Wednesday, May 15, 2013

Park Shi Hoo - Rape Scandal အမှု

အစက ဒီအကြောင်းကို သိတောင်မသိပါဘူး... ခုနောက်ပိုင်း ၀က်ဆိုဒ်တွေသိပ်လိုက်မဖတ်ဖြစ်တော့... နွေးနေခြည်ကွန်မန့်မှာပြောသွားမှသိတယ်... ဒါပေမဲ့ ခုတော့ Cbox မှာ marry က ရေးပါဆိုလို့ နားလည်သလောက်အတိုချုံးရေးဖို့ စိတ်ကူးတယ်...
မင်းသား Park Shi Ho


အမှူအကြောင်း


အမှူကြောရိုးလေးကို အားလုံးသဘောပေါက်အောင်အရင်ရှင်းရရင်ဖြင့်.... ဒီနှစ် ဖေဖော်ဝါရီ ၁၄ရက်ညမှာ မင်းသား Park Shi Ho ရယ်၊ Mr.Kim လို့ နာမည်ပေးထားတဲ့ Junior မင်းသားတစ်ယောက်ရယ်၊ နောက်ကောင်မလေးကိုတော့ A လို့ နာမည်ပေးထားတယ်... သူတို့ ၃ယောက် ဘားတစ်ခုမှာအရက်သောက်ပြီးတော့ မင်းသား Park Shi Ho နဲ့ အဲဒိ A ဆိုတဲ့ ကောင်မလေး အတူတူနေဖြစ်သွားတယ်... ပြီးတော့မှ အဲဒိ A ဆိုတဲ့ကောင်မလေးက သူ့သူငယ်ချင်း B ဆိုတဲ့ ကောင်မလေးကို မတ်စေ့ခ်ျပို့ပြီး သူ့ကို အရက်တိုက်ပြီး မင်းသား ၂ယောက်က သူ့အိမ်မှာ မတရားလုပ်ပါတယ်ဆိုပြီးပြောတယ်... သူ့သူငယ်ချင်း B ကလဲ ဒီလိုသာဆိုရင် လျော်ကြေး ၁ ဘီလီယံတောင်းဖို့နဲ့ တရားစွဲဖို့ ပြန်ပြောတယ်... ပြီးတော့ ဖေဖော်ဝါရီ ၁၈မှာ တရားစွဲဖြစ်ကြတယ်ပေါ့... ဒီအခါမှာ PSH ဘက်က အတူတူနေခဲ့တယ်ဆိုတာ မှန်တယ်... ဒါပေမဲ့ မတရားပြုကျင့်ခဲ့တာမဟုတ်ဘူးလို့ဆိုပြီး... (အသရည်ဖြတ်မှုတို့၊ လိမ်လည်မှု) စတာတွေနဲ့ A ရယ်၊ B ရယ်၊ A ရဲ့ လက်ရှိ Agency CEO Mr. C (C က အရင်က PSH ရဲ့ Agency ဟောင်း)ကို ပြန်တရားစွဲတယ်... ဘာလို့ CEO ကို တရားစွဲသလဲဆိုရင်၊ A တရားစွဲဖို့ CEO က ထောက်ပံ့ပေးပါတယ်လို့ ထင်လို့၊ သူ့သိက္ခာညှိုးနွမ်းအောင် တမင်လုပ်တယ်လို့ ထင်လို့ တရားစွဲတယ်... ဒီတော့လဲ C က PSH ကို သူ့ကို မတရားစွပ်စွဲတယ်ဆိုပြီး အသရေဖြတ်မှုနဲ့ ပြန်ဆွဲတယ်။



အမှု နောက်ဆက်တွဲ

အမှုတွေစစ်ကြတော့ ကောင်မလေးရဲ့ သွေး၊ဆံပင်နဲ့ ဆီးတွေကို ဆေးစစ်ချက်အရ မင်းသား PSH ရဲ့ DNA ကိုတွေ့တယ်။ ဒါပေမဲ့ K ရဲ့ DNA မပါဘူး။ ဒီတော့ မင်းသားတွေဘက်က ထွက်ဆိုချက်အတိုင်း မင်းသား PSH တစ်ယောက်ထဲနဲ့ပဲဖြစ်တာသေချာတယ်။ သူတို့ ထိုင်ခဲ့တဲ့ ဘားက CCTV ကင်မရာကိုစစ်တော့လဲ ကောင်မလေးဆိုင်ကထွက်သွားတုန်းက အကောင်းကြီး အလွန်အကျွံမူးနေတဲ့ပုံမပေါက်ဘူး... B ကိုစစ်ဆေးတဲ့အခါကျတော့ သူ့ကို A က မတရားပြုကျင့်ခံရပါတယ်လို့ မတ်စေ့ခ်ျပို့တော့ သူကလဲ သူငယ်ချင်းတစ်ယောက်အနေနဲ့ရော၊ မိန်းကလေးတစ်ယောက်အနေနဲ့ရော ပြောမိတာဖြစ်ကြောင်း၊ A ညာပြောလိမ့်မယ်လို့ သူ မထင်ခဲ့ကြောင်း၊ PSH ကိုလဲ တောင်းပန်ကြောင်း၊ ဒိကိစ္စမှာ သူကလဲ မတရားခံရတဲ့ သားကောင်ဖြစ်ကြောင်းပြောပါတယ်။
မေလ ၉ရက်နေ့မှာ PSH ဘက်ရော၊ A ဘက်ကရော တရားစွဲတာကို ပြန်ရုပ်သိမ်းခဲ့တယ်။ ဒါပေမဲ့ CEO ဘက်ကတော့ မယုတ်သိမ်းပဲ၊ မင်းသားကိုယ်တိုင်သူတို့ဆီလာပြီး ၀န်ချတောင်းပန်ရင်စဉ်းစားမယ်လို့ ပြောခဲ့တဲ့အတွက် မင်းသားကတော့ ခု အရင် Agency CEO နဲ့ ဆက်လက်တရားဆိုင်နေရတုန်းပါပဲ။


ထပ်မံဖြည့်စွက်ချက်။ ။ ခုလို အမှုနဲ့ ရင်ဆိုင်ရတဲ့အတွက် ၄၉ကြိမ်မြောက်ကျင်းပတဲ့ ကိုရီးယား Baeksang Arts Awards (Hollywood က golden globe award နဲ့ တူတူလောက်ရှိတဲ့ပွဲ) ကို မင်းသား PSH တက်ရောက်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်... မင်းသားရဲ့ Agency ကလဲ ဒီအမှုကိစ္စအားလုံးပြီးတဲ့အထိ မင်းသားကို ပွဲတွေတက်ခြင်းမှ ခေတ္တရပ်နားထားဖို့ သဘောတူခဲ့ပါတယ်... မင်းသားဟာ အစက “Confession of Murder” ဆိုတဲ့ကားနဲ့ ဆုရဖို့ ၄၉ရာခိုင်နှုန်းမဲရခဲ့သော်လည်း ဒီကိစ္စဖြစ်ပြီးနောက်မှာ သူ့နာမည် list ကပျောက်သွားပြီး Kim Dong Wan ဆိုသူကို ၅၅% နဲ့ သူ့နေရာမှာတွေ့ရပါတယ်.... (မြန်မာပြည်နဲ့ကွာပါ့... မြန်မာပြည်မှာ မိုးဟေကိုလို လိုးရှင်းလိမ်းပြလိုက်မှ ပရိတ်သတ်တွေလက်ခံပြီး နာမည်ကိုကြီးရော... သင်ဇာဝင့်ကျော်လေးလို MBS က ရေကူးကန်ပေါ်သွားကဲပြမှ မင်းသမီးတန်းကို ၀င်လို့... မြန်မာပရိတ်သတ်တွေက အရမ်း သဘောထားကြီးတဲ့အပြင်... အနုပညာနဲ့ အနုပညာသမားကို ခွဲခြားပြီး ကြည့်ပေးနိုင်တယ်... ဂုဏ်ယူတယ်) 

A, B နဲ့ K က ဘယ်သူတွေလဲ
အင်တာနက်အသုံးပြုသူတွေ ရှာဖွေတွေ့ရှိချက်အရ A ဆိုတဲ့ မိန်းကလေးဟာ Trainee ပဲရှိသေးတဲ့ လီရီဂျီ ဆိုသူဖြစ်ပြီး၊ B ကတော့ Trainee ဂျန်ဒဟဲ ဖြစ်တယ်၊ K ကတော့ မင်းသားသစ် ကင်ဟီဂျွန် လို့ သိရပါတယ်...


မတရားပြုခံရပါတယ်ဆိုတဲ့ ကောင်မလေး A လီရီဂျီ

A ရဲ့ သူငယ်ချင်း B ဂျန်ဒဟဲ




အဲဒိညက အရက်တူတူသောက်ခဲ့တဲ့ မင်းသားသစ် K ကင်ဟီဂျွန်
New Source : http://www.vingle.net/posts/117261-Park-Shi-Hoo-Scandal-Update-Trainee-A-s-friend-%E2%80%98B%E2%80%99-apologizes-Iyagi-Entertainment-sues-Park-Si-Hoo-a
Photos source: http://netizenbuzz.blogspot.sg/2013/03/rumor-netizens-discover-identities-of-b.html





6 comments :

Anonymous said...

ဪ ဂလိုကိုး ပေါက်ပြီ ရေးပေးတာကျေးဇူး :)

ATP

NNC said...

PSH ကတော့ အဲ့ဒီ တညက သူ့ဘဝကို လုံးဝ ပြောင်းလဲပစ်လိမ့်လို့ ထင်ခဲ့မိမှာမဟုတ်ဘူး။ drop လုပ်ပေမယ့်လည်း မင်းသားအဖြစ်ပြန်ရပ်တည်ဖို့ မလွယ်တော့ဘူး။

mabaydar said...

အင်းပေါ့ တဒင်္ဂ ပျော်ဖို့ မစဉ်းစားပဲလုပ်တာကိုး။ ခုနောက်ပိုင်းသူ့ကား တော်တော်များပြီး ပေါက်လာတော့ Over confident ဖြစ်သွားတာလဲ ဖြစ်နိုင်တယ်။ တစ်ဘဝစာ သင်ခန်းစာပေါ့။.. ပြီးတော့ CEO ဘက်က drop သေးဘူးလေ... အဲဒါကျန်သေးတယ်... လွယ်မယ်မထင်ဘူး... အဲဒါက သူရှုံးဖို့များတယ်လို့ထင်တယ်... ပြီးတော့ B နေရာက ကောင်မလေးလိုပဲ... ဘာမှမဖြစ်လောက်ဖူးထင်လို့ လျှာရှည်မိတာ.. ခုတော့ အမှုပတ်တော့တာပေါ့... A က B ကိုလဲ တရားပြန်စွဲထားတယ်ကြားတယ်....

နန်းညီ said...

ဗြဲ..... !_!

madyjune said...

A က PSH ရဲ့ သူငယ်ချင်းကို စစချင်း message ပို့တော့ သူတို့နှစ်ယောက်အိပ်မိတဲ့အကြောင်းပဲ ရေးထားတာ။ နောက်တော့မှ အဲဒီ့ကောင်မလေးက ရဲစခန်းမှာ အမှုသွားဖွင့်တယ်လို့ ဖတ်ရတယ်။ အသေအချာတော့ မမှတ်မိတော့ဘူး။ Allkpop မှာ ဖတ်ရတာပဲ။

mabaydar said...

အင်း... အဲလိုလဲတွေ့တယ်.... ကောင်မလေးက စကားတွေမညီဘူး.... ခုတော့ သူတို့ ၂ယောက်ဘယ်လို ကျေအေးလိုက်ကြလဲတော့မသိဘူး... PSH ဘက်ကသေချာပေါက်မှန်နေရင်တော့ သူကလဲ ကောင်မလေးကို အလွတ်ပေးပါ့မလား... ခုတော့ ၂ယောက်လုံးက ငြိမ်သွားကြတယ်... အဲဒိကောင်မလေးက plastic surgery မလုပ်ခင်က ပုံဆိုပြီး ပွနေသေးတယ်... မလှဘူး... ဟုတ်မဟုတ်မသိ.. ပြီးတော့ သူက အရင်ကလဲ Porn လိုမျိုး Video တွေထွက်ဖူးတယ်ဆိုပြီး ကောလဟာလတွေပြန့်နေတယ်... ဒါပေမဲ့ အဲဒိ video တွေက သူဟုတ်မဟုတ်တော့ မသေချာကြဘူး... ဘယ်လိုပဲဖြစ်ဖြစ်... မင်းသားအတွက်လဲ သင်ခန်းစာပဲ... သူစိတ်ကို အလိုလိုက်မိတာနဲ့ သွားလေရော့ သူကြိုးစားထားသမျှ အောင်မြင်မှု... ဘာမှမဖြစ်ပဲ အနုပညာလုပ်ငန်းတွေဆက်လုပ်နိုင်ပါစေပဲ ဆုတောင်းတယ်...