Monday, May 27, 2013

So So, Bad and Not watched Dramas of 2012


စာမေးပွဲမပြီးခင် ဒီဇာတ်လမ်းတွဲ Review တွေ အပြီးရေးချင်တာ။ မပြီးလိုက်ဘူး။ ခုတော့ စာဖတ်သူတွေကို ကတိရှိတဲ့အတိုင်း နောက်ထပ် ၁၀ကား ရေးပေးလိုက်ပြီ။ ဒရမ်မာ ချစ်သူမဟုတ်သူတွေကတော့ ပျင်းနေပြီထင်တယ်။ မပျင်းနဲ့နော် နောက်ပိုစ့်က ခရီးသွားပိုစ့်ဆက်ရေးမယ်။ သြစီပိုစ့်ပေါ့… ခုရေးမဲ့ ၁၀ကားကိုတော့ ၃မျိုးခွဲထားတယ် … So-So dramas ထဲမှာပဲရှိပင်မဲ့ မဗေဒါ အကြောင်းအမျိုးမျိုးကြောင့် အဆုံးထိမကြည့်ဖြစ်ခဲ့ဘူး… တစ်ချို့ကားတွေကျတော့ Bad-Dramas ကြည့်နေရင်းနဲ့ကိုး မကြိုက်တော့လို့ ဆက်မကြည့်ဖြစ်တော့ဘူး… နောက်တစ်မျိုးကတော့ Not watched မဗေဒါအကြိုက် ဇာတ်လမ်းမျိုးမဟုတ်လို့ မကြည့်ဖြစ်တာအပြင် အဓိကသရုပ်ဆောင်တွေကို မကြိုက်လို့ စမကြည့်ဖြစ်တဲ့ ဇာတ်လမ်းတွေပေါ့… ဒါပေမဲ့ သင်ကြိုက်ရင်တော့ကြိုက်မှာပေါ့… တစ်ယောက်နဲ့တစ်ယောက်အကြိုက်မှ မတူပဲနော်…


၁၁။ To the beautiful you



Episodes: 16
Genre: Romance, comedy, youth
Cast
§  Choi Seol Ri as Goo Jae Hee
§  Min Ho as Kang Tae Joon
§  Lee Hyun Woo as Cha Eun Kyul
§  Kim Ji Won as Seol Han Na
§  Suh Joon Young as Ha Seung Ri
§  Kang Ha Neul as Joo Ji Chul
§  Hwang Kwang Hee as Song Jong Min
My Rating : 3.0/5

ဇာတ်လမ်းအကျဉ်း

အမေရိကားမှာ နေနေတဲ့ ကောင်မလေးတစ်ယောက်ဟာ မထင်မှတ်ပဲ တီဗွီထဲမှာတွေ့လိုက်တဲ့ အမြင့်ခုန်အားကစားသမားလေတစ်ယောက်ကြောင့် သူမရဲ့စိတ်ကျရောဂါပျောက်ခဲ့တယ်။ အဲဒိ အားကစားသမားလေးဟာ မတော်တဆထိခိုက်မှုတစ်ခုကြောင့် ဆက်ပြီးအားကစားမလုပ်တော့ဘူးဆိုတာကြားတဲ့အခါ သူမဟာ သူ့ကိုအားကစားပြန်လုပ်အောင်တိုက်တွန်းဖို့ ဆုံးဖြတ်ပြီး ကိုရီးယားကိုပြန်လာခဲ့တယ်။ ဒါပေမဲ့ ကောင်လေးတက်တဲ့ကျောင်းက ယောကျာင်္းလေးကျောင်းဖြစ်နေတာကြောင့် သူမဟာ ယောကျာင်္းလေးယောင်ဟန်ဆောင်ပြီး သူနဲ့ရင်းနှီးခွင့်ကိုယူခဲ့တယ်။ အဲဒိကျောင်းမှာပဲ သူ့ကိုအမြဲကူညီတတ်တဲ့ မိန်းကလေးမှန်းမသိသော်လည်း ချစ်နေတဲ့ကောင်လေးနောက်တစ်ယောက်နဲ့လဲတွေ့ခဲ့တယ်။ သူမရဲ့ လာရင်းရည်ရွယ်ချက်အောင်မြင်မလား၊ သူမရဲ့ လျှို့ဝှက်ချက်တွေဘယ်လိုပေါ်မလဲ၊ သူမက ချစ်ရတဲ့သူနဲ့ သူမကိုချစ်နေတဲ့သူ ဘယ်သူ့ကိုရွေးမလဲ။ စိတ်ဝင်စားရင် ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားပါ…

ဝေဖန်ရေး

ဒီဇာတ်လမ်းလေးကို ဂျပန်ကား Hana Kimi စထွက်ကတည်းက အရမ်းကြိုက်ခဲ့တာပါ။ ထိုင်ဝမ် Version ကတော့ မင်းသမီး Ella ကို သေလောက်အောင် အမြင်ကပ်လို့ ဘယ်လိုမှကြည့်လို့မရခဲ့ပါဘူး။ (ကြိုးစားပြီးကြည့်သေးတယ်… မခံစားနိုင်ဘူး)။ ခုကိုရီးယား Version လဲ မဆိုးပါဘူး။ အဓိကက မင်းသမီးဆိုတော့ သူမုန်းဖို့မကောင်းဖို့လိုတာလေ။ တစ်ခါတစ်လေ မင်းသမီးတွေက မင်းသားချောချောလေးတွေ အများကြီးပါတဲ့ကားဆို အက်ကရု (Act Cute) လုပ်တာနဲ့ပဲ မုန်းစရာကောင်းသွားရော။ မထင်ထားပဲ F(x) အဆိုတော်အဖွဲ့ထဲက Sulli ကတော့ ချစ်စရာကောင်းပါတယ်။ အိုက်တင်လဲ မပိုဘူး။ ဂျပန်ကားမှာတုန်းက ဒုတိယမင်းသားကို အရမ်းကြိုက်ခဲ့တယ်။ အရူးအမူး ၃လလောက်ဖြစ်လိုက်တယ်။ မဗေဒါ ဘလော့ပေါ်မှာ ပထမဆုံးမြန်မာလိုရေးတဲ့ ရုပ်ရှင် ရီဗျူးက ဂျပန် Hana Kimi ထဲက ဒုတိယမင်းသားအကြောင်းပေါ့။ (http://mabaydar.blogspot.sg/2007/09/i-am-fun-of-toma.html) ဂျပန်ကားမှာက ဒုတိယမင်းသားအခန်းကတောင်ပိုများသလိုဖြစ်ပြီး ပထမမင်းသားက Act Cool လုပ်လွန်းလို့ သိပ်မကြိုက်တော့ဘူး… ဒါပေမဲ့ ကိုရီးယားကားမှာကျတော့ တင်ဆက်ပုံကောင်းတယ်ပဲပြောရမယ်။ သူ့ဇာတ်ကောင်နဲ့သူ အသားပေးပြတာချင်းကွာတယ်။ ဂျပန်ကားကြည့်တုန်းက ဒုမင်းသားကို အရမ်းကြိုက်ပြီး ပထမမင်းသားကိုပဲလိုက်ကြိုက်နေတဲ့ မင်းသမီးကို အမြင်တောင်ကပ်ချင်လာတယ်။ အဲလို ခံစားချက်မျိုး ကိုရီးယားကားတင်ဆက်ပုံက မပေးဘူး။ ဒီတော့ သူ့နေရာနဲ့သူကောင်းတယ်။

ဒါပေမဲ့ ကိုရီးယားကား မင်းသား Choi Min Ho (Shinee အဆိုတော်အဖွဲ့ ထဲက member) က ဒီကားထဲမှာ သိပ် Cool မဖြစ်သလိုပဲ။ သူ့ကို Shinee အဖွဲ့မှာမြင်ကတည်းက သဘောကျပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကောင်နဲ့ သိပ်မလိုက်သလိုခံစားရတယ်။ သူ့ပုံက အရမ်းသဘောကောင်းတဲ့ပုံပေါက်နေတာ။ ခပ်တည်တည်ဆို ပိုလိုက်မယ်။ လုံးဝမကောင်းတာတော့ မဟုတ်ပါဘူး။ သူ့ဟာနဲ့သူတော့ ကောင်းပါတယ်။ (မဗေဒါကလဲ ဂျပန်မင်းသားကျ Act Cool လုပ်လွန်းလို့ မကြိုက်၊ ကိုရီးယားမင်းသားကျ သိပ်မcool လို့ အားမရ၊ မဗေဒါအလိုကို မြန်မာမင်းသားပဲလိုက်နိုင်မယ်ထင်တယ်…. ဟတ်… ဟတ်…)… သူက ဂျပန်ဇာတ်လမ်းမှာရှိတဲ့ ဟာကွက်လေးတွေကို ဖြည့်သလို မလိုအပ်တဲ့ အပိုတွေကိုလဲ လျော့ချပြီးရိုက်ထားတာတွေ့ရတယ်။ ထိုင်ဝမ်တုန်းကတော့ ကြည့်လိုက်မိတဲ့ အစပိုင်းလေးမှာတောင် ဇာတ်ကောင်အားလုံးနီးပါးကို ဂျပန်ဆီက တိုက်ရိုက်ခိုးချထားတာတွေ့ရတယ်။
ဒီကားကို ဘာလို့ အဆုံးထိမကြည့်ဖြစ်ခဲ့တာလဲဆိုတော့… ဒီကားပြနေတုန်းမှာ မြန်မာပြည်ခဏပြန်ဖြစ်တယ်။ ပြန်ရောက်တော့လဲ ဒီကားက ဇာတ်လမ်းသိပြီးသားဆိုတော့ နောက်အားမှဆက်ကြည့်မယ် စဉ်းစားရင်း ဆက်မကြည့်ဖြစ်တော့တာ။ ဒါပေမဲ့ ဒီကားလေးကို Rating ၃ ပေးထားတယ်။ အစအဆုံးကြည့်ဖြစ်တဲ့ “Big” တို့ဘာတို့ထက်တော့ အမှတ်များများပေးထားတယ်ဆိုတော့ ကြည့်ချင်ကြည့်လို့ကောင်းတဲ့လူငယ်ကျောင်းသားကားလေး တစ်ကားဖြစ်လို့ပါပဲ။

၁၂။ I do, I do


Episode: 16
Genre: Romance, Comedy
Cast:
Kim Sun-a as Hwang Ji-ahn
Lee Jang-woo as Park Tae-kang 
Park Gun-hyung as Jo Eun-sung
Im Soo-hyang as Yeom Na-ri

My Rating: 2.7/5

ဇာတ်လမ်းအကျဉ်း

အသက် ၃၀ကျော် ၄၀ ၀န်းကျင် ရှိပြီး နာမည်ကြီးဖိနပ်ကုမ္ဗဏီမှာ အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Hwang Ji-Ann ဟာ မမျှော်လင့်ဘဲ အထက်တန်းအောင် ပညာအရည်အချင်းပဲရှိတဲ့ ဒီဇိုင်နာဖိနပ်တွေကို ပုံစံတူခိုးပြီး အတုလုပ်တဲ့Park Tae-kang ဆိုတဲ့ ကောင်လေးနဲ့ တစ်ညတာအိပ်စက်ဖြစ်သွားတဲ့နောက်ပိုင်းမှာတော့ သူ့ဘ၀ဟာ မမျှော်လင့်ထားပဲပြောင်းလဲခဲ့တယ်… အိမ်ထောင်ပြုဖို့စိတ်ကူးမရှိပဲ ဘ၀မှာ အလုပ်ကိုသာဦးစားပေးတတ်တဲ့ မိန်းမတစ်ယောက်ဟာ တစ်ညတာမိုက်မဲမှုကြောင့် ကိုယ်ဝန်ရလာတဲ့အခါ သူဘယ်လိုဆုံးဖြတ်မလဲ။ အတိုက်အခံ အခက်တွေကြား ဘယ်လို ရှေ့ဆက်မလဲ။ သူနားမလည်သေးတဲ့ လူ့ဘ၀ရဲ့တန်ဖိုးဟာဘာလဲ။ စီစဉ်ထားတာတွေဖြစ်မလာပဲ ဘ၀ဆိုတာ မမျှော်လင့်ထားတဲ့အရာတွေဖြစ်လာတဲ့အခါ လက်ခံရင်ဆိုင်းရင် ဘ၀ကိုအကောင်းဘက်ကနေမြင်တတ်ဖို့ ပြသသွားတဲ့ Heartwarming ဇာတ်လမ်းတွဲတစ်ပုဒ်ပါ။

ဝေဖန်ရေး

ဒီဇာတ်လမ်းကိုလဲ မဗေဒါ အဆုံးထိ မကြည့်ဖြစ်ပါဘူး… စာမေးပွဲတွင်းဖြစ်သွားတာက တစ်ကြောင်း စာမေးပွဲပြီးတော့လဲ တခြားပိုကောင်းတဲ့ကားတွေကိုပဲ ဆက်ကြည့်ဖြစ်တော့ ဒီကားကို မကြည့်ဖြစ်တော့ဘူး… တခြားလူတွေတော့မသိဘူး မဗေဒါအတွက် ဒီကားမှာ မင်းသားနဲ့ မင်းသမီးက သိပ် Chemistry မရှိသလိုခံစားရတယ်။ ဇွတ်အတင်းပေးစားနေသလိုပဲ။ သိပ်အလုပ်ကို ဦးစားပေးပြီး သံမဏိစိတ်ရှိတယ်လို့တောင် အောက်လက်ငယ်သားတွေကပြောခံရတဲ့ မိန်းမက ကိုယ်ဝန်ရှိတော့ ဒီကလေးကိုယူမယ်ဆိုပြီးဖြစ်တာက တစ်မျိုးပဲ။ ဒါပေမဲ့လဲ ဒီကားပြချင်တာက ကလေးကြောင့် သူ့ဘ၀ပြောင်းလဲလာတာကိုပြချင်တာဆိုတော့လဲ ပြောရခက်ပြန်ရော။ ပေးချင်တဲ့ massage က ကောင်းတယ်။ ဒါပေမဲ့ တစ်ချို့ပရိတ်သတ်တွေကိုလဲ အဓိပ္ပါယ်ကောက်လွဲအောင်လုပ်နိုင်တယ်လို့ထင်တယ်။ တော်ကြာနေကျမှ ဒီလို one night stand ပြီး ခလေးရလဲ ဘာအရေးလဲ မျက်နှာပြောင်တိုက်နေလိုက်ရုံပဲဆိုတဲ့ အတွေးမျိုးတွေဝင်သွားနိုင်တယ်။ မဗေဒါပြောချင်တာက ကိုယ်လုပ်ပြီးရင် ကိုယ်ခံရဲယုံတင်မကဘူး ကိုယ့်သွေးသား ကလေးအတွက် broken family မဖြစ်အောင်၊ အနာဂတ်အတွက် ကိုယ့်သားသမီး မျက်နှာမငယ်ရအောင် မလုပ်သင့်အလုပ်ထိုက် မဖြစ်သင့် မဖြစ်ထိုက်တာတွေကို မလုပ်ဖို့ ပဲ။ ကဲဒီလိုမှမဟုတ်ပဲ လုပ်မိသွားပြီဆိုရင်တော့ ဒီကားထဲကလို တာဝန်ယူနိုင်ဖို့ပဲ။ ပြီးတော့ လူ့ပတ်ဝန်းကျင်ဆိုတာလဲ သူတို့နဲ့ဘာမှမဆိုင်ပဲ ဒီလိုမျိုးဆို ကဲ့ရဲ့အပြစ်တင် အတင်းခုတ်တတ်ကြတယ်လေ။ အဲလိုလူမျိုးတွေလဲ အမြင်ကျယ်ပြီး နားလည်မှုရှိသင့်တယ်လို့ထင်တယ်။ သူ့ဘ၀နဲ့သူပဲဟာ ကိုယ့်လာထိခိုက်နေတာမှမဟုတ်ပဲ။ အားလုံးဟာ တဖက်စွန်းမရောက်တာအကောင်းဆုံးပဲပေါ့။ ဒီကားဟာ Rating ကောင်းကောင်းမရခဲ့ပါဘူး.. အကြောင်းကတော့ သူပြနေတဲ့အချိန်မှာ တခြား station တွေက Gaksital နဲ့ Ghost ပြနေတယ်ဆိုတော့ ဒီကားမယှဉ်နိုင်တာ မဆန်းပါဘူး… ဒါပေမဲ့ ဒီကားထဲက မင်းသမီးရဲ့ ဖက်ရှင်နဲ့ ဆံပင်ပုံစံကတော့ ပေါ်ပြူလာဖြစ်ခဲ့ပါတယ်တဲ့။

၁၃။ Kings of dramas


Episode : 18
Cast :
§  Kim Myung Min as Anthony Kim
§  Jung Ryu Won as Lee Go Eun
§  Choi Si Won as Kang Hyun Min
§  Jung Man Shik as Oh Jin Wan
§  Oh Ji Eun as Sung Min Ah

My rating : 3/5

ဇာတ်လမ်းအကျဉ်း

ကိုရီးယား ဒရမ်မာ ထုတ်လုပ်ရေးနဲ့ အနုပညာအသိုင်းအ၀ိုင်းအကြောင်းလေးကို အခြေခံပြီးရိုက်ထားတာပါ။

ဝေဖန်ရေး
ဒီကားကို အဆုံးထိမကြည့်ဖြစ်ပါဘူး… ကားပြီးခါနီး နောက် ၄ပိုင်းလောက်အလိုမှာ ရန်ကုန်ပြန်ဖြစ်သွားပြီး ပြန်လာတော့ ဇာတ်သိမ်းကိုလဲ သိသွားတာနဲ့ မကြည့်ဖြစ်တော့တာပါ။ အဓိက အကြောင်းပြချက်ကတော့ မင်းသားကြီးက အိုနေလို့ပါ။ အစကဆို ကြည့်တောင်မကြည့်ပါဘူး။ နောက်မှ ဖေ့ဘွတ်ပေါ်မှာ သူများက ကောင်းတယ်ပြောလို့ကြည့်ဖြစ်တာပါ။ မဆိုးပါဘူး… ကြည့်နေတုန်းတော့ ဆက်မကြည့်ချင်မဖြစ်ပါဘူး… ဆက်ကြည့်နေချင်ပါတယ်… ကြားမှာပြတ်သွားလို့သာ မကြည့်ဖြစ်တာပါ။ အဆုံးမှာ မင်းသားကြီးက အိုရတဲ့အထဲ မျက်စိကကန်းအုံးမယ်။ ဒါကိုတောင်မှ မင်းသမီး (ဇာတ်လမ်းထဲမှာ စာရေးဆရာမ ငယ်ငယ်လေး) က ကြိုက်ရအုံးမယ်ဆိုတော့ ပြန်ဖွင့်ကြည့်ဖို့ ဖီလ်းမလာတော့တဲ့အပြင် တခြားကောင်းတဲ့ကားတွေထပ်ထွက်လာတာကြောင့်လဲဖြစ်ပါတယ်… ပျင်းတယ် အချိန်ပိုနေတယ် ကိုရီးယားရုပ်ရှင်တစ်ကားထုတ်လုပ်တဲ့ အကြောင်းသိချင်ရင်တော့ ကြည့်ကြည့်ပေါ့နော်…

Bad and Not watched (not my type) dramas
ဒီကားတွေကို ဇာတ်လမ်းအကျဉ်း Detail မရေးတော့ပါဘူး…

၁၄။ School 2013 (unfinished)


My Rating : 2/5
ကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေအကြောင်းပေါ့။ ကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေအကြောင်းကို ဂျပန်က ပိုပြီး ကောင်းအောင်ရိုက်နိုင်တယ်လို့ထင်ပါတယ်။ ကိုရီးယားက ဂျပန်ကားတွေလိုလဲ အရမ်းမပိုချင်တော့ Realistic အနည်းအကျဉ်းဖြစ်အောင်များလုပ်နေလို့လားမသိဘူး… ဇာတ်လမ်းကြီးက အီပြီး ဆွဲနေတာပါပဲ။ မင်းသမီးကလဲ Jang Na Ra (သိပ်အကြိုက်ကြီးမဟုတ်)…. မင်းသားကတော့ Danial Choi (Ghost ထဲက Park ki young အရင်က မျက်နှာလုပ်တဲ့မင်းသား)… တခြားကျောင်းသားလုပ်တဲ့ ကောင်လေးငယ်ငယ်ချောချောလေးတွေတော့ပါပါတယ်။ ဒါပေမဲ့ ဆွဲဆောင်မှုမရှိဘူး… ခုထက်ထိ တစ်ဝက်တစ်ပျက်ပဲကြည့်ရသေးတယ်။

၁၅။ Fashion King (unfinished)

My Rating: 2.5/5
ဒီကားကို rating တစ်ဝက်ပေးထားခဲ့တာက ဒီကားဟာ နောက်ဆုံးအပိုင်းကလွဲလို့ ကျန်တဲ့ အပိုင်းတွေမှာ တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။ ဇာတ်သိမ်းပိုင်းမှာ လုပ်ချလိုက်တာကြောင့် အမုန်းကြီးမုန်းမိသွားတာ။ မင်းသားက Yoon Ah in၊ သူ့ဇာတ်ကောင်နဲ့ သူနဲ့က လိုက်ဖက်တယ်၊ မင်းသမီးက Shin Se Kyung (ခုပြနေတဲ့ When a Man loves) ထဲက မင်းသမီး၊ ယောကျာင်္းနှစ်ယောက်ကြားမှာ မထုံတတ်တေးနဲ့ ဟိုပင်ဒီပင်ကူးတဲ့ဇာတ်ကောင်မျိုးဆို ပိုင်လို့လားတော့မသိဘူး သူ့ကို အဲလိုကားမျိုးတွေချည်းပဲတွေ့နေရတယ် (Fashion King မှာ ကိုယ်က သူများတွေပြောလို့ ဇာတ်သိမ်းပိုင်းကို မကြည့်ပဲနေလိုက်တော့ သူ့သိပ်မမုန်းဘူး ခုတော့ When a man loves မှာ တော်တော်လေးမုန်းနေပြီ) ကဲ… သူပဲ သရုပ်ဆောင်ကောင်းလို့လားတော့ မသိတော့ဘူး… သူ့မျက်နှာလေးကို မမုန်းပါဘူး ဒါပေမဲ့ ဒီလိုဇာတ်ကောင်တွေကို နောက်ပိုင်းမှာ သူရှောင်သင့်နေပြီ (မျက်လုံးထဲ ကလန့်နေပြီနော် ဒီမင်းသမီးတော့ အဟိ)။ အဆုံးပိုင်းမှာ ဘယ်လိုများ စိတ်ပျက်မိမလဲ လို့ သိချင်တယ်ဆိုရင် ကြည့်ကြည့်လိုက်။ :P

 ၁၆။ Time slip Dr. Jin (Unfinished)


My Rating: 1.5/5
မင်းသားက Song Seng Hun ( ဂျွန်စော) မင်းသမီးက Park Min Yong (SongKyunKwan Scandal နဲ့ City Hunter ထဲက မင်းသမီး) ။ အစပိုင်းတော့ ဟုတ်တော့မလိုလိုနဲ့ မဖြစ်နိုင်တာတွေက တရားလွန်လာသလိုပဲ။ အစကတည်းကတော့ အချိန်ခရီးသွားကားဆိုကတည်းက မဖြစ်နိုင်တာကိုရိုက်မှန်းသိပါတယ်။ ဒါပေမဲ့ လူဦးနှောက်ကိုခွဲတာ ဘယ်လောက်ပဲ တော်တဲ့ ခေတ်ဆရာဝန်ပဲဖြစ်ဖြစ် ဆောက်နဲ့ တူနဲ့ ထုပြီး ဦးခေါင်းကို ခွဲစိတ်တာလဲ ဖြစ်တာပဲလား။ ကဲပြော… (လွယ်သလား ခက်သလား ရာမ)… စလာကတည်းက သွေးသံရဲရဲနဲ့ သီးခံပြီးကြည့်နေသေးတယ်။ သူက ရှေးခေတ်ရောက်ပြီး သမိုင်းတွေကို လျှောက်ပြောင်းပြီးမှ အမှန်ပြန်ပြင်ရမယ်တွေဘာတွေနဲ့ ရှုပ်နေတာပဲ။ ရည်ရွယ်ချက်ပျောက်သွားတယ်။ မင်းသမီးကလဲ နည်းနည်းလေး annoying ဖြစ်လာတယ်။ နောက်ပြီး ဇာတ်လမ်းထဲမှာ မဗေဒါကို အကြီးအကျယ်စိတ်အနှောက်ယှက်ပေးတာကတော့ ဒုတိယမင်းသား JYJ အဆိုတော်အဖွဲ့ထဲက Jae Joong သရုပ်ဆောင်ချက်ပဲ။ ဟာခနဲ ဟင်ခနဲပဲ (ရွဲ့ပြောတာ) ။ အမြင်ကပ်ကပ်နဲ့ သူ့ Tweeter မှာတောင် Feedback ပေးမလို့ လိုက်ရှာမိသေးတယ်။ ဒါပေမဲ့ Tweeter ပေါ်က သူ့ပုံလေးတွေကြည့်ပြီး မပြောရက်တော့ဘူး။ ကိုယ်မကြိုက်ရင် မကြည့်တာပဲကောင်းပါတယ်လေ။ ကောင်လေးက ချောတောချောရှာသားဆိုပြီး။ အဲဒါနဲ့ပဲ စိတ်ကုန်ပြီး ဆက်မကြည့်တော့ဘူး။ ကြည့်ထားတာကြာနေတော့ ဘာတွေကို annoying ဖြစ်ခဲ့လဲ အသေးစိတ်တော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ မကြိုက်ဘူးဆိုတာပဲသိတယ်။

၁၇။ Faith (not watched)


ဒီကားကို မကြည့်တော့ Rating မပေးတော့ဘူး။ ဘာလို့မကြည့်တာလဲ မင်းသား မင်းသမီး ဒီလောက်ကောင်းတာကိုးလို့ ပြောချင်ပြောမယ်။ မင်းသားက Lee Min Ho  မင်းသမီးက မြန်မာပြည်မှာ လီဟန်နီဆိုပြီး နာမည်ကြီးတဲ့ မင်းသမီး Kim Hee-Sun။ နှစ်ယောက်လုံးကို ကြိုက်တယ်။ ဒါပေမဲ့ အဲဒိအချိန်အတောအတွင်းမှာ အချိန်ခရီးသွားကားတွေကို အတော်လေး အီစိမ့်နေတာရော။ အချိန်ခရီးသွားကားတွေက အစပိုင်းတော်တော်လေးကောင်းပြီး အဆုံးပိုင်းချာတတ်တာကြောင့်ရော ကြည့်ဖို့ Mood မရှိတော့ဘူး။  မဗေဒါ အစ်မကြည့်ကြည့်နေတာတော့ တစ်ခါတစ်လေ ၀င်ကြည့်ဖြစ်တယ်။ အဲဒိမှာလဲ ဘာတွေ့လဲဆိုတော့ မင်းသားနဲ့ မင်းသမီးကြားမှာ Chemistry မရှိဘူး… လီမင်ဟိုက မင်းသမီးကို ဖီလ်းမလာသလိုဖြစ်နေတယ်။ မင်းသမီးကလဲ အသက်ကြီးတာကိုး။ City Hunter တုန်းက လီမင်ဟိုတစ်ယောက် ပတ်မင်ယောင်းနဲ့ သိပ်ကြည့်ကောင်းတယ်။ ကြည့်ကောင်းမှာပေါ့ ကားလဲပြီးရော သူတို့ ၂ယောက်လဲ အပြင်မှာကြိုက်သွားရောလေ။ (ခုတော့ ပြတ်သွားပြီတဲ့)။ ဘယ်လိုပဲဖြစ်ဖြစ် မကြည့်ချင်လို့ မကြည့်တော့ဘူး။

၁၈။ Queen In Hyun Man (Not Watched)


သူလဲ အချိန်ခရီးသွားကားပဲ။ အဲဒိဇာတ်လမ်းတွေဇာတ်တိုက်ဖြစ်လာသလောက် အားလုံးနီးပါးက ကိုယ့်ကို စိတ်ပျက်စေခဲ့တယ်ဆိုတော့ မကြည့်ချင်တော့ဘူး။ အထူးသဖြင့် မင်းသားက ကိုယ်မကြိုက်တဲ့မင်းသားကြီး။ ဒီရုပ်ဒီရည်နဲ့ ဘယ်လိုမင်းသားဖြစ်မှန်းမသိ။ (အဟိ… သူများကိုနှိမ်တာ အမှန်တော့ အရမ်းလဲ ရုပ်မဆိုးပါဘူး)… ဒါပေမဲ့ ဟိုးအရင်က ကြည့်ဖူးတဲ့ အကကား “Over the Rainbow” ဆိုတာမှာကတည်းက သူက ပထမမင်းသားဖြစ်ပင်မဲ့ ဒုတိယမင်းသား လုပ်တဲ့ “Hwan Hee” ကို အပြတ်အသတ်အားသာပြီး ကြိုက်တာရော၊ ကံအကြောင်းအရ ဒီမင်းသားက သိပ်မချောတာရောကြောင့် သူ့ကို မကြိုက်တော့တာပဲ။ ပြောသာပြောတာ မဗေဒါလဲ ဇာတ်ကောင်နဲ့ သရုပ်ဆောင်ကို တစ်ချို့အရာတွေမှာ ခုချိန်ထိ ခွဲခြားစဉ်းစားပေးလို့ရသေးဝူး။ အဟိ…. (ဒါပေမဲ့ ကြိုးစားနေပါတယ်။ ကိုယ့်ကိုကိုယ်လဲသိပါတယ်)။ ဒါပေမဲ့ ဒီကားကြည့်တဲ့သူတွေကတော့ ဒီကားက ဇာတ်လမ်းမဆိုးဘူးလို့တော့ ပြောကြပါတယ်။ ကြည့်ချင်ရင်တော့ ကြည့်လိုက်နော်။ ဒီကားပြီးတော့ မင်းသားနဲ့ မင်းသမီး အပြင်မှာ ကြိုက်သွားကြတယ်တဲ့တော်…..

၁၉။ The King 2 Hearts (unfinished)


မင်းသားကလဲ Lee Sung Ki ပါ၊ မင်းသမီးကလဲ ကိုယ်ကြိုက်တဲ့ မင်းသမီး Ha Ji Won ပါ။ ၂ယောက်လုံးကြိုက်ပါတယ်။ ဒါပေမဲ့ အဲဒိ မြောက်ကိုရီးယား တောင်ကိုရီးယားကားတွေလဲ အစပိုင်းဟုတ်သလိုလိုနဲ့ ပြီးရင် ချာချာသွားတယ်။ ရှေ့တစ်ကား ( Myung Wol The Spy) ဆိုလဲ နောက်ပိုင်းဇာတ်လမ်းက တော်တော်ဆိုးတယ်။ Ha Ji Won ကိုလဲ ကိုယ်ကြိုက်ပင်မဲ့ အားမနာတမ်းပြောရရင် ဒီ King 2 hearts ကားမှာ သူနည်းနည်းပိုတယ်လို့ ခံစားရတယ်။ အဲဒိမှာတင် ဆက်မကြည့်ချင်တော့တာပဲ။ သူများတွေကတော့ ကောင်းတယ်ပြောပါတယ်။ ဒီတော့ ကြည့်ချင်လဲကြည့်ပေါ့နော်။

၂၀။ Five Fingers (Not Watched)


ဒီကားကို မကြည့်ဖြစ်တဲ့ အဓိကအကြောင်းအရင်းများကတော့ အတော်လေးကို ခိုင်လုံပါတယ်။
၁အချက်။ မင်းသားများဟာ Not my favorite၊

၂အချက်။ မင်းသမီးဟာ Gaksital ထဲက မင်းသမီး (သရုပ်ဆောင်လုံးဝမကောင်းဟု မဗေဒါသတ်မှတ်ထားသလို သူ့ မျက်နှာပေါက်မျိုးကို မဗေဒါသဘောမကျ (မချောဟု မဆိုလို၊ အပြင်မှာသိတဲ့ အတွင်းပုတ်တစ်ယောက်နဲ့ ခပ်ဆင်ဆင်တူနေလို့ Personally မကြိုက်တာပါ… ) အဟိ… (ဒီလိုဆိုတော့လဲ မင်းသမီးသနားသား))

၃အချက်။ မယားကြီး မယားငယ်နဲ့ ပြီးရင် မယားငယ်က မွေးတဲ့သားက ပိုထူးချွန် ပိုတော် ပိုကောင်း ဒါမျိုးဇာတ်လမ်းကို လက်မခံချင်ဘူး။ ဘာအကြောင်းကြောင့်ပဲ မယားငယ်ဖြစ်ဖြစ် သူများယောကျာင်္းခိုးတာက ခိုးတာပဲ။ သူများအိမ်ထောင်ရေးကို ဖျက်စီးတာပဲ (နာမည်ကျော် ဇာတ်လမ်းတွဲ Baker King ကို စောင်းပြောခြင်းဖြစ်သည်)။ အဲလိုဇာတ်လမ်းမျိုးဆို သူများတွေဘယ်လောက်ပဲကြိုက်ကြိုက် ဘယ်လောက်ပဲ နာမည်ကြီးကြီး သေလောက်အောင်ပဲ ဆုတွေရရ မကြည့်ပါ။

မှတ်ချက်။        ။ အပြောတောမစောနဲ့အုံး ဒီ Five Fingers ကားက အဆုံးမှာ Twist လေးရှိတယ်တဲ့။ အမှန်တော့ မင်းသားက မယားငယ်က မွေးတာမဟုတ်ပါဘူးတဲ့။ အဲဒိ မိန်းမကပဲ အရင်ယောကျာင်္းနဲ့ရပြီးမွေးခဲ့တာ။ ဒါပေမဲ့ သူက သူ့ကလေးသူမမှတ်မိပဲ မယားငယ်က မွေးတဲ့ကလေးကို သူ့လက်ရှိယောကျာင်္းက အိမ်ပေါ်ခေါ်တင်လာတယ်ထင်ပြီး ကိုယ့်ကလေးကိုယ် နှိပ်စက်တာတဲ့။ သူ့လက်ရှိယောကျာင်္းက သူအရင်က တစ်ခြားယောကျာင်္းနဲ့ ဖြစ်ခဲ့တာကို သိလို့ တမင်လက်စားခြေတဲ့အနေနဲ့ သူ့ကလေးသူ ပြန်နှိပ်စက်ဖြစ်အောင် အကွက်ဆင်ခဲ့တာတဲ့။ ဒါပါပဲ လောကမှာ လူတိုင်းကို ကောင်းကောင်းဆက်ဆံသင့်တယ်ဆိုတဲ့ အသိလေးပေးချင်တယ်ထင်ပါ့။ ဒီကားကိုတော့ သူများပြောလို့ပဲသိတာ။ လုံးဝကို မကြည့်တာ။ တတိယအချက်က မဟုတ်ဘူးဆိုပင်မဲ့ ပထမ ၂ချက်ကြောင့် ကြည့်ချင်စိတ်မရှိပါ။

yayyy... yayyy... ကတိပေးခဲ့တဲ့အတိုင်း ကား ၂၀ ရေးလို့ပြီးပြီ။ ပထမဆုံးအကြိမ်ရေးမယ်ပြောပြီး ဆုံးခန်းတိုင်ရေးဖြစ်တာပဲ။ ခု နောက်ဆက်ပြီး သြစတေးလျ ခရီသွားပိုစ့်ကို စောင့်မျှော်ဖတ်ရှုကြပါလို့။။။။

6 comments :

Sweet Sweet said...

I do, I do နဲ့ Faithကိုတော့ကြိုက်၏

Sandi said...

i have finished reading. i watched the faith and i love it. for Hana Kimi i like the Tiwan version. may be cos of i like Ella. the rest haven't watched. good writing sis. pls continue for travelling post. :) both korea and Aus

Anonymous said...

ဟာဂျီဝန်ကြိုက်တာ တူတယ် သူ့ကိုတော့လူတိုင်းကြိုက်တယ်ထင်တယ် ဂျန်နာရာတော့ တို့လဲသိပ်မကြိုက်ဘူး သေးသေးကွေးကွေးနဲ့ ဟိုအရင်က မြဝတီမှာလာတဲ့ ဟာဂျီဝန်သိုင်းကားတကား ပြန်ကြည့်ချင်လို့ နာမည်မမှတ်မိဘူး သူကမိဘတွေအသတ်ခံရပြီး အကိုနဲ့လဲကွဲ အကိုက သူပုန်ဖြစ်နေတာလေ

ဝိုင်း

Anonymous said...

ELLA ကို မကြိုက်တာချင်းတူနေပြီ HANA KIMI ကို KOREA VERSION တော့ မကြည့်ရသေးဘူး The king 2 hearts လည်း ဟုတ်ပ အစပိုင်း ဟုတ်သလိုလိုနဲ့ ဂယ်ဘဲ Five Fingers ကကျတော့ ဇွတ် Time traveller ကားထဲမှာRoof top prince ဘဲနည်းနည်းခံစားလို့ ရတယ်
AMT

mabaydar said...

@Sandi - I like Ella when singing but not acting.... hee hee... Thanks for the comment... stay tuned
@၀ိုင်း ပြောတဲ့ကားက Damo ထင်တယ်။ အဲကားတော့ မကြည့်ရသေးဘူး။ ကောင်းတယ်လို့တော့ကြားတယ်။ အရင်က ဟာဂျီဝန်းကို Sex is Zero ကား ပထမဆုံးကြည့်ဖြစ်ပြီး သိပ်သဘောမကျဘူး... ဒါပေမဲ့ Hwan Jin Yi မှာ သူ သရုပ်ဆောင်ကောင်းတာကို လက်ခံရင်းကြိုက်သွားတာ။
@AMT - Ella နဲ့ Jerry Yan ကားတောင် Jerry ကြည့်ချင်တာရယ်၊ ဇာတ်လမ်းသဘောကျတာရယ်ကြောင့်ကြည့်မလို့၊ Ella ကြောင့် နားနားပြီးကြည့်နေရတယ်။။။ (Ella's Fan တွေကိုတော့ တောင်းပန်တယ်နော်)... hee hee.. :P

white said...

i like ur blog.... now i m reading all of ur post one by one.... Thks ....