Friday, January 30, 2015
To be with My Mr.Right (2) - The Surprised Proposal
The Surprised Proposal with Deadline
၂၀၁၃ ရဲ့ နေ့တစ်နေ့...
ငါအသက်
၃၀ မပြည့်ခင် မင်္ဂလာဆောင်ချင်တယ်။ ပြည့်ဖို့ ၂နှစ်ပဲ လိုတော့တယ်။ မင်္ဂလာဆောင်အတွက် ပြင်ဆင်ဖို့ ၁နှစ်အချိန်လိုတယ်ဆိုတော့ ငါ့ကို ဘဝလက်တွဲဖော်အဖြစ် ရည်ရွယ်တယ်ဆိုရင်၂၀၁၃ ဒီဇင်ဘာ နောက်ဆုံးထားပြီး Surprised Proposal လုပ်ပါ။ အဲ့ဒါပြီးမှ ၂ဘက်မိဘတွေ လူကြီးချင်း Formally ပေးတွေ့မယ်"
~~~~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~
မမျှော်လင့်ဆုံးအချိန်မှာ ဖူးစာရှင်နဲ့တွေ့တယ်ဆိုတာ မှန်တယ်ပဲ လက်ခံရမလားပါပဲ။ သူနဲ့ ချစ်သူတွေဖြစ်ခဲ့ပေမဲ့ ကျွန်မအတွက်တော့ ယောကျာင်္းတစ်ယောက်ရဲ့ချစ်ပါတယ် ပြောတဲ့စကားကို အာမခံချက် မယူရဲပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မအပေါ် စိတ်ရှည်လက်ရှည် သည်းခံပြီး ရေရှည်ချစ်နိုင်မဲ့ သူ ဒီကမ္ဘာမှာ ရှိပါ့မလားလို့ သံသယဝင်နေလို့ပါပဲ။ အဲ့ဒိအတွက်ကြောင့် ချစ်သူဖြစ်ပြီးခါစ သူရဲ့ ခပ်သေးသေး လိမ်ညာမှုလေးတွေကို ကိုယ်မိခဲ့ရင်တောင်မှ သိပ်တော့ မအံ့သြခဲ့ပါဘူး။
"သြော်... နင်လဲ ယောကျာင်္းထဲက ယောကျာင်္းတစ်ယောက်ပဲ... နင်လိမ်လဲ ငါဘာမှ မတတ်နိုင်ဘူး။ မပေါ်အောင် လိမ်နိုင်ရင်တော့ နင့်ကိုရွေးမိတဲ့ ငါ့ထိုက်ငါ့ကံဖြစ်လို့ ခံယုံပေါ့။ လက်မခံနိုင်အောင် လိမ်တဲ့တစ်နေ့တော့ ငါဘာလုပ်မလဲ မသိသေးဘူး"။
အဲဒိလိုပြောခဲ့ပေမဲ့ ခွင့်လွှတ်ပြီးချစ်နေနိုင်တဲ့အထဲတော့ ကျွန်မ မပါပြန်ဘူး။ စိတ်ထဲက အောင့်သက်သက်ကြီးဆိုတော့ ချစ်သော်ညားလဲ စကားပြောရတာ အဆင်မပြေဘူးလေ။ ဒီတော့ စည်းကမ်းထုတ်ထားတယ်။ လိမ်တာမိရင် ဒဏ်ငွေဆောင်ရမယ်ပေါ့။ ထပ်လိမ်တာမိရင် အရင် ဒဏ်ငွေရဲ့ ၂ဆ တိုးတိုးပြီးဆောင်ရမယ်။ ကျွန်မလိမ်လဲ ပေးမှာပေါ့။ (တော်ရုံတန်ရုံ ကျွန်မက လိမ်မပြောဘူး။ ပေါ်တင်ပဲလုပ်တာ။ ပေါ်တင်ပြောလွန်းလို့ ကိုယ့်ကိုဘယ်သူမှ သည်းမခံနိုင်တာ။ သူလိမ်တာမိတိုင်း ကိုယ်ပိုက်ဆံရမယ်ဆိုတော့ မဆိုးဘူးဟုတ်? အချိန်အခါ အခြေအနေအရတောင့် ဒီ Rule ပြောင်းတန်ပြောင်းရမှာပေါ့)။ အဲဒါ ပထမနဲ့ နောက်ဆုံးအကြိမ် သူလိမ်တာကို ကျွန်မ မိတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ သူ့အချစ်တွေကို အာမခံချက်ယူပြီး မနေဖြစ်အောင် ကိုယ့်စိတ်ကိုယ်ကို ထိန်းထားတယ်။
"ကတိတွေလာမပေးပါနဲ့... ကတိပေးတယ်ဆိုတာ နောင်ဖျက်ဖို့။ တကယ်ချစ်ရင် အလုပ်နဲ့ သက်သေပြပါ" ဟုတ်တယ် ကျွန်မကို ကတိပေးတာမကြိုက်ဘူး။ ကတိကို လွယ်လွယ်ပေးတဲ့သူတွေ လွယ်လွယ်ဖျက်ခဲ့ကြတာချည်းပဲ။ တကယ်ချစ်တဲ့သူက ကတိပေးစရာမလိုလောက်အောင် ပြီးပြည့်စုံပြီးသားလို့ ယုံတယ်။
ဒါပေမဲ့ ကျွန်မရဲ့ သူ့အချစ်တွေကို အာမခံချက် မယူချင်တဲ့စိတ်တံတိုင်းကို သူ့ဂရုစိုက်မှု၊ သူ့သည်းခံနိုင်စွမ်း၊ သူ့ ဖြည့်စည်းပေးမှုတွေနဲ့ ဖြည်းဖြည်းခြင်း ဖြိုဖျက်ခဲ့တယ်။ တစ်ခါတစ်လေ သူ့ဘက်က တစ်ခုခုပျက်ကွက်လို့ ကိုယ်စိတ်တိုမိတာတို့ (အပြင်မှာသာ စိတ်တိုနေတဲ့ပုံဆိုပေမဲ့၊ စိတ်ထဲမှာတော့ ဝမ်းနည်းအားငယ် စိတ်မကောင်းဖြစ်နေမိတာပေါ့) ဘာတို့ဆို ကိုယ့်ကိုကိုယ် သတိထားမိတယ် သူ့အချစ်ကို အာမခံချက် ယူမိနေပါလားလို့လေ။ ဟုတ်တယ်လေ ဥပမာ ရည်းစားမရခင် ကိုယ့်ဟာကိုယ်တစ်ယောက်တည်း ကျောင်းသွားနေကျ၊ သူနဲ့ ချစ်ပြီး အမြဲ ကျောင်းကြိုပေးနေတော့ တစ်ရက်တစ်လေ မအားလို့ မလာနိုင်ဘူးဆိုရင် ကိုယ်တစ်ယောက်တည်း ပြန်ရတာကို အားငယ်သလိုလို။ သတိထားမိလိုက်တဲ့အချိန်ဆိုရင် တကယ်တော့ သူ ကိုယ့်ကို တော်တော်လွှမ်းမိုးနေပါလားလို့ ထင်မိတယ်။ ဟုတ်ပါတယ်။ သူကျွန်မ မကြိုက်တဲ့ ကတိတွေ မပေးတော့ဘူး။ သူအလုပ်နဲ့ပဲ သက်သေပြခဲ့တယ်လေ။ ခုတော့ ကျွန်မ မသိစိတ်က သူ့အချစ်ကို အာမခံချက် ယူမိနေပြီ ထင်ပါရဲ့...
~~~~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်မက ကောင်းတဲ့ Surprised တွေကို ကြိုက်တယ်။ ကျွန်မအတွက် အရေးပါသူတွေအတွက်လဲ Surprised လုပ်ပေးရတာ သဘောကျတယ်။ Youtube မှာ surprised proposal တွေကြည့်ရင်လဲ သဘောကျတယ်။ ဒါပေမဲ့ အရမ်းကြီး ကြီးကျယ်ခမ်းနားပြီး ပိုက်ဆံအကုန်အကျများမဲ့ ဟာမျိုးတော့ မလုပ်စေချင်ပါဘူး။ ပိုက်ဆံအကုန်အကျလဲနည်းမယ်။ စိတ်ကျေနပ်စရာ Surprised လေးလဲဖြစ်မဲ့ အိုင်ဒီယာကောင်းကောင်း Surprised proposal လုပ်ဖို့က သူ့အတွက်ထုတ်လိုက်တဲ့ ကျွန်မရဲ့ မေးခွန်းပေါ့။ အဲ့ဒိအတွက် သဲလွန်စလေးအနေနဲ့ ကျွန်မ မိသားစုတွေနဲ့ သူငယ်ချင်းတွေ အကူအညီတောင်းချင် တောင်းလို့ရအောင် ဖေ့ဘွတ်တွေမှာလဲ အက်ထားကြတယ်။ သူတို့ အကူအညီမလိုအပ်တဲ့ အိုင်ဒီယာကောင်းကောင်းလေးဆိုလဲ ရတယ်။
လူတွေကမေးကြမယ်။ Surprised လိုချင်တယ်လဲပြောသေးတယ်။ Deadline ကြီးနဲ့ဆိုတော့ ဘယ် Feel လာမလဲတဲ့။ ဘယ်အချိန် ဘယ်အခါမှ Proposed မယ်မှန်းမသိပဲ ငုတ်တုတ်ထိုင်စောင့်ပြီး ကိုယ့်ရဲ့ အရေးကြီးတဲ့ အသက်အရွယ်ပိုင်းကို အကုန်မခံနိုင်ပါဘူး။ Deadline ပေးထားပေမဲ့ အဲ့ဒိအတောအတွင်း သူဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုလုပ်မယ်ဆိုတာ ကိုယ်မသိဘူးလေ။ ၂၀၁၃ ကျော်လို့မှ Proposed မလုပ်ရင် ကိုယ့်ကို ရိုးမြေကျပေါင်းဖို့ စိတ်ကူးမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပဲလေ။ ကိုယ့်ကို တကယ်ချစ်တဲ့သူက ကိုယ့်အတွက် စဉ်းစားပေးရမှာပေါ့။
အိမ်က ကျွန်မ မိသားစုတွေကတော့ သူ့ဘက်က ကာစီးပြီး ကျွန်မကိုပြောကြပါတယ်။ စကားတောင် လေးလုံးကွဲအောင်မပြောတဲ့သူကို Surprised Proposal လုပ်ခိုင်းတာ သိပ်တော့ မမျှော်မှန်းပါနဲ့တဲ့။ ဖြစ်မလာရင်လဲ စိတ်တိုပြီး မအော်နဲ့အုံးတဲ့။ အဲ့လို အားပေးကြတာ။ ကျွန်မစိတ်ထဲမလဲ သူ Proposed မလုပ်ခဲ့ရင်ရော ငါပြောထားမိတဲ့ စကားကို ဘယ်လို ဆင်ခြေပေးပြီး Deadline လေး နည်းနည်းတိုးပေးရမလဲ စဉ်းစားနေရတာပေါ့။ သူက ၂၀၁၃ ဒီဇင်ဘာရောက်နေပြီ ဘာမှာမှ မလုပ်တာ။
~~~~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~
၁၈ရက္ ဒီဇင္ဘာ ၂၀၁၃
Frozen သွားကြည့်မလား သူ ဘွတ်လိုက်မယ်တဲ့။ ကိုယ်ကတော့ ခါတိုင်းလဲ ရုပ်ရှင်ကြည့်နေကျဆိုတော့ ဘွတ်လိုက်လို့ပြောလိုက်တာပေါ့။ ခါတိုင်းဆို အွန်လိုင်း ဘွတ်ကင်းက ကျွန်မကပဲ လုပ်နေကျ အဲ့နေ့ကတော့ သူလုပ်လိုက်မယ်ဆိုတာကို ကျွန်မ သံသယ မဝင်ခဲ့မိဘူး။ သူသိပ်ကြည့်ချင်လို့ဖြစ်မှာပေါ့ပဲ ထင်ခဲ့တာပေါ့။
ဒါပေမဲ့ တကယ်ကြည့်မယ်ဆိုတော့ အိမ်နားက ကြည့်နေကျ ရုပ်ရှင်ရုံမဟုတ်ပဲ Vivo City က Golden Village ရုံမှာဘွတ်လိုက်တာတဲ့။ တစ်ခုခုဝယ်ခဲ့ဖို့ မှာလိုက်တိုင်း တစ်ခုမဟုတ်တစ်ခု မှားအောင် ဝယ်လာနေကျ ကိုယ့်ချစ်သူရဲ့ အကျင့်ကြောင့် ဒါလဲ ကျွန်မ သံသယမဝင်ခဲ့မိပြန်ဘူး။ "နင် ရုပ်ရှင်ရုံမှားပြီး ဘွတ်ကင်းတင်ပြန်ပြီ" ဆိုပြီး နည်းနည်းတော့ ပွစိပွစိလုပ်မိတာပေါ့။
Vivo City ရောက်တော့ သူ့ရဲ့ မှားနေကျ အကျင့်အတိုင်းပါပဲ။ လက်မှတ်ကောင်တာကို ဝင်တန်းစီတော့ Gold Class ဆိုရင် သာမာန်ကောင်တာမှာ မဟုတ်ဘူးတဲ့။ ဟိုဘက်ကောင်တာမှာဆိုတာ ကျွန်မပါကြားလိုက်တော့ "ဟင်... Gold Class?" (အမှန်တော့ ကျွန်မနဲ့ မလာခင်ကို အဲ့လက်မှတ်ကို သူကြိုထုတ်ထားခဲ့ရမှာ။ ခုတော့ ကောင်တာကြီးမှာ ကျွန်မက သိသွားရတော့ သူ့ရဲ့ arrangement တွေ နည်းနည်းတော့ လွဲတာပေါ့။ ဘာလို့ Gold Class ဝယ်တာလဲဆိုတော့ "ငါကြည့်ချင်လို့" တဲ့။ ကာတွန်းကားကို Gold Class မှာကြည့်ချင်တာ။ နည်းနည်းတော့ ကျွန်မ မှန်းလို့ရနေပြီး စိတ်လဲ နည်းနည်းတော့ လှုပ်ရှားတယ်။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ "ဘုရားရေ... ရုပ်ရှင်ရုံ တစ်ရုံလုံး Book ပြီး လူလည်ကောင် လက်ထပ်ခွင့်တောင်းတာ မဖြစ်ပါစေနဲ့"လို့။ (အဲလိုမလုပ်လောက်ဘူးဆိုတာတော့ သိနေပေမဲ့ လုပ်နေမှာ စိုးတာ။) အဲဒိအချိန်မှာ အဲလိုလုပ်ရင်တော့ ရှက်စရာကြီးဆိုတာပဲ တွေးမိတယ်။ အရင်က Youtube မှာ သူများတွေ ခမ်းခမ်းနားနားတွေ Surprised Proposal လုပ်တုန်းက အားကျသလိုဖြစ်ခဲ့ပေမဲ့ တကယ်တန်းကျတော့ ကျွန်မရှက်တယ်။ တကယ်တမ်းကျတော့ လူ ၂ဦးသာ အဓိကပါ။ သူကိုယ့်အတွက် ကြိုးစားပေးပါလားဆိုတဲ့ အတွေးက ရင်ကို နွေးထွေးစေတာပါ။ Gold Class မှာ ထိုင်စောင့်နေတုန်းတော့ ကျွန်မ စိတ်လှုပ်ရှားခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ မြန်မာဓလေ့တော်တော်များများမှာ Surprised Proposal ဆိုတာ မရှိဘူးလေ။ ချစ်သူသက်တမ်းကြာလာရင် ဒီလိုပဲ တိုင်တိုင်ပင်ပင်နဲ့ မင်္ဂလာပွဲကို စစီစဉ်ကြတာပဲ။ ကိုယ်ကတော့ သူသာ Surprised Proposal မလုပ်ခဲ့ရင် သမရိုးကျအတိုင်းပဲ စီစဉ်ရတော့မှာပဲလို့ စိတ်ပြင်ဆင်ထားပေမဲ့ သူ့ဆီက ခုလို တရားဝင် အားစိုက်ထုတ် စီစဉ်ပြီး လက်ထပ်ခွင့်တောင်းတာကို လိုချင်တာ။
ရုံထဲမဝင်ခင် ဆိုဖာတွေပေါ်ထိုင်နေတဲ့အချိန်မှာပဲ ရုံရှင်ရုံထဲ Delivery လုပ်ဖို့ စားသောက်ဆိုင်က မုန့်တွေဘာတွေသူမှာနေတော့လဲ သိသိကြီးနဲ့ကို ကျွန်မ ဒူးတွေတုန်နေမိတယ်။ စိတ်ထဲလဲ ငိုချင်သလိုလို။ အော်... အဲ့ဒါကြောင့် Youtube ပေါ်က ကောင်မလေးတွေ ငိုကြတာကိုး။ ကိုယ်ငိုချင်တာကတော့ ခံစားချက်တွေ ရောထွေးနေတာပဲ။ ရှက်တာရော၊ ဝမ်းသာတာရော၊ သူ့အားစိုက်ထုတ်မှုအတွက် သူ့ကို ကျေးဇူးတင်တာရောပေါ့။ ဘယ်သူပြောလဲ Deadline နဲ့ Proposal က feel မလာဘူးလို့?
မုန့်မှာပြီး ထိုင်နေတဲ့ အချိန်မှာပဲ သူဘောင်းဘီအိတ်ထဲက လက်စွပ်လေးကို ထုတ်ပြီး proposed လုပ်တယ်။ အမှန်တော့ ၂၀၁၃ ဒီဇင်ဘာပြန်ရင် သူ Proposed လုပ်လုပ် မလုပ်လုပ် မိဘတွေချင်း ပေးတွေ့ပြီး ၂၀၁၄ မင်္ဂလာပွဲလုပ်ဖို့ စီစဉ်ပြီးသား။ အဲ့ဒိအတွက် မင်္ဂလာလက်စွပ်လဲ ဝယ်ပြီးသား။ အဲ့ဒိ မင်္ဂလာလက်စွပ်နဲ့ပဲ Proposed လုပ်ဖို့ ကျွန်မက ပြောထားပေမဲ့ လက်စွပ်ကို ကျွန်မက သိမ်းထားတော့ Proposal အတွက် နောက်လက်စွပ်တစ်ကွင်း သူထပ်ဝယ်လိုက်ရရော။ သူလက်စွပ်ထုတ်ပြီး ပြောတော့လဲ ကိုယ်လဲ ကြောင်တောင်တောင် သူလဲ ကြောင်တောင်တောင်ပါပဲ။ လုပ်ကြည့်တော့ အတော် ရှက်ဖို့ကောင်းသား။ ခွီး.... (လူတွေအများကြီးရှေ့ Attention Seeker မလုပ်ပဲ အေးအေးလူလူ Proposed လုပ်ခဲ့တဲ့အတွက် ကျေးဇူးပါ ချစ်သူ)...
Frozen ရုံထဲရောက်တော့ Romantic Movie လေးများကြည့်ရမလားလို့ ဘေး အလည်ခုံက အဖြူမိသားစုက ကလေးတွေက အော်ဟစ်ပြေးလွှားနေကြလို့ ...
"ဟာ... ကလေးတွေကလဲ ရှုပ်လိုက်တာ။ အော်... ငါ ဘွတ်မိတာ ကာတွန်းကားဖြစ်နေတာကိုး... " ဆိုပြီး သူ မကျေမချမ်းပြောတော့မှ ကျွန်မ ရီလိုက်ရတာ....
အရင်က လက်ထပ်သွားတဲ့ သူငယ်ချင်းတွေကို ကျွန်မ မေးဖူးတယ်။ "ယောကျာင်္းတွေအများကြီးရှိတဲ့အထဲကမှ သူ့ကို ဘဝလက်တွဲဖော်အစစ်ဆိုတာ သေချာဘယ်လိုသိလဲ" လို့။
အားလုံး ပြန်ဖြေကြတာတော့ "ကိုယ့်လက်ထပ်ချင်တဲ့သူ ကိုယ့်ဘဝလက်တွဲဖော်အဖြစ် အဆင်ပြေမဲ့သူဆိုတာ သူပဲလို့ စိတ်ထဲကကို အလိုလိုသိနေတာ" တဲ့။
အဲ့ဒိအဖြေက သိပ်တော့ convinced မဖြစ်ခဲ့ပေမဲ့ ကျွန်မလဲ သူ့အချစ်တွေကြောင့် သူပဲ ဆိုတာ သေချာတယ်လို့ စိတ်ထဲဖြစ်မိတယ်။
14 comments :
Unknown said...
Even though it's a simple and deadline proposal, we girls feel very exciting and very happy until we want to cry. Actually, we know we are going to marry with the person but we girls still want that kinds of feeling. Love the simple proposal.
KTZN
Anonymous said...
ဟင် ဆန့်တငံ့ငံ့ ဖြစ်နေပြီ။ :((((( သဲထိတ်ရင်ဖို စောင့်မျှော်။
yum
mabaydar said...
Yes... That's my point. We as a girl really want to feel that kind of feeling. It seems like you are free over there, first comment from you. haha... I miss you.
mabaydar said...
ဆန့်တငင့်ငင့် မဖြစ်ပါဘူး... တစ်ပိုင်း တစ်ပိုင်း ပြတ်တာပဲ ဟာ... အဟင့်... နောက်အပိုင်းတွေက information တွေများသွားလောက်ပြီ... ဖြစ်တယ်ဟုတ်?
shin said...
ကိုယ့်တုန်းကလဲ သူများ Propose လုပ်မလားလို့ တိတ်တိတ်လေးတော့ မျော်လင့်မိသား။ ဒါပေမဲ့ တကဲ့တကယ်တော့ သူပြောတာက "နောက်တပတ်ကျရင် သူ့မိဘတွေကို ကိုယ့်အိမ်မှာ သွားတောင်းခိုင်းလိုက်တော့မယ်နော်"တဲ့။ ဒါပဲ။ ကိုယ့်မှာသာ ဆန့်ငင်ဆန့်ငင်နဲ့ "ဟမ်။ အင်း"လိုက်ရတယ်။ မဗေဒါရဲ့ Mr Right က မဆိုးရှာပါဘူး။ သူ deadline ကိုမှတ်မိသား။ ဟားဟား။
Unknown said...
Haha.. Yes.. I'm free to msg you now but I still need to clean my room. No work but all are housework. Damn sianz
Thu said...
ကိုယ်ရင်တွေခုန်နေပြီ... :P
ဘဝမှာ အမှတ်တရအဖြစ်ဆုံးအချိန်တွေထဲကတစ်ခုပေါ့နော်..
ဆက်ရန်.. မျှော် :)
Anonymous said...
:D ဆက်လက်စောင့်မျှော်
yum
ငြိမ်းမိန်းကလေး said...
ရင်တစ်ခုန်ခုန်နဲ့ ဖတ်သွားတယ်။
Aunty Tint said...
ကွန်နက်ရှင်ကလဲဆိုးပါ့ကွယ် ကွန်မန့်ရှည်ကြီးပျောက်သွားပြီ ... :P
mabaydar said...
ဟယ်​​တော့ ဒီ connection ​တော့ နာချင်​ပြီထင်​တယ်​... comment ရှည်​ကြီး မဖတ်​ရ​တော့ဘူး​ပေါ့?... It's okay, it's love ကြည့်​​နေတာလား... ​ကောင်းတယ်​ အဲ့ကား.. မင်းသားကြည့်​ရတာနဲ့တင်​ တန်​​နေပြီ... ဟိ...
mabaydar said...
ပိုစ့်​ဖတ်​ပြီး ရင်​ခုန်​​ပေးတဲ့အတွက်​ ​ကျေးဇူးပါ...
mabaydar said...
မေ့မှာစိုးလို့ တခါတည်း ဘ​လော့​ပေါ် ​ရေးမှတ်​ထားလိုက်​တယ်​...
mabaydar said...
မြန်​မာ​မှာက အဲ့လို proposed ​လေ့မရှိ​တော့ သူတို့က ကိုယ်​လုပ်​ဖို့ မ​ပြောရင်​သိမှာကိုး မဟုတ်​ဘူး... ဒါ​တောင်​ ဦး​လေးကြီးကစပြီး လာ​တောင်းခိုင်းမယ်​​ပြောတာဆို​တော့ ဒါလဲproposal တစ်​မျိုးပဲ​ပေါ့...