Thursday, October 09, 2014

Free & Easy Korea Trip Day 4 - Petite France -> Nami Island -> Sauna Experience

အရင်ဆုံး အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံသော သီတင်းကျွတ်ပွဲတော်ကြီးကို ဆင်နွှဲနိုင်ခဲ့မယ်လို့မျှော်လင့်ပါတယ်...

သီတင်းကျွတ်ပွဲတော်ကြီးပြီးရင်တော့ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ပွဲတော်ကြီး လာတော့မှာပါ...

ဒါနဲ့ အရင်ပိုစ့်တုန်းက BPP Challenge မခေါ်ဖြစ်ခဲ့တဲ့သူတွေကို ထပ်ခေါ်ပါမယ်။ ၂ပတ်အတွင်း ကြိုက်ရာပိုစ့်တစ်ပုဒ် ရေးကြပါကုန်...
၁။ ဘလာဂေါက် ကိုဇော်ဇော်မျိုးလွင် (http://www.zawzaw.com/)
၂။ မဒီဂျွန် (http://madyjune.wordpress.com/)
၃။ မြတ်ကြည် (http://thanakharmay.blogspot.sg/)
၎။ Ahthu (http://www.areal-myworld.blogspot.sg/)
၁၂ရက် ဇူလိုင်လ ၂၀၁၄ (Saturday)


မနက်အိပ်ယာနိုးတော့ မနက်စာစားဖို့ကို မမျှော်လင့်တော့ပါဘူး.. အပြင်မှာ စားဖို့ပဲ စိတ်ကူးလိုက်တယ်… ဒါနဲ့ စကာင်္ပူတုန်းက ခင်ခဲ့တဲ့ အစ်မကြီးက မဗေဒါတို့ တည်းခိုခန်းကို လာတွေ့မယ်ဆိုတော့ သူ့ကို စောင့်နေလိုက်တယ်… သူကလဲ သဘောပေါက်ပါတယ်… စောစောလာခဲ့မယ်တဲ့…

ဒီအခန်းကနေ ဒိထက် သေးတဲ့အခန်းကို ပြောင်းဖို့ ပစ္စည်းသိမ်းနေကြတာပါ...




























အဲ့ဒိနေ့မှာ မထင်မှတ်ထားခဲ့တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုကို ဟော်တယ်ဝန်ထမ်းကောင်မလေးဆီက ကြားရတယ်… အားလုံးသိပြီးရင်လဲ သိပြီးမှာပေါ့… မဗေဒါတို့ကို အခန်းပြောင်းခိုင်းတာပါ… ချက်အင်ဝင်တဲ့နေ့က ၃ည ခုအခန်းမှာနေ… နောက်ဆုံး ၁ရက်ကျမှ ဟိုဘက်က ကျဉ်းတဲ့အခန်းကို ပြောင်းဖို့ သဘောတူထားတာပါ.. ဒါပေမဲ့ မဗေဒါတို့ကို ဒီနေ့ခုပဲ ပြောင်းခိုင်းပါတယ်… မဗေဒါတို့ ချက်အင်ဝင်တုန်းက ဘိုမက သူမသိသလို မသိချင်ယောင်ဆောင်နေပါတယ် (အမှန်တော့ သူမှားပြောခဲ့တာလဲ ဖြစ်နိုင်ပါတယ်)… အစကတော့ တော်တော်လေးစိတ်ဆိုးပြီး သူတို့နဲ့ စကားများရင် များပါစေ ပြန်ပြောမလို့ပဲ… ဒါပေမဲ့ စဉ်းစားကြည့်လိုက်တော့ သူတို့ နဲ့ ပြဿနာဖြစ်လဲ ဒီဟော်တယ်မှာ နေရမဲ့ ကျန် ၂ရက်က သာယာတော့မှာမဟုတ်ဘူး… ပြီးတော့ မပြောင်းပေးရမှာလဲ မဟုတ်ဘူး… ပြောင်းပေးရမှာပဲ… ဒီတော့ မတတ်နိုင်ဘူးလေ… ပြန်ရောက်မှ Tripadvisor မှာ ကောင်းကောင်းကြီး review ရေးတာပေါ့နော်… (ရေးလဲ ရေးပြီးပြီ)… ဒါနဲ့ ကျွန်မတို့ ၃ယောက်လုံး ဘာမှ မပြောပဲ မျက်နှာတွေကတော့ နည်းနည်းထန်နေတာပေါ့… အထုတ်တွေကိုပဲ ဒေါသပုံပြီး သူတို့ကို ignore လုပ်ပြီး အခန်းပြောင်းပေးလိုက်တာပေါ့… ကိုယ့်ဆီလာလည်တဲ့ အစ်မကြီးနဲ့ သူ့အမျိုးသားတောင် ကိုယ်တွေမျက်နှာတွေဆူပုတ်နေတာ အားခပ်နာနာ… ကိုယ်တွေက အဲ့လို ဘာမှ ပြန်မပြောတော့ပဲ တည်းခိုခန်းဝန်ထမ်းတွေကိုလဲ စကားတစ်လုံးမှ မပြောပဲ ပြောင်းပေးလိုက်တော့ သူတို့ မျက်နှာတွေကတော့ အပြစ်ရှိသလိုခံစားရတဲ့ပုံစံမျိုးဖြစ်နေကြတယ်… ကျွန်မတို့ကိုလဲ နောက်ပိုင်း မျက်နှာချိုတသွေးသွေးပေါ့… ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ကတော့ သူတို့ကို တစ်စက်မှ ရီပြ ပြုံးပြမလုပ်တော့ဘူး… 

Brunch at Myeong Dong with Chicken (Jjimdak)


နောက်မှ ကိုယ်တွေကို လာတွေ့တဲ့ အစ်မကြီးတို့ စုံတွဲနဲ့ မနက်စာစားဖို့ ထွက်လာခဲ့ကြတယ်… မနက်စာစားမယ်သာပြောတာ… မနက် ၁ဝနာရီလောက်ထိုးနေပြီဆိုတော့ နေ့လည်စာပဲ စောစောစားပြီး အချိန်ကို စုလိုက်တာကောင်းပါတယ်တွေးမိတယ်… သူတို့ကလဲ ကိုယ့်ကို meal ကောင်းကောင်းကျွေးချင်တာဆိုတော့… ဟီး.. (ကိုရီးယားရောက်နေတဲ့ မြန်မာတွေ အရမ်းသဘောကောင်း အားလုံးက ထမင်းလိုက်ကျွေးမယ်ဆိုတာချည်းပဲ…) 

အဲဒိနေ့မှာတော့ ခါတိုင်းသွားနေကျ ဟော်တယ်က ထွက်ရင် ညာဘက်မချိုးပဲ ဘယ်ဘက်က ထွက်ပြီး တောင်ကုန်းဆင်းလိုက်တော့ လမ်းသွယ်တစ်ခုကိုရောက်သွားတယ်… လာလည်တဲ့ အစ်မကြီး လင်မယားကအဲ့လမ်းဘက်ကလာတာ… အဲ့လမ်းအတိုင်း ညာဘက်ကို ထက်ချိုးပြီး လမ်းမဘက်လျှောက်သွားတာနဲ့ မြုံဒုံး ဘူတာရုံ မြေအောက်ဆင်းတဲ့ အပေါက်ကို တန်းရောက်ရော… အဲဒါမှ မဟုတ်ပဲ ဟိုဘက်ကားလမ်းကူးလိုက်ရင်တော့ နာမည်ကြီး စျေးတန်း မြုံဒုံးနဲ့ နီးနီးလေ… ကျွန်မတို့မှာ မြုံဒုံးနားနီးနီးလေးနေပြီး ပထမနေ့က တစ်တောင်တက် တစ်တောင်ဆင့်နဲ့ ဘူတာရုံကို ကွေ့ပတ်သွားနေခဲ့တာ…

ဒါနဲ့ မြေအောက်ကနေလမ်းကူးပြီး အကျီင်္ဆိုင်တွေ ဖိနပ်ဆိုင်တွေကို ငမ်းရင်း မြုံဒုံးဘက်ကိုရောက်သွားရော… မြုံဒုံးဆိုတာ တကယ်တော့ လမ်းသွယ်လေးထဲမှာ စျေးဆိုင်တွေအများကြီးရှိသလို လမ်းဘေးဆိုင်တွေလဲ အစုံရှိတဲ့ နေရာလေးပေါ့… အလှကုန်၊ အကျီင်္အဝတ်အစား၊ လက်ကိုင်အိတ်၊ Accessories ၊ စားသောက်ဆိုင် အကုန်အစုံ ပြည့်ကျပ်နေတဲ့ နေရာလမ်းသွယ်လေးပေါ့… လမ်းသွယ်လေးဆိုပေမဲ့ လမ်းက တော်တော်တော့ရှည်ပါတယ်… လူတွေကလဲ ရှုပ်ရှပ်ခပ်နေတာပဲ… ရှော့ပင်းမောကြီးလိုမဟုတ်တော့ အဲ့ဒိထဲက စျေးဆိုင်လေးတွေကတော့ စျေးဝယ်လို့ကောင်းပြီး စျေးဆစ်လို့လဲ ရမယ်ထင်ပါတယ်… မဗေဒါ နောက်ဆုံးရက် ရှော့ပင်းထွက်မှ ဝယ်အုံးမယ်ဆိုတဲ့ အကျီင်္လေး ၃၊ ၄ထည်လောက်တွေ့ခဲ့တယ်… (ဒါပေမဲ့ တကယ့် ရှော့ပင်းထွက်တဲ့နေ့ကျတော့ အချိန်မရခဲ့ပါဘူး)…
Jjimdak ကြက်သားပေါင်း... မြန်မာပါးစပ်နဲ့ ကိုက်တယ်...

ဒီလိုနဲ့ ဘာစားရင်ကောင်းမလဲ ဘာကျွေးရင်ကောင်းမလဲဆိုပြီး အစက မနက်စာခပ်နည်းနည်းပဲစားမဲ့အစား နေ့လည်စာ ခပ်များများ စော စားဖို့ဖြစ်သွားတယ်… သူတို့က ကိုယ့်ပါးစပ်နဲ့လဲ ကိုက်မယ်ထင်တဲ့ ကြက်သားပေါင်းလိုလိုရောင်းတဲ့ဆိုင်ကို တက်သွားတယ်… အဲဒိအစားအစာကို Jjimdak လို့ခေါ်တယ်တဲ့… သူက ကြက်သားပေါင်းကို ပဲငံပါရည်နဲ့ တခြား ပဲကြာဇံတွေ၊ အာလူးတွေ၊ ကြက်သွန်မိတ်တွေနဲ့ နူးအိနေအောင် ချက်ထားတာလေ… သူ့ကို ပန်းကန်အကြီးကြီးနဲ့ တည်ခင်းဧည့်ခံလေ့ရှိတယ်… အုပ်စုလိုက်စားရတဲ့ အစားအစာပေါ့… မဗေဒါတို့ အသိအစ်မကြီးရဲ့ အမျိုးသားက အဲဒိမှာကြာပြီဆိုတော့ သူပဲ မှာပေးတာပဲ… ကိုယ်က Spicy beef and Leek soup ဆိုတာလေးတွေ့တော့ စလုံးနဲ့ တူမတူသိချင်မိတာနဲ့ မှာမိသေးတယ်…. (ဒါပေမဲ့ တကယ်ရောက်လာတော့ သူ့အမဲသားက အတော်လေး ညှီတယ်ပဲပြောရမလား…. လပ်တယ်ပဲပြောရမလားတော့ မသိဘူး… စားလို့မရတဲ့အဆင့်ထိတော့မဟုတ်ပါဘူး… စားလို့တော့ရပါတယ်။ ဒါပေမဲ့ စလုံးက Spicy Beef Soup ကို တော့ပိုကြိုက်တယ်… စားလိုက်ကြ စကားပြောလိုက်ကြနဲ့ ဗိုက်ကို ပြည့်တင်းသွားတာပဲ…. ၁ဝနာရီ ၄၅ လောက်ကျမှ စကားပြောကောင်းနေပေမဲ့ ဖြတ်ပြီး အဲဒိနေ့အတွက် ခရီးစဖို့ပြင်လိုက်တယ်…
သွားချင်တဲ့ နေရာတွေက ခပ်ဝေးဝေးတွေလေ… Petite France နဲ့ Nami Island နဲ့ကိုပေါ့…


Korean beek and leek soup

Petite France နဲ့ NamiSeom Island ကိုသွားဖို့စိတ်ကူးရှိရင်တော့ အဲဒိ ၂နေရာကို တစ်ရက်ထဲသွားဖို့ အကြံပြုလိုပါတယ်… သူတို့ ၂နေရာက ဆိုးလ်နဲ့တော်တော်လေးဝေးပြီး သူတို့ချင်းကျတော့ လမ်းကြုံတယ်လို့ပြောလို့ရတယ်… သူတို့ ၂နေရာကိုသွားတဲ့ Shuttle bus ရှိတယ်…



ဘယ်လိုသွားရသလဲဆိုရင်တော့…


မဗေဒါရှာသွားတဲ့ Research မှာတော့ သူက Nami Island ကိုအရင်သွားပြီးမှ Petite France ကိုသွားတယ်… ဘာလို့လဲဆိုတော့ သူက Insadong ကနေ Nami Island သဘောင်္ဆိပ်ကိုတိုက်ရိုက်ရောက်တဲ့ Shuttle Bus ကို အသွားမှာစီးသွားပြီး အပြန်ကျမှ Gapyeong shuttle bus ကိုစီးပြီး Petite France ကိုသွားတာ…

မဗေဒါတို့ကတော့ ရထားစီးသွားပြီး CheongPyeong ဘူတာကနေမှ Gapyeong Shuttle Bus ကို စီးတော့ Petite France ကိုအရင်ရောက်လို့ အဲ့ဒိကို အရင်ဝင်လိုက်တာ… ဒီတော့ စောစောကပြောတဲ့အတိုင်းပဲ GyeongChun လိုင်းပေါ်မှာရှိတဲ့ CheongPyeong ဘူတာကိုစီးရမယ်… တော်တော်လေးကြာကြာစီးရတယ်… MyeongDong ကနေ ၂နာရီလောက်ကို ရထားစီးရတယ်… (ပြီးတော့ပြောချင်တာက အဲဒိနေရာတွေသွားမယ်ဆို ကြားရက်ကို ဦးစားပေးပြီးသွား… မဗေဒါတို့သွားတာ စနေနေ့ဆိုတော့ သူတို့ လိုကယ်တွေက Nami Island ကို ညအိပ်ခရီးသွားလေ့ရှိတော့ ရထားကြပ်သလို အဲဒိနေရာတွေမှာလဲ လူရှုပ်တယ်။ By the way, ခုပြနေတဲ့ Discovery of Romance မှာတောင် ပိတ်ရက်မှာ အဲဒိကို ခရီးထွက်ကြတဲ့အခန်းပါသေး)… 


ဘူတာရုံ


CheongPyeong ဘူတာကိုရောက်ရင်တော့ လူတော်တော်များများထွက်တဲ့ဘက်ကို လိုက်ထွက်ပေါ့… (ဒါနဲ့ အဲဒိမှာ T-Money card ကို ဝမ် ၅ထောင် ထပ်ထည့်ဖြစ်တယ်… အဲဒိနေ့က ထည့်တာနောက်ဆုံးပဲ… ကိုရီးယားခရီးစဉ်အားလုံး စုစုပေါင်း T-Money Card ခ ၂သောင်းခွဲပဲကုန်တယ်… ကြားမှာ တိုက်စီစီးတာတွေ မပါ)… ထွက်ပေါက်က ဘယ်နဲ့ညာ ၂ပေါက်ပဲရှိပါတယ်… ကိုယ်ထွက်တဲ့ဘက်မှန်တယ်ဆိုရင် အဲဒိအပြင်ဘက်မှာ Gapyeong Tourist Information Center လေးရယ် ဘတ်စ်ကားဂိတ်လေးရယ်တွေ့လိမ့်မယ်…


CheongPyeong Shuttle bus stop က information board

MyeongDong ကနေ CheongPyeong ကို ရထားစီးရင် ရထားပေါ်က အကြောင်းပြောပြချင်သေးတယ်… ရထားက ကျပ်လဲကျပ်တယ်၊ နေရာလဲ ထိုင်စရာမရဘူး… ဒီလိုပဲ မတ်တပ်စီးလာတာပေါ့… ကြားမှာလဲ ဘူတာပြောင်းရသေးတယ်… ဘူတာပြောင်းစီးတော့လဲ သိတဲ့အတိုင်းပဲ…. သူတို့ ဘူတာဆိုင်းဘုတ်တွေက ရှုပ်တယ်… ရထားလိုင်းရှုပ်တာက ဖြည်းဖြည်းကြည့်လို့ရသေးတယ်… ဟိုပလက်ဖောင်းမှာလဲ ကိုယ်သွားချင်တဲ့ဘူတာနာမည်တွေ့တယ်၊ ဒီပလက်ဖောင်းမှာလဲ ကိုယ်သွားချင်တဲ့ ဘူတာနာမည်တွေ့နေတယ်…. အဲဒါဆို ဘယ်ဟာကို ဘယ်လိုကြည့်မှန်းကို မသိတော့ဘူး… နောက်ဆုံး မသိတော့လို့ အဲဒိမှာ လမ်းလျှောက်လာတဲ့ လူငယ်ကောင်လေး ၂ယောက်ကို “CheongPyeong?” လို့ ပြောတော့ သူက “Up, Left, cross” ဆိုပြီး အရမ်းကို အသုံးဝင်တဲ့ အင်္ဂလိပ်စာလုံး ၂လုံးရယ်၊ လက်ဟန်နဲ့ လက်ညှိုးရယ်နဲ့ ပြတော့ တော်တော်လေး ကျေးဇူးတင်ရမယ် ဒီလောက်ပြောတတ်တာကိုပဲ ကျေးဇူးတင်မိတယ်။ ပလက်ဖောင်းက ဟိုဘက် ပလက်ဖောင်းတောင်မဟုတ်ဘူး… အပေါ်ကို လုံးဝပြန်တက်ပြီး တံတားဖြတ်ပြီး ပြန်ဆင်းရတယ်… ဒါပေမဲ့ အပေါ် Control Station နားပြန်ရောက်တော့ ဆိုင်းဘုတ်ရေးထားတာ ကိုယ့်အတွက် ရှင်းရှင်းလင်းလင်းပိုရှိလာတယ်… ဟိုဘက် ပလက်ဖောင်းရောက်တော့ ကိုရီးယားမ ခပ်ငယ်ငယ်လေးတွေ အုပ်စု ရီလိုက် မောလိုက်လုပ်နေကြတယ်… သူတို့ကလွဲလို့လဲ တခြားသူမေးစရာမရှိဘူး… သေချာအောင်လို့ သူတို့ကို မေးတော့ မိန်းကလေးတွေဆိုတော့ ယောကျာင်္းလေးတွေကို မေးရသလို သိပ်မကောင်းဘူး… လူက သွားခေါ်လိုက်ရင် သူတို့ပုံစံက “ဘာလဲ?” ဆိုတဲ့ ရန်ကြည့်လိုလို…. အင်္ဂလိပ်လို မပြောတတ်လို့ပဲ ရှက်ပြီး ကြောက်ပြီး စကားမပြောချင်သလိုလိုဖြစ်တယ်… စောစောက ကောင်လေးဆိုလဲ သူတို့နဲ့ ရွယ်တူလောက်ပါပဲ… ကိုယ်သွားချင်တာကို ပြောလိုက်… သူတတ်နိုင်သလောက်နဲ့ ကြိုးစားပြောတယ်… ရှိန်သွားတာမျိုး ကြောက်သွားတာမျိုး မရှိဘူး… ဒါပေမဲ့ စစချင်းပဲ အဲ့လိုဖြစ်ပေမဲ့ ကျွန်မတို့က CheongPyeong? လို့မေးတော့ နည်းနည်းလေးကြောင်နေပြီးတော့မှ ခေါင်းပြန်ညိမ့်ပြတယ်… 


လမ်းမှာရထားပြောင်းစီးရတဲ့နေရာ...

ရထားပေါ်ရောက်တော့ နေရာလဲမရဘူး တစ်လမ်းလုံးမတ်တတ် ကျွန်မတို့က မြေပုံထုတ်ကြည့်လိုက် ရောက်ပြီးလား မရောက်သေးဘူးလား စကားပြောလိုက်နဲ့ဆိုတော့ ဘေးနားက အင်္ဂလိပ်လိုပြောတတ်တဲ့ ကိုရီးယားတစ်ယောက်က “May I help u? Where are you going?” ဆိုပြီး စမေးလာတယ်… သူကတော့ ကိုရီးယားအသံဝဲပေမဲ့ အင်္ဂလိပ်လို အတော်လေးပြောတတ်တယ်။ ကျွန်မတို့က CheongPyeong သွားမှာဆိုတော့ ရောက်ရင်သူပြောပြမယ်တဲ့… အဲဒိလူနဲ့ စကားပြောနေတာကို ကျွန်မတို့ ရှေ့က ခုံမှာ ထိုင်နေတဲ့ ကကြီး အသက်ခပ်ကြီးကြီး အဖိုးကြီးကလဲ ကျွန်မတို့နဲ့ စကားပြောချင်တာနဲ့ ကိုရီးယားလိုတွေ အတင်းဝင်ပြောတော့တာပဲ… သူက အင်္ဂလိပ်လိုလဲ တစ်လုံးမှ မတတ် ဒါပေမဲ့ သူမေးတဲ့ မေးခွန်းတစ်ချို့တော့ ကိုယ်သိသလောက် ကိုရီးယားစကားနဲ့ ဆက်စပ်တွေးပြီး မှန်လား မမှန်လားတော့မသိဘူး ပြန်ဖြေပါတယ်။ ဘယ်ကလာတာလဲမေးတာပေါ့… ဘယ်သွားမလဲမေးတယ်… ကျန်တာတော့ ဘာတွေပြောမှန်းမသိ ကိုယ်လဲ သူနားလည်အောင် ဘယ်လိုပြန်ပြောရမလဲ မသိတော့ ဒီလိုပဲ ပြူးကြည့်နေလိုက်တယ်… သူ့ဘေးမှာ နေရာတစ်နေရာလွတ်သွားတော့လဲ ရထားက လူကျပ်နေတဲ့အထဲမှာမှ ကျွန်မအစ်မကို အတင်းလာထိုင်ခိုင်းတယ်…

အဲဒိမှာ ရီစရာတစ်ခုဖြစ်တာက ဘာလဲဆိုတော့… တစ်ဘူတာအရောက် သိပ်စိတ်မနှံ့တဲ့ အမျိုးသမီးတစ်ယောက်တက်လာတယ်… အဲဒိအဖိုးကြီးရဲ့ တစ်ဘက်မှာထိုင်နေတဲ့ ကိုရီးယားမလေးကို တို့ပြီး နေရာဖယ်ခိုင်းတယ်… သူကလဲ ကျွန်မတို့ ရပ်နေတဲ့ ရှေ့ခုံပေါ့နော်… ဟိုကောင်မလေးကလဲ ပြဿနာမတက်ချင်လို့ ဖယ်ပေးလိုက်တယ်… အဲဒိ စိတ်မနှံ့တဲ့ မိန်းမကြီးက စောစောက စကားများတဲ့ အဖိုးကြီးနဲ့ တစ်ဖက်က နည်းနည်း ကြီးကျယ်တဲ့ပုံစံမျိုးရှိတဲ့ သားသားနားနား အဖြစ်သည်း ကိုရီးယားအတွဲ ၂ယောက်ရဲ့ ကြားနေရာမှာ ဝင်ထိုင်တာပေါ့… သူ့မှာ သကြားလုံးတွေအများကြီးပါလာတယ်… သကြားလုံး Packing ကြီးကို ဖောက်ပြီး ကျွတ်ကျွတ်အိတ်ထဲလောင်းထည့်တယ်… ဘေးက အဖြစ်သည်းအတွဲကလဲ သူ့ကောင်မကို အဲ့မိန်းမကြီး လာလာထိရင် သူ့ကောင်မလေးကလဲ နွဲ့ပြ အဲ့ကောင်ကလဲ သူ့ကောင်မလေးကို သူ့ဘက်ဆွဲပေါ့… ပြီးတော့ အဲ့အဖွားကြီးက သူ့သကြားလုံးတွေကို တော်တော်လေးလဲ အဖြစ်သည်းတယ်… လူတွေကို သူ့သကြားလုံးလုစားမှာစိုးတဲ့ပုံစံနဲ့ အားလုံးကို ဂြိုလ်ကြည့်ကြည့်တာ… ဒါပေမဲ့ စောစောက ကျွန်မတို့ကို စကားတွေများနေတဲ့ အဖိုးကြီးကိုကျတော့ သူ့သကြားလုံးတွေ ထုတ်ပေးတယ်… အဖိုးကြီးက စိတ်တွေတို… ခေါင်းခါပြတာလဲ အဲ့မိန်းမကြီးက သူ့ကျတော့ အတင်းပေး… အဖိုးကြီးက အမြင်တွေကပ်နေတဲ့ပုံစံနဲ့… အဖိုးကြီးက ကျွန်မတို့ နိုင်ငံခြားသားတွေရှေ့ဆိုတော့ ရှက်လဲရှက်ပုံရတယ်… စိတ်မနှံ့တဲ့ အဖွားကြီးကတော့ ဘယ်သူ့မှ ဂရုမစိုက် Fighter ပုံနဲ့ အဖိုးကြီးတစ်ယောက်တည်းကိုပဲ သူ့မုန့်တွေ ပေးနေတာ… အဖိုးကြီးလဲ ကျွန်မတို့ကို လာစကားမများနိုင်တော့ဘူး…. (အဲသလို ဆမ်းပွင့်တာ… ခွိ)…

ဒါနဲ့ နေ့လည် ၁နာရီ ၁၅ မိနစ်လောက်မှာ CheongPyeong ဘူတာ (Gapyeong ဘတ်စ်ကားဂိတ်) ရောက်တော့ ထွက်ပေါက်မှားထွက်လို့ နောက်တစ်ပေါက်ကိုပြန်သွားရတယ်… ဘူတာထဲကထွက်ပြီး တွေ့နေရတဲ့ ဘတ်စ်ကားဂိတ်ဘက်ကို လျှောက်ရင်းမှ ဟိုဘက်နားက Tourist Information Centers အဆောင်လေးကိုတွေ့လို့ သွားမေးကြတယ်… အဲဒိမှာ Petite France နဲ့ Nami Island နဲ့ ပတ်သတ်တဲ့ အချက်အလက် စာစောင်တွေယူလို့ရတယ်… Hop-on bus ဆိုတော့ ကြိုက်သလောက်စီးလို့ရတယ်… သူက ၁မှတ်တိုင် ၁ဝခုကို သွားတယ်…



CheongPyeong shuttle bus stop ရှေ့က ရှူခင်း

၁၀ မိနစ်လောက် စောင့်ပြီး ဘတ်ကားလာမှ Driver ကို ဝမ် ၅ထောင်ပေးရတယ်… တိုးရစ်ဂိုက်လိုမျိုး ဝတ်စုံဝတ်ထားတဲ့ စပယ်ယာလိုမိန်းမတစ်ယောက်လဲပါတယ်… သူကတော့ တိုးဂိုက်တွေလိုပဲ ကားပေါ်မှာ မိုက်နဲ့ ရှင်းတယ်… ကိုရီးယားလိုအရင်ရှင်းတယ်… ပြီးမှ ကျွန်မတို့လို နိုင်ငံခြားသားတွေပါလာမှန်းသိလို့ အင်္ဂလိပ်လို ကြိုးစားပြီးပြောတယ်… သူအင်္ဂလိပ်လိုမပြောလဲ ကျွန်မတို့အတွက် ကိစ္စမရှိပေမဲ့ သူ့အလုပ်ကို အလေးထားပြီး customer တွေအပေါ် နိုင်ငံခြားသားအပေါ် သူ့နိုင်ငံအကြောင်းပြောပြချင်တဲ့ စိတ်ကို ချီးကျူးမိတယ်… အင်္ဂလိပ်လိုသိပ်မပြောတတ်ပေမဲ့ လူနားလည်နိုင်တဲ့အထိတော့ ပြောတတ်ပါတယ်… CheongPyeong Station ကနေ Petite France ကို ၃ဂိတ်ပဲစီးရတယ်… ၃ဂိတ်ဆိုပေမဲ့ အထင်မသေးနဲ့ မိနစ် ၂၀-၃ဝလောက် စီးရတယ်…. လမ်းတွေက ကွေ့လိုက် ကောက်လိုက်နဲ့မို့ မူးတတ်တယ်လို့တောင် သတိပေးထားတယ်… ဟုတ်တယ်… မဗေဒါတို့လဲ မူးပြီး ကားပေါ် အိပ်ပျော်သွားလိုက် နိုးလိုက်ပဲ… ဟီး….

အစကတော့ Research ရှာထားတဲ့သူတွေလိုပဲ Nami Island ကိုအရင်သွားမယ်။ ပြီးမှ Petite France သွားမယ်စိတ်ကူးထားတာ… ဒါပေမဲ့ ဂိုက်မိန်းမက ခု Petite France ရောက်ပါပြီဆိုပြီးပြောတော့ ကျွန်မတို့လဲ ရောက်နေမှတော့ ဒီပဲအရင်ဝင်လိုက်မယ်လို့ ဆုံးဖြတ်ပြီး ဆင်းဖြစ်သွားတာ…


Experiencing Petite France

Petite France ဂိတ်ဝရောက်ပြီ

ဝင်ဝင်ခြင်းတွေ့ရတဲ့နေရာ.. ပုံထဲက ကောင်မလေးရပ်နေတဲ့ Transparent ဗုံးကြီးက My love from another stars ထဲက မင်းသမီးလေပေါ်မြောက်သွားတဲ့ ပုံစံမျိုး ရိုက်လို့ရအောင် လုပ်ထားတာ...


Petite France က Secret Garden မှာ ဟရွန်ဘင်း ဟာဂျီဝန်းကို ရိုက်ကွင်းမှာ သိုင်းချလေ့ကျင့်နေတာတွေ့ပြီး မြင်မြင်ချင်း ချစ်သွားတဲ့ အခန်းရိုက်ခဲ့တဲ့နေရာ၊ နောက်ပြီး Running Man episode 40 ရိုက်ခဲ့တဲ့နေရာ၊ နောက်ပြီး ခုနောက်ဆုံးမှာမှ အရမ်းကို နာမည်ကြီးနေတဲ့ ဇာတ်ကား “My love from another star (aka) You who come from stars” မှာ မင်းသားက မင်းသမီးကို လေထဲမြောက်အောင်လုပ်လိုက်ပြီးမှ နမ်းလိုက်တဲ့ နေရာ၊ စတဲ့ တခြားကားတွေလဲ အများအပြားရိုက်ခဲ့ဖူးတဲ့နေရာလေးပေါ့… အဲဒိနေရာလေးက ရုပ်ရှင်တွေရိုက်ဖူးတဲ့ ရိုက်ကွင်းမဟုတ်ဘူးဆိုရင်တောင် မဗေဒါအတွက်တော့ သွားချင်မိမဲ့နေရာလေးပါပဲ… ဝင်ကြေး ပုံမှန်အားဖြင့် ဝမ် ၈ထောင် ပါ… ကျွန်မတို့က Discount coupon သုံးတော့ ဝမ် ၆ထောင်ပဲ ပေးရပါတယ်… သူက French cultural village လေးဖြစ်ပြီး French style အဆောက်အဦး ၁၆လုံးနဲ့ တည်ဆောက်ထားတဲ့ ရွာငယ်လေးသဘောပေါ့… အဲဒိကိုလာလည်တဲ့သူတွေက အဲဒိမှာ နေလို့လဲရတယ် ပြင်သစ်အစားအစာတွေနဲ့ ရိုးရာဝတ်စုံတွေ ဝတ်ပြီး အတွေ့အကြုံခံစားလို့ရတယ်.. အဲဒိရွာလေးထဲမှာ Le Petit Prince (1943) ကိုရေးခဲ့တဲ့ စာရေးဆရာ Saint-Exupery အတွက် အမှတ်တရ ဟောခန်းလဲထားရှိထားတယ်… အဲဒါကြောင့် အဲဒိနေရာကို Little Prince theme park လို့လဲခေါ်ကြတယ်… အဲဒိမှာ ရုပ်ထုတွေ၊ ပန်းချီကားတွေ ပြထားသလို အမွှေးနံ့သာတွေနဲ့ အားဆေးတွေနဲ့ တခြား လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်တွေလဲရှိတယ်… ရုပ်သေးကပြဖျော်ဖြေရေးတွေလဲ အချိန်နဲ့အလိုက်ရှိတယ်တဲ့…



အီဖယ်မျှော်စင် အသေးစား


Prince လေးနဲ့ အတူ...


ဒီဝတ်စုံကို မှတ်မိကြလား? ဘယ်ကားမှာ ဘယ်သူဝတ်တာလဲဆိုတာ... ဟီး...


သူတို့ ၂ယောက်ကတော့ ခုလောလောဆယ် ကိုရီးယားမှာ နေရာတကာတွေ့နေရတာပေါ့...

ဒါပေမဲ့ ရွာလေးက တကယ်တော့ သေးသေးလေးပါ… သေးသေးလေးကိုပဲ ဒီဇိုင်းကောင်းကောင်း အဆောက်အဦးလေးတွေ လှေကားထစ်လှလှလေးတွေနဲ့ နေရာ အလေအလွင့်မရှိဆောက်ထားတာပါ… အဲဒိထဲက တည်းခိုခန်းကတော့ နေထိုင်သူ အယောက် ၂ဝဝလောက် တည်းခိုလို့ရမဲ့ အခန်း ၃၄ ခန်းပဲရှိပါတယ်တဲ့… အခန်းတွေကတော့ ၄ယောက်ခန်းကနေ ၁ဝယောက်ခန်းအထိရှိပါတယ်တဲ့… ပြင်သစ်သီချင်းသံသဲ့သဲ့ ရွာလုံးပြန့်နေတဲ့ ပြင်သစ်ရွာငယ်လေးက မဗေဒါအတွက် စိတ်ဝင်စားစရာကောင်းသလို ဓာတ်ပုံရိုက်လို့လဲ အတော်ကောင်းခဲ့ပါတယ်… လူတော့ ရှုပ်တဲ့အတွက် စိတ်တော့ နည်းနည်းရှုပ်ရသလို၊ ဓာတ်ပုံရိုက်မယ်ဆိုရင်လဲ အမြန်ရိုက်ရတာလေးတစ်ခုပဲ စိတ်ထဲဘဝင်မကျပါဘူး…

Petite France မှာ မဗေဒါတို့ မိနစ် ၅ဝလောက်ပဲ အချိန်ယူဖြစ်တယ်… ဘာလို့လဲဆိုတော့ အားလုံးသတိထားသင့်တဲ့အချက်လေးကတော့ အဲဒိ Shuttle Bus က ၁နာရီခြားတစ်ခါပဲ လာတယ်တဲ့… တကယ်လို့ ၁နာရီမှာ တကားလွတ်သွားရင် နောက်ထပ် ၁နာရီထပ်စောင့်နေရလို့ရှိရင် Nami Island အချိန်မမှီမှာစိုးလို့ပါ… အမှန်တော့ Petite France က အေးဆေးနေချင်တယ်ဆိုရင်တော့ အများဆုံး ၂နာရီလောက်နေရင် လုံလောက်ပါတယ်… ကိုယ်ကတော့ ၁နာရီလောက်ပဲဆိုတော့ နည်းနည်းလေးတော့ Rush တာပေါ့နော်… ကိုယ်က Seoul က ထွက်လာတာကိုးက နည်းနည်းနောက်ကျသွားတာကိုး…
ဒီလိုနဲ့ ကိုယ်ဆင်းခဲ့တဲ့ မှတ်တိုင်ရှိတဲ့ ကားလမ်းဘက်ပဲပြန်စီးရတာပေါ့.. ကိုယ်က ဆက်သွားချင်တာလေ… ပြန်မှာမှ မဟုတ်တာ.... Common sense, Right? … 
အဲ့လှေကားလေးနဲ့ အိမ်လေးတွေ သိပ်အသည်းယားဖို့ကောင်းတာပဲ...

ပန်းအ၀ါလေးတွေ လှတယ်နော်... (လူမပါ)...
Petite France ရောက် ပန်းသုံးပွင့် (ခိခိ)

မီးကတော့ ဒီလိုပဲ ရိုက်တာပဲ...

Gopro Wide angle...


မှတ်တိုင်ကတော့ သိတဲ့အတိုင်းပဲ တန်းမစီကြသလို၊ နားလည်မှုနဲ့ အရင်ရောက်နေတဲ့သူကို အရင်ဆိုပြီး နားလည်ပေးမဲ့ သဘောလဲမရှိဘူးဆိုတာ လူတွေကြည့်တာနဲ့ သဘောပေါက်သွားတယ်… ကိုယ်ကလဲ နေရာမရမှာစိုးတာရော ကားလွတ်မှာစိုးတာရောကြောင့်တောင် Petite France မှာနေချင်ရက်နဲ့ အမြန်ပြန်ထွက်လာရတာ… တချို့နောက်မှရောက်လာတဲ့အတွဲတွေကလဲ ဘတ်ကားတိုးတက်မယ်ဆိုတာ သိသာတာမှ သူတို့ရပ်နေတာ လမ်းမပေါ်တောင် ရောက်တော့မယ်… ဒီတော့ ကိုယ်တွေလဲ အသင့်ပြင်ရတော့တာပေါ့… ကိုရီးယားက ယောကျာင်္းလေးတွေကလဲ ကိုရီးယားကားလွှမ်းမိုးလို့လား ဒါမှမဟုတ် ကိုရီးယားကားကပဲ သူတို့နိုင်ငံက အပြင်ကယောကျာင်္းတွေကို အတုခိုးရိုက်တာလားတော့ မသိဘူး… သူတို့ ကောင်မလေးတွေကို အဖြစ်သည်းပြ…. ကောင်မလေးတွေကလဲ Act Cute လုပ်ပြနေကြနဲ့… ဘတ်စ်ကားလာတော့လဲ သူတို့ကောင်မတွေကို တိုးမှာစိုးလို့ ကာပေးတာကို အပြစ်မပြောလိုပေမဲ့… သူတို့အားကြီးတွေနဲ့ ကိုယ်တွေကို တိုးတာကတော့ လုံးဝ လက်မခံနိုင်ဘူး… အေး… ငါကတော့ Act Cute လုပ်နေမှာမဟုတ်ဘူး… သူတို့ကလဲ နောက်မှရောက်လာသေးတယ်… ကားလာတော့ ကိုယ့်ကို အတင်းလက်နဲ့ပိတ်ကာထားပြီး သူ့ကောင်မတက်လို့ရအောင် လုပ်တာကတော့ လွန်သွားပြီ… အစက ကိုယ်က တိုးဖို့စိတ်ကူးမရှိပါဘူး… တိုးဖို့စိတ်ကူးမရှိဘူးဆိုပေမဲ့ ကိုယ်လဲ ကိုယ်ရပ်နေတဲ့နေရာကနေ တော့ အချိန်တန် ဝင်ရမှပေါ့… အဲလိုမဟုတ်ပဲ ကိုယ်ရပ်နေတဲ့ နေရာဘက်ကို လက်နဲ့ ကာထားပြီး ဟိုဘက်ကနေ သူတို့လူတွေကို တင်နေတာကတော့ မလွန်ဘူးလား… ရတယ်လေ… သူတို့က ဒီလို တိုးတက်တဲ့ Game play ချင်တာလား… မြန်မာပြည်က မရပ်တဲ့ ဘတ်စ်ကားတွေ ချွေးနံ့ပြင်းပြင်း လူတွေနဲ့တောင် လုယက်တိုးတက် လာတာ… စိန်လိုက်ပေါ့… ဒါနဲ့ ကျွန်မလဲ အဲဒိ ကာထားတဲ့ကောင်လက်ကို အတင်းတိုးပြီး သူ့ကောင်မလေးကိုပါ တိုက်ပြီးတက်သွားလိုက်ရော… အဲဒိကောင်က (ဂျင်းကြာ…. ဂျင်းကြာ….. OMO) ဆိုတဲ့ လေသံမျိုးအော်ကျန်ခဲ့တယ်… (တကယ်ပဲ… တကယ်ပဲ… အံ့ရော… အရှက်မရှိတဲ့ မိန်းမကြီး) ဆိုတဲ့ အထာပေါ့… သူအတ္တလာကြီးနေတာကျ မမြင်ဘူး… (တကယ်ပါပဲ… မဗေဒါလဲ အဘွားကြီးဖြစ်လာလို့လားမသိပါဘူး… ဒါပေမဲ့ ခရီးသွားရင် local တွေနဲ့ ပြဿနာမတက်တာအကောင်းဆုံးပဲ… မဗေဒါလုပ်သလို လိုက်မလုပ်ကြနဲ့နော် :P )…



Running man episode 40 မှာ Kwan Soo နဲ့ Joong Kook ပိတ်မိနေတဲ့အိမ်လေ... ပြီးတော့ Kwan Soo ကို ဖမ်းမိသွားတယ်... 

အဲလို တိုးတက်တဲ့ အကျိုးကျေးဇူးကြောင့် ကျွန်မတို့ နေရာရခဲ့ပြီး နောက်ထက် တောင်တက်လမ်းကွေ့တွေကို အေးဆေးထိုင်ပြီး စီးခဲ့ရပါတယ်… မဟုတ်ရင်တော့ တစ်လမ်းလုံးတောက်လျှောက်ရပ်ပေတော့ပေါ့… Petite France ကနေ Nami Island သွားတဲ့ ဇက်ဆိပ်ကို မိနစ် ၃ဝလောက် စီးရပါတယ်… တောင်ပတ်လမ်းတွေပါ…



Zip Wire experience and Nami Island


Nami Island ရောက်ပြီ

Zip-Wire စီးကြရအောင်...

ညနေ ၃နာရီ ၂ဝလောက်မှာ ကျွန်မတို့ နာမီကျွန်း စက်ဆိပ်ကိုရောက်ပါတယ်… နာမီကျွန်းဘက်ကို ကူးဖို့ ၂ နည်းရှိပါတယ်… တစ်နည်းကတော့ ၁ဝမိနစ်ခန့်ရိုးရိုး သဘောင်္စီးပြီး ကူးခြင်ဖြစ်ပြီး… စိတ်လှုပ်ရှား စွန့်စားရတာကို ကြိုက်တဲ့သူတွေအတွက် နောက်တစ်နည်းကတော့ Zip wire စီးပြီး အောက်က ရေပြင်တွေပေါ်ကနေ ပျံသန်းသွားတဲ့အလား ကြိုးတန်းနဲ့ ခြေလွတ် လက်လွတ်ကူးတာပါ… (၂မိနစ်လောက်ပဲ ကြာပါတယ်)…
အားလုံးသိပြီးတဲ့အတိုင်းပါပဲ စွန့်စားရတာ စီးရတာကြိုက်တဲ့ ကျွန်မတို့တွေ Zip-Wire နဲ့ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်… zip-wire စီးဖို့ ဝမ် ၃သောင်း ၈ထောင်ပေးရပါတယ်… ရိုးရိုးသဘောင်္နဲ့ကူးရင် အသွားအပြန် ဝမ် ၁သောင်းလို့ပြောပါတယ်…


မိနစ် ၄၀လောက်တော့စောင့်ရတယ်... 

စောင့်နေတုန်းက မိုးဖွဲဖွဲလေးတွေရွာလာလို့ စိတ်ပူရသေးတယ်...

ကိုယ်တို့ စီးကလှည့်ရောက်ပြီ... ဒါပေမဲ့ ၂ယောက်ပဲ အများဆုံးစီးလို့ရတယ်... သူတို့ ၂ယောက်အရင်သွား ကိုယ်ကတော့ တစ်ယောက်တည်း နောက်မှလိုက်...



ဟောသလို စီးခဲ့တာပေါ့... စီးရတာ မ၀ဘူး...
Photo source from (http://english.visitkorea.or.kr/enu/SI/SI_EN_3_1_1_1.jsp?cid=264244&nearBy=site)

Zip-wire Package မှာ Nami Island ဝင်ကြေးရယ်၊ အသွား zip-wire တစ်ကြောင်းကြေးနဲ့ အပြန် သဘောင်္ကြေးပါပြီးသားဖြစ်ပါတယ်… Nami Island ဆိုတာကတော့ နာမည်ကြီး ဇာတ်လမ်းတွဲ Winter Sonata ရိုက်ကူးအပြီးအမှား ဝက်ဝက်ကွဲ လာလည်သူများလာတဲ့ ကျွန်းလေးပါ… သစ်ပင်တွေ ညီနေအောင် စီတန်းထားတဲ့လမ်းလေးကိုက မျက်လုံးအမြင် ပသာဓကောင်းလှပါတယ်… နာမီကျွန်းဟာ ရာသီတိုင်း သူ့ဟာနဲ့သူ အမြဲလှနေပါတယ်… ဆောင်ရာသီ သစ်ပင်ရိုးတွေနဲ့ နှင်းတွေ၊ နွေဦးရာသီမှာ ချယ်ရီပန်းတွေလှိုင်လှိုင်ပွင့်တဲ့ နေရာ… ကျွန်မတို့ ခုရောက်ခဲ့တဲ့ နွေရာသီမှာတောင် သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ သာယာနေဆဲပါပဲ… ကိုရီးယားခရီးစဉ်ထဲမှာ နာမီကျွန်းဟာ စိတ်ကို ချမ်းမြေ့ပြီး ရှုခင်းလှတဲ့ နေရာတစ်ခုအနေနဲ့ ကျွန်မ အမှတ်ရနေမှာပါ… (အပေါ်မှာပြောခဲ့သလိုပဲ ခုပြနေတဲ့ ဇာတ်လမ်းတဲ့ Discovery of Romance episode 12 မှာလဲ နာမီကျွန်းပေါ်ရိုက်တဲ့အခန်းတွေ ပါပါတယ်)…

သစ်ပင်တန်းလမ်းရဲ့ အစ...

နာမီကျွန်းအလည်မှာ သစ်ပင်တန်းကြီးနဲ့ လမ်းကအဓိကရှိသလို အဲဒိသစ်ပင်တန်းကြီး ဘေးဘက်ကို ဖောက်ထွက်သွားမယ်ဆိုရင်လဲ ကျွန်းအပြင်ပတ်လမ်းလို့ပြောလို့ရမဲ့ ရေကန်ဘေးက သစ်ပင်တန်းနောက်တစ်ခုနဲ့ လမ်းကိုရောက်ပါမယ်… အဲဒိလမ်းပေါ်မှာတော့ စုံတွဲစက်ဘီးလေးတွေ စီးကြသူများပါတယ်… အဲဒိ သစ်ပင်တန်း ၂ခုကို အလည်က ခြားထားတဲ့ စတုရန်းကိုက် 316,320 ကျယ်တဲ့ မြက်ခင်ပြင်မှာ ငှက်ကုလားအုပ်ကြီးတွေ မွေးထားပါတယ်… အဲဒိကျွန်းမှာ ကျောင်းသားတွေအတွက် လေ့လာရေးခရီးအစီအစဉ်၊ camping site၊ ရေကူးကန်နဲ့ တခြား ရေပေါ်ကစားနည်း ဝန်ဆောင်မှုတွေလဲရှိတဲ့အပြင် ညအိပ်ဖို့အတွက် Resort Villa နဲ့ ဘန်ကလိုတွေလဲရှိပါတယ်…
ဘေးဘက် သစ်ပင်တန်းပေါ်မှာ ဘောလုံးအဖြူလေးတွေ အလှဆင်ထားတာလဲ တမျိုးလေး လှပါတယ်...


လုံးဝ ဘေးကို ထွက်လိုက်ရင် ဟောဒီလို မြက်ခင်းပြင်ရှိတယ် (စောစောက သစ်ပင်တန်းက ညာဘက်မှာပေါ့).

အလွေပါ့...

ငှက်ကုလားအုတ်တွေလဲရှိတယ်..

Winter Sonata အဓိကဇာတ်ဝန်ခန်းနေရာတွေဖြစ်တဲ့ မင်းသားနဲ့ မင်းသမီး snowman ကြီးဆောက်ပြီး ပထမဆုံး နမ်းခဲ့တဲ့ အခန်းရိုက်တဲ့နေရာမှာလဲ Snow man အကြီးကြီးရှိပြီး ရုပ်ရှင် အဖွဲ့သားတွေရဲ့ လက်မှတ်ရေးထိုးထားတဲ့ ဆိုင်းဘုတ်ကြီးရှိပါတယ်… မင်းသား၊မင်းသမီး ကျော်ရုပ်ထုကြီးလဲ ကျွန်းပေါ်မှာရှိပါတယ် (ကျွန်မကတော့ အဲ့ကားလဲ မကြည့်ရသေး(မကြိုက်ဘူးထင်လို့မကြည့်တာ) တော့ ကျောက်ရုပ်ထုတွေဆီ မသွားဖြစ်ခဲ့ပါဘူး)… ကျွန်းပေါ်လမ်းလျှောက်ရင် ဗိုက်နည်းနည်းဆာတာနဲ့ အဆာပြေ ဘိန်းမုန့်လို့ ဟာမျိုး ဝယ်စားဖြစ်တယ်… ဝမ် ၄ထောင်၅ရာကျတယ်… စျေးကြီးတယ်… ရေခဲမုန့်စားချင်တာ ရေခဲမုန့်ဆိုင်က လူများလွန်းလို့ မစောင့်ချင်လို့ ဘေးဆိုင်က ဝေဖာလိုလို ဘိန်းမုန့်လိုလိုဟာကို စားတာ…ကျွန်းပေါ်မှာ ရေဗူးက ဝမ် ၁ထောင်… အစားအသောက်က အပြင်ထက် စျေးနည်းနည်းကြီးတယ်… ဒါပေမဲ့ အဆာပြေဝယ်စားဖြစ်တယ်… အဲဒိကျွန်းကိုလဲ အဆုံးထိမလျှောက်ဖြစ်တော့ဘူး… ညနေစောင်းလာတော့ ဆိုလ်းကိုပြန်ပြီး ညစာစားဖို့အချိန်ချန်ရအုံးမယ်လေ… ဒီလိုနဲ့ ကျွန်းပေါ်မှာ ၂နာရီလောက်နေပြီး ညနေ ၆နာရီခွဲလောက်ကျ သဘောင်္ပြန်စီးခဲ့ကြတယ်… ၂နာရီပဲနေခဲ့တော့ Rush တာပေါ့… အနည်းဆုံး နေ့ဝက်လောက် အေးဆေးနေသင့်တယ်ထင်ပါတယ်…


Winter Sonata ရိုက်ခဲ့တဲ့ နေရာက Snowman ကြီး...

ဒါကတော့ မင်းသား မင်းသမီး first kiss scene ရိုက်ခဲ့တဲ့နေရာပါတဲ့...


Photoception... not Inception...

ဒါက မြက်ခင်းရဲ့ ဘယ်ဘက်က ကန်ရေပြင်ဘေးက စက်ဘီးစီးကြတဲ့ လမ်းမှာ...





Winter Sonata Director

Decoration at the side of bridge.

Nami Island declared Cultural independent on 2006 

Unicef hall ဆိုပဲ

သတိတော့ထား... ဝက်ဝံတွေရှိတယ်...

ဗိုက်ဆာ ရေငတ်တယ်... ရေခဲမုန့်တော့ စားချင်သား...

ရေခဲမုန့်ဆိုင် လူများလို့ ဝေဖာပဲစားတော့မယ်... (စားလို့တော့ သိပ်မကောင်းဘူး)


သစ်တုံးပေါ်လမ်းလျှောက်မလို့ ဖိနပ်ချွတ်ရတယ်...

ကိုရီးယားကို Tour package ဝယ်ရင် တော်တော်များများမှာ Nami Island မပါတတ်ပါဘူး… ပါတယ်ဆိုရင်လဲ သူ့ကို အဓိကထားသွားပြီး ကျန်တဲ့နေရာတော်တော်များများကို လွတ်တဲ့ Package မျိုးတွေချည်းပဲမို့ Tour Package နဲ့လာတဲ့ လူတော်တော်များများက Nami Island ကို မရောက်ဖြစ်ကြပါဘူး… အဲဒိတော့ ကိုရီးယားကို Free & Easy Back packing သွားတဲ့သူတွေအတွက် ဒီအခွင့်အရေးကိုယူပြီး နာမီကျွန်းရဲ့ အလှကို တဝကြီးခံစားကြဖို့ မဗေဒါက တိုက်တွန်းချင်ပါတယ်…


ကျွန်းပေါ်က အိမ်သာက အဆင့်မြင့်တယ်နော်... အိမ်သာတက်ရင် စာဖတ်လို့ရတယ်...



Namiseom ဘက်ကနေ ဒီဘက်ကို သဘောင်္ပြန်စီးလာတာ... ပျော်စရာကြီး... ၁ဝမိနစ်ပဲစီးရတာ မဝဘူး...


Delicious Dinner with DakGalbi

Dakgalbi စားၾကမယ္...
မဗေဒါတို့ ဒီဘက်ကမ်းကိုပြန်ရောက်တော့ သတိထားမိတာက Shuttle bus မရှိလောက်တော့ဘူးဆိုတာကိုပါ… ကိုယ်က Shuttle bus မှတ်တိုင်ကို ပြန်လာပေမဲ့ မှတ်တိုင်မှာ လူသိပ်မရှိတော့ပဲ ရှိတဲ့သူတွေကလဲ တိုက်စီပဲစီးသွားကြတာတွေ့တော့ ဘတ်စ်ကားမရှိလောက်တော့ဘူးယူဆရပါတယ်… ကားဂိတ်ကို အသွား လမ်းမှာ EXO သီချင်း အကျယ်ကြီးဖွင့်ထား လို့ နားထောင်လို့ကောင်းပြီး ခေါင်းလိုက်လှုပ်မိတာကို အပြင်မှာ လူတွေခေါ်နေတဲ့လူကြီးက သူတို့ဆိုင် ဝင်စားဖို့ ခေါ်ပါတယ်… ခေါ်တဲ့လူကြီးက ပျော်တတ်ပြီး ရီးလဲရီရပါတယ်… ကျွန်မတို့ နိုင်ငံခြားသားဆိုတာသိတော့ မတောက်တခေါက် အင်္ဂလိပ်နဲ့ ခေါ်တော့တာပါ… DakGalbi … Very Delicious… come… အဲ့ဒိတုန်းကတော့ ကိုယ်က ဘတ်စ်ကားဂိတ်သွားလိုဇောနဲ့ မဝင်ခဲ့ပါဘူး… ဟိုရောက်လို့ကားမရှိတော့ဘူးဆိုတော့ တိုက်စီငှားစီးပြီး ရထားဂိတ်ပြန်ရမှာရယ်၊ ဆိုလ်းကို ပြန်ရောက်ရင်တောင် တော်တော်လေး နောက်ကျနေမဲ့တူတူ ဒီမှာပဲစားဖို့ ဆုံးဖြတ်လိုက်ပါတယ်… အမှန်တော့ ဆိုင်ပြင်က ဖြတ်လျှောက်လာကတည်းက သူတို့အထဲမှာ ဒယ်အိုးအကြီးကြီးတွေနဲ့ ကြော်စားနေကတည်းက စိတ်ဝင်စားခဲ့တာပါ… ရှေ့ရက်တွေမှာ ဝက်သားတွေ အမဲသားတွေချည်းစားလာတော့ အဲဒါတွေ မစားချင်တော့ပါဘူး… ဒါနဲ့ အဲ့ဆိုင်ကို ပြန်လျှောက်ပြီး စောစောက လူကြီးကို အဲဒါ ဘာလဲမေးတော့ Chicken လို့ သူပြောပြီး ဆိုင်ထဲ ဆွဲခေါ်သွားပါတယ်… ကိုယ်တွေကို ရိုးရိုး ထိုင်ခုံနဲ့ စားပွဲပေးပါတယ်… သူတို့ ကိုရီးယားစတိုင် ကွတ်ပြစ်ပေါ် တင်မလ္လင်ခွေထိုင်စားလို့ရတဲ့ နေရာလဲရှိပါတယ်… ကျွန်မတို့ကို အဲလို မထိုင်နိုင်ဘူးထင်လို့ international table design မျိုးကို ပေးတာထင်ပါတယ်… ကျွန်မတို့က ဟိုဘက်မှာ ထိုင်လို့ရမလားဆိုတော့ ရပါတယ်တဲ့… အဲ့ပေါ်တက်ဖို့ ဖိနပ်တော့ ချွတ်ရပါတယ်… 



စားရချည်သေးရဲ့...

Menu ပေးတော့လဲ ကိုယ်လဲ မဖတ်တတ်… သူများတွေ တော်တော်များများစားနေတဲ့ဟာပဲ စားချင်တော့ လက်ညှိုးထိုးပြပြီးတော့ ၂ပွဲစာမှာလိုက်ပါတယ်… ဆိုင်ထဲမှာတော့ စားပွဲထိုးနေတာ လူငယ်ကောင်လေးတွေ ကောင်မလေးတွေပါ… သူတို့နိုင်ငံသားမဟုတ်တဲ့သူဆိုလို့ ကိုယ်တွေ ၃ယောက်ပဲရှိမယ်ထင်တယ်… ခဏနေတော့ ဒယ်အိုးကြီးပေါ်မျာ ကြက်သားကို အတုံးလေးတွေတုံးထားပြီး ကိုရီးယား ငရုတ်သီးနှစ်ကို အဓိက အရသာအခြေခံထားကာ အရွက်တွေ အားလူး ကန်စွန်းဥတွေ rick cake တွေ စုံနေအောင်ရောထားတာကြီး ကျွန်မတို့ရှေ့ရောက်လာပါတယ်… အောက်က ဂက်စ်မီးဖိုနဲ့ ပူပူနွေးနွေးစားရတာပေါ့… ထုံးစံအတိုင်း Side dish kimchi တွေနဲ့ ကြက်သွန်ဖြူဘာညာတွေလဲ အများကြီးပါ… ထမင်းကတော့ တော်တော်နဲ့ ရောက်မလာပါဘူး… အဲဒါတွေ အရင်စားရမှာလားတော့ မသိပါ… ဒီလိုနဲ့ ကျွန်မတို့လဲ ကျွတ်ကျွတ် အသံကြားတော့ ကိုယ့်ဟာကိုယ် ပေးထားတဲ့ ဟင်းမွှေတဲ့ ဂေါ်နဲ့ ရောမွှေတာပေါ့… (နောက်မှ ဘေးခုံမှာ ကကြီး ၂ယောက် လာစားတာကြည့်တော့ သူတို့က မမွှေသေးပဲ အဲ့အတိုင်းထားပြီး ဆိုင်ကလူတွေ လာမွှေတာကို စောင့်တယ်) သိဘူးလေ…

တချို့ကလဲ ကုန်ခါနီးကျရင် ထမင်းတွေပါ ရောထည့်ပြီး ကြော်ကြပါတယ်… ထမင်းထည့်ပြီးကြော်တာလဲ စားကောင်းမဲ့ပုံပါပဲ… ၈နာရီလောက်ကျမှ တိုက်စီငှားပြီး အနီးဆုံး ရထားဘူတာဖြစ်တဲ့ Gapyeong ကိုပြန်လာဖြစ်ပါတယ်… တိုက်စီခ ဝမ် ၃ထောင်ပဲ ကျပါတယ်…



မွှေထားကွာ...

အပေါ်က မုန့်တွေ စားချင်တယ်ဆိုရင် ဒီဘေလ်လေးလဲ ပေးချင်တယ်တော့ ပြောနော်... :P


Korea Sauna Experience in the middle of the Night at Myeong Dong


ကျွန်မတို့ ဟော်တယ်ကို ည ၁ဝနာရီခွဲလောက်မှ ပြန်ရောက်ပါတယ်… ကျွန်မရဲ့ Must Do list ထဲမှာ ကိုရီးယား ရေနွေးခန်း သွားချင်တာလဲပါပါတယ်… ရှေ့ရက်တွေကလဲ သွားမယ် သွားမယ်နဲ့ မသွားဖြစ်ခဲ့ပါဘူး… ခုဆို မနက်ဖြန်တစ်ရက်ရယ်၊ သဘက်ခါ နေ့ဝက်ရယ်ပဲကျန်ပါတော့မယ်… ဒီနေ့မှ မသွားရင် မနက်ဖြန်လဲ မရောက်ဖြစ်တော့မှာ စိုးတာနဲ့ အဲ့ဒိနေ့ညပဲ သွားဖို့ တိုက်တွန်းမိပါတယ်။၂၀၁၀ ခုနှစ် ကိုရီးယားကို အမေနဲ့ လာလည်တုန်းက ကိုယ်လုံးတီး Sauna ဝင်ရမှာကို ရှက်ပြီး အကောင်းဆုံး Sauna ရှိတဲ့ Resort မှာ အလကားလုပ်ဖို့ Package ထဲပါရက်နဲ့ မလုပ်ခဲ့လို့ နောင်တရမိခဲ့ပါတယ်… ၂၀၀၉ ဂျပန်မှာလဲ အဲ့ဒါကိုပဲ စိုးရွံ့ပြီး ငယ်သူငယ်ချင်းကလဲ မသွားပါနဲ့ပြောတာနဲ့ Onsen ကို မသွားဖြစ်ခဲ့ပါဘူး… အဲဒိ ကျွန်မရဲ့ နောင်တတွေကို Sauna သွားဖို့ နည်းနည်းတွန့်နေတဲ့ သူငယ်ချင်းကို ပြောပြ မြူဆွယ်ရတာပေါ့… … မဗေဒါ အစ်မကတော့ တော်တော်လေး ပင်ပန်းနေတဲ့ပုံပေါက်နေပါတယ်… ဒါပေမဲ့ ဒီတစ်ခါကျတော့ မဗေဒါက မဖြစ်မနေသွားရမှ ဖြစ်မယ်လို request တာရော သူငယ်ချင်းကလဲ သွားချင်လဲ ရတယ်၊ မသွားချင်လဲရတယ်ဆိုတဲ့ အနေအထားမှာရှိတာကြောင့်ရော သွားဖြစ်သွားပါတယ်…

ညလယ်ခေါင်ဆိုတော့ ဆိုင်တွေဖွင့်ပါအုံးမလားလို့ အစ်မကတော့ မေးပါတယ်… တချို့Sauna တွေမှာ ညတောင်အိပ်လို့ရတာ ဖွင့်မှာပါလို့ ကျွန်မထင်ပါတယ်… ကျွန်မတို့နေတဲ့နားမှာ ဘယ်နားရှိမှန်းမသိတာတစ်ခုပဲ… ဒါနဲ့ တည်းခိုခန်း reception က ကောင်မလေးကို ဒီနားမှာ ၂၄နာရီ Sauna ရှိလား မေးတော့ သူသိသလောက်တော့ ၁ခုပဲရှိတယ်တဲ့… နောက်တစ်ခုက ၂၄ နာရီမဟုတ်ဘူးတဲ့… သိပ်တော့ မသေချာဘူးတဲ့… ဒီလိုနဲ့ ကျွန်မတို့တွေ သူပြောတဲ့ Myeong Dong ထဲက Sauna ဘက်ကို ထွက်လာကြပါတယ်… မြုံဒုံးက နေ့ဘက်မှာ လူတွေရှုပ်ရှက်ခပ်နေတာပဲမြင်ဖူးပြီး ညလယ်ခေါင်တည့်တည့်ကျတော့ လူခြေတိတ်နေပါတယ်… လူတစ်ယောက်စ ၂ယောက်စတွေ့ပေမဲ့ လူကောင်းလား လူဆိုးလားသိတာဟုတ်ဘူးလေ…

Sauna နဲ့ တူတာလဲ တစ်ခုမှ မတွေ့ပါဘူး… မြေပုံထဲက နေရာကို အပြင်မှာလိုက်ရှာပေမဲ့ စိတ်ထဲမှာ Sauna ရှိတယ်ဆိုရင်တော့ အဲ့ဒိနားမှာ လူ အနည်းနဲ့ အများတော့ရှိမယ်ထင်တာပါ… ဒါပေမဲ့ လူလဲ မရှိပါဘူး… ဒါပေမဲ့ နောက်မှ ဆိုင်းဘုတ်တွေ့ပါတယ်… အဲဒိပလာဇာထဲမှာ Sauna ရှိတယ်လို့ ၂၄ နာရီဖွင့်တယ်ရေးထားပေမဲ့ နောက်က plaza ကြီးက မှောင်မဲပြီး ပိတ်ထားပါတယ်… အဲဒါနဲ့ ရွာခဏလည်နေသေးတယ်…. နောက်မှ ပလာဇာရှေ့က အောက်ထပ်ဆင်းတဲ့လှေကားတွေ့မှ ကြောက်ကြောက်နဲ့ ဆင်းလိုက်တော့ ဆိုင်းဘုတ်တစ်ခုထပ်တွေ့တော့မှ ဆက်ဆင်းသွားတော့ အဆုံးမှာ Sauna ကိုရောက်ပါတယ်…

အွန်လိုင်းပေါ်မှာ သူများပြောတာသိခဲ့တာရော၊ ကိုရီးယားကားတွေမှာတွေ့ဖူးတာရောကြောင့် Sauna ဆိုတာ ဒီလောက် စျေးမကြီးဘူးဆိုတာ သိခဲ့ပါတယ်… အွန်လိုင်းပေါ်က ကိုရီးယားမှာနေနေတဲ့ ဘိုအတွဲရဲ့ Vlog မှာဆိုရင် US$ 3 – 5 လောက်ပဲ ကျတဲ့ ရပ်ကွက်ထဲက Sauna တွေတောင်ရှိတယ်ဆိုပါတယ်… ဒါပေမဲ့လဲ ကျွန်မတို့ ခုရောက်နေတဲ့နေရာက Tourist Attraction မြို့လယ်ခေါင် Myeong Dong ဖြစ်တာရယ်၊ အချိန်ကလဲ ညလယ်ခေါင် အချိန်မတော်ဖြစ်နေတော့ တခြားရွေးစရာဆိုင်မရှိတာရယ်ကြောင့် စျေးကြီးပြီး ဒီလောက် မကောင်းဘူးဆိုတာသိပေမဲ့ ချေးများဖို့ အခြေအနေမပေးတာနဲ့ အဲဒိကိုပဲ ဝင်ခဲ့ပါတယ်… အဲဒိတုန်းက စျေးကို ရေးမှတ်မထားလိုက်မိတော့ သိပ်တော့မမှတ်မိဘူး… တစ်ယောက်ကို ရိုးရိုး အခြေခံ Package ၄နာရီစာလားမသိဘူး ဝယ်တာ ဝမ် ၂သောင်းလား ၂သောင်းခွဲလားကျတယ်…
ဆိုင်ကိုဆင်းသွားတော့ ဆိုင်ကလူတွေက ဂျပန်လိုကောင်းကောင်းပြောတတ်တဲ့သူရှိတယ်၊ တရုတ်လိုကောင်းကောင်းပြောတတ်တဲ့သူရှိတယ်၊ ဒါပေမဲ့ အင်္ဂလိပ်လိုကျတော့ သိပ်မပြောတတ်ကြဘူး… ဂဏန်းပေါင်းစပ်နဲ့ပဲ အလုပ်ဖြစ်ရတာပဲ… ကျွန်မတို့ကို စျေးစကားပြောနေတုန်း Sauna ထဲက ဂျပန်မ တစ်ယောက် ဗြုန်းဆို ဖြူဖြူကြီး ရေတွေရွှဲပြီး မိမွေးတိုင်း ပြေးထွက်လာလို့ ဆိုင်က မိန်းမတွေလဲ သူ့ကို လှမ်းဆွဲ၊ ကျွန်မတို့လဲ မျက်လုံးပြူး (ငါတို့လဲ အဲလိုကြီး ထွက်လာရမလားဆိုတဲ့အတွေးပေါ့) (၂၀၁၀ တုန်းက နာမည်ကြီး resort က Sauna မှာလဲ အဲလိုမျိုး ဖြူဖြူကြီးတွေ အများကြီးတွေ့တာကိုး)… ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ ဒီ ဂျပန်မ မှားတာပါ… ကြည့်ရတာ သူရေနွေးခန်းထဲဝင်တာကြာပြီ ဘယ်သူမှ ပြန်လာမခေါ်တာရော ဝတ်စရာမရှိတာရောကြောင့် ကြံရာမရဖြစ်သွားသလားတော့ မသိဘူး…
ကျွန်မတို့ ၃ယောက်လဲ မျက်ခုံးခပ်လှုပ်လှုပ်ပေါ့… ကျွန်မကတော့ ကိုယ်ခေါ်လာတာဆိုတော့ မျက်ခုံးလှုပ်ပေမဲ့ ဘာမှ မဖြစ်သလိုနေရတာပေါ့… ခိခိ… (ပြီးမှ နောင်တမရချင်ဘူးလေ)… နောက်တော့ အဝတ်လဲခန်းမှာ ဂါဝန်လိုဟာမျိုးကို ရေရှားဝတ်ခိုင်းတယ်… ပြီးတော့ ရုပ်ရှင်တွေထဲမှာ တွေ့နေကျ နား နားမှာ အဝိုင်းလေးလုပ်ထားတဲ့ ခေါင်းမှာ ဝတ်ထားရတဲ့ မျက်နှာသုတ်ပဝါလေးလဲပေးတယ်… 

စာဥတို့ စစချင်း မသုံးတတ်ခဲ့တဲ့ အမိုက်စား Cleansing Cream... Brand က ကောင်းမကောင်းတော့ မသိ... သုံးလို့တော့ ကောင်းတာပဲ...
မျက်နှာပေါ်က မိတ်ကပ်တွေကို သူတို့ မှန်တင်ခုံပေါ်က Cleansing Cream နဲ့ ဖျက်ခိုင်းတယ်… ဒီနေရာမှာ Cleansing Cream အကြောင်းပြောပြချင်သေး… တုန်းတယ်ပဲပြောပြော Cleansing Cream ဆိုတာကို အဲ့ဒိတော့မှ စမြင်ဖူးတာ… သုံးယောက်လုံး ဘယ်လိုသုံးရမှန်း သိပ်မသိဘူး… သူက သနပ်ခါးသွေးတဲ့ မှန်တင်ခုံလိုမျိုး စောင့်ကြောင့်ထိုင်ရတဲ့ မှန်တင်ခုံရှေ့မှာ ရေမရှိ ဘာမရှိနဲ့ ကျွန်မတို့ကို မျက်နှာ သန့်စင်ခိုင်းတော့ ကျွန်မတို့က ဘာလုပ်ရမှန်းမသိဘူးပေါ့… နောက်မှ သူက Cleansing Cream ကိုပြတယ် ပြီးတော့ Tissue ဗုံးကို ပြတယ်… ရေမလိုဘူးတဲ့… မယုံတယုံပဲ ၃ယောက်လုပ်ကြည့်ကြတာပေါ့… မျက်နှာပေါ် Cleansing Cream တွေ တင်လိုက်ပြီး တစ်ရှူးနဲ့ သုတ်ချလိုက်တာနဲ့ မိတ်ကပ်တွေပျက်သွားပြီး မျက်နှာသန့်သွားတာ ချက်ချင်ခံစားလိုက်ရတယ် ဗျာ….. ခါတိုင်း Makeup removal နဲ့ ဖျက်ရင်တောင် ရေတွေ ရင်ဘတ်မှာ ရွှဲပြီး မျက်လုံးမိတ်ကပ်ဆို Eye makeup removal နဲ့ ဖျက်တာတောင် သိပ်ပျက်ချင်တာမဟုတ်ဘူး…. ခု အဲ့ဆိုင်က Cleansing Cream ဆိုတာကတော့ မျက်နှာပေါ်တင်လိမ်းလိုက်ပြီး တစ်ရှုးနဲ့ သုတ်ချလိုက်တာနဲ့တင် မိတ်ကပ်ပျက်တာ လွယ်သလို သန့်သွားတယ်လဲ ခံစားရတယ်… အဲလိုသုံးတာ ဟုတ်မဟုတ်တော့မသိဘူး… သူတို့ပြောတဲ့အတိုင်းသုံးတာပဲ… (ဒါနဲ့ နောက်နေ့ Shopping ထွက်ရင် ဝယ်မယ်ဆိုပြီးတော့တော့ အဲဒိဘူးကို Sauna က ပြန်ထွက်လာတော့ ဓာတ်ပုံရိုက်ယူထားလိုက်သေးတယ်)…

ပထမဆုံး ကျွန်မတို့ကိုခေါ်သွားတာက နံပြားဖိုကြီးလို နေရာပေါ့… ဂုံနီအိတ် တစ်ယောက် တစ်အိတ်စီပေးပြီး အထဲမှာ ခင်းထိုင်ဖို့ပြောတယ်… နံပြားဖိုဝင်ပေါက်ကလဲ အက်စကီးမိုးအိမ်တွေလို လေးဘက်ထောက်ဝင်ရတယ်… ပထမတစ်ခေါက် ဝင်လိုက်တာနဲ့ ငရဲအိုးထဲရောက်သွားသလိုမို့ ပြန်ထွက်လာမိသေးတယ်… နောက်တော့ ပိုက်ဆံပေးပြီးမှတော့ ဝင်ဟာဆိုပြီး ပြေးဝင်လိုက်တယ်… အစ်မနဲ့ ကျွန်မသူငယ်ချင်းကတော့ မျက်ကပ်မှန်တွေ ဝတ်လာမိတော့ အဲဒိအပူချိန်လောက်ဆိုရင် မျက်ကပ်မှန်တွေ အရည်ပျော်မှာမို့ မျက်ကပ်မှန်တွေ အရင်ထုတ်ကြရတယ်… အသင့် ဗူးမယူလာမိတော့ သူတို့ ၂ယောက်လုံး အဲ့နေ့က မျက်ကပ်မှန် ဆုံးသွားတယ်… (အပြန် ကားလမ်းကူးရင်တော့ ကျွန်မ မျက်လုံးကိုပဲ အားကိုးပြီး ၃ယောက်သား လက်တွဲကူးရမဲ့ပုံရှိတယ်)… နံပြာဖိုထဲမှာ ၃ယောက်သား ပူလွန်းတဲ့ အရှိန်ကို ပိုက်ဆံပေး ငရဲခံ… ချွေးဆိုတာ ဝင်ပြီး စက္ကန့်ပိုင်းအတွင်းမှာတောင် တောက်တောက်ကျလာတာ… ငရဲပြည်ပူတယ်ဆိုတာ ဒါမျိုးလားလို့ စဉ်းစားမိတယ်… ၅ မိနစ်လောက်တော့ ရအောင် နေမယ်ဟယ်…. ကိုယ်ထဲက အညစ်အကြေးတွေ ချွေးနဲ့အတူ ပါပြီး အသားအရည်လေးတွေ ကြွေရုပ်လို လှပနေတော့မှာဆိုပြီး ဇွတ်တွေးပြီး ထိုင်နေတာပဲ…. ၅မိနစ်လောက်နေတော့ရတော့ဘူး တော်ပြီဟာ ဝဋ်ရှိခဲ့ရင် ဒီမှာကြေပြီ ဆက်အပူမခံတော့ဘူးဆိုတဲ့ အတွေးဖြစ်သွားရော… တော်ကြာနေမှ သုံးယောက်လုံး မူးလဲနေမယ်… (ကိုယ်မူးလဲရင် ကိုရီးယားကားထဲကလို ဘယ် Handsome Single CEO မှာ လာချီပွေ့ပေးမှာ မဟုတ်ဘူး… ကိုယ့်သမိုင်းကိုယ်ရေး ရမှာ)…

နံပြားဖိုထဲကနေ ပေါက်စီသုံးလုံး (အဲလေ) ကျွန်မတို့ ၃ယောက်ထွက်လာပြီး ဘယ်သွားဘာလုပ်ရမှန်းမသိ မတ်တပ်လေးဖြစ်နေတုန်း… Body Language ကလွဲပြီး ဘာမှ ဆက်သွယ်လို့မရတဲ့ မိန်းမကြီး ပြန်ရောက်လာပြီး နံပြားဖိုလောက်သိပ်မပူတဲ့ အခန်း တစ်ခုထဲဝင်ခိုင်းတယ်… အဲဒိမှာ သစ်သားခေါင်းအုံးလေးတွေလဲပေးထားတယ်… ခပ်နွေးနွေးလေးပဲ… ကျွန်မအစ်မကတော့ ပင်ပန်းနေတဲ့သူဆိုတော့ ချက်ချင်းအိပ်ပျော်သွားတာ… ကျွန်မကတော့ ကိုယ့်ကို အိပ်ပျော်မှာစိုးလို့ မအိပ်အောင် မနည်းနေရတယ်… ၃ယောက်လုံးအိပ်ပျော်သွားလို့ မဖြစ်ဘူးလေ… လူလဲကြောက်သလို၊ အတွေ့အကြုံမရှိသေးတဲ့ အရာဆိုတော့ သတိရှိတာကောင်းတယ်… တော်တော်ကြာကြာလေးလှဲနေပြီးတော့မှ တော်ပြီ ငါတော့ အပြင်ပြန်ထွက်ပြီဆိုပြီး အပြင်က TV ရှိတဲ့ ကြမ်းခင်းလေးပေါ်မှာ ကျွန်မတို့ ၃ယောက်ထိုင်နေလိုက်တယ်…
တော်တော်လေးကြာတော့မှ Body Language ပဲ ပြောလို့ရတဲ့ မိန်းမကြီးက သူတို့ Sauna မှာ သောက်နေကျ Yakult လို အအေး သုံးဘူးနဲ့ ကြက်ဥပြုတ် အညိုရောင် ၁လုံးပေးတယ်... လူ ၃ယောက်လာတာကို အအေးကျတော့ ၃ဗူးပေးပြီး ကြက်ဥကျ ၁လုံးပဲပေးတာ ဘာသဘောလဲတော့မသိ… ဘယ်လိုပဲဖြစ်ဖြစ် ဒါမျိုးဆို ကျွန်မသူငယ်ချင်းက ရတာမဟုတ်ဘူး… သူကဒါမျိုးဆို ရန်မဖြစ်ပဲ အူကြောင်ကြောင်ပုံနဲ့ ရအောင်ပြောတတ်တယ်… (ခွိ… ) သူက ငါတို့က ၃ယောက်ဆိုပြီး ကြက်ဥကို တစ်လုံးတည်းကို ထောင်ပြတော့မှ နောက်ထပ် ၂လုံးထပ်ထုတ်ပေးတယ်… ရှိနေရက်နဲ့ အစကတည်းက မပေးတာ ဘာအထာလဲတော့မသိ… မပေးချင်လဲ ကျွန်မတို့ ဘာမှ မသိအောင် တစ်လုံးမှ မပေးပါနဲ့လား.. အားနာပါးနာ ၁လုံးတော့ ထုတ်ပေးသေးတယ်… ခွိ… စောစောက ရေဓာတ်တွေကုန်ထားတော့ Yakult လေးလို ဒိန်ချဉ် လေးသောက်လိုက်ရတော့ ကောင်းလိုက်တာမပြောနဲ့ အားပြန်ရှိသွားသလိုပဲ… ကြက်ဥတောင် ရုပ်ရှင်တွေထဲကလို တစ်ယောက်ခေါင်း တစ်ယောက်ရိုက်ခွဲကြည့်ကြသေး… (ကိုယ့်ခေါင်းရိုက်ခံရတော့ နာတယ်ဗျ)… ကြက်ဥလဲ စားရတာ အရသာရှိတယ်…

အဲဒါလေးတွေစားပြီး မိနစ် ၂ဝလောက် ခဏနားနေလိုက်ပြီးတော့မှ အပေါ်ထပ်ကို ဓာတ်လှေကားနဲ့ပြန်ခေါ်သွားတယ်… အဲဒိမှာမှာ ရေနွေးကန်တွေရှိတဲ့နေရာကိုရောက်တာ… စောစောက ဟိုဂျပန်မှ ပြေးထွက်လာတဲ့ အခန်းပေါ့… ကျွန်မတို့လဲ သူ့လိုဖြစ်မှာကြောက်တော့ ဒီတစ်ခါတော့ မေးပြီပေါ့… ကျွန်မတို့ရဲ့ ရေလျားဂါဝန်ကြီးတွေ မလဲခင် ဒီထဲမှာ ဘယ်လောက်နေရမှာလဲ? ဒီထဲက ထွက်လာရင် ငါတို့က ဘာဝတ်ရမှာလဲ ဘာညာပေါ့… အဲဒါကို သူတို့က နားမလည်… ကိုယ်တွေကို ဇွတ်အတင် အဲ့ဒိ ရေနွေးကန်တွေရှိတဲ့ အခန်းထဲ တွန်းပို့… သိတဲ့အတိုင်း ကိုရီးယား အာဂျူမာတွေက တကယ်ကို နာမည်နဲ့ လိုက်ဖက်အောင်နေတာ… အပြုအမူက ကျွန်မတို့အတွက်တော့ရိုင်းတယ်လို့ထင်တယ်… အင်္ဂလိပ်လိုကလဲ ဘယ်သူမှကို မပြောတတ်တာ… ကျွန်မတို့ ၃ယောက်ကလဲ ကိုယ်လိုချင်တဲ့ အဖြေမရတော့ ပေကပ်နေတာပေါ့… နောက်တော့ ကျွန်မတို့ဆီက ပိုက်ဆံယူထားတဲ့ ကောင်တာက မိန်းမကိုတွေ့တော့ သူ့ကို တရုတ်လို တစ်လုံးစ ၂လုံးစနဲ့မေးတော့ သူက ကျွန်မတို့ကို တရုတ်လို ပြန်ပြောတယ်… တော်သေးတာပေါ့ ကိုယ်တွေက တရုတ်စကားကောင်းကောင်းမပြောတတ်ပေမဲ့ ကိုရီးယားစကားထက်စာရင်တော့ ၈၀% လောက် သူဘာပြောလဲ နားလည်သွားတယ်… Body Language အာဂျူမာကတော့ မျက်နှာကို စူပုတ်နေတာပဲ… (သူ့အတွက်ကတော့ ပြဿနာမဟုတ်တာကို ကျွန်မတို့က ပြဿနာလုပ်တယ်ထင်ချင်ထင်မှာပေါ့)… သူတို့အတွက် ရိုးနေပေမဲ့ ကျွန်မတို့အတွက်က မရိုးဘူးလေ… နောက်မှ တရုတ်လိုပြောလို့ နားလည်သွားတာက အဲဒိ ထွက်ပေါက်နားမှာ ကျွန်မတို့အတွက် သပတ်တွေ ချပေးထားပါတယ်… စောစောက ဂျပန်မက သပတ်မတွေ့ပဲ သူတို့ Onsen လိုမျိုးများမှတ်လို့ ပြေးထွက်လာသလား မသိပါဘူး…

အဲဒိရေနွေးကန်တွေထဲမှာ မီးသွေးနဲ့ လုပ်တဲ့ Sauna ခန်းလဲရှိတယ်… Sauna ခန်းက သစ်သားထိုင်ခုံတွေက ပူကျစ်တောက်နေတာမှ အဲ့ပေါ်ထိုင်လိုက်တာ ကျွန်မတို့ရဲ့ ထိုင်ခုံနဲ့ ထိမိတဲ့ အသားတွေ BBQ ဖြစ်သွားသလား ကျွမ်းသွားပြီလားအောင့်မေ့ရတယ်… ဒါနဲ့ ခဏလေးပဲနေပြီး မဝင်တော့ဘူး… ရေနွေးကန်တွေ စိမ်ဖို့ ထွက်ခဲ့တယ်… ရေနွေးကန်တွေကတော့ မတူညီတဲ့ ရေနွေး ကန် ၆ကန်လောက်ရှိတယ်… Herbal တွေ၊ Tea တွေ ကျန်တာတွေကတော့ ဘာတွေမှန်းမသိပါဘူး.. စုံနေတာပဲ… ရေတွေကလဲ ဟိုဟာဒီဟာတွေရောထားတော့ အဲ့ဒိရေက အဲလိုပဲ Herbal တွေစိမ်ထားလို့ နောက်နေသလား၊ ဒါမှမဟုတ် ညစ်ပတ်နေလို့ နောက်နေသလား ကိုယ်လဲ သေချာမသိ။

ညဘက်မိုးချုပ်သွားရတာတစ်ခုတော့ကောင်းပါတယ်… အဲဒိ ရေနွေးခန်းထဲမှာ ကျွန်မတို့ရယ် သန့်ရှင်းရေးလုပ်နေတဲ့ ကိုရီးယားအာဂျူမာ ၂ယောက်ရယ်ကလွဲပြီး ဘယ်သူမှ သိပ်မရှိဘူး… ကျွန်မတို့ စစချင်းဝင်လာတုန်းကတော့ ဂျပန်မ ၂ယောက်ရှိတယ်။ ဒါပေမဲ့ ခဏနေတော့ သူတို့ထွက်သွားတယ်… ရှိတဲ့ ကန်တွေ ဟိုပြောင်းဒီပြောင်းလုပ်ပြီးမှ နောက်ဆုံး ချွေးပေါက်တွေပြန်ကျုံ့သွားအောင် ရေအေးကန်ကိုပြန်သွားစိမ်တယ်… လူက တစ်နေကုန်လျောက်သွားပြီး ပင်ပန်းထားပေမဲ့ Sauna ရဲ့ အစွမ်းကြောင့်လား ကိုယ့်စိတ်အစွမ်းကြောင့်လားမသိဘူး မအိပ်ချင်ဘူး… ပြီးမှ ပြန်ထွက်လာပြီး Locker ခန်းထဲ အကျီင်္ပြန်လဲပြီး ပြန်လာဖြစ်တယ်… ကျွန်မတို့အပြင် တခြား Customer တောင် မတွေ့တော့ဘူး…

တည်းခိုခန်းပြန်ရောက်တော့ မနက် ၃နာရီထိုးနေပြီ… ကိစ္စမရှိပါဘူး… နောက်နေ့က မြို့ထဲပိုင်းပဲသွားမှာပဲ… ပြီးတော့ မြုံဒုံးထဲမှာ Korean Costume နဲ့ Free ဓာတ်ပုံသွားရိုက်မယ်။ ပြီးရင် ရှော့ပင်းပတ်မယ်… ညနေပိုင်းတော့ သူငယ်ချင်း ရှာလာတဲ့ Research ထဲက ဘယ်နေရာသွားလို့ရသေးလဲ ကြည့်တော့ Chungmuro ဘူတာနားက Korean Hanok Village ဆိုတာက နီးတော့ အဲဒိသွားမယ်။ ပြီးကျရင် ကိုဖေစစ်နိုင်နဲ့ ညနေပိုင်းချိန်းထားပြီး သူက ဘုရင်ကြီး မြို့လည်ခေါင်မှာ ငုတ်တုတ်ထိုင်နေတဲ့ ရုပ်ထုကြီးရယ်၊ ရုပ်ရှင်တွေထဲပါနေကျ CheongGyeCheon ဆိုတဲ့ မြို့လည်ခေါင်က ချောင်းလိုလို မြောင်းလိုလို နေရာလေးရယ် လိုက်ပို့ပေးမယ်ပြောထားတယ်။ အချိန်လောက်ရင်တော့ တခြား မြို့ထဲက ရှော့ပင်းပတ်လို့ကောင်းတဲ့ DongDaeMon တို့ Insadong တို့ဘက် သွားမယ်စိတ်ကူးထားတယ်… ဒါပေမဲ့ ခုတောင် နေရာများနေပြီဆိုတော့ အချိန်မလောက် လောက်ဘူးလေ… အော်ပြီးတော့ လမ်းဘေးတဲမှာ တုတ်ထိုးနဲ့ မကြိုက်သော်ငြား မြည်းတဲ့အနေနဲ့ Soju တစ်စက် ၂စက်သောက်မယ်… လမ်းဘေးဆိုင်ဆိုတော့ အင်္ဂလိပ်လို ပြောတတ်ကြမှာ ဟုတ်ဘူးလေ.. အဲဒါကြောင့် နယ်ခံပါတဲ့အချိန် လိုက်မှာခိုင်းမလို့…

ဘယ်လိုပဲပြောပြော အဲဒိနေ့က မနက် ၃နာရီမှ အိပ်တယ်ဆိုတော့ နောက်နေ့တော့ ကိုယ့်ကိုကိုယ် ညှာတာပြီး မနက် ၁ဝနာရီလောက်မှ ထကြတာပေါ့လေ…

10 comments :

ဆွေလေးမွန် said...

ပျော်စရာ..ကြည်နူးစရာ

Mrs. Bagel said...

Sauna မှာ တော်တော်များများမှာ ဒီတိုင်းကြီး လူတောထဲ ရေနွေးစိမ်၊ ရေချိုးရတာများတယ်။ အပေါ်တက်လာမှ သဘက်ပတ် အဲလို။ မြတ်ကြည်လည်း နောင်လည်း တွေ့ရမယ့်လူတွေ မဟုတ်တော့ မျက်နှာ ပူမနေပါဘူး။ :P

နမ်မီဆောင်း က ဆယ်တန်း အောင်အောင်ချင်း လျှောက်သွားတုန်းက ရောက်လိုက်တယ်။ ကကြီးမှာ ၃ နှစ် သွားနေတာ တစ်ခါမှ မသွားဖြစ်လိုက်ဘူး။

သာဂ် ဂါလ်ဘီ တစ်ပွဲ ၁၁၀၀၀ လည်းမဆိုးဘူး တန်တယ်။ တစ်ပွဲနဲ့ ၃ ယောက်လောက်စားလို့ရတယ်။ :))

mabaydar said...

ဟုတ်.... ဟောင်ကောင်တနုးကလဲ အစ်မနဲ့တွေ့ရလို့ပျော်တယ်...

mabaydar said...

နောင်တွေ့ရမဲ့ သူငယ်ချင်းတွေနဲ့ရော တူတူမသွားဖူးဘူးလား? ဟီး... ခုရော မြတ်ကြည်က ကိုရီးယားမှာပဲလား? လာတုန်းက မသိလိုက်လို့.. နောက်မို့ တွေ့ပါတယ်...

Lorem Ipsum said...

မဗေဒါပုံတွေအများကြီးတွေ့ဖူးတယ်...။ တကယ်တော့ မဗေဒါနဲ့လိုက်တာ စကတ်တိုနဲ့ဗျ...နမ်မီကျွန်းကပုံလေးတွေအရမ်းလှတယ်..။ မဗေဒါဖိနပ်ကိုင်ထားတဲ့ပုံလေးကိုအရမ်းသဘောကျတယ် ။ ၀က်ဝံကြီးတစ်ကောင်လောက်ဆွဲခဲ့တာမှုတ်ဖူး ။ ဆောင်နာတော့ ဆုမြတ်သွားရင်အံကိုက်ပဲ တစ်ခါမှမသွားဖူးသေးဘူးရယ်..။ အပူကိုအရမ်းကြိုက်တာ...။ ဒီလောက်ပူတဲ့နေ၇ာမှာ ရေချိုးရင် တစ်ခန်းလုံးအခိုးတွေဖုံးအောင် ပူပူကျစ်ကျစ်ကြီးတွေချိုးတတ်တယ် ။ ဟီးး ။ မဗေဒါတို့နဲ့ တကယ်သွားချင်တယ် ။စုံနေတာပဲ ။ ကိုယ်တွေခရီးတိုသွားရင်တောင်မှ ဟော်တယ်ကလွဲရင်ဘယ်မှသွားတာမဟုတ်ဘူး သတ္တိလည်းမရှိဘူး ဟိုဟိုဒီဒီလည်းမတည့်တော့မသွားရဲဘူး ။ အင်ဒိုသွားရင် ကုလားကြောက်တယ် ၊ ထိုင်းသွားရင်အလိမ်ခံရမှာစိုးတာနဲ့..။ ဘာမှကိုမရောက်ဖြစ်ဘူး ။မဗေဒါတို့လို တက်ညီလက်ညီသွားချင်လိုက်တာ ။ winta sonata ကားက အရုပ်လေးတွေကိုမှတ်မိတယ် ။ ကိုးရီးယားကိုသွားဖြစ်ရင်တော့ နမ်မီကျွန်းလေးကိုသွားဖြစ်အောင်သွားဦးမယ် ...။

shin said...

ဟေးးးးး။Nami Island ကို zip wire စီးပြီးသွားမယ်ကွကွကွ။ ဖေ့ဘွတ်မှာ zip wire ဓတ်ပုံမြင် ကထဲက အဲ့ဒါစီးချင်နေတာ။ ဒါပေမဲ့ အတူသွားမဲ့ ညီမက စီးရဲ ပါ့မလားမသိဘူး။ အစကတော့ Petite France ကို မသွားပဲ Nami Island ပဲသွား မလို့။ အခု မဗေဒါရဲ့ ဒီပိုစ် ဖတ်ပြီး Petite France ကိုပါသွားချင်စိတ် ပေါက်လာပြီ။ တရက်ထဲ ၂နေရာ သွားလို့ရတယ် ဆိုတော့ မဆိုးဖူးပဲ။ Nami Island သွားတုန်း မဗေဒါ လမ်းမေးတဲ့ ပုံစံမိုက်တယ်။ ကိုယ်လဲ ကောင်လေးတွေ ရွေးမေးမှပဲ။ ဟီး။ Nami Island ကို ဒေါက်ဖိနပ်ပါ သယ်သွား သလားဟင်။ နို့မို့ တနေကုန် အဲ့ ဖိနပ်နဲ့ လမ်းရှောက်ရရင် မလွယ်ဘူး။ Btw မဗေဒါတို့ အပြန်မှာစားခဲ့တဲ့ ဒယ်ပြားကြီးနဲ့ ဟာက သွားရေယိုချင်စရာပဲ။ ကိုယ်တော့စားဖြစ်အောင် ကိုစားအုံးမယ်။ Sauna သွားရင် ကောင်းမလား မသွားရင် ကောင်းမလား စဉ်းစားနေတာ။ ဂျပန်မှာတုန်းက သူငယ်ချင်းက သွားမလားလို့ မေးတာ တကိုယ်လုံးချွတ်ရမှာ ရှက်လို့ မသွားခဲ့တာ ပြန်လာတော့ နဲနဲ နောင်တရတယ်။ အခုလဲ သွားချင်စိတ်က တဖက်။ ရှက်တာက တဖက်။ အင်း။ တခါလောက်တော့ ကြုံဖူးချင်သား။

mabaydar said...

ဆုမြတ်ရေ... အပူကြိုက်တယ်ဆိုရင်တော့ ဆောင်နာကို သိပ်ကြိုက်မှာ သေချာတယ်... ပူသာပူတာပါ ချွေးတွေ ထွက်သွားတော့ လူက တော်တော်လေး လန်းသွားတယ်... မဗေဒါတို့နဲ့ ခရီးလိုက်မယ်ဆိုရင်တော့ ကြောက်တတ်နေ၊ နုနေလို့ မဖြစ်ဘူးနော်... အားလုံးက ကိုယ့် agenda နဲ့ ကိုယ်ပဲ... မဗေဒါတို့နောက် မလိုက်နိုင်ပဲ ဟော်တယ်မှာပဲ ကျန်နေခဲ့မှာ မြင်ယောင်သေး... :P

mabaydar said...

zip wire က ကြည့်တော့သာ ကြောက်ဖို့ကောင်းတာ တကယ်စီးတော့ ကြောက်ဖို့ မကောင်းဘူး... သူက အဲဒိ သယ်တဲ့ ကြိုးလေးထဲ ကျုံကျုံလေး ထိုင်နေတဲ့ position ဆိုတော့ ရင်ဘက်ကို ဖိထားသလိုဖြစ်ပြီး သိပ်ကြောက်ဖို့ မကောင်းဘူး... ရှုခင်းတွေ အပေါ်စီးက မြင်ရတာ ကောင်းတယ်... ပြီးတော့ ၂ မိနစ်လောက်က ဘယ်လောက်မှ မကြာဘူး... ၀တောင် ၀မှာ မဟုတ်ဘူး... ဒေါက်ဖိနပ်က အပိုထည့်သွားတာ... နာမီကျွန်းပေါ်ရောက်တော့ အဲဒါပဲ ထုတ်စီးတာ... Petite France အထိက sport shoes ပဲလေ... ကြက်သား ဒယ်ပြားကြီးက Dakgalbi (သာဂ်ဂယ်ဘီလို့ အပေါ်က မြတ်ကြည်ရေးထားတဲ့ အသံအတိုင်းဆိုရင်တော့)... အဲဒါ နာမီကျွန်း ဒီဘက်ခြမ်းမှာ အဲ့ဆိုင်တွေ များကြီးပဲ... စားလို့ကောင်းတယ်.. စားခဲ့... ဓာတ်ပုံတွေ မျှော်နေမယ်... နောက်နေ့ကတော့ မြို့ထဲလျှောက်လည်တာဆိုတော့ shin အတွက် သိပ်မလိုလောက်ဘူး... ဟီး.... ရေးဖို့ အပျင်းကြီးတာ... ဒါနဲ့ Shin တို့ Discount coupon တွေ print out ထုတ်ဖို့ မမေံနဲ့နော်... အရမ်းသက်သာတယ်...

Mrs. Bagel said...

အခေါက်တိုင်းလိုလို တစ်ယောက်ထဲသွားတယ်။ မျက်နှာပူစရာမလိုလို့။ :P ပြန်ရောက်တာ တစ်နှစ်လောက်ရှိပြီ အစ်မ။ ဒီမှာတောင် အလုပ်လုပ်နေပြီ။ :)

Anonymous said...

thank u very much for your post and photo. i really like your blog post. carry on ma bay dar lay.
poe poe