Friday, September 27, 2013

We're The Millers (Movie) - Review


Movie Name: We’re the Millers
Genre: American Comedy film
Language : English
My rating : 3.5/5


Main Cast :
Jason Sudeikis as David Clark, a drug dealer who forms the Millers.
Jennifer Aniston as Rose, a stripper hired by David to pose as his wife.
Emma Roberts as Casey Mathis, a runaway teenage girl and thief hired by David to pose as his daughter.
Will Poulter as Kenny Rossmore, a virgin 18-year-old neighbor hired by David to pose as his son.


ဇာတ်လမ်းအကျဉ်း

အသေးစား မူးယစ်ဆေးရောင်းတဲ့ David Clark ဟာ သူ့ပိုက်ဆံတွေ ဓားပြတိုက်ခံရပြီးနောက်မှာ ဘိန်းကုန်သည် Brad Gurdlinger ရဲ့ မက်စီကိုနိုင်ငံဘက်ကနေ မူးယစ်ဆေး ကုန်ကူးဖို့ အတင်းအကျပ်ခိုင်းစေခြင်းကိုခံရပါတော့တယ်။ David ဟာ သူတစ်ယောက်တည်း နယ်စပ်ကိုဖြတ်လျှင် စစ်ဆေးခံရပြီး custom တွင်အဖမ်းခံရမည်ကိုစိုးသဖြင့် အပျော်ခရီးထွက်မိသားစုသဖွယ် ဟန်ဆောင်ကာ မူးယစ်ဆေးကို သယ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်… နိုက်ကလပ်က Rose လို့ အမည်ရတဲ့ တိုင်ပတ်အကမယ်ကို သူ့မိန်းမ အဖြစ်ရယ်၊ အိမ်ကနေ ထွက်ပြေးလာတဲ့ Casey လို့ အမည်ရတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးကို သမီးအဖြစ်ရယ်၊ သူနဲ့ တစ်တိုက်တည်းမှာနေတဲ့ အသက်၁၈နှစ် လူပျို (virgin) စစ်စစ် အူကြောင်ကြောင် Kenny ကို သူ့သားအဖြစ်ရယ်နဲ့ မိသားစု အတုလုပ်ဖို့ ငှားရမ်းခဲ့ပါတယ်… သူတို့ မိသားစုမျိုးရိုးနာမည်ကိုတော့ Millers လို့ ပေးခဲ့ပါတယ်… 


တကယ်တော့ Brad ယူခိုင်းတဲ့ မူးယစ်ဆေးတွေဟာလဲ သူနဲ့ တကယ် စီးဝါးရိုက်ထားတဲ့သူမဟုတ်ပဲ သူများနာမည်သုံးပြီး ညာယူခိုင်းတဲ့သဘောဖြစ်ပါတယ်… ဒီတော့ လူဆိုးတွေကလဲ သူတို့ကိုလိုက်သလို နယ်စပ်ဖြတ်ရာမှာလဲ ရဲဖမ်းမိမှာကို ကြောက်ရပြန်ပါတယ်… သူတို့တွေဟာလမ်းသွားရင် တခြားခရီးသွားဖော် စပ်စုတတ်တဲ့ မိသားတစ်စုနဲ့လဲ ရင်းနှီးခဲ့ပြန်ပါတယ်… တကယ်တော့ အဲဒိမိသားစုက ဖခင်က မူးယစ်အထူးနှိမ်နင်းရေးတပ်ဖွဲ့က အရာရှိတစ်ယောက်ဖြစ်မှန်း လမ်းသွားရင်း သိရှိခဲ့ရပါသေးတယ်… ဒီလိုအခက်အခဲတွေကြားမှာ… Millers မဟုတ်တဲ့ Millers တွေ… မိသားစုမဟုတ်တဲ့ မိသားစုအယောင်ဆောင် တစိမ်းတွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို သံယောဇဉ်တွယ်ခဲ့တယ်… သူတို့ ကုန်ကူးလာတဲ့ မူးယစ်ဆေးတွေ ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ဇာတ်ကားတစ်ကားလုံး တစ်ဟားဟားရယ်ရင်း ခံစားကြည့်လိုက်ကြပါနော်…


ဝေဖန်ရေး


ဒီကားက စကားပြောတွေဟာ အတော်လေးရီရပါတယ်… မိသားစုမဟုတ်တဲ့ မိသားစုတွေ တဖြည်းဖြည်းသံယောဇဉ်ဖြစ်လာပုံ… လူကောင်းမဟုတ်တဲ့ လူတွေတဖြည်းဖြည်းကောင်းလာပုံ ကို သေချာလေး ထိထိမိမိ ရိုက်ပြခဲ့ပါတယ်…. ဇာတ်ကောင် ဖန်တီးမှုကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်… ကားက ဇာတ်လမ်းအကျဉ်းထဲမှာ ပြောသလောက်ဆိုပေမဲ့ လမ်းမှာ သူတို့ကြုံတွေ့ရတာတွေက ဟာသဖြစ်စေတာပါ… ဒီတော့ ပြောပြမဲ့အစား ကြည့်လိုက်တာကပိုကောင်းပါတယ်… သူက ပေါ့ပေါ့ပါးပါးနဲ့ အခန်းတိုင်းနီးပါး ရီရပါတယ်…


ကျွန်မကြိုက်တဲ့ အခန်းတွေကတော့… မင်းသား ခရီးမထွက်ခင် ဆံပင်သွားညှပ်တော့ ဆံပင်ပုံဖော်တဲ့ စကားပြောက အရမ်းရီရတယ်… ပြီးတော့ မင်းသမီး Jennifer Aniston ရဲ့ လူဆိုးတွေ မိသွားတဲ့အချိန် တိုင်ပတ်ကပြတဲ့ ကကွက်ကတော့ Bonus ပေါ့နော်… နည်းနည်းလေး အိုနေပေမဲ့ ကြည့်ကောင်းဆဲပါပဲ… နောက်ပြီး လမ်းမှာ ဟိုမိသားစုနဲ့ တစ်ညအိပ်ရတော့ ယာယီတဲထဲမှာ အထင်မှားတဲ့ကိစ္စကလဲ ဟာသက ညစ်ပတ်ပေမဲ့ ရီတော့ရီနေရတာပါပဲ… 


ကဲ ဆက်ပြောရင် မကြည့်ရသေးသူတွေအတွက် spoiler ဖြစ်နေမှာစိုးလို့ မပြောတော့ဘူးနော်… Heroine Computer Graphic ကားတွေချည်း နောက်ပိုင်းကြည့်ရတာများလာတော့ ဒီလို သာမာန်ပေါ့ပါးတဲ့ ဟာသကားလေးဟာလဲ အပြောင်းအလဲလေးတစ်ခုအနေနဲ့ နှစ်လိုဖွယ်ကောင်းပါတယ်… မကြည့်ရသေးရင် ကြည့်လိုက်ပါ…


ဒီဇာတ်ကားကို အောက်က လင့်ခ်မှာ ကြည့်လို့ရပါတယ်...
http://watch32.com/movies-online/were-the-millers-2872


6 comments :

ပိုးပိုးရဲ့ရိုက်ချက် said...

မိသားစုလေးယောက်နောက်ကြောင်းရာဇ၀င်ဖတ်ပီး ရီချင်လို့ ရှာကြည့်ဦးမယ် တယောက်တပေါက်နဲ့ ဘယ်လောက်ရီနေရမလဲမသိဘူး ပုံနဲ့ အောက်ကရီဗျူးအတိုချုပ်နဲ့ ကို ရီချင်စရာ

mabaydar said...

ဇွတ်ကိုး ရီချင်နေတော့တာပဲ... ကြည့်ရင် ပိုရီရမယ်... အကောင်းကြီးမဟုတ်ပင်မဲ့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းပါတယ်...

Anonymous said...

ရီရတယ်ဆိုလို့ ကြည့်ဦးမယ်

Anonymous said...

အဲဒါ ဟိုနေ့က ရုံမှာသွားကြည့်တယ် ရယ်လိုက်ရတာ မပြောပါနဲ့တော့.. Jason Sudeikis ကိုလဲ အရင် Horrible Bosses တို့မှာ မကြိုက်ပေမယ့် ဒီကားမှာ သဘောကျသွားတယ် သူက အဲပိပိပြားပြားဆံပင်ကြောင့် ရုပ်ရင့်နေပေမယ့် ကားအစပိုင်းမှာထားတဲ့ ဘုတ်သိုက်ကေနဲ့လိုက်သား.. ဇာတ်ကားလေးက ခြုံပြောရင် ရိုးသလိုပေမယ့် သူ့ဇာတ်ဝင်ခန်းလေးတွေချိတ်က်ပုံနဲ့ စကားပြောတွေကြောင့်ရော သရုပ်တောင်ရွေးမှန်တာတွေကြောင့် ကြည့်ပြီးတော်တော်စိတ်ကျေနပ်စေတယ်နော်.. ကြည့်ပြီး မဗေဒါဝေဖန်ထားပုံနဲ့ ထပ်တူခံစားရပါကြောင်းးး))))

ဝိုင်း

zwelwin said...

Although it is a low budget movie with noth special,it is beautifully done. Jennifer is old but still gorgeous. I did not expect that much from it. Really funny and entertaining. I wish i could use my FB account to write comments. :-D

mabaydar said...

Thanks for your advise... I am gonna look for a way to FB plugin comments box... :D