။ သူကလဲ အလုပ်တစ်ဖက်ဆိုတော့ သူအားတဲ့ အချိန်နဲ့ ကိုက်လို့မရဖြစ်နေတာ။ စစချင်း ပြန်ရောက်ကတည်းက သူကျွေးမယ်ပြောနေတာ။ ကချင်အစားအစာဆိုလား၊ စကောထမင်းဆိုလား၊ စုံနေတာပါပဲ။ ဟိုးနှစ်က ပြန်လာတုန်းကလဲ သူခေါ်သွားလို့ ရေကြော်က ငါးကင်နဲ့ မာလာဟင်း စားဖြစ်သေးတယ်။ အာ့လဲ တော်တော်စားကောင်းတယ်။ ငါးမကြိုက်တဲ့ ကိုယ်တောင် စားနိုင်တယ်ဆိုတော့။ အဲ့တုန်းကလဲ သူမကျွေးလိုက်ရဘူး။ ဒီတစ်ခါတော့ သူက ဆိုင်သစ်ကောင်းကောင်းလေးတွေ ကိုယ့်ကို လိုက်ပြရင်း ကျွေးချင်တယ်တဲ့။ သူက အသံလွှင့် ဋ္ဌာနက စားသောက်ဆိုင် ရီဗျူးလုပ်တဲ့ အစီအစဉ်မှာ Host လုပ်ဖူးတော့ မြန်မာပြည်က ဆိုင်အသစ်တွေ အဆန်းအပြားတွေကိုယ့်ထက်ပိုသိမှာလေ။ ကိုယ်ကလဲ ဖေ့ဘွတ်ပေါ် သူများတွေ နေရာသစ် ဆိုင်သစ်တွေတင်ရင် သွားချင်နေတာ။
လေယာဉ်ကွင်းဆင်းမဲ့ မနက်ကျတော့မှ သူလဲ မအားတဲ့ကြားက အလုပ်မသွားခင် လိုက်ကျွေးမယ်တဲ့။ ဘာစားချင်လဲဆိုတော့။ ကိုယ်လဲ မစားရသေးတဲ့အထဲက မလိုင်၊နံပြား မစားရသေးတော့ အဲ့ဒါစားချင်တယ်လို့။ သူက ဒိထက် ကောင်းတဲ့ ဆိုင်မှာ ကျွေးချင်ပုံရတယ်။ ဒါပေမဲ့ ကိုယ်ကလဲ ဘာစားစား ကိစ္စရှိတာမဟုတ်ဘူး။ သူကျွေးချင်တယ်ဆိုလို့သာ ခင်လို့ မင်လို့ စကားဘာညာပြော မပြန်ခင် နှုတ်ဆက်ဖို့ တွေ့ချင်တာ။ ဒါနဲ့ ကိုယ်လဲ အဲ့ဒါပဲ စားချင်တယ် ဆိုင်ကြီးဆိုင်ကောင်းတွေ နောက်တစ်ခေါက်ပေါ့လို့ပဲ ဖြေပြောရတယ်။
ဒါနဲ့ ကိုယ်နဲ့ Mr.Right ၂ယောက်သားနဲ့ ၄၉လမ်းက လပ်ကီးဆဲလ်ဗင်းလဘက်ရည်ဆိုင်က မုန့်စုံတယ်။ အဲ့ဒိမှာ လိုက်ကျွေးမယ်ဆိုပြီး သွားဖြစ်တယ်။ ဖြစ်ချင်တော့ အဲ့ဒိနေ့မှာမှ မလိုင်နံပြားက မရဘူး။ သူကတော့ ကြက်သား ပလာတာ ကောင်းတယ်ဆိုပြီး မှာစားတယ်။ ကိုယ်ကတော့ နောက်မှ မြည်းကြည့်တော့ ကောင်းလို့ လိုက်မှာစားရတယ်။ မဗေဒါတိုပ သွားစားတုန်းကတော့ တကယ်ကောင်းတယ်သိလား။ recommended နော်။ နောက် ကြက်လက်မောင်းကို အလုံးလေးပုံစံမျိုး ကြော်ထားတာ။ နာမည်တောင် မေ့နေပြီ အဲ့ဒါလဲ မဆိုးပါဘူး။ မန္တလေးစတိုင် ပဲကြွပ်ကြော်လဲ မှာစားဖြစ်တယ်။ ငယ်ငယ်က ပဲကြွပ်ကြော်အရမ်းကြိုက်တယ်။ ခုနောက်ပိုင်းတော့ စားလိုက်ရင် ဆီများလွန်းလို့ သိပ်မကြိုက်တော့ဘူး။ သိတဲ့အတိုင်း ကိုယ်ကလဲ ရင်းနှီးတဲ့သူ ကျွေးမယ်ဆိုလို့ကတော့ အပီစားတာ။
အဲ့ဒိမှာစားပြီး သူလဲ အလုပ်သွား။ ကိုယ်လဲ မလိုင်နံပြား မကျေပွဲနွဲဖို့ အဲ့နားက မောင်အေး ကဖေးကို Mr.Right နဲ့ ဆက်ချီတက်ခဲ့ကြတာပေါ့။ ဒီလိုနဲ့ မလိုင်နံပြားလဲ မပြန်ခင်စားဖြစ်ခဲ့တယ်။
ဒီတစ်ခေါက် ပြန်တဲ့အချိန် အားလုံးမပါပေမဲ့ ဓာတ်ပုံရိုက်ဖြစ်ခဲ့ စားဖြစ်ခဲ့တာလေးတစ်ချို့ပေါ့။ ခုတော့ နားမယ်ကွယ်။
နောက်မှ ရှေ့ပိုစ့်အောက်က ကွန်မန့်မှာ ဝိုင်းတောင်းဆိုထားတဲ့ စင်္ကာပူက အစားအစာတွေအကြောင်း ရေးဖြစ်အောင် ကြိုးစားမယ်နော်။ လောလောဆယ်တော့ ကုန်ကြမ်းစုလိုက်အုံးမယ်။

Subscribe to:
Posts
(
Atom
)